← Chapters

အခန်း ၁၅၉၇

Vol. 107 Ch. 1597

အခန်း ၁၅၉၇

Vol. 107 Ch. 1597

Chapter 1597 နတ်ဆိုးဘုရင်

တစ်မိနစ်၊ နှစ်မိနစ်၊ သုံးမိနစ်။

ဤမြင်ကွင်းက လူတိုင်းကို ဝမ်းသာအားရ ဖြစ်သွားစေသည်။

“ဟားဟားဟား အဲ့မျိုးမစစ်ကောင် နောက်ဆုံးတော့ သေသွားပြီကွ၊ သောက်မျိုးမစစ်ကောင် ငါတို့ တစ်ပြည်တည်းသားတွေ အများကြီးကို သတ်ပစ်ခဲ့တာ၊ အခု မင်းအတွက် အချိန်ကျပြီကွ”

လျှိုကျားလွေ့ မရယ်ဘဲ မနေနိုင်တော့ချေ။

“သောက်ယဲ့ဘုရင် ဘာမှလည်း မထူးပါလား၊ မင်း သန်မာနေတော့ရော ဘာဖြစ်လဲ၊ ဒီလောကကြီးထဲမှာ မင်းကို သတ်နိုင်တဲ့အရာ ရှိမှာပဲ၊ အရူးကောင်”

မြင့်မြတ်သော ယဲ့ဘုရင်က သူ သတ်သည်ကို ခံလိုက်ရလေပြီ။ ဤသည်ကို တွေးမိသည်နှင့် သူ စိတ်လှုပ်ရှား လာရသည်။

….

နောင်အနာဂတ်တွင် ယဲ့ဘုရင်အား သူ ရက်ရက်စက်စက် သတ်ခဲ့သည်ဟု လူအများက သိပေလိမ့်မည်။

“ကဲ အခုတော့ ဒီလောက်ပဲပေါ့၊ ဒီအသုံးမကျတဲ့ အမှိုက်ကောင်ကို လက်စတုံးလိုက်တော့”

လျိုကျားလွေ့က အော်ပြောလိုက်သည်။

“မခုခံနိုင်ဘူး ဟုတ်လား၊ အဲ့တာ အမှန်လို့ ထင်နေတာလား”

ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်၍ ခနဲ့ပြုံး ပြုံးလေသည်။ လျှိုကျားလွေ့ မျက်နှာပျက်သွားသည်။

*ဒီကောင်က ရယ်နိုင်နေတုန်းလား*

လူတိုင်း မယုံနိုင်သလို ခံစားနေရသည်။

*ဒီကောင် ရူးနေပြီပဲ၊ သူ သေမှာကို သိနေတာတောင် ရယ်နေနိုင်သေးတာလား*

*အရူးပဲ*

“ယီးပဲ သွားသေလိုက်”

လျှိုကျားလွေ့၏ စကားတွင် သတ်ဖြတ်ချင်စိတ် ပြည့်နှက်နေပြီး ခေါင်းတလား သုံးခု ကျဆင်းလာကာ မိစ္ဆာ အငွေ့အသက်က တစ်ဟုန်ထိုး တိုးမြင့်လာပြီး ယဲ့ဖန်၏ ဦးခေါင်းကို အရှိန်ဖြင့် ရိုက်ချလာသည်။

“ဝုန်း”

ရုတ်တရက် လေဟာနယ် အက်ကွဲသွားလေသည်။ ယဲ့ဖန် ရပ်နေသော နေရာသည်လည်း ခေါင်းတလား သုံးခု၏ အရှိန်ကြောင့် အက်ကွဲပျက်စီးသွားကာ ဖုန်မှုန့်များ တထောင်းထောင်း ထလာသည်။

“ဟားဟားဟား ဒီတိုက်ကွက်နဲ့ဆို အဲ့ကောင် စိစိညက်ညက် ကြေနေလောက်ပြီ”

“စိစိညက်ညက် ကြေတယ် ဟုတ်လား၊ မင်း မှော်ခေါင်းတလား သုံးခုရဲ့ အစွမ်းကို အထင်သေးတာပဲ၊ ငါ့အထင်တော့ အဲ့ကောင် အမှုန့်ဖြစ်သွားလောက်ပြီ”

ထိုစဉ် ဖုန်မှုန့်များ တဖြည်းဖြည်း လွင့်ပြယ်သွားသည်။ ထို့နောက် ထည်ဝါ၍ လွှမ်းမိုးချုပ်ကိုင်နိုင်သော လူရိပ်တစ်ခုက အားလုံးရှေ့ ပေါ်လာလေသည်။

ယဲ့ဖန်က သုံးချောင်းထောက် မီးလင်းဖိုတစ်ခုကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး မောက်မာသော ဟန်ပန်ဖြင့် အဝေးမှ လျိုကျားလွေ့နှင့် အခြားသူများကို ကြည့်၍ သရော်ပြုံး ပြုံးနေ၏။

*ဘာ*

*မသေဘူးလား*

လူတိုင်း ကြက်သေ သေသွားသည်။

*ခုနက ရိုက်ချက် ထိမှန်တာတောင် ဒီကောင်က ဘာဒဏ်ရာမှ မရဘူးလား*

*ချီးပဲ*

*ဒါ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ ဖြစ်ရမယ်*

ယဲ့ဖန်၏ စူးရှသော မျက်လုံးများက လူတိုင်းကို ဝေ့ကြည့်လာသည်။

“မင်းတို့တွေ သိပ်ပျော်နေတာလား”

လူတိုင်း ထိတ်လန့်သွားပြီး ဘာတစ်ခွန်းမှ မပြောရဲတော့ချေ။ ယခင်က မောက်မာဝင့်ကြွားနေသော အမူအရာ သည်လည်း လက်ရှိတွင် ပျောက်ကွယ်သွားသည်။

“မင်းတို့တွေ မကြာခင် မပျော်နိုင်တော့ဘူးလို့ ငါ အာမခံတယ်”

“ဝုန်း”

ချက်ချင်းဆိုသလိုပင် နဂါးကိုးကောင် မီးလင်းဖိုကို ယဲ့ဖန် ပစ်လွှတ်လိုက်သည်။ နဂါးကိုးကောင် မီးလင်းဖိုက မိုးပေါ်သို့ မြောက်တက်သွားပြီးနောက် ခေါင်းတလား သုံးခုကို အရှိန်ဖြင့် ပစ်ဆောင့်လာသည်။

“ဒုန်း”

ထိုအခါ ခေါင်းတလား သုံးခုလုံး လွင့်ထွက်သွားပြီး နတ်ဆိုးခေါင်းတလားက တစ်ချက်တည်းဖြင့် ကြေမွ ပျက်စီးသွားသည်။

လူတိုင်း မှင်တက်သွားပြီး ပျက်စီးသွားသော အပိုင်းအစများကို ကြည့်ကာ ကိုယ့်မျက်လုံးကိုယ်ပြန်ပွတ်နေပြီး မယုံသင်္ကာ ဖြစ်နေ၏။

*အဲ့ဒါ ပင်ကိုမှော်လက်နက်လေ*

*တာအိုဥပဒေသတွေ တွင်းထုထားတဲ့ ရတနာမို့ သူတော်စင်သခင်အဆင့်ကိုတောင် သေစေနိုင်အောင် အစွမ်းထက် တယ်လေ*

*အခု အဲ့ဒါက အဲ့လူရဲ့ တိုက်ခိုက်မှုတစ်ခုကြောင့် ပျက်စီးသွားတာလား*

*ဒါက အရမ်း အိပ်မက်ဆန်လွန်းတယ်*

ထိုသို့သောအချိန်၌ လျိုကျားလွေ့ ကြက်သီးမွေးညင်း ထလာပြီး တစ်စုံတစ်ရာကို သတိပြုမိသွားကာ ထအော်လိုက်သည်။

“မင်းမှာလည်း ပင်ကိုမှော်လက်နက် ရှိတာလား”

သူ့စိတ်ထဲတွင် ပင်ကိုမှော်လက်နက်ကသာ ဖျက်ဆီးနိုင်သည်ဟု မှတ်ယူထားသည်။

*ဘာ*

*သူ့မှာလည်း ပင်ကိုမှော်လက်နက် ရှိနေတာလား*

လျိုကျားလွေ့၏ စကားကြောင့် လူတိုင်း အပြင်းအထန် တုန်လှုပ်သွားပြီး ကြောက်လန့်လာကြသည်။

*ဒီနတ်ဆိုးက ပင်ကို မှော်လက်နက် မသုံးတာတောင် အရမ်း ကြောက်ဖို့ကောင်းနေတာ၊ ခုခံဖို့တောင် မဖြစ်နိုင်ဘူး*

*အခု ပင်ကိုမှော်လက်နက်ကိုပါ ထုတ်လာတော့ ဘယ်သူက သူ့ကို ယှဉ်နိုင်မှာလဲ*

မျှော်လင့်ချက် ရောင်ခြည်ကို ယခုမှ မြင်ရသော သူတို့သည် လက်ရှိတွင် မျှော်လင့်ချက်မဲ့သော ချောက်ကမ်းပါးထဲသို့ ဆွဲချခံလိုက်ရသလို ခံစားလိုက်ရသည်။

“သွေးမပျက်နဲ့ သူ့မှာ ပင်ကို မှော်လက်နက် ရှိတော့ရော ဘာဖြစ်လဲ၊ စောနတုန်းက ခေါင်းတလား သုံးခုကြောင့် သူ ဒဏ်ရာ အပြင်းအထန် ရထားတာကို မမေ့နဲ့”

လျိုကျားလွေ့ အော်ပြောလိုက်သည်။

“အခု သူ ဒဏ်ရာရထားတုန်း သူ့ကို သတ်ကြ”

ထိုစကားကိုကြားပြီး မကောင်းဆိုးဝါးများအားလုံး တစ်ဖန် စိတ်အားတက်ကြွလာပြီး ယဲ့ဖန်အား အားတက်သရော စိုက်ကြည့်လာ၏။

*ဟုတ်တယ်*

*ဒီလူက ဒဏ်ရာရထားပြီးပြီ၊ သူ့ကို လုံးဝ ကြောက်စရာ မလိုဘူး*

“သူ့ကိုသတ်နိုင်တဲ့ ဘယ်သူမဆို သူ့လက်ထဲက ပင်ကိုမှော်လက်နက်ကို အပိုင်ရမယ်”

လျိုကျားလွေ့ အော်ပြောလိုက်သည်။

ကြီးမားသော ဆုလာဘ်အတွက် ရဲရင့်သောလူလည်း ရှိကို ရှိပေလိမ့်မည်။ သူ့စကားကို ကြားပြီးနောက် မကောင်းဆိုးဝါးများထဲမှ ဘုရင်အဆင့်များနှင့် သူတော်စင်သခင်အဆင့်များ ရုတ်တရက် မျက်လုံးများ အရောင်တောက်လာပြီး လောဘတက်ဟန် ပေါ်လာကာ ယဲ့ဖန်အား စူးစိုက်ကြည့် လာကြသည်။

ထို့နောက် ယဲ့ဖန်အား သည်းကြီးမည်းကြီး တိုက်ခိုက်လေသည်။ ထိုအခိုက်တွင် နတ်ဆိုးများအားလုံး စိုးရိမ်တကြီး အာရုံစိုက်၍ ကြည့်နေကြသည်။

*ဒီတစ်ခေါက် အဲ့နတ်ဆိုးကို သတ်နိုင်ပါ့မလား*

သူတို့ကိုယ်သူတို့ မကောင်းဆိုးဝါးများဟု သတ်မှတ်ထားပြီး ရက်စက်သွေးဆာ၍ လူမဆန်ဟု ထင်ထားကြသည်။ သို့သော် သူတို့အရှေ့မှလူနှင့် ယှဉ်လိုက်လျင် သူတို့က ဘာမှမဟုတ်တော့ချေ။

ထိုအချိန်တွင် နဂါးကိုးကောင် မီးလင်းဖိုသည် ကောင်းကင်ယံ၌ ဝဲပျံနေပြီး ထည်ဝါသော အရှိန်အဝါများ ထုတ်လွှတ်နေပြီး‌ အောက်ဘက်သို့ ထောင်ချီသော အလင်းတန်းများ ဖြာကျစေသည်။

ရုတ်တရက် အလင်းတန်းများက ကြယ်တာရာ မျောလွင့်သကဲ့သို့ မျောလွင့်လာသည်။ ဤသည်ကို မြင်သော် မကောင်းဆိုးဝါးများအားလုံး မှင်တက်ကုန်သည်။

ထိုအခိုက်တွင် သူတို့သည် နတ်ပြည်သို့ ရောက်သလို ခံစားလိုက်ရပြီး အိပ်မက်ဆန်သော အရောင်များက အလွန် နှစ်လိုဖွယ်ကောင်းသည်ဟု ထင်မှတ်လာသည်။

သို့သော် သူတို့ မှင်တက်နေစဉ်မှာပင် မရဏ အငွေ့အသက်က ချက်ချင်း ကျရောက်လာ၏။ အလင်းတန်း တစ်ခုပြီး တစ်ခုက တစ်ခုက သူတို့၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။

“ချီးပဲ ပြေးကြ”

မကောင်းဆိုးဝါးတစ်သိုက်က ထအော်လာသည်။ ဤအလင်းတန်းက ဘာမှန်း သူတို့ မသိသော်လည်း သူတို့၏ မသိစိတ်က ၎င်းသည် မရဏ အငွေ့အသက်များ ပြည့်နှက်နေလိမ့်မည်ဟု ပြောနေ၏။

အခုမှ မပြေးလျင် ဘယ်အချိန်မှ ပြေးရမည်နည်း။

သို့သော် တာအိုစွမ်းအင်လှိုင်းက တစ်ခဏအတွင်း ပျံ့လွင့်လာကာ သူတို့ကို လွှမ်းခြုံလာပြီး လုံးဝ ပြေးမလွတ်အောင် ပြုလုပ်လာသည်။

သို့သော် စွမ်းအင်လှိုင်းအလယ်မှ မကောင်းဆိုးဝါးများ အလန့်တကြား အော်ဟစ်လာသည်။ ထို့နောက် သူတို့ ဘာမှမဖြစ်သည်ကို သတိထားမိသွားသည်။

*ဒါက*

ထိုအခါတွင်မှ သူတို့ စိတ်အေးကာ သက်ပြင်းချလိုက်သည်။ သူတို့ ဘာမှမဖြစ်သည်ကို မြင်ပြီးနောက် ထိုမကောင်းဆိုးဝါးများက လှောင်ပြောင်လာသည်။

“ဟေ့ကောင် ဒါ မင်းနည်းလမ်းလား၊ မီးပန်းဖောက်တာလား၊ မင်းက တကယ် ဆင်းရဲတယ်နဲ့တူတယ်”

“သူ့ကိုသတ်ကြ၊ ငါတို့ကို လာခြောက်ရဲတယ်၊ သေချင်နေတာပဲ”

မကောင်းဆိုးဝါးအားလုံး၏ မျက်နှာတွင် အထင်သေးဟန် ပေါ်နေသည်။ သို့သော် သူတို့ အထင်အမြင် သေးနေချိန်မှာပင် သူတော်စင်သခင်အဆင့် တစ်ယောက်၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး သွေးများ လွင့်စင် လာကာ အရိုးပင် မကျန်ခဲ့ချေ။ တာအိုစွမ်းအင်လှိုင်း၏ ဖိနှိပ်ခြင်း ခံလိုက်ရလေပြီ။

မကောင်းဆိုးဝါးများအားလုံး ထိတ်လန့်သွားကြသည်။

“ဖောင်း ဖောင်း”

လူများ ပိုပို၍ သေဆုံးလာကြသည်။ လက်ရှိအချိန်က မသိလျင် ငရဲကျနေသလိုပင်။

ကျဆင်းလာသော အလင်းတန်းတွင် တာအိုစွမ်းအင်များ ပါဝင်နေပြီး အောက်သို့ ကျဆင်းလာသည်နှင့် မကောင်းဆိုးဝါးများထံ တိုးဝင်လာသည်။

“သူ့ကိုတား၊ သူ့ကိုတားကြ”

လျိုကျားလွေ့ အလွန် စိုးရိမ်နေသဖြင့် အသံပင် ပြာနေကာ ငယ်သံပါအောင် အော်ဟစ်နေ၏။ လက်ရှိတွင် သူ ရူးမတတ် ဖြစ်နေလေသည်။

ယဲ့ဖန်ကို အသက်ရှင်ခွင့် ပေး၍ မဖြစ်ချေ။ သို့မဟုတ်ပါက သူ သေရပေလိမ့်မည်။ အခြား နတ်ဘုရင်အဆင့် နှစ်ယောက်သည် အလျင်အမြန် အခွင့်အရေးကို အသုံးချ၍ ခေါင်းတလားနှစ်ခုအား ယဲ့ဖန်ထံ ပစ်ခွင်းလေသည်။

“အခု သူ့ကို မီးလင်းဖိုက မကာကွယ်ပေးထားဘူး၊ သူ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး၊ သတ်ကြ”

နတ်ဘုရင်အဆင့် တစ်ယောက်က အော်လိုက်သည်။ လက်ရှိတွင် ယဲ့ဖန်သည် မီးလင်းဖိုကို ထိန်းချုပ်၍ မကောင်းဆိုးဝါးများကို သတ်နေသောကြောင့် သူတို့ကို အရေးစိုက်ချိန် မရချေ။

“ဝုန်း”

ခေါင်းတလား နှစ်ခုလုံးက ယဲ့ဖန်၏ ဦးခေါင်းပေါ် ကျရောက်လာ၏။

“သေပေတော့”

ယဲ့ဖန်သည် သတ်ဖြတ်ချင်သော အသံကို ကြားသည်နှင့် ပျက်ရယ်ပြုလိုက်ပြီးနောက် အထင်သေးသော အပြုံးကို ပြုံးလိုက်သည်။

“ဒါဆိုလည်း သေလိုက်ပေါ့”

“ချွင်”

ချက်ချင်းဆိုသလိုပင် အေးစက်စက် အလင်းတန်း ဖြာထွက်လာသည်။ မျက်စိကျိန်းလောက်သော အလင်းက အားလုံးကို လွှမ်းခြုံလာ၏။

၎င်းသည် နေ့တာအလင်းထက်ပင် တောက်ပပြီး နေရှိန်ထက်ပင် ပို၍ မျက်စိကျိန်းစရာ ကောင်းလှသည်။

ကြောက်စရာကောင်းသော စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး ခေါင်းတလား နှစ်ခုထံ တိုးဝင်သွားသည်။

*ဓားချီစွမ်းအင်ပါလား*

*မဟုတ်သေးဘူး*

*ဓားပင်လယ်လို့ ခေါ်သင့်တာ*

*နတ်ဆိုးက ဓားကို ဆွဲထုတ်လိုက်ပြီပဲ*

“သူ ဓားကို ဆွဲထုတ်လိုက်သည်။ အဲ့မိစ္ဆာကောင် သူ့ဓားကို ထုတ်လိုက်ပြီဟ”

မကောင်းဆိုးဝါးတစ်စုသည် ဤအဖြစ်ကို သတိထားမိပြီး အသည်းအသန် အော်ဟစ်ကြသည်။

သူတို့ထဲမှ အများစုသည် ကြောက်စရာကောင်းသော ဓားစွမ်းအင်ကို ခံစားဖူးသည်။ ဓားကို ဓားအိမ်ထဲမှ ဆွဲမထုတ်တာတောင်မှ သူတို့ မခုခံနိုင်ခဲ့ပေ။ ယု ဓားကို ဆွဲထုတ်လိုက်ပြီ ဖြစ်သောကြောင့် သူတို့ ဆောက်တည်ရာမရ ဖြစ်လာ၏။

“သူ့မှာ ပင်ကိုမှော်လက်နက်တောင် ရှိနေပါလား၊ ဒါ ဘယ်လိုဖြစ်ရတာလဲ”

နတ်ဘုရင်အဆင့် နှစ်ယောက်တို့သည် ကြက်သီးထသွားပြီး မျက်လုံးတွင် အလွန် သွေးပျက်ဟန် ပေါ်လာသည်။

ဓားပင်လယ်က ခေါင်းတလားနှစ်ခုကို ချက်ချင်း ဝါးမျိုသွားသည်။ လေပြင်းတစ်ချို့ တိုက်ခတ်လာပြီးနောက် ခေါင်းတလား နှစ်ခုလုံး အမှုန့်ဖြစ်ကာ ပျောက်ကွယ်သွားသည်။

“ချီးတဲ့မှပဲ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“မှော်ခေါင်းတလား သုံးခုလုံး ပျက်စီးသွားပြီ”

“သွားပြီ၊ ဒီနေ့ ငါတို့ သေခြင်းတရားကနေ ပြေးမလွတ်တော့ဘူး”

ဤသည်ကိုမြင်သော် မကောင်းဆိုးဝါးများအားလုံး စိတ်ပျက်သွားပြီး ကြက်သီးတဖြန်းဖြန်း ထလာကြသည်။

*ဘယ်လိုဖြစ်ရတာလဲ*

*ဘယ်လိုလုပ် ဒီလို ကြောက်ဖို့ကောင်းတဲ့သူ ရှိနေရတာလဲ*

“ထပ်ပြီးတော့ … နောက်ထပ် ပင်ကို မှော်လက်နက်တစ်ခုတဲ့လား”

လျိုကျားလွေ့၏ မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်နေကာ အမူအရာက တောင့်တင်းနေသည်။

*ဒီကောင့်ကိုယ်ပေါ်မှာ မှော်လက်နက် နှစ်ခုတောင် ရှိတာလား*

သို့သော် ဤမျှနှင့် ရပ်မသွားချေ။ ဓားပင်လယ်က ခေါင်းတလား နှစ်ခုကို ဖျက်ဆီးပြီးသည်နှင့် နတ်ဘုရင်အဆင့် နှစ်ယောက်ထံ ပြေးဝင်သွားသည်။ စွမ်းအင်က တစ်ဟုန်ထိုး မြင့်မားလှပြီး မသိလျင် နတ်ဘုရားများ ဒေါသထွက် နေသလိုပင်။

*မလုပ်နဲ့*

နတ်ဘုရင်အဆင့် နှစ်ယောက်လုံး ချောက်ချားသွားသည်။ ဓားပင်လယ်က သူတို့ကို ဝါးမျိုသွားသည်ကို ကြည့်ပြီး ခုခံနိုင်စွမ်း မရှိတော့ဘဲ ပျက်စီးသွားလေသည်။ အရိုးပင် မကျန်ခဲ့တော့ပေ။

သို့သော် ဓားပင်လယ်က ရပ်တန့်မသွားသေးချေ။ လျိုကျားလွေ့နှင့် အခြားသူများထံ ထပ်မံ တိုးဝင်သွားပြန်သည်။ ၎င်းက ကျောက်ဆောင်ကို တိုက်စားသော ပင်လယ်လှိုင်းသဖွယ် အားဖြင့် တိုက်ခတ်လာ၏။

“ချီးပဲ တားကြစမ်း၊ တားကြ”

လျိုကျားလွေ့ အလွန် ကြောက်လန့်ကာ ထအော်လေသည်။ လက်ရှိတွင် သူသည် သရဲသဘက်ကို မြင်ရသကဲ့သို့ လန့်ဖြန့်နေသည်။

ဓားပင်လယ်က အားလုံးကို တိုက်ခတ် သတ်ဖြတ်လာသည်။

“အား…”

မကောင်းဆိုးဝါးများ နာကျင်စွာ အော်ဟစ်မြည်တမ်းလာကြသည်။ သူတို့၏ ဦးခေါင်းများ ပြတ်ထွက်သွားသလို ခြေလက်များ တွန့်လိမ်ကာ ကိုယ်တွင်းကလီစာများ အထုတ်ခံလိုက်ရသည်။

သွေးများက မြင်မကောင်းအောင် စီးနေပြီး အရိုးများက နေရာအနှံ့ ပျံ့ကြဲနေ၏။ ခုခံရန် မဆိုထားနှင့် ပြေးပင် မလွတ်ကြချေ။

တစ်ခဏအတွင်း မကောင်းဆိုးဝါး သုံးသောင်းကျော် ပျောက်ကွယ်သွားလေပြီ။ သွေးနံ့များသာ လှိုင်လှိုင်ထနေ၏။ ဤသည်က လောကထဲသို့ ငရဲခန်း ရောက်လာသလိုပင်။

ထိုသို့သောအချိန်၌ သွေးများက မြစ်သဖွယ် လမ်းမတစ်လျှောက် စီးနေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ အော်ဟစ်သံမရှိ၊ ငိုကြွေးသံမရှိ၊ အသနားခံသံမရှိပေ။

အရာအားလုံးက ရုတ်ချည်း ဖြစ်ပျက်သွားသဖြင့် ခုခံချိန်ပင် မရလိုက်ချေ။

လီဝေ့ ပြင်းထန်စွာ တုန်လှုပ်နေသည်။ သူမသည် စာအုပ်များထဲနှင့် တီဗွီ၌သာ ရှိသည်ဟု ထင်ခဲ့သော အရာမျိုးအား တစ်နေ့ ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ရလိမ့်မည်ဟု သူမ ထင်မထားမိပါ။

ဒဏ္ဍာရီထဲတွင်သာ တည်ရှိပြီး အပြင်လောက၌ မရှိသင့်သောအရာကို မြင်တွေ့လိုက်ရလေပြီ။ ယင်းမှာ နတ်ဆိုးဘုရင်တစ်ပါးပင် ဖြစ်လေသည်။

All Chapters