← Chapters

အခန်း ၁၅၉၈

Vol. 107 Ch. 1598

အခန်း ၁၅၉၈

Vol. 107 Ch. 1598

Chapter 1598 မင်း ဒီလက်ဆောင်ကို လက်ခံမှ ဖြစ်မယ်

မြို့လယ်ခေါင်တစ်ခုလုံး သားသတ်ရုံနှင့် တူနေသည်။ မြေပြင်တွင် အသားစများ အနှံ့ ရှိနေပြီး သွေးညှီနံ့များက လှိုင်လှိုင်ထနေသည်။ သွေးများက မြစ်သဖွယ် စုဝေးစီးဆင်းနေပြီး မြို့လယ်ခေါင်တစ်ခုလုံး ချင်းချင်းနီနေ၏။

ဤမြင်ကွင်းက ထိတ်လန့်စရာ ကောင်းလှပြီး မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။ အားလုံး သုတ်သင်ခံလိုက်ရခြင်းပင်။

မျက်စိရှေ့မှ ကြောက်လန့်ဖွယ် မြင်ကွင်းကို ကြည့်ပြီး လျိုကျားလွေ့ တုန်ယင်နေပြီး အမူအရာက အေးစက် တောင့်တင်းနေသည်။

သုံးသောင်း။ လူသုံးသောင်းတိတိသည် တစ်ခဏအတွင်း အသတ်ခံလိုက်ရ၏။ တစ်ယောက်မှ အသက်မရှင်ချေ။

လွန်ခဲ့သော အချိန်အတွင်းက သူ့ဘေး၌ ရပ်ခဲ့သူများသည် မိနစ်ပိုင်းမျှအကြာတွင် တစ်ယောက်မှ အစအနမရှိ ပျောက်ကွယ်သွားခဲ့သည်။

အားလုံး တစ်စစီဖြစ်နေသော အသားတုံးများအဖြစ် ပြောင်းလဲသွားသည်။ သွေးစက်များက လေနှင့်အတူ ပါလာသောကြောင့် သူ့အဝတ်အစားများ စိုရွှဲနေသည်။

လျိုကျားလွေ့ မှင်တက်ကာ စိတ်ရှုပ်ထွေးနေသည်။

အစက ဤမျှ လူများစွာနှင့် မှော်ခေါင်းတလား သုံးခုကို ပေါင်းလိုက်လျင် ယဲ့ဖန်ကို သတ်ခြင်းက လက်ဖျောက်တီး သကဲ့သို့ လွယ်ကူလိမ့်မည်ဟု သူ ထင်ခဲ့သည်။

သို့သော် ရလဒ်က အင်အားစုတစ်ခုလုံး ရှင်းလင်းခံလိုက်ရသည်။ ယခုအချိန်အထိ သူ မယုံနိုင်သေးချေ။

တစ်ခဏအတွင်း လူသုံးသောင်း သေကြေသွားပြီး ပြီးခဲ့သော အချိန်တိုလေးအတွင်းကမှ သူ့ဘေး၌ ရပ်နေသော အင်အားစုက ယခု အသားတုံးများ ဖြစ်သွားသည်တဲ့လား။

ဤမြင်ကွင်းက မယုံနိုင်စရာ ကောင်းလှသည်။ တစ်ခဏကြာသော် သူသည် အိပ်မက်မှ နိုးလာသကဲ့သို့ အော်ငိုလေ တော့သည်။

ချက်ချင်းဆိုသလိုပင် သူ့မြင်းကို ပြန်လှည့်စေပြီး အော်ဟစ်လျက် လာရာအရပ်သို့ ပြန်ပြေးလေသည်။ သူ ကြောက်လန့်ကာ ဆောက်တည်ရာမရ ဖြစ်နေ၏။

ယခုအခါတွင်မှ သူ အလွန်မှားခဲ့ကြောင်း သိလိုက်ရသည်။ ဤမိစ္ဆာသည် သူ ရန်ပြုနိုင်သော တစ်စုံတစ်ယောက် မဟုတ်ချေ။

ယဲ့ဖန်ကို အသုံးချ၍ သူ့ကိုယ်သူ နာမည်ကြီးအောင် လုပ်ချင်ခဲ့ခြင်းက သေတွင်းတူးနေသော လုပ်ရပ်ပင်။

လျိုကျားလွေ့ ထွက်ပြေးတော့မည်ကို မြင်သောအခါ ယဲ့ဖန်၏ မျက်လုံးတွင် အထင်သေးရိပ် သန်းလာ၏။

“ရွှစ်”

ဓားစွမ်းအင်က အရှိန်ဖြင့် ပျံ့လွင့်လာပြီး လျိုကျားလွေ့၏ မြင်းအား သတ်ဖြတ်သွားသည်။ လျိုကျားလွေ့ ဟန်ချက်မထန်းနိုင်ဘဲ အမြင့်မှ မျက်နှာဖြင့် ရိုက်ကျကာ ခေါင်းမူးသွားလေသည်။

အပေါ်မေးရိုးမှ သွားခုနစ်ချောင်း၊ ရှစ်ချောင်းခန့် ချက်ချင်း ကျွတ်ထွက်သွားကာ သွေးများ စိမ့်ထွက်လာသည်။

လျိုကျားလွေ့သည် ပါးစပ်ကို လက်ဖြင့်အုပ်၍ နာကျင်မှုကို ဥပေက္ခာပြုကာ နောက်လှည့်၍ ယဲ့ဖန်အား သနားခံသော အမူအရာဖြင့် ကြည့်လိုက်သည်။

“ငါ့ကို မသတ်ပါနဲ့၊ ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့၊ ငါ့အဖေ ဘယ်မှာလဲ ငါ ပြောပြပါ့မယ်၊ ဒါက သူ့အကြံပါ၊ ငါ ဒီလို မလုပ်ချင်ခဲ့ပါဘူး”

လက်ရှိတွင် လျိုကျားလွေ့က အားလုံးကို လျိုကျန်းဟောင်ထံ ပုံချလိုက်သည်။

“လျိုကျန်းဟောင် ဘယ်မှာလဲ”

ယဲ့ဖန်က သူ့အား ခံစားချက်ကင်းမဲ့စွာ ကြည့်နေသည်။

“ခန်းမမှာပါ၊ ပြီးတော့ သွေးဝိညာဉ် တာအိုကျောင်းတော်က သူတော်စင်သခင်အဆင့် သုံးယောက်လည်း ရှိပါတယ်၊ သူတို့သုံးယောက်လုံးက ကြီးမားတဲ့ နောက်ကြောင်းတွေ ရှိပါတယ်၊ သူတို့က ခင်ဗျား ပိုက်ကွန်ထဲ တိုးလာမှာကို စောင့်နေတာပါ”

လျိုကျားလွေ့က အလျင်အမြန် ပြန်ဖြေလိုက်ပြီး သူ့ဖခင်အား ချက်ချင်း သစ္စာဖောက်လေသည်။

“ပြီးတော့ သူက မင်းနိုင်ငံက လူတွေကို ဖမ်းထားပြီး သုတ်သင်ဖို့ စီစဉ်ထားတာ၊ အဲ့ဒါကြောင့် သူတို့ကို မြန်မြန် ကယ်လိုက်ပါ”

*မင်းက သူတို့ကို မြန်မြန်သွားကယ်၊ ငါ့ကိုတော့ လေလည်သလို မရှိသလို သဘောထားပြီး လွှတ်ပေးလိုက်*

ဤသည်က လျိုကျားလွေ့ ပြောချင်သော စကားပင်။

သူ မသေချင်ပါ။ သူတို့သားအဖက ရှစ်ဘဝသုံးတောင် မကုန်နိုင်သော ငွေများကို လာဘက်စားနိုင်ခဲ့သည်။ သူ ဝိုင်ကို ဇိမ်ခံ၍ မသောက်ရသေးသလို ကာမဂုဏ်၊ စည်းစိမ်နဲ့ ခွန်အားတို့ကိုပင် ပျော်ပျော်ကြီး မစံစားရသေးပေ။ သူ ဘယ်လိုလုပ် ဤနေရာ၌ သေနိုင်ပါမည်နည်း။

သူတို့လက်ထဲ၌ တစ်ပတ်ပင် မပြည့်အောင် ပျော်ပျော်ကြီး သုံးရမည့် ပိုက်ဆံများ ရှိနေသေးပြီး ယခု သေသွားလျင် ရှက်စရာ ကောင်းပေလိမ့်မည်။

ယဲ့ဖန်က သူ့ကို မကြည့်တော့ဘဲ ဘေးနားမှ ဖြတ်သွားသည်။ ဤသည်ကိုမြင်သော် လျိုကျားလွေ့ စိတ်အေးကာ သက်ပြင်းချလိုက်ပြီးနောက် သွေးသန့်စင်ခြင်းနိုင်ငံမှ အမြန်ဆုံး ထွက်သွားပြီး ဤမိစ္ဆာနှင့် ဝေးဝေးနေရမည်ဟု ဆုံးဖြတ်လိုက်သည်။

ပိုက်ဆံအားလုံးကို ယူ၍ ပျော်ပျော်ရွှင်ရွှင် အဝေးသို့ ထွက်သွားမည်။ သူ့ဖခင်အတွက်ကတော့ …

*ကျွန်တော် တောင်းပန်ပါတယ် အဖေ၊ သားသမီး ဝတ္တရား မကျေပင်မယ့် နှစ်ယောက်သေတာထက် တစ်ယောက်ပဲ သေတာက ပိုကောင်းပါတယ်*

လက်စားချေခြင်းကဲ့သို့သော အရာမျိုးကိုမူ သူ တွေးပင်မတွေးပါ။ သူသည် ထိုလူ၏ ပြိုင်ဘက် မဟုတ်ပါ။ အလွန်ဆုံး ဖခင်ဖြစ်သူအတွက် သူ ချင်းမင်ပွဲတော်နှစ်တိုင်း စက္ကူမီးရှို့ပေးမည်။

သူကမူ ချန်ထားခဲ့သော ပိုက်ဆံအားလုံးကိုယူ၍ ကျန်သက်တမ်းတစ်လျှောက်လုံး အေးအေးဆေးဆေး နေပေ တော့မည်။

သို့သော် လျိုကျားလွေ့ လွတ်မြောက်ပြီဟု ထင်နေချိန်တွင် ပတ်ဝန်းကျင်က ရုတ်တရက် ထူးဆန်းလာသည်။ အလင်းရောင်က မှိန်ဖျော့လာပြီး တစ်လောကလုံး မည်းမှောင်သွားသည်။

ချက်ချင်းဆိုသလိုပင် ငရဲတံခါးဝက လျိုကျားလွေ့ရှေ့၌ ဆိုင်းမဆင့် ဘုံမဆင့် ပေါ်လာပြီး ဖြည်းဖြည်းချင်း ပွင့်လာ၏။

အထဲမှ များစွာသော တစ္ဆေများ တွားသွား၍ ထွက်လာပြီး ၎င်းတို့ပါ ပိန်လှီ၍ ကြောက်စရာကောင်းကာ သွေးများ စွန်းထင်းနေ၏။ ၎င်းတို့က လျိုကျားလွေ့အား ဖမ်းချုပ်၍ ငရဲတံခါးဝထံ ဆွဲခေါ်သွားကြသည်။

“မဟုတ်ဘူး၊ ငါ့ကိုလွှတ်၊ မင်းတို့ ငါ့ကို လွှတ်စမ်း”

လျိုကျားလွေ့၏ အော်သံက အချိန်အတော်ကြာအောင် ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ သူ့လက်များက မြေကြီးကို တင်းနေအောင် ခြစ်ထားသဖြင့် မြေပြင်တွင် သွေးစင်းကြောင်းတစ်ခု ပေါ်လာသည်။

“ဂျိန်း”

ငရဲတံခါး ပြန်ပိတ်သွားပြီး အရာအားလုံး တိတ်ဆိတ်သွားပြန်သည်။ သို့မဟုတ် သုသာန်အလား ငြိမ်သက် နေသည်ဟု ဆိုရပေမည်။

လီဝေ့သည် သားသတ်ရုံနှင့် တူနေသော မြို့လယ်ခေါင်အား ဝေ့ကြည့်မိသည်။ လွန်ခဲ့သော မိနစ်ပိုင်းက လူများ ပြည့်ကျပ်နေခဲ့သည်က ယုံနိုင်ဖွယ် မရှိချေ။

တစ်ချိန်တည်းမှာပင် လျိုကျနး်ဟောင်နှင့် အခြားသူများက ခန်းမတွင်း၌ ထိုင်နေပြီး သတင်းကောင်းကို စောင့်နေကြသည်။ သို့သော် ရှေ့တန်းမှ မည်သည့် သတင်းကောင်းမှ ပို့မလာချေ။

“ဘာလို့ ဒီလောက် ကြာနေတာလဲ”

ထိုအခိုက်တွင် လျိုကျန်းဟောင် စိုးရိမ်စပြုလာသည်။ အင်ပါယာသားတစ်ဦး ဖြစ်သည့်အားလျော်စွာ ယဲ့ဖန်အပေါ် ကြောက်သည့်စိတ်က ယွိရွှယ်လုံချန်တို့ သုံးယောက်ကို ကြောက်သောစိတ်ထက် ပိုကြီးလေသည်။

“တစ်ဖက်လူက ယဲ့ဘုရင်လေ၊ အဲ့တော့ အချိန်ယူရတာ သဘာဝကျပါတယ်၊ ဒါပေမဲ့ နောက်ဆုံးရလဒ်က ပြောင်းမှာ မဟုတ်ဘူး၊ ယဲ့ဘုရင် ဆိုးဆိုးရွားရွား သေရမှာပဲ”

ယွိရွှယ်လုံချန်က အထင်သေးစွာ ပျက်ရယ်ပြုလာ၏။

“ငါတို့သုံးယောက်တောင် ခေါင်းတလား သုံးခုနဲ့ ရင်ဆိုင်ရမယ်ဆိုရင် အတော်လေး ပြဿနာတက်တာ၊ အဲ့ကောင်က သူတော်စင်အဆင့်သာ မဟုတ်ရင် သေချာပေါက် သေမှာပဲ”

မောခူပူစာက အထင်သေးစွာ လှောင်ပြောင်လာသည်။ မှော်ခေါင်းတလား သုံးခုသည် သူတော်စင်အဆင့်ကိုပင် သတ်နိုင်သဖြင့် အင်မော်တယ် ဧကရာဇ်အဆင့်အား အသာလေး ရှင်းနိုင်ပေသည်။

“ဒုန်း ဒုန်း ဒုန်း”

ထိုအခိုက်တွင် အပြင်ဘက်မှ မပြည့်စုံသော ခေါင်းတလား သုံးခုက လျိုကျန်းဟောင်တို့ ရှေ့သို့ အရှိန်ဖြင့် ကျလာသည်။

ဤသည်ကိုမြင်သော် လျိုကျန်းဟောင်နှင့် အခြားသူများ မှင်တက်သွားပြီး မယုံနိုင်ဟန်များ‌ ပေါ်လာသည်။

*နတ်ဆိုးခေါင်းတလား၊ ရွှေရောင်ကံကောင်းခြင်း ခေါင်းတလား၊ အပြစ်သား သတ်ဖြတ်သူ ခေါင်းတလား*

*မှော်ခေါင်းတလား သုံးခုလုံး ဖျက်ဆီးခံလိုက်ရတာလား*

*ဒါက*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ထိုအချိန်တွင် ယွိရွှယ်လုံချန်ကဲ့သို့သော အင်မော်တယ် ဧကရာဇ်အဆင့်တောင်မှ မတည်ငြိမ်နိုင်တော့ချေ။ မျက်လုံးများက ပြူးကျယ်နေပြီး သူတို့ မြင်နေရသော အရာကို ယုံနိုင်စွမ်းမရှိ ဖြစ်နေသည်။

သူတို့ သုံးယောက် တိုက်ခိုက်လျင် ခေါင်းတလား သုံးခုအား မနည်း တားဆီးနိုင်ရုံမျှသာ ရှိပြီး ဖျက်ဆီးရန် လုံးဝ မဖြစ်နိုင်ချေ။

*အင်မော်တယ် ဧကရာဇ်အဆင့်တစ်ယောက်က သူတော်စင်အဆင့်ကိုပင် သတ်နိုင်သော ခေါင်းတလား သုံးခုကို ဘယ်လိုလုပ် ဖျက်ဆီးနိုင်တာလဲ*

*ဒါက သွေးဝိညာဉ် တာအိုကျောင်းတော်ရဲ့ အမွေအနှစ်လေ*

*အခု ငါတို့ရှေ့မှာ လုံးဝ ဖျက်ဆီးခံလိုက်ရတာလား*

ဤမြင်ကွင်းက သူတို့ကို မယုံနိုင် ဖြစ်သွားစေသည်။ မယုံနိုင်သည်ထက် ထိတ်လန့်သည်က ပိုများလေသည်။

“ဒီခေါင်းတလား သုံးခုက မင်းတို့အတွက် သီးသန့်ဖယ်ထားတာ”

လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး‌ အေးစက်သော အသံတစ်သံက တံခါးဝမှ ထွက်ပေါ်လာသည်။ ထို့နောက်တွင်မူ ယဲ့ဖန်က ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာ၏။

လျိုကျန်းဟောင်နှင့် အခြားသူများ ကြက်သီးတဖြန်းဖြန်း ထသွားကြပြီး ကြောက်ရွံ့သော မျက်လုံးများက ယဲ့ဖန်ကို မယုံနိုင်သလို ကြည့်လာကြသည်။

ဘေး၌ ရှိနေသော မကောင်းဆိုးဝါးများလည်း ပင့်သက်ရှိုက်သွားပြီး အံ့ဩသော အမူအရာများဖြင့် ဖြစ်နေလေသည်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*ဒီကောင်က တကယ် ဝင်လာနိုင်တာလား*

*ပြီးတော့ သူက ဘာဒဏ်ရာမှမရပါလား*

*ခုနက သူ့ကို ရှင်းဖို့ လူအများကြီး ထွက်သွားတာတောင် သူ့ကို အထဲဝင်ခွင့်ပေးလိုက်တာလား*

*မဟုတ်မှလွဲရော လူသုံးသောင်း‌ကျော် ရှင်းလင်းခံလိုက်ရတာလား*

ထိုဖြစ်နိုင်ချေကို တွေးမိပြီးနောက် မကောင်းဆိုးဝါးများအားလုံး မျက်နှာဖြူရော်သွားပြီး ကြောက်ရွံ့လာကြသည်။

“မင်း ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်းကို ရှင်းဖို့ ငါ သေချာပေါက် လူလွှတ်လိုက်တာကို မင်းက ဘယ်လိုလုပ် အထဲကို ဝင်လာနိုင်တာလဲ”

လျိုကျန်းဟောင်က ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်နေသည်။

“ဘာလို့လဲဆိုတော့ သူတို့အားလုံး သေသွားလို့လေ”

ယဲ့ဖန်က ကျောချမ်းဖွယ်ကောင်းသော အပြုံးမျိုး ပြုံးနေသည်။ ထိုစကားက ဆီအိုးထဲ ရေတစ်စက် ကျသွားသကဲ့သို့ ပွက်လောရိုက်သွားစေပြီး မကောင်းဆိုးဝါးများအား ကြက်သီးထကာ ရူးမတတ် ဖြစ်သွားစေသည်။

အစောပိုင်းက ရှေ့တန်းမှ မည်သို့သော သတင်းပို့မှုမှ မရှိခဲ့ချေ။ ယင်းကို သူတို့က နိုင်ပွဲရနေ၍ဟု ထင်ခဲ့မိသည်။ မမျှော်လင့်ဘဲ အားလုံးက သေသွားခဲ့သည်။ ထို့ကြောင့် မည်သူမှ သတင်းလာမပို့ခဲ့ခြင်းပင်။

*အားလုံး သေသွားပြီလား*

*ထောင်သောင်းချီတဲ့ လူတွေ သေကုန်တာလား*

*ဒီလူက သောင်းချီတဲ့လူတွေကို သူကိုယ်တိုင် သတ်လိုက်တာလား၊ ဒီနာရီဝက်လေးနဲ့လေ*

ထိုသို့သောအချိန်၌ ယနေ့ ယဲ့ဖန် နိုင်သည်ဖြစ်စေ မနိုင်သည်ဖြစ်စေ သူ၏ ပုံရိပ်က မကောင်းဆိုးဝါးများ၏ စိတ်ထဲ၌ ထာဝရ နက်ရှိုင်းစွာ စွဲထင်သွားပြီ ဖြစ်သည်။

ထောင်သောင်းချီသော လူများကို နာရီဝက်အတွင်း သတ်နိုင်သောလူ ရှိလာခဲ့သည့်အပြင် တစ်ဖက်လူ၌ မှော်လက်နက်ပင် ရှိနေသေးသည်။

ကြမ်းပြင်၌ ဒူးထောက်နေသော နတ်ဆိုးမျိုးနွယ်များသည် နားဝေတိမ်တောင် ဖြစ်နေပြီး ယဲ့ဖန်အား စူးစိုက်ကြည့်ကာ မယုံသင်္ကာ ဖြစ်နေကြသည်။

*ယဲ့ဖန်က ဒီကို တစ်ယောက်တည်းလာပြီး သတ်ခဲ့တာလား*

*ပြီးတော့ ဒဏ်ရာဒဏ်ချက်လည်း မရှိဘူး*

ထိုအခိုက်တွင် နတ်ဆိုးမျိုးနွယ်များ၏ မျက်နှာတွင် မချိပြုံးများ ပေါ်လာပြီး သူတို့၏ စိတ်ထဲ၌ ကူကယ်ရာမဲ့သလို ခံစားလာရသည်။

ဤသည်က သူတို့ ယုံကြည်ရသော လူပင်။ ထိုလူသည် ပြိုင်ဘက်ကင်းခြင်းနှင့် ကျော်ကြားမှုတို့အား အဆုံးထိ သယ်ဆောင်သွားမည့်လူပင်တည်း။ သူ၏ တည်ရှိမှုကပင် လူအမျးအား အံ့ဩစေနိုင်ပုံရသည်။

ယဲ့ဖန်ကြောင့် သူတို့ ဘယ်နှစ်ကြိမ် ထိတ်လန့်ခဲ့ရပြီး ဘယ်နှစ်ကြိမ် အားသစ်လောင်းသလို ခံစားခဲ့ရသလဲ သူတို့ မမှတ်မိနိုင်တော့ပါ။

*ဒီလူက တကယ်ကို အနန္တ တန်ခိုးရှင်ပဲ*

ထောင်သောင်းချီသော မကောင်းဆိုးဝါးမျိုးနွယ်ကို သတ်ဖြတ်ခဲ့ပြီး နတ်ဘုရင်အဆင့်နှင့် သူတော်စင်သခင် အဆင့်များအား ခွေးသတ်သလို သတ်ခဲ့သည့်အပြင် ပင်ကိုမှော်လက်နက်ကိုလည်း ဖျက်ဆီးခဲ့သေးသည်။ မည်သည့်အရာမဆိုက တစ်လောကလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်စေနိုင်သည်။

“အားလုံး သေကုန်ပြီ ဟုတ်လား၊ ဒါဆို ငါ့သား …”

လျိုုကျန်းဟောင် ဒေါသထွက်သွားပြီး ယဲ့ဖန်အား မလိုတမာစိတ်ဖြင့် ကြည့်လေသည်။

“သူ မသေပါဘူး ဒါပေမဲ့ သူ့အဆုံးသတ်က သေတာထက် ပိုဆိုးတယ်”

ယဲ့ဖန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ လက်ရှိအချိန်မှစ၍ လျိုကျားလွေ့သည် ငရဲ၌ နှိပ်စက်ခံရမည် ဖြစ်လေသည်။

“မင်း … မင်း ငါ့သားကို တကယ် သတ်လိုက်တာလား၊ ငါ မင်းကို သတ်မယ်၊ ငါ မင်းကို မြေမြှုပ်စရာ အလောင်းတောင် မကျန်အောင် သတ်ပစ်မယ်ကွ”

လျိုကျန်းဟောင် အလွန် ဒေါသထွက်နေပြီး မျက်လုံးများက မီးဝင်းဝင်းတောက်ကာ အံကို ကြိတ်ထားလေသည်။ ယဲ့ဖန်အား နုတ်နုတ်စင်းရန် သူ မစောင့်နိုင်တော့သည့်ပုံပင်။

ယွိရွှယ်လုံချန်တို့ အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက်၏ မျက်လုံးတွင်းမှ ကြောက်လန့်သော အရိပ်အယောင်က ပို၍ ပီပြင်လာသည်။

*ဒီလူက ယဲ့ဘုရင်လား*

*မှော်ခေါင်းတလား သုံးခုကို ဖျက်ဆီးလိုက်တာ သူလား*

*ဒီလူ ဘယ်လိုလုပ်လိုက်တာလဲ*

*ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ*

တာအိုဥပဒေသတို့ဖြင့် ပြုလုပ်ထားသော ပင်ကိုမှော်လက်နက်သည် အင်မော်တယ်နှင့် အတူတူပင်။

ယဲ့ဖန်က သူတို့အတွက် ခေါင်းတလား သုံးခုကို သီးသန့်ဖယ်ထားပေးသည်ဟု ပြောလာသောအခါ သုံးယောက်လုံး၏ မျက်နှာများ ရုတ်တရက် မည်းမှောင်လာပြီး မျက်လုံးတွင် ဒေါသရိပ်များ ပြည့်နှက်လာသည်။

“ငါတို့ ဘိုးဘေးပစ္စည်းကို ဖျက်ဆီးလိုက်တာ မင်းလား၊ မင်း သေရမယ်ကွ”

ယွိရွှယ်လုံချန်က ယဲ့ဖန်အား စူးစိုက်ကြည့်နေသည်။

“မင်းက ငါ့ကို အခေါင်းပို့လိုက်တာလေ၊ စိတ်မကောင်းစရာက ငါ အဲ့တာကို သုံးဖို့ ကံမပါဘူးကွ၊ အဲ့ဒါကြောင့် မင်းကို ပြန်ပေးလိုက်မယ်”

ယဲ့ဖန်က ညစ်ကျယ်ကျယ် ပြုံးနေပြီး သူ့မျက်လုံးတွင်းမှ လူသတ်ချင်စိတ်က ရုတ်တရက် တိုးမြင့်လာသည်။

“ပြီးတော့ ဒီလက်ဆောင်သုံးခုကို မင်းတို့ လက်ခံမှရမယ်”

မင်း လက်ခံမှရမယ်ဟူသော စကားသည် တစ်နည်းအားဖြင့် မင်းတို့ သေကိုသေရမည်ဟု ပြောနေခြင်းပင်။

ယွိရွှယ်လုံချန်တို့ အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက်လုံး၏ မျက်နှာများ သုန်မှုန်သွားသည်။ သူတို့သည် ယခင်ကတည်းက အမြင့်၌ ရှိနေသူများ ဖြစ်သည်။

တစ်လောကလုံးမှ သက်ရှိများကို ပုရွက်ဆိတ်များဟု သတ်မှတ်ရှုမြင်ခဲ့ကြသည်။ ယနေ့ ဤသို့ စော်ကား ပြောဆိုခံရခြင်းက ပထမဆုံးအကြိမ်ပင်။

“ယဲ့ဘုရင် မှော်ခေါင်းတလား သုံးခုကို ဖျက်ဆီးနိုင်တာနဲ့ ငါတို့သုံးယောက်ကို တစ်ပြိုင်တည်း ယှဉ်နိုင်ပြီလို့ ထင်နေတာလား၊ မင်း တော်တော် သွေးကြီးလွန်းတာပဲ”

တစ္ဆေဘုရင်က မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် အော်ပြောလိုက်သည်။

All Chapters