အခန်း ၁၅၉၉
Vol. 107 Ch. 1599
Chapter 1599 ငါ့ကို တားရင် မင်း သေရမယ်
“မိုးကောင်းကင်က ဘယ်လောက် မြင့်မားလဲ မသိတဲ့ အရူးပဲ၊ ငါတို့ထဲက တစ်ယောက်ကတောင် မင်းကို သတ်ဖို့ လုံလောက်တယ်ကွ၊ မင်းက ငါတို့ကို စိန်ခေါ်ရဲတယ်ဆိုတော့ သေချင်နေတာပဲ”
မောခူပူစာက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ ခရမ်းရောင်မျက်နှာတွင် မိစ္ဆာအငွေ့အသက်များနှင့် ပြည့်နှက်နေသည်။ အသွင်အပြင်က ဗောဓိသတ်နှင့် တူသော်လည်း မိစ္ဆာကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုတို့ အပြည့်ပင်။
“ဟိုနှစ်ယောက် သူ့ခေါင်းကို ဘယ်သူ အရင်ဖြတ်နိုင်မလဲဆိုတာကို ငါတို့ လောင်းကြေးထပ်ကြရင် မကောင်းဘူးလား”
ယွိရွှယ်လုံချန်က ရယ်မော၍ အရင် လှုပ်ရှားလာသည်။
“ယုတ်မာတယ်”
“ခွေးသား မင်း လှည့်စားတာပဲ”
တစ္ဆေဘုရင်နှင့် မောခူပူစာတို့က ရယ်မောကြိမ်းမောင်းပြီးနောက် ပြေးတက်လာသည်။ သုံးယောက်လုံး၏ မျက်လုံးတွင် အထင်သေးဟန်တို့ ပေါ်လွင်နေပြီး ယဲ့ဖန်အား ကုန်းပေါ်မှငါးသဖွယ် သဘောထားပြီး သူတို့ အချိန်မရွေး သတ်နိုင်သည်ဟု ထင်နေလေသည်။
*ယဲ့ဖန်ကို သတ်တာက သူတို့အတွက် ကစားပွဲတစ်ခု ဖြစ်နေပါလား*
“စီနီယာတို့ သူ့ကို အလျင်စလို မသတ်ပါနဲ့၊ ကျွန်တော် သူ့လို ခွေးသူခိုးကောင်ကို နည်းမျိုးစုံနဲ့ နှိပ်စက်ပြီး တတ်နိုင်သလောက် အရှက်ခွဲချင်ပါတယ်”
လျိုကျန်းဟောင်က မုန်းတီးမှုအပြည့်ဖြင့် ပြောလာသည်။ ယဲ့ဖန်ကို ဤသို့ သတ်လိုက်လျင် သူ့အတွက် အလွန် အပေါစား ဆန်သွားလောက်သည် မဟုတ်ပါလော။
“မင်း ငါ့အိမ်မွေးတိရစ္ဆာန် ဖြစ်ရမယ်”
ယွိရွှယ်လုံချန်က သွေးဆာသော အပြုံးမျိုး ပြုံးလိုက်ပြီး ကျယ်လောင်စွာ ရယ်မောလေသည်။
“ငါ မင်းကို ရိုက်ချိုးပြီး ခွေးတစ်ကောင်လို မွေးမယ်”
“ထွက်သွားစမ်း”
ယဲ့ဖန်က တစ်ခွန်းတည်း ပြောလိုက်သော်လည်း မောက်မာမှုအပြည့်ပင်။
*ဘာ*
ထိုစကားကိုကြားပြီး ယွိရွှယ်လုံချန်နှင့် ကျန်နှစ်ယောက်တို့ မျက်နှာ သုန်မှုန်သွားသည်။ ယခုကဲ့သို့သော အချိန်မှာတောင်မှ ဤလူက အလွန် မောက်မာလွန်းရဲလိမ့်မည်ဟု သူ ထင်မထားမိပါ။
*သေချင်နေတာပဲ*
ယွိရွှယ်လုံချန်တို့ သုံးယောက်လုံး၏ မျက်လုံးတွင် သတ်ဖြတ်ချင်စိတ်များ ဖြတ်ပြေးလာသည်။ ယွိရွှယ်လုံချန် ချက်ချင်း ပြေးတက်လာပြီး လောကကို စုတ်ဖြဲနိုင်သော အရှိန်အဝါတို့ ပါဝင်သည့် လက်ဝါးဖြင့် ရိုက်ချလေသည်။
ဤသည်ကိုမြင်သော် ယဲ့ဖန် မျက်ခုံးပင့်လိုက်ပြီး သူ့မျက်လုံးတွင် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားကာ သူ၏ ဓားချက်က ယွိရွှယ်လုံချန်ထံသို့ ချဉ်းကပ်သွားသည်။
ပြင်းထန်သော ဓားစွမ်းအင်က အရှေ့၌ စုဝေးလာပြီး လောကအား နှစ်ခြမ်းကွဲတော့မတတ် စွမ်းအင်က ကြမ်းကြုတ် လွန်းလှသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ယွိရွှယ်လုံချန် မျက်မှောင်ကြုတ်သွားပြီး သူ့မျက်လုံးတွင် သွေးပျက်ဟန် ပေါ်လာကာ ဤမြင်ကွင်းကြောင့် မှင်တက် သွားလေသည်။
*ငါ ဘာမြင်လိုက်ရတာလဲ*
*ကြောက်စရာကောင်းတဲ့ ပင်ကိုမှောက်လက်နက်တစ်ခုလား*
*ချီးပဲ*
ရုတ်တရက် သူ ကြက်သီးထလာပြီး အလျင်အမြန် နောက်ဆုတ်လိုက်သော်လည်း ခြေတစ်လှမ်းမျှ နောက်ကျ သွားလေသည်။
“ရွှစ်”
ညာဘက်လက်မောင်းတစ်ခုလုံး ပြတ်ထွက်သွားပြီး သွေးများက မိုးစက်သဖွယ် ကျဆင်းလာသည်။ ဤသည်ကို မြင်သော် ကျန်အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်လုံး ကြက်သေ သေသွားပြီး ယဲ့ဖန်အား ကြောက်လန့် တကြား ကြည့်လာသည်။
*ဒီကောင် မောက်မာရဲတာက အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ လတ်စသက်တော့ သူ့မှာ ပင်ကို မှော်လက်နက်တစ်ခု ရှိနေတာကိုး*
လျိုကျန်းဟောင် အံ့အားသင့်သွားရပြီး သူ့မျက်နှာတွင် ကြောက်ရွံ့တုန်လှုပ်ဟန် ပေါ်လာ၏။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူက စတိုက်လိုက်တာနဲ့ အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်ကို ဒဏ်ရာ ရအောင် လုပ်နိုင်ပြီလား*
မကောင်းဆိုးဝါးများအားလုံး ပင့်သက်ရှိုက်သွားပြီး မျက်နှာတွင် ကြောက်စိတ်တို့ ပြည့်နှက်လာသည်။
*ဒါကြီးက ကြောက်ဖို့ကောင်းလိုက်တာ*
“ဒေါက် ဒေါက် ဒေါက်”
ယဲ့ဖန်က လျိုကျန်းဟောင်ထံ တစ်လှမ်းချင်း လျှောက်လာပြီး သူ့မျက်လုံးတွင်မှ သတ်ဖြတ်ချင်စိတ်က ပိုကြီးမား လာ၏။
သို့သော် ကျန်အင်မော်တယ် ဧကရာဇ်အဆင့်နှစ်ယောက်သည် ရှေ့တိုး၍ တားဆီးရဲခြင်း မရှိပေ။
“မင်း …”
လျိုကျန်းဟောင် ရုတ်တရက် သွေးပျက်လာပြီး နောက်သို့ ဆက်တိုက် ဆုတ်မိသည်။ သို့သော် သူ နံရံနှင့် တိုက်မိသွားပြီးနောက် နောက်ဆုတ်ရန် လမ်းစမရှိတော့ချေ။
“ကယ်ပါဦး စီနီယာတို့ ကျုပ်ကို ကယ်ပါဦး”
လျိုကျန်းဟောင်သည် ယွိရွှယ်လုံချန်နှင့် အခြားသူများအား ကြောက်လန့်တကြား အော်ပြောလာပြီး မျက်နှာတွင် ကြောက်ရွံ့၍ ဆောက်တည်ရာမရဟန် ပေါ်လာသည်။
“တစ်ခါက စစ်ပွဲထဲမှာ မိဘနှစ်ပါးလုံး သေသွားလို့ အစ်ကိုတစ်ယောက်က သူ့ညီမလေးနဲ့အတူ ခက်ခက်ခဲခဲ ရှင်သန်ခဲ့ရတယ်၊ နောက်ဆုံး စစ်ပွဲတွင်းက ကပ်ဆိုးကို ရှောင်ရှားနိုင်ခဲ့လို့ ဘဝအသစ်စဖို့ ပြင်ဆင်ခဲ့ကြတယ်”
“ဒါပေမဲ့ မောင်နှမနှစ်ယောက် အထောက်အပံ့တွေ ယူဖို့ သတ်မှတ်ထားတဲ့ နေရာကို သွားခဲ့အခါမှာတော့ လှည့်စားခံလိုက်ရမှန်း သိလိုက်ရတယ်၊ အဲ့အချိန်မှာညီမဖြစ်သူက ငါးရက်တိတိ အစာမစားရလို့ အစ်ကိုဖြစ်သူရဲ့ လက်ထဲမှာ သေလုမျောပါး ဖြစ်နေခဲ့တယ်၊ အစ်ကိုဖြစ်သူက ညီမရဲ့ ဝေဒနာခံစားနေရပုံကို မကြည့်ရက်လို့ ကြိုးရှာပြီး လည်ပင်းညှစ်သတ်လိုက်ရတယ်၊ နောက်တော့ အဲ့ကြိုးကိုသုံးပြီး သူ့ကိုယ်သူ ကြိုးဆွဲချ သတ်သေ သွားခဲ့တယ်”
ယဲ့ဖန်က ခပ်တိုးတိုး ပြောလာပြီး ခြေလှမ်းက နှေးသထက် နှေးလာသည်။
“တစ်ခါတုန်းက ကလေးမလေးတစ်ယောက်မှာ စစ်ပွဲကြောင့် ခြေထောက်နှစ်ဖက်လုံး ပြတ်သွားတဲ့ မိခင်ရှိတယ်၊ ပြီးတော့ သူ့အမေက တစ်ခါမှ ကုသမှု မခံခဲ့ရဖူး။ အမေဖြစ်သူအတွက် သူ့အဖေက နေရောညပါ အမှိုက်ပုံမှာ အစာရှာခဲ့တယ်၊ စစ်ပွဲတွေ ပြီးသွားတော့ ဆရာဝန်တွေ ရောက်လာခဲ့တယ်၊ ဒါပေမဲ့ ဆေးပစ္စည်း ထောက်ပံ့မှု နှောင့်နှေးခဲ့တာကြောင့် သူ့အမေ ပိုးဝင်ပြီး သေဆုံးသွားခဲ့တယ်”
“ကလေးမလေးက သူ့မျက်စိရှေ့မှာ အမေဖြစ်သူ သေသွားတာကို ကြည့်နေခဲ့၇တယ်၊ ဆရာဝန်တွေက သူ့အမေကို အဝတ်ဖြူနဲ့ အုပ်သွားတယ်၊ ကလေးမလေးရဲ့ အဖေကလည်း အဲ့ညမှာပဲ တိုက်ပေါ်က ခုန်ချပြီး သတ်သေ သွားခဲ့တယ်၊ ကလေးမလေးက သူ့အဖေရဲ့ သေကြောင်းကြံခံတဲ့ စာကိုမြင်ပြီး လမ်းပေါ်မှာ ယိုင်ထိုးယိုင်ထိုး သွားလာနေရတယ်”
“အဲ့နှစ်မှာ သူက ငါးနှစ်သမီးပဲ ရှိသေးပင်မယ့် ဘဝအကြောင်း သိနေခဲ့ပြီ”
“ပြီးတော့ ဒါက”
ယဲ့ဖန်၏ မျက်လုံးတွင် အေးစက်မှုများ ဖြတ်ပြေးသွားပြီး လူသတ်ချင်စိတ်က မုန်တိုင်းအလား ထွက်ပေါ်လာ၏။
“ဒါတွေအားလုံးက မင်းကြောင့်ပဲ”
လျိုကျန်းဟောင် အတွေးထဲ ဗလာဖြစ်သွားပြီး သူ့မျက်လုံးထဲမှ ကြောက်ရွံ့စိတ်က ပိုပို၍ ကြီးမားလာသည်။ ယဲ့ဖန်၏ သူ့အပေါ် မုန်းတီးစိတ်ကို သူ ခံစားမိနေသည်။
“တစ္ဆေဘုရင်”
ယွိရွှယ်လုံချန်က ရုတ်တရက် အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်က ဒဏ်ရာအပြင်းအထန် ရနေပြီ ဖြစ်သည်။ သွေးဝိညာဉ် တာအိုကျောင်းတော်၏ အဓိကလူများဖြစ်သော သူသည် ဤမျှအထိ အရှက်မကွဲဖူးချေ။ လက်ရှိတွင် သူ အလွန် ဒေါသူပုန် ထနေ၏။
“မင်း မှော်လက်နက်ကို ပေးစမ်း”
တစ္ဆေဘုရင်က ဟစ်ကြွေးလာပြီးနောက် ပါးစပ်ကိုဟ၍ ယဲ့ဖန်၏ စကြဝဋ္ဌာဓားနှင့် နဂါးကိုးကောင် မီးလင်းဖိုအား ဗိုက်ထဲ ရောက်သည်အထိ စုပ်ယူဝါးမျိုလိုက်သည်။
“ဒါက…”
မကောင်းဆိုးဝါးများအားလုံး ငေးကြောင်သွားကြသည်။
*မှော်လက်နက်ကို ဝါးမျိုသွားတာလား၊ ဒါ အရမ်း ကြောက်ဖို့ကောင်းတယ်*
“လက်စသတ်တော့ ကောလာဟလတွေက မှန်နေတာပဲ၊ တစ္ဆေဘုရင်က ရှေးနတ်ဆိုးရဲ့ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်ကို ကျင့်ကြံထားပြီးတော့ အရာအားလုံးကို ဝါးမျိုနိုင်တယ်တဲ့လေ”
“ကြောက်ဖို့ကောင်းလိုက်တာ၊ ရန်သူရဲ့ တိုက်ပွဲဝင်ခွန်အားကို မတိုးလာအောင် ပိတ်ပင်လိုက်တာပဲ”
ထိုသို့သောအချိန်တွင် တစ္ဆေဘုရင်သည် အပြုံးကြီး ပြုံးလာ၏။
“အခု မှော်လက်နက်တွေ မရှိတော့ဘူးဆိုတော့ မင်း ဘယ်လို မောက်မာဦးမလဲ ငါ ကြည့်ဦးမယ်”
ယွိရွှယ်လုံချန်နှင့် အခြားသူများက စဉ်းလဲစွာ ပြုံးနေကြပြီး မသိလျင် ဝဖီးနေသော သိုးကို ကြည့်နေသလားဟု ထင်မှတ်မှားရသည်။
*အားကိုးစရာ ပင်ကိုမှော်လက်နက်မရှိရင် အဲ့ကောင် မသေဘဲ နေပါ့မလား*
ယဲ့ဖန်က ဗလာဖြစ်သွားသော ညာလက်ကို တစ်ချက်ကြည့်ပြီး အေးစက်သော မျက်လုံးတွင် သွေးရောင်လွှမ်းလာပြီး ယွိရွှယ်လုံချန်နှင့် အခြားသူများကို လှည့်ကြည့်လာသည်။
“မင်းတို့တွေ ငါ့ကို တားမှာ သေချာပြီလား”
ယွိရွှယ်လုံချန် မျက်မှောင်ကြုတ်သွားပြီး မျက်နှာပေါ်မှ ဒေါသရိပ်က ပိုပီပြင်လာသည်။
*ဒီလိုမျိုးဖြစ်နေတာတောင် ဒီသောက်ကောင်က မောက်မာရဲသေးတာလား*
“သတ်ဟေ့”
ယွိရွှယ်လုံချန်က ဒေါသထွက်နေသော မျက်နှာနျင့် ပြေးတက်လာပြီး စွမ်းအင်ကို စုစည်း၍ ယဲ့ဖန်အား တိုက်ခိုက် လာသည်။
ရုတ်တရက် ကောင်းကင်ယံက တုန်ခါလာပြီး မသိလျင် ပြိုင်စံရှားသော သားရဲတစ်ကောင် ဒေါသူပုန် ထလာသကဲ့သို့ သတ်ဖြတ်ချင်စိတ်များက တစ်ဟုန်ထိုး တက်လာပြီး အိမ်များ ပျက်စီးကာ မြေငလျင် လှုပ်လာသဖြင့် ကြောက်စရာ ကောင်းလှသည်။
တစ္ဆေဘုရင်နှင့် မောခူပူစာတို့ အပြုံးကြီး ပြုံးနေပြီး ပြိုင်တူ လှုပ်ရှားလာကာ ယဲ့ဖန်အား အရပ်မျက်နှာ သုံးခုမှ ပိတ်ဆို့ဝန်းရံ၍ သူတို့၏ နောက်ဆုံးတိုက်ကွက်များကို ထုတ်လာကြသည်။
သူတို့၏ စိတ်ထဲတွင် ယခု ယဲ့ဖန်က မှော်လက်နက် မရှိတော့သဖြင့် သူတို့ကို မယှဉ်နိုင်ဟု ထင်နေကြသည်။ သေခြင်းသည်သာ သူ၏ တစ်ခုတည်းသော လားရာ ဖြစ်ပေလိမ့်မည်။
သို့သော် ယဲ့ဖန်က မလှုပ်မယှက် ရှိနေပြီး ယွိရွှယ်လုံချန်တို့ သုံးယောက်၏ တိုက်ခိုက်မှုကို လျစ်လျူရှုထားသည်။
“ဒီကောင် ကံတရားကို လက်ခံလိုက်တာလား၊ ဟားဟားဟား”
“သူ့အသက်ကို ကယ်နိုင်မယ့်ဟာတွေမှ မရှိတော့တာ၊ သူ ကံတရားကို လက်မခံဘဲ နေလို့ရပါတော့မလား၊ အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက်နဲ့ ရင်ဆိုင်ရမှတော့ သူ အသေဆိုးနဲ့ သေရုံပဲ ရှိတော့မယ်”
“ငါ့နိုင်ငံကိုမှ လာဆန့်ကျင်ရဲတာကိုး၊ ဒီလိုပဲ အဆုံးသတ်မှပေါ့”
ဤသည်ကိုမြင်သော် မကောင်းဆိုးဝါးများအားလုံး စိတ်လှုပ်ရှား တုန်ယင်လာကြသည်။
*ဒီနတ်ဆိုး သေတော့မှာပဲ*
“ဟူး … ငါ့ကို လန့်အောင် လုပ်ရဲရတယ်လို့”
ဤသည်ကိုမြင်မှ လျိုကျန်းဟောင်က ကြမ်းပြင်ပေါ် တံတွေးထွေးချပြီး အလွန် အထက်စီးဆန်စွာ ပြောလိုက်သည်။
“မင်း ပြောတာ မှန်တယ်၊ အဲ့လူတွေက ငါ့ကြောင့် သေသွားရတာ၊ မင်းလို ပြောတဲ့လူတွေက တစ်ယောက် နှစ်ယောက် မကဘူး၊ မရေတွက်နိုင်တဲ့ မိသားစုတွေက ငါ့လက်ထဲမှ ပျက်စီးသွားရတယ်ကွာ၊ အဲ့တော့ ဘာဖြစ်လဲ”
လျိုကျန်းလောင်က ယဲ့ဖန်အား အထင်အမြင်သေးစွာ ကြည့်လာ၏။
“အခု မင်းလည်း ဒုက္ခရောက်နေပြီဆိုတော့ ငါ့ကို မင်း ဘာလုပ်နိုင်လို့လဲ”
ထိုအခိုက်တွင် အခြေအနေက တိတ်ဆိတ် ငြိမ်သက်သွားသည်။ လူတိုင်းက တစ်နေရာတည်းကို ကြည့်နေကြပြီး သရော်ပြုံးများ ပြုံးနေလေသည်။
“မဟာနတ်ဆိုး”
ထိုအခိုက်တွင် ယဲ့ဖန် တီးတိုး ရေရွတ်လာ၏။
“ဝုန်း”
ထိုအခိုက်တွင် တိတ်ဆိတ်မှုက ပြိုပျက်လာသည်။ တစ်လောကလုံး တုန်လှုပ်စေနိုင်သော နတ်ဆိုးစွမ်းအင်လှိုင်း တစ်ခု ထိုးတက်လာလေသည်။
ယဲ့ဖန်၏ ပုံရိပ်က ရုတ်တရက် ထိုးတက်လာသည်။ သူသည် သုံးမီတာကျော် မြင့်မားသော ဧရာမလူအဖြစ် ပြောင်းလဲသွားပြီး တစ်ကိုယ်လုံး နတ်ဆိုးစွမ်းအင်များ ပြည့်နေသောကြောင့် မျက်နှာနှင့် ခန္ဓာကိုယ်ကို ကောင်းကောင်း မမြင်ရဘဲ အနက်ရောင်စွမ်းအင် အငွေ့အသက်သာ ပျံ့လွင့်နေ၏။
ဤမြင်ကွင်းက အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။
*နတ်ဆိုးဝင်ပူးတာလား*
ဤသည်ကိုမြင်သော် ယွိရွှယ်လုံချန်နှင့် အခြားသူများ မယုံသင်္ကာ ဖြစ်သွားကြသည်။ ဤလောကတွင် ကြောက်စရာ အကောင်းဆုံးဟု ဆိုရမည့် လောကနှစ်ခု ရှိသည်။
တစ်ခုက နတ်ဘုရားလောကဖြစ်ပြီး ကျန်တစ်ခုက နတ်ဆိုးလောက ဖြစ်သည်။
သူတို့အရှေ့မှ ယဲ့ဖန်၏ ပုံစံသည် နတ်ဆိုးလောက၏ အသွင်အပြင် ဖြစ်လေသည်။
ဒဏ္ဍာရီများအရ ဤလောကနှစ်ခု၏ တည်ရှိမှုသည် ထင်မှတ်မထားသော အဆင့်အထိ စိန်ခေါ်နိုင်စွမ်း ရှိသည်။
တစ်နည်းအားဖြင့် ဆိုရလျင် ဤလောကနှစ်ခု၏ တည်ရှိမှုနှင့်ဆိုလျင် အင်မော်တယ် ဧကရာဇ်အဆင့်က သူတော်စင်အဆင့်ကိုပင် တိုက်ခိုက်နိုင်သည်။
“မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”
ယွိရွှယ်လုံချန် ဒေါသတကြီး အော်ဟစ်လာပြီး သည်းခြေပျက်မတ် ဖြစ်နေသည်။ လက်ရှိတွင် သူတို့တွင် ပြန်ဆုတ်နိုင်စွမ်း မရှိတာ့ဘဲ ယဲ့ဖန်ကို သတ်မှဖြစ်ပေတော့မည်။ ယဲ့ဖန် မသေလျင် သူတို့ သေရပေလိမ့်မည်။
ထိုအခိုက်တွင် တစ္ဆေဘုရင်နှင့် မောခူပူစာတို့သည်လည်း ကြက်သီးထနေပြီး ကြောက်ရွံ့အံ့ဩနေသော အမူအရာနှင့် ကြည့်နေကြသည်။
သူတို့ တစ်သက်လုံး သင်ယူထားသည့် အရာများကို ထုတ်သုံး၍ ယဲ့ဖန်အား ဒေါသတကြီး သတ်ဖြတ်လေသည်။
“ဝုန်း ဝုန်း ဝုန်း”
ကောင်းကင်ထက်တွင် ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်နေပြီး ယဲ့ဖန်ပေါ်သို့ နောက်ဆုံးသော တိုက်ကွက်များ ကျရောက်လာသည်။
သို့သော် ယဲ့ဖန်က လက်သီးတစ်ချက်တည်းသာ ပြန်ထိုးလာ၏။ လက်သီးချက်သည် သန်မာလှပြီး ကျရောက် လာသော တိုက်ကွက်သုံးခုကို ဖြိုခွင်းသွားသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ယွိရွှယ်လုံချန်တို့ သုံးယောက်လုံး ပြိုင်တူ အံ့ဩသွားကြသည်။ သို့သော် သူတို့ သတိမဝင်ခင်မှာပင် လက်သီးချက်များက ဆက်တိုက် ကျရောက်လာသည်။
ယွိရွှယ်လုံချန်တို့ သုံးယောက်လုံး လွင့်ထွက်သွားကြသည်။ အရိုးများ ကျိုးကြေ၍ အသားများ စုတ်ပြတ်ကာ သွေးစက်များက ကောင်းကင်ယံ၌ လွင့်စဉ်လာ၏။
*ကြောက်ဖို့ကောင်းလိုက်တာ*
*အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက်လုံး ချက်ချင်း ဒဏ်ရာရသွားတာလား*
“ဒါ ဘယ်လိုဖြစ်ရတာလဲ*
လှောင်ပြုံး ပြုံးနေသော မကောင်းဆိုးဝါးများ ချက်ချင်း အေးစက် တောင့်တင်းသွားကြပြီး အလွန် အံ့ဩဟန်များ ပေါ်လာလေသည်။
*မယုံနိုင်စရာပဲ*
*မယုံနိုင်ဘူး*
*ဒီလူက အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက်ကို သူတစ်ယောက်တည်းရဲ့ ခွန်အားနဲ့ ဖိနှိပ်လိုက်တာလား*
အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက်လုံး မြေကြီးပေါ် အရှိန်ဖြင့် ပြုတ်ကျလာသောအခါ ဘေးလူများ ငြိမ်ကျ သွားသည်။
*ရှုံးသွားပြီ*
ထိုအခါတွင်မှ အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက်လုံး ရှုံးနိမ့်သွားကြောင်း သူတို့ သတိပြုမိသွားသည်။
*ဒီလူက မှော်လက်နက် မရှိတာတောင် ကြောက်ဖို့ကောင်းနေသေးတယ်*
ထိုအခိုက်တွင် နတ်ဆိုးမျိုးနွယ်များ ကြက်သေ သေနေ၏။ သူတို့၏ စိုးရိမ်မှုများက မလိုအပ်ခဲ့ကြောင်း သတိပြုမိ သွားကြသည်။
*ယဲ့ဘုရင်က မသေနိုင်ဘူး၊ သူက ပြိုင်ဘက်ကင်းပဲ*
“ယဲ့ဘုရင်”
“ယဲ့ဘုရင်”
“ယဲ့ဘုရင်”
နားကွဲမတတ် ဟစ်ကြွေးသံတစ်သံ ထွက်ပေါ်လာသည်။ နတ်ဆိုးမျိုးနွယ်များအားလုံးသည် ယဲ့ဖန်အား နတ်ဘုရားသဖွယ် မြင်ယောင်လာကြသည်။ လက်ရှိတွင် သူတို့ ယဲ့ဖန်အတွက် အသက်ပင် ပေးချင်နေ၏။
*ငါတို့ နတ်ဆိုး အငွေ့အသက် အင်ပါယာက ပြိုင်ဘက်ကင်းဘုရင်*
ထိုအချိန်တွင် ယဲ့ဖန်၏ မျက်လုံးများက ပို၍ ရက်စက်ကြမ်းကြုတ်လာပြီး သူတော်စင်သခင်အဆင့် သုံးယောက်အား စူးစိုက်ကြည့်နေသည်။
“ငါ့ကို တားရဲတဲ့လူတိုင်း သေရမယ်”