← Chapters

အခန်း ၁၆၀၂

Vol. 107 Ch. 1602

အခန်း ၁၆၀၂

Vol. 107 Ch. 1602

Chapter 1602 မင်းကို သတ်ဖို့က ခွန်အား သုံးဆယ်ရာခိုင်နှုန်းနဲ့တင် လုံလောက်တယ်

“ဒါ လုံးဝ မဖြစ်နိုင်ဘူး”

သွေးနတ်ဘုရားက ဒေါသတကြီး ဟစ်အော်လာသည်။

“ငါ့လက်ရှိအခြေအနေက ခွန်အားကို သုံးဆယ် ရာခိုင်နှုန်းပဲ ထုတ်သုံးနိုင်တယ်ဆိုပင်မယ့် အင်မော်တယ် ဧကရာဇ် အဆင့်လေးက ယှဉ်နိုင်တာ မဟုတ်ဘူး၊ မင်း ဘယ်သူလဲ …”

ဤမြင်ကွင်းက သူ့အား မယုံနိုင်သလို ခံစားရစေသည်။

*ငါက အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်ဆီမှာ ရှုံးသွားတာလား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

“ငါ့မျက်လုံးထဲမှာ မင်းက ဘာမှမဟုတ်ဘူး၊ မင်းကို အနိုင်ယူဖို့က လွယ်လွယ်လေးပဲ”

ယဲ့ဖန် အထင်သေးစွာ ပြောလိုက်ပြီး ရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာကာ ဓားကိုဆွဲထုတ်လိုက်သည်။ ဓားစွမ်းအင်က ပြင်းထန်သော လှိုင်းလုံးအလား ထွက်ပေါ်လာပြီး တစ်လောကလုံးကို တုန်ခါစေသည်။

“ပင်ကိုမှော်လက်နက်လား”

သွေးနတ်ဘုရား အံ့ဩသွားသည်။ ယဲ့ဖန်၌ ဤသို့သော ရတနာမျိုး ရှိနေလိမ့်မည်ဟု သူ ထင်မထားမိပေ။ ချက်ချင်းဆိုသလိုပင် သူသည် လောဘတက်သော အပြုံးမျိုး ပြုံးလာ၏။

“ဟေ့ကောင် မင်း ငါ့တပည့်တွေ အများကြီးကို သတ်ခဲ့သလို ငါ့ကိုလည်း မလေးမစားလုပ်ခဲ့တယ်၊ အဲ့မှော်လက်နက်ကို တောင်းပန်မှုအနေနဲ့ ဆက်သသင့်တယ်”

သူ အော်ပြောလာသည်။ သူ့အသံက စူးရှကြမ်းတမ်းလှပြီး လူ့စိတ်ဝိညာဉ်အား အပြင်းအထန် သက်ရောက်စေကာ ကြက်သီးမွေးညင်း ထလာစေသည်။

ထို့နောက်တွင်မူ သွေးနတ်ဘုရားက သူ့လက်မောင်းကို လှုပ်ခါလိုက်သည်။ ထိုအခါ သွေးနှင့် လျှပ်စီးတို့ ရောနှောနေသော မိုးကြိုးပိုက်ကွန်တစ်ခု ဖြစ်ပေါ်လာပြီး ယဲ့ဖန်ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျလာလေသည်။

သွေးနှင့် လျှပ်စီး ရောနှောနေသော ပိုက်၌ တာအိုသဘောတရားနှင့် မိုးကောင်းကင် ဥပဒေသများ ပါရှိနေပြီး ဖြန့်လိုက်သောအခါ မိုင်ပေါင်း ရာချီသည်အထိ ကြီးမားလေသည်။

ထိုအခိုက်တွင် ယဲ့ဖန်၏ ဓားချီစွမ်းအင်နှင့် ထိမှန်သွားပြီး ၎င်းစွမ်းအင်ကို စုပ်ယူ၍ ဖျက်ဆီးသွားသည်။

ထိုအခါ ယဲ့ဖန်တောင်မှ အံ့အားသင့်သွားရသည်။

*ရှေးဟောင်း လျှို့ဝှက်သိုင်းကွက်လား၊ ဒီအရှိန်အဝါနဲ့ ပတ်သက်ပြီး ဘာမှမှားနေတာ မရှိဘူး၊ ဒါပေမဲ့ သူက ရှေးခေတ်က လျှို့ဝှက်သိုင်းကို သုံးနေတာပဲ*

ယင်းက ဤပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်အားလုံးကို ထုတ်ယူထားသည်။

ဤသည်ကိုမြင်သော် လျိုကျန်းဟောင်နှင့် အခြားသူများ စိတ်လှုပ်ရှားလွန်း၍ ငိုလုနီးပါး ဖြစ်နေသည်။ နောက်ဆုံး၌ တစ်စုံတစ်ယောက်က ဤနတ်ဆိုး၏ တိုက်ခိုက်မှုကို တားဆီးနိုင်လေပြီ။ ဤသည်က သူတို့ကို မျှော်လင့်ချက် ရေးရေး ပေါ်လာစေသည်။

သို့သော် ဤမျှနှင့် ရပ်မသွားချေ။ သွေးလျှပ်စီး ပိုက်ကွန်က ဓားစွမ်းအင်ကို ဖျက်ဆီးပြီးနောက် ယဲ့ဖန်အား လွှမ်းခြုံ လာသည်။

“ဒီလို အဆင့်နိမ့်တဲ့ တိုက်ခိုက်မှုက ငါ့ကို ပျင်းစေတယ်”

ယဲ့ဖန်က သံရှည်ဆွဲ၍ လေချွန်လိုက်သည်။ ထို့နောက် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ သူသည် ပါးစပ်ကိုဟ၍ ကောင်းကင်ထက်မှ သွေးလျှပ်စီးပိုက်ကွန်ကို စုပ်ယူလေ၏။ ၎င်းက အပြီးတိုင် ပျောက်ကွယ် သွားလေသည်။

*သောက်ကျိုးနည်း*

လူအများ မှင်တက်သွားလေသည်။

*ဒီလူက မိုင်ရာချီ ရှည်လျားတဲ့ သွေးလျှပ်စီး ပိုက်ကွန်ကို တကယ် စုပ်ယူနိုင်တာပဲ၊ ကြောက်ဖို့ကောင်းလိုက်တာ*

ယဲ့ဖန်က အဆုံးအစမရှိသော ချောက်နက်တစ်ခုနှင့် တူနေသည်။ မိုင်ရာချီ ရှည်လျားသော သွေးလျှပ်စီး ပိုက်ကွန်အား တစ်ခါတည်းနှင့် စုပ်ယူနိုင်သော စွမ်းအားက ကြောက်စရာ ကောင်းလှသည်။

သွေးနတ်ဘုရားတောင်မှ မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

*ဒီလူ ထင်ထားတာထက် သာတာပဲ*

“သွေးနတ်ဘုရား မင်း လုပ်နိုင်တာ ဒါ အကုန်ပဲလား”

ယဲ့ဖန်က သွေးနတ်ဘုရားကို ကြည့်လိုက်ပြီး လေသံတွင် အထင်သေးဟန်များ ပြည့်နှက်နေသည်။

ယဲ့ဖန်၏ စကားက လူတိုင်းကို ထိတ်လန့်သွားစေ၏။

*ဒါ အကုန်ပဲလားတဲ့*

*ဒီကောင်က သွေးနတ်ဘုရားကို ဘယ်လိုတောင် အထင်သေးရဲတာလဲ*

*ဒါ ရူးချင်စရာ ကောင်းလွန်းတယ်*

သွေးနတ်ဘုရားသည်လည်း အလွန် ဒေါကန်လာ၏။

“မျိုးမစစ်ကောင် ငါ မင်းကို သွေးအစေခံဖြစ်အောင် လုပ်ပြီး ထာဝရ ငါ့သွေးမျိုးနွယ်ကို ကျွန်ခံခိုင်းမယ်ကွ”

သွေးနတ်ဘုရား၏ မျက်လုံးတွင် ရက်စက်သွေးဆာမှုတို့ ပြည့်နှက်နေပြီး ယဲ့ဖန်အား ဒေါသတကြီး စိုက်ကြည့် လာသည်။

“မင်း မာနကြီးတယ် မဟုတ်လား၊ ဒါဆို ငါ မင်းခြေထောက်ကို ဖြတ်ပစ်မယ်၊ ဒါမှ မင်း တစ်သက်လုံး ငါ့ရှေ့ ဒူးထောက်နေရမှာ”

“သွေးမိစ္ဆာ”

ရုတ်တရက် အတောမသတ်နိုင်သော သွေးအလင်းတန်းများက ယဲ့ဖန်ထံ တိုးဝင်လာပြီး လျှို့ဝှက်သိုင်းကွက် ရုတ်တရက် ပေါ်ထွက်လာပြီး ကျောချမ်းဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာလေသည်။

သွေးပင်လယ် အလင်းတန်းက ယဲ့ဖန်အား ချက်ချင်း လွှမ်းခြုံလာ၏။

“အရှင်မင်းမြတ်”

ယဲ့ဖန်အား သွေးအလင်းတန်းက ဝါးမျိုသွားသည်ကို မြင်သောအခါ နတ်ဆိုးမျိုးနွယ်များ အလန့်တကြား အော်ဟစ်လာပြီး သူတို့၏ မျက်လုံးတွင် စိုးရိမ်စိတ်များ ပေါ်လာသည်။

“နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းလာသလားလို့”

ယဲ့ဖန် လှောင်ပြုံးပြုံးနေသည်။ ဤသည်ကိုမြင်သော် လူတိုင်း အံ့အားသင့်သွားကြသည်။

*ဒီလိုအခြေအနေ ဖြစ်နေတာတောင် ဒီကောင်က ဘယ်လိုတောင် မောက်မာရဲတာလဲ*

*လုံးဝ မှားနေပြီ*

*အရူး*

*သေလမ်းရှာနေတာပဲ*

ချက်ချင်းဆိုသလိုပင် ဒေါသထွက်နေသော မျက်လုံးများက ယဲ့ဖန်ပေါ် ကျရောက်လာပြီး ပွဲချင်းပြီး သေဆုံးရန် မျှော်လင့်နေကြသည်။

*မိုးကောင်းကင်က ဘယ်လောက် မြင့်လဲ မသိတဲ့ကောင်၊ သွေးနတ်ဘုရားကို ခဏခဏ ဒေါသထွက်အောင် လုပ်နေတာ၊ သူ သေမှာပဲ*

“ဒီလောက်နဲ့ မပြီးသေးဘူး”

သွေးနတ်ဘုရား ဒေါသထွက်လာသည်။ သူ့ဘဝ၌ ဤမျှ အထင်သေးခံရသည်က ဒါ ပထမဆုံးပင်။ သူ၏ ခန္ဓာကိုယ်မှ ယန်စွမ်းအင်ကို အသည်းအသန် နှိုးဆွလိုက်သဖြင့် သွေးအလင်းတန်းက ပို၍ ကြီးမားလာပြီး ယဲ့ဖန်အား ဝါးမျိုသွားသည်။

“တော်တယ်”

ယဲ့ဖန်က သွေးနတ်ဘုရားကို အပြုံးနှင့် ချီးကျူးလိုက်သည်။ သွေးနတ်ဘုရား တစ်ဒင်္ဂမျှ မှင်တက်သွားသည်။ ယခင်က ခံစားချက်ကင်းမဲ့၍ သက်တောင့်သက်သာနှင့် အခြားသူများအား ရင်ဆိုင်ခဲ့သူက သူသာ ဖြစ်ခဲ့သည်။ ဤသို့ ဆက်ဆံခံရခြင်းက ပထမဆုံးအကြိမ်ပင်။

ယဲ့ဖန်က ကစားပွဲ ကစားရုံမျှသာ ရှိသည့်ပုံပင်။ သူက ကစားခံရသည့် အရုပ်ဘဝ ရောက်နေ၏။

*ယီးပဲ*

သွေးနတ်ဘုရား လက်မခံနိုင်ပါ။ ဤခံစားချက်က အလွန် ရှက်စရာ ကောင်းလှသည်။ သူသည် မြင့်မြတ်သော သွေးနတ်ဘုရား ဖြစ်သည်။ ဘယ်လိုလုပ် အင်မော်တယ် ဧကရာဇ်အဆင့်က သူ့အား ရန်စသည်ကို ခွင့်ပြုနိုင် ပါမည်နည်း။

“သွေးရေတံခွန် ဈာပန”

ထို့နောက် သူသည် လက်ကိုဆန့်၍ လှုပ်ယမ်းလိုက်သည်။ ယဲ့ဖန်ကို လွှမ်းခြုံထားသော သွေးအလင်းတန်းက ယဲ့ဖန်အား ဖျစ်ညှစ်လာသည်။

ဤသည်ကိုမြင်သော် လူတိုင်း စိတ်လှုပ်ရှားသော အမူအရာ ပြလာ၏။

*ဒီတစ်ခေါက် အဲ့ကောင်ကို သတ်နိုင်တော့မှာလား”

ထိုအခိုက်တွင် သွေးနတ်ဘုရားကလည်း လှောင်ရယ်လာသည်။

“ယဲ့ဘုရင် သေပြီ”

ထိုစကားသံ ထွက်လာသည်နှင့် လူတိုင်း ထိတ်လန့်သွားကြသည်။

“သေပြီ၊ အဲ့မကောင်းဆိုးဝါး နောက်ဆုံးတော့ သေသွားပြီ”

“မကောာင်းတဲ့လူကို သတ်ပေးတဲ့အတွက် အရှင် သွေးနတ်ဘုရားကို ကျေးဇူးတင်ပါတယ်”

“တစ်ဖက်လူက ဘယ်သူပဲဖြစ်ဖြစ် ငါတို့ သွေးမျိုးနွယ်ရဲ့ သွေးနတ်ဘုရားနဲ့ တွေ့ရင် သေလမ်းပဲ ရှိလိမ့်မယ်၊ ဒီကောင်က တကယ် ကံဆိုးတာပဲ”

မကောင်းဆိုးဝါးများက စိတ်အေးသလို သက်ပြင်းချလိုက်ပြီး အပြုံးကြီး ပြုံးနေကြသည်။ ထိုအခိုက်တွင် သူတို့ တစ်သက်လုံး စိတ်အေးရသလို ခံစားလာရပြီး ကျောတွင် ဇောချွေးတို့ စိုရွှဲနေ၏။

သွေးနတ်ဘုရား၏ မျက်နှာတွင် အထင်သေးဟန် ပေါ်နေ၏။ ယဲ့ဖန်က လေလုံးထွားခဲ့သဖြင့် ယဲ့ဖန်တွင် အစွမ်းအစ ရှိသည်ဟု ထင်ခဲ့သော်လည်း အရင်လူများနှင့် အတူတူင် ဖြစ်နေ၏။

လက်ရှိတွင် ယဲ့ဖန် သေလိမ့်မည်ဟု သူ အလွန် ယုံကြည်နေသည်။ အဘယ်ကြောင့်ဆိုသော် သူ့ထောင်ချောက်ထဲမှ မည်သူမှ မထွက်နိုင်သောကြောင့်ပင်။ ယဲ့ဖန်အတွက် သေလမ်းသာ ရှိပေလိမ့်မည်။

“ဟားဟားဟား အလှလေး၊ မင်းလူ သေသွားပြီ၊ မင်းက ငါတို့အပိုင်ပဲ”

မကောင်းဆိုးဝါးများက ရုတ်တရက် လီဝေ့ထံသို့ မကောင်းသော ရည်ရွယ်ချက်ဖြင့် လျှောက်လာကြသည်။ လီဝေ့၏ မျက်နှာ ဖြူရော်သွားသော်လည်း အခိုင်အမာ ပြန်ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး၊ ယဲ့ဖန်က ဘယ်တော့မှ မရှုူံးဘူး၊ ပြီးတော့ သူ သေမှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ သူက ပြိုင်ဘက်ကင်း မို့လို့ပဲ”

*ပြိုင်ဘက်ကင်းတယ် ဟုတ်လား*

မကောင်းဆိုးဝါးများသည် တစ်ခဏမျှ အံ့ဩနေပြီးနောက် ရယ်မောကြသည်။

“ကောင်မစုတ်လေး မင်း မမြင်ဘူးလား၊ သူက သွေးပင်လယ်ထဲမှ ပိတ်မိနေပြီ၊ သူ့ကို သွေးအစေခံအဖြစ် သန့်စင်နိုင်ဖို့ သိပ်ကြာမှာ မဟုတ်ဘူး၊ အသိစိတ် မရှိတဲ့ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာပြီး ငါတို့ သွေးနတ်ဘုရားကို ထာဝရ ကျွန်ခံနေရတော့မှာ”

ထိုစကားကြောင့် လီဝေ့ ချက်ချင်း ဒေါသထွက်သွားသည်။

“နတ်ဆိုးကို ကျွန်ပြုမယ် ဟုတ်လား၊ နင်တို့အတွေးက ဩချလောက်စရာပဲ”

*ဒီလူတွေက တော်တော် တုံးတာပဲ*

*ဒါ ဆင်ကန်းတောတိုး ယုံကြည်မှုလား*

သွေးနတ်ဘုရားက လီဝေ့အား အရေးမစိုက်သလို ကြည့်နေသည်။

“သူက မင်းယုံကြည်မှုကို ဖောက်ဖျက်လိုက်လို့ စိတ်မကောင်းစရာပဲ၊ ဘာလို့လဲဆိုတော့ သူ ဘယ်တော့မှ ပြန်လာနိုင်မှာ မဟုတ်လို့ပဲ”

ဤသည်ကိုကြည့်ပြီး လျိုကျန်းဟောင်၏ မျက်လုံးများက ရက်စက်မှုတို့ဖြင့် အရောင်တောက်လာပြီး အလျင်အမြန် ရှေ့တိုး၍ ပြောလာသည်။

“အရှင် သွေးနတ်ဘုရား သူတို့အားလုံးက နတ်ဆိုး အငွေ့အသက် အင်ပါယာက လူတွေပါ၊ သူတို့က ယဲ့ဘုရင်ကို လေးစားပြီး ကျွန်တော်တို့ သွေးသန့်စင်ခြင်းနိုင်ငံကို အထင်သေးရဲပါတယ်၊ သူတို့ကို တန်းပြီး ဖျက်ဆီးလို့ ရနိုင်မလား”

ယဲ့ဖန်က သူ့သားကို သတ်ခဲ့သည်။ ထိုအကြွေးကို ယဲ့ဖန်အား ပြန်မဆပ်ခိုင်းနိုင်ခဲ့သောကြောင့် ဤသောက် နတ်ဆိုးမျိုးနွယ်များကို ပေးဆပ်ခိုင်းရမည်။ သူသည် သူတို့၏ ပိုက်ဆံကို ယူရုံသာမက သူတို့၏အသက်ကိုလည်း နုတ်ယူပစ်ပေမည်။

သွေးနတ်ဘုရားက သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဂရုမစိုက်သလို ပြောလိုက်သည်။

“ဒီကိစ္စကို မင်းကို လွှဲပေးလိုက်မယ်”

ထိုစကားကိုကြားသော် လျှိုကျန်းဟောင် အပျော်လွန်သွား၏။

“အရှင် သွေးနတ်ဘုရား စိတ်ချပါ၊ ကျွန်တော် တာဝန်ကို ပြီးမြောက်အောင် လုပ်မှာပါ”

သူ့မျက်နှာတွင် ရက်စက်ခက်ထန်မှုတို့ဖြင့် ပြည့်နှက်လာသည်။ ယခုတစ်ခေါက်တွင် သူသည် နတ်ဆိုး အငွေ့အသက် အင်ပါယာကို ဖျက်ဆီးနိုင်ရုံသာမက လူတော်‌တော်များများကိုလည်း နှိပ်စက်နိုင်ပေဦးမည်။

ထိုသို့သောအချိန်၌ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုက ဒီရေအလား ထွက်ပေါ်လာသည်။

“ဝုန်း”

၎င်းနှင့်အတူ များပြားသော ယန်စွမ်းအင်ပါ ပျံ့နှံ့လာ၏။

“ဂျွတ်”

အက်ရာတစ်ခုက သွေးအလင်းတန်းတွင်း၌ ဆက်လက်ပျံ့နှံ့လျက်ရှိသည်။

“ဒါက … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

သွေးနတ်ဘုရား ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး သူ့မျက်လုံးတွင် ကြောက်ရွံ့ဟန် ပေါ်လာသည်။

*ဒီကောင်က သန့်စင်မခံရသေးဘူးလား၊ ဒါ ဘယ်လိုဖြစ်ရတာလဲ*

မကောင်းဆိုးဝါးများသည်လည်း အပြင်းအထန် တုန်လှုပ်သွားပြီး သူတို့မျက်နှာတွင် ကြောက်စိတ်များ သိသိသာသာ ပေါ်လွင်လာသည်။

*ဒါ ဘယ်လိုဖြစ်ရတာလဲ*

*ဘာလို့ ဒီကောင် မသေသေးတာလဲ*

“မင်း … မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”

သွေးနတ်ဘုရားက ယဲ့ဖန်ကို မယုံသင်္ကာဖြင့် ကြည့်နေသည်။

“ငါက နတ်ဆိုးစွမ်းအားကို တစ်စွန်းတစ်စပဲ ထုတ်ရသေးတာ”

*တစ်စွန်းတစ်စကိုပဲ ထုတ်ရသေးတာလား*

ဤသည်ကြောင့် သွေးနတ်ဘုရား၏ မျက်လုံးအိမ် တုန်ယင်လာပြီး အလန့်တကြား ပြောလိုက်သည်။

“ခုနက မင်းခွန်အားကို အကုန်မသုံးရသေးလို့ ပြောချင်တာလား”

*ငါနဲ့ တိုက်ခိုက်နေတုန်းက သူ အားကုန်မသုံးရသေးဘူးလား*

*ဒါ ဖြစ်နိုင်လို့လား*

“မင်းက မင်းခွန်အားရဲ့ သုံးဆယ်ရာခိုင်နှုန်းပဲ ထုတ်သုံးပင်မယ့် ငါက ဆယ်ရာခိုင်နှုန်းပဲ သုံးရသေးတာ၊ မင်းရဲ့ အကာအရံကို ဖျက်ဆီးဖို့ နှစ်ဆယ်ရာခိုင်နှုန်း သုံးရတယ်၊ အခု ငါ့ခွန်အားကို သုံးဆယ်ရာခိုင်နှုန်း ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်ပြီ”

လူတိုင်း လှုပ်လှုပ်ရွရွ ဖြစ်လာပြီး ချောက်ချားလာကြသည်။

*ဒီကောင် ခုနတုန်းက ခွန်အား ဆယ်ရာခိုင်နှုန်းပဲ သုံးခဲ့တာတောင် သွေးနတ်ဘုရားနဲ့ ရင်ဘောင်တန်း နိုင်ခဲ့တာလား*

*ရူးချင်စရာ ကောင်းလိုက်တာ*

လူတိုင်း ယဲ့ဖန် ပြောသည့် စကားကို မယုံချင်သော်လည်း အမှန်တရားက မျက်စိရှေ့တွင်ပင် ရှိနေ၏။

“ဟမ့် ငါ မင်းကို ခွေးသတ်သလို သတ်ပစ်မယ်”

သူ အလွန် ဒေါသထွက်လွန်းသောကြောင့် ရူးမတတ် ဖြစ်နေပြီး တစ်ကိုယ်လုံးတွင် လူသတ်ချင်စိတ်တို့ဖြင့် ပြည့်နှက်လာသည်။ ယခုတစ်ခေကါ်တွင် သူ အားကုန်သုံး၍ သတ်ဖြတ်ရန် ပြင်ထားလေသည်။

သူ့အနောက်တွင် ထောင်ချီသော သွေးမြားများ စုဝေးလာပြီး ကြယ်ကြွေသကဲ့သို့ ကောင်းကင်ယံမှ ထိုးဆင်း၍ ယဲ့ဖန်ကို သတ်ဖြတ်ရန် ကျဆင်းလာ၏။

“မင်းတို့အားလုံး ထွက်သွားတာ ကောင်းမယ်၊ မဟုတ်လို့ကတော့ မင်းတို့တောင် အသက်ရှင်မှာ မဟုတ်ဘူး”

သွေးနတ်ဘုရား၏ စကားလုံးတို့က ထိတ်လန့်ဖွယ်ကောင်းနေသည်။ လက်ရှိတွင် သူသည် အလွန် ဒေါသထွက်နေ သောကြောင့် ယဲ့ဖန်ကို သတ်ရန် ဘာမဆို လုပ်ပေတော့မည်။

“ဝုန်း”

ချက်ချင်းဆိုသလိုပင် ထည်ဝါသော ဥပဒေ ကျရောက်လာပြီး တုန်လှုပ်စေနိုင်သော အရှိန်အဝါက ဖုံးလွှမ်းလာ သောကြောင့် လူတိုင်း ဒူးထောက်ကျလာပြီး ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသည်။

ယဲ့ဖန် လှောင်ရယ်လိုက်သည်။ ပြောရမည်ဆိုလျင် သွေးနတ်ဘုရားနှင့် သူသည် ရှေးဟောင်း နတ်ဘုရားများ ဖြစ်ကြပြီး သူကပင် ပို၍ အသက်ကြီးသေးသည်။ ဤမျှလောက်နှင့် သူက သွေးနတ်ဘုရားကို ကြောက်ပါမည်လော။

“သေချင်နေတာပဲ”

ထိုသို့သောအချိန်၌ သွေးနတ်ဘုရားသည် ဒေါသူပုန်ထနေကာ သူ့ကိုယ်မှ သတ်ဖြတ်လိုသော အငွေ့အသက်က တစ်ဟုန်ထိုး တိုးမြင့်နေ၏။

လေထဲမှ သွေးမြားတို့သည်လည်း အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်။ သို့သော် ထိုအခိုက်တွင် ယဲ့ဖန်က သူ့ဓားကို မြှောက်၍ အရှေ့သို့ ဝှေ့ယမ်းလိုက်သည်။

“အရူး သူ့ဓားချီစွမ်းအင်က သွေးနတ်ဘုရားကို မသက်ရောက်ဘူးဆိုတာ သိနေတာတောင် အရှက်မရှိ သုံးရဲသေး တာလား”

“ဟားဟားဟား လတ်စသက်တော့ ဒီကောင်က ရဲရင့်ချင်ယောင် ဆောင်နေတာကိုး၊ သူ ရှုံးနေပြီးသားပဲ”

“ဝုန်း”

သို့သော် ထိုအခိုက်၌ မိုးခြိမ်းသံကဲ့သို့သော ကြောက်စရာကောင်းသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

ကောင်းကင်ယံက ဓားကြောင့် နှစ်ခြမ်းပွင့်ထွက်သွားပြီး မိုင်ထောင်ချီရှိသော တိမ်တိုက်များသည်လည်း ရှည်လျားသော လျိုမြောင်တစ်ခုအဖြစ် ကွဲထွက်သွားသောလေသည်။ ထိတ်လန့်စရာ ကောင်းသော မြင်ကွင်းပင်။

All Chapters