အခန်း ၁၆၀၄
Vol. 107 Ch. 1604
Chapter 1604 ထာဝရ အထီးကျန်ခြင်း
မည်သို့သော မတော်တဆမှုမှ မရှိဘဲ လုံးဝ ရှုံးနိမ့်သွားလေပြီ။ မကောင်းဆိုးဝါးများအားလုံး ကြံရာမရ ဖြစ်လာကြပြီး မချိပြုံး ပြုံးလာ၏။
“မင်း …”
လျိုကျန်းဟောင်က ယဲ့ဖန်ကို အလွန် ကြောက်လန့်စွာ ကြည့်လာသည်။ ယဲ့ဖန်က သူ့လည်ပင်းကို ညှစ်၍ မြေကြီးမှ ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
“အသက် … အသက် ချမ်းသာပေးပါ၊ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ”
ယဲ့ဖန် ခေါင်းခါလိုက်သည်။
“ခွင့်လွှတ်တယ်ဆိုတာ ဘုရားရဲ့ အလုပ်၊ နတ်ဆိုးက နာကျင်မှုပဲ ပေးမှာ”
ယဲ့ဖန်၏လက်မှ ထွက်ပေါ်လာသော ထောင်ချီသည့် အနက်ရောင် နတ်ဆိုးချီမျှင်စုများက လျိုကျန်းဟောင်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းလာသည်။
“မင်း ဘာလုပ်တာလဲ၊ ငါ့ကိုလွှတ်စမ်း”
လျိုကျန်းဟောင် အလွန် ကြောက်လန့်လာသည်။ ယဲ့ဖန် ဘာလုပ်နေသလဲ သူ မသိသော်လည်း မသိစိတ်အရ ကောင်းသောအရာ မဖြစ်နိုင်ဟု ခံစားမိနေသည်။
“ငါ မင်းကို ထာဝရ အသက်ရှည်ခွင့် ပေးမလို့”
ယဲ့ဖန် ပြုံးနေ၏။
*ဘာ*
*ငါ့ကို ထာဝရ အသက်ရှည်ခွင့် ပေးမယ် ဟုတ်လား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ငါ မကောင်းတဲ့အရာတွေ အများကြီး လုပ်ထားတာ၊ သူက ငါ့ကို မသတ်တဲ့အပြင် ထာဝရ အသက်ရှင်ခွင့်ပါ ပေးမလို့လား*
*မယုံနိုင်စရာပဲ*
*ဒါ မရိုးရှင်းဘူး*
ယဲ့ဖန် ဆက်ပြောလာသော စကားက သူ့စိတ်ကို သေချာသွားစေသည်။
“ပြီးတော့ ငါက မင်းကို ထာဝရ အထီးကျန်ခြင်းကိုလည်း ပေးမှာ”
“ငရဲဘုံရဲ့ ဆယ့်ရှစ်ထပ်မြောက် ထာဝရ ငရဲကို ပို့မှာလေ”
ထိုငရဲတွင် အချိန်အယူအဆ မရှိ၊ အာကာသ သဘောတရားလည်းမရှိသလို အပြင်လည်း မထွက်နိုင်၊ သေလည်း မသေနိုင်ဘဲ ထာဝရ ခံစားရပေမည်။ ထာဝရ အထီးကျန်ခြင်းအား ထာဝရ ခံစားရမည် ဖြစ်သည်။
လျိုကျန်းဟောင်၏ အောက်ဘက်တွင် အနက်ရောင် တွင်းပေါက်တစ်ခု ပွင့်လာသည်။ ၎င်းသည် ချောက်နက် ဖြစ်ပုံရပြီး မှောင်မည်း၍ နက်ရှိုင်းနေကာ အဆုံးကို မမြင်ရဘဲ မွန်းကျပ်ဖွယ်ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေ၏။
“မဟုတ်ဘူး၊ မလုပ်နဲ့၊ မင်း ငါ့ကို သတ်လိုက်၊ ယဲ့ဖန် မျိုးမစစ်ကောင် မင်းမှာ အစွမ်းရှိရင် ငါ့ကို သတ်လိုက်စမ်း”
လျိုကျန်းဟောင် အသည်းအသန် အော်ဟစ်ရင်း လည်မျို အညှစ်ခံထားရခြင်းမှ လွတ်မြောက်ရန် ရုန်းကန်နေသည်။
“ဒီ ထာဝရ အထီးကျန်ခြင်းကို ဖြည်းဖြည်းချင်း ခံစားကြည့်လိုက်”
ယဲ့ဖန်က ပြုံးပြီး လျိုကျန်းဟောင်အား အနက်ရောင် ချောက်နက်ထဲ ပစ်ချလိုက်သည်။ ထာဝရ အထီးကျန်ခြင်းသည် လောက၌ အရက်စက်ဆုံး ပြစ်ဒဏ်ပင်။
ဆယ့်ရှစ်ထပ်မြောက် ငရဲ၌ လျိုကျန်းဟောင်သည် အမြဲ အထီးကျန်နေပြီး သေလည်းမသေနိုင်သလို ထွက်ခွာခြင်းလည်း မပြုနိုင်ဘဲ အမှောင်ထဲ၌ လှည့်ပတ်သွားလာ၍ ရုန်းကန်နေရမည်။
“အား…”
စူးရှနာကျင်သော အော်သံများ ပဲ့တင်ထပ်နေသည်။ ထိုအခိုက်တွင် ယဲ့ဖန်က လျိုကျန်းဟောင်ကို နောင်တရချိန်ပင် မပေးဘဲ ချောက်နက်ထဲ တန်းပစ်ချလိုက်သည်။
နောင်တွင် အတောမသတ်နိုင်သော နှစ်များစွာကို ဖြတ်သန်းရမည်ဖြစ်ပြီး လျိုကျန်းဟောင်သည် နောင်တတရားထဲ နစ်မြုပ်ကာ ဘဝက သေသည်ထက်ပင် ဆိုးရွားသွားတော့မည်။
“နတ်ဆိုး၊ သူက နတ်ဆိုးပဲ”
ဤသည်ကိုမြင်သော် မကောင်းဆိုးဝါးများ ရုတ်တရက် ထအော်လာသည်။ ယနေ့ သွေးသန့်စင်ခြင်းနိုင်ငံထဲသို့ မဟာ နတ်ဆိုးတစ်ကောင် ဝင်လာပြီး သူတို့နိုင်ငံကို လုံးဝ ဖျက်ဆီးသွားခဲ့သည်။
“”အနောက်ဘက်မှာ နတ်ဘုရားတွေ ရှိတယ်၊ ပြီးတော့ လောကအလယ်မှာ နတ်ဆိုး ရှိတယ်”
နတ်ဆိုးအငွေ့အသက် အင်ပါယာ၌ ဤမျှ ကြောက်စရာကောင်းသော ပုဂ္ဂိုလ် ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ သွေးပျက်ဖွယ်ကောင်းလောက်အောင် ကြောက်စရာကောင်းသော နတ်ဆိုးပင်။
အနောက်ဘက်မှ နတ်ဘုရားများသာ သူ့ကို ယှဉ်နိုင်စွမ်း ရှိတော့မည့်ပုံပင်။
“သူတို့အားလုံးကို သတ်ပစ်လိုက်”
ယဲ့ဖန်က အေးစက်စွာ အမိန့်ပေး၍ ထွက်လာလိုက်သည်။
“အမိန့်အတိုင်းပါ”
ကျန်းကျန့်ရန် ရက်စက်စွာ ပြုံးလိုက်ပြီးနောက် လက်ဖျောက်တီးလိုက်သည်။ ထိုအခါ ချင်စစ်သည်များ ပြေးတက် လာပြီး စတင်၍ သတ်ဖြတ်လေသည်။
….
ထိုညတွင် ယဲ့ဖန်သည် နတ်ဆိုးအငွေ့အသက် အင်ပါယာသို့ ပြန်လာပြီး ယွင်နိုင်ငံနှင့် ဆွေးနွေးညှိုနှိုင်းရန် ပြင်ဆင်လေသည်။
သို့သော် ထိုအခိုက်တွင် ယွိကျဲ့နယ်မြေက အင်ပါယာ၏ နယ်စပ်သို့ လူလွှတ်ပြီး နတ်ဆိုးမျိုးနွယ်များကို သတ်ဖြတ်ကာ နတ်ဆိုး အငွေ့အသက် အင်ပါယာတစ်ခုလုံးကို သတ်ဖြတ်မည်ဟုပင် ခြိမ်းခြောက်လာ၏။
ယခု နတ်ဆိုးအငွေ့အသက် အင်ပါယာက အတွင်းရော အပြင်ပါ ဒုက္ခရောက်နေပြီး ထူးခြားသော အဖြစ်အပျက်များဖြင့် ပြည့်နေသော ဆောင်းဦးရာသီကို ဖြတ်ကျော်နေရသည်။ ထိုသို့သောအချိန်၌ ယွိကျဲ့နယ်မြေ ကပါ လာတိုက်သဖြင့် ကျရှုံးခန်းသို့ ဦးတည်လာသည်။
ထိုသတင်းကိုကြားပြီး ယဲ့ဖန်သည် နောက်ပြန်လှည့်၍ နယ်စပ်သို့ ဦးတည် ထွက်ခွာသွားသည်။ သူတို့ ထိုနေရာသို့ ရောက်သောအခါ နေရာတိုင်း၌ အလောင်းများ ပြည့်နေပြီး လေထုထဲ၌ သွေးနံ့နှင့် အပုပ်ကောင်နံ့များ ပြည့်နေသောကြေင့် အော်ဂလီဆန်စရာ ကောင်းလှသည်။
လမ်းမပေါ်၌ နတ်ဆိုးမျိုးနွယ်များသည် နုံးခွေနေပြီး မျက်လုံးများက ဗလာဖြစ်နေကာ အရာအားလုံးအတွက် မျှော်လင့်ချက် ဆုံးရှုံးနေပုံ ရသည်။ သူတို့ သေရမည်ကို အားလုံး သိနေကြသည်။ ထိုမိစ္ဆာများအား သူတို့ မတားနိုင်ပါ။
ဤနေရာအား ပါ့ရှန်းဟု ခေါ်ပြီး အင်ပါယာ၏ နယ်စပ်၌ တည်ရှိသော မြို့ငယ်လေး ဖြစ်ကာ တော်ဝင်မြို့တော်နှင့် အလှမ်းဝေးလွန်းသည်။
ထို့ကြောင့် တော်ဝင်စစ်တပ်က အရာရှိများကို စွန့်ပစ်၍ အဝေးမှ မျှော်လင့်ချက်မဲ့နေသော လူများကို လာရောက်၍ ကာကွယ်ရန် မဖြစ်နိုင်ပါ။ ထို့အပြင် ယခု ယဲ့ဖန်က အပြင်သို့ ရောက်နေသည့်အပြင် ရန်သူ၏ အင်အားကို မသိသေးသောကြောင့် ထန်မင်လီနှင့် အခြားသူများ အလျင်စလို မပြုမူရဲကြချေ။
သို့သော် ဤသတင်းများကို ကြားရသည့် နတ်ဆိုးမျိုးနွယ်များ ပိုများလာသည်။
ယွိကျဲ့နယ်မြေက ဤနေရာ၌ စစ်ခင်းပြီး နတ်ဆိုး အငွေ့အသက် အင်ပါယာတစ်ခုလုံးမှ သိုင်းပညာရှင်များနှင့် ယှဉ်ပြိုင်မည်ဟု ဆိုလာသည်။
တိုက်ခိုက်မည့် သိုင်းပညာရှင် မရှိပါက တစ်နေ့အတွင်း မြို့သူမြို့သား တစ်ထောင်ကို သတ်ကြသည်။ လူမဆန်လွန်းသည်ဟု ဆိုရပေမည်။ တစ်ချိန်တည်းမှာပင် အနိုင်ကျင့်နှိပ်စက်လွန်းပေ၏။
သို့သော် သိုင်းပညာရှင်များ တစ်ယောက်ပြီး တစ်ယောက် ရောက်လာသော်လည်း ရှုံးမြဲ ရှုံးနေ၏။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဤမိစ္ဆာများ၏ လက်ထဲ၌ သေသွားသော သိုင်းပညာရှင်များက တစ်ရာထက် မနည်းတော့ချေ။
စိန်ခေါ်သူများ နည်းသထက် နည်းလာ၏။ ပါ့ရှန်း၏ မြို့စပ်၌ ထိုသိုင်းပညာရှင်များကို သတ်ဖြတ်၍ ဦးခေါင်းများကို ချိတ်ဆွဲထားသည်။
ထိုမိစ္ဆာများသည် သူတို့ကို သတ်ရုံတင်မကဘဲ ခေါင်းဖြတ်ပြီး အများသိအောင် ပြသထားကာ အလောင်း အပြည့်အစုံနှင့် သေခွင့်မပေးဘဲ နည်းမျိုးစုံဖြင့် သိက္ခာချလေသည်။
“အပြင်လူတွေ မြန်မြန်၊ မြန်မြန်သွား”
ထိုသို့သောအချိန်၌ အဘိုးအိုတစ်ယောက်က ယဲ့ဖန်နှင့် လီဝေ့အား အသည်းအသန် တွန်းထုတ်၍ ပါ့ရှန်းမြို့ထဲ မဝင်ရန် တားဆီးနေသည်။
ယခု ပါ့ရှန်းမြို့သည် ငရဲခန်းသဖွယ် ဖြစ်နေပြီး မိစ္ဆာများ၏ သိမ်းပိုက်ခြင်း ခံထားရသည်။ ထွက်ပြေးနိုင်သူများက လွတ်မြောက်သွားပြီး မပြေးနိုင်သူများက အရှင်လတ်လတ် အစားခံရသည်။
အဘိုးအို၏ စိတ်ထဲတွင် ယဲ့ဖန်တို့နှစ်ယောက်အား သေတွင်းလာတူးသော နောက်ထပ် စိန်ခေါ်သူများ ဖြစ်မည်ဟု ထင်နေ၏။
ဤသို့သော လူငယ်များ ထပ်အသတ်ခံရမည်ကို သူ တကယ် မကြည့်လိုပါ။
“အဘိုး ကျွန်တော်တို့ ဒီမှာ လုပ်စရာလေး ရှိလို့ပါ”
ယဲ့ဖန် ရယ်ရမလား၊ ငိုရမလား မသိတော့ချေ။ တစ်ဖက်လူက ကြင်နာတတ်မှန်း သူ မြင်နေရပါသည်။ သို့သော် ပြဿနာက ထိုကြင်နာမှုကို သူ မလိုအပ်ခြင်းပင်။
“ဘာလုပ်စရာလဲ၊ လာအသေခံတာပဲ မဟုတ်လား၊ မင်း သိအောင် ပြောလိုက်မယ်၊ မင်း သူတို့ကို မနိုင်နိုင်ဘူး”
အဘိုးအိုက လက်ကာပြ၍ ယဲ့ဖန်တို့ရှေ့၌ ပြတ်သားသော အမူအရာနှင့် ပိတ်ရပ်နေ၏။
“ဒီမိစ္ဆာဘုရင်တွေက လူသုံးယောက်နဲ့ ညီတယ်ကွ၊ မင်းက ဘာကို တိုက်မှာလဲ၊ မင်းပဲ သေလိမ့်မယ်”
မိစ္ဆာဘုရင်၏ ခွန်အားသည် လူသားမျိုးနွယ်၏ နတ်ဘုရင်အဆင့်နှင့် ညီမျှလေသည်။ သူတို့က ရိုးစင်းသော သက်ရှိများ မဟုတ်ပေ။
ယဲ့ဖန်တို့က လူနှစ်ယောက်သာ ဖြစ်သဖြင့် ဘယ်လိုလုပ် နိုင်နိုင်ချေ ရှိပါမည်နည်း။ ထိုမိစ္ဆာများအတွက် သွားကြားပင် မညပ်နိုင်ပါ။
“အဘိုး ဘာမဟုတ်တဲ့ နတ်ဘုရင်အဆင့်လောက်ကို ကျုပ် စိတ်ထဲ မထည့်ဘူး”
ယဲ့ဖန်က ပြုံး၍ ရှင်းပြလိုက်သည်။
“လူငယ်လေး လေလုံးမထွားနဲ့”
အဘိုးအိုက စတင်၍ ပြစ်တင်ကြိမ်းမောင်းလေသည်။
“မင်းထက် သန်မာတဲ့ စစ်သားတွေ၊ မြင်းတွေနဲ့ လက်နက်တွေ ရှိတဲ့လူတွေတောင် သူတို့ ပြိုင်ဘက် မဟုတ်တာ၊ မင်းက ဘာမို့လို့လဲ”
သူသည် ယဲ့ဖန်၏ ပေါင်ခြံအောက်မှ ချုံးချီကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပခုံးပေါ်မှ ကြက်ကတုံးကို ထပ်ကြည့်ပြီး ဒေါသတကြီး ပြောလေသည်။
“ဒီရူးမိုက်တဲ့ ကျားနဲ့ ငှက်က ဘာလုပ်ဖို့လဲ”
ထိုစကားက ချုံးချီနှင့် ကြက်ကတုံးအား ဒေါသထွက်သွားစေသည်။ ချုံးချီက ခြိမ်းခြောက်ဟန်ဖြင့် မာန်ဖီလာပြီး ကြက်ကတုံးကလည်း ထူးဆန်းစွာ အော်ဟစ်လာကာ အဘိုးအို၏ ဦးခေါင်းကို ဆွဲဖြုတ်ချင်စိတ် ပေါက်နေသည်။
“မင်းရဲ့ သာမန်အသွင်အပြင်ကို ကြည့်ဦး၊ မင်း သွားရင်း သေလိမ့်မယ်၊ မင်းကိုယ်မင်း ထည့်မတွက်ရင်တောင် မင်းကောင်မလေးအတွက် စဉ်းစားရမယ် မဟုတ်ဘူးလား၊ သူက ပန်းပွင့်လေးလို နူးညံ့လှပနေတာ၊ မင်း သေသွားတာနဲ့ သူ ဟိုတိရစ္ဆာန်ကောင်တွေဆီမှာ ဖျက်ဆီးခံရမှာကို မင်း မကြောက်ဘူးလား”
“အဲ့အကောင်တွေက ရုပ်သာဆိုးတာ လူသားတွေကို သဘောကျတာကွ၊ ဒီရက်တွေထဲမှာ သူတို့က ပါ့ရှန်းထဲ ရက်ရက်စက်စက် ကျူးကျော်လာပြီး အပြစ်ကင်းတဲ့ မိန်းကလေးတွေ ဘယ်လောက်များများ ဖျက်ဆီးခံလိုက်ရပြီလဲ မသိတော့ဘူး၊ မိန်းကလေးတွေကို သူတို့ တစ်ယောက်ပြီး တစ်ယောက်က မနားစတမ်း ဖျက်ဆီးတာကွ၊ ရက်စက်တဲ့ ကောင်တွေ”
အဘိုးအိုကပဲ တရစပ် ပြောနေသောကြောင့် ယဲ့ဖန်နှင့် လီဝေ့တို့ စကားပြောချိန် မရလိုက်ချေ။ ထိုစကားကို ကြားပြီးနောက် ယဲ့ဖန်၏ မျက်လုံးတွင်းမှ အေးစက်စက် အရိပ်အယောင်က ပို၍ နက်ရှိုင်းလာသည်။
“ဒါဆို ကျုပ်တို့ ထွက်သွားမယ်ဆိုရင် ခင်ဗျား ဘာလုပ်မှာလဲ”
“ငါတို့က ဘာလုပ်နိုင်မှာမို့လို့လဲ၊ အစားခံရမှာပေါ့”
အဘိုးအိုက ရေနွေးပူကို မကြောက်သော သေရမည့်ဝက်တစ်ကောင်သဖွယ် ပြောလာသည်။
“ဘာပဲဖြစ်ဖြစ် ငါတို့ဘဝက ဒီလို ဖြစ်နေပြီ၊ ဒါ ငါတို့ကံပဲ နေမှာပေါ့၊ ဘယ်သူကိုမှ အပြစ်တင်လို့ မရဘူး၊ သူတို့က ဒီနေရာကို ဘေးဒုက္ခရောက်အောင် ရွေးလိုက်မှတော့ ငါတို့ဘာသာ ငါတို့ ခံရမှာပေါ့၊ အခြားလူတွေကိုပါ ထပ်ပြီး အသေခံစရာ မလိုဘူး”
အဘိုးအိုသည် စိတ်မာသော လူတစ်ယောက် ဖြစ်သော်လည်း နှစ်ပေါင်းများစွာ သူ အသက်ရှင်နေသည့် အကြောင်းရင်းကို သူ ဘယ်လိုလုပ် နားမလည်ဘဲ နေမည်နည်း။
အခြားသူများကို အချည်းနှီး လာသေခိုင်းသည်ထက် သူတို့ သေသွားတာကမှ ပိုကောင်းပေဦးမည်။
“အဲ့အရှက်မရှိတဲ့ မျိုးမစစ်ကောင်တွေက အရှင် ယဲ့ဘုရင် ပြည်ပကို သွားမှပဲ ပြဿနာ လာရှာရဲတယ်၊ အရှင် ယဲ့ဘုရင်သာ အင်ပါယာထဲမှာ ရှိနေသေးလို့ကတော့ အဲ့မျိုးမစစ်ကောင်တွေ ဘယ်လို သေသွားလဲမသိ ဖြစ်သွားမှာ”
အဘိုးအိုက ဒေါသတကြီး ပြောလာသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြင်ခဲ့၊ ကြားခဲ့ရသော အရာများက သူ့အား ထိုကျူးကျော်သူများကို ပို၍ မုန်းတီးစေသည်။
“ခင်ဗျား ယဲ့ဘုရင်ကို မမုန်းဘူးလား၊ ဒီလူတွေက သူ့ကြောင့် ယွိကျဲ့နယ်မြေကနေ ဒီကို လာပြဿနာရှာတယ်လို့ ကျုပ် ကြားခဲ့တာ”
ယဲ့ဖန်က အပြုံးနှင့် မေးလိုက်သည်။ ထိုစကားက အလွန် အဓိပ္ပာယ်ပါသော မေးခွန်းတစ်ခုပင်။
“ဘာကို မုန်းရမှာလဲ၊ အရှင် ဘဲ့ဘုရင်သာ မရှိရင် ငါတို့ နတ်ဆိုး အငွေ့အသက် အင်ပါယာရဲ့ သေရေးရှင်ရေး အကျပ်အတည်းထဲမှာ ရှိနေဦးမှာ၊ သူက တော်လှန်ရေးတပ်ကို ဦးဆောင်ပြီး ငါတို့ကို တိုးတက်လာမယ့် လမ်းကြောင်းပေါ် ညွှန်ပြပေးခဲ့တာ၊ ဒါ တစ်ခုတည်းနဲ့တင် သူ အမှား တစ်သောင်း လုပ်လည်း ခွင့်လွှတ်ဖို့ ထိုက်တန်တယ်ကွ”
“ပြီးတော့ လျိုကျန်းဟောင်နဲ့ သူ့သားက ခွေးတွေဝက်တွေလောက်တောင် မကောင်းတဲ့ကောင်တွေ၊ သူတို့ ကပ်ဆိုးအပြီး ပြန်လည် ထူထောင်ရေး ရန်ပုံငွေကို ဖြတ်စားပြီး လူတွေ အများကြီးကို သတ်ခဲ့တယ်၊ အရှင် ယဲ့ဘုရင်က တစ်ခွန်းမှမပြောဘဲ လူခေါ်ပြီး သူတို့ကို သတ်ဖို့ သွေးသန့်စင်ခြင်းနိုင်ငံကို သွားပြီ၊ သူက သွေးနတ်ဘုရားနဲ့ ရင်ဆိုင်ရမယ့် အရေးကိုတောင် စွန့်စားဖို့ တွေဝေမနေဘူး၊ ဘယ်ဧကရာဇ်က ဒီလို လုပ်နိုင်လဲ”
အဘိုးအိုက အေးစက်စက် ပျက်ရယ်ပြုလိုက်ပြီးနောက် လေးစားကြည်ညိုသော အမူအရာဖြင့် ဆက်ပြောလာသည်။
“ရှေးခေတ်ကတည်းက နိုင်ငံအတွက် ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်ရဲတဲ့လူမျိုး ငါ မမြင်ဖူးဘူး၊ ယဲ့ဘုရင်က ပထမဆုံးလူပဲ”
အင်ပါယာ၏ အရှင်သခင်က ပိုင်ရွှယ် ဖြစ်သော်လည်း အင်ပါယာသားများ၏ စိတ်ထဲတွင် ယဲ့ဘုရင်သာလျင် သူတို့၏ ခေါင်းဆောင် အစစ် ဖြစ်သည်ဟု မှတ်ယူထားသည်။
“တော်ပြီ၊ အရေးမပါတာတွေ ပြောနေတာကို ရပ်လိုက်တော့၊ ငါ ဒါကို မင်းကိုယ်ကျိုးအတွက် ပြောနေတာ၊ အရမ်း နောက်မကျခင် မြန်မြန်သွားတော့”
“သွားတော့ ဟုတ်လား၊ မင်းက ထွက်သွားတော့မလို့လား”
ထိုသို့သောအချိန်၌ အဘိုးအိုအနောက်မှ မာကြောသော အသံတစ်သံ ထွက်ပေါ်လာ၏။
အဘိုးအို၏ အမူအရာက အလွန် ကြောက်ရွံ့သွားဟန် ဖြစ်လာပြီး နောက်သို့ လှည့်ကြည့်လိုက်သောအခါ မိစ္ဆာတစ်ဖွဲ့က နံရံပေါ် တက်နေကြပြီး သူတို့အား အပြုံးမမည်သော အပြုံးဖြင့် ကြည့်နေကြသည်။
“အဘိုးကြီး ငါတို့ရဲ့ ပစ္စည်းကောင်းလေးတွေကို ဖျက်ဆီးရဲတယ်ပေါ့လေ၊ ခင်ဗျား အသက်ရှင်ရတာ ပင်ပန်းနေပြီ ထင်တယ် ဟုတ်လား”
ပင်လယ်နက်မိစ္ဆာက ဒေါသဖြင့် ပြောလာသည်။ သူ့မျက်နှာက ကြမ်းကြုတ်ခက်ထန်ပြီး တစ်ကိုယ်လုံး မည်းနက်နေပြီး သံခက်ရင်းခွကို ကိုင်ထားပြီး သတ်တော့ဖြတ်တော့မည့်ပုံဖြင့် ကြည့်နေသည်။
“ယို့ နောက်တစ်ယောက် လာအသေခံတာလား”
ထိုစကားနှင့်အတူ မိစ္ဆာအားလုံး၏ အာရုံက ယဲ့ဖန်တို့အပေါ် ကျရောက်လာသည်။ ထို့နောက် ယဲ့ဖန်ကို လျစ်လျူရှု၍ လီဝေ့အား စူးစိုက်ကြည့်လာ၏။
“မိန်းမလှလေး၊ နောက်ထပ် မိန်းမလှလေးတစ်ယောက်ပါလားဟေ့”
မြွေမိစ္ဆာက အပြုံးကြီး ပြုံးနေပြီး ဆက်တိုက် လျှာသပ်ကာ မဖွယ်မရာ မျက်နှာပေးနှင့် ကြည့်နေသည်။ မြွေသည် သဘာဝအရ ကာမစိတ် မူမမှန်ချေ။ လူ့အသွင် ပြောင်းနိုင်လျင်တောင်မှ မိမိသဘာဝတရားကို မပြောင်းနိုင်ချေ။
“အဲ့ခွေးမကို ငါ အရင်ယူမယ်”
အနက်ရောင် ဝက်ဝံမိစ္ဆာက ကြွေးကြော်လာ၏။
“ယီးပဲ နောက်ဆုံးတစ်ခေါက်က ခွေးမကို မင်း အရင်လုပ်ပြီး နှစ်ခြမ်း ဆွဲဖြဲလိုက်လို့ ငါတို့ ဘာမှတောင် မပျော်လိုက်ရဘူး”
“မကောင်းတော့ဘူး”
အဘိုးအို အကြီးအကျယ် မျက်နှာ ပျက်ယွင်းသွားပြီး ယဲ့ဖန်ကို တွန်းထုတ်လိုက်သည်။ ထိုအပြုအမူက ပို၍ ဆိုးရွားသွားစေသည်။
“ပြေး မြန်မြန်ပြေးတော့”