← Chapters

အခန်း ၁၆၀၆

Vol. 108 Ch. 1606

အခန်း ၁၆၀၆

Vol. 108 Ch. 1606

Chapter 1606 သိုင်းလောကရဲ့ ကျား

သူ့မျက်နှာတွင် ဘာအမူအရာမှ မရှိပေ။ ထိုကောင်လေးက လူကြီးလေးနှင့် တူနေသည်။ ယဲ့ဖန်က သူ့ကို အလေးအနက် စိုက်ကြည့်လိုက်သည်။

“ဒါပေမဲ့ မင်း ဒီလို လေ့ကျင့်နေရင် မင်း သေတဲ့အထိ လေ့ကျင့်ရင်တောင်မှ လက်တုံ့ပြန်နိုင်မှာ မဟုတ်ဘူး”

ယဲ့ဖန်က သူ့ကို ဗြုန်းစားကြီး ပုတ်ခတ်လိုက်သည်။

“ပါးစပ်ပိတ်ထား၊ ခင်ဗျား ထွက်သွားစမ်း”

ထိုကောင်လေးက စိတ်မရှည်စွာ ပြန်အော်ထုတ်လာပြီး ယဲ့ဖန်အား မာမာထန်ထန် စိုက်ကြည့်လေသည်။ ယဲ့ဖန်က အမှန်တရားကို ထုတ်ပြောလိုက်သည့်အတွက် စိတ်ပျက်သွားသည့်ပုံပင်။ သူ၏ တစ်ခုတည်းသော အသက်ရှင်နိုင်မည့် မျှော်လင့်ချက်အား ပိတ်ပင်လိုက်သလို ခံစားသွားရမည် ထင်သည်။

“မင်းနာမည် ဘယ်လိုခေါ်လဲ”

ယဲ့ဖန် မေးလိုက်သည်။

“ကျုပ်နာမည်က မင်းဘိုးအေတဲ့၊ ခင်ဗျား သဘောကျရင် အဖေလို့ ခေါ်လည်း ရတယ်”

ထိုကောင်လေးက လှောင်ရယ်လိုက်ပြီး စကားဆုံးသည်နှင့် မျက်လုံး မှိတ်လိုက်သည်။ ကျရောက်လာမည့် ရိုက်ချက်အတွက် ပြင်ဆင်ထားသည့်ပုံပင်။

သို့သော် သူ တစ်မိနစ်တိတိ စောင့်နေပါသော်လည်း ယဲ့ဖန် တိုက်ခိုက်လာသည်ကို သူ မမြင်ရပေ။ သူ မယုံသင်္ကာဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ယဲ့ဖန်က စိတ်မဆိုးဘဲ သူ့အား ပြုံး၍ ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ဤအဖြစ်က သူ့ကို အံ့ဩမှင်တက်သွားစေသည်။

….

*ဒီလူက စိတ်မတိုဘူးလား*

“မင်းနာမည် ဘယ်လိုခေါ်လဲ”

ယခုတစ်ကြိမ်တွင်မူ ကောင်လေးသည် ယဲ့ဖန်ကို ထပ်ဆွဲရဲသည့် သတ္တိ မရှိတော့ချေ။

“ကုန်းမင်”

“ကောင်းပြီ ကုန်းမင် မင်း ငါ့ကို အဲ့မိစ္ဆာတွေရဲ့ စခန်းဆီ ခေါ်သွားနိုင်မလား”

ကုန်းမင်၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

“ခင်ဗျား ရူးနေလား၊ အဲ့မှာ မိစ္ဆာကောင်တွေ ရာချီရှိတာ၊ ခင်ဗျား သေချင်နေတာလား”

တစ်နှစ်မပြည့်သေးသော ကလေးတောင် ထိုမိစ္ဆာများ မည်မျှ ကြောက်ဖို့ကောင်းသလဲ သိသည်။ ဤလူနှစ်ယောက်က ဦးနှောက်များ ချောင်နေလေသလား။

“မင်း ကြောက်နေတာလား၊ မင်း လက်စားမချေတော့ဘူးလား၊ ဒီသတ္တိလေးနဲ့ လက်စားချေချင်နေသေးတာလား၊ လူရယ်ချင်စရာကြီး”

ယဲ့ဖန်က အထင်သေးစွာ ပျက်ရယ်ပြုလိုက်ပြီးနောက် ကုန်းမင်ထံမှ လျှောက်လာလိုက်သည်။

…

ကုန်းမင်ရှေ့၌ ယဲ့ဖန် ရပ်လိုက်သည်။ ယဲ့ဖန်က သူ့ထက် အရပ်တစ်ဝက်မျှ ပိုမြင့်ပြီး သူ့အား ခံစားချက်ကင်းမဲ့သော မျက်လုံးတို့ဖြင့် ကြည့်နေသည်။

“မင်းရဲ့ ဒီလိုအကျင့်နဲ့ မင်းတစ်သက်လုံး မင်းမိသားစုအတွက် လက်စားချေနိုင်မှာ မဟုတ်ဘူး”

“ခွေးကောင်ကြီး ကျုပ် ခင်ဗျားကို သတ်ပစ်မယ်”

ကုန်းမင်က ရုတ်တရက် လက်ထဲမှာ သစ်သားဓားဖြင့် ယဲ့ဖန်ကို ရိုက်နှက်လာသည်။

“ဖြောင်း”

ယဲ့ဖန် လက်ကိုယမ်းလိုက်သဖြင့် သစ်သားဓား ကျိုးသွားပြီး ကုန်းမင်လည်း လွင့်ထွက်သွားသည်။

“ယဲ့ဖန်”

လီဝေ့ မနေနိုင်ဘဲ အော်လိုက်မိသည်။

*ကလေးတစ်ယောက်ကို ဒီလောက် ရိုက်ထုတ်လိုက်တာ လွန်လွန်းတယ် မဟုတ်လား”

သို့သော် ယဲ့ဖန်က သူမကို ဥပေက္ခာပြုထားပြီး ကုန်းမင်ကိုသာ ဆက်ကြည့်နေသည်။

“မင်းမှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်၊ ငါ့ကို အဲ့မိစ္ဆာတွေဆီ ခေါ်သွားပြီး မင်းမိသားစုအတွက် လက်စားချေမလား ဒါမှမဟုတ် ဒီမှာပဲ ဒီကျိုးနေတဲ့ သစ်သားတိုင်ကို နှစ်တစ်သောင်းလောက် ထိုင်ခုတ်ပြီး လက်စားချေဖို့ စောင့်နေမလား”

ဒေါသထွက်စ ပြုလာသည့် ကုန်းမင်သည် ထိုစကားကို ကြားသောအခါ စိတ်ပြန်ငြိမ်သွားသည်။ သို့သော် ယဲ့ဖန်အား မယုံနိုင်သောပုံဖြင့် ကြည့်နေသည်။

“ခင်ဗျား ရူးနေတာ ဟုတ်တယ်မလား”

*ဒီလိုကိစ္စမျိုး ပြောရဲတယ်ဆိုမှတော့ ဒီလူ ရူးကို ရူးနေတာပဲ*

….

ယဲ့ဖန် ရယ်လိုက်သည်။

“မင်းက သစ်သားတိုင်ကို ခုတ်ပြီး ဓားရေးလေ့ကျင့်ချင်နေတာလေ၊ မင်းက ရူးနေတာ မဟုတ်ဘူးလား”

ကုန်းမင်၏ မျက်နှာ မည်းနက်သွားသည်။ သို့သော် သူက မသေချာသေးဟန်ဖြင့် မေးလာသည်။

“ခင်ဗျားမှာ ကျုပ် လက်စားချေနိုင်မယ့် နည်းလမ်း တကယ် ရှိတာလား”

ယဲ့ဖန်က သူ့ဖင်ကို ပိတ်ကန်၍ စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။

“လမ်းပြစမ်းပါ”

“ဟွန်း”

ကုန်းမင်က အေးစက်စက် နှာမှုတ်လိုက်သည်။ သို့သော် ဤလူများက သူ့ထက် ခွန်အားကြီးသောကြောင့် သူ ဦးညွှတ်၍ အလျင်အမြန်ထကာ လမ်းပြလေသည်။

ထိုအချိန်တွင် ပါ့ရှန်းမြို့၏ မြို့လယ်ခေါင်၌

….

နတ်ဆိုး အငွေ့အသက် အင်ပါယာ၏ နိုင်ငံတစ်ဝှမ်းမှ သိုင်းပညာရှင်တစ်စုက ယွိကျဲ့နယ်မြေမှ မိစ္ဆာများကို စိန်ခေါ်နေကြသည်။

ယဲ့ဖန် ရောက်သွားသောအခါ နတ်ဆိုးမျိုးနွယ်တစ်ယောက် ခေါင်းပြုတ်သွားပြီး သူ့ဦးခေါင်းအား မိစ္ဆာကောင်က စားနေသည်ကို တွေ့လိုက်ရသည်။

တကျွတ်ကျွတ် ဝါးနေသောကြောင့် သွေးများ ပန်းထွက်နေ၏။ ဤမြင်ကွင်းက ရက်စက်၍ သွေးထွက်သံယို များလွန်းလှသည်။ ကြောက်စရာ ကောင်းလှပေ၏။

ဘေးပတ်ဝန်းကျင်မှ နတ်ဆိုးများသည် ဝမ်းနည်းကြေကွဲသော မျက်နှာများ ဖြစ်နေကြပြီး သူတို့အတွက် စိတ်မကောင်း ဖြစ်နေသည်။

နောက်ထပ် သိုင်းပညာရှင်တစ်ယောက် ကျဆုံးသွားပြန်သည်။ ဤရက်များအတွင်း တစ်ပွဲပင် မနိုင်သေးပါ။ သူတို့ တကယ် ကံဆိုးတော့မည့်ပုံပင်။

ထိုအခိုက်တွင် ယဲ့ဖန်သည် ကုန်းမင်၏ အမူအရာကို ဂရုတစိုက် လေ့လာနေပြီး သူ့မျက်နှာ၌ ကြောက်စိတ် မရှိသည်ကို တွေ့လိုက်ရသည်။ ထိုအစား အတောမသတ်နိုင်သော မုန်းတီးခြင်းသာ ရှိလေသည်။

ယဲ့ဖန် ရယ်လိုက်သည်။ သူ အထင်မမှားပေ။ ဤကောင်လေးက ရူးနေလေပြီ။

“ကိုယ့်လူတို့ မင်းတို့ အပေါ်တက်ပြီး အသေခံစရာမလိုဘူး၊ ငါ့တာဝန်ထားလိုက်”

ထိုစဉ် လူအုပ်ထဲမှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ အသက် နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ယောက် ထွက်လာသည်။ သူသည် သန်မာသော ခန္ဓာကိုယ်နှင့် ချောမောသော ရုပ်ရည် ရှိပြီး ကွန်ဖူးဝတ်စုံကို ဝတ်ထားကာ အရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် လာနေ၏။

သူ့မျက်နှာတွင် ယုံကြည်မှုရှိသော အပြုံးတစ်ခု ချိတ်ဆွဲထားသည်။ သူ့ကို မြင်သောအခါ လူအုပ်ထဲ၌ အုတ်အော်သောင်းနင်း ဖြစ်လာပြီး လူတိုင်း ထိတ်လန့်လာကြသည်။

“နန်ကုန်းလင်”

လူတိုင်း၏ မျက်လုံးတွင် အံ့ဩမှုတို့ဖြင့် ပြည့်နှက်လာသည်။

“နန်းကုန်လင်းလား၊ အင်ပါယာထဲမှာ အသန်မာဆုံး သိုင်းသမားလို့ ကျော်ကြားတဲ့ အဲ့လူလား”

“ဟုတ်တယ် သူပဲ၊ သူ့လက်သီးနဲ့ ခြေထောက်က အဆင့်မြင့်တဲ့ အနေအထားတစ်ခုအထိ လေ့ကျင့်ထားပြီးပြီ၊ သူက လက်ချည်းဗလာနဲ့ တောင်ကိုဖြိုနိုင်တယ်၊ သူက အရမ်း ဖိနှိပ်နိုင်တာ”

“အခုချိန်အထိ သူ့ပြိုင်ဘက်က သူ့ကို ဆယ်ကွက်ထပ် ပိုမတိုက်နိုင်ဘူးလို့ ပြောကြတယ်၊ ပြီးတော့ သူက နတ်ဘုရင်အဆင့်ဆိုတော့ ဒီတစ်ခေါက် ငါတို့ အသက်ရှင်ပြီ”

လူတိုင်း စိတ်လှုပ်ရှားလာကြပြီး သူတို့၏ စိတ်ထဲတွင် နန်ကုန်းလင်အား သူတို့၏ ကယ်တင်ရှင်အဖြစ် မှတ်ယူထားသည်။

“နန်ကုန်းလင်”

ကုန်းမင်၏ မျက်လုံးများ အရောင်တောက်လာပြီး အလွန်အမင်း စိတ်လှုပ်ရှားနေသည်။

“ဘာလို့လဲ သူက သန်မာလို့လား”

ယဲ့ဖန် သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ပေါက်တတ်ကရတွေ သူက ကျုပ်တို့ နိုင်ငံရဲ့ သိုင်းလောကထဲမှာ အရည်အချင်း အရှိဆုံး ပါရမီရှင်ပဲ၊ သူက ဒီနှစ်ထဲမှာ အသက်တစ်ရာပဲ ပြည့်သေးတာ၊ ဒါတောင် နတ်ဘုရင်အဆင့်ကို တက်နိုင်သွားပြီ၊ သူ သိုင်းလောကထဲ ဝင်လာကတည်းက တစ်ခါမှ မရှုံးဖူးဘူး၊ သူက သိုင်းလောကရဲ့ ကျားလို့ ကျော်ကြားတယ်၊ သူက ကျုပ်ရဲ့ စံပြပုဂ္ဂိုလ်ပဲ”

ကုန်းမင်၏ အိမ်တွင် နန်ကုန်းလင်၏ ပိုစတာများစွာ ရှိသည်။ ဤနေရာ၌ နန်ကုန်းလင်ကို တွေ့လိုက်ရသဖြင့် သူ့မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာသည်။

ကလေးတိုင်း၌ သူရဲကောင်းအိပ်မက် ရှိကြပြီး နန်ကုန်းလင်က သူ၏ သူရဲကောင်း၊ သူ၏ ပန်းတိုင် ဖြစ်လေသည်။ သူသာ နန်ကုန်းလင်တမျှ သန်မာလျင် သူ ချစ်ရသူများအတွက် သေချာပေါက် လက်စားချေနိုင်ပေမည်။

“ဪ”

ယဲ့ဖန်က နန်ကုန်းလင်ကို သေချာကြည့်လိုက်ပြီးနောက် ခေါင်းခါလိုက်သည်။

“သူ ရှုံးလိမ့်မယ်”

“အဓိပ္ပာယ်မရှိလိုက်တာ”

ကုန်းမင်သည် အမြီးတက်နင်းခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး နဖူးပေါ် ကျနေသော ဆံပင်ကို လေဖြင့် မှုတ်ထုတ်လိုက်သည်။

“နန်ကုန်းလင်က အသန်မာဆုံးပဲ၊ သူ ဘယ်တော့မှ မရှုံးဘူး၊ နန်ကုန်းလင်က သူတို့ ပြိုင်ဘက် မဟုတ်ရင်တောင်မှ ခင်ဗျား သေမှာပဲ၊ ခင်ဗျား နန်ကုန်းလင်ကို စော်ကားရဲရင် ကျုပ် ခင်ဗျားကို အသေသတ်မယ်”

ယဲ့ဖန် ပခုံးတွန့်ပြလိုက်ပြီး သူ၏ အသိပညာကို မျှဝေရန် ပျင်းရိသွားသည်။ ထိုသို့သောအချိန်၌ နန်ကုန်းလင် ရောက်လာပြီး မျက်နှာတွင် ယုံကြည်မှုရှိသော အပြုံးတစ်ခု တွဲခိုနေ၏။

နတ်ဆိုးမျိုးနွယ်၏ လေးစားမှုရှိသော အကြည့်အောက်၌ သူ ပြိုင်ပွဲကျင်းပရာ စင်မြင့်သို့ ရောက်လာသည်။ ယဲ့ဖန်နှင့် လီဝေ့ကိုလည်း သူ မြင်ပါသည်။ လီဝေ့၏ အသွင်အပြင်ကို မြင်ပြီးနောက် သူ အံ့ဩသွားပြီးမှ အဓိပ္ပာယ်ပါသော အပြုံးမျိုး ပြုံးလိုက်သည်။

“ဒီလို ငေးလောက်တဲ့ မိန်းမလှလေးကို ဒီပြိုင်ပွဲဆီ ခေါ်လာတာက ရူးမိုက်လွန်းတယ်”

ထိုသို့ပြောပြီးနောက် နန်ကုန်းလင်က ယဲ့ဖန်ကို မသိမသာ အပြစ်တင်သံဖြင့် ပြောလိုက်သည်။

“မင်း သူ့ကို သတ်မိလိမ့်မယ်”

ယဲ့ဖန်က အင်တင်တင်ဖြင့် နှာခေါင်းကိုပွတ်ကာ အပြုံးဖြင့် ပြန်မေးလိုက်သည်။

“မင်း ဘာလို့ အဲ့လို ထင်တာလဲ”

“မေးနေစရာ လိုသေးလား၊ ဒီမှာ မိစ္ဆာဘုရင် သုံးယောက်တောင် ထိုင်နေတာ၊ သူ့ကို မင်းခွန်အားနဲ့ စောင့်ရှောက်ဖို့ မဖြစ်နိုင်ဘူး၊ အဲ့အခါကျရင် ဒီမိစ္ဆာတွေရဲ့ ကစားစရာ ဖြစ်သွားပြီး သေတဲ့အထိ စော်ကားခံလိမ့်မယ်”

နန်ကုန်းလင်က အထင်အမြင်သေးသော အပြုံးမျိုး ပြုံးလိုက်ပြီးနောက် အထက်စီးဖြင့် ပြောလိုက်သည်။

“မင်း ငါ့လောက် မသန်မာဘူးဆိုရင်ပေါ့လေ”

ထိုစကား ထွက်လာသောအခါ လူတိုင်းက ယဲ့ဖန်အား အထင်သေးသလို ကြည့်လာကြသည်။

*အရူးပဲ*

သာမန်လူတစ်ယောက်၏ ဖြူစင်မှုနှင့် လိပ်ပြာမလုံခြင်းဟူသော စိတ်ကိုပင် မသိသောလူပါတကား။ ဤမိစ္ဆာများက မိန်းမများကို သဘောအကျဆုံးဖြစ်ကြောင်း သိနေတာတောင်မှ ဤသို့သော မိန်းမလှလေးကို မြို့ထဲသို့ ခေါ်လာရဲသေးသည်။ ဤနည်းအားဖြင့် သူ့အတွက် အသက်မသေအောင် ကြိုးစားရန် ခက်ခဲပေလိမ့်မည်။

“ငါ့မှာ သူ့ကို ကာကွယ်နိုင်တဲ့ အရည်အချင်း ရှိတယ်လို့ ထင်တာပဲ”

ယဲ့ဖန် ရယ်ရမလား ငိုရမလား မသိတော့ချေ။

“မင်းရဲ့ စုံလုံးကန်း ယုံကြည်မှု ရှိနေတဲ့စိတ်ကို ငါ လေးစားတယ်၊ အရူးလိုပဲ ဟားဟားဟား”

နန်ကုန်းလင်က အားပါးတရ ရယ်မောကာ အလွန် မာန်တက်နေ၏။ သူ့စိတ်ထဲတွင် ယဲ့ဖန်သည် အရူးတစ်ယောက်သာ ဖြစ်သည်ဟု မှတ်ယူထားသည်။

ဤနေရာတွင် လူတိုင်းကို ကယ်နိုင်သော သူမှလွဲ၍ အခြားမည်သူက မိစ္ဆာဘုရင်သုံးပါးကို ယှဉ်နိုင်သည့် အရည်အချင်း ရှိပါသနည်း။

နန်ကုန်းလင်၏ ယုံကြည်မှုရှိချက်က စိတ်ကြီးဝင်သည့် အနေအထားသို့ ရောက်လုနီးနီးပင်။ ဤသို့ဖြစ်ရခြင်းမှာ ကလေးဘဝမှ အရွယ်ရောက်သည်အထိ သူသည် ကြယ်လိုလလို ထွန်းလင်းခဲ့ပြီး တစ်ခါမှ မရှုံးခဲ့ဖူး သောကြောင့်ပင်။

ထို့ကြောင့် သူသည် အလွန် ယုံကြည်မှုရှိနေပြီး မိစ္ဆာဘုရင် သုံးပါးကိုတောင်မှ သူ အရေးမစိုက်ချေ။

“မိစ္ဆာဘုရင်သုံးပါးကို မင်းခွန်အားနဲ့ စိန်ခေါ်ချင်နေတာလား၊ မင်း အဲ့လိုမလုပ်တာ ပိုကောင်းမယ်လို့ ငါ အကြံပေးချင်တယ်”

ယဲ့ဖန်က ကြင်နာစွာ အကြံပေးလိုက်သည်။

“ဟမ့် ငါ့ကို မင်းလိုများ မှတ်နေလား၊ ဟေ့ကောင် မင်း သိအောင် ပြောလိုက်မယ်၊ ငါက မင်းနဲ့ နှိုင်းရမယ့်လူ မဟုတ်ဘူး၊ ငါက ပါရမီရှင်ကွ”

နန်ကုန်းလင်က ယဲ့ဖန်အား အထင်သေးစွာ ကြည့်လိုက်ပြီး အနည်းငယ် စိတ်ပျက်နေသည်။ ဤအရူးက မိမိကို သူနှင့် တစ်တန်းတည်း တွေးနေသည်က စိတ်ပျက်စရာ ကောင်းလှသည်။

ယဲ့ဖန် ပြုံးရုံမျှသာ ပြုံးနေလိုက်ပြီး ဘာမှထပ်မပြောတော့ချေ။ တစ်ဖက်လူက စေတနာကို ကျေးဇူးတင်ရ ကောင်းမှန်း မသိမှတော့ သေသေ၊ ရှင်ရှင် နန်ကုန်းလင်၏ ဘဝသာ ဖြစ်လေသည်။

သို့သော် ထိုအခိုက်တွင် နန်ကုန်းလင်က ဘေး၌ ရှိနေသော လီဝေ့ကို ကြည့်လာသည်။

“မိန်းမလှလေး ငါ သူတို့အားလုံးကို မောင်းထုတ်နိုင်မယ်ဆိုရင် မင်း ငါနဲ့ တွဲမလား”

လူတိုင်း ထိတ်လန့်တကြား ဖြစ်သွားကြသည်။ ဤသည်က ယဲ့ဖန်၏ ကောင်မ‌လေးကို ပေါ်ပေါ်တင်တင် ကြောင်တောင်နှိုက်နေခြင်းပင်။

*တင်စီးလွန်းတယ် မဟုတ်လား*

လီဝေ့ လှောင်ရယ်လိုက်သည်။

“ကောင်းပြီလေ၊ နင် နိုင်ရင် ငါ နင်နဲ့တွဲမယ်”

တကယ်တမ်းတွင် သူမစိတ်ထဲ၌ နန်ကုန်းလင် မနိုင်နိုင်ဟု တွေးနေသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က ထိုသို့ ပြောခဲ့သောကြောင့်ပင်တည်း။

ယဲ့ဘုရင်က နန်ကုန်းလင် ရှုံးလိမ့်မည်ဟု ပြောလျင် နန်ကုန်းလင် သေချာပေါက် ရှုံးပေမည်။ ယဲ့ဘုရင်၏ စကားက တစ်ရာရာခိုင်နှုန်း သေချာ၏။

“ကောင်းပြီလေ၊ ဒါဆို အဆင်ပြေပြီ”

နန်ကုန်းလင် ရယ်လိုက်ပြီး ယဲ့ဖန်အား ရန်စသလို တစ်ချက်ကြည့်လိုက်ပြီး စင်မြင့်ပေါ်သို့ လျှောက်သွား လိုက်သည်။

သူ့စိတ်ထဲတွင် လီဝေ့က ယဲ့ဖန်ကို စွန့်ခွာရန် ဆုံးဖြတ်လိုက်သည်ဟု ထင်နေ၏။ ယင်းက အံ့ဩစရာ မဟုတ်ချေ။ တကယ်တမ်းတွင် မိန်းမလှလေးများက သူရဲကောင်းများနှင့်သာ လိုက်ဖက်ညီလေသည်။

သူ့အတွေး၌ ဤမိန်းမလှလေးက သူမကိုယ်သူမ တစ်ခုခုကို သတိထားမိသွားသဖြင့် သူ့ကဲ့သို့ သူရဲကောင်း၏ သိမ်းပိုက်ခြင်းအား လိုလားသည်ဟု မှတ်ထင်နေသည်။

လီဝေ့နှင့် မကြာခင် တွဲနိုင်တော့မည်ဟု တွေးမိပြီး သူ့စိတ်အခြေအနေက အလွန် ပျော်ရွှင်လာသည်။

ထို့နောက် သူသည် မိစ္ဆာဘုရင်သုံးပါးအား လှမ်းကြည့်လိုက်ပြီး အလေးအနက် မထားဟန်ဖြင့် ပြောလိုက်သည်။

“အချိန်ဖြုန်းမနေနဲ့ မင်းတို့ အတူတူ တက်လာကြ”

ထိုစကားက မိစ္ဆာများအား လန့်သွားစေသည်။

*အထက်စီးဆန်လိုက်တာ*

*မောက်မာလွန်းတယ်*

“အထက်စီးဆန်လိုက်တာ၊ နန်ကုန်းလင် ဖြစ်ထိုက်ပါပေတယ်၊ သူ့တစ်ယောက်တည်းရဲ့ ခွန်အားနဲ့ မိစ္ဆာဘုရင် သုံးပါးကို စိန်ခေါ်ရဲတာပဲ၊ ဒါ သွေးမကြီးလွန်းဘူးလား”

“သွေးကြီးတယ်ဆိုတာ သန်မာတဲ့ ခွန်အားကနေ ဆင်းသက်လာတာကွ၊ အရင်က နန်းကုန်လင်က နတ်ဘုရင်အဆင့် ဆယ်ယောက်နဲ့ တစ်ပြိုင်တည်း တိုက်ခိုက်ပြီးတော့ နိုင်ခဲ့တာပဲလေ၊ မိစ္ဆာဘုရင် သုံးယောက်လောက်က ဘာမို့လို့လဲ”

“နန်ကုန်းလင် သူတို့ကို သတ်ပစ်၊ ကျူးကျော်သူတွေကို အင်ပါယာထဲကနေ နှင်ထုတ်ပစ်လိုက်”

လူတိုင်း၏ မျက်နှာတွင် မျှော်လင့်ချက် အပြည့်နှင့် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေ၏။ သူတို့ အောင်နိုင်ခြင်း ‌ရောင်နီကို မြင်နေရသည်။

*ဒီလူက တိုက်ပွဲရဲ့ အခြေအနေကို ပြောင်းပြန်လှန်နိုင်မှာပဲ*

*ဟမ်*

ဘုရင့်ပုလ္လင်၌ ထိုင်နေသော မိစ္ဆာဘုရင်သုံးပါးလုံး မျက်မှောင်ကြုတ်သွားသည်။ သူတို့၏ မျက်လုံးတွင် အဆုံးအစမဲ့သော အေးစက်မှုတို့ ဖြတ်ပြေးသွားလေသည်။

All Chapters