← Chapters

အခန်း ၁၆၀၈

Vol. 108 Ch. 1608

အခန်း ၁၆၀၈

Vol. 108 Ch. 1608

Chapter 1608 ငါလည်း နတ်ဆိုးပဲ

“လုပ်နိုင်တယ်၊ လုပ်နိုင်မှဖြစ်မယ်၊ ကြယ်ခွင်းလက်သီးက အရမ်း အားပြင်းတာ၊ တောင်တွေနဲ့ မြေဆီလွှာ ကိုတောင် ဖျက်ဆီးဖို့ ပြဿနာ မရှိတာ။ ဒီရွှေခြင်္သေ့ဘုရင်သာ အဲ့လက်သီးချက်နဲ့ တွေ့ရင် မသေရင်တောင်မှ ဒဏ်ရာ အကြီးအကျယ် ရမှာပဲ”

နတ်ဆိုးမျိုးနွယ်တစ်ယောက်က စိုးရိမ်တကြီး ပြောလာသည်။ ထိုစကားက သူ့ကိုယ်သူ နှစ်သိမ့်နေသည်နှင့် ပိုတူ၏။ သို့သော် သူ့အတွေးက အတွေးသက်သက်ပင်။

“ငါ့ကို ကလိလာမထိုးနဲ့”

ရွှေခြင်္သေ့ဘုရင်က ဒေါသတကြီး အော်ငေါက်လာပြီး လက်ပြန်ရိုက်ချလိုက်သည်။ ထိုရိုက်ချက်က လျင်မြန်၍ တောင်တစ်လုံးအလား အားပြင်း၍ ကြောက်စရာ ကောင်းလှသည်။

နန်ကုန်းလင် ရိုက်ထုတ်ခံလိုက်ရပြီး မြေကြီးပေါ် အရှိန်ဖြင့် ပြန်ကျကာ မီတာနှစ်ဆယ်မျှ စွတ်ကြောင်းတစ်ခု ဖြစ်သွားပြီးမှ ရပ်သွားလေသည်။

ပါးစပ်နှင့် နှာခေါင်းတို့မှ တစ်ပြိုင်တည်း သွေးထွက်နေ၏။ သူ ထပ်မံ၍ ဒဏ်ရာ အပြင်းအထန် ရသွားလေပြီ။

*ကလိလာမထိုးနဲ့ ဟုတ်လား*

ထိုစကားကိုကြားသောအခါ နတ်ဆိုးများအားလုံး တုန်လှုပ်သွားပြီး မြေကြီးပေါ် ပြုတ်ကျလုနီးပါး ဖြစ်သွားကြသည်။

*နန်ကုန်းလင်ရဲ့ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုက ရွှေခြင်္သေ့ဘုရင်အတွက် ယားရုံလောက်ပဲ ရှိတာလား*

*ကြက်ခွင်းလက်သီးနှင့် ရွှေခြင်္သေ့ဘုရင်ကို ထိုးတာတောင် နည်းနည်းလေးမှ ဒဏ်ရာမရဘူးလား*

*မနိုင်ဘူး*

*နန်ကုန်းလင်က ဒီမိစ္ဆာကောင်ကို မနိုင်ပါလား*

*သိုင်းလောကရဲ့ ကျား ဖြစ်နေတာတောင်မှ၊ အမတနေခန္ဓာကိုယ် ရှိနေတာတောင်မှ ဒီရွှေခြင်္သေ့ဘုရင်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူးလား*

*နန်ကုန်းလင် သေပြီ*

*ငါတို့လည်း သေပြီ*

လေထုထဲတွင် ဆောက်တည်ရာမရသော အငွေ့အသက်တို့ ရောပြွမ်းလာ၏။ လူတိုင်းနီးပါး သူတို့၏ ကံတရားကို သတိပြုမိလာပြီး ငိုကြွေးကာ နေရာမှာတင် ကြက်သေ သေနေမိသည်။

“အရိုး … ကျိုးသွားပြီလား”

နန်ကုန်းလင် ကုန်းရုန်း၍ ထလိုက်သော်လည်း သူ့ညာလက်အား အလန့်တကြား ကြည့်လိုက်မိသောအခါ ညာလက် ကျိုးနေသည်ကို သတိထားမိသွားသည်။

အရိုးကျိုးသွားသည့် နာကျင်မှုက အဆက်မပြတ် စိမ့်ဝင် ပျံ့နှံ့လာသည်။ သူ၏ အမတ နေခန္ဓာကိုယ်က ရွှေခြင်္သေ့ဘုရင်၏ လက်ချက်ဖြင့် ပျက်စီးသွားသည်တဲ့လား။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

နန်ကုန်းလင် ဆောက်တည်ရာမရ ဖြစ်နေပြီး မျက်စိရှေ့မှ မြင်ကွင်းက သူ့အား ကြောက်ရွံ့တွန့်ဆုတ်သွားစေသည်။

“မင်း အရမ်း ယုံကြည်မှု ရှိတယ် မဟုတ်ဘူးလား၊ ဘာလဲ မာနမကြီးတော့ဘူးလား”

ရွှေခြင်္သေ့ဘုရင်က အသံမာမာဖြင့် ခနဲ့လိုက်ပြီးနောက် နန်ကုန်းလင်ထံ တစ်လှမ်းချင်း လှမ်းလာသည်။ သူ့အကြည့်တွက် ရက်စက် ခက်ထန်မှုတို့ ပြည့်နှက်နေ၏။

“မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် ငါ အားကုန်သုံးထားတဲ့ လက်သီးချက်က မင်းအပေါ်မှာ ဘာသက်ရောက်မှုမှ မရှိရတာလဲ”

နန်ကုန်းလင် သံကုန်အော်ဟစ်လိုက်သည်။ သူ မနိုင်နိုင်ပါ။ တစ်ဖက်လူ၏ ရုပ်ခန္ဓာ ခွန်အားက သူ့ထက် အဆများစွာ သာလွန်နေ၏။

သူ နှစ်တစ်ရာတိုင်တိုင် ကျင့်ကြံထားသည့် အမတ နေခန္ဓာကိုယ်က ရွှေခြင်္သေ့ဘုရင်အား အထိနာစေရန် ခဲယဉ်းနေသည်။

“ဘာလို့လဲဆိုတော့ ငါတို့အားလုံးက ယွိကျဲ့နယ်မြေသခင်ရဲ့ ဉာဏ်အလင်းပေးတာကို ရခဲ့ပြီးတော့ သားရဲသခင် ခန္ဓာကိုယ်ကို ဆင့်ကဲ ပြောင်းလဲသွားလို့ပဲ၊ ရုပ်ခန္ဓာ ခွန်အား တစ်ခုတည်းနဲ့တင် မင်းတို့ လူသားတွေ ငါတို့ကို နိုင်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး”

ရွှေခြင်္သေ့ဘုရင်က ရယ်နေသည်။

*ဘာ*

*သားရဲသခင် ခန္ဓာကိုယ်လား*

ထိုသို့သော ရုပ်ခန္ဓာကိုယ်မျိုးကို သူတို့ ယခုမှ ကြားဖူးခြင်းပင်။

*တစ်နည်းပြောရရင် ဒီရုပ်ခန္ဓာနဲ့တင် ဖိနှိပ်နိုင်တယ်ပေါ့*

*ကြောက်စရာကောင်းလိုက်တဲ့ ယွိကျဲ့နယ်မြေခင်ပါလား၊ သူ့စကားလေးနဲ့တင် မိစ္ဆာဘုရင်သုံးပါးက သားရဲသခင် ခန္ဓာကိုယ်ကို ပြိုင်တူ ပြောင်းလဲသွားတယ်*

သူတို့အား ဆယ်ယောက် တစ်ယောက် မဆိုထားနှင့် အယောက်တစ်ရာနှင့် တစ်ယောက် ယှဉ်ချလျင်တောင်မှ မဖြစ်နိုင်ချေ။ နတ်ဘုရင်အဆင့်သို့ ရောက်နေသဖြင့် သူတို့နှင့် သိုင်းအဆင့်တူသူများကို နင်းချေနိုင်လေပြီ။

“မင်းက ငါတို့ ယွိကျဲ့နယ်မြေကို အညံ့မခံချင်မှတော့ မင်း ငါ့ကလေးတွေရဲ့ အစာ ဖြစ်လာတော့ပေါ့ကွာ”

ရွှေခြင်္သေ့ဘုရင်က ရက်စက်စွာ ရယ်မောပြီး နန်ကုန်းလင်အား မကောင်းသော ရည်ရွယ်ချက်ဖြင့် ကြည့်နေသည်။ သူ့မျက်လုံးတွင်းမှ သတ်ဖြတ်တော့မည့်ဟန်က ပို၍ ပီပြင်လာ၏။

ယွိကျဲ့နယ်မြေမှ မိစ္ဆာများကလည်း ထူးဆန်းသော အသံမျိုးဖြင့် ရယ်နေကြပြီး သွားများနှင့် လက်သည်းများကို ပြကာ နန်ကုန်းလင်အား တစ်စစီ လုပ်ပစ်ရန် မစောင့်နိုင်တော့ဟန်မျိုး ပြနေလေသည်။

နန်ကုန်းလင်၏ မျက်နှာတွင် ကြောက်စိတ်တို့ ပြည့်နှက်လာ၏။ သူ ကလေးဘဝကတည်းက တစ်ခါမှ မရှုံးဖူးသောကြောင့် မာနကြီးသော အကျင့်စရိုက် ဖြစ်လာခဲ့သည်။

ယခု ရွှေခြင်္သေ့ဘုရင်နှင့် တိုက်ပွဲက သူ့အား အပြင်လောက၌ သူ့ထက် သာလွန်သူ ရှိနေသေးကြောင်း သတိပြုမိ လာစေ၏။ လက်ရှိအချိန်၌ သူ့မာနက လုံးဝ ပျက်စီးသွားလေပြီ။

အစောပိုင်းက သူ၏ အရှက်မဲ့သော စကားများကို ပြန်တွေးမိပြီး သူ မျက်နှာပူလာရသည်။ လက်ရှိတွင် နန်ကုန်းလင်၏ စိတ်ထဲ၌ အတွေးတစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ မြန်မြန် ထွက်ပြေးရမည်ဟူသော အတွေးပင်။

သူ၏ ခွန်အားနှင့်ဆိုလျင် ဤနေရာမှ ထွက်ပြေးရန် အခက်အခဲ မရှိပါ။ ဤနတ်ဆိုးမျိုးနွယ်များကိုမူ သူ ထပ် အရေးမစိုက်နိုင်ပါ။

သူတို့ကဲ့သို့ သူ့ကိုယ်သူ နတ်ဆိုးမျိုးနွယ်ဟု တစ်ခါမှ မသတ်မှတ်ဖူးပေ။ သူတို့၏ သေခြင်းရှင်ခြင်းက သူနှင့် ဘာဆိုင်သနည်း။

သို့သော် ထိုအခိုက်တွင် နန်ကုန်းလင်၏ အရှေ့သို့ လူရိပ်များစွာ ရောက်ရှိလာသည်။

“မင်းတို့”

နန်ကုန်းလင်သည် ထိုနတ်ဆိုးများအား မယုံနိုင်သလို ကြည့်နေပြီး နားမလည်နိုင် ဖြစ်နေသည်။

“နန်ကုန်းလင် သွားတော့၊ ငါ သူတို့ကို တားထားမယ်”

နတ်ဆိုးမျိုးနွယ်တစ်ယောက်က ပြောလာသည်။ သူသည် ဈာန်ဝင်စားခြင်းအဆင့်သာ ရှိသဖြင့် နတ်ဘုရင် အဆင့်အား တားမည်ဟု ဆိုနေခြင်းက ဟာသတစ်ပုဒ်လိုပင်။

“ဘာ … မင်း ဘယ်လိုလုပ် သူ့ကို တားနိုင်မှာလဲ”

ထိုစကားကို ကြားသောအခါ နန်ကုန်းလင် ထိတ်လန့်သွားသည်။

*ဒီလူတွေ ရူးနေတာလား*

“ကျွန်မတို့ မတားနိုင်မှန်း သိပါတယ်၊ ဒါပေမဲ့ ဒီလိုလုပ်ရင် ကျွန်မတို့ ရှင့်အသက်အတွက် အချိန်ဆွဲထားပေးနိုင်မယ် မဟုတ်လား”

ကလေးမျက်နှာလေးနှင့် ကောင်မလေးတစ်ယောက်က ပြုံး၍ ပြောလာသည်။ သူမသည် အသက်နှစ်ဆယ်စွန်းရုံသာ ရှိသေးပြီး လှပလေသည်။

*ဘာ*

နန်ကုန်းလင် ကြက်သီးမွေးညင်း ထသွားသည်။

*ငါ ဘာကြားလိုက်တာလဲ*

*ဒီအရူးတွေက ငါ့အတွက် အသေခံမလို့လား*

*ငါ့အသက်ကို ကယ်ဖို့ လုပ်နေတာလား*

“နန်ကုန်းလင် မင်းက သိပ်ထူးချွန်တယ်၊ မင်းရဲ့ အောင်မြင်မှုကလည်း ဒီဘဝမှာ ငါတို့ ရောက်နိုင်တာထက် ပိုတယ်၊ အဲ့ဒါကြောင့် မင်း ဒီမှာ သေလို့ မဖြစ်ဘူး၊ နတ်ဆိုး အငွေ့အသက် အင်ပါယာရဲ့ အနာဂတ်ကို မင်းလို သိုင်းပညာရှင်တွေက စောင့်ရှောက်ရမှာ”

“အသက်ရှင်ပါ၊ အပြင်းအထန် ကြိုးစားပါ၊ ပိုသန်မာလာအောင် လုပ်ပါ၊ ပြီးရင် ငါတို့အတွက် လက်စားချေပေးပါ၊ မင်းမှာ အဲ့လို အစွမ်းအစ ရှိမယ်လို့ ငါတို့ ယုံတယ်”

“ငါတို့အတွက် မင်း အန္တရာယ်ကို ရင်ဆိုင်ရဲတာက ငါတို့ကို သိပ်ကြည်နူးစေတယ်၊ မင်းက အရည်အချင်း ရှိတဲ့ နတ်ဆိုးပဲ၊ ဒါကြောင့် အခု ငါတို့ မင်းအတွက် တိုက်ခိုက်မယ်”

နတ်ဆိုးများအားလုံးက နန်ကုန်းလင်ကို လေးစားသော အကြည့်များဖြင့် ကြည့်နေသည်။ သို့သော် ထိုအကြည့်က နန်ကုန်းလင်ကို အရှက်ရစေသလို ကြောက်လန့်စေ၏။

ဤလူများ၏ လေးစားမှုနှင့် သူက မထိုက်တန်ပါ၊ သူတို့၏ အသက်စတေးမှုနှင့်ဆိုလျင် ပို၍ပင် မထိုက်တန်ပေ။

သူသည် နာမည်ကျော်ကြားမှု၌ ပျော်မွေ့နေခြင်း ဖြစ်သည်။ သူသည် လူတိုင်း၏ လေးစားကြည်ညိုခြင်း ခံရချင်ရုံသာ ဖြစ်လေသည်။ ဤလူများ၏ သေခြင်းရှင်ခြင်းကိုမူ သူ လုံးဝ အရေးမစိုက်ပါ။

“သွားတော့ ကိုယ့်လူ ငါတို့ ဒီမှာ ရှိတယ်”

ထိုစဉ် သိုင်းသမားတစ်ယောက်က နန်ကုန်းလင်ကို ခေါင်းညိတ်ပြလာ၏။ နန်ကုန်းလင်၏ မျက်နှာ နီရဲသွားသည်။ သူ ရှက်ရွံ့နေသလို အတော်လေး ဝန်လေးနေ၏။

*ငါက မင်းတို့ပါးစပ်ဖျားက သူရဲကောင်း ဖြစ်ချင်ရုံလေးပါ၊ တကယ်တော့ ငါက ငကြောက်ပါပဲ*

နန်ကုန်းလင်သည် သူတို့အား သူသည် ဤသို့ စတေးခံခြင်း ပြုလုပ်ပေးရသည်နှင့် ထိုက်တန်သူ မဟုတ်ကြောင်း ပြောပြချင်နေသည်။ သို့သော် သူ့၌ ထိုသို့ပြောရဲသည့် သတ္တိ မရှိပေ။

သူနှင့် တစ်ပြည်တည်းသားများ ရှေ့ထွက်လာသောအခါ သူ ရင်လေးလာရသည်။ သူ ရှက်ရွံ့မိသည်။

အတိတ်အခါက သူသည် နတ်ဆိုးမျိုးနွယ်ဟူသော စကားကို ပျက်ရယ်ပြုခဲ့ပြီး နည်းမျိုးစုံဖြင့် အထင်သေးခဲ့သည်။ သို့သော် ယခုအချိန်၌ သူကသာ နတ်ဆိုးဖြစ်ရန် မထိုက်တန်သူဟု တွေးမိနေသည်။

သူ့အရှေ့မှ နတ်ဆိုးမျိုးနွယ်များသည် သူတို့က ရွှေခြင်္သေ့ဘုရင်၏ ပြိုင်ဘက် မဟုတ်မှန်း သိသည့်အပြင် သူတို့ထဲမှ သိုင်းအဆင့် အမြင့်ဆုံးလူက ဘုရင်အဆင့်ပင် မရောက်သေးသော်လည်း သူတို့နှင့် တစ်နိုင်ငံတည်းသားအတွက် ရပ်တည်၍ ကိုယ့်ကိုယ်ကိုယ် စတေးခံချင်စိတ် ရှိကြသည်။

သူ့ကိုယ်သူ ပြန်ကြည့်မိလျင် သူက နတ်ဘုရင်အဆင့် ဖြစ်သော်လည်း သူတို့ကို ထားခဲ၍ ထွက်ပြေးရန် ကြံစည်ခဲ့သည်။

“ဪ ပုရွက်ဆိတ်တစ်သိုက်က သေချင်နေတာလား”

ရွှေခြင်္သေ့ဘုရင်က ထိုနတ်ဆိုးမျိုးနွယ်များအား အထင်သေးသလို ကြည့်နေပြီး လုံးဝ အရေးမလုပ်ချေ။

“ဒီလိုဆိုမှတော့ မင်းတို့အားလုံး သေလိုက်တော့”

ရွှေခြင်္သေ့ဘုရင်က ဖြောင်းခနဲ ရိုက်ချလာပြီး ထိုရိုက်ချက်က သူ့အရှေ့မှ ကလေးမျက်နှာနှင့် ကောင်မလေးအား ပေါက်ကွဲသေဆုံးသွားစေသည်။

သွေးများက နန်ကုန်းလင်၏ မျက်နှာကို လာစင်၏။ နန်ကုန်းလင် ကြက်သေ သေသွားသည်။ ဖူးပွင့်စ ပန်းလေးသဖွယ် နူးညံ့သော ကောင်မလေးက သူ့ရှေ့၌ သေသွားရပြီး ထိုသို့သေရခြင်းမှာလည် သူ့ကို ကာကွယ်၍ ဖြစ်နေသည်။

“သွားမယ်၊ အတူတူ ထွက်ပြေးကြမယ်လေ”

နန်ကုန်းလင်က သူ့အရှေ့မှ နတ်ဆိုးမျိုးနွယ်များကို အော်ပြောလိုက်သည်။

“ထွက်ပြေးမယ် ဟုတ်လား၊ ဟားဟားဟား”

ထိုအခါ နတ်ဆိုးမျိုးနွယ်များက ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ပြိုင်တူ ရယ်မောလာ၏။

“မင်းတို့ … ဘာကို ရယ်တာလဲ”

ဤလူများ ရယ်နေသည်ကို မြင်သော် နန်ကုန်းလင် အံ့ဩကာ တုန်ယင်သွားသည်။ ထိုအပြုံးက သူ့ကို ကျောချမ်းစေ၏။

“နတ်ဆိုးတွေက ဘယ်တော့မှ ထွက်မပြေးဘူး”

လူတစ်ယောက်က အသံနက်ဖြင့် အော်ပြောလာ၏။ သူတို့ ရှုံးနိုင်သည်။ သူတို့ သေနိုင်၏။ သို့သော် သူတို့ ဘယ်သောအခါမှ ထွက်မပြေးပါ။ အဘယ်ကြောင့်ဆိုသော် သူတို့က နတ်ဆိုးမျိုးနွယ်များ ဖြစ်သောကြောင့်ပင်။

ယနေ့ခေတ်တွင် နတ်ဆိုး အငွေ့အသက် အင်ပါယာတစ်ခုလုံးက ယဲ့ဖန်ကို လေးစားပြီး နတ်ဘုရားတစ်ပါးဟု မှတ်ယူထားကြသည်။ လူတိုင်းက ယဲ့ဖန်ကို မသိစိတ်မှတစ်ဆင့် အတုယူမိသည်။

ယဲ့ဘုရင် လက်အောက်မှ နတ်ဆိုးစစ်တပ်သည် လက်လျှော့ အညံ့ခံမည့်အစား သေသည်အထိ တိုက်ခိုက်ကြသည်ကို သူတို့အားလုံး သိထားကြသည်။

ယခု သူတို့လည်း နတ်ဆိုးမျိုးနွယ် ဖြစ်လာသဖြင့် ဘယ်လိုလုပ် ယဲ့ဘုရင်၏ ကျော်ကြားမှုကို ဖျက်နိုင်ပါမည်နည်း။

နတ်ဆိုးအငွေ့အသက် အင်ပါယာတွင် သေမည်ကို ကြောက်သောသူများ မရှိဘဲ သေသည်အထိ တိုက်ပွဲဝင်မည့် လူများသာ ရှိကြောင်းကို ကိုးပြည်နယ်မှ လူတိုင်းအား သူတို့ သိစေချင်၏။

ထိုစကားကိုကြားသောအခါ နန်ကုန်းလင် တုန်လှုပ်သွားပြီး ကြက်သေ သေသွားလေသည်။ သူ မယုံနိုင် ဖြစ်နေသည်။ ထို့ထက်ပို၍ လက်ခံရ ခက်နေလေသည်။ မျက်စိရှေ့မှ မြင်ကွင်းက သူ့အား ရူးစေလေ၏။

“ရူးနေပြီ၊ မင်းတို့အားလုံး ရူးနေပြီ”

*သူတို့ သေမယ်ဆိုတာကို သိနေတာတောင် သေမှာကို မကြောက်ဘူးတဲ့၊ အရူးတွေပဲ”

“သတ်”

နန်ကုန်းလင် သတိမဝင်ခင်မှာပင် ထိုနတ်ဆိုးများက ရွှေခြင်္သေ့ဘုရင်ထံ ပြေးတက်သွားကြသည်။

“မလုပ်နဲ့ မလုပ်နဲ့ အသေမခံနဲ့”

နန်ကုန်းလင် အော်ဟစ်ပြီး အနောက်မှ လိုက်သွားသည်။ မသိစိတ်က ဤအခွင့်အရေးကို အသုံးချ၍ ထွက်ပြေးသင့်ကြောင်း ပြောနေသည်။ သူ့ခွန်အားက ရွှေခြင်္သေ့ဘုရင်နှင့် အခြားသူများကို မယှဉ်နိုင်သော်လည်း သူ ပြေးမည်ဆိုလျင် ရွှေခြင်္သေ့ဘုရင်နှင့် အခြားသူများက သူ့ကို လိုက်ဖမ်းနိုင်မည် မဟုတ်ပါ။

သို့သော် သူ့ခန္ဓာကိုယ် ထိန်းချုပ်မရစွာ အရှေ့သို့ ပြေးတက်သွားသည်။

“အလကားကောင်တွေ အကုန် သေလိုက်”

ရွှေခြင်္သေ့ဘုရင်က အားပါးတရ ရယ်မော၍ ဒေါသတကြီး ရိုက်ချလေသည်။ သူ့အရှေ့မှ နတ်ဆိုးများကို အားဖြင့် ရိုက်နှက်လိုက်သည်။ ကြီးမားသော ရိုက်ချက်အဟုန် ကျဆင်းလာသည်။ ဤလက်ဝါးချက်က မည်သူ့ကိုမဆို အသားပြား ဖြစ်စေနိုင်၏။

နတ်ဆိုးများအားလုံး အမူအရာ ပြောင်းလဲသွားသည်။ သူတို့၌ ဘာဖြစ်လာမလဲ သတိထားမိကြလေသည်။ မျက်နှာက စက္ကူစတစ်ခုလို ဗလာဖြစ်နေပြီး မျက်လုံးကိုမှိတ်၍ သေခြင်းကို စောင့်ဆိုင်းနေကြသည်။

“ဝုန်း”

သို့သော် ထိုအချိန်၌ အသံကျယ်တစ်ခု ထွက်လာသော်လည်း သူတို့ အသားပြား ဖြစ်မသွားချေ။ လူတိုင်း မယုံသင်္ကာဖြင့် မျက်လုံးဖွင့်ကြည့်သောအခါ နန်ကုန်းလင်က သူတို့အရှေ့၌ ရပ်နေပြီး ရွှေခြင်္သေ့ဘုရင်၏ ဧရာမ လက်ကို လက်တစ်ဖက်ဖြင့် ဖမ်းကိုင်ထားသည်ကို တွေ့လိုက်ရသည်။

ကြီးမားသော ခွန်အားကြောင့် နန်ကုန်းလင်၏ အရိုးများ ကျိုးကြေကာ တစ်ကိုယ်လုံး လဲပြိုလုနီးပါး ဖြစ်နေသည်။ ထိုအခါ နတ်ဆိုးမျိုးနွယ်များအားလုံး အံ့အားသင့်သွားကြသည်။

“ငါတို့ မင်းကို သွားခိုင်းတယ် မဟုတ်လား၊ ဘာလို့ မင်းက …”

နန်ကုန်းလင်က အေးစက်စက် အပြုံးမျိုး ပြုံးလိုက်သည်။

“မင်းတို့ လာနောက်နေတာလား၊ ငါလည်း နတ်ဆိုးမျိုးနွယ်ပဲ၊ ငါ့ကို ထွက်ပြေးခိုင်းတယ်ပေါ့၊ ရမလား”

သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သေခြင်းအား ဂုဏ်ယူမိနေသည်။ နန်ကုန်းလင် ထူးဆန်းသော အပြုံးမျိုး ပြုံးလိုက်မိသည်။ ဤအရူးတစ်သိုက်နှင့် အတူ သေရခြင်းကလည်း မဆိုးဘူးဟု တွေးမိလိုက်သည်။

အတိတ်အခါက သူ့စိတ်ထဲတွင် ဤနတ်ဆိုးများသည် ပုရွက်ဆိတ်တစ်သိုက်၊ အလကားလူတစ်စုနှင့် မရှိလျင်လည်း ဖြစ်သော လူများဟု ထင်မှတ်ခဲ့သည်။ အထင်သေးရန် မဆိုထားနှင့်၊ အရေးပင် မစိုက်ခဲ့ချေ။

သူသည် နတ်ဘုရင်အဆင့် ဖြစ်သောကြောင့် ပုရွက်ဆိတ်တစ်သိုက်၏ သေခြင်းရှင်ခြင်းကို အဘယ်ကြောင့် ဂရုစိုက်ရမည်နည်း။

သို့သော် ယခုအခါ၌ သူသည် သူတို့နှင့်အတူ သေချင်စိတ် ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် ဤလူများကို သူ၏ တစ်ပြည်တည်းသားများဟု သတ်မှတ်လိုက်သောကြောင့်ပင်တည်း။

All Chapters