အခန်း ၁၆၁၁
Vol. 108 Ch. 1611
Chapter 1611 ခေါင်းပြတ်တစ်လုံး
ယွိကျဲ့နယ်မြေက ဆင့်ခေါ်လိုက်သည်နှင့် ၎င်းက ဟင်းလင်းပြင်မှ ပြန်ရောက်လာပေလိမ့်မည်။
“ငရဲမြွေမိစ္ဆာက ဟင်းလင်းပြင်မှ မွေးလာတဲ့ သက်ရှိတစ်ကောင်လို့ ကောလာဟလ ရှိတယ်၊ နောက်ပိုင်းမှ ယွိကျဲ့နယ်မြေ သခင်ရဲ့ ဉာဏ်အလင်းပေးမှုကြောင့် အင်မော်တယ် ဧကရာဇ်အဆင့်ကို တက်ရောက် သွားနိုင်ပြီးတော့ ယွိကျဲ့နယ်မြေရဲ့ ကြောက်စရာ အကောင်းဆုံး စောင့်ရှောက်သူ ဖြစ်လာတာတဲ့”
“ဟင်းလင်းပြင်ထဲမှာ ငရဲမြွေမိစ္ဆာက အသက်ဓာတ်အတွက် ဂြိုဟ်တွေကို ဝါးမျိုတယ်၊ သူ့ပါးစပ်ထဲ သေသွားတဲ့ သက်ရှိတွေက သန်းတစ်ရာ ကျော်နေပြီ”
ရောက်လာသူက ငရဲမြွေမိစ္ဆာမှန်း သိလိုက်ရသောအခါ နတ်ဆိုးများအားလုံး ဆောက်တည်ရာမရ ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အနိုင်မယူနိုင်သော ရန်သူကြီး ဖြစ်နေသောကြောင့်ပင်။
အင်မော်တယ် ဧကရာဇ်အဆင့်။
နတ်ဆိုး အငွေ့အသက် အင်ပါယာတစ်ခုလုံး၌ အရှင် ယဲ့ဘုရင်သာ ၎င်းကို ယှဉ်နိုင်ပေသည်။ အခြားသူများ ရင်ဆိုင်လျင် သေလမ်းသာ ရှိပေမည်။
“ဒီတစ်ခါတော့ ငါတို့ သေရပြီ ထင်တယ်”
နတ်ဆိုးမျိုးနွယ်များ ကြံရာမရ အော်ဟစ်ကာ ငိုကြွေးလာ၏။
“ဟားဟားဟား ငရဲမြွေမိစ္ဆာ ရောက်လာပြီ၊ မင်းတို့အားလုံး သေရတော့မယ်”
မိစ္ဆာဘုရင်နှစ်ပါးလုံး စိတ်ထဲ၌ ပျော်ရွှင်နေသည်။ သူတို့က ယဲ့ဖန်၏ ပြိုင်ဘက် မဟုတ်သော်လည်း ငရဲမြွေမိစ္ဆာက သေချာပေါက် ယဲ့ဖန်ကို သတ်နိုင်ပေမည်။
နတ်ဆိုး အငွေ့အသက် အင်ပါယာတစ်ခုလုံးတွင် ယဲ့ဘုရင် တစ်ယောက်တည်းသာ ငရဲမြွေမိစ္ဆာကို ရင်ဆိုင်နိုင်သည်။ ကျန်သူများအတွက်မူ ဘယ်သူ လာလာ သေရပေလိမ့်မည်။
“ငါ့ကို ဒဏ်ရာ အပြင်းအထန် ရအောင် လုပ်ခဲ့တာ၊ စောင့်နေ မင်း သေရလိမ့်မယ်”
သူတို့နှစ်ယောက်၏ မျက်လုံးတွင် ခက်ထန်မှုများ ပြည့်နှက်နေကာ ရန်လိုစိတ် အပြည့် ဖြစ်နေ၏။ သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်က သေလူ ဖြစ်နေပြီးလေပြီ။
နန်ကုန်းလင်သည်လည်း မချိပြုံး ပြုံးနေ၏။ သူ သေခြင်းတရားမှ လုံးဝ မလွတ်မြောက်နိုင်သည့်ပုံပင်။
“လူကြီးမင်း ခင်ဗျား မြန်မြန် ထွက်သွားပါ၊ ငရဲမြွေမိစ္ဆာ ရောက်မလာခင် အသက်ရှင်နိုင်မယ့် အခွင့်အရေး ရှိမှာပါ’
“ဟုတ်တယ် လူကြီးမင်း ကျုပ်တို့ကို ထားခဲ့ပါ၊ အခု အခြေအနေက ဆုံးဖြတ်ပြီးသား ဖြစ်နေပြီ၊ ကျုပ်တို့က သေဖို့ ကံပါလာပြီးသား၊ ကျုပ်တို့လို သေလူအတွက် ခင်ဗျားအသက် စတေးဖို့ မလိုပါဘူး”
“လူကြီးမင်း သွားပါတော့”
“ဟုတ်တယ် အရမ်း နောက်မကျခင် သွားပါ”
နန်ကုန်းလင်တောင်မှ တူညီသော စကားကို ပြောလာသည်။
“အစ်ကိုကြီး ခင်ဗျား သွားလိုက်ပါ၊ ကျုပ်တို့ကို ထားခဲ့ပါတော့၊ အရှင်ယဲ့ဘုရင်ဆီ သွားပြီး ကျုပ်တို့အတွက် လက်စားချေဖို့ တောင်းဆိုပါ”
သို့သော် ယဲ့ဖန်က ဥပေက္ခာပြုထားပြီး ဟင်းလင်းပြင်အား ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် မော့ကြည့် နေသည်။
“ဆိုတော့ ငါ သူ့ကို သတ်နိုင်သရွေ့ မင်းတို့ ကြံရာမရ ဖြစ်လာမယ်ပေါ့ ဟုတ်တယ်မလား”
*ဘာ*
မိစ္ဆာဘုရင် နှစ်ပါးလုံး အံ့ဩသွားပြီးမှ ထရယ်လေသည်။
“ငရဲမြွေမိစ္ဆာကို သတ်မယ် ဟုတ်လား၊ မင်း လာနောက်နေတာလား၊ ငရဲမြွေမိစ္ဆာက ဟင်းလင်းပြင် သားရဲပဲ၊ ငါ့အရှင်သခင်တောင် မသတ်နိုင်တာ၊ မင်းက ဘာမို့လို့လဲ”
သိမ်းငှက်ဘုရင်က အထင်သေးစွာ ပြောလာသည်။ ရှုံးသည်နှင့် ငရဲမြွေမိစ္ဆာက ဟင်းလင်းပြင်ထဲ ပြန်ခုန်ဆင်းနိုင်ပြီး အစအနမရှိ ထွက်ပြေးနိုင်သည်။
ထို့အပြင် ငရဲမြွေမိစ္ဆာသည် အင်မော်တယ် ဧကရာဇ်အဆင့် ဖြစ်သည်။ ၎င်းက ဘယ်လိုလုပ် ရှုံးပါမည်နည်း။
“အရူးကောင်၊ မင်း သေတဲ့အထိ ခေါင်းမာနေလိုက်၊ ငရဲမြွေမိစ္ဆာ ရောက်လာမှ မင်း ငိုမနေနဲ့”
မိစ္ဆာဘုရင် နှစ်ပါးလုံးက အထင်အမြင်သေးသော အပြုံးများ ပြုံးနေကြပြီး တစ်ထောင့်တစ်ည ပုံပြင်ကို နားထောင်နေရသကဲ့သို့ ထင်နေသည်။
*ငရဲမြွေမိစ္ဆာကို သတ်မယ် ဟုတ်လား*
*ဒီကောင် စိတ်လွတ်နေတာလား*
“သွားတော့ အချိန်ဖြုန်းမနေနဲ့၊ ငရဲမြွေမိစ္ဆာကို ယဲ့ဘုရင်ပဲ ရင်ဆိုင်နိုင်စွမ်း ရှိတာ၊ မင်းက လုံးဝ ပြိုင်ဘက် မဟုတ်ဘူး၊ မင်း ငါ့အဖြစ်ကနေ သင်ခန်းစာ မရဘူးလား”
နန်ကုန်းလင် အလွန် စိုးရိမ်ကာ ချွေးပြန်နေ၏။ ဤလူက သူ့ထက်ပင် ပိုရူးမိုက်သေးသည်။ သူသည် သုံးယောက် တစ်ယောက် တိုက်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤလူက သူ့ထက်ပင် ပိုရူးမိုက်၍ မဖြစ်နိုင်သောအရာကို စိန်ခေါ်နေသည်။
*ဒါ ဖြစ်နိုင်ပါ့မလား*
“စိတ်မပူနဲ့၊ ဒါ တီကောင်ရှည်လေးပဲကို၊ ငါ သူ့ကို သတ်နိုင်တယ်”
ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။
*တီကောင်ရှည် ဟုတ်လား*
*ရူးနေပြီ*
*ဒီလူ သေချာပေါက် ရူးနေပြီ*
“အရူး”
နန်ကုန်းလင် အောက်ငေါက်လိုက်မိသည်။
“အဲ့ဒါက ငရဲမြွေမိစ္ဆာကွ၊ အင်မော်တယ် ဧကရာဇ်အဆင့် ရှိတဲ့ကောင်၊ ဂြိုဟ်တွေကို စားသုံးလာတာ၊ လေဟာနယ်ကို အိပ်ရာလို သဘောထားနေတဲ့ကောင်ကွ၊ သူ ဘယ်လောက် ကြောက်ဖို့ကောင်းလဲ မင်း မသိဘူး၊ မင်း သူရဲ့ ရင်ဆိုင်ရင် သေချာပေါက် သေမှာပဲ”
*ဒီအရူးက သူ့စိတ်ထဲ ဘာတွေ တွေးနေတာလဲ*
နတ်ဆိုးများတောင်မှ ယဲ့ဖန် မောက်မာလွန်းသည်ဟု ခံစားမိနေသည်။
*သေချင်နေတာပဲ*
“တကယ်လား ဒါဆို စမ်းကြည့်တာပေါ့”
ယဲ့ဖန်က အသာပြုံး၍ ရှေ့တိုးကာ အဝေးသို့ လျှောက်သွားသည်။ ထိုစဉ် နန်ကုန်းလင်က ယဲ့ဖန်၏ ဖိနပ်ကို ဆွဲဖက်လာသည်။
ယဲ့ဖန် မယုံသင်္ကာဖြင့် နောက်လှည့်၍ သူ့ကို မျက်မှောင်ကြုတ်ကာ ကြည့်လေသည်။
“မင်း ဘာလုပ်တာလဲ”
“ငါ့အသက်သခင် ကျေးဇူးရှင် သေတာကို ငါ ကြည့်မနေနိုင်ဘူး”
နန်ကုန်းလင်က မျက်ရည်တို့ဖြင့် ပြောလာသည်။
“ကျေးဇူးပြုပြီး ထွက်သွားပါ၊ ငါ တောင်းပန်ပါတယ်၊ ထွက်သွားပါတော့ ကျေးဇူးပြုပြီး”
သူ ဒူးထောက်ရမည်ဆိုလျင် သူ ယဲ့ဖန်ကို ဒူးထောက်မည် ဖြစ်သည်။ သူနှင့်ယှဉ်လျင် ယဲ့ဖန်က နတ်ဆိုးတို့၏ မျှော်လင့်ချက် ဖြစ်သည်။ သူက ပို၍ အသက်ရှင်ရန် ထိုက်တန်ပေသည်။
“မင်း ငါ့ကို တားနိုင်လို့လား”
ယဲ့ဖန်က ပျယ်ရယ်ပြု၍ ခြေထောက်ကို ခါလိုက်ပြီးနောက် ကောင်းကင်ယံထံ ပျံတက်သွားပြီး ဟင်းလင်းပြင် အက်ကြောင်းထံ ဦးတည်သွားသည်။
*ချီးပဲ*
နန်ကုန်းလင် အံကြိတ်လုမတတ် ဖြစ်နေပြီး မျက်ရည်ကျကာ ဒေါသဖြင့် အော်လိုက်သည်။
“အရူး အရူး မင်း သေလိမ့်မယ်ကွ”
သူ့မျက်နှာတွင် စိတ်ပျက်မှုတို့ဖြင့် ပြည့်နှက်နေပြီး ယဲ့ဖန်ကို မတားနိုင်သည့်အတွက် သူ့ကိုယ်သူ မုန်းတီးနေ၏။ ယဲ့ဖန်ကဲ့သို့ သူရဲကောင်းက ဤလိုနေရာ၌ မသေသင့်ပေ။
ဤသည်ကိုမြင်သော် အခြားသူများသည်လည်း ယဲ့ဖန်ကို ကြောင်၍ ငေးကြည့်နေပြီးနောက် နောင်တရဟန် ပေါ်လာသည်။
“ဒီလူက တကယ် ဦးနှောက်ပြဿနာ ရှိတာပဲ၊ သူက ဟင်းလင်းပြင်ဆီ သွားပြီး ငရဲမြွေမိစ္ဆာကို တိုက်ရဲတယ်၊ ဟင်းလင်းပြင်က ငရဲမြွေမိစ္ဆာရဲ့ အိမ်ပဲကို၊ ငါ့အရှင်သခင်တောင် ငရဲမြွေမိစ္ဆာရဲ့ ပြိုင်ဘက် မဟုတ်တာ”
သိမ်းငှက်ဘုရင် ရယ်နေ၏။ ယခု ယဲ့ဖန် မသေရန် မဖြစ်နိုင်ပေ။ သူသည် မောက်မာလွန်းပြီး အသက်ရှင်ရတာကို ပင်ပန်းနေလေပြီ။
ထိုစကားကိုကြားသော် နတ်ဆိုးများသည် ယဲ့ဖန် သေလိမ့်မည်ဟု ပိုသေချာလာသည်။
“ပြီးတော့ မင်းတို့မျိုးမစစ်ကောင်တွေ၊ ခုနက မင်းတို့ ကြွားဝါးနေတာ မဟုတ်လား”
မြွေဘုရင်၏ ကောက်ကျစ်သော အကြည့်များက နတ်ဆိုးများထံ ကျရောက်လာသည်။
“ငါ မင်းတို့ တစ်ယောက်ချင်းစီကို မျိုချမယ့်အချိန်ကို စောင့်နေလိုက်”
သူ ဒဏ်ရာ အပြင်းအထန် ရထားသော်လည်း ဤပုရွက်ဆိတ်တစ်သိုက်အား အသာလေး သတ်နိုင်ပါသည်။ ထိုစကားကိုကြားသော် နတ်ဆိုးများ ထိတ်လန့်လာပြီး မျက်နှာ ဖြူရော်လာ၏။
“ဝုန်း”
ရုတ်တရက် ကောင်းကင်ထက်မှ ကြောက်စရာကောင်းသော တုန်ခါသံ ထွက်ပေါ်လာပြီး မိုးခြိမ်းသံထက် ပိုကြောက်စရာကောင်းသော အသံက တိမ်တိုက်အတွင်း မြည်ဟီးနေသည်။
လူတိုင်း အံ့ဩသွားပြီး ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။
*ဟင်းလင်းပြင်ထဲမှာ စစ်ပွဲ စနေပြီလား*
“မင်းတို့ မျှော်လင့်ချက် ထားထားတဲ့ အဲ့ကောင် အခုဆို ငရဲမြွေမိစ္ဆာရဲ့ အစာဖြစ်နေလောက်ပြီ”
သိမ်းငှက်ဘုရင် အပြုံးကြီးပြုံး၍ ဂုဏ်ယူစွာ မျက်ခုံးပင့်ပြနေသည်။
“အဲ့ကောင် အသားမပြည့်တာ နှမျောစရာပဲ၊ ငရဲမြွေမိစ္ဆာအတွက် နံကြားတောင် ကပ်မယ် မထင်ဘူး”
မြွေဘုရင်ကလည်း အားပါးတရ ရယ်နေသည်။
“ဝုန်း ဝုန်း ဝုန်း”
ကြောက်စရာကောင်းသော အသံများ ဆက်တိုက် ထွက်ပေါ်နေပြီး စစ်ဗုံတီးသကဲ့သို့ မြည်ဟီးနေကာ အရှိန်အဝါက ထည်ဝါလှသည်။
သို့သော် ဆူညံသံတိုင်းက နန်ကုန်းလင်နှင့် အခြားသူများကို ဆောက်တည်ရာမရ ဖြစ်စေ၏။ ယဲ့ဖန် ငရဲမြွေမိစ္ဆာ၏ အသတ်ခံရမည့် မြင်ကွင်းကို သူတို့ မြင်ယောင်နေလေပြီ။
“ဘာလို့ ဒီလိုဖြစ်ရတာလဲ၊ ငါ အခုမှ နတ်ဆိုးမျိုးနွယ်ရဲ့ အပြုအမူ ခံယူချက်ကို သိမြင်လာတာကို”
နန်ကုန်းလင် ရှိုက်ငိုနေကာ စိတ်ထဲ၌ အလွန် အပြစ်ရှိသလို ခံစားနေရသည်။ ယဲ့ဖန်က သူ့အသက်ကို ကယ်ခဲ့သော်လည်း သူ ယဲ့ဖန်ကို မကယ်နိုင်ခဲ့ချေ။
“ဘုန်း”
ရုတ်တရက် အနက်ရောင် အရိပ်တစ်ခု လေဟာနယ်ထဲမှ ကျလာပြီး မြေကြီးပေါ် အရှိန်ဖြင့် ကျလာသောကြောင့် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
လူတိုင်း သေချာ ကြည့်လိုက်ပြီးနောက် ကြက်သီးမွေးညင်း ထသွားသည်။ အဘယ်ကြောင့်ဆိုသော် ဟင်းလင်းပြင် အက်ကြောင်းမှ ကျလာသော အရာက ဦးခေါင်းပြတ်တစ်လုံး ဖြစ်နေသောကြောင့်ပင်။
ကြီးမားသော သားရဲဦးခေါင်း ဖြစ်လေ၏။ ငရဲမြွေမိစ္ဆာ၏ ဦးခေါင်းပင်တည်း။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဂုဏ်ယူနေသော မိစ္ဆာဘုရင် နှစ်ပါးလုံး ဆွံ့အသွားသည်။ သူတို့ မျက်လုံးပြူးကာ မျက်စိရှေ့မှ ဦးခေါင်းပြတ်အား မယုံနိုင်သလို ကြည့်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။
ဤအဖြစ်က အမှန်တရားဖြစ်ကြောင်း မယုံနိုင် ဖြစ်နေကြသည်။ ကြက်သီးထကာ သည်းခြေပျက်နေ၏။
ထိုအခိုက်တွင် ဘာအသံမှ ထွက်မလာပေ။ လူတိုင်း၏ စိတ်ထဲ၌ ဘာအတွေးမှ မရှိဘဲ ဗလာ ဖြစ်နေ၏။ ဤမြင်ကွင်းကြောင့် အားလုံး ကြက်သေ သေနေသည်။
ခေါင်းဖြတ်ခံလိုက်ရသူက ငရဲမြွေမိစ္ဆာ ဖြစ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ထို့အပြင် သူ၏ ကိုယ်ပိုင် ဟင်းလင်းပြင်၌ တစ်စုံတစ်ယောက်၏ ခေါင်းဖြတ်ခြင်း ခံလိုက်ရသည် မဟုတ်ပါတကား။ မယုံနိုင်စရာပင်။
ထိုစဉ် ကောင်းကင်ယံမှ ပျက်စီးကိန်း ပုံရိပ် ဆင်းသက်လာသည်။ သူသည် ခြေအစုံဖြင့် ငရဲမြွေမိစ္ဆာ၏ ဦးခေါင်းပြတ်ကို နင်းထားသည်။
ယဲ့ဖန်က ဘာဒဏ်ရာမှ မရပေ။ ဤအဖြစ်က မိစ္ဆာဘုရင်နှစ်ပါးအား ဆောက်တည်ရာမရ ဖြစ်သွားစေသည်။
*ဟင်းလင်းပြင်နယ်မြေထဲမှာ ငရဲမြွေမိစ္ဆာနဲ့ တိုက်ခိုက်တာကို ဒီလူက ဘာဒဏ်ရာမှ မရဘူးလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လူတိုင်း လည်ညှစ်ခံထားရသကဲ့သို့ ခံစားနေရပြီး တစ်လုံးမှ မပြောနိုင်ဘဲ အမူအရာက တောင့်တင်းနေ၏။ ဤအဖြစ်၏ ထိတ်လန့်စရာ ကောင်းပုံက ဂြိုဟ်တစ်လုံး ဝင်တိုက်ခြင်းကြောင့် ဖြစ်လာသော ထိတ်လန့်မှုထက် မလျော့ချေ။
*ဒီလူ တကယ် နိုင်သွားပြီ*
*ဖိနှိပ်တဲ့ ဟန်ပန်နဲ့ တကယ် နိုင်သွားခဲ့ပြီ*
ဟင်းလင်းပြင်၌ ဘာဖြစ်ခဲ့သလဲ မည်သူမှ မသိပါ။ သို့သော် ငရဲမြွေမိစ္ဆာအတွက် အခြေအနေက ဆိုးနိုင်ကြောင်း သေချာပေါက် သိနေသည်။
နန်ကုန်းလင်သည်လည်း အံ့ဩကာ ယဲ့ဖန်အား မယုံနိုင်သလို ကြည့်နေသည်။ သူ့မျက်နှာပေါ်မှ မျက်ရည်ကိုပင် သုတ်ရန် မေ့နေကာ မျက်လုံးများ ပြူးကျယ်နေ၏။
*နိုင်ပြီ*
*တကယ် နိုင်သွားတာ*
*ဒါက*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လူတိုင်းနီးပါး ယဲ့ဖန် သေမည်ဟု ထင်ထားသော်လည်း သူက ဘုရင်တစ်ပါး၏ ဟန်ပန်ဖြင့် ပြန်လာပြီး ငရဲမြွေမိစ္ဆာ၏ ဦးခေါင်းကိုပါ ပြန်ယူလာခဲ့သည်။
ထိုအခိုက်တွင် အားလုံးက ယဲ့ဖန်၏ ကျောပြင်ကို ငေးကြည့်ရင်း သိချင်စိတ်တို့ ပြည့်နှက်လာသည်။
*ဒီလူက ဘယ်သူလဲ*
လီဝေ့ အသာပြုံးနေသည်။
*ဒီလိုပဲ ထပ်ဖြစ်ပြန်ပြီ*
*ဒီလောကမှာ သူ မလုပ်နိုင်တာ မရှိဘူးပဲ*
သူမ စိတ်လှုပ်ရှားနေသည်၊ ဝမ်းသာနေသည်။ ထို့အပြင် ချစ်ခင်မိနေ၏။
ဤသို့သောလူနှင့် နေ့ရောညပါ အတူနေနိုင်ကြ သည့်အတွက် သူမ ယဲ့ဖန်အနားမှ အမျိုးသမီးများအားလုံးကို မနာလို ဖြစ်မိသည်။
ဤသို့သောလူက တစ်ချက် ကြည့်လာလျင် မမူးဝေဘံ မနေနိုင်ပါ။ အင်ပါယာတစ်ခုလုံး၌ ယဲ့ဖန်နှင့် တစ်ညသာ အတူကုန်ဆုံးရလျင် သေလည်း တန်သည်ဟု တွေးနေသူက မည်မျှ များများရှိလဲ မသိနိုင်တော့ပေ။
ထိုအခိုက်တွင် လီဝေ့၌ ဤသို့သော အကြံမျိုး ဝင်လာ၏။ အဘယ်မိန်းကလေးက သူ၏ ကလေးကို မလိုချင်ဘဲ ရှိမည်နည်း။ ဘယ်သူက ယဲ့ဖန်ကို မချစ်ဘဲ နေနိုင်ပါမလဲ။
“မင်းက ဘာကောင်လဲ”
ထိုအခိုက်တွင် သိမ်းငှက်ဘုရင်၏ မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်ကာ သံကုန် အော်ဟစ်လာ၏။ လက်ရှိ သူ ကြောက်လန့် ရူးသွပ်နေ၏။
ငရဲမြွေမိစ္ဆာ၏ ခေါင်းပြတ် ကျလာသည်ကို မြင်ကတည်းက သူ့ကြောက်စိတ်ကို ထိန်းမရလုနီးပါး ဖြစ်လာသည်။
*ငရဲမြွေမိစ္ဆာကို ဟင်းလင်းပြင် နယ်မြေထဲမှာ သတ်ပြီး ဘာအထိအခိုက်မှ မရှိဘဲ ပြန်လာတယ်လား*
*ယွိကျဲ့နယ်မြေသခင်တောင် အဲ့လို မလုပ်နိုင်ဘူးလေ*
*ဒီလူက တကယ်ကို လူမဟုတ်တာပဲ*
ယဲ့ဖန်က သူ့ကို ကြည့်၍ တစ်ခွန်းသာ ပြောလိုက်သည်။
“ယဲ့ဘုရင်”
ထိုစကားလုံးက လူတိုင်းကို အမြင့်ဆုံးအခြေအနေအထိ ထိတ်လန့်သွားစေသည်။ ထိုအချိန်တွင် အားလုံး အလန့်တကြား ဖြစ်နေကာ မွန်းကျပ်ပြီး အသက်ပင် မရှူနိုင် ဖြစ်နေသည်။
လူတစ်ချို့သည် ရင်ဘတ်ကို လက်ဖြင့်အုပ်ထားကြပြီး ရင်တဒိန်းဒိန်းခုန်၍ သွေးတိုးနေသည်ကို ခံစားနေရသည်။
မိစ္ဆာများအားလုံး နဖူးကို လက်ဖြင့်အုပ်ကာ အဆက်မပြတ် သွေးတိုးနေသည်ဟု ခံစားရကာ တစ်ကိုယ်လုံး သေမလို ဖြစ်နေကြသည်။
ထိုအခိုက်၌ ငိုသံများ ပဲ့တင်ထပ်လာ၏။