← Chapters

အခန်း ၁၆၁၄

Vol. 108 Ch. 1614

အခန်း ၁၆၁၄

Vol. 108 Ch. 1614

Chapter 1614 ဆိုးရွားသော နိုင်ငံရေး ဆက်ဆံမှု

“ခင်ဗျား ယဲ့ဘုရင်ကို နားမချနိုင်ဘူးလို့ ထင်နေတာလား”

အန်းလွီဟိုင်က လှောင်ရယ်ကာ ခနဲ့လေသည်။

“နိုင်ငံရဲ့ အရှင်သခင်က သူ့ခွေးကို မထိန်းနိုင်တာ ရယ်ချင်စရာပဲ”

*ဘာ*

ထိုစကားကို ကြားသောအခါ ညီလာခံ ခန်းမတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။

အန်းလွီဟိုင်က ပိုင်ရွှယ်ကို မထီလေးစား လုပ်သည့်အပြင် ယဲ့ဘုရင်ကိုပါ စော်ကားရဲသည်တဲ့လား။

ယနေ့ခေတ်တွင် အင်ပါယာတွင်း၌ ယဲ့ဘုရင်၏ ဂုဏ်သိက္ခာသည် ပိုင်ရွှယ်ထက် မြင့်မားနေ၏။ သူသည် ခေတ်ကာလ၏ ကြီးမြတ်သော လူဖြစ်သည်။ နတ်ဆိုးတိုင်းက သူ့ကို ချစ်ခင်ပြီး လေးစားသည်။ သို့သော် အန်းလွီဟိုင်က သူတို့အရှေ့၌ သူ့ကို စော်ကားရဲသည်တဲ့လား။

ထို့အတူ တစ်နိုင်ငံလုံးတွင် ဒေါသတကြီး ဆဲဆိုသံများ ထွက်ပေါ်လာ၏။ ဤလူများ၏ အမြင်တွင် ယဲ့ဖန်သည် ရန်စ၍ မရနိုင်သော ပုဂ္ဂိုလ် ဖြစ်ပြီး အန်းလွီဟိုင်၏ အပြုအမူက လူအများအား ဒေါသထွက်စေသည်။

“ထပ်မပြောနဲ့တော့၊ မဟုတ်တမ်းတရားတွေ ပြောနေတာ၊ စစ်ပွဲပဲ စမယ်”

“ဟုတ်တယ် ငါတို့နတ်ဆိုးတွေက သေမှာမကြောက်ဘူး၊ သူတို့ ငါတို့ကို အထင်သေးရဲမယ်ဆိုရင် တန်ကြေးကို သွေးနဲ့ ပေးဆပ်ရမယ်”

“စစ်တိုက်လိုက်၊ ငါ့အသက်ကို ပေးလှူမယ်”

နတ်ဆိုးမျိုးနွယ်များသည် အလွန် စိတ်လှုပ်ရှားကာ အန်းလွီဟိုင်၏ ယဲ့ဖန်အပေါ် စော်ကားမှုအား သည်းမခံနိုင်တော့ပေ။ ယင်းက သူတို့အားလုံးအတွက် မလုပ်သင့်သော လုပ်ရပ်ပင်။

“အမတ်အန်း စကားအပြောအဆို သတိထားပါ”

ပိုင်ရွှယ်၏ လေသံသည်လည်း အနည်းငယ် အေးစက်လာသည်။ သူမရှေ့၌ မည်သူမှ သူမလူကို စော်ကား၍ မရနိုင်ပါ။ အန်းလွီဟိုင် မဆိုထားနှင့် ယန်နိုင်ငံ၏ ဘုရင်ကိုတောင်မှ ခွင့်မပြုနိုင်ပေ။

အန်းလွီဟိုင်က မျက်နှာသာပေးရမည့်အစား ပြန်ငေါက်လာ၏။

“အရေးမပါတာတွေ ပြောမနေနဲ့၊ ကျုပ်တို့ ခင်ဗျားကို အချိန် လုံလုံလောက်လောက် ပေးပြီးပြီ၊ လူကိုယ်တိုင် လာတွေ့တာနဲ့တင် မျက်နှာသာပေးရာ ကျနေပြီ၊ ခင်ဗျား မလွန်ဖို့ သတိပေးလိုက်မယ်၊ အရှက်မဲ့လိုက်တာ”

ထိုစကားက ခြိမ်းခြောက်ခြင်း ဖြစ်နေလေပြီ။ အန်းလွီဟိုင်က ပိုင်ရွှယ်ကို လုံးဝ ဥပေက္ခာ ပြုထားသည်။ အဘယ်ကြောင့်ဆိုသော် ပိုင်ရွှယ်က နို့နံ့ပင်မစင်သေးသော ကလေးအရွယ်လေးပင် ရှိသေးသော်လည်း နိုင်ငံ၏ အရှင်သခင် ဖြစ်လာသည် မဟုတ်ပါလော။

ဤသို့သော နိုင်ငံတွင် အနာဂတ် ရှိပါဦးမည်လား။

အန်းလွီဟိုင်၏ အမြင်တွင် ပိုင်ရွှယ်က ကြားခံလူဟု မြင်နေ၏။ ယဲ့ဘုရင်၏ မူမမှန်သော အရွယ်မရောက် သေးသည့် ကလေးငယ်များကို စိတ်ယိမ်းညွှတ်မှုသာ မရှိလျင် ဘယ်လိုလုပ် ပိုင်ရွှယ်က ပုလ္လင်ပေါ်၌ ထိုင်နိုင်ပါ မည်နည်း။

ဤသို့သော အဖိုးမတန်သူအတွက် အဘယ်ကြောင့် သူက မျက်နှာသာပေးရမည်နည်း။

“အမတ်အန်း သင် လူကိုယ်တိုင် လာပြီး စိတ်ရင်းအမှန်ကို ဖော်ပြတယ်လို့ ပြောနေပင်မယ့် သင် ရောက်လာ ကတည်းက သင့်အပြောအဆိုနဲ့ အပြုအမူက မောက်မာထောင်လွှားမှုကို ပြသနေတယ်၊ အသင် လေးစားမှုကို ပြသသင့်တယ် မဟုတ်လား”

ပိုင်ရွှယ်က အန်းလွီဟိုင်ကို အေးစက်စွာ စိုက်ကြည့်လာ၏။ ရုတ်တရက် အန်းလွီဟိုင် မျက်နှာ ပျက်သွားပြီး အရှက်ရဟန် ပေါ်လာသည်။

*ငါ ဘာကြားလိုက်တာလဲ*

*ဒီခွေးမလေးက ငါ့ကို ဒီလိုအပြုအမူနဲ့ ပြောဆိုရဲတယ်လား*

“ဧကရီပိုင် ခင်ဗျား ဘာပြောနေလဲဆိုတာကို သိရဲ့လား”

အန်းလွီဟိုင်က သူ့ကို အန္တရာယ်ပေးလိုဟန်ဖြင့် ကြည့်လာသည်။

“ကျွန်ုပ် သိတယ် အမတ်အန်းကရော သင် ဘာပြောနေသလဲ သိရဲ့လား”

ပိုင်ရွှယ်ကလည်း ပြန်ချေပလိုက်သည်။

“ရဲတင်းလိုက်တာ”

အန်းလွီဟိုင်က စားပွဲကို ဗြန်းခနဲ ရိုက်လိုက်ပြီး မျက်လုံးတွင် ဒေါသရိပ်များ ပြည့်နှက်နေကာ ပိုင်ရွှယ်အား လက်ညှိုးငေါက်ငေါက် ထိုးလာ၏။

“ဒီခွေးမကတော့ နင့်ကို မျက်နှာသာပေးနေမှန်း မသိဘူးလား”

အခြေအနေက ချက်ချင်း ပြောင်းလဲသွားသည်။ နတ်ဆိုးမျိုးနွယ်များအားလုံး ဓားဆွဲထုတ်လာပြီး အန်းလွီဟိုင်အား အေးစက်စွာ ကြည့်နေပြီး ဆန့်ကျင်ပါက သတ်တော့မည့်ဟန် ပြင်နေကြသည်။

သူတို့၏ နိုင်ငံ့ပြည့်ရှင် ဧကရီအား စော်ကားခြင်းသည် ခွင့်မလွှတ်နိုင်သော အပြစ်ပင်။ ယနေ့ခေတ် နတ်ဆိုး အငွေ့အသက် အင်ပါယာသည် ယခင် ကျုံးကျိုး အင်ပါယာလို မဟုတ်တော့ပါ။ ရန်စအာခံသူအားလုံး သေရပေမည်။

တိုက်ရိုက်ထုတ်လွှင့်ခြင်းကို ကြည့်နေသည့် နတ်ဆိုးများအားလုံး အန္တရာယ်ပေးတော့မည့်ပုံ ပေါ်နေကာ အန်းလွီဟိုင် ရှေ့သို့ ချက်ချင်း ရောက်သွားပြီး နုတ်နုတ်စင်းနိုင်ရန် ဆုတောင်းမိနေကြသည်။

*ဒီရိုင်းပျတဲ့ သောက်မျိုးမစစ်ကောင်ကတော့*

“ပိုက်ဆံတွေ အများကြီး ပေးပြီးမှ ဘုရင့်ပုလ္လင်ပေါ် တက်နိုင်တဲ့ ခွေးမက ငါ့ကို လေးစားသမှု ပြစေချင်တယ်ပေါ့လေ၊ နင်နဲ့ ထိုက်တန်လို့လား”

အန်းလွီဟိုင်က မသိကျိုးကျွန်ပြုကာ ဆက်လက်၍ ရိုင်းပျသော စကားများ ပြောဆိုလာသည်။

“ငါတို့ ယန်နိုင်ငံက မင်းတို့ကို လက်အောက်ခံအဖြစ် သိမ်းသွင်းတာတောင် လွန်လှပြီ၊ မင်းက ဘယ်လို ချီးကျူးခံရမလဲ မသိတာပဲ၊ မင်းတို့ရဲ့ ဘာမဟုတ်တဲ့ နိုင်ငံ့အင်အားလေးနဲ့ ယွင်နိုင်ငံကို ယှဉ်နိုင်မယ် ထင်နေလား”

“ယွင်နိုင်ငံက ယောကျ်ားအားလုံးဆီမှာ မင်း မခံမချင်းပေါ့လေ”

“နင် …”

ထိုစကားကြောင့် ပိုင်ရွှယ်သည်လည်း ဒေါသမထွက်ဘဲ မနေနိုင်တော့ချေ။ သူမမျက်နှာတွင် ဒေါသရိပ်များ ပြည့်နှက်နေပြီး စိတ်ကို မထိန်းနိုင်တော့ပါ။

အန်းလွီဟိုင်က သူမကို လုံးဝ မျက်နှာသာမပေးဘဲ အမတ်အားလုံးရှေ့၌ သူမအား နင်းချေလှောင်ပြောင်နေ၏။

သည်းခံနေလျင် သူမ နောင်အများပြည်သူရှေ့၌ မည်သို့ မျက်နှာပြရမည်နည်း။ အန်းလွီဟိုင်က ထောင်လွှား လွန်းသည်။ ဤသည်က ဆွေးနွေးညှိုနှိုင်းခြင်း မဟုတ်ဘဲ ရိုက်ချနေခြင်းသာ။ စော်ကားပြောဆိုသော ရိုက်ချခြင်းပင်။

“အန်းလွီဟိုင် နင် လွန်လွန်းသွားပြီ”

ပိုင်ရွှယ် ဒေါသတကြီး ထရပ်လိုက်ပြီး အန်းလွီဟိုင်အား အေးစက်စွာ စိုက်ကြည့်နေကာ မျက်နှာတွင် ဒေါသတို့ ပြည့်နှက်နေ၏။

ယဲ့ဖန်နှင့် ယွင်နိုင်ငံကြားက ပဋိပက္ခကို သိပြီးနောက် ယန်နိုင်ငံက ယဲ့ဖန်ကို လိုချင်နေ၏။ ထို့ကြောင့် အန်းလွီဟိုင်ကို သံအမတတ်အဖြစ် နတ်ဆိုး အငွေ့အသက်အင်ပါယာသို့ စေလွှတ်ကာ ပိုင်ရွှယ်နှင့် ဆွေးနွေးစေခြင်း ဖြစ်သည်။

သို့သော် ပိုင်ရွှယ်က ယဲ့ဖန်၏ အစီအစဉ်ကို မသိပါ။ ထို့ကြောင့် သူမ သဘောမတူရဲခြင်း ဖြစ်သည်။ မထင်မှတ်ဘဲ ဤအကြောင်းအရာက အန်းလွီဟိုင်ကို ဒေါသထွက်သွားစေသည်။

“လွန်လွန်းတယ် ဟုတ်လား”

အန်းလွီဟိုင်က လှောင်ရယ်၍ ပြောလာသည်။

“လွန်တော့ ဘာဖြစ်လဲ၊ မင်း လက်မခံနိုင်ဘူးလား၊ မင်း ငြင်းရဲတယ်ဆိုရင် ယွင်နိုင်ငံနဲ့ ယန်နိုင်ငံရဲ့ ပူးပေါင်း တိုက်ခိုက်တာကို ခံရလိမ့်မယ်”

အန်းလွီဟိုင်က ခနဲ့သံပြု၍ ပိုင်ရွှယ်အား အထင်သေးစွာ ကြည့်လိုက်သည်။

“မင်းတို့ သောက်နိုင်ငံလေး ဘယ်လို ခုခံမလဲ ကြည့်ရသေးတာပေါ့”

“ယွင်နိုင်ငရဲ့ မင်းသားကို ငါတို့ ပြန်ပေးဆွဲပြီး ငွေညှစ်ရဲမှတော့ နိုင်ငံ ဖျက်ဆီးခံရမှာကို ငါတို့ ဘယ်တော့မှ ကြောက်မနေဘူး၊ အသင် လုပ်နိုင်တယ်ထင်ရင် စစ်ချီလာခဲ့”

ပိုင်ရွှယ်၏ မျက်နှာက နီနေပြီး သူမရင်ထဲမှ ဒေါသစိတ်ကလည်း အထွတ်အထိပ်အထိ ရောက်ရှိနေကာ လက်ရှိ သူမအပြုအမူက အလွန် မာကြောနေ၏။

သူမ မာကြောသန်မာမှ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမက နတ်ဆိုးဧကရာဇ်၏ အမျိုးသမီး ဖြစ်သည်။ သူ မျက်နှာပျက်ရအောင် သူမ လုပ်၍ မဖြစ်ပါ။

“ကောင်းပြီလေ”

အန်းလွီဟိုင်က စဉ်းလဲစွာ ခေါင်းညိတ်လာသည်။

“ဒီတော့လည်း ဒီနေရာမှာ ငါက သတင်းစကားကို ချန်ခဲ့ရတာပေါ့၊ ငါတို့ ယန်နိုင်ငံက ယဲ့ဘုရင်ကို ငါတို့ခွေးအဖြစ် လိုချင်တယ်၊ သူ သဘောမတူရင် ငါတို့ ယန်နိုင်ငံရဲ့ အသုံးချခံ မဖြစ်ချင်ရင် ငါတို့ ယန်နိုင်ငံရဲ့ ရန်ပြုခြင်း ခံရမယ်”

တစ်နည်းအားဖြင့်ဆိုလျင် ယဲ့ဖန် သဘောမတူပါက ယန်နိုင်ငံက သူ့ကို လောက၌ အသက်ရှင်ရသည်ကို နောင်တရအောင် လုပ်ပေးမည်ဟု ပြောခြင်း ဖြစ်သည်။

ထိုစကားကြောင့် နလန်ရှောင်နှင့် အခြားသူများ ပြေးတက်လာပြီး ကြမ်းကြုတ်သော တိုက်ခိုက်မှုတို့ဖြင့် အန်းလွီဟိုင်အား ဝိုင်းတိုက်လေသည်။

ဓားသွားအားလုံးက သူ့ပေါ် ကျရောက်လာသည်။ အန်းလွီဟိုင် ကြောက်လန့်ဟန် ပေါ်လာသည်။ ဤလူများက သူ့ကို တိုက်ခိုက်ရဲလိမ့်မည်ဟု သူ ထင်ထားသည့်ပုံ မပေါ်ချေ။

*ဒီလူတွေ ရူးနေပြီလား*

“စောက်ရူးတစ်သိုက်ကများ”

ရုတ်တရက် အန်းလွီဟိုင်၏ အနောက်မှနေ၍ ဒေါသတကြီး အော်ငေါက်သံ ထွက်ပေါ်လာသည်။ မာနကြီး၍ အထင်ကြီးစရာကောင်းသော လူနှစ်ယောက်က အန်းလွီဟိုင်၏ အနောက်၌ ရွှေ့မရသော တောင်ထိပ်များသဖွယ် ပေါ်လာကြသည်။

သူတို့၏ အရှိန်အဝါက ထည်ဝါလှပြီး မျက်လုံးများက ခက်ထန်ရိပ် သန်းနေကာ စူးလက်နေ၏။ ရုတ်ချည်း ဆိုသလိုပင် နလန်ရှောင်နှင့် အခြားသူများ လွင့်ထွက်သွားပြီး ခန္ဓာကိုယ်၌ အပေါက်ရာများ ဖြစ်လာပြီး သွေးများ စိမ့်ထွက်ကာ ခုတ်ဖြတ်ခံရလုနီးပါး ဖြစ်သွားလေသည်။

လူတစ်ရာကျော် တက်လာသော်လည်း ရှစ်ဆယ်ကျော် တန်းသေသွားပြီး ညီလာခံခန်းမတွင် သွေးများ ရွှဲရွှဲစိုသွားသည်။

“အင်မော်တယ် ဧကရာဇ်အဆင့်လား”

လူအများ ကြောက်ရွံ့လာကြသည်။ သူတို့အရှေ့မှ လူနှစ်ယောက်က အင်မော်တယ် ဧကရာဇ်အဆင့်များ ဖြစ်နေ၏။

*အန်းလွီဟိုင်က ဒီကို အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်တောင် ခေါ်လာတာလား*

“ဆံဖြူ နဂါးမိစ္ဆာ”

“သွေးလျှပ်စီးဘုရင်”

လူတိုင်း ထိတ်လန့်သွားကြသည်။ နှစ်ယောက်လုံးက နာမည်ကျော် ပုဂ္ဂိုလ်များ ဖြစ်ပြီး ယန်နိုင်ငံ၏ ညာလက်ရုံးများ ဖြစ်ကြသည်။

ပိုင်ရွှယ်၏ မျက်နှာ သုန်မှုန်နေသည်။ ယန်နိုင်ငံက ဤဆွေးနွေးမှုနှင့် ပတ်သက်၍ ကောင်းသော အကြံအစည် ရှိမနေချေ။ ထိုသို့မဟုတ်ပါက အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်ကို အဘယ်ကြောင့် ဤသို့ ပို့မည်နည်း။

ဤသည်က ခြိမ်းခြောက်ခြင်းပင်။ နန်းတော်အား ဖိအားပေးခြင်းသာ။

“အဟားဟား နိုင်ငံငယ်က လူတွေက ငါ့ကို တိုက်ခိုက်ချင်တယ်လား၊ မင်းတို့က တော်တော် လာတာပဲ”

အန်းလွီဟိုင်က သရော်လာသည်။

“လာလေ ခွေးကောင်တွေ”

အန်းလွီဟိုင်က ပိုင်ရွှယ်နှင့် အခြားသူများကို အော်ငေါက်လာသည်။

“တစ်ယောက်လာရင် တစ်ဘောက် သတ်မယ်၊ နှစ်ယောက်လာရင် နှစ်ယောက် သတ်မယ်”

“အန်းလွီဟိုင် နင် ဘာလုပ်ချင်နေတာလဲ”

ပိုင်ရွှယ်၏ မျက်နှာက မည်းမှောင်နေသည်။ သူမကို မလေးမစား ပြောဆိုပြီး သူမ၏ စစ်သည်များကို သတ်ဖြတ်ခြင်းက ကြီးမားသော အရှက်ရမှုပင်။

“ဘာလုပ်ချင်တာလဲ ဟုတ်လား၊ မင်းတို့ကောင်တွေကို စည်းကမ်းက ဘာလဲဆိုတာကို ငါ သင်ပေးချင်နေတာပဲ”

အန်းလွီဟိုင်က အပြုံးနှင့် ပြောလာသည်။

“နဂါးနဲ့တွေ့ရင် ဦးညွှတ် ဒူးထောက်သင့်တယ်ဆိုတာကို မင်းကို သိစေချင်တာပဲကွ”

ကြောက်စရာကောင်းသော ဖိအားတစ်ခုက နလန်ရှောင်နှင့် အခြားသူများထံ ပျံ့လွင့်လာ၏။

“ဝေါ့”

နလန်ရှောင်နှင့် အခြားသူများ သွေးအန်လာသည်။ ဤဖိအားကို သူတို့ လုံးဝ မခံနိုင်ဘဲ ခန္ဓာကိုယ်က ကြေမွလုနီးပါး ဖြစ်လာရသည်။

“ရပ်လိုက် ရပ်လိုက်စမ်း”

ပိုင်ရွှယ် ဒေါသတကြီး အော်လိုက်သည်။ သူမမျက်နှာက ဒေါသကြောင့် နီရဲနေ၏။

“ငါ့ကို တိုက်ရဲတယ်ဟုတ်လား၊ မင်းတို့ အမှိုက်ကောင်တွေက သေချင်နေတာပဲ၊ သူတို့ကို အသေသတ်ပစ်လိုက်”

အန်းလွီဟိုင်က ခက်ထန်သော မျက်လုံးတို့ဖြင့် အော်ဟစ်လိုက်သည်။

“ရပ်လိုက် မဟုတ်လို့ကတော့ ယဲ့ဘုရင်က မင်းကို ဒီအတိုင်း ထားမှာမဟုတ်ဘူး”

“ယဲ့ဘုရင်လား”

အန်းလွီဟိုင်က ပျက်ရယ်ပြု၍ ပြောလာသည်။

“ရင်မိသားစုက အမှိုက်ကောင်တွေကို ရှင်းနိုင်တာနဲ့ ငါတို့နဲ့ တိုက်ခိုက်ဖို့ အရည်အချင်း ရှိလို့လား၊ မင်းတို့ ငါတို့ ယန်နိုင်ငံကို အထင်သေးလွန်းနေတာပဲ ဟုတ်တယ်မလား၊ ငါတို့ ယန်နိုင်ငံရဲ့ အမြင်မှာ ရင်မိသားစုက အမှိုက်သာသာပဲကွ”

“တစ်ချိန်က ချင်မင်းဆက်ကို ဘယ်သူ သတ်ခဲ့တာလဲဆိုတာကို မမေ့နဲ့ဦး”

တစ်ချိန်က ယန်နိုင်ငံနှင့် အခြားနိုင်ငံများစွာက ပူးပေါင်း၍ မဟာချင်အင်ပါယာအား တိုက်ခိုက် ဖျက်ဆီးခဲ့သည်။

“ငါတို့ယန်နိုင်ငံက ဧကရာဇ်ကျူးလုံရဲ့ လက်ကျန်လူမျိုးတွေ နှိုင်းယှဉ်လို့ရတဲ့ အရာ မဟုတ်ဘူး၊ ယဲ့ဖန်သာ သတိရှိတဲ့သူဆိုရင် ဘယ်လို ရွေးချယ်မှုမျိုး လုပ်သင့်လဲဆိုတာကို သူ သိသင့်တယ်၊ ငါ ခွေးတစ်ချို့ကို သတ်တာ မပြောနဲ့ ဝါးမျိုရင်တောင် သူ ခံနေသင့်တာ”

ယဲ့ဖန်က ယွင်နိုင်ငံ၏ ဖိအားကို ခုခံနေရချိန်တွင် သူတို့ကိုပါ ထပ်၍ ရန်စရဲလိမ့်မည်ဟု အန်းလွီဟိုင် မယုံကြည်ပေ။

“ငါ့ယန်နိုင်ငံရဲ့ ဘုရင်က ယန်အကျဉ်းထောင်ရဲ့ အရှင်သခင်လို့ ကျော်ကြားတယ်၊ သူက လက်ရုံးရည်ရော နှလုံးရည်ပါ ထူးချွန်တဲ့ ဧကရာဇ်ပဲ၊ ပြီးတော့ ဧကရာဇ်အဆင့်မှာ ရှိတဲ့ တစ်ဦးတည်းသော ဧကရာဇ်ပဲ”

ယန်နိုင်ငံ၏ ဘုရင်အကြောင်း ပြောနေချိန်တွင် အန်းလွီဟိုင်၏ မျက်နှာတွင် လေးစားဟန် ပေါ်လာသည်။

“ငါ့ဧကရာဇ်ရဲ့ အကြည့်အောက်မှာ နတ်ဘုရားတွေတောင် ဒူးထောက်ရမှာကို၊ ယဲ့ဘုရင်က အီးပေါလောပဲ”

ထို့နောက် အန်းလွီဟိုင်က အိတ်တစ်ခုကို ထုတ်၍ အထဲမှ အရာများကို ပစ်ချလေသည်။ ထိုအရာများမှာ လူတစ်ချို့၏ ဦးခေါင်းများ ဖြစ်နေ၏။

ပိုင်ရွှယ် မျက်မှောင်ကြုတ်သွားပြီး မျက်လုံးတွင်း၌ သွေးပျက်ဟန် ပေါ်လာသည်။

“ဒါက ငါတို့ အရှင်သခင် သတ်တာကို ခံလိုက်ရတဲ့ အခြားဘုရင်တွေရဲ့ ခေါင်းတွေပဲ”

အန်းလွီဟိုင်က ရက်စက်စွာ ပြုံး၍ ပြောလေသည်။

“ငါတို့ကို အညံ့ခံဖို့ ငြင်းရင် ဘာဖြစ်မလဲ မင်း သိသင့်တယ်မလား”

ပိုင်ရွှယ် အံကြိတ်ထားပြီး ဘာမှမပြောချေ။

အန်းလွီဟိုင်က ထန်မင်လီ၏ ခေါင်းကိုနင်း၍ ခက်ထန်စွာ ပြုံးနေသည်။

“မင်း စိတ်ပိုင်းမဖြတ်ခင် အသိတရားလေးရအောင် ပြရမယ် ထင်တယ်”

“ဧကရီ သူ့ကို အညံ့မခံပါနဲ့၊ သေသွားလဲ ဘာမှမဖြစ်ပါဘူး၊ ကိုယ့်မြင့်မြတ်မှုကို အထင်သေးမခံလို့ မဖြစ်ပါဘူး”

ထန်မင်လီက ကြွေးကြော်လာ၏။

“အရှင်ယဲ့ဘုရင်က ငါတို့အတွက် လက်စားချေလိမ့်မယ်”

“သေချင်နေတာပဲ”

အန်းလွီဟိုင်၏ မျက်လုံးတွင် ခက်ထန်သော အရိပ်အယောင် ဖြတ်ပြေးသွားပြီး ထန်မင်လီ၏ ဦးခေါင်းအား ဒေါသတကြီး အားဖြင့် နင်းချေလေသည်။

သွေးများ ဝေါခနဲ ပန်းထွက်လာ၏။ သို့သော် ဒဏ်ရာ အပြင်းအထန် ရသူက ထန်မင်လီမဟုတ်ဘဲ အန်းလွီဟိုင် ဖြစ်နေချေသည်။

All Chapters