← Chapters

အခန်း ၁၆၁၆

Vol. 108 Ch. 1616

အခန်း ၁၆၁၆

Vol. 108 Ch. 1616

Chapter 1616 သောက်မိစ္ဆာတွေ

“ဂျွတ်”

အန်းလွီဟိုင်၏ ခေါင်းပြတ်သွားသော‌ နေရာမှ သွေးများ ပန်းထွက်လာပြီး ကြမ်းခင်းတစ်ခုလုံး စိုရွှဲသွားသည်။ သူသည် ဝဖိုင့်၍ လူကောင်ကြိးသောကြောင့် ပန်းထွက်လာသောသွေးက အနည်းဆုံး ဆယ်ပေါင်မျှ ရှိလေသည်။

ပတ်ဝန်းကျင် အခြေအနေက တိတ်ဆိတ် ငြိမ်သက်သွားသည်။ တိုက်ရိုက်ထုတ်လွှင့်ခြင်းမှ ဤလူသတ်သည့် မြင်ကွင်းကို ကြည့်နေသည့် တစ်နိုင်ငံလုံးမှ လူများ မှင်တက်နေကြသည်။

သို့သော် စက္ကန့်ပိုင်းမျှ တိတ်ဆိတ်နေပြီးနောက် ဝမ်းသာအားရ အားပေးသံများ ပေါက်ကွဲထွက်ပေါ်လာသည်။ လူတိုင်းက ယဲ့ဖန်၏ သတ်ဖြတ်ပုံကို သဘောကျသည့်ပုံပင်။

*ဒီလူတွေ ရူးနေတာလား*

အန်းလွီဟိုင်ကို သတ်ဖြတ်လိုက်ခြင်းက မထင်မှတ်ထားလောက်အောင် ကျေနပ်စရာ ကောင်းလှသည်။ ဤမာနကြီး ထောင်လွှားနေသော အရူးကောင်က နောက်ဆုံးတွင် သူနှင့် ထိုက်တန်သော ပြစ်ဒဏ်ကို ရသွားလေပြီ။

“ဝေါင်း”

တစ်ချိန်တည်းမှာပင် ချုံးချီသည်လည်း ကျယ်လောင်စွာ မာန်ဖီလာပီး သူ့အရှေ့မှ အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်ထံ ပြေးဝင်လာသည်။ ရက်စက်သော လူသတ်လိုသည့် အငွေ့အသက်က တစ်ဟုန်ထိုး ထွက်ပေါ်လာ၏။

“သေစမ်း”

အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်လုံး မျက်နှာ မည်းမှောင်သွားပြီး စိတ်ထဲတွင်လည်း ချောက်ချား လာကြသည်။

ရှေးခေတ်ကတည်းက ကြမ်းကြုတ်ရက်စက်ခြင်းဖြင့် ကျော်ကြားသော ဤကြောက်စရာကောင်းသည့် သားရဲနှင့် ရင်ဆိုင်နေရသဖြင့် သူတို့၏ စိတ်ထဲတွင်လည်း အလွန်အမင်း ကြောက်ရွံ့နေသည်။

ချုံးချီသည် ရှေးဟောင်းမိစ္ဆာလေးကောင်ထဲမှ တစ်ကောင်ဖြစ်ပြီး နတ်ဘုရားများနှင့် နတ်ဆိုးများက ကြောက်လန့် ကြကာ အင်အားကြီး၍ ရက်စက်လေသည်။

ချုံးချီ မာန်ဖီ၍ ပြေးတက်လာသည်နှင့် ၎င်းဧရိယာတစ်ခုလုံး ပျက်စီးသွားသည်။ ထိုအခိုက်တွင် ချုံးချီသည် သတ်ဖြတ်ခြင်းအား အရူးအမူး စတင်လေတော့သည်။

ထိုအခိုက်တွင် ဆံဖြူနဂါးမိစ္ဆာသည် ချုံးချီ၏ ကိုက်ဖြတ်ခြင်း ခံရပြီး ညာလက်ပြတ်ကာ သွေးများ ပန်းထွက် လာ၏။

“အား…”

သူ နာကျင်စွာ အော်ဟစ်လာပြီး ကောင်းကင်ယံမှ ပြုတ်ကျလုနီးပါး ဖြစ်လာ၏။

*ရက်စက်လိုက်တဲ့ မိစ္ဆာပါလား*

တိုက်ရိုက်ထုတ်လွှင့်ခြင်းမှ ကြည့်နေသော နတ်ဆိုးများ မကြောက်ဘဲ မနေနိုင်တော့ချေ။ အင်မော်တယ် ဧကရာဇ်အဆင့်ကို ခွေးတစ်ကောင်အား သတ်သကဲ့သို့ သတ်နေသော ဤရက်စက်သော သားရဲက အလွန် ကြောက်စရာ ကောင်းလှသည်။

“ဒီလို ရှေးဟောင်းသားရဲကိုတောင် အညံ့ခံအောင် လုပ်နိုင်တယ်ဆိုတော့ အရှင်ယဲ့ဘုရင်က တော်တော် အင်အားကြီးတာပဲ”

လူတိုင်း အလွန်အမင်း ထိတ်လန့်နေကြသည်။ ဤသို့သောသားရဲအား သူတို့ ကြည့်မိရုံနှင့် ကြက်သီးမထဘဲ မနေနိုင်ပါ။

“အရေးမပါလိုက်တာ၊ ဒါ အရှင်ယဲ့ဘုရင်လေ၊ ဒီလောကမှာ သူ မလုပ်နိုင်တာ ရှိလို့လား”

ဖယ်စမ်း”

သွေးလျှပ်စီးဘုရင်က ဒေသါတကြီး ကြုံးဝါး၍ ကောင်းကင်ဘုံ မိုးကြိုးစစ်ဗုံကို ကိုင်၍ တီးလာသည်။ မိုးကြိုးများ ခြိမ်းလာပြီး ကြီးမြတ်သော စွမ်းအင်က ကောင်းကင်ယံကို ဖုံးအုပ်ကာ ချုံးချီထံ ကျဆင်းလာပြီး သူ့အား လဲကျ သွားစေသည်။

သို့သော် ချုံးချီက ပြန်ထလာပြီး သူ၏ ကြီးမားသော ဦးခေါင်းအား နှစ်ကြိမ် ခါယမ်းလိုက်ပြီး ဘာဒဏ်ရာမှ မရချေ။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

သွေးလျှပ်စီးဘုရင်၏ မျက်လုံးများ ပြူးကျယ်နေပြီး လှောင်ရယ်နေသော သားရဲအား မယုံနိုင်ဟန်ဖြင့် ကြည့်နေသည်။

ကောင်းကင်ဘုံ မိုးကြိုးဗုံသည် ကပ်ဘေးတစ်ခုနှင့် ညီမျှပြီး အဆိုးဆုံးအနေဖြင့် အင်မော်တယ် ဧကရာဇ်အဆင့်အား ဒဏ်ရာအပြင်းအထန် ရစေနိုင်သည်။ သို့သော် ဤမိစ္ဆာက ဘာမှမဖြစ်ဘူးတဲ့လား။

ရှေးခေတ်အခါက ရှေးခေတ်သားရဲများသည် သောင်းကျန်းတတ်ပြီး နတ်ဘုရားများ၊ လူသားများနှင့် နတ်ဆိုးများ လက်လျှော့ အရှုံးပေးရပြီး သူတို့ကို အလွယ်တကူ အနိုင်မယူနိုင်ပေ။

ချုံးချီသည် ၎င်းရှေးခေတ်သားရဲများကြား၌ ခေါင်းဆောင်တစ်ယောက် ဖြစ်လာသောကြောင့် သာမန် မဟုတ်ပေ။

“မြန်မြန် ဆုတ်ခွာကြ”

ဆံဖြူနဂါးမိစ္ဆာသည် အသည်းအသန်ထပြေး၍ သူ့အဖော်၏ ပခုံးကိုဆွဲကာ နန်းတော်တွင်းမှ ပုန်းကွယ်ခြင်း အတတ်ပညာဖြင့် ထွက်ပြေးရန် ကြိုးစားလေသည်။

*မနိုင်နိုင်ဘူး*

*ဒီမိစ္ဆာက ငါတို့ ယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး*

*ဒါကို ရေရှည်ကြည့်ပြီး ဆွေးနွေးမှဖြစ်မယ်*

သို့သော် သူ ပုန်းကွယ်ခြင်း အတတ်ပညာဖြင့် ထွက်ပြေးရန် ပြင်နေချိန်တွင် ဤလောကကြီးက ချုပ်နှောင်ခြင်း တစ်ခုကြောင့် တားဆီးခြင်း ခံရပြီး သူ ကိုယ်ရောင်ဖျောက်၍ မရကြောင်း သတိထားမိသွားသည်။

တာအိုသဘောတရားနှင့် ကောင်းကင်ဥပဒေသတို့၏ စည်းမျဉ်းကိုပင် ကျော်လွန်သော တားမြစ်ခြင်း တစ်ခုပါတကား။

မိုးမြေတွင်း၌ စွမ်းအင်တစ်ခုက ပျံ့နှံ့တောက်လောင်နေသဖြင့် သူ၏ သိုင်းပညာက တာအိုသဘောတရားကို မတုံ့ပြန်နိုင်ခြင်း ဖြစ်လေသည်။

“မင်းကိုး”

ဆံဖြူနဂါးမိစ္ဆာက ရုတ်တရက် နောက်လှည့်လာပြီး ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်လာသည်။

ယဲ့ဖန်က သူ့အား ရေခဲတမျှ အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်နေသည်။

“နတ်ဆိုးတွေက သေဖို့မကြောက်ဘူး၊ ပြီးတော့ နတ်ဆိုးတွေရဲ့ သေဆုံးမှုက ဘယ်တော့မှ အချည်းနှီး မဖြစ်စေရဘူး၊ မင်းတို့အသက်နဲ့ ပြန်ပေးကိုပေးဆပ်ရမယ်”

ထိုစကားက တိုက်ရိုက်ထုတ်လွှင့်ခြင်းမှတစ်ဆင့် တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားပြီး နတ်ဆိုးမျိုးနွယ်များအားလုံးကို အလွန် စိတ်လှုပ်ရှားသွားစေသည်။

ဤသည်မှာ သူတို့၏ အရှင် ယဲ့ဘုရင်ပင်။ လွန်လွန်ကဲကဲ စောင့်ရှောက်တတ်သူ။ စစ်သည်တော်တိုင်းက သူ၏ ညီအစ်ကို မောင်နှမများပင်။ ဤသို့သော လူတစ်ယောက်အတွက် ဘယ်လိုလုပ် အသေမပေးလိုသူ ရှိပါမည်ညန်း။

ဆံဖြူနတ်ဆိုး ချက်ချင်း တွေဝေသွားသည်။

*ဒီကောင် ဘာတွေပြောနေတာလဲ၊ ငါတို့ကို ဒီအမှိုက်တစ်စုကြောင့် သေဖို့ ပြောနေတာလား*

“အရေးမပါတာတွေ၊ ငါတို့က အင်မော်တယ် ဧကရာဇ်အဆင့်တွေကွ၊ သက်ရှိအားလုံးရဲ့ အထက်မှာ ရှိနေတဲ့လူ၊ ဘယ်လိုလုပ် ဒီပုရွက်ဆိတ်တစ်သိုက်နဲ့ ယှဉ်ရတာလဲ”

သွေးလျှပ်စီးဘုရင်က ချက်ချင်း ကြိမ်းမောင်းလာသည်။ ယဲ့ဖန်က သူတို့ကို ဤသာမန်လူများနှင့် ယှဉ်ခြင်းအား သူ လက်မခံနိုင် ဖြစ်နေ၏။

အဘယ်ကြောင့်ဆိုသော် လုံးဝ နှိုင်းယှဉ်စရာ မလိုသောကြောင့်ပင်။ သူတို့သည် တောက်ပသော လမင်းများ ဖြစ်ကာ ထိုသူများက အမှိုက်များသာ ဖြစ်လေသည်။

“ငါ့မျက်လုံးထဲမှာတော့ မင်းတို့က သေလူတွေပဲ”

ယဲ့ဖန်၏ မျက်လုံးတွင် အေးစက်စက် အလင်းတန်း ဖြတ်ပြေးနေသည်။ တစ်ဖက်လူ၏ စကားအရ သူတို့ သေကို သေရပေမည်။

“ချုံးချီ သူတို့ကို စားလိုက်”

“ဂါး”

ချုံးချီက ထပ်မံ၍ မာန်ဖီလိုက်ပြီး သဘာဝလွန်စွမ်းအင်က ဝုန်းခနဲ ထွက်ပေါ်လာပြီး ဦးခေါင်းခွံမှ အလင်းတန်း ဖြာထွက်လာပြီး ကြောက်စရာကောင်းသော ပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာသည်။

ဤတိုက်ကွက်သည် တစ်ခါက ထောင်ချီသော တောင်များကို တစ်ခါတည်းနှင့် ပျက်စီးသွားစေပြီး နှစ်ထောင်ချီကြာမှ ပြန်ပေါ်လာခဲ့သည်။

“ပျက်စီးစမ်း”

သွေးလျှပ်စီးဘုရင် ကြက်သီးထသွားပြီး ဗုံကို အသည်းအသန် တီးသဖြင့် ထောင်ချီသော မိုးကြိုးများ ကျဆင်းလာသည်။

ထိုအမှိုက်ကောင်များနှင့်အတူ သူ အသေမခံလိုပါ။ သူသည် အင်မော်တယ် ဧကရာဇ္အဆင့် ဖြစ်သည်။ သူ သေရမည်ဆိုလျင်တောင်မှ ဂုဏ်သိက္ခာရှိရှိသာ သေမည်။

သို့သော် ရလဒ်က ပြောင်းပြန်ပင်။ အလင်းတန်းက သွေးလျှပ်စီးဘုရင်၏ ဗုံအား တစ်စစီ ကြေမွပျက်စီး သွားစေသည်။ သို့သော် ထိုမျှနှင့် ရပ်မသွားချေ။

အလင်းတန်းက ဆက်လက်တိုက်ခိုက်လာပြီး သွေးလျှပ်စီးဘုရင်၏ ရင်ဘတ်ကို ထိုးဖောက်ကာ ကိုယ်တွင်းကလီစာများကို ကြေမွသွားစေသည်။ ရင်ဘတ်က အနောက်အထိ ထုတ်ချင်းပေါက်သွားသည်။

“ဝေါ့”

သွေးလျှပ်စီးဘုရင် သွေးအန်လာပြီး အလွန် ဒေါသထွက်နေသည်။ ဤမျှအတိုင်းအတာအထိ သူ တစ်ခါမှ ဖိအားပေး မခံရဖူးပါ။

ရှေးခေတ်မိစ္ဆာလေးကောင်တို့သည် အလွန် ကြောက်စရာကောင်းလှသည်။ ဤသည်က သူ့အား ပို၍ ကြောက်လန့်လာစေသည်။

*ယဲ့ဘုရင်က ဘယ်လိုလူမျိုးလဲ၊ ဒီလို ပြိုင်ဘက်ကင်းတဲ့ သားရဲကိုတောင် အညံ့ခံအောင် လုပ်နိုင်စွမ်းရှိတာက မယုံနိုင်စရာပဲ*

*အလယ်ပိုင်းဒေသမှာ နတ်ဆိုးပေါ်လာတာ တကယ်ပါလား*

*ဒီလိုသေးငယ်တဲ့နိုင်ငံက ဘယ်လိုအတိတ်မျိုး ရှိခဲ့လို့ ဒီလို ကြောက်စရာကောင်းတဲ့ နတ်ဆိုးကို မွေးထုတ် ပေးနိုင်တာလဲ*

သို့သော် သူ ကြက်သေ သေနေစဉ်မှာပင် အန္တရာယ်က တိတ်တဆိတ် ကျရောက်လာသည်။ ချုံးချီက သူ့အရှေ့သို့ ဝုန်းခနဲ ရောက်လာပြီး ပါးစပ်ကြီးကိုဟ၍ သူ့အား မျိုလိုက်သည်။

“ကျွတ် ကျွတ်”

ထို့နောက်တွင်မူ အငမ်းမရ ဝါးစားသဖြင့် သွေးများ စီးကျလာသည်။

“ယဲ့ဘုရင် ငါ့ကို သတ်လိုက်၊ မင်း ငါ့ကို သတ်လိုက်ပါတော့”

သွေးလျှပ်စီးဘုရင် ဆောက်တည်ရာမရ အော်ဟစ်လာသည်။ ဤသို့သော သေနည်းမျိုးက ရှက်စရာ ကောင်းလှသည်။ သားရဲတစ်ကောင်၏ ဝါးစားခံရခြင်းက ရှက်ဖွယ်အတိပင်။

သို့သော် ယဲ့ဖနက် သူ့ဆန္ဒကို ဖြည့်ပေးချင်စိတ် မရှိပေ။

“မင်းက ငါ့လက်ထဲမှာ သေဖို့ မထိုက်တန်ဘူး”

“မင်း ... ငါ မင်းကို ထာဝရ ကျိန်ဆဲနေမယ်ကွ၊ ထာဝရ မျိုးဆက်မရှိပါစေနဲ့”

အင်မော်တယ် ဧကရာဇ်အဆင့် သွေးလျှပ်စီးဘုရင်သည် ရုန့်ရင်းကြမ်းတမ်းစွာ ကျိန်ဆဲနေပြီးနောက် ချုံးချီ၏ စားသောက်ခြင်း ခံလိုက်ရလေသည်။

လူတိုင်း မှင်တက်သွားပြီး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။

*ဒီရက်စက်တဲ့ သားရဲက ကြောက်ဖို့ကောင်းလိုက်တာ*

*မိနစ်ပိုင်းလေးနဲ့ အင်မော်တယ် ဧကရာဇ်အဆင့်ကို ဝါးစားပစ်လိုက်တာလား*

*ဒီလိုနည်းလမ်းမျိုးကို ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ နည်းလမ်းလို့ ခေါ်ရမလား*

*ဒါက အင်မော်တယ် ဧကရာဇ်အဆင့်လေ၊ လမ်းဘေးက ခွေးတွေကြောင်တွေများ မှတ်နေတာလား၊ ဒီလို အရှက်ကွဲပြီး နင်းချခံလို့ ရလို့လား*

“အရသာရှိတယ်၊ အရသာရှိတယ်၊ ထင်တဲ့အတိုင်းပဲ သိုင်းအဆင့်မြင့်လေ အရသာက ပိုကောင်းလေးပဲ”

ချုံးချီက လျှာသပ်၍ ဆံဖြူနဂါးမိစ္ဆာအား အန္တရာယ်ပေးတော့မည့် အကြည့်မျိုး ကြည့်လာသည်။

“မင်း ကိုယ့်ကိုယ်ကိုယ် သတ်သေမလား ဒါမှမဟုတ် ငါ ကူညီပေးရမလား”

ထိုစကားက အလွန် ရက်စက်လှပြီး ရှက်ရွံ့ဖွယ် ကောင်းလှသည်။

ဆံဖြူနဂါးမိစ္ဆာ၏ မျက်လုံးများ ပြူးကျယ်နေသည်။ သူ အသက်ထောင်ချီ၍ နေထိုင်ခဲ့သော်လည်း လက်ခုပ်ထဲမှ ငါးသဖွယ် အဆုံးစွန်အထိ ဖိအားပေးခံရခြင်း မရှိခဲ့ဖူးပေ။

ဤခံစားချက်က အလွန် ဆောက်တည်ရာမရဖွယ် ကောင်းပေသည်။ သူ နောင်တရနေ၏။ ဤနေရာသို့ သူ မလာခဲ့သင့်ပါ။

“ငါ သေရင်တောင်မှ မင်းဆီကနေ ဘယ်တော့မှ အရှက်ကွဲမခံဖူးကွ”

ဆံဖြူနတ်ဆိုးက ကျယ်လောင်စွာ အော်ဟစ်လာပြီးနောက် ခန္ဓာကိုယ်တွင်းမှ ယန်စွမ်းအင်များကို စုစည်းလိုက်ကာ ခန္ဓာကိုယ်က ဖောင်းကားလာသည်။

“ပေါက်ကွဲစမ်း”

နိုင်ငံတစ်ဝှမ်းလုံးမှ ကြည့်ရှုနေသူများ မျက်နှာပျက်သွားသည်။

*ဒီကောင်က အတူတူ သေအောင် လုပ်နေတာပဲ*

“ယဲ့ဘုရင် ငါ မင်းကို မသတ်နိုင်ပင်မယ့် မင်းမိန်းမနဲ့ မင်းလက်အောက်ငယ်သားအားလုံးကို ငါနဲ့အတူ မြေမြှုပ်ခ့ရအောင် လုပ်နိုင်တယ်ကွ ဟားဟားဟား”

ဆံဖြူနဂါးမိစ္ဆာက အလွန် ဂုဏ်ယူနေသည်။ သူ သေရလျင်တောင်မှ ယဲ့ဖန် တစ်သက်လုံး နောင်တရအောင် လုပ်နေလေပြီ။

“ယုတ်မာတယ်”

“ချီးပဲ အဲ့အဘိုးကြီး တကယ် သေဖို့ထိုက်တန်တယ်”

ဤသည်ကိုမြင်ပြီး တစ်နိုင်ငံလုံး ဒေါပွသွားကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ မျက်နှာတွင် စိုးရိမ်စိတ်များ ပေါ်လာပြီး ဆံဖြူနဂါးမိစ္ဆာ အောင်မြင်သွားမည်ကို စိုးရွံ့လာကြသည်။

“မင်း ဘာလို့ ဘာမှမပြောတာလဲ၊ နောင်တရလည်း နောက်ကျလွန်းသွားပြီ၊ မင်း ငါ့ကို ဒီလိုလုပ်အောင် ဖိအားပေးတာ”

ဆံဖြူနဂါးမိစ္ဆာက သူ့အစီအစဉ် အောင်မြင်နေသကဲ့သို့ အားရပါးရ ရယ်မောနေသည်။ သူ၏ မိန်းမနှင့် မိတ်ဆွေများ တစ်ယောက်ပြီး တစ်ယောက် သေသွားသည်ကို ကြည့်ပြီး ယဲ့ဖန်၏ ဝမ်းနည်း၍ ဆောက်တည်ရာ မရသော အမူအရာကို သူ မြင်ယောင်နေ၏။

သူ သေရတော့မည် ဖြစ်သော်လည်း ယဲ့ဖန်အား သူ့လက်ကျန်တစ်ဘဝလုံး မခံမရပ်နိုင်လောက်အောင် နာကျင် ခံစားရအောင် လုပ်နိုင်သဖြင့် ထိုက်တန်သည်ဟု တွက်မိသည်။

သို့သော် ထို့နောက် သူ ထူးဆန်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ ပိုင်ရွှယ်နှင့် အခြားသူများ၏ မျက်နှာတွင် ကြောက်စိတ်များ ရှိမနေချေ။ ထိုအစား ထီမထင်ဟန်သာ ပေါ်နေ၏။

*သူတို့က လုံးဝ မကြောက်ဘူးလား*

*ဘာတွေဖြစ်ကုန်တာလဲ*

*ဒီမြင်ကွင်းက ထူးဆန်းလွန်းတယ်*

*လုံးဝ အဓိပ္ပာယ် မရှိဘူး*

*ဒီလူတွေက သေမှာကို မကြောက်တဲ့အပြင် ငါ့ကိုပါ ဟာသလုပ်နေသေးတာလား*

“ယီးပဲ မင်းတို့ကများ ငါ့ကို အထင်သေးရဲတယ်ပေါ့လေ၊ မင်းတို့အားလုံး ငရဲကို သွားလိုက်တော့”

ဆံဖြူနဂါးမိစ္ဆာက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ရူးမတတ် ဖြစ်နေသည်။

ထိုစဉ် ပုံရိပ်တစ်ခုက ဆံဖြူနဂါးမိစ္ဆာအနောက်သို့ တိတ်တဆိတ် ရောက်လာသည်။ ဆံဖြူနဂါးမိစ္ဆာ၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး သူ့ခန္ဓာကိုယ်က ရေခဲတမျှ အေးစက်သွားပြီး အမူအရာက ထိုင်းမှိုင်းသွားသည်။

သူ့အနောက်မှ အေးစက်စက် အရှိန်အဝါက သူ့အား နေရခက်အောင် ပြုလုပ်နေသည်ကို ခံစားမိပြီး ၎င်းက သူ့အား တင်းကျပ်စွာ ရစ်နှောင်ထားသလိုပင်။

*ဘယ်လိုလုပ်*

ထိုအခိုက်တွင် သူသည် သည်းခြေပျက်မတတ် ဖြစ်နေသည်။ တစ်ဖက်လူက သူ့အနောက်သို့ ချက်ချင်း ရောက်လာလိမ့်မည်ဟု ထင်မထားမိပါ။

ဓားသွားသဖွယ် ချွန်ထက်သော လက်တစ်ဖက်က ဆံဖြူနဂါးမိစ္ဆာ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်လာပြီး သူ့နှလုံးသားအား ဆွဲထုတ်လာ၏။

သူ၏ လျင်မြန်စွာ ပျံ့နှံ့နေသော ယန်စွမ်းအင်က လုံးဝ ပျောက်ကွယ်သွားလေသည်။ ယဲ့ဖန်က လက်ကို ဖျစ်လိုက်သောအခါ သူ့လက်ထဲမှ နှလုံးက ပေါက်ထွက်သွားပြီး သွေးများ ပန်းထွက်လာ၏။

ဆံဖြူနဂါးမိစ္ဆာက ညည်းသံတစ်ချက်သာ ထွက်လာပြီး မျက်လုံးများ လျင်မြန်စွာ ပိတ်ကျလာသည်။ ထို့နောက် ယဲ့ဖန်က ဆံဖြူနဂါးမိစ္ဆာကို အမှိုက်တစ်ခုကဲ့သို့ ကန်ထုတ်လိုက်သည်။ အသွင်အပြင်က အလွန် အထင်သေး ဟန်ပေါ်ပြီး ခံစားချက် ကင်းမဲ့နေ၏။

ဆံဖြူနဂါးမိစ္ဆာက မြေကြီးပေါ် ပစ်ကျသွားပြီး သူ၏ အသက်ဓာတ်က တဖြည်းဖြည်း လွင့်ပြယ်လာကာ မျက်လုံးများ ဝိုင်းစက်ကာ မယုံနိုင်ဟန်များ ပြည့်နှက်နေသည်။

ဖြစ်ပျက်သွားသမျှက မြန်ဆန်လွန်းလှသဖြင့် သူ့၌ တုံ့ပြန်ချိန်ပင် မရလိုက်ချေ။ ထို့ကြောင့် သူ လုံးဝ ရှုံးနိမ့်သွားလေပြီ။

လက်ရှိတွင် သူသည်‌ မြေကြီးပေါ် လဲနေပြီး တိုက်ခိုက်နိုင်သည့် ခွန်အား လုံးဝ ပျောက်ဆုံးသွားပြီး သူ့အသက် သေဆုံးမည့်အချိန်ကို စောင့်နေရုံသာ တတ်နိုင်တော့သည်။

သူတို့ မကြောက်လန့်သည်က အံ့ဩစရာ မရှိတော့ပေ။ သူတို့ကို သတ်နိုင်စွမ်း မရှိကြောင်း ခန့်မှန်းမိသော ကြောင့်ပင်တည်း။

ဤလူအရှေ့၌ အင်မော်တယ် ဧကရာဇ်အဆင့်က ပုရွက်ဆိတ်တစ်ကောင်လိုပင်။ ဆံဖြူနဂါးမိစ္ဆာက မချိပြုံး ပြုံးလိုက်မိသည်။

“သောက်မိစ္ဆာကောင်”

All Chapters