← Chapters

အခန်း ၁၆၁၇

Vol. 108 Ch. 1617

အခန်း ၁၆၁၇

Vol. 108 Ch. 1617

Chapter 1617 မင်းကို ပြန်ပေးလိုက်မယ်

ဤသို့ပြောလိုက်ပြီးနောက် သူ့အသက်ဓာတ် ပျောက်သွားလေပြီ။

တိတ်ဆိတ်သွားလေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရူးမတတ်‌ အော်ဟစ်သံများ နိုင်ငံအနှံ့ ထွက်ပေါ်လာသည်။ နတ်ဆိုးများ အားလုံး ဝမ်းသာအားရ အော်ဟစ်လာကြသည်။

ဤသည်မှာ သူတို့၏ အရှင် ယဲ့ဘုရင်ပင်။ သူတို့ နတ်ဆိုး အငွေ့အသက် အင်ပါယာကို ရန်စလျင် ဤသို့သော ကံကြမ္မာနှင့်သာ အဆုံးသတ်ရမည်။

“ဟေ့ ဟေ့ အရှင်ယဲ့ဘုရင်ကို ချိန်ပြလေ”

“ခွေးမသား ဓာတ်ပုံဆရာက ဒီနေ့ ကြက်ခြေထောက်မစားဘဲ ချေးပဲ စားလာတယ်ထင်တယ်”

နတ်ဆိုးမျိုးနွယ်များသည် ယဲ့ဘုရင်၏ မျက်နှာကို မမြင်ရသဖြင့် ဒေါသထွက်နေကြသည်။

“ဟားဟား မင်းတို့ကောင်တွေ ကံဆိုးတာပဲ၊ အရှင် ယဲ့ဘုရင်က ဘယ်လိုပုံစံမျိုးလဲတောင် မသိကြဘူး၊ ငါကတော့ မတူဘူး၊ ကံကောင်းလို့ ငါ သူနဲ့ တွေ့ခဲ့ဖူးတယ်”

နတ်ဆိုးစစ်တပ်၌ စစ်မှုထမ်းဖူးသော စစ်သားဟောင်းတစ်ယောက်က တက်ကြွပျော်မြူးစွာ ပြောလာသည်။

“မင်းက အရှင် ယဲ့ဘုရင်ကို မြင်ဖူးတာလား၊ သူက ဘယ်လိုပုံမျိုးလဲ”

ရုတ်တရက် သူ့အနားသို့ မိန်းကလေးတစ်သိုက် ဝိုင်းလာကြသည်။ လက်ရှိတွင် သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်လုံးတွင် မျက်ရည်များ ဝေ့လာကာ မိန်းကလေးများ၏ ဆွဲလားရမ်းလားလုပ်ခြင်း ခံရလေသည်။

“သူ့မှာ ကြည်လင်ရှင်းသန့်ပြီး ချောမောတဲ့ မျက်နှာရှိတယ်၊ ဒါပေမဲ့ သူက တိုက်ခိုက်တော့မယ့်အချိန်ဆို ဓားအိမ်ထဲ ထည့်ထားတဲ့ ဓားတစ်လက်လို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ပုံ ပေါ်နေပြီးတော့ အေးစက်တယ်၊ သူ ဓားတစ်လက်လို တိုက်ခိုက်လာပြီဆို ထက်မြက်ပြီး ပြိုင်ဘက်တွေကို အားကုန်သွားအောင် လုပ်နိုင်စွမ်း ရှိတယ်၊ လေးစားဖို့ ကောင်းတယ်”

ထိုစကား ထွက်လာသည်နှင့် ပိုပိုများသော အမျိုးသမီးများ စုဝေးလာပြီး သူ့ကိုဆွဲ၍ မေးခွန်းများ မေးလေ တော့သည်။

ဥပမာပြောရလျင် ယဲ့ဖန်က ဘာစားရတာကို ကြိုက်လ၊ ဘာကိုဝတ်လဲ၊ ဘာသောက်တတ်လဲနှင့် မေးမြန်းကြပြီး ယဲ့ဖန် နှစ်သက်သော အရာများကို သုံးစွဲချင်ပုံ ရလေသည်။

ထိုအခိုက်တွင် ကမ္ဘာတစ်ဝန်းမှ သတင်းထောက်များ အံ့ဩမှင်တက်နေ၏။ ယခင်က တစ်ခါမှ သတိမထားခဲ့မိသော ဤနိုင်ငံလေးကို သူတို့ စတင်၍ အထင်ကြီးလာသည်။

*ဒီနိုင်ငံငယ်လေးမှာ လောကထဲကနေ ပုန်းအောင်းနေတဲ့ မိစ္ဆာတစ်ကောင် ရှိနေတာလား*

သူတို့အားလုံး ယခင်က ယဲ့ဖန်အကြောင်း ကြားခဲ့ဖူးပါသည်။ သို့သော် ယနေ့ ကိုယ်တိုင် မြင်လိုက်ရပြီးနောက် ယခင် ကြားခဲ့သော ကောလာဟလများက ချဲ့ကားပြောဆိုထားခြင်း မဟုတ်ဘဲ မှားပင် မှားနေသေးကြောင်း သိလိုက်ရသည်။

သူတို့၏ မျက်လုံးနှင့် တပ်အပ်မြင်ရသောအခါတွင်မှ ဤနတ်ိုး၏ ကြောက်စရာကောင်းပုံကို သိမြင်ခံစားမိ တော့သည်။ နားဖြင့် နားထောင်ခဲ့စဉ်က မယုံနိုင်ဖွယ် ကောင်းလှသည်။

တစ်ချိန်တည်းမှာပင် ယန်နိုင်ငံတွင်း၌ မီးပင်လယ်သည် ပွက်ပွက်ဆူလာပြီး ချော်ရည်များ စီးကျလာပြီး မိုးမြေကို ပဲ့တင်ထပ်သွားနိုင်သည့် အော်သံတစ်သံ ထွက်ပေါ်လာသည်။

ပူပြင်းသော လေလှိုင်းများကလည်း ကြမ်းကြုတ်စွာ တိုက်ခတ်လာ၏။

နတ်ဆိုးတစ်ကောင်နှင့်တူသော ပုံရိပတစ်ခုက အပူချိန် ငါးထောင်မက မြင့်မားသော ချော်ရည်ကန်ထဲမှ တက်လာသည်။

ကြီးမားသော တောင်တစ်လုံးသဖွယ် ထွားကြိုင်း၍ သန်မာပြီး ချုပ်ကိုင်နိုင်စွမ်း အပြည့်ရှိလေသည်။

“ဘာဖြစ်တာလဲ၊ အရှင်မင်းမြတ်က စောပြီး ထွက်လာပါလား”

“အရင်က တစ်ခါမှ ဒီလို မဖြစ်ဖူးပါဘူး၊ ရန်သူ ရောက်လာမှသာ အရှင်က စောစော ထွက်လာတတ်တာ၊ ယန်နိုင်ငံကို ခြေချမယ့် ကြောက်စရာကောင်းတဲ့ အရာများ ရှိလာလို့လား”

ဤမြင်ကွင်းကို မြင်ပြီး ယန်နိုင်ငံမှလူများ မယုံနိုင်သော အမူအရာများ ဖြစ်လာကြသည်။ ယန်နိုင်ငံ၏ အရှင်သခင်သည် မီးပင်လယ်တွင်း၌ အိပ်စက်လျက် ရှိပြီး နှစ်တစ်ထောင်ပြည့်မှ တစ်ကြိမ် နိုးထလာတတ်သည်။

သို့သော် လက်ရှိအချိန်သည် သူ နိုးထလာရမည့်အချိန်နှင့် နှစ်နှစ်ရာကျော် ကွာနေသေးသည်။ ဘယ်လိုလုပ် သူက စောစီးစွာ နိုးထလာသနည်း။

မယုံနိုင်စရာ ကောင်းလှပေသည်။

ယန်နိုင်ငံဘုရင် ခဲရာခဲဆစ်နိုင်သည်ဟု ခံစားရပြီး ရင်ဆိုင်ရန် ကြိုနိုးထလာရသည့် တစ်စုံတစ်ရာများ ရှိနေလေ သလော။

ယန်နိုင်ငံ၏ သမိုင်းတစ်လျှောက်၌ ထိုသို့သောအဖြစ်က တစ်ကြိမ်သာ ဖြစ်ခဲ့ဖူးသည်။ ထိုအချိန်သည် အိုးရန် ချင်ရွှယ်ဟုခေါ်သော အမျိုးသမီးတစ်ယောက် သူတို့ ယန်နိုင်ငံကို ဖြတ်သွားခဲ့ချိန်က ဖြစ်သည်။

ယန်နိုင်ငံ၏ဘုရင် ကြိုနိုးထလာပြီး ထိုအမျိုးသမီးအား နှင်ထုတ်ခဲ့သည်။ သို့သော် တိုက်ပွဲက ဘယ်လိုဖြစ်သွားလဲ မည်သူမှ မသိပေ။ ထိုတိုက်ပွဲအပြီး၌ ယန်ဘုရင် မီးပင်လယ်တွင်း၌ နှစ်တစ်သောင်းမျှ အိပ်စက်သွားခဲ့သည်။

ယန်ဘုရင် ထိုအမျိုးသမီးကို ရှုံးသွားနိုင်ကြောင်း လူတစ်ချို့ ခန့်မှန်းမိသော်လည်း ထိုစကားက ယန်နိုင်ငံ၌ တားမြစ်ထားသော အရာဖြစ်သောကြောင့် မည်သူမျှ မပြောရဲချေ။

တော်ဝင်မြို့တော်က ယန်နိုင်ငံမှ လူများသည် ယန်ဘုရင် မီးပင်လယ်တွင်းမှ ထွက်လာပြီး ယန်နိုင်ငံတွင်း၌ အမြင့်ဆုံး ကြယ်ကြည့်စင်မြင့်ပေါ်သို့ လျှောက်သွားသည်ကို တွေ့လာရသည်။

လွှမ်းမိုးဖိနှိပ်နိုင်သော စွမ်းအားတစ်ခု ပေါ်လွင်နေပြီး တစ်ကိုယ်လုံး နီရဲနေကာ ပခုံး၌ ကြက်သွေးရောင် လှံတံတစ်ခုကိုပင် သယ်ထားသေးသည်။

“ယန်ရှန် မဟာလှံတံပါလား”

လူတိုင်း၏ အမူအရာက ကြက်သေသေနေကြသည်။ ယန်ဘုရင်က စောနိုးလာရုံသာမက သူတို့နိုင်ငံ၏ အသန်မာဆုံး လက်နက်ကိုပင် ထုတ်လာသေးသည်။ ဤသည်က ပို၍ ရှားပါးလှသည်။

အတိတ်အခါက ယန်ဘုရင်သည် သိုင်းအဆင့်တူသူများကြားထဲတွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်ခဲ့ပြီး သူ၏ ယန်ရှန် လှံတံကို ထုတ်သုံးရလောက်သည့်လူက နည်းပါးလှသည်။

ယခုမြင်ကွင်းက သူတို့ကို အလွန် ထိတ်လန့်စေသည်။ သူတို့သည် ယန်ဘုရင် ကြည့်နေသော တောင်ဘက် အရပ်သို့ လိုက်ကြည့်ကြပြီး မျက်လုံးတွင် ပဟေဠိဖြစ်ဟန် ပေါ်နေသည်။

*ဘယ်လို ကြောက်စရာကောင်းတဲ့ အရာမျိုးက အဲ့အရပ်မှာ ရှိနေလို့ အရှင်မင်းမြတ် အလျင်စလို ထွက်လာ ရတာလဲ*

ယန်ဘုရင်သည် ဆံဖြူနဂါးမိစ္ဆာနှင့် သွေးလျှပ်စီးဘုရင်တို့ သေသွားသည်ကို ခံစားမိသည်။ ထို့ကြောင့် သူ အလွန် ဒေါသထွက်ကာ ယဲ့ဖန်ကို အပြစ်ပေးရန် ကြာမြင့်စွာ အိပ်စက်နေရာမှ ချက်ချင်း ထလာခြင်း ဖြစ်သည်။

“ဝုန်း”

တစ်ခဏအတွင်း ပြင်းထန်ဖိနှိပ်နိုင်သော စွမ်းအင်တစ်ခု ပျံ့လွင့်လာပြီး ယန်ဘုရင်၏ လက်ထဲမှ ယန်ရှန် လှံတံက မြည်ဟီးလာသဖြင့် မြေပြင်တစ်ခုလုံး တုန်ခါလာသည်။

“ဒါက”

ယန်နိုင်ငံက လူများအားလုံးသည် ဤစွမ်းအင်ကြောင့် ကြောက်လန့်သွားပြီး မီးပင်လယ်ထဲ ကျသကဲ့သို့ ခံစားရကာ အရှိန်အဝါက ဆောက်တည်ရာမရအောင် ကြောက်စရာကောင်းလှသည်။

“ဝုန်း”

ယန်ဘုရင် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သဖြင့် ကြယ်ကြည့်စင်မြင့်တစ်ခုလုံး ယင်းဖိအားကို မခံနိုင်သဖြင့် ပြိုကျကာ အမှုန့်ဖြစ်သွားသည်။

“နတ်ဆိုး အငွေ့အသက် အင်ပါယာ ပျက်စီးစမ်း”

ယန်ဘုရင် ဟစ်ကြွေးလိုက်ပြီးနောက် လက်ထဲမှ ယန်ရှန်လှံတံအား ကောင်းကင်ယံသို့ ဒုံးပျံသဖွယ် ပစ်လွှတ် လိုက်သည်။

“ဝှီး”

ကြောက်စရာကောင်းသော လှံတံသည် ကောင်းကင်ယံသို့ ပျံသန်းသွားပြီး နတ်ဆိုး အငွေ့အသက် အင်ပါယာရှိရာ အရပ်သို့ ကျဆင်းသွားသည်။

ဤလှံတံက နိုင်ငံတစ်နိုင်ငံကို ဖျက်ဆီးရန် လုံလောက်ပေသည်။ ဤသည်မှာ ယန်ဘုရင်၏ စွမ်းအား ဖြစ်သည်။ ယင်းမှာ ယန်ဘုရင်၏ အရှိန်အဝါပင်။

စွမ်းအင်တစ်ချက်က လောကကို ဖျက်ဆီးရန် လုံလောက်ပေသည်။

“နတ်ဆိုးအငွေ့အသက် အင်ပါယာလား၊ အဲ့ဒါ ငါတို့ ယန်နိုင်ငံနဲ့ ပူးပေါင်းမယ့် နိုင်ငံငယ်လေး မဟုတ်ဘူးလား”

“ဘယ်လိုလုပ် အရှင်မင်းမြတ်က ဒီလို နိုင်ငံငယ်လေးကို အရမ်း ဒေါသထွက်နေတာလဲ”

“ငါ မသိဘူး၊ ဒါပေမဲ့ အရှင်မင်းမြတ်ရဲ့ ပုံအရဆို ဆွေးနွေးညှိနှိုင်းတာ သဟဇာတ မဖြစ်ဘဲ ငြင်းပယ်လိုက်တဲ့ပုံပဲ”

“ဘာ အမှိုက်လို နိုင်ငံငယ်လေးက ငါတို့နိုင်ငံကို ငြင်းငယ်ရဲတယ်လား၊ ဒါ သေလမ်းရှာနေတာပဲ”

ယန်နိုင်ငံမှ လူများအားလုံး ဒေါသထွက်လာကြပြီး သူတို့၏ စိတ်ထဲတွင် နတ်ဆိုးအငွေ့အသက် အင်ပါယာက ထောင်လွှားလွန်းသည်ဟု ထင်နေသည်။

သူတို့ နတ်ဆိုးအငွေ့အသက် အင်ပါယာကို အထင်သေးနေပြီး နတ်ဆိုး အငွေ့အသက်အင်ပါယာအား စိစိညက်ညက် ကြေအောင် လုပ်ချင်နေသည်။ သူတို့ ချီးမြှောက်ခံရသည်ကိုပင် မသိဘဲ ငြင်းဆန်ခဲ့သည်။ ဤသို့သော နိုင်ငံငယ်လေးအား တန်း၍ ဖျက်ဆီးသင့်သည်။

“ယဲ့ဘုရင်က အရမ်းမောက်မာပြီး ဘယ်သူ့ကိုမှ အရေးမစိုက်ဘူးလို့ ငါ ကြားဖူးတယ်၊ ငါတို့အရှင်မင်းမြတ် ကိုတောင်မှ လျစ်လျူရှုရဲတယ်တဲ့ပုံပဲ”

“ဟီးဟီး ငါတို့ ယန်နိုင်ငံကို ဟိုယွင်နိုင်ငံက‌ ကောင်တွေနဲ့ ယှဉ်လို့ရတယ်လို့များ ထင်နေလား၊ အဓိပ္ပာယ် မရှိလိုက်တာ”

ယန်နိုင်ငံသည် အမြဲ သိုင်းသမားများ ပေါများသော နိုင်ငံဖြစ်ခဲ့ပြီး သူတို့ လိုချင်သောအရာကို လုယူတတ်ပြီး သူတို့ မကြိုက်လျင် ဖျက်ဆီးတတ်သည်။ မည်သူမှ သူတို့ကို မငြင်းပယ်ရဲချေ။

သူတို့ ခြေချလိုက်သည့် နေရာတိုင်း ပြာဖြစ်သွားရစမြဲပင်။ သူတို့ လှံတံ ကျရောက်သွားသည့် နေရာတိုင်း ဆူညံ ပွက်လောရိုက်စမြဲပင်။ သူတို့ကို ငြင်းပယ်ရဲလျင် သေရပေလိမ့်မည်။

“ထားလိုက်တော့ ဒေါသထွက်နေစရာ မလိုဘူး၊ ဘာပဲဖြစ်ဖြစ် နတ်ဆိုးအငွေ့အသက် အင်ပါယာက ဒီလောက နယ်မြေထဲကနေ ပျောက်သွားတော့မှာ၊ ပြီးတော့ အဲ့သောက်ယဲ့ဘုရင် ငါတို့နဲ့ ရန်သူဖြစ်လို့ နောင်တရ လာလိမ့်မယ်”

ယန်နိုင်ငံလူမျိုးများက အားပါးတရ ရယ်မောနေကြသည်။ ယန်ရှန် လှံတံကျရောက်သော နေရာတွင် နတ်ဘုရားများတောင်မှ ကျဆုံးရပေမည်။

ယန်ရှန်လှံတံ၏ စွမ်းအားက မှန်းမရလောက်အောင် ကြီးမားသည်။ လှံတံကျဆင်းသွားသည့်နေရာတိုင်း ငရဲမီးများ ကျလာပေလိမ့်မည်။ နတ်ဆိုးအငွေ့အသက် အင်ပါယာက သေချာပေါက် ပျက်စီးမှာပင်။

“နတ်ဆိုးအငွေ့အသက် အင်ပါယာလား၊ တစ်ခါမှမကြားဖူးတဲ့ နိုင်ငံငယ်ပဲ၊ ပြီးတော့ အဲ့ဒါ ပျက်စီးလဲ ဘယ်သူက အရေးစိုက်လို့လဲ၊ ယဲ့ဘုရင်ကတော့ အလယ်ပိုင်းဒေသမှာ ကြောက်စရာအကောင်းဆုံး နတ်ဆိုး မွေးလာတယ် ဆိုတာ ဘာဖြစ်လဲ၊ ငါတို့ရဲ့ ရန်သူ ဖြစ်ချင်တာလား”

“အရှင်မင်းမြတ်က သူ့ကို ခွေးအဖြစ် လက်ခံတာကတင် သူ့အတွက် ကံကောင်းနေပြီ၊ မယဉ်ကျေးဘဲ ထိန်းမရတဲ့ ဆံဖြူနဂါးမိစ္ဆာနဲ့ သွေးလျှပ်စီးဘုရင်တို့လို အင်မော်တယ် ဧကရာဇ်အဆင့်တွေတောင် ဘာဖြစ်သွားလဲ၊ ငါတို့ အရှင်မင်းမြတ်ရဲ့ ခြေဖဝါးအောက်မှာ သက်ဆင်းရတာပဲ မဟုတ်လား”

ယန်နိုင်ငံရဲ့ လူများ၏ ထီမထင်သော အပြုံးများ ပိုပို၍ ပီပြင်လာသည်။ လူတစ်ချို့က အထင်သေးဟန်ဖြင့်ပင် ပြောလာသေးည်။

“သူ အသုံးမကျလို့ ငါတို့ဘက်က သွေးတစ်စက်တောင် ကျမယ်မထင်ဘူး”

ယန်ရှန်လှံတံကို ပစ်လွှတ်ပြီးနောက် ယန်ဘုရင်သည် နောက်လှည့်၍ မီးပင်လယ်ဘက်သို့ ပြန်လျှောက်သွားပြီး သူ၏ အနက်ရောင် ကျောက်ပုလ္လင်သို့ တက်လှမ်းလိုက်ပြီး ဘေးအန္တရာယ် တိုက်ခတ်လာမည်ကို စောင့်နေသည်။

ဤသည်ကိုကြည့်ပြီး ယန်လူမျိုးများ အပြုံးကြီးပြုံးကာ ကျေနပ်အားရနေကြသည်။

*ဟမ်*

ထိုအခိုက်တွင် နန်းတော်တွင်း၌ ရှိနေသော ယဲ့ဖန်သည်လည်း ကြောက်စရာကောင်းသော မရဏ အငွေ့အသက်ကို ခံစားမိသည်။ ချက်ချင်းဆိုသလိုပင် သူ မျက်မှောင်ကြုတ်သွားသည်။

“ဒေါက် ဒေါက် ဒေါက်”

သို့သော် သူ့မျက်နှာတွင် သွေးပျက်ခြင်း မရှိဘဲ အပြင်သို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး နဖူးပေါ် လက်အုပ်၍ ကောင်းကင်ကို မော့ကြည့်လေသည်။

တစ်ခဏကြာသော် ပုံမှန်မဟုတ်သော လေပြင်းတစ်ချက် တိုက်ခတ်လာသည်။

“ဒုန်း ဒုန်း”

ထို့နောက်တွင်မူ ပိုင်ရွှယ်နှင့် အခြားသူများ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားပြီး လေပြင်းကြောင့် မြေကြီးပေါ် ရိုက်ချခြင်း ခံရကာ မိနစ်ဝက်အတွင်း မလှုပ်နိုင် ဖြစ်နေသည်။

ယန်ရှန်လှံတံသည် ပြည်နယ်များကို ဖြတ်ကျော်ပြီး ကီလိုမီတာထောင်ချီကို ကျော်ကာ ဒုံးပျံသဖွယ် ကျဆင်းလာသောကြောင့် အမြီးပိုင်းတွင် မီးပင်ပွင့်နေ၏။

ယဲ့ဖန်က ရုတ်တရက် ပျံတက်သွားပြီး ယန်ရှန်လှံတံထံ ပြေးဝင်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း ယန်ရှန် လှံတံ၏ စွမ်းအားကို ခံစားမိသောကြောင့်ပင်တည်း။ အောက်သို့ ကျခွင့်ပြုလိုက်ပါက ၎င်း၏ အဖျက်စွမ်းအင်သည် နတ်ဆိုး အငွေ့အသက် အင်ပါယာတစ်ခုလုံး ပြာကျသွားနိုင်သည်။

အင်မော်တယ် ဧကရာဇ်အဆင့်၏ ခွန်အား မိုးမြေကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။ ထို့အပြင် ယန်ဘုရင်က အတော်ဆုံး တစ်ယောက် ဖြစ်သည်ကို သူ့ခွန်အားက သက်သေ ပြနေ၏။

ယဲ့ဖန်က ညာလက်ဖြင့် လှံတံကို ဖမ်းကိုင်လိုက်သော်လည်း ကြောက်စရာကောင်းသော စွမ်းအင်ကြောင့် နောက်သို့ တရွတ်တိုက် လွင့်သွားသည်။

“ဝုန်း ဝုန်း ဝုန်း”

သူ၏ ခန္ဓာကိုယ်က အဆောက်အဦး တစ်ခုပြီးတစ်ခုကို ဝင်တိုက်သွားပြီး တစ်ခဏအတါင်း မီတာတစ်ရာမျှ လွင့်သွားသည်။

*ဒါ*

ပိုင်ရွှယ်နှင့် အခြားသူများ အံ့ဩသွားသည်။ ယဲ့ဖန် ဤမျှ လွင့်ထွက်သွားသည်ကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ယဲ့ဖန် အတော်လေး မျက်မှောင်ကြုတ်သွားပြီး သူ့မျက်လုံးတွင်းမှ အေးစက်မှုကလည်း တိုးလာသည်။ သူသည် အလျင်အမြန် ဟန်ချက်ထိန်းလိုက်ပြီး ခြေကိုဆောင့်နင်းလိုက်ကာ တစ်ချိန်တည်းမှာပင် များပြားသော စွမ်းအင်အား ယန်ရှန်လှံတံထံ ဆောင့်ချလိုက်သည်။

“ဂျွတ်”

မျက်နှာပြင် အပေါ်ယံတွင် အက်ရာထင်လာသည်။ ယဲ့ဖန်၏ ခြေထောက်နှစ်ဖက်လုံးက မြေကြီးတွင် ဆယ်မီတာ ကျော်သော စွတ်ကြောင်းဆွဲသွားပြီးမှ အရှိန်ရပ်သွားလေသည်။ ထိုအခိုက်တွင် သူ၏ ညာလက်က သွေးသံတရဲရဲ ဖြစ်နေလေပြီ။

“မင်းကို ပြန်ပေးလိုက်မယ်”

ရုတ်တရက် ယဲ့ဖန်၏ မျက်လုံးများ‌ အေးစက်သွားပြီး ယန်ရှန်လှံတံအား ယန်နိုင်ငံရှိရာ အရပ်သို့ ဒေါသတကြီး ပြန်ပစ်ထုတ်လိုက်သည်။

ထိုအခိုက်တွင် ယန်ဘုရင် ရုတ်တရက် မျက်နှာပျက်သွားပြီး ပုလ္လင်၌ အေးအေးလူလူ ထိုင်နေရာမှ ခါးမတ် သွားသည်။

သူသည် တောင်ဘက်သို့ ကြောက်လန့်တကြား ကြည့်လိုက်ပြီး မျက်နှာတွင် အံ့ဩဟန်များ ပြည့်နေကာ မယုံနိုင် ဖြစ်နေ၏။

တစ်စုံတစ်ယောက်က ယန်ရှန်လှံတံကို တားဆီး၍ ပြန်ပစ်လိုက်လိမ့်မည်ဟု သူ မယုံနိုင် ဖြစ်နေသည်။ ဤအဖြစ်က မယုံနိုင်စရာ ကောင်းလွန်းလှသည်။

ယန်ဘုရင် မယုံနိုင်သလို ခံစားနေရသည်။ ထိုအမျိုးသမီးမှတစ်ပါး မည်သူမှ သူ့တိုက်ခိုက်မှုကို ပြန်ပစ်ရန် မဆိုထားနှင့် တားပင် မတားနိုင်ခဲ့ပါ။

ချက်ချင်းဆိုသလိုပင် သူ၏ မျက်လုံးအိမ် ကျဉ်းမြောင်းလာသည်။ ယန်ရှန် လှံတံက လေကိုခွင်း၍ ကြက်ကြွေသည့်အလား မီးပင်လယ်အတွင်းသို့ ထိုးကျလာသည်။

“ဘာ ... ယန်ရှန်လှံတံ ပြန်ရောက်လာတာလား”

All Chapters