အခန်း ၁၆၁၈
Vol. 108 Ch. 1618
Chapter 1618 ဒူးထောက်
“ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ ဘယ်သူ ပြန်ပစ်လိုက်တာလဲ”
ယန်နိုင်ငံမှ ပြည်သူများလည်း မှင်တက်နေကြသည်။ ဤမြင်ကွင်းက သူတို့အပေါ် ကြီးမားသော သက်ရောက်မှု တစ်ခု ဖြစ်လာစေသည်။ ယန်ဘုရင်၏ စွမ်းအင်ကို သူတို့ အသိဆုံးပင်။
*ဘယ်လိုလုပ် သူ့ရဲ့ အားအပြည့်ပါတဲ့ တိုက်ကွက်ကို ခုခံနိုင်တာလဲ*
*ဒါက အိပ်မက်ဆန်လွန်းတယ်*
*ယဲ့ဘုရင်*
*ယဲ့ဘုရင်ပဲ ဖြစ်ရမယ်*
*သူက နတ်ဆိုး အငွေ့အသက် အင်ပါယာတစ်ခုလုံးမှာ ဒီလိုလုပ်နိုင်တဲ့ ခွန်အားရှိတဲ့ တစ်ဦးတည်းသောသူပဲ*
“ဝုန်း”
တစ်ခဏအကြာတွင် မီးပင်လယ်တစ်ခုလုံး တုန်ခါသွားပြီး ယန်ဘုရင် ရှိနေသော နန်းတော်သည်လည်း ပျက်စီးသွားသည်။
“အရှင်မင်းမြတ်”
ယန်နိုင်ငံသားတစ်စု စိုးထိတ်သွားပြီး နန်းတော်ရှိရာသို့ အမြန်ဆုံးနှုန်းဖြင့် ပြေးသွားကြသည်။ ထို့နောက် အနက်ရောင် ကျောက်ပုလ္လင်ပေါ်၌ ထိုင်နေသော ယန်ဘုရင်အား သူတို့ တွေ့လိုက်ရသည်။
“ဟာ…”
ထို့နောက် သူတို့အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ယန်ဘုရင်သည် ပုလ္လင်ပေါ်၌ ထိုင်နေပြီး ခေါင်းကို အနည်းငယ် စောင်းထားသည်။ ယန်ရှန်လှံတံက သူ့မျက်နှာဘေး၌ ထိုးစိုက်နေပြီး ပါးနှင့် တစ်စင်တီမီတာမျှပင် မကွာတော့ပေ။
ထို့အပြင် ယန်ဘုရင်၏ ပါးမှ သွေးချော်ရည် စီးကျနေသည်။ ယန်နိုင်ငံသားများ နားဝေတိမ်တောင် ဖြစ်သွားကြသည်။
သူတို့၏ နတ်ဘုရားက သွေးထွက်နေပါတကား။
အစောပိုင်းက သူတို့သည် ယဲ့ဘုရင်က ယန်ဘုရင် သွေးထွက်အောင် လုပ်နိုင်သူမဟုတ်ဟု ပြောခဲ့ကြပြီး လက်ရှိ မြင်ကွင်းက သူတို့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။
ယန်ဘုရင်သည် အလွန်အမင်း အရှက်ရနေပုံရသည်။ သူသာ အနည်းငယ်မျှ အရှောင်အတိမ်း နောက်ကျခဲ့လျင် သူ့လက်နက်ဖြစ်သော လှံတံက သူ့ခေါင်းကို ထိုးဖောက်သွားလောက်သည်။
ထို့နောက်တွင်မူ သူက ထူးဆန်းသော အပြုံးမျိုး ပြုံးလာသည်။
“ငါ နတ်ဆိုးအငွေ့အသက် အင်ပါယာကို သွားမယ်၊ ဒီလိုလူမျိုးက ငါ့လက်ထဲမှာ သေသင့်တယ်”
တစ်ရက်ကြာပြီးနောက် ယွင်နိုင်ငံမှလူများက နတ်ဆိုးအငွေ့အသက် အင်ပါယာသို့ ရောက်လာကြသည်။
ဤခရီးစဉ်၏ ခေါင်းဆောင်များမှာ ယွီထျန်းရွှမ်နှင့် ယွီရှန့်ရှီတို့ ဖြစ်ကြပြီး နှစ်ယောက်လုံးက သူတို့စကားကို လက်ကိုင်ထားဆဲပင်။
ယွီရှန့်ရှီက နတ်ဆိုးအငွေ့အသက် အင်ပါယာအား တန်း၍ ဖျက်ဆီးသင့်ပြီး ပြီးမှ ပိုင်လီကျန့်ကို ကယ်မည်ဟု ယုံကြည်ထားသည်။
သို့သော် ယွီထျန်းရွှမ်က အနုနည်းကို သုံးသင့်သည်ကို ထင်နေသည်။ အရင်ဆုံး နတ်ဆိုးအငွေ့အသက် အင်ပါယာကို အချိုသတ်၍ ပိုင်လီကျန့်ကို ကယ်ပြီးမှ နတ်ဆိုးအငွေ့အသက် အင်ပါယာကို ဖျက်ဆီးသင့်သည်ဟု ယူဆထားလေသည်။
“ငါ ယဲ့ဘုရင်ကို တစ်ချက်တည်းနဲ့ သတ်နိုင်တယ်လေ၊ ဘာလို့ ဒုက္ခခံနေမှာလဲ၊ သူ့ကိုသတ်ပြီးရင် နတ်ဆိုး အငွေ့အသက် အင်ပါယာတစ်ခုလုံးမှာ ဘယ်သူက ခုခံရဲဦးမှာလဲ”
ယွမ်ရှန့်ရှီက အေးစက်စက် ခနဲ့လာသည်။
“မင်းပြောတာ ကျိုးကြောင်း မသင့်လျော်ဘူး၊ ဒါပေမဲ့ ငါက အရှင့်သားကို နည်းလမ်းမျိုးစုံနဲ့ ကာကွယ်နိုင်ပါစေလို့ မျှော်လင့်နေတာ”
ယွီထျန်းရွှမ်က သိမ်မွေ့သော အပြုအမူနှင့် လူကြီးလူကောင်းဆန်သလို ပြုမူပြောဆိုလေသည်။ နှိုင်းယှဉ်ရမည် ဆိုလျင် ယွမ်ရှန့်ရှီက ပို၍ ရက်စက်ကြမ်းကြုတ်ပြီး စစ်ဝတ်စုံကို ဝတ်ထားပြီး တစ္ဆေဦးခေါင်း မျက်နှာဖုံးကို တပ်ထားကာ မျက်လုံးပြာ ရွှေသလင်းကျောက် သားရဲပေါ်၌ ထိုင်နေသောကြောင့် ဟိတ်ဟန်ကြီး၍ ကြောက်မက်ဖွယ် ကောင်းနေသည်။
အချိန်တိုအတွင်းမှာပင် သူတို့သည် နန်းတော်တံတိုင်းအပြင်ဘက်သို့ ရောက်သွားလေသည်။ ယွီထျန်းရွှမ်က ယွီရှန့်ရှီကို သတိပေးလိုက်သည်။
“မင်းစိတ်ကို ထိန်းပါ၊ ကိစ္စကြီးကို မပျက်စီးစေနဲ့ မဟုတ်ရင် အရှင်က မင်းကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး”
ယွီရှန့်ရှီက အေးစက်စွာ ပျက်ရယ်ပြုလိုက်ပြီး ဘာမှမပြောချေ။ ယဲ့ဖန်က ယွီထျန်းရွှမ်နှင့် ယွီရှန့်ရှီတို့ကို ညီလာခံ ခန်းမ၌ စောင့်ဆိုင်းနေသည်။ ထို့ကြောင့် ယွီထျန်းရွှမ်နှင့် ယွီရှန့်ရှီတို့က နန်းတော်ထဲသို့ တစ်လမ်းလုံး လမ်းလျှောက် ဝင်လာရသည်။
မည်သူမှ သူတို့ကို နှုတ်မဆက်သလို တားလည်းမတားကြဘဲ လုံးဝ ဥပေက္ခာပြုထားကြသည်။ ထိုအခိုက်တွင် ယွီရှန့်ရှီ ဒေါပွသွားပြီး အဘိုးအိုတစ်ယောက်အား လှမ်းဆွဲ၍ မေးလိုက်သည်။
“အဘိုးကြီး ယဲ့ဘုရင် ဘယ်မှာလဲ”
အဘိုးအိုက သူတို့ကို ခြေဆုံးခေါင်းဆုံး ပြန်ကြည့်ပြီး မကျေနပ်သော လေသံဖြင့် မေးလိုက်သည်။
“မင်းတို့က ဘယ်သူတွေလဲ”
နတ်ဆိုးအငွေ့အသက် အင်ပါယာအတွင်း၌ အရှင်ယဲ့ဘုရင်အား တလေးတစား မခေါ်ခြင်းက ကောင်းသော အရာ မဟုတ်ချေ။
“ငါတို့က ယွင်နိုင်ငံက အထူးသံတမန်တွေပဲ”
ယွီထျန်းရွှမ်က ကျောက်စိမ်းတံဆိပ်ပြားကို ထုတ်ပြ၍ အပြုံးနှင့် ပြောလိုက်သည်။
“ဪ မင်းတို့ကိုး”
အဘိုးအို၏ မျက်နှာတွင် အထင်သေးဟန် ပေါ်လာပြီး သူက လှောင်ရယ်၍ ပြောလာသည်။
“မင်းတို့ ပြန်ပေးငွေကို ယူလာပြီလား”
ထိုစကားက ယွီထျန်းရွှမ်နှင့် ယွီရှန့်ရှီတို့အား သွေးအန်ချင်စိတ် ပေါက်သွားစေသည်။ သူတို့ ခြိမ်းခြောက် အကျပ်ကိုင်ခြင်းက နတ်ဆိုးအငွေ့အသက် အင်ပါယာတစ်နိုင်ငံလုံး ပျံ့နှံ့သွားသည့်ပုံပင်။
သာမန် အဘိုးအိုတစ်ယောက်က အဘယ်ကြောင့် သူတို့ကို ဤအပြုအမူနှင့် ရင်ဆိုင်ပြောဆိုရဲလဲ သူတို့ စဉ်းစား၍ မရချေ။
သူတို့က အင်မော်တယ် ဧကရာဇ်အဆင့်တွေ ဖြစ်သည်။ ဘယ်နိုင်ငံမဆို သူတို့ကို မလေးမစား မလုပ်ရဲသော်လည်း ဤနိုင်ငံက ဘာတွေဖြစ်နေသနည်း။
“ခင်ဗျား”
ယွီရှန့်ရှီ ချက်ချင်း လူသတ်ချင်စိတ် ပေါက်လာသည်။ ဤအဘိုးအိုက သူတို့ကို တမင်သက်သက် အရှက်ခွဲနေမှန်း သိသာလှသည်။
“ထားလိုက်တော့ ငါတို့ ပြန်ပေးငွေ ပေးဖို့လာတာ၊ ယဲ့ဘုရင်က ဘယ်မှာလဲ”
ယွီထျန်းရွှမ်က စိတ်ထဲက ဒေါသကို ထိန်း၍ မေးလိုက်သည်။
“မင်းတို့ ပြန်ပေးငွေကို ဘယ်မှာ ပေးမှာလဲ၊ မင်းတို့ဘုရင်က မင်းတို့ကို မပြောလိုက်ဘူးလား၊ အရှင် ယဲ့ဘုရင်က မင်းတို့ကို မပြောခဲ့တာလား ဒါမှမဟုတ် မင်းတို့က မမှတ်မိတာလား၊ အကျဉ်းသား တစ်ယောက်အနေနဲ့ မင်းတို့ အချိုပွဲပါ စားချင်လို့မရဘူးလေ၊ မင်းတို့အားလုံးက အရူးလိုပဲ၊ မင်းတို့မင်းသား အဖမ်းခံရတာ ငါ မအံ့ဩတော့ဘူး”
“ခင်ဗျား သေချင်နေတာပဲ”
ယွီရှန့်ရှီ ဒေါသူပုန်ထနေပြီး အဘိုးအိုအား ခက်ထန်စွာ စိုက်ကြည့်နေသည်။
“အဘိုးကြီး ခင်ဗျားကို ယဲ့ဘုရင် ဘယ်မှာလဲ ပြောဖို့ ဆယ်စက္ကန့် အချိန်ပေးမယ်၊ မဟုတ်ရင် ခင်ဗျား ဒီမှာ သေရမယ်”
“သေမယ် ဟုတ်လား၊ ဘယ်သူက ကြောက်လို့လဲ၊ နတ်ဆိုး အငွေ့အသက် အင်ပါယာမှာ သေမှာကြောက်တဲ့ နတ်ဆိုး မရှိဘူး”
အဘိုးအိုက ရုတ်တရက် ယွီရှန့်ရှီကို နီရဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်၍ ပြန်ပြောလိုက်သည်။
“မင်း သတ်ချင်ရင် သတ်လိုက်၊ ဒီဘိုးဘီုးကြီးက ခေါင်းမော့ပေးထားမယ်”
ယွီထျန်းရွှမ်နှင့် ယွီရှန့်ရှီတို့ နှစ်ယောက်လုံး အံ့ဩသွားပြီး ဤနိုင်ငံက ထူးဆန်းသည်ဟု ခံစားလိုက်မိသည်။
သာမန်အဘိုးအိုတစ်ယောက်တောင်မှ သေမှာကို မကြောက်ပေ။ ဤနိုင်ငံ၏ နိုင်ငံ့ပုံစံက ဤမျှ မာကြော လေသလော။
အစက ယွီထျန်းရွှမ်သည် အဘိုးအိုက လေလုံးထွားနေသည်ဟု ထင်ခဲ့သည်။ သို့သော် တစ်ခဏအကြာတွင် အဘိုးအို၏ မျက်လုံးတွင်း၌ အထင်သေး၍ မာနကြီးကာ မောက်မာသော အရိပ်အယောင် ပေါ်နေပြီး သေမှာ မကြောက်သည်ကို တွေ့လိုက်ရသည်။
*အရူး*
*ဒီနိုင်ငံက လူတွေက ရူးနေတာပဲ*
အမှန်အတိုင်း ပြောရမည်ဆိုလျင် သူတို့အားလုံး ကြောက်နေကြသည်။ သာမန် အဘိုးအို တစ်ယောက်ကပင် သေမှာကို မကြောက်သဖြင့် နတ်ဆိုးအငွေ့အသက် အင်ပါယာတစ်ခုလုံးမှ လူများလည်း ခြားနားနေမည် မဟုတ်ပေ။
ဤလူများသည် ယဲ့ဘုရင်နီးနီး ကြမ်းကြုတ်ကြသည်။ ဤသည်က နတ်ဆိုး အငွေ့အသက် အင်ပါယာတစ်ခုလုံးမှ လူများအားလုံး သေရဲကြောင်း ပြသနေ၏။
လူတစ်ယောက်က သေရမည်ကို မကြောက်လျင် မလုပ်နိုင်တာ ဘာရှိဦးမည်နည်း။
ယွီထျန်းရှန်သည် ဤခရီး၌ ယဲ့ဘုရင်ကို သတ်ကိုသတ်ရမည်ဟု ဆုံးဖြတ်ထားသည်။ အကယ်၍ သူ့ကိုသာ မသတ်နိုင်လျင် နောင်အနာဂတ်၌ ကိုးပြည်နယ်တစ်ခုလုံး အန္တရာယ် ဖြစ်လာနိုင်ချေ ရှိသည်။
“ထားလိုက်တော့ ငါတို့ဘာသာ ရှာရအောင်”
ယွီထျန်းရွှမ်က လူသတ်တော့မည့် ယွီရှန့်ရှီကိုဆွဲ၍ ဤနေရာမှ အတင်းထွက်လာလိုက်သည်။ သူတို့ ထွက်သွားသည်နှင့် အဘိုးအိုက ရွံသလို တံတွေးထွေး၍ ဆဲဆိုလေသည်။
“ခွေးမသားတွေ”
ထိုစကားကိုကြားသော် ယွီထျန်းရွှမ်နှင့် ယွီရှန့်ရှီတို့ သွေးတက်မတတ် ဖြစ်သွားကြသည်။
နောက်ဆုံးတွင် သူတို့ ညီလာခံခန်းမထဲသို့ ဝင်လာကြလေသည်။ အမတ်များက သူတို့ လာနေသည်ကို မြင်သော်လည်း သူတို့ကို နှုတ်မဆက်သလို ကြည့်ပင်မကြည့်ချေ။
ဤသည်က ယွီရှန့်ရှီ အဆုတ်ကွဲမတတ် ဒေါသထွက်လာသည်။ အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက် ဖြစ်သည့်အားလျော်စွာ သူ ဘယ်သွားသွား အထွတ်အထိပ် ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရပြီး လူတိုင်းက လေးစားကြသည်။
သူတို့သည် အင်မော်တယ် ဧကရာဇ်အဆင့်များ ဖြစ်သည်။ သူတို့က နတ်ဘုရားများ ဖြစ်လေသည်။ သို့သော် ဤနတ်ဆိုးများက သူတို့က နံစော်နေသော ခွေးများသဖွယ် ကြည့်နေကြပြီး အရေးပင် မလုပ်ကြပေ။
“မင်းတို့ ငါ့ကို တွေ့တာတောင် ဒူးမထောက်ကြဘူးလား”
ယွီရှန့်ရှီက အေးစက်ခက်ထန်သော မျက်လုံးများဖြင့် လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ လူသတ်လိုစိတ်က တစ်ဟုန်ထိုး မြင့်တက်လာသည်။ သူ၏ စိတ်ရှည်သည်းခံမှုက အကန့်အသတ်သို့ ရောက်သွား လေပြီ။
အကြိမ်ပေါင်းများစွာ အထင်သေးခံရပြီး လျစ်လျူရှုခံရခြင်းအား အင်မော်တယ် ဧကရာဇ်အဆင့်ဖြစ်သော သူ လက်မခံနိုင်ပါ။
သို့သော် ထိုစကားကိုကြားသောအခါ နတ်ဆိုးမျိုးနွယ်များအားလုံး ကျယ်လောင်စွာ ရယ်မောလာသည်။ သူတို့က အထင်သေးစွာ ရယ်မောနေကြပြီး ကြည့်နေသော အကြည့်တွင်လည်း အထင်မြင်သေးဟန်များ ပိုတိုးလာ လေသည်။
ယင်းက ယွီရှန့်ရှီ၏ ထိန်းချုပ်နိုင်စွမ်းကို သရော်နေသလိုပင်။
“မင်းတို့အားလုံး သေချင်နေပြီလား”
ယွီရှန့်ရှီ အော်ငေါက်လိုက်ပြီး ကြမ်းကြုတ်သော လူသတ်လိုသည့် အငွေ့အသက်က ရုတ်တရက် ပျံ့လွင့်လာသည်။
အင်မော်တယ် ဧကရာဇ်အဆင့်၏ ဆံခြည်မျှင်ကပင် ဂြိုဟ်တို့အား ဖြတ်တောက်နိုင်သဖြင့် ယခု ဤလူသတ်လိုသော အငွေ့အသက်က အမတ်များထံ ရိုက်ခတ်သွားသည်။
“မလုပ်နဲ့”
ယွီထျန်းရွှမ် တားချင်သော်လည်း နောက်ကျသွားချေပြီ။ လူသတ်လိုသော အငွေ့အသက် ရေလှိုင်းသဖွယ် အမတ်များထံ ကျရောက်သွားလေသည်။
“ပြေးကြ”
ယွီထျန်းရွှမ်က ယွီရှန့်ရှီကို မတားနိုင်မှန်း သိလိုက်သဖြင့် အမတ်များကိုသာ အော်ပြောလိုက်သည်။ ထိုသို့ ပြုလုပ်ရခြင်းမှာ သူတို့ကို သနားညှာတာ မဟုတ်ဘဲ ယွီရှန့်ရှီ၏ ဤလူများကို သတ်ဖြတ်လိုက်သော လုပ်ရပ်က ယဲ့ဘုရင်၏ ဒေါသကို ဆွသလို ဖြစ်သွားပြီး ဆွေးနွေးညှိနှိုင်းမှု၌ အတားအဆီး ဖြစ်သွားမည်ကို စိုးရိမ်၍ ဖြစ်သည်။
သို့သော် မည်သူမှ မလှုပ်ကြချေ။ အားလုံးက ယွီထျန်းရွှမ်၏ စကားကို မကြားသယောင် နေနေကြသည်။ သို့သော် သူတို့၏ အထင်သေးသော မျက်နှာထားက ပို၍ ပီပြင်လာပြီး ယွီရှန့်ရှီအား လူပြက်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။
ဤသည်ကိုမြင်သော် ယွီထျန်းရွှမ် အံ့ဩသွားပြီး စိတ်ရှုပ်ထွေးသွားသည်။
*ဒီလူတွေ သေမှာကို မကြောက်ဘူးလား*
“ဝုန်း”
ကြောက်စရာကောင်းသော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ထို့နောက် ပို၍ ထည်ဝါအားကြီးသော အရှိန်အဝါက ယွီရှန့်ရှီ၏ အရှိန်အဝါကို ငြိမ်သက်သွားစေပြီး တစ်ချိန်တည်းမှာပင် ကောင်းကင်ပြိုလောက်သည့် ဓားစွမ်းအင်က ယွီရှန့်ရှီ၏ မျက်နှာထံသို့ ဦးတည်လာနေသည်။
ယွီရှန့်ရှီ ချက်ချင်း ရှောင်တိမ်းလိုက်ရသည်။
“ချီးပဲ”
ယွီရှန့်ရှီ၏မျက်နှာတွင် ကြောက်ရွံ့ဟန် ပေါ်နေပြီး တစ်စုံတစ်ယောက်က သူ့အား အသာလေး အနိုင်ပိုင်း နိုင်လိမ့်မည်ဟု မယုံနိုင်ပုံ ပေါ်နေ၏။
ထို့နောက်တွင်မူ သူ့အကြည့်က ပိုင်ရွှယ်နှင့်အတူ ပုလ္လင်ပေါ် ထိုင်နေသော လူထံ ရောက်ရှိသွားသည်။ ထိုလူသည် အနက်ရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး မတ်မတ်ထိုင်ကာ လက်များကို ဓားရိုးပေါ် တင်ထားပီး သူ့အား အရှိန်အဝါ အပြည့်ဖြင့် ကြည့်နေသည်။
ထိုစဉ် ထိုလူက ပြောလာသည်။
“နတ်ဆိုးအငွေ့အသက် အင်ပါယာတစ်ခုလုံးမှာ နတ်ဆိုးမျိုးနွယ်လူမျိုးတွေက လူနှစ်ယောက်တည်းကိုပဲ ဒူးထောက်ဖို့ လိုတယ်၊ အဲ့ဒါ ယဲ့ဘုရင်နဲ့ ဧကရီဘုရင်မပဲ၊ မင်းကိုယ်မင်း ဘာထင်နေလဲ”
အထက်စီးဆန်ပြီး အထင်သေးဟန် အပြည့်ပင်။
ယွီထျန်းရွှမ် နားလည်သွားလေသည်။ ဤလူများအားလုံးများ၏ ယုံကြည်မှုနှင့် မာနတို့က သူ့အရှေ့မှ လူထံမှ လာခြင်း ဖြစ်သည်ကိုး။
ထိုအခါ သူ၏ အဆင့်အတန်းက ချက်ချင်း ပေါ်လွင်လာသည်။
“ယဲ့ဘုရင်”
ယွီရှန့်ရှီ၏ မျက်လုံးများက အေးစက်လာပြီး သတ်ဖြတ်ချင်စိတ်က ပွက်ပွက်ဆူလာသည်။ ယဲ့ဖန်နှင့် အကြိမ်သုံးရာမက တိုက်ခိုက်ရန် မစောင့်နိုင်တော့ချေ။
ဤလူသည် သူတို့ ယွင်နိုင်ငံအား အတောမသတ်နိုင်သော အရှက်ရခြင်းကို ယူဆောင်လာသော အရူးတစ်ယောက် ဖြစ်သည်။
ယွီထျန်းရွှမ်က ယွီရှန့်ရှီ ထပ်ပြဿနာ ရှာမည်ကို စိုးရိမ်နေသည်။ ထို့ကြောင့် သူ ရှေ့သို့ အလျင်အမြန် တက်လာပြီး ယဲ့ဖန်ကို ကြည့်၍ ပြောလိုက်သည်။
“ယဲ့ဘုရင် ကျုပ်တို့ သဘောတူထားတဲ့အတိုင်း ပြန်ပေးငွေ ယူလာပြီ၊ ကျေးဇူးပြုပြီး ကျုပ်တို့ မင်းသားကို လွှတ်ပေးပါ”
“ဪ”
ယဲ့ဖန်က ယွီထျန်းရွှမ်အား အထင်သေးစွာ ကြည့်နေသည်။
“မင်းတို့ သံအမတ်တွေက နိုင်ငံတစ်နိုင်ငံရဲ့ အရှင်သခင်နဲ့ တွေ့ရင် ဒီလိုပဲ ပြုမူတာလား”
ထိုစကားကြောင့် ယွီထျန်းရွှမ် မျက်နှာမည်းမှောင်သွားသည်။
“မင်း ဘာလိုချင်တာလဲ”
“ဒူးထောက်စမ်း”
ကျယ်လောင်စွာ အော်ငေါက်လိုက်သံက ခန်းမအတွင်း ပဲ့တင်ထပ်လာ၏။ ယဲ့ဖန်၏ မျက်နှာထားက မာကြော နေသည်။ သူ့မြေ၌ သူ့လူများကို သတ်ရဲနေကတည်းက ဤလူများသည် သူ့အား အာခံလိုက်ပြီးသား ဖြစ်သည်။
“ဒူးထောက်”
“ဒူးထောက်”
“ဒူးထောက်”
နတ်ဆိုးများအားလုံး ပြိုင်တူ အော်ဟစ်လာပြီး သူတို့အရှေ့မှ အင်မော်တယ် ဧကရာဇ်အဆင့်များအား မကြောက်ကြချေ။
“ငါတို့လို အင်မော်တယ် ဧကရာဇ်အဆင့်တွေကို ဒူးထောက်ခိုင်းတယ် ဟုတ်လား၊ မင်း ဘာပြောနေလဲရော သိရဲ့လား”
ထိုစဉ် ယွီထျန်းရွှမ်သည်လည်း ဒေါသထွက်လာသည်။
ယွင်နိုင်ငံမှာတောင် ပိုင်လီဟုန်ပင် သူတို့ကို ဒူးမထောက်ခိုင်းရဲပေ။ ယဲ့ဖန်က အဘယ်ကြောင့် ဒူးထောက်ခိုင်း ရဲသနည်း။
“ဒူးမထောက်ဘူးလား”
ယဲ့ဖန်က ခက်ထန်သော အပြုံးမျိုး ပြုံးလိုက်ပြီး အနားမှ ထန်မင်လီအား အချက်ပြလိုက်သည်။