← Chapters

အခန်း ၁၆၂၁

Vol. 109 Ch. 1621

အခန်း ၁၆၂၁

Vol. 109 Ch. 1621

Chapter 1621 မဟာမိတ်ဖွဲ့ခြင်း

ယွီထျန်းရွှမ်တို့နှစ်ယောက်လုံး လေးလံစွာ ခေါင်းညိတ်ပြလိုက်သည်။

“သူတို့ကို မင်းလက်ထဲ လွှဲလိုက်ပြီ”

ယဲ့ဖန်က ကျန်းကျန့်ရန်ကို ပြောလိုက်သည်။ သူတို့အား ကျန်းကျန့်ရန် လက်ထဲ ပစ်ထည့်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

“ဒါ ဘယ်လိုလုပ် အလုပ်ဖြစ်မှာလဲ”

ကျန်းကျန့်ရန် အံ့ဩသွားသည်။ အင်‌မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်ကို သူ့လက်အောက် ငယ်သားအဖြစ် ခိုင်းစေခြင်းက သူ့အသက် ဆုံးရှုံးသွားမည်ကိုပင် စိုးရိမ်ရသည်။

“ဖြစ်တယ်”

ယဲ့ဖန်က အေးစက်စွာ ပြောလိုက်သည်။

“သူတို့ကို အနိမ့်ဆုံးအဆင့်ကနေ စခိုင်းလိုက်၊ သူတို့ ဘယ်လောက် မြင့်မြင့်ကို တက်နိုင်မလဲ ဆိုတာကတော့ သူတို့အပေါ်မှာပဲ မူတည်တယ်”

“နတ်ဆိုးတွေရဲ့ အရာအားလုံးကို စစ်ဘက်ဆိုင်ရာ အရည်အချင်းနဲ့ပဲ သတ်မှတ်မယ်၊ မင်းတို့ လုပ်နိုင်တဲ့ အရည်အချင်းပေါ် မူတည်ပြီး မင်းတို့ သဘောကျတဲ့ ရာထူးကို ခန့်အပ်သွားမယ်၊ မင်းတို့က နိမ့်ကျတဲ့လူပဲ ဖြစ်ဖြစ်၊ မြင့်မြတ်တဲ့လူပဲဖြစ်ဖြစ် အဲ့အဆင့်အတန်းက အသုံးမဝင်ဘူး”

“မင်းတို့ ရာထူးတိုးပြီး ကံကောင်းခြင်းတွေ ရချင်တယ်ဆိုရင် အားလုံး စစ်ထဲဝင်ပြီး အတွေ့အကြုံ ယူရမယ်၊ ထူးချွန်တဲ့လူတွေက ကံကောင်းခြင်းတွေ ရပြီး မလုပ်နိုင်တဲ့လူတွေကတော့ အိမ်ပြန်ပြီး ကလေးပဲ ထိန်းနေ လိုက်တော့၊ ကိုယ့်လိုဘအတွက် ရာထူးအာဏာကို အသုံးပြုရဲတဲ့ ဘယ်သူ့ကိုမဆို စစ်ဥပဒေအတိုင်း အပြစ်ပေးမယ်”

ယဲ့ဖန်သည် ထိုစကားက ယွီထျန်းရွှမ်နှင့် ယွီရှန့်ရှီတို့ကိုသာ ပြောခြင်းမဟုတ်ဘဲ ဤနေရာ၌ ရှိနေသော နတ်ဆိုးအားလုံးကို ပြောခြင်း ဖြစ်လေသည်။

သူ့အဖွဲ့တွင် ဆွေမျိုးကောင်းစားရေးဝါဒ လက်ကိုင်ထားသူများ မလိုအပ်ပေ။

လူတိုင်း ထိတ်လန့်သွားပြီး အသံပင် မထွက်ရဲကြချေ။ သို့သော် ယဲ့ဖန်၏ စကားအား စိတ်ထဲ၌ စွဲနေအောင် မှတ်ထားကြသည်။

မကြာခင်မှာပင် ယွီထျန်းရွှမ်နှင့် ယွီရှန့်ရှီတို့နှစ်ယောက်လုံး ယဲ့ဖန်ထံ အညံ့ခံလိုက်သည့်သတင်းက ယွင်နိုင်ငံထံ ချက်ချင်း ရောက်ရှိသွားသည်။

ပိုင်လီဟုန် ချက်ချင်း ဒေါသူပုန်ထကာ စစ်သည်များအား တောင်ဘက်သို့ စေလွှတ်၍ နတ်ဆိုးအငွေ့အသက် အင်ပါယာအား သုတ်သင်ရန် ပြင်ဆင်လေသည်။

လက်ရှိတွင် ပိုင်လီဟုန်သည် တောင်ခြေတစ်ခု၌ ရပ်နေ၏။ ဧရာမ တောင်ထိပ်တစ်ခုလုံးအား လူ့အရိုးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းသည် မီတာတစ်ရာမျှ မြင့်မားပြီး မိုးမျှော်စင်အလား ဖြစ်နေသည်။

အရိုးများက ရာထောင်ချီသလား၊ သန်းကျော်လေသလားပင် မသိနိုင်ပေ။ ဤနေရာတစ်ခုလုံး ရက်စက်မှုနှင့် မှောင်ရိပ်သန်းခြင်းတို့ ပြည့်နှက်နေသည်။ သင်္ချိုင်းမြေတစ်ခုနှင့်ပင် တူနေ၏။

“ယခု နိုင်ငံက ဒုက္ခရောက်နေလို့ ဧကရာဇ်ကို တံခါးပိတ်နေနေရာကနေ ထွက်လာပေးဖို့ တောင်းဆိုပါတယ်”

ပိုင်လီဟုန်က ချက်ချင်း မြေကြီးပေါ် ဒူးထောက်ချ၍ ကျယ်လောင်စွာ အော်ဟစ်လေသည်။ ဤမြင်ကွင်းက အမတ်များကို ထိတ်လန့်သွားစေသည်။

*ပိုင်လီဟုန် ရှာနေတာ ဘယ်သူလဲ၊ ဘယ်သူမို့လို့ သူ့ရဲ ဧကရာဇ်ဆိုတဲ့ ဂုဏ်သိက္ခာကို ချပြီး ဒူးထောက်ရတာလဲ*

“မင်းက ဘယ်သူလဲ”

ရုတ်တရက် တောင်ထိပ်ပေါ်မှနေ၍ သိမ်မွေ့နူးညံ့သော အသံတစ်သံ ထွက်ပေါ်လာသည်။

“ကျွန်တော်က ပိုင်လီမိသားစုရဲ့ မျိုးဆက်သုံးရာမြောက်က မြေးမြစ် ပိုင်လီဟုန်ပါ”

ထို့နောက်တွင်မူ လေပြင်း တိုက်ခတ်လာပြီး ဧရာမ အရိုးတောင်တစ်ခုလုံး ယိမ်းထိုးလာပြီး ပုံရိပ်တစ်ခုက မြေကြီးထဲမှ ဝုန်းခနဲ ထွက်ပေါ်လာသည်။

ထွက်ပေါ်လာသူမှ အဖိုးတန် အဝတ်အစားများ ဝတ်ဆင်ထားသည့် လှပချောမောသော မိန်းမပျိုလေးတစ်ယောက် ဖြစ်လာ၏။

“မိခင် ဘုရင်မပါလား”

လူတိုင်း ထိတ်လန့်နေသော မျက်လုံးများဖြင့် တအံ့တဩ ရေရွတ်လာကြသည်။ မိမိ မြင်နေရသော အရာကို မယုံကြည်နိုင် ဖြစ်နေသည့်ပုံပင်။

*လတ်စသက်တော့ ဒီတောင်မှာ မိခင်ဘုရင်မက အမြဲ ပုန်းနေခဲ့တာကိုး*

သူမသည် နိုင်ငံတစ်နိုင်ငံ မွေးဖွားဖြစ်တည်လာအောင် လုပ်ပေးခဲ့သော အမျိုးသမီး၊ အလွန်ဝေးကွာသော ရှေးခေတ်အခါက မွေးဖွားခဲ့သော ရှေးဟောင်းနတ်ဘုရား၊ ယွင်နိုင်ငံမှ လူတိုင်း၏ မိခင် ဖြစ်လေသည်။

“ယဲ့ဘုရင်လို့ခေါ်တဲ့ ယုတ်မာကောက်ကျစ်တဲ့ လူတစ်ယောက်က ကျွန်တော့်သားကို သတ်ပြီး ယွင်နိုင်ငံရဲ့ မြင့်မြတ် ထည်ဝါမှုကို ရန်စဖို့ ကြိုးစားနေပါတယ်၊ ပြီးတော့ ယွီထျန်းရွှမ်နဲ့ ယွီရှန့်ရှီတို့ကလည်း သစ္စာဖောက်ပြီး ရန်သူနဲ့ ပူးပေါင်းသွားပါပြီ”

ပိုင်လီက သုန်မှုန်နေသော မျက်နှာနှင့် ပြောလိုက်သည်။

“ဘာ”

မိခင်ဘုရင်မသည် အချိန်အတော်ကြာ ပုန်းကွယ်နေသော်လည်း ယွင်နိုင်ငံနှင့် ပတ်သက်၍ တစ်ချို့အရာများကို သိနားလည်သဖြင့် ထိုလူနှစ်ယောက်အကြောင်းကိုလည်း သိပါသည်။

အပေါ်ယံတွင် ယွီထျန်းရွှမ်က ပိုင်လီဟုန်ကို ခစားနေသည်ဟု ထင်ရသည်။ တကယ်တမ်း၌ သူသည် မိခင်ဘုရင်မကို ခစားနေခြင်း ဖြစ်သည်။

ပိုင်လီဟုန်ကို သစ္စာဖောက်ခြင်းက မိခင်ဘုရင်မကို သစ္စာဖောက်ခြင်းသာ။ ဤသည်က သူမကို ချက်ချင်း ဒေါသထွက် လာစေသည်။

“အဲ့ဒီ အရှက်မရှိတဲ့ ခွေးသားလေးနှစ်ကောင်က ဘယ်မှာလဲ”

မိခင်ဘုရင်က ဒေါသနှင့် မေးလာသည်။ သူမ ဤအချိန်အထိ အသက်ရှင်နေထိုင်ခဲ့ပြီး မည်သူမှ သူမကို သစ္စာ မဖောက်ရဲချေ။

“နတ်ဆိုးအငွေ့အသက် အင်ပါယာမှာပါ၊ ယဲ့ဘုရင်ဆိုတဲ့လူက ကျွန်တော်တို့ရဲ့ မြင့်မြတ်မှုကို စိန်ခေါ်ဖို့ ရည်ရွယ် နေတာပါ”

“ကောင်းတယ်၊ သိပ်ကောင်းတယ်”

မိခင်ဘုရင်မ၏ လှပသော မျက်နှာတွင် ရက်စက်ကြမ်းကြုတ်ဟန်တို့ ပေါ်လာသည်။

“ဒီလိုဆိုမှတော့ နတ်ဆိုး အငွေ့အသက် အင်ပါယာက လူတိုင်းကို မြေမြှုပ်ပစ်ရမှာပေါ့”

ထိုအခိုက်တွင် အင်အားပေါင်းစုံ စုစည်းလာပြီး နတ်ဆိုး အငွေ့အသက် အင်ပါယာအား လက်ညှိုးထိုး အပြစ်တင်ကြသည်။

ယန်နိုင်ငံ၏ဘုရင်၊ ယွိကျဲ့နယ်မြေမှ ဧကရာဇ်သွမ့်မူ၊ ယွင်နိုင်ငံ၏ မိခင်ဘုရင်မ။ အင်အားစုအားလုံး ပူးပေါင်းပြီး နတ်ဆိုး အငွေ့အသက် အင်ပါယာအား တိုက်ခိုက်ကြလေသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံပေါင်းစုံ၏ လူအများအမြင်တွင် နတ်ဆိုးအငွေ့အသက် အင်ပါယာအား သွေးသန့်စင်ခြင်း နိုင်ငံထက် ပို၍ ရက်စက်ကြမ်းကြုတ်သော နိုင်ငံအဖြစ် ပြောဆိုကြသည်။ ထို့အပြင် အခြားနိုင်ငံများကို သိမ်းသွင်းခဲ့သဖြင့် စုစုပေါင်း နိုင်ငံရှစ်နိုင်ငံ မဟာမိတ်ဖွဲ့၍ နတ်ဆိုးအငွေ့အသက် အင်ပါယာအား စစ်ခင်းလာသည်။

ယင်းအား တရားမျှတမှုအတွက် နိုင်ငံတစ်နိုင်ငံကို သုတ်သင်ခြင်းဟု နာမည်တပ်ကြသည်။ ထိုသို့ နာမည်တပ်ရာ၌ ထိုနိုင်ငံမှ ပြည်သူပြည်သားများအားလုံးကိုပါ သုတ်သင်လေသည်။

လက်ရှိတွင် ပိုမိုများပြားသော နိုင်ငံများက နတ်ဆိုးအငွေ့အသက် အင်ပါယာအား အပြစ်တင် ကြိမ်းမောင်း ပြောဆိုကြပြီး သူတို့အား လူသားမျိုးနွယ်၏ ရန်သူများဟုပင် ခေါင်းစဉ်တပ်ကြသည်။

ကပ်ဆိုးတစ်ခုကဲ့သို့ လုံးဝ မရှင်းလင်းလျင် လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်ပျက်စီးစေမည်ဟု ပြောဆိုကြသည်။

ထိုသို့သောအချိန်၌ ကိုးပြည်နယ်အတွင်းမှ လူများသည် သူတို့ သိပင်မသိသော နိုင်ငံအား ရုတ်တရက် အလွန် မုန်းတီးလာသည်။

ထို့ကြောင့် ဖြောင့်မတ်ပါသည်ဟူသော အရူးများက ဤနတ်ဆိုးနယ်မြေသို့ ပိုပို၍ ခြေချလာကြပြီး နတ်ဆိုးများအား စိတ်ရှိသလို သုတ်သင်ချင်နေကြသည်။

နေ့အလင်းရောင်အောက်၌ ယဲ့ဖန်သည် မြင်းနဂါးတစ်ကောင်အား သတ်ဖြတ်ပြီး ၎င်းပိုင်ရှင်ရှေ့မှာပင် အသားကင်၍ ထိုင်စားနေသည်။

“နင် သေကိုသေရမယ်၊ ငါ့အစ်ကိုက နင့်ကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး”

ယွင်နိုင်ငံမှ မိန်းမပျိုလေးတစ်ယောက်က မျက်ရည်လည်ရွဲဖြင့် ငိုကြွေးနေသည်။ သူမသည် မူလက နတ်ဆိုးများကို နှိမ်နင်းရန် လာခဲ့ခြင်း ဖြစ်သည်။ သို့သော် နတ်ဆိုး အငွေ့အသက် အင်ပါယာသို့ ခြေချမိသည်နှင့် ယဲ့ဖန်တို့နှင့် ဆုံရလိမ့်မည်ဟု ထင်မထားမိပေ။ ထို့ကြောင့် သူမ၏ စီးတော်ယာဉ်ကို သူမ ဆုံးရှုံးလိုက်ရသည်။

အဓိကအချက်မှာ သူတို့က သူမကို မသတ်သော်လည်း သူမ၏ စီးတော်ယာဉ်ကို သူမရှေ့၌ သတ်ကာ စားနေကြသည်။ တစ်လုပ်ခြင်းစီအား အရသာရှိသလို စားပြနေသောကြောင့် သူမ ဒေါသထွက်ကာ သွေးအန်လုနီးပါး ဖြစ်နေ၏။

“ဒါဆို မင်းအစ်ကိုကိုလည်း မြင်းနဂါး သယ်လာဖို့ မှာလိုက်ဦး”

ယွီရှန့်ရှီက ညစ်ကျယ်ကျယ်ပြုံး၍ ပြောလိုက်သည်။

“မဟုတ်ဘူးကွ အသားတစ်ခုတည်းကိုပဲ စားရရင် ငြီးငွေ့သွားလိမ့်မယ်၊ ကြက်ကို သယ်တာလာ အကောင်းဆုံးပဲ”

ယွီထျန်းရွှမ်က ခံစားချက်ကင်းမဲ့စွာ ပြောလေသည်။ ထိုအခါ ကြက်ကတုံးက လက်ထဲမှ အသားကင်ကို ပစ်ချ၍ သူ့ထံ ပြေးကာ နပန်းလုံးလေသည်။

ထိုစကားကိုကြားသော် မိန်းမပျိုလေးက ပိုကျယ်လောင်စွာ ငိုလေတော့သည်။

“ဝါး … ရှင်တို့ နတ်ဆိုးတွေ၊ ရှင်တို့ အပြစ်ဒဏ် ခံရမယ်”

“ညီမလေး ငါတို့က မင်းကို သင်ခန်းစာ ပေးဖို့ ရောက်လာတာ၊ နတ်ဆိုးအငွေ့အသက် အင်ပါယာက မင်း လုပ်ချင်သလို လုပ်လို့ရတဲ့ နေရာ မဟုတ်ဘူး၊ ဒီကို ကောင်းမွန်တဲ့ သဘောထားနဲ့ လာရင် အချိန်မရွေး ကြိုဆိုနေမှာပါ၊ မင်းက မကောင်းတဲ့စိတ်နဲ့ လာမယ်ဆိုရင်တော့ မင်းအသက်ကို ထားခဲ့ရလိမ့်မယ်”

ယဲ့ဖန်က သုန်မှုန်စွာ ပြောလိုက်ပြီးနောက် မိန်းမပျိုလေးအား တစ်စုံတစ်ရာ လှမ်းပေးလိုက်သည်။

“မင်း စားဦးမလား၊ မြင်းသားလေ”

“ဝါး…”

မိန်းမပျိုလေးက ပို၍ ကျယ်လောင်စွာ ငိုနေပုံက ရင်ကွဲနာကျနေသည်ဟုပင် ပြောရပေမည်။ ယွီထျန်းရွှမ်နှင့် အခြားသူများက အားပါးတရ စားပြနေသေးသည်။

*လွန်လွန်းတယ်၊ လူယုတ်မာတွေ*

“ခွေးမသား မင်း လူလူကို လွှတ်လိုက်စမ်း၊ မဟုတ်လို့ကတော့ ငါ့အဆိုးမဆိုနဲ့”

အမွေးပင်မပေါက်လောက်သေးသော လူငယ်တစ်ယောက်က သူ့အဖော်များကိုပါ ခေါ်၍ ရောက်လာသည်။ သူတို့အားလုံးက ကလေးတစ်သိုက်သာသာပင်။

သူတို့ စီးလာသော စီးတော်ယာဉ်များအရ သူတို့သည် မတူညီသော မျိုးရိုးမြင့်မိသားစုမှ လာခြင်းဖြစ်ကြောင်း ခန့်မှန်းရ မခက်ချေ။ ဤအခွင့်အရေးကို အရယူ၍ အတွေ့အကြုံရရန် ထွက်လာသူများသာ ဖြစ်လေသည်။

“ထွက်သွားကြ”

သူမ၏ မိတ်ဆွေက လာကယ်သည်ကို မြင်သောအခါ လူလူက အလျင်အမြန် အော်ပြောလိုက်သည်။ ဤနတ်ဆိုးများသည် သူတို့ ရင်ဆိုင်နိုင်သောသူများ မဟုတ်ချေ။ သူမ အစောပိုင်းကတင် ကြိုးစားပြီးခဲ့ပြီးလေပြီ။

“မကြောက်နဲ့ လူလူ၊ ငါဆိုတဲ့ ရှုစန်းသော်ဆိုတဲ့ ငါ ရှိနေရင် သူတို့ မင်းကို ဘာမှမလုပ်နိုင်ဘူး”

ထိုလူငယ်က သူ့ရင်ဘတ်သူ ပုတ်၍ ကြွေးကြော်လေသည်။ ထို့နောက်တွင်မူ မြင်းနဂါးအား ယဲ့ဖန်တို့ စားနေသည်ကို မြင်ပြီး သူတို့ မျက်လုံးပြူးသွားသည်။

“မင်းတို့တွေ လူလူရဲ့ မြင်းနဂါးကိုး တကယ် စားလိုက်တာလား”

မြင်းနဂါးသည် နဂါးသွေး စီးဆင်းနေသော ဒဏ္ဍာရီလာ သားရဲဖြစ်ပြီး ကိုးပြည်နယ်တွင်း၌ အလွန် ရှားပြီး တန်ဖိုးကြီးသည်။

*ဒီလူတွေ တကယ် မီးကင်ပစ်လိုက်တာလား*

*ဒါ ပိုက်ဆံဖြုန်းတာပဲ*

“ဟုတ်တယ် ဟီးဟီး”

ထို့နောက် ချုံးချီနှင့် အခြားသူများသည် ဘယ်လိုသေမလဲ မသိသေးသည့် လူငယ်များ စီးလာသော စီးတော်ယာဉ်များကို စိုက်ကြည့်ပြီး တစ်ချိန်လုံး သွားရည်ယိုနေသည်။

“ခင်ဗျားတို့”

ရှုစန်းသော်သည် တစ်ဖက်လူ၏ အမူအရာကို မြင်ပြီး စိတ်လေးကာ မကောင်းသော ခံစားချက် ရလာသည်။

ငါးမိနစ်ကြာသော် ရှုစန်းသော်နှင့် အခြားသူများသည် လူလူနှင့်အတူ ဆောင့်ကြောင့်ထိုင်၍ အော်ငိုနေကာ နတ်ဆိုးမျိုးနွယ် တစ်သိုက်က သူတို့၏ ချစ်ရပါသော စီးတော်ယာဉ်များကို ဖြတ်တောက်၍ မီးကင်နေသည်ကို ကြည့်နေရသည်။

“ခင်ဗျားတို့ ဝဋ်လည်လိမ့်မယ် အီးဟီးဟီး”

“ငါ့ဆရာက ခင်ဗျားတို့ကို ဒီအတိုင်း မထားဘူး”

“ငါ့ရဲ့ ရှုမောစရာကောင်းတဲ့ ငါးကြင်းလေးက အခုတော့ ငါးကင် ဖြစ်သွားပြီး ဝါးဝါး…”

“အမေရေ ကျွန်တော် အိမ်ပြန်ချင်တယ်၊ ဒီနိုင်ငံရဲ့ နတ်ဆိုးတွေက အရမ်း ကြောက်ဖို့ကောင်းတယ်”

ယွီရှန့်ရှီက သူတို့ကို အထင်သေးသော အကြည့်ဖြင့် ကြည့်လာသည်။

“အမွေးတောင် မပေါက်သေးတဲ့ မျိုးမစစ်လေးတွေ၊ မင်းတို့ တီဗွီဇာတ်လမ်းတွေ အကြည့်လွန်နေပြီလား၊ နတ်ဆိုးတွေကို ဘယ်လို အနိုင်ယူပြီး သုတ်သင်မလဲ သင်ဖူးလို့လား”

ဤလူငယ်များသည် သူတို့နိုင်ငံအသီးသီးတို့ ပြန်ရောက်သွားကြပီး နတ်ဆိုးအငွေ့အသက် အင်ပါယာမှ နတ်ဆိုးများ၏ ကြောက်စရာကောင်းပုံကို လိုက်ပြောလေတော့သည်။

နိုင်ငံအားလုံး၏ နတ်ဆိုးအငွေ့အသက် အင်ပါယာအပေါ် မုန်းတီးစိတ်က ပိုတိုးလာသည်။

“ဒါပေမဲ့ သူတို့က ငါ့စီးတော်ယာဉ်ကိုပဲ စားတာလေ၊ ငါတို့ကို မသတ်ဘူးမလား”

ထိုအချိန်တွင် လူလူက ထိုသို့သော စကားမျိုး ပြောလာသည်။

“အဲ့လူတွေက နည်းနည်းလေးပဲ ဆိုးတာပါ၊ ဒါပေမဲ့ သူတို့ကို အရမ်း ယုတ်မာတယ်လို့ ပြောတာက မလွန်လွန်း ဘူးလား”

သူမသည် ကျိုးကြောင်းဆင်ခြင်တတ်သော လူတစ်ယောက် ဖြစ်သည်။ အကယ်၍ ဤလူများသာ တကယ် ဆိုးသွမ်း ယုတ်မာလျင် သူတို့ကိုသာ တန်းသတ်လောက်သည်။ အဘယ်ကြောင့် သူမတို့ကို အသက်ရှင်လျက် ပြန်ခွင့်ပေးမည်နည်း။

“လူလူ နင် ဘယ်လိုလုပ် အဲ့လို ပြောနိုင်ရတာလဲ၊ သူတို့ ငါတို့ကို ဘယ်လိုဆက်ဆံလဲ မေ့သွားပြီလား”

ရှုစန်းသော်က စိတ်ဆိုးမာန်ဆိုး ပြောလာ၏။

“သူတို့က ငါတို့ စီးတော်ယာဉ်ကိုပဲ စားတာလေ၊ ငါတို့ကို ဘာမှမှမလုပ်ပါဘူး”

“အဲ့ဒါက မလုံလောက်ဘူးလား၊ သူတို့ အရူးလုပ်တာကို မခံနဲ့၊ ဒီနတ်ဆိုးတွေက ငါတို့ကို မသတ်တာက ငါတို့ကို အရူးလုပ်တာ မဖြစ်နိုင်ဘူးလား”

ရှုစန်းသော်က အငြိုးထားစိတ်ဖြင့် ပြောလာသည်။

“သူတို့က ငါတို့ကို ဘာအရူးလုပ်လို့ ရလို့လဲ၊ နင် သေချာတွေးကြည့်ပါဦးလား”

လူလူက စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် သူတို့ ငါတို့အသက်ကို ချမ်းသာပေးတယ်လေ၊ သူတို့ကို အဲ့လို မကောင်းပြောဖို့ လိုလို့လား၊ နင်က သက်ညှာပေးတာကို လက်စားချေတာပဲ”

သူမ၏ စီးတော်ယာဉ်ကို စားလိုက်သော ထိုလူဆိုးများကို သူမ မုန်းသော်လည်း ယဲ့ဖန်နှင့် အခြားသူများကို လူယုတ်မာများ ဖြစ်မည်ဟု သူမ မထင်ပါ။

ရှုစန်းသော်၏ မျက်နှာက ရုတ်တရက် အေးစက်လာသည်။

“မင်းကို ကြည့်ရတာ အဲ့နတ်ဆိုးတွေရဲ့ ဦးနှောက်ဆေးတာကို ခံလိုက်ရပြီ ထင်တယ်”

ထိုအခိုက်တွင် နိုင်ငံရှစ်နိုင်ငံ၏ မဟာမိတ် အင်အားစုတွင်းမှ လူများအားလုံးက လူလူကို ရန်လိုသော အကြည့်များဖြင့် ကြည့်လာလေသည်။

“ရှုစန်းသော် နင် …”

လူလူ အံ့ဩသွားသည်။ သူမ ကလေးဘဝကတည်းက ခင်မင်ရင်းနှီး၍ အတူတူ ကစားလာခဲ့သောသူက သူမကို ဤသို့ စွပ်စွဲလာလိမ့်မည်ဟု ထင်မထားမိပါ။

“သူတို့က ငါတို့ကို ဆိုးဆိုးရွားရွား ဆက်ဆံပြီး နင့်ကိုတော့ ဘာလို့ အဲ့လိုမလုပ်လဲလို့ ငါ သိချင်နေခဲ့တာ၊ အခု နင် သူတို့အတွက် ပြောပေးနေတာကို ကြည့်ရင် နင် သူတို့ သိမ်းသွင်းတာ ခံလိုက်ရပြီလို့ ငါ အတပ်ပြောရဲတယ်”

ရှုစန်းသော်က အေးစက်စက် ခနဲ့လာသည်။ လူလူက သူ့ဘက်၌ မရပ်ချင်မှတော့ ထိုမျိုးမစစ်ကောင်များနှင့်အတူ သေဆုံးအောင် လုပ်ရပေမည်။

ချက်ချင်းဆိုသလိုပင် ကြမ်းကြုတ်သော သတ်တော့ဖြတ်တော့မည့် အငွေ့အသက်များက လူလူကို လွှမ်းခြုံ လာသည်။

လူလူ အံ့ဩမှင်တက်သွားပြီး မျက်နှာတွင် ကြောက်လန့်၍ သတိအနေအထား ဖြစ်ဟန် ပေါ်လာသည်။

“မင်းတို့ ဘာလုပ်ချင်တာလဲ”

လူလူ၏ မိသားစုဝင်များ ရုတ်တရက် ပြေးထွက်လာ၏။

“ဘာလဲ သူက နေရာတိုင်းမှာ နတ်ဆိုးတွေဘက်က ကာပြောနေတာလေ၊ သူက သူတို့ထဲက တစ်ယောက် ဖြစ်ပြီးနေမှာကိုတောင် စိုးရတယ်၊ သူ့ကို သူလျှိုလို့ ငါ သံသယဝင်တယ်”

“ဟုတ်တယ် အဲ့လိုလူမျိုးက ငါတို့နဲ့ ဘယ်တော့မှ အတူနေလို့မရဘူး၊ ချက်ချင်း ခွဲထုတ်ရမယ်”

“အရေးမပါလိုက်တာ၊ လူလူ အပါအဝင် ငါတို့မိသားစုတွေက နတ်ဆိုးအငွေ့အသက် အင်ပါယာနဲ့ တစ်ခါမှ မဆက်သွယ်ဖူးဘူး၊ ဘယ်လိုလုပ် သူလျှိုဖြစ်ရမှာလဲ”

လူလူ၏ မိသားစုဝင်များက ဒေါသတကြီး ပြောလာ၏။

“အဲ့လိုပြောနေစရာ မလိုဘူး၊ ငါတို့မရောက်ခင်က လူလူတစ်ယောက်တည်း အဲ့မှာ ရှိနေတာကို တွေ့ခဲ့တာ၊ သူတို့ကြားမှာ ဘာဖြစ်ခဲ့သလဲဆိုတာကို ဘယ်သူက သိမှာလဲ”

ရှုစန်းသော်က မလိုတမာစိတ်ဖြင့် ရယ်လေသည်။ တစ်ချိန်တည်းမှာပင် သူက လူလူကို မကောင်းသော အမူအရာနှင့် ကြည့်လာသည်။

မင်း ဘာပြောမလဲ လူလူ”

All Chapters