← Chapters

အခန်း ၁၆၂၂

Vol. 109 Ch. 1622

အခန်း ၁၆၂၂

Vol. 109 Ch. 1622

Chapter 1622 နတ်ဆိုး၏ အနောက်ဘက်သို့ ခရီးသွားခြင်း

“ရှုစန်းသော် နင် …”

သူမ၏ ငယ်သူငယ်ချင်းက သူမကို စွပ်စွဲရုံသာမက ယခု သူမကို သတ်ပါသတ်ချင်နေလိမ့်မည်ဟု လူလူ မယုံနိုင် ဖြစ်နေ၏။

“ဟုတ်တယ် ငါတို့ရောက်တော့ အဲ့မှာ လူလူ တစ်ယောက်တည်း ရှိတာ”

“ဟုတ်တယ် သူတို့ ဘာလို့ နင့်ကို မသတ်တာလဲ၊ နင် ငါတို့ကို တမင်သက်သက် အဲ့ဒီကို ရောက်အောင် မြားခေါ်တာ မဟုတ်လား”

ယခင်က လူလူ၏ သူငယ်ချင်းများက သူမကို မယုံသင်္ကာနှင့် မုန်းတီးသလို ကြည့်လာသည်။ သူတို့ပုံစံက သတ်တော့ ဖြတ်တော့မည့်ပုံပင်။

ဤလူငယ်များ၏ စကားများကို ကြားပြီး လူကြီးများ၏ သတ်ဖြတ်လိုစိတ်က ပိုပို၍ ပြင်းထန်လာသည်။

“မဖြစ်နိုင်လိုက်တာ၊ ငါ နင့်ကို လာဖို့ လာဖို့ ပြောခဲ့တာလေ၊ မေ့နေပြီလား”

လူလူက စိုးရိမ်တကြီး အော်ပြောလိုက်သည်။ သူမ အမှန်အတိုင်း ပြောလိုက်သော စကားကြောင့် လူတစ်စု၏ တိုက်ခိုက်ခြင်း ခံရပြီး သူမအသက်ဖြင့်ပင် ပေးဆပ်လိုက်ရမည်ဟု သူမ ထင်မထားမိပေ။

လူမှုအသိုင်းအဝိုင်းက အလွန် အန္တရာယ်များလှသည်။ လူတိုင်း အရက်မူးနေပြီး မိမိတစ်ယောက်တည်း နိုးကြားနေလျင် အသောက်အစားကင်းခြင်းက အပြစ်တစ်ခု ဖြစ်လာ၏။

လူတို့သည် သူတို့နှင့် ကွဲပြားခြားနားလျက် ရှိသော အရာများကို ဘယ်သောအခါမှ လက်မခံနိုင်ပေ။

“နင် တမင် သူတို့နဲ့အတူ သရုပ်ဆောင်နေတာ ဟုတ်၊မဟုတ် ဘယ်သူက သိမှာလဲ၊ ငါ မှတ်မိသလောက်ဆို ယဲ့ဘုရင်က သူ့လက်ထဲက အသားကို မင်းကို ပေးနေတာ မဟုတ်ဘူးလား”

ရှုစန်းသော်က လှောင်ရယ်လိုက်သည်။

“ဟုတ်တယ် ဟုတ်တယ်၊ ငါတို့တစ်ယောက်မှ စားစရာ မလိုဘူး၊ ဘာလို့ သူက နင့်တစ်ယောက်တည်းကိုပဲ ပေးတာလဲ”

ရုတ်တရက် အခြားသူများကလည်း ဝင်ပြောလာသည်။

“”အရေးမပါတာတွေ ပြောမနေနဲ့တော့၊ သက်သေက ထင်းနေပြီ၊ ဒီမိန်းမပျက်ကို မီးရှို့သတ်ပစ်လိုက်တော့”

သိုင်းပညာရှင်တစ်ချို့က ရုတ်တရက် ဝင်ပြောလာပြီး သူတို့၏ မျက်လုံးတွင် အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ဖြတ်သန်းနေသည်။

နတ်ဆိုးနှင့် အပေါင်းအသင်း ဖြစ်နေခြင်းအား ဘယ်သောအခါမှ ခွင့်မပြုနိုင်ပါ။

*ဒီခွေးမ သေကိုသေရမယ်*

“မင်းတို့ လုပ်ရဲလား”

လူလူ၏ မိသားစုဝင်များ ချက်ချင်း ရှေ့တိုးလာသည်။ သူတို့အား တုန်းယွဲ့မျိုးနွယ်ဟု ခေါ်သည်။ သူတို့သည် ရှေးတော်ဝင်မိသားစု ဖြစ်ပြီး ယွင်နိုင်ငံအတွင်း၌ အတော်လေး နာမည်ကြီးသည်။

လက်ရှိတွင် အဖွဲ့အား ဦးဆောင်၍ ဟန့်တားလာသူက လူလူ၏ အဘိုးဖြစ်သူ ဝမ်တုန်းရန်ပင်။

“တုန်းရန် မင်းကလည်း သူ့အတွက် ဖုံးကွယ်ပေးချင်တာလား”

ထိုအခိုက်တွင် ဩဇာပါသော အသံတစ်သံ ထွက်လာပြီး နဂါးဝတ်ရုံနှင့် အမျိုးသားတစ်ယောက် ရောက်လာသည်။ ထိုသူမှာ ပိုင်လီဟုန်ပင်။

“အရှင်မင်းမြတ်”

ပိုင်လီဟုန်ကိုမြင်သောအခါ ဝမ်တုန်းရန် မျက်နှာ မည်းမှောင်သွားပြီးမှ ခေါင်းငုံ့လိုက်သည်။

“သူ သေကိုသေရမယ်’

ပိုင်လီဟုန်က လီလီအား အေးစက်စွာ ကြည့်နေသည်။

“အရှင်မင်းမြတ် ဒါက …”

ဝမ်တုန်းရန် ပိုင်လီဟုန်ကို အလန့်တကြား မော့ကြည့်လိုက်သည်။

*ပိုင်လီဟုန်က လူလူကို လက်လွတ်စပယ် သတ်ချင်နေတာလား*

တုန်းယွဲ့ မိသားစုသည် ယွင်နိုင်ငံ၏ တော်ဝင်မိသားစုနှင့် ပိုင်လီဟုန်အတွက် နှစ်ပေါင်းများစွာ ရွပ်ရွပ်ချွံချွံ အမှုထမ်းဆောင်ခဲ့သည်။ သူတို့သည် သစ္စာရှိသော အမတ်များနှင့် ထူးချွန်သော စစ်သူကြီးများ ဖြစ်ကြလေသည်။

သို့သော် ပိုင်လီဟုန်က သူတို့အတွက် နည်းနည်းလေးမှ ကရုဏာထားစိတ် မရှိပါတကား။

ဤသည်က ဝမ်တုန်းရန်ကို ကျောချမ်းသွားစေသည်။

“မင်းတို့ တုန်းယွဲ့မိသားစုက ဆက်ပြီး တားဖို့ ကြိုးစားမယ်ဆိုရင် မင်းတို့ကိုပါ တူညီတဲ့ ပြစ်မှုနဲ့ အပြစ်ပေး ရလိမ့်မယ်”

ပိုင်လီဟုန်က ထောက်ထားသက်ညှာမှုမရှိဘဲ အေးစက်စွာ ပြောလာသည်။ ဝမ်တုန်းရန် လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်၍ အံကိုကြိတ်ထားသည်။ သို့သော် သူ ဘာတစ်ခွန်းမှ မပြောနိုင်ပေ။ သူ ဆောက်တည်ရာမရ ဖြစ်နေ၏။

“လူလူ”

လူလူ၏ မိဘနှစ်ပါးလုံး မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းလာသည်။

“အဖေ အမေ သမီး အဆင်ပြေပါတယ်”

လူလူ ဖျစ်ညှစ်၍ ဝမ်းနည်းစွာ ပြုံးလိုက်သည်။ ထို့နောက် သူမအဘိုးကို လှမ်းပြောလိုက်သည်။

“ဘိုးဘိုး သမီးကြောင့်နဲ့ မိသားစုရဲ့ အနာဂတ်ကို မဖျက်ဆီးပါနဲ့”

သူတို့ သူမကို မကယ်နိုင်မှန်း သူမလည်း သိနေပါသည်။ သူမ မဟုတ်လျင် သူတို့ ပျက်သုဉ်းရလိမ့်မည်။

“လူလူ”

ဝမ်တုန်းရန် မျက်ရည်လည်ရွဲ ဖြစ်လာသည်။ ဘယ်လိုအချိန်မျိုးပဲ ဖြစ်နေပါစေ သူ၏ မြေးမလေးက အလွန် နူးညံ့၊ ကြင်နာတတ်ပြီး စဉ်းစားဆင်ခြင်တတ်သူ ဖြစ်သည်။

ဘယ်လိုလုပ် ဤသို့သော ကလေးမလေးက ယဲ့ဘုရင်နှင့် တစ်ခုခု ပတ်သက်နေပါမည်နည်း။

“တောင်းပန်ပါတယ်၊ လူလူ နောင်အနာဂတ်မှာ ဘိုးဘိုး ဂုဏ်ယူရအောင် လုပ်မယ်လို့ ပြောခဲ့ပင်မယ့် အခုတော့ ကတိမတည်နိုင်တော့ဘူး ထင်တယ်”

လူလူ ဟန်ဆောင်ပြုံးပြုံး၍ ကိုယ့်ကိုယ်ကိုယ် မငိုမိအောင် ဖိအားပေးနေ၏။

“သူ့ကိုခေါ်သွားစမ်း”

ပိုင်လီဟုန့်က အလွန် ရိုင်းပျစွာ ငေါက်ငမ်းလာပြီး ပုံစံက အလွန် သွေးအေး၍ ရက်စက်လွန်းသည်။

တစ်ခဏကြာသော် လူလူ၏ စူးရှနာကျင်သော အော်သံအား အပြင်မှပင် ကြားလာရသည်။ သူမ မီးရှို့ခံရသဖြင့် အလွန် နာကျင်နေရှာသည်။

တစ်ချိန်တည်းမှာပင် ယွင်နိုင်ငံတစ်ခုလုံးအား သစ္စာဖောက်လျင် ဘာဖြစ်မလဲ သိအောင် တိုက်ရိုက် ထုတ်လွှင့်ခြင်းအား ပြုလုပ်နေသည်။

“ဒီလို မိန်းမပျိုလေးက နတ်ဆိုးနဲ့ အပေါင်းအဖော် ဖြစ်သွားတာ နှမြောစရာပဲ”

“ဘာကို သနားရမှာလဲ၊ နတ်ဆိုးကို အဖော်လုပ်မှတော့ ဒီခွေးမကလည်း စုန်းမပဲပေါ့၊ သူ သေသင့်တယ်”

“ဟုတ်တယ် သူ့ကို မီးရှို့ပစ်၊ ငါတို့ကို သစ္စာဖောက်ရဲတဲ့ အဲ့စုန်းမကို မီးရှို့သတ်ပစ်”

“သူ့ကို မီးရှို့ပစ်လိုက်”

ရုတ်တရက် အော်ဟစ်နေရှာသော လူလူကို ကြည့်ပြီး တစ်နိုင်ငံလုံးအနှံ့အပြား၌ ဤသို့သော ကျိန်ဆဲသံများ ထွက်ပေါ်လာသည်။ သူတို့၏ မျက်လုံးတွင် သနားကရုဏာသက်ခြင်း မရှိဘဲ ရက်စက်ခက်ထန်မှုနှင့် စိတ်လှုပ်ရှားမှုတို့သာ ပြည့်နှက်နေ၏။

လက်ခုပ်ဩဘာပေးသံများနှင့် အော်ဟစ်အားပေးသံများက အတောမသတ်နိုင်အောင်ပင်။ သူမ စကားလေး တစ်ခွန်း မှားပြောမိသည်နှင့် ဤသို့သော ဘေးဒုက္ခနှင့် သူမ ရင်ဆိုင်ခဲ့ရသည်။

“သူက တကယ်ပဲ စုန်းမ ဟုတ်လို့လား၊ ဒါပေမဲ့ သူ ငါတို့ကို ထွက်သွားဖို့ သေချာပေါက် ပြောခဲ့တယ်လေ”

လူလူ၏ မိန်းကလေး သူငယ်ချင်းတစ်ယောက်က မနေနိုင်ဘဲ ပြောလာသည်။

“ဟီးဟီး စုန်းမဖြစ်ပင်မယ့် သူက စိတ်နှလုံးကောင်း ရှိချင်ရှိနေလို့ ဖြစ်မှာပေါ့၊ ငါ သူ့အတွက် နည်းနည်းပါးပါး ဆုတောင်းပေးမိလောက်ပါတယ်၊ နည်းနည်းလောက်ပဲ”

သို့သော် လူလူ၏ သူငယ်ချင်းများက ကျေးဇူးမသိတတ်ဘဲ ကျေနပ်အားရသော မျက်နှာထားများ ဖြစ်နေကြသည်။

“အရှင်မင်းမြတ် ကျွန်တော်မျိုး တောင်းပန်ပါတယ်၊ သူ့ကို သတ်ချင်တယ်ဆိုရင်တောင်မှ သူ့ကို ကောင်းကောင်း မွန်မွန် ပေးသေခိုင်းလို့ မရဘူးလား၊ သူ့ကို ဒီလို မနှိပ်စက်ပါနဲ့”

ဝမ်တုန်းရန်သည် ပိုင်လီဟုန်အရှေ့၌ ဒူးထောက်၍ ခါးသက်စွာ တောင်းပန်နေ၏။ လူလူ ဤသို့ နှိပ်စက်ခံရပြီး သေဆုံးသည်ကို သူ မကြည့်ရက်ပါ။

“သစ္စာဖောက်ဆိုတာ နှိပ်စက်ခံရပြီး သေသင့်တာ”

ပိုင်လီဟုန်က အေးစက်စွာ ခနဲ့ပြော ပြောလာပြီး သူ့ရှေ့၌ ဒူးထောက်နေသော ဝမ်တုန်းရန်အား ကြည့်ပင် မကြည့်ချေ။

ယွီထျန်းရွှမ်တို့ နှစ်ယောက်၏ သစ္စာဖောက်မှုကြောင့် ပိုင်လီဟုန်သည် သစ္စာဖောက်အား အလွန်အမင်း မုန်းတီးနေသည်။

“ဒါပေမဲ့ သူက သစ္စာဖောက် မဟုတ်ပါဘူး”

ပိုင်လီဟုန်၏ မျက်လုံးများက အေးစက်ခက်ထန်လာပြီး ဝမ်တုန်းရန်အား စူးစူးရဲရဲ စိုက်ကြည့်လာ၏။

“ဝမ်တုန်းရန် မင်း ဘာစကားပြောတာလဲ၊ ငါက ကျိုးကြောင်းမသိဘဲ အဖြူနဲ့အမည်းကို မခွဲခြားနိုင်တဲ့လူလို့ ပြောချင်တာလား”

“မလုပ်ရဲပါဘူး”

ဝမ်တုန်းရန် ဆောက်တည်ရာမရ ခေါင်းငုံ့သွားသည်။

“ထွက်သွားစမ်း”

ပိုင်လီဟုန်က ဝမ်တုန်းရန်အား မြန်မြန်ထွက်သွားရန် ကြိမ်းမောင်းလေသည်။ ဝမ်တုန်းရန် ထပ်၍ စောဒက မတက်ရဲချေ။ နာကျင်နေသော မျက်နှာထားနှင့် နောက်ဆုတ်သွားပြီး သူ့သွားများ ကြေမတတ် ဖြစ်နေ၏။

လူလူ၏ အော်သံက အတောမသတ်နိုင်အောင် ထွက်ပေါ်နေဆဲပင်။ သူမမိဘများ ထပ်၍ နားမထောင် နိုင်တော့ချေ။ အော်သံတိုင်းက သူတို့အတွက် နှိပ်စက်နေသလိုပင်။

သူတို့သည် နားရွက်ကို လက်ဖြင့်အုပ်ထားပြီး မျက်ရည်များ ကျနေသည်။ ထို့နောက် ဤငရဲမှ လွတ်မြောက်ရန် ခပ်မြန်မြန် ထွက်ပြေးသွားကြသည်။

ရှုစန်းသော်က ရုတ်တရက် လှောင်ရယ်လာသည်။

*တုန်းယွဲ့မျိုးနွယ်တော့ လုံးဝ ဇာတ်သိမ်းပြီပဲ*

ဤကိစ္စပြီးသွားလျင် ပိုင်လီဟုန်က သူတို့ကို ပြန်သုံးရန် မဖြစ်နိုင်တော့ဟု သူ ခန့်မှန်းမိသည်။ တုန်းယွဲ့မျိုးနွယ် ကျဆင်းသွားပြီးလျင် သူတို့မျိုးနွယ် မြင့်တက်လာမည့်အချိန်ပင်။

သူတို့မျိုးနွယ်နှင့် တုန်းယွဲ့မျိုးနွယ်တို့သည် နယ်စပ်စောင့် အစောင့်အရှောက်များ ဖြစ်သည်။ သို့သော် သူတို့တွင် တုန်းယွဲ့မျိုးနွယ်ကဲ့သို့ နောက်ခံမရှိသဖြင့် အမြဲ လွှမ်းမိုးခံခဲ့ရသည်။ တုန်းယွဲ့မျိုးနွယ်က နံပါတ်တစ်ဆိုလျင် သူတို့က တစ်ချိန်လုံး နံပါတ်နှစ်သာ ဖြစ်ခဲ့သည်။

ထို့ကြောင့် ရှုစန်းသော်က ယခု အခွင့်အရေးကို အသုံးချ၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တုန်းယွဲ့မျိုးနွယ်၏ ခေါင်းပေါ်သို့ သစ္စာဖောက်ဟူသည့် ဦးထုပ် ဆောင်းပေးလိုက်လျင် ပိုင်လီဟုန်က သူတို့ကို ပြန်သုံးတော့မည် မဟုတ်ပေ။

ရှုစန်းသော် အပြင်သို့ ထွက်လာသောအခါ မီးသင့်နေသော အလောင်းတစ်လောင်းအား သစ်သားတိုင်၌ ချည်နှောင် ထားသည်ကို တွေ့လိုက်ရသည်။ တစ်ကိုယ်လုံး မီးသွေးတုံးသဖွယ် မဲနက်နေပြီး မူလ အသားအရေကိုပင် မမြင်ရချေ။

“တကယ့်ကို ကြည့်လို့ကောင်းတဲ့ ပွဲပဲ”

ရှုစန်းသော် ရယ်မောလိုက်ပြီး စိတ်ဝင်တစား ကြည့်နေပြီးမှ ပျော်ရွှင်စွာ ထွက်သွားလေသည်။ သူ လေပင် ချွန်နေကာ စိတ်အခြေအနေ ကောင်းမွန်နေ၏။

“ဘာ မင်း ပြောတာ အမှန်ပဲလား”

ထိုအခိုက်တွင် နတ်ဆိုးအငွေ့အသက် အင်ပါယာအတွင်း၌ ယဲ့ဖန်သည် လက်အောက်ငယ်သားများ၏ အစီရင်ခံချက်ကို နားထောင်ပြီး မျက်လုံးများ အေးစက်သွားသည်။

“ဟုတ်ပါတယ်၊ အဲ့မိန်းကလေးက လူလူလို့ ခေါ်ပြီးတော့ ကျွန်တော်တို့အတွက် စကားတစ်ခွန်း၊ နှစ်ခွန်း ပြောမိရုံသက်သက်နဲ့ ရှစ်နိုင်ငံ မဟာမိတ် အင်အားစုရဲ့ ဖိအားပေး သတ်ဖြတ်တာကို ခံလိုက်ရတာပါ”

နလန်ရှောင်က ဒေါသတကြီး ပြောပြလာပြီးနောက် သတင်းစာအား ယဲ့ဖန်ထံ ပေးလာသည်။

“ကြည့်ကြည့်ပါ အရှင်မင်းမြတ်၊ အဲ့ဒါက သတင်းစာထဲမှာတောင် ပါနေပါပြီ”

ယဲ့ဖန်က သတင်းစာကို ယူကြည့်လိုက်သောအခါ လူရုပ်ပင် မပေါ်တော့သည့် မီးဟပ်နေသော အလောင်းကို သတင်းစာ၏ ခေါင်းကြီးပိုင်း၌ တွေ့လိုက်ရသည်။ သူ၏ မျက်လုံးတွင်းမှ အေးစက်မှုက ပို၍ ပြင်းထန်လာသည်။

သူ ဒေါသထွက်လာသည်။ ဒေါသတရားက ထိန်းမရနိုင်အောင် ထွက်ပေါ်လာ၏။

ထိုမိန်းကလေးသည် တကယ်ပင် ဖြူစင်ပြီး အပြစ်ကင်းသည်။ သူမသည် အသက် ဆယ့်ခြောက်နှစ်သာ ရှိသေးသည်။ ဖူးပွင့်စ ပန်းပင်လေးလို လှပပြီး ဇာတ်လမ်းတွေထဲမှ သူရဲကောင်းများလို နတ်ဆိုးများကို ရှင်းလင်းချင်နေသည့် တစ်ဖက်ဇောင်းနင်း ကလေးမလေးသာ ဖြစ်သည်။

သူမ၏ ဖြူစင်မှုနှင့် တည့်တိုးဆန်မှုတို့ကြောင့် သူမကို ယဲ့ဖန် နာကျင်အောင် မလုပ်ရက်ခဲ့ပေ။ အဘယ်ကြောင့် သူမနှင့် တစ်ပြည်တည်းသားများက သူမကို သတ်ရန် ကြိုးစားခဲ့သနည်း။

“ကြည့်ရတာ လောကကြီးက ငါတို့ကို တကယ် မုန်းတဲ့ပုံပဲ”

ယွီရှန့်ရှီက ယဲ့ဖန်ဘေး၌ ရပ်နေပြီး သုန်မှုန်နေသော အမူအရာဖြင့် ပြောလာသည်။ လောကနှင့် ရန်သူဖြစ်ရသော ခံစားချက်က သူ့အား သွေးဆာ၍ ရူးသွပ်စေကာ စိတ်လှုပ်ရှားစေသည်။

“မုန်းတာလား၊ မဟုတ်ဘူး သူက ငါတို့ကို ကြောက်နေတာ”

ယွီထျန်းရွှယ်က ပျက်ရယ်ပြုလေသည်။

“သူတို့အတွက် ငါတို့က သူတို့ ထင်ထားတာနဲ့ မတူဘူး၊ ငါတို့က သူတို့ထိန်းချုပ်နိုင်တာထက် ကျော်လွန်တယ်၊ အဲ့ဒါကြောင့် သူတို့ ငါတို့ကို မနှိပ်စက်နိုင်ဘူး”

“ငါတို့ကို သူတို့ မနှိပ်စက်နိုင်လို့ ငါတို့ကို ဖျက်ဆီးဖို့ ကြိုးစားတာပဲ”

ယဲ့ဖန်၏ လက်ထဲမှ သတင်းစာက အမှုန့်ဖြစ်သွားပြီး ပျောက်ကွယ်သွားလေသည်။ ယဲ့ဖန် ထရပ်လာပြီး ကျောချမ်းဖွယ်ကောင်းသော အပြုံးမျိုး ပြုံးလာသည်။

“သူတို့က ငါတို့ကို မုန်းတီးရုံတင်မကဘဲ ကြောက်လည်းကြောက်တယ်”

“သွားကြစို့၊ နတ်ဆိုးတွေ အနောက်ဘက်ကို ခရီးထွက်မယ်၊ သူတို့ရဲ့ အလောင်းကို နင်းချေမယ်”

“ဒီကိုးပြည်နယ်က သိုင်းပညာရှင်တွေ ဘယ်လောက် သန်မာလဲ ငါ သိချင်သား”

“င့ါရန်သူ ဖြစ်ထိုက်သလား သိရတာပေါ့”

ထိုစကားကိုကြားသော် ယွီထျန်းရွှမ်နှင့် ယွီရှန့်ရှီတို့ ထိတ်လန့်သွားသည်။ ထို့နောက် အလျင်အမြန် ဒူးထောက်၍ ပြောလေသည်။

“အရှင်မင်းမြတ်ကို ပို့ဆောင်ပါ့မယ်”

သူတို့ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ယင်နေပြီး သူတို့မျက်စိရှေ့မှအရာကို မယုံနိုင် ဖြစ်နေကြသည်။

ဤသည်မှာ လွှမ်းမိုးဖိနှိပ်နိုင်လွန်းလှသည်။ သူတို့ပင် တစ်ခါမှ ဤသို့ မတွေးရဲပေ။

*ဒါ အနောက်ဘက်ကို ရှင်းလင်းမယ့် အရိပ်အယောင်လား*

အနောက်ဘက်ဒေသသည် အသန်မာဆုံးသောသူများ ရှိရာ နေရာဖြစ်ပြီး ကျုံးကျိုးနှင့် လားလားမျှ နှိုင်းယှဉ်၍ ရသော နေရာ မဟုတ်ပေ။

“ဟားဟားဟား နောက်ဆုံးရသတင်းဟေ့၊ ရှစ်နိုင်ငံ မဟာမိတ်အင်အားစုက နတ်ဆိုးအငွေ့အသက် အင်ပါယာထဲ ဝင်ရောက်တော့မှာကို ယဲ့ဘုရင်က သိသွားလို့ နတ်ဆိုးအငွေ့အသက် အင်ပါယာကနေ ထွက်ပြေးသွားပြီ”

မကြာခင်မှာပင် ထိုသတင်းက ရှစ်နိုင်ငံလုံးအတွင်း၌ အုတ်အုတ်ကျွတ်ကျွတ် ဖြစ်သွားစေသည်။

“ဘာလဲဟ ဒီလောက် အချိန်တွေကြာပြီးမှ ယဲ့ဘုရင်က သတ္တိမရှိတဲ့ ငကြောက်ဖြစ်နေပါလား”

“ယဲ့ဘုရင်က တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းတယ် မဟုတ်ဘူးလား၊ ထွီ ... ကျုံးကျိုးမှာပဲ ပြိုင်ဘက်ကင်းတာ မဟုတ်လား၊ ကျုံးကျိုးအပြင်ကို ထွက်လာရင် သူက သောက်ရေးမပါဘူး”

“ဟေ့ ကိစ္စမရှိဘူး ယဲ့ဘုရင် ထွက်ပြေးပင်မယ့် နတ်ဆိုးအငွေ့အသက် အင်ပါယာက လူတွေ မပြေးနိုင်ဘူး၊ ငါတို့ သူတို့ကို အပျင်းပြေ သတ်နိုင်သေးတယ် ဟားဟားဟား”

ထိုအခိုက်တွင် ရှစ်နိုင်ငံအတွင်း၌ ယဲ့ဖန်ကို လှောင်ရယ်သံများနှင့် ပြည့်နေ၏။ ယဲ့ဘုရင်ဟူသော စကားလုံးက လူရယ်စရာ ဖြစ်နေသည်။

မိမိပြည်သူကို ပစ်ပြီး ထွက်ပြေးသွားသော ဧကရာဇ်သည် လူရယ်ချင်စရာကောင်းလှပေသည်။

သို့သော် နောက်တစ်နေ့တွင် ထိုလှောင်ပြောင်သံများ ပျောက်ကွယ်သွားလေသည်။ အကြောင်းမှာ ယဲ့ဖန် ထွက်ခွာနေသော အရပ်က ယွင်နိုင်ငံရှိရာ အရပ် ဖြစ်နေသည်ကို သိလိုက်ရသောကြောင့်ပင်တည်း။

“အဲ့အရူးက ငါတို့နိုင်ငံကိုလာပြီး အသေခံရဲတာပဲ”

ထိုသတင်းကို ကြားသောအခါ ပိုင်လီဟုန် ဒေါသထွက်သွားလေသည်။

“စစ်သည်တွေ ချက်ချင်းလွှတ်စမ်း၊ ဘာအားမှချန်မထားနဲ့၊ ယဲ့ဖန်ကို အသေသာ သတ်ကြ”

ယွင်နိုင်ငံတစ်ခုလုံးနီးပါး စစ်ချီလာသည်ဟု ထင်မှတ်လာရသည်။

“ရူးနေပြီ၊ အဲ့ယဲ့ဘုရင်က ဦးနှောက်နဲ့ပတ်သက်ပြီး ပြဿာနာ ရှိနေပြီ ထင်တယ်၊ ယွင်နိုင်ငံထဲကိုတောင် ထိုးဖောက် မလို့လား၊ ဒါ သေတွင်းတူးနေတာပဲ ဟုတ်တယ်မလား”

ယွင်နိုင်ငံမှာ သိုင်းပညာရှင်တွေက ပေါနေတာပဲ၊ မိခင်ဘုရင်မတောင် ပုန်းကွယ်နေထိုင်နေရာကနေ ထွက်လာပြီလို့ ပြောကြတယ်၊ ယွင်နိုင်ငံထဲ ဝင်ရင် သူ့အတွက် သေလမ်းပဲ ရှိမယ်”

All Chapters