← Chapters

အခန်း ၁၆၂၃

Vol. 109 Ch. 1623

အခန်း ၁၆၂၃

Vol. 109 Ch. 1623

Chapter 1623 နေခွင်းလေးအား ပစ်ခွင်းခြင်း

သို့သော် တကယ်တမ်းတွင် ...

ယဲ့ဖန်သည် ယွင်နိုင်ငံထဲသို့ ဝင်လိုက်သည်နှင့် ယွင်နိုင်ငံ၏ စစ်တပ်နှင့် တိုက်ပွဲ ဆင်နွှဲရသည်။ ရလဒ်အားဖြင့် သူ ဓားကို ထုတ်လိုက်သည်နှင့် လူတစ်သောင်း သေကြေကုန်သည်။

ချက်ချင်းဆိုသလိုပင် သွေးများက မြစ်သဖွယ် စီးဆင်းလာပြီး ယွင်နိုင်ငံ၏ စစ်သည် သုံးသောင်း သေဆုံးသွားသည်။

ဓားသွား ဖြတ်သန်းရာ မည်သည့်နေရာမဆို၌ တောင်များ ပိုင်းပြတ်ကုန်သည်။ ထိုနေ့တွင် ဓားသွားတစ်ချက်က တောင် ဆယ့်ရှစ်ခုကို ပိုင်းပြတ်စေခဲ့သည်။

နေနှင့်လတို့တောင်မှ တုန်ခါသွားရ၏။

စစ်သည်သုံးသောင်းတွင် တစ်ယောက်မှ ပြေးမလွတ်ခဲ့ပေ။ အားလုံး သေဆုံးသွားကြသည်။

ထိုသတင်းက ပိုင်လီဟုန်၏ နားသို့ ပြန်ပေါက်လာသောအခါ တစ်နိုင်ငံလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေ၏။ နတ်ဆိုးက တကယ်ဖြစ်ကြောင်း လူတိုင်း သိသွားလေသည်။

ပိုင်လီဟုန် အလွန် ဒေါသထွက်သွားပြီး အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်အား အမိန့်ပေးလိုက်သည်။

“ဝမ်ယွမ်ကျန်း မင်းတို့ ညီအစ်ကိုနှစ်ယောက်က တစ်ခန်က မိခင်ဘုရင်မရဲ့ အမိန့်ကို နာခံခဲ့ပြီးတော့ အခု မိခင်ဘုရင်မ ပေးအပ်တဲ့ ထိပ်တန်းကောင်းကင်တာအို ဥပဒေသကို လေ့ကျင်ခဲ့တယ် မဟုတ်လား၊ မင်းအစ်ကိုခေါ်ပြီး ယဲ့ဖန်ကို အတူတူ သွားတိုက်လိုက်”

ဝမ်ယွမ်ကျန်းကို ပြောသောစကား၌ ပါသောသူမှာ သူ၏ အမြွှာအစ်ကို ဝမ်ယွမ်ရီပင် ဖြစ်သည်။ သူတို့သည် အမြွှာဘုရင်အဖြစ် ကျော်ကြားသည်။

တစ်ယောက်ချင်း ယှဉ်တိုက်ရသော အခြေအနေမျိုး၌ ယွီထျန်းရွှမ် သို့မဟုတ် ယွီရှန့်ရှီတို့က သူတို့ကို အသာလေး အနိုင်ယူနိုင်သည်။

သို့သော် ညီအစ်ကိုနှစ်ယောက် ပေါင်းတိုက်လျင် ယွီထျန်းရွှမ်နှင့် ယွီရှန့်ရှီတို့ ပေါင်းလိုက်လျင်တောင်မှ သူတို့၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။

ထို့ကြောင့်ပင် အမြွှာဘုရင်ဟု အမည်တွင်လာခြင်း ဖြစ်သည်။

“ဝမ်ယွမ်ကျန်း အမိန့်ကို နာခံပြီး သေချာပေါက် ယဲ့ဘုရင်နဲ့ သစ္စာဖောက်ရဲ့ ခေါင်းကို ယူခဲ့ပါ့မယ်”

ထို့နောက် ပိုင်လီဟုန်က နှစ်ပေါင်းများစွာ ပုန်းကွယ်နေသော ဂိုဏ်းများကို ရှာဖွေရန် စစ်သည်များ စေလွှတ်ပြီး တစ်နိုင်ငံလုံး၏ အင်အားအားလုံးကို အသုံးပြုလေသည်။

ထိုအခိုက်တွင် ယဲ့ဖန်နှင့် အခြားသူများသည် မြို့တစ်မြို့သို့ ရောက်နေသည်။ ထိုနေရာက အတော်လေး လှပပြီး လေထုက လတ်ဆတ်ပြီး လှပသော တောတောင်ရေမြေ ရှိပြီ နဂါးသွေးကြောလည်း တည်ရှိသေးသည်။

ထို့အပြင် မြို့အား အလွန် ကောင်းမွန်သော ခံစစ် အစီအရင်ဖြစ့် ကာကွယ်ထားပြီး နေ၊လနှင့် ကြယ်တာရာတို့၏ စွမ်းအင်ကို ဆွဲယူသလို တစ်နှစ်ပတ်လုံး အစီအရင်အား ကောင်းကင်ဘုံ အစွမ်းဖြင့် မွမ်းမံထားပုံက အထင်ကြီးစရာပင်။

“ကောင်းလိုက်တဲ့ အစီအရင်”

အစီအရင် နည်းပညာ၌ ကျွမ်းကျင်သော ရှုဖူပင် မနေနိုင်ဘဲ ချီးမွမ်းမိသည်။

“ရှုအကြီးအကဲ ဒီအစီအရင်ကို ကျူးထျန်းလို့ ခေါ်တယ်၊ ယွင်နိုင်ငံရဲ့ အားအကောင်းဆုံး အစီအရင်ပဲ၊ ဒါကို ပြည်ပရန်သူတွေကို ခုခံဖို့ နယ်စပ်မှာ သီးသန့် တည်ဆောက်ထားတာ”

ယွီထျန်းရွှမ်က ရှင်းပြလိုက်ပြီး ဆက်ပြောလေသည်။

“ဒီအစီအရင်ကို သူတော်စင်အဆင့်တွေ ဆောက်သွားတာ၊ ကျွန်တော်တို့ မချိုးဖျက်နိုင်မှာ စိုးရတယ်၊ ကျွန်တော်တို့ လမ်းလွှဲပဲ ရှာရမယ်ထင်တယ်”

ယွင်နိုင်ငံ တည်ထောင်စဉ်ကတည်းက မည်သူမှ ဤကျူးထျန်း အစီအရင်ကို မချိုးဖောက်နိုင်ချေ။

“နောက်ဆုတ်”

ယဲ့ဖန်က ပြောပြီး ခြေတစ်လှမ်း ဆုတ်လိုက်သည်။ သူ့လက်ထဲ၌ ရွှေရောင် လေးတစ်လက် ပေါ်လာသည်။ နေခွင်းလေး လောကထဲ ပေါ်လာလေပြီ။

“နေခွင်းလေးလား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ယွီထျန်းရွှမ် ထိတ်လန့်သွားသည်။

*ဒါက ဒဏ္ဍာရီလာ ဧကရာဇ် ဝူရီဟွမ်ကိုင်တဲ့ အသုံးအဆောင် မဟုတ်လား*

ဒဏ္ဍာရီအရဆိုလျင် ဤလေးအား ဧကရာဇ်ရီနှင့် သူ့မျိုးဆက်မှတစ်ပါး မည်သူမှ အသုံးမပြုနိုင်ချေ။

ဧကရာဇ်ရီသည် ရှေးခေတ်က ကြီးမားသော အောင်မြင်ကျော်ကြားမှုကို ဖန်တီးခဲ့သူ ဖြစ်သည်။ နတ်ဘုရားများနှင့် နတ်ဆိုးများက လူသားများကို ကျေးကျွန်များအဖြစ် ခိုင်းစေနေသော ခေတ်အခါ၌ သူသည် စည်းမျဉ်းများကို သူ့ကိုယ်ပိုင် ခွန်အားဖြင့် ဖြုတ်ချဖယ်ရှား၍ မျိုးနွယ်သုံးခုလုံး တန်းတူနေထိုင်နိုင်ရေးကို တည်ထောင်ခဲ့သည်။

ထိုအချိန်မှစ၍ လူသားမျိုးနွယ်သည် ကိုယ်ပိုင် လူမှုအဖွဲ့အစည်းကို တည်ထောင်ခွင့်ရခဲ့သည်။ သူက ခေတ်တစ်ခေတ်၏ ကြီးမြတ်သောလူဟု ဆိုရပေမည်။

လူသားမျိုးနွယ် တိုးတက်လာခြင်း၏ ခေါင်းဆောင် ဖြစ်သည်။ သူ မရှိလျင် ယနေ့ခေတ် လူသားများသည် တိရစ္ဆာန်များသဖွယ် နတ်ဘုရားများနှင့် နတ်ဆိုးများ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေရလောက်သည်။

ထို့ကြောင့် ဧကရာဇ်ရီသည်လည်း ဤလော၌ ထူးချွန်ပြောင်မြောက်သော လွှမ်းမိုးမှုကို ယူဆောင်လာနိုင်သော လူတစ်ယောက်အဖြစ် ရည်ညွှန်းဖော်ပြခံရသည့် ဧကရာဇ်ကိုးပါးထဲမှ တစ်ပါးဖြစ်လာသည်။

“ဘာလို့လဲဆိုတော့ ကျူးလုံ ဧကရာဇ်ရဲ့ အခြားနောက်ကြောင်းတစ်ခုက ဧကရာဇ်ရီ ဖြစ်နေလို့ပဲ”

ရှုဖူက အပြုံးနှင့် ရှင်းပြလေသည်။

*ဘာ*

ယွီထျန်းရွှမ်နှင့် ယွီရှန့်ရှီတို့ မျက်လုံးပြူးကာ မေးက အောက်သို့ပြုတ်ကျလုနီးပါး ဖြစ်လာသည်။

*ကျူးလုံဧကရာဇ်က ဧကရာဇ်ရီလည်း ဖြစ်နေသေးတာလား*

*သူတို့က မတူတဲ့ မျိုးဆက်တွေက လူတွေလေ*

*တစ်ယောက်က ရှေးခေတ်တုန်းက ရှိခဲ့တာ*

*နောက်တစ်ယောက်က ပိုဝေးတဲ့ ရှေးကျတဲ့ခေတ်တုန်းက ရှိခဲ့တာလေ*

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*တကယ်သာဆို ငါတို့အရှေ့ကလူက အသက် ဘယ်လောက် ရှိနေပြီလဲ*

“အရမ်းကြီးလည်း အံ့ဩမနေနဲ့ဦး၊ ငါတို့အရှင်မှာ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်၊ မကြာခဏ မင်းတို့ အံ့ဩနေရဦးမှာ”

ဟွမ်နူက ရှေ့တက်လာပြီး နောက်သလို ပြောလာသည်။ ယွီထျန်းရှန်တို့ နှစ်ယောက်လုံး အချင်းချင်း ပြန်ကြည့်ကာ မချိပြုံး ပြုံးနေကြသည်။

ယနေ့ သတင်းတစ်ခုတည်းကပင် သူတို့အား နားလည်လက်ခံနိုင်ရန် အချိန်အတော်ကြာပေလိမ့်မည်။

သမိုင်း၌ ကြီးမားသော ဒဏ္ဍာရီများ ချန်ထားရစ်ခဲ့သော လူနှစ်ယောက်က တစ်ယောက်တည်း ဖြစ်နေသတဲ့။

ဤသည်က ထိတ်လန့်စရာ မကောင်းလျင် အဘယ်က ထိတ်လန့်စရာ ကောင်းမည်နည်း။

ထိုအချိန်တွင် လေးကြိုးကိုဆွဲ၍ မြားအား ပစ်ခွင်းလာသည်။ မြားအဖျား၌ မီးတောက်နေသည်ဟု ထင်မှတ်ရသော မြားတစ်စင်းက လေကိုခွင်း၍ အရှိန်ဖြင့် တိုးဝင်သွားသည်။

ဤမြားသည် ထိတ်လန့်စရာကောင်းသည်ဟု ဆိုနိုင်ပေသည်။ မြားတစ်စင်း၏ စွမ်းအင်က နဂါးငွေ့တန်းတစ်ခုကိုပင် ဖျက်ဆီးရန် လုံလောက်ပေသည်။ ယင်းစွမ်းအင်က ထိတ်လန့်စရာပင်။

“ဝုန်း”

ပြင်းထန်သော စွမ်းအင်က ချက်ချင်း ဖြာထွက်လာသည်။

ယွီထျန်းရွှမ် စိတ်ထဲ၌ မတုန်လှုပ်ဘဲ မနေနိုင်အောင် ဖြစ်နေပြီး ချောက်ချားနေ၏။ သူတို့သာဆိုလျင် ဤပြင်းထန်သော မြားကို တားနိုင်မည် မဟုတ်ပါ။

နေခွင်းလေးသည် ရှေးခေတ်ကတည်းက နတ်ဘုရားများ၏ ကြောက်စရာကောင်းသော လက်နက်အဖြစ် သတ်မှတ်ခြင်း ခံရသော အရာဖြစ်ပြီး နတ်ဘုရားများနှင့် နတ်ဆိုးများ ထိပ်တိုက်တွေ့လျင် ကြောက်ရွံ့ရသော အရာ ဖြစ်သည်။

နတ်ဘုရားများအား ခွေးသဖွယ် သတ်ဖြတ်ပြီး အင်မော်တယ်များအား ကြက်ကို ခုတ်သလို ခုတ်ဖြတ်နိုင်သည်။

ထိုအခိုက်တွင် မြားက မြို့ထဲသို့ ဦးတည်နေပြီး ကျူးထျန်း အစီအရင်နှင့် တိုက်မိလေသည်။ ထို့နောက်တွင်မူ အနီးအနားမှ တောတောင်များ ပြိုလဲတုန်ခါလာသည်။ အဖျက်စွမ်းအင် ထွက်ပေါ်လာသောကြောင့် မြေဆီလွှာ အက်ကွဲကာ အဆောက်အဦးများ ပြိုကျသဖြင့် ငလျင်လှုပ်သည် ဟုပင် ထင်ရပြီး ဖုန်များ တထောင်းထောင်း ထလာသည်။

“ငလျင်လှုပ်တာ၊ ငလျင်လှုပ်တယ်ဟ”

မြို့သူမြို့သား တစ်ယောက်ပြီးတစ်ယောက် သွေးပျက်လာပြီး ဖိုသီဖတ်သီ အဝတ်အစားများဖြင့် အိမ်ထဲမှ ပြေးထွက်လာကြသည်။

“အရူးတွေ ငါတို့မှာ ကျူးထျန်း အစီအရင် ရှိတယ်လေ၊ ဘယ်လိုလုပ် ငလျင်လှုပ်မလဲဟ”

“ဒါ ငလျင်လှုပ်တာ မဟုတ်ဘူး၊ ရန်သူ တိုက်ခိုက်တာ၊ တစ်ယောက်ယောက်ကတော့ အစီအရင်ကို ချိုးဖျက်နေပြီ”

“ဘာ … အစီအရင်ကို ထိုးဖောက်နိုင်တဲ့ အစွမ်းမျိုး ဘယ်သူ့မှာ ရှိတာလဲ”

ထိုအခိုက်တွင် ယွင်နိုင်ငံ၏ လူများ သည်းခြေပျက်လာသည်။ သူတို့ မယုံကြည်နိုင် ဖြစ်နေ၏။

သူတို့၏ ကျူးထျန်း အစီအရင်သည် နိုင်ငံ တည်ထောင်စဉ်ကတည်းက တည်ရှိခဲ့ပီး ယနေ့မှ ပထဆုံးအကြိမ် တုန်ခါခြင်း ဖြစ်သည်။

ယွီထျန်းရွှမ်တို့နှစ်ယောက်လည်း နားဝေတိမ်တောင် ဖြစ်နေသည်။

နေခွင်းလေးက ကောလာဟလများအတိုင်း ကြောက်စရာကောင်းလှသည်။ ယွင်နိုင်ငံ၌ အစွမ်း အထက်ဆုံးဟု ကျော်ကြားသော ဤအစီအရင်သည် ဤလေးချက်အောက်၌ ပြင်းစွာ တုန်ခါနေ၏။

ကျူးထျန်းပေါ်မှ မျဉ်းများ လွင့်ပြယ်နေပြီး အလင်းရောင်လည်း မှိန်ဖျော့နေသည်။ သို့သော် ယဲ့ဖန်က လေးကြိုးကို ထပ်ဆွဲလိုက်ပြီး နတ်မြားကို ဖန်တီးလေသည်။

ယွီထျန်းရွှမ်အတွက် ထူးခြားသော ရှာဖွေတွေ့ရှိမှုတစ်ခုပင်။ ယဲ့ဖန် လေးကြိုးကို ဆွဲလိုက်ချိန်တွင် ကျူးထျန်း အစီအရင်၏ နတ်ဘုရားစွမ်းအင် အပါအဝင် အရပ်ဆယ်မျက်နှာမှ စွမ်းအင်ကို ဆွဲနုတ် ယူလေသည်။

ဤနည်းလမ်းက ကြောက်စရာကောင်းလှသည်။ ကျူးထျန်း အစီအရင်၏ နတ်ဘုရားစွမ်းအင်ကို အသုံးချ၍ ကျူးထျန်း အစီအရင်ကို ဖျက်ဆီးခြင်းဟု ပြောရပေမည်။

ယွီထျန်းရွှမ် ပို၍ ခါးသက်စွာ ရယ်လိုက်မိသည်။ ကျူးလုံ ဧကရာဇ် အတိတ်အခါက ကိုးပြည်နယ်အတွင်း လွှမ်းမိုးနိုင်ပြီး အဘယ်ကြောင့် မည်သူမှ မတားဆီးနိုင်ခဲ့သလဲ ဆိုသည်ကု သူ နားလည်သွားလေပြီ။

ဤသို့သောလူမျိုး၏ ပြိုင်ဘက်ဖြစ်ရန် မလွယ်ကူလှပေ။

ထိုအခိုက်တွင် ဒုတိယမြောက် မြားကို ပစ်လွှတ်လိုက်သည်။

“ဝုန်း”

အစီအရင်က ပြင်းစွာ တုန်ခါသွားပြီး ယခုတစ်ခေါက်တွင် ပိုကြောက်စရာကောင်းနေ၏။ မြို့တစ်ခုလုံး ပြိုလဲလာပြီး အတောမသတ်အောင် အဆောက်အဦးများ ပြိုကျကာ မြေဆီလွှာ အက်ကွဲလာလေသည်။

တစ်ခဏအတွင်း လူတစ်သိန်း သေဆုံသွားသည်။ ဤစွမ်းအင်သည် တားဆီးမနိုင်လောက်အောင် ကြောက်စရာ ကောင်းလွန်းပြီး အစီအရင်၏ အစွမ်းကို ဖြိုဖျက်ကာ တာအိုစွမ်းအင် အစအနအားလုံးကို ဖယ်ရှားလာသည်။

နောက်ဆက်တွဲ အဖျက်စွမ်းအင်က ဒီရေအလား ပြင်းထန်လှသည်။ ထိခိုက်မိသော မည်သူမဆို သေဆုံးခြင်းဖြင့်သာ အဆုံးသတ်ရပြီး နေရာမှာတင် အမှုန့်ဖြစ်သွားကြသည်။

ယွီထျန်းရွှမ်နှင့် ယွီရှန့်ရှီတို့ တွေဝေနေပြီး ပြင်းထန်စွာ တုန်လှုပ်နေကြသည်။ အကယ်၍ သူတို့သာ ယဲ့ဖန်နှင့် ရင်ဆိုင်ရလျင် မြားတစ်စင်းနှင့်တင် သူတို့ ရှင်းလင်းခံရနိုင်သည်ဟု ခန့်မှန်းမိသည်။

ဤသည်က လေး၏ စွမ်းအင်အပြည့် မဟုတ်သေးကြောင်း သူတို့ မသိချေ။ အဆိုးဆုံး မှတ်တမ်းမှာ ထောင်ချီသော တောင်တန်းများ အမှုန့်ဖြစ်သွားသည်။ ကြောက်စရာ အကောင်းဆုံး မှတ်တမ်းမှာမူ တစ်ချိန်က ယဲ့ဖန်သည် မြားတစ်စင်းအား စကြဝဠာကိုခွင်း၍ ပစ်ခတ်ဖူးသည်။ ထိုအခါ ဟင်းလင်းပြင် အက်ကွဲခဲ့ပြီး မရေတွက်နိုင်သော နဂါးငွေ့တန်းအတွင်းမှ ထောင်ချီသော ဂြိုဟ်များအားလုံး ပေါက်ကွဲခဲ့သည်။

လက်ရှိတွင် ကျူးထျန်း အစီအရင်က အပြီးတိုင် ပြိုလဲသွားလေပြီ။

“ဘာ … ကျူးထျန်း အစီအရင် ပျက်စီးသွားတာလား”

ရုတ်ချည်းဆိုသလိုပင် တစ်မြို့လုံး အုတ်အော်သောင်းနင်းဖြစ်ကာ လူတိုင်း ကြောက်ရွံ့လာ၏။ သူတို့ ကြောက်လန့်နေကြသည်။

အဘယ်ကြောင့်ဆိုသော် ကျူးထျန်း အစီအရင်သည် နိုင်ငံစထောင်ကတည်းက မပျက်စီးဖူး သောကြောင့်ပင်။

မျက်စိရှေ့မှမြင်ကွင်းက သူတို့ကို ချောက်ချားစေ၏။

“ဘယ်သူ အစီအရင်ကို ဖျက်ဆီးတာလဲ”

ထိုစဉ် ရဲတင်းသော နတ်ဘုရင်အဆင့် တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လာပြီး တစ်ဖက်လူ၏ နောက်ကြောင်းကို သိရန် ကြိုးစားလာသည်။

“ယဲ့ဘုရင်”

ထိုစကားနှစ်လုံးက ယွင်နိုင်ငံမှလူများ၏ ဦးခေါင်းထက်မှ ထွက်ပေါ်လာသောအခါ သူတို့ ကြောက်လန့်၍ လဲကျလုနီးပါး ဖြစ်သွားကြသည်။

အလယ်ပိုင်းဒေသက နတ်ဆိုးတွေ ရောက်လာပြီပဲ။

တစ်ဖက်လူက သူတို့၏ ယွင်နိုင်ငံသို့ တကယ် လာရဲလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိပေ။ ထို့အပြင် ကျူးထျန်း အစီအရင်ကိုပါ ဖျက်ဆီးခဲ့သေးသည်။

ဤသည်က သူတို့အတွက် သတင်းဆိုးပင်။ အကြောင်းမှာ ပိုင်လီဟုန်နှင့် ယဲ့ဘုရင်ကြားမှ ပဋိပက္ခကို သူတို့ သတိထားမိသောကြောင့်ပင်တည်း။

သူတို့ သေရပေတော့မည်။ သူတို့ အော်ဟစ်ငိုကြွေးစေရန် အလို့ငှာ နတ်ဆိုးများ အနောက်ဘက်သို့ ခရီးထွက် လာကြလေပြီ။

“မဟုတ်ဘူး မဖြစ်နိုင်ဘူး၊ မင်း ဘယ်တော့မှ ငါတို့ ယွင်နိုင်ငံကို ခြေချရဲမှာ မဟုတ်ဘူး”

ထိုနတ်ဘုရင်အဆင့်က မယုံကြည်စွာ အော်ဟစ်နေပြီး သူ့မျက်လုံးတွင် ကြောက်စိတ် ပြည့်နေ၏။

*ယဲ့ဘုရင် မင်းက ဘယ်လိုတောင် ရဲတင်းတာလဲ*

*အနောက်ဘက်က သိုင်းပညာရှင်တွေအားလုံး သူ့ကို ဝိုင်းတိုက်မယ်ဆိုတာ သိနေတာတောင် ဘယ်လိုတောင် လာအသေခံရဲတာလဲ*

“ဝေါင်း”

မာန်ဖီသံနှင့်အတူ ချုံးချီ မြေကြီးပေါ် ခုန်ဆင်းလာပြီး ထိုနတ်ဘုရင်အဆင့်အား တန်း၍ ကိုက်ဝါးမျိုချပြီး အစာအိမ်ထဲ အရောက်ပို့လိုက်သည်။

ယဲ့ဖန်က ဤပုရွက်ဆိတ်လိုလူများအား အထင်သေးစွာ ကြည့်လိုက်သည်။

“ဒီလောကမှာ ငါ ခြေမချရဲတဲ့ နေရာဆိုတာ မရှိဘူး”

ထိုစကားကိုကြားသောအခါ လူတိုင်း တုန်လှုပ်သွားပြီး ငိုချင်လုနီးပါး ဖြစ်သွားလေသည်။

“ယဲ့ဘုရင် ခင်ဗျား … ခင်ဗျား ဘာလုပ်ချင်တာလဲ”

ဤနတ်ဆိုးက သူတို့ကို အလွန် ကြောက်လန့်စေသည်။

“မြို့သတ်ပွဲ ကျင်းပမလို့”

ထိုစကားကြောင့် တစ်မြို့လုံးမှ လူများ ငိုကြွေးလေသည်။

“ဝုန်း”

ထို့နောက်တွင်မူ ယဲ့ဖန်၏ တတိယမြောက် နတ်မြား ကျဆင်းလာ၏။ အားကောင်းသော ဖိအားတစ်ခု ထွက်ပေါ်လာပြီး ယွီထျန်းရှန်တို့ကဲ့သို့သော အင်မော်တယ် ဧကရာဇ်တောင်မှ ဒူးထောက်ကျလုနီးပါး ဖြစ်သွားသည်။ ထိုဖိအားကို သူ လုံးဝ တောင့်မခံနိုင်သဖြင့် တစ်ကိုယ်လုံး တုန်လာသည်။

ယွီထျန်းရွှမ်၏ မျက်နှာတွင် အံ့ဩမှုတို့ ပြည့်နှက်နေပြီးနောက် မြို့ထဲမှ ရာထောင်ချီသောလူများ မြားတစ်စင်းနှင့်အတူ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

မျက်စိကျိန်းလောက်သည့် အဖျက်စွမ်းအား အလင်းက ကုန်းမြေအနှံ့ ပျံ့နှံ့နေပြီး နေထက်ပင် ပိုစူးရှကာ မြို့တွင်း၌ မှိုပွင့်သဏ္ဌာန် တိမ်တိုက်တစ်ခု ဖြစ်ပေါ်လာ၏။

နယ်မြေတစ်ခုလုံး လောင်ကျွမ်းကာ လွင်တီးခေါင်ပြင် ဖြစ်သွားသည်။

ယွီထျန်းရှန်နှင့် ယွီရှန့်ရှီတို့ နှစ်ယောက်လုံး အလန့်တကြား ဖြစ်သွားပြီး တစ်ချိန်တည်းမှာပင် နားဝေတိမ်တောင် ဖြစ်နေ၏။

ဤမြင်ကွင်းက သူတို့ ထင်ထားသည်ထက် သာလွန်နေ၏။ ယဲ့ဖန်က ဤမျှ သန်မာ၍ ကြောက်စရာ ကောင်းလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိပေ။

ဖုန်မှုန့်များက ကောင်းကင်အထိ မြင့်တက်နေသည်။

*သတ်လိုက်ပြီပဲ*

အားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ တစ်ချိန်က စည်ကားဖွံ့ဖြိုးခဲ့သော မြို့ကား မရှိတော့ချေ။

ယဲ့ဖန်သည် အလွန်အမင်း သွေးအေးလှပြီး နည်းနည်းလေးမှ သနားစိတ် မရှိချေ။ သူသည် မျက်တောင်မခတ်ဘဲ ရာထောင်ချီသော အသက်များကို ရှင်းလင်းခဲ့သည်။

“ဆရာ၊ ခင်ဗျားက ရက်စက်လွန်းတယ်”

ဘေးနားမှ ကုန်းမင်သည် မခံနိုင်လွန်းစွာ ပြောလာ၏။ ဤလူများ အပြစ်ကင်းစင်မှန်း သိသာလွန်း လှသည်။

ယခုတစ်ခေါက်တွင် ယဲ့ဖန်က သူ့ကိုလည်း ခေါ်လာသည်။ ကုန်းမင်က သူ့တပည့် ဖြစ်လာတော့မည် ဖြစ်သောကြောင့် နောင်တွင် သူသည် သေချာပေါက် လောကနှင့် ရန်သူသဖွယ် ဖြစ်လာပေလိမ့်မည်။

သူသည် ကုန်းမင်အား မိမိ၏ အနာဂတ်လမ်းကြောင်းအား နားလည်စေချင်နေသည်။ စစ်မြေပြင်၏ ရက်စက်မှုကို မျက်ဝါးထင်ထင် သိမြင်စေချင်နေလေသည်။

All Chapters