အခန်း ၁၆၂၄
Vol. 109 Ch. 1624
Chapter 1624 နောက်ဆုံးအခွင့်အရေး
ယဲ့ဖန်က သူ့ခေါင်းလေးကို အသာပုတ်လိုက်သည်။
“ဒါက လူ့သဘာဝပဲ၊ သတိပေးတာဆိုလည်း ဟုတ်တယ်၊ သူတို့ကို မသတ်ဘူးဆိုရင် ညီမလူလူလို အပြစ်မရှိတဲ့ မိန်းကလေးတွေ မီးရှို့သတ်ခံရလိမ့်မယ်၊ ကြင်နာမှုဆိုတာ မင်း နှစ်သက်တဲ့လူတွေ အတွက်ပဲ ပေးရတာ၊ ရနန်သူကို မပေးရဘူး”
“သူတို့က ရန်သူတွေလား”
“သူတို့က ငါ့ရန်သူတွေ မဟုတ်ဘူး၊ ဒါပေမဲ့ သူတို့က ငါ့မိတ်ဆွေတွေရဲ့ ရန်သူတွေ ဖြစ်လာနိုင်တယ်၊ အဲ့ဒါကြောင့် သူတို့က ငါ့ရန်သူတွေလို့ ပြောရမယ်”
ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြောပြလိုက်သည်။
“မင်းအတွက် ဆရာက ပိုအရေးကြီးလား ဒါမှမဟုတ် သူတို့က ပိုပြီး အရေးကြီးလား”
“သေချာပေါက် ဆရာက အရေးကြီးတာပေါ့”
“ဒါဆို ဆရာ သေမလား ဒါမှမဟုတ် သူတို့ကို သေခိုင်းမလား မင်း ရွေးရမယ်ဆို ဘာကို ရွေးမလဲ”
“ဒါဆို သူတို့ သေရမှာပေါ့”
ကုန်းမင်က တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။ ယဲ့ဖန် ပြုံးလိုက်မိသည်။
“ဒါဆို ဆရာက မင်းရဲ့ အနီးကပ်ဆုံး ဆွေမျိုးဆိုတာကို မင်း နားလည်ရမယ်၊ သူတို့က မသက်ဆိုင်တဲ့ လူတစ်စု သက်သက်ပဲ၊ မင်း သူတို့ကို သနားရင် မင်း ဆရာကို သတ်သလို ဖြစ်သွားလိမ့်မယ်၊ လောကကြီးက တစ်ခါတရံ အရမ်း ရက်စက်တယ်၊ နှစ်ဦးနှစ်ဖက် ကောင်းမွန်တဲ့ လောကကြီးဆိုတာ မရှိဘူး”
ကုန်းမင် ငြိမ်ကျသွားပြီး ယင်းစကားကို တစ်ခဏမျှ လက်မခံနိုင်ပုံ ပေါ်နေသည်။ ယဲ့ဖန် သူ့ကိုဆက်၍ မသင်ပြတော့ပေ။ အဘယ်ကြောင့်ဆိုသော် ခုနစ်နှစ်အရွယ်ကလေးအတွက် ဤအရာအားလုံးကို သိနားလည်ရန် လိုအပ်ပေတော့သည်။
ယနေ့တွင် ယဲ့ဖန်၏ မြို့ကို ရှင်းလင်းသောသတင်းက ယွင်နိုင်ငံတစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ ယွင်နိုင်ငံတစ်ခုလုံး သွေးပျက်လာကြသည်။
*သူက ကျူးထျန်းအစီအရင်ကို သူ့အစွမ်းနဲ့ ချိုးဖောက်ခဲ့တယ်တဲ့၊ ဒါ ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ*
*အလယ်ပိုင်းဒေသက နတ်ဆိုးက အရမ်း ကြောက်ဖို့ကောင်းတာပဲလား*
မကြာခင်မှာပင် ရှေ့တန်းမှနေ၍ သတင်းတစ်ခု ရောက်လာသည်။ ၎င်းမှာ ယဲ့ဘုရင်၏ နတ်ဆိုး အနောက်ဘက်သို့ ခရီးထွက်ခြင်းက အမျိုးသမီးတစ်ယောက်အတွက် လက်စားချေရန်သက်သက်သာ ဖြစ်သည်ဟူသော သတင်းပင်။
ထိုအမျိုးသမီးမှာ အရှင်လတ်လတ် မီးရှို့သတ်ခံရသော လူလူပင်။
“ဟုတ်နေပါပြီ၊ အဲ့မိန်းမက စုန်းမပဲ၊ မဟုတ်လို့ရှိရင် ဘယ်လိုလုပ် နတ်ဆိုးက သူ့အတွက်နဲ့ အနောက်ဘက် ဒေသကို လာမလဲ၊ သေသွားတာ ကောင်းတယ်၊ သူက မီးရှို့သတ်ခံရဖို့ ထိုက်တန်တယ်”
“သူ့ကို ဒီလို မီးရှို့သတ်လိုက်တာတောင် နည်းနေသေးတယ်၊ မသေမချင်း နှိပ်စက်သင့်တာ”
“နတ်ဆိုးနဲ့ အဆက်အသွယ် လုပ်ရဲတဲ့ ဘယ်သူမဆို သေသင့်တယ်၊ စကားလေး နည်းနည်းပဲ ပြောမိရင်တောင်မှ အပြစ်ပေးခံရသင့်တယ်”
ရက်စက်သော ကျိန်ဆဲသံများက ယွင်နိုင်ငံအနှံ့ ပျံ့နှံ့နေပြီး လူတိုင်း ဒေါသထွက်နေကြသည်။
လူတစ်ချို့က လူလူ၏ မိသားစုကိုပင် ထပ်မံ၍ မီးရှို့သတ်သင့်ကြောင်း အကြံပြုလာသည်။
“ဒီလူတွေ … သေကိုသေသင့်တယ်”
လက်အောက်ငယ်သားများ၏ တင်ပြချက်ကို နားထောင်ပြီးနောက် ယဲ့ဖန်၏ မျက်နှာပေါ်မှ အေးစက်မှုက ပိုတိုးလာပြီး လူသတ်ချင်စိတ်ကလည်း အရူးအမူး တိုးပွားလာလေသည်။
အစက သူသည် ဤယွင်နိုင်ငံမှလူများအား သူတို့အမှားကို နားလည်လာစေရန် သင်ခန်းစာအချို့ ပေးရန်သာ ကြံစည်ထားခဲ့သည်။
သို့သော် သူတို့က သူတို့ လူမှားသတ်ခဲ့မိကြောင်း တွေးမည့်အစား လူလူက သေရန်ထိုက်တန်သည်ဟုပင် တွေးနေကြသည်။
ထို့ကြောင့် ယဲ့ဖန်၏ နေခွင်းလေး၏ မြားအောက်၌ ဒုတိယမြို့သည်လည်း ပြာကျသွားလေသည်။ သူသည် မီးတောက်များနှင့် ပြည့်နေသော အပျက်အစီးများကြား၌ ရပ်နေပြီး ယွင်နိုင်ငံမှလူများကို ကြည့်လိုက်သည်။
“လူလူဆိုတဲ့ မိန်းကလေးက နတ်ဆိုးမျိုးနွယ် မဟုတ်ဘူး၊ အနောက်ဘက်ကို ငါ လာရတဲ့ အကြောင်းရင်းက မင်းတို့ကို သဘောမကျလို့ပဲ”
“အပြစ်ကင်းစင်တဲ့ မိန်းကလေးတစ်ယောက်ကို သတ်ရက်တဲ့ စိတ်နှလုံးမျိုး မင်းတို့အားလုံးမှာ ရှိကြတယ်၊ ငါတို့အတွက် စကားလေး နည်းနည်းလောက် ပြောမိရုံလောက်နဲ့ မင်းတို့ သူ့ကို မီးတင်ရှို့ ကြတယ်၊ ဘယ်သူက နတ်ဆိုးလဲ”
ဘယ်သူမှ သူ့မေးခွန်းကို မဖြေကြချေ။ လူတိုင်း ယဲ့ဖန်ကို အလွန် ကြောက်ရွံ့စွာ ကြည့်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။ လက်ရှိအချိန်၌ သူတို့ ချောက်ချားနေ၏။
“ဒီနေ့ကစပြီး ငါ မင်းတို့ကို အခွင့်အရေး တစ်ခုပေးမယ်၊ တစ်ပတ်အတွင်း ယွင်နိုင်ငံတစ်ခုလုံးကလူတွေ လူလူရှေ့ ဒူးထောက်ပြီး အပြစ်ကို ဝန်ခံပါ၊ မဟုတ်ရင် အားလုံး သေရမယ်”
ယဲ့ဖန်၏ တိုက်ခိုက်မှုကြောင့် နောက်ထပ် လူနှစ်သိန်း သေဆုံးကာ အားလုံး ပြာဖြစ်ပြီး ပွဲချင်းပြီး ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့သည်။
ဖိနှိပ်ချုပ်ကိုင်နိုင်လွန်းပြီး ရက်စက်လွန်းသည်။
ရက်ပိုင်းလေးအတွင်း မြို့နှစ်မြို့ ဆက်တိုက် ရှင်းလင်းခံလိုက်ရပြီး ယွင်နိုင်ငံမှလူများ ကြီးမားသော သေကြေပျက်စီးမှုနှင့် ကြုံလာရသည်။
နတ်ဆိုးများ အနောက်ဘက်သို့ ထွက်လာပြီး ကောင်းကင်၌ သွေးမိုးများ ရွာသွန်းနေ၏။ ယင်းက ကြွေးကြော်သံ သက်သက် မဟုတ်တော့ချေ။
ယဲ့ဖန် လာသည့် လမ်းတစ်လျှောက်တွင် အရာအားလုံးက ပြာဖြစ်ကြသည်။
“ဆရာ သူတို့ အပြစ်ကို ဝန်ခံမယ်လို့ ထင်လား”
ကုန်းမင်က သိချင်စိတ်ဖြင့် မေးလာသည်။ သူ့ပုံစံက စိုးရိမ်နေပုံပင်။
ယဲ့ဖန်သည် လက်နောက်ပစ်၍ အဝေးကို ငေးကြည့်၍ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
“ဘယ်သိနိုင်မလဲ၊ မင်းဆရာဖြစ်တဲ့ ငါတောင် မရေတွက်နိုင်တဲ့ နှစ်တွေကို ဖြတ်သန်းပြီး အတောမသတ်နိုင်တဲ့ အရာတွေကို တွေ့မြင်ခဲ့ပင်မယ့် ငါ အခုထိ နားမလည်နိုင်သေးတဲ့ တစ်ခုတည်းသောအရာက လူ့စိတ်နှလုံးသားပဲ”
လူလူထံ၌ ဒူးထောက်ပြီး အပြစ်ဝန်ခံသင့်၊မသင့် တွေဝေနေချိန်တွင် သတင်းစကားတစ်ခု ပျံ့လာ၏။
“အရှင်မင်းမြတ်က ဝမ်ယွမ်းကျန်းတို့ ညီအစ်ကိုကို ယဲ့ဘုရင်နဲ့ အခြားသူတွေကို ရှင်းဖို့ စေလွှတ်လိုက်ပြီ”
“အမြွှာဘုရင်တွေလား၊ ညီအစ်ကိုနှစ်ယောက် အတူတိုက်ခိုက်ရင် အင်မော်တယ် ဧကရာဇ်အဆင့်တွေကို ဖိနှိပ်နိုင်တယ်၊ သူတို့ကို တိုက်ခိုက်ရဲတဲ့ အင်မော်တယ် ဧကရာဇ်အဆင့်တွေတောင် နည်းနည်းပဲ ရှိတာမလား”
“သူတို့နှစ်ယောက် ပေါင်းလိုက်ရင် လူနှစ်ယောက်အား ဖြစ်သွားတာ မဟုတ်ဘူး၊ ငါးယောက်၊ ဆယ်ယောက်အား ဖြစ်သွားတာ၊ အဲ့ဒါက အမြွှာဘုရင်တွေရဲ့ ကြောက်စရာကောင်းတဲ့ အချက်ပဲ”
“အမြွှာဘုရင်တွေက မိခင်ဘုရင်မရဲ့ အချစ်ဆုံး တပည့်တွေ၊ သူတို့က မိခင်ဘုရင်မဆီက အမွေအနှစ်တစ်ခု ရထားတယ်၊ ဒီတစ်ခေါက် ထွက်လာရင် ပိုရက်စက်မှာပဲ၊ ယဲ့ဘုရင် သေပြီ”
ထိုသတင်းကို ရပြီးနောက် ယွင်နိုင်ငံမှလူများ လှုပ်လှုပ်ရွရွ ဖြစ်လာပြီး ဒူးထောက်၍ တောင်းပန်ရမည့် ကိစ္စကို မေ့သွားကြသည်။
အကြောင်းမှာ သူတို့ မှားသည်ဟု မထင်သောကြောင့်ပင်။ သူတို့ ဝန်ခံရန် တုံ့ဆိုင်းနေရသည့် အကြောင်းရင်း မှာလည်း ယဲ့ဖန် သူတို့ကို လက်စားချေမည်ကို ကြောက်သောကြောင့်ပင်။
“ဒူးထာက်ရမယ်ဟုတ်လား၊ ငါ ဒီနေ့ ဖြတ်သွားရင်း သူ့အလောင်းကို တံတွေးနဲ့ ထွေးဦးမယ် ဟားဟား”
“တံတွေးနဲ့တွေးတာက ဘာမှမဟုတ်သေးဘူး၊ ငါ သေးနဲ့ပန်းခဲ့တာကွ”
“ယဲ့ဘုရင် မင်းစုန်းမအတွက် လက်စားချေချင်တယ် မဟုတ်လား၊ ဝမ်ယွမ်ကျန်းလက်ထဲက မင်း ပြေးနိုင်မလား ကြည့်ရသေးတာပေါ့”
ယွင်နိုင်ငံမှလူများ တစ်ယောက်ပြီးတစ်ယောက် အင်တာနက်ပေါ်၌ သူတို့၏ မောက်မာသော စရိုက်များကို ထုတ်ပြပြီး ယဲ့ဖန်အား ရန်စကြသည်။
“ဆရာ”
သူတို့၏ အကျင့်စရိုက်ကို သိပြီးနောက် ကုန်းမင်သည် ယဲ့ဖန်အား အခက်တွေ့နေသော မျက်နှာနှင့် မော့ကြည့် လာသည်။
“ဘာမှပြောနေစရာ မလိုဘူး”
ယဲ့ဖန် လက်ကာပြလိုက်သည်။ သူ့မျက်နှာက မှုန်မှိုင်း၍ တွေဝေနေပြီး သူ ဘာကို တွေးနေလဲ မသိနိုင်ပေ။ အချိန်အတော်ကြာပြီးမှ သူက အေးစက်သော လေသံဖြင့် ပြောလာသည်။
“ရှေ့ဆက်တိုက်ကြ”
မဟာချင်ဧကရာဇ်၏ စစ်သည်များ ရှေ့သို့ ချီတက်ကြလေသည်။ မြို့တစ်မြို့ပြီးတစ်မြို့ ပျက်စီးကုန်သည်။ သက်ရှိများလည်း သေကြေပျက်စီးကုန်၏။
“ငါ မင်းတို့ကို အခွင့်အရေး ပေးခဲ့တယ်၊ ဒါကို မင်းတို့က တန်ဖိုးထားရကောင်းမှန်း မသိမှတော့ မင်းတို့အားလုံး သေလိုက်တော့”
ယဲ့ဖန်သည် ဆက်လက်၍ သက်ညှာမနေတော့ဘဲ ပြတ်သားစွာ သတ်လေတော့သည်။ ဤအမှိုက်ကောင်များသည် သူ၏ ကရုဏာသက်ခြင်းနှင့် မထိုက်တန်ပေ။
လက်ရှိတွင် ယဲ့ဖန်သည် “ရှင်းကွမ်ချန်” ဟူသော မြို့ကြီးတစ်မြို့သို့ ရောက်နေသည်။ ၎င်းမြို့သည် နှစ်ထောင်ချီ၍ တည်ရှိခဲ့သော မြို့တစ်မြို့ ဖြစ်ပြီး ရှည်လျားသော သမိုင်းတွင်း၌ မပျောက်ကွယ်သွားဘဲ ထည်ဝါကြီးမြတ်ဆဲ ဖြစ်သည့် မြို့တစ်မြို့ပင်။
မြို့တစ်ခုလုံးကို သတ္တုဖြင့် တည်ဆောက်ထားပြီး အေးစက်စက် အလင်းတို့ဖြင့် တောက်ပနေကာ ရှေးကျသော အငွေ့အသက်က အဆက်မပြတ် ပျံ့လွင့်နေ၏။
ဤနေရာသည် ယွင်နိုင်ငံ၏ စစ်အင်အား အချက်အချာ ဖြစ်သည်။ သိုင်းပညာရှင်များနှင့် စစ်သည်များအားလုံးကို ဤနေရာ၌ နေရာချထားသည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် ယွင်နိုင်ငံ၏ နိုင်ငံခြား ကူးသန်း ရောင်းဝယ်ရေးအတွက် အကြီးမားဆုံး အခြေစိုက်လည်း ဖြစ်ပေသည်။ ထို့ကြောင့် ကိုးပြည်နယ်အဝါင်းမှ သိုင်းပညာရှင်များ ဤနေရာ၌ စုဝေးနေပြီး အချို့ဆိုလျင် ဤနေရာ၌ ကိုးကွယ်ယုံကြည်မှုပင် ထူထောင်ကြသည်။ အင်မော်တယ် ဧကရာဇ်အဆင့်ပင် ကျူးကျော်လာပါက အသက်အန္တရာယ် ခြိမ်းခြောက်ခံရလောက်သည်။
ဤနေရာတွင် နတ်ဘုရင်အဆင့်များ၊ အင်မော်တယ် ဧကရာဇ်များနှင့် အခြားသော တည်ရှိမှုများ ပြတ်လပ်ခြင်း မရှိပေ။
ယဲ့ဖန် ဤနေရာသို့ လာရသည့် ရည်ရွယ်ချက်က ရှင်းပါသည်။ ဤစစ်အင်အား အချက်အချာကို ဖျက်ဆီးခြင်းဖြင့် ယွင်နိုင်ငံမှလူများ ဆောက်တည်ရာမရအောင် လုပ်ရန် ဖြစ်လေသည်။
မျက်စိရှေ့တွင် ဘာသာရေးသုံးခုနှင့် မျိုးနွယ်များ တည်ရှိနေသည်။ ထိုအထဲတွင် ရှေးဟောင်းကျောင်းတော်များနှင့် ကိုးကွယ် ယုံကြည်မှုဆိုင်ရာ လူများ ပါဝင်လေသည်။ သစ်ပင်ကြီးများက မိုးထိုးမတတ် မြင့်မားပေါက်ရောက် နေပြီး တောင်တန်းများက ကြီးမားကာ ရာချီသော မျိုးနွယ်စုများက နေရာများစွာ၌ ရှိနေပြီး ခန်းမများက ရာကျော်၏။
သန်မာသော အရှိန်အဝါများဖြင့် သွားလာနေကြသော သိုင်းပညာရှင်များစွာ ရှိပြီး အင်မော်တယ် ဧကရာဇ် အဆင့်ပင် ဆယ်ယောက်ထက်မနည်း ရှိနေသည်။
သို့သော် ယဲ့ဖန်က ကြောက်လန့်ခြင်းမရှိဘဲ ရှေ့သို့ ဆက်သွားနေပြီး အနောက်မှ ယွီထျန်းရွှမ်နှင့် ယွီရှန်းရှီတို့ လိုက်လာသည်။
သူတို့ ပေါ်လာသည်နှင့် လူအများ၏ အာရုံကို ဆွဲဆောင်မိသွားသည်။ အစက လူတိုင်းက ယဲ့ဖန် ဘယ်သူလဲ မသိသော်လည်း ယွီထျန်းရွှမ်နှင့် ယွီရှန့်ရှီတို့ကို မြင်သောအခါ ချက်ချင်း သတိရသွားကြသည်။
ချက်ချင်းဆိုသလိုပင် လူတစ်စုက ယဲ့ဖန်အား စူးစမ်းသလို ကြည့်လာသည်။ အချိန်တိုအတွင်း နာမည်ကြီးလာသည်က ယဲ့ဘုရင်၏ နာမည်ပင်။ နတ်ဆိုး၏ အနောက်ဘက်သို့ ခရီးထွက်ခြင်းကလည်း ရှစ်နိုင်ငံအတွင်း ပျံ့နှံ့ပြီးသား ဖြစ်သည်။
“အဲ့နတ်ဆိုးက ယွင်နိုင်ငံရဲ့ စစ်အင်အား အချက်အချာကို တကယ် ခြေချလာတာလား၊ သူ ရူးနေတာလား၊ သူ ဒီမှာ အရိုးကောက်မလို့ ကြံထားတာလား”
ချက်ချင်းဆိုသလိုပင် သိုင်းပညာရှင်များက တအံ့တဩ ပြောဆိုလာပြီး ယဲ့ဖန်၏ မောက်မာမှုကို အံ့အားသင့် နေကြသည်။ ယွင်နိုင်ငံ၏ စစ်အင်အား အချက်အချာမြို့၌ ထောင်လွှားရဲသည်တဲ့လား။
“ဒူးထောက်ပြီး ဝန်ခံ”
ယဲ့ဖန်က လူအုပ်ကို အေးစက်စွာ ဝေ့ကြည့်၍ ပြောလိုက်သည်။ အထက်စီးဆန်၍ မောက်မာလွန်းလှသည်။
သိုင်းပညာရှင်များ၏ မျက်နှာများ မည်းမှောင်သွားလေသည်။
*မင်းက ယဲ့ဘုရင်ဆိုရင်တောင်မှ မောက်မာလွန်းနေတယ် မဟုတ်လား*
*တစ်လောကလုံးက သိုင်းပညာရှင်တွေ ဒီမှာ စုဝေးနေတာကို မင်းက ရောက်လာတာနဲ့ အထင်သေးသလို ပြောတယ်ပေါ့လေ၊ မင်း သူတို့ကို ဘာထင်နေတာလဲ*
အထူးသဖြင့် အင်မော်တယ် ဧကရာဇ်အဆင့်များပင်။ ယဲ့ဖန်၏ စကားကိုကြားသောအခါ သူတို့အားလုံး လှောင်ရယ် လာပြီး ခက်ထန်သော မျက်နှာထားများ ဖြစ်သွားလေသည်။
ယွင်နိုင်ငံမှလူများကလည်း အထင်သေးသလို ကြည့်လာ၏။ ဤနေရာသည် ယွင်နိုင်ငံ၏ စစ်အင်အား အချက်အချာ ဖြစ်ပြီး သိုင်းပညာရှင်များ မှိုလိုပေါက်နေသော နေရာဖြစ်သည်။ ဤအင်မော်တယ် ဧကရာဇ် အဆင့်များက ဘယ်လိုလုပ် ယဲ့ဖန် ပရမ်းပတာ ပြောနေသည်ကို ငြိမ်၍ ကြည့်နေပါမည်နည်း။
ထိုသို့ကြည့်နေလျင် သူတို့မာနလည်း ထိခိုက်ပေလိမ့်မည်။ ယဲ့ဖန်က တစ်မြို့လုံးကို သူတစ်ယောက်တည်းဖြင့် ကိုင်လှုပ်နေလိုခြင်းက ရယ်ချင်စရာပင်။
“ယဲ့ဘုရင် မင်း မသေချင်ရင် ထွက်သွား”
ချက်ချင်းဆိုသလိုပင် မြို့ထဲမှ တစ်စုံတစ်ယောက်က ယဲ့ဖန်ကို အော်ပြောလာ၏။
“ဝန်ခံ ဟုတ်လား၊ မင်းဖင်ကြီးကို ဝန်ခံလိုက်၊ ဒါယွင်နိုင်ငံတစ်ခုလုံးမှာ ကြောက်စရာအကောင်းဆုံး နေရာပဲ၊ မင်း နတ်ပြည်တောင် မရောက်နိုင်ဘဲ ဖြစ်သွားမယ်၊ ဒီမှာ ငရဲကို သွားမယ့် တံခါးပဲ ရှိတယ္၊ မင်း ဖောက်ဝင်လာရင် သေရမယ်”
လူတစ်ယောက်က ကျေနပ်အားရဟန်ဖြင့် ယဲ့ဖန်ကို အော်ပြောလေသည်။ ယဲ့ဖန်၏ အေးစက်စက် အကြည့်က သူ့ထံ ကျရောက်သွားပြီး ဖိအားတစ်ခုက သူ့အား လွှမ်းခြုံလာသည်။ ထို့နောက် သူ့ခန္ဓာကိုယ် ပေါက်ကွဲပြီး သွေးများ ပန်းထွက်လာ၏။
*သေသွားပြီ*
*တစ်ချက်ပဲ စိုက်ကြည့်လိုက်တာ သေသွားပါလား*
လူတိုင်း ကြောက်လန့်တကြား နောက်ဆုတ်သွားပြီး မျက်နှာတွင် အလွန် သွေးပျက်ဟန် ပေါ်လာသည်။
*ဒါ ဘာနည်းလမ်းကြီးလဲ*
*ဒီနတ်ဆိုးက သတင်းတွေထဲကလို ကြောက်စရာကောင်းပြီး ရက်စက်ပါလား*
“ယဲ့ဘုရင် မင်းက သန်မာလွန်းနေတယ် ဟုတ်လား၊ ငါ့တပည့်ကို သတ်ရဲတယ်ပေါ့လေ”
ဆံပင်များ စွတ်စွတ်ဖြူနေသော အဘိုးအိုက လေထဲသို့ ပျံတက်လာသည်။ သူသည် ထိပ်တန်း အရှင်သခင်၏ စောင့်ရှောက်သူ ဖြစ်သော အဘိုးအို ရင်ယွယ် ပင်။
စောင့်ရှောက်သူ ဖြစ်နေသော သူ၏ အဆင့်အတန်းကြောင့် အထင်သေး၍ မရနိုင်ပေ။ သူသည် လေထဲ၌ ရပ်နေပြီး ခန္ဓာကိုယ်တွင် တိမ်စိုင်များ ဝေ့ဝဲနေ၏။ သူက ယဲ့ဖန်နှင့် ဆန့်ကျင့်ဘက်ပင်။ သူ့ပုံစံက တည်ငြိမ်သော်လည်း အတော်လေး ဖိနှိပ်နိုင်သည်။
“ခင်ဗျားက အရင်စချင်တာလား”
ယဲ့ဖန်က အဘိုးအို ရင်ယွယ် ကို ခံစားချက်ကင်းမဲ့သော လေသံဖြင့် ပြောလိုက်သည်။
“သူက ယွင်နိုင်ငံသားဆိုပင်မယ့် ငါ့တပည့်ပဲ”
အဘိုးအို ရင်ယွယ်က တစ်လုံးချင်း ပြောလာသည်။ ယဲ့ဖန်က ယွင်နိုင်ငံသားအား သတ်သည်ကို သူ မထိန်းနိုင် သော်လည်း သူ့တပည့်ကို သတ်လိုက်ခြင်းကိုတော့ လက်မခံနိုင်ပါ။
“အဲ့တော့ ဘာဖြစ်လဲ”
ယဲ့ဖန်က တင်စီးမောက်မာသော အမူအရာ ရှိနေဆဲဖြစ်ကာ သူ့အား အလေးအနက်ပင် မထားချေ။ ဤသည်က အဘိုးအို ရင်ယွယ်ကို ဒေါသထွက်သွားစေသည်။ သူက သုန်မှုန်နေသော မျက်နှာနှင့် ပြောလိုက်သည်။
“ယဲ့ဘုရင် ငါတို့အားလုံးရှေ့မှာ မင်းလုပ်ချင်တာ လုပ်နိုင်တယ်လို့ တကယ် ထင်နေတာလား”
“အင်း”
ယဲ့ဖန်က တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်သည်။
*မောက်မာလိုက်တာ*
*ရူးလွန်းတယ်*
အင်မော်တယ် ဧကရာဇ်အဆင့်များ၏ မျက်နှာက ပို၍ မည်းမှောင်လာသည်။
*ဒီမျိုးမစစ်ကောင်က ငါတို့ကို အထင်သေးရဲတယ်လို့ ပြောချင်တာပေါ့လေ*
“မင်းက အတွေ့အကြုံမရှိတဲ့ လူငယ်ပဲ၊ ဒီအဘိုးကြီး နှစ်ပေါင်းများစွာ အသက်ရှင်လာတာ မင်းလောက် မောက်မာတဲ့လူကို မမြင်ဖူးဘူး”
အဘိုးအို ရင်ယွယ်က ဒေါထွက်ကာ လက်ထဲမှ ရတနာအိုးကို ပစ်ပေါက်၍ စတင် တိုက်ခိုက်လေသည်။