← Chapters

အခန်း ၁၆၂၅

Vol. 109 Ch. 1625

အခန်း ၁၆၂၅

Vol. 109 Ch. 1625

Chapter 1625 အားလုံး သေရမယ်

“ဝုန်း”

ရတနာအိုးသည် လေထဲ၌ ကြီးမားလာပြီး အရွယ်အစားက မီတာတစ်ရာမျှ ဖြစ်လာပြီး ကောင်းကင်နှင့် နေကိုပင် အုပ်မိုးနေပြီး မျက်စိကျိန်းလောက်သည့် အလင်းများ လက်နေကာ ချက်ချင်း ယဲ့ဖန်ကို လွှမ်းမိုးလာ၏။

ယဲ့ဖန်၏ မျက်နှာက ခံစားချက် ကင်းမဲ့နေပြီး နဂါးကိုးကောင် မီးလင်းဖိုအား ပစ်တင်လိုက်သည်။ ထိုအခါ နဂါးကိုးကောင် မီးလင်းဖို လေထဲ မြောက်တက်သွားပြီး ရတနာအိုးနှင့် ပစ်တိုက်လေသည်။

အထဲမှ အဘိုးအို ရင်ယွယ်၏ အမှတ်အသားက ချက်ချင်း ပျောက်ပျက်သွားသည်။ ထို့နောက် ယဲ့ဖန်က ရတနာအိုးကို ကုန်းမင်ထံ ပစ်ပေးလိုက်သည်။

ကုန်းမင်က ပါးစပ်နားရွက် တက်ချိတ်မတတ် ပြုံးသွားပြီး ဘေးမှနေ၍ ရတနာအိုးနှင့် ဆော့နေ၏။ သူ အလွန်အမင်း ပျော်ရွှင်နေလေသည်။

ဤမြင်ကွင်းက အဘိုးအို ရင်ယွယ်အား အံ့ဩသွားစေသည်။ တစ်ချိန်တည်းမှာပင် ကျန်လူများအား ချောက်ချား သွားစေသည်။

*အဘိုးအို ရင်ယွယ်ရဲ့ အားကောင်းတဲ့ တိုက်ကွက်ကို ဒီနတ်ဆိုးက အလွယ်တကူ ဖြေရှင်းလိုက်နိုင်တာလား*

*ဒါ မယုံနိုင်စရာပဲ ဟုတ်တယ်မလား*

*ဒါက အိပ်မက်လိုပဲ*

*သူက ယဲ့ဖန်ကို နည်းနည်းလေးမှ ထိခိုက်အောင် မလုပ်နိုင်ဘဲ သူ့လက်နက်ပဲ အလုခံလိုက်ရတယ်၊ ဘာတွေ ဖြစ်နေတာလဲ*

*ဒီနတ်ဆိုးရဲ့ ပုံစံကလည်း သိပ်အားမထုတ်လိုက်ရတဲ့ပုံပဲ*

“သောက်ခွေးမသားလေး ငါ့ရတနာကို ပြန်ပေးစမ်း”

အဘိုးအို ရင်ယွယ်သည် ကုန်းမင်အား စူးစူးရဲရဲ စိုက်ကြည့်ပြီး လက်ကိုမြှောက်၍ ရိုက်ရန် ပြင်လေသည်။ ထိုအခါ ကောင်းကင်တခွင်၌ လျှပ်စီးများ လက်လာပြီး ကောင်းကင်အပြစ်ဒဏ် ကျရောက်လာတော့မတတ် ဖြစ်လာပြီး တောတောင်များ ပြိုလဲကာ ပျက်စီးလုနီးပါး ဖြစ်နေ၏။

ဤသည်ကိုမြင်သော် ကုန်းမင်၏ မျက်နှာ ဖြူရော်သွားသော်လည်း ခေါင်းမာစွာဖြင့် ရတနာအိုးအား သူ့အနောက်၌ ဖွက်ထားပြီး ပြန်ပေးရန် ငြင်းဆန်လေသည်။

“ငါ့တပည့်ကို ကြောက်အောင် လုပ်ရဲတယ်ပေါ့လေ”

ယဲ့ဖန်၏မျက်နှာ မည်းမှောင်သွားပြီး ဒေါသတကြီး ဓားဖြင့် ဝှေ့ယမ်းလိုက်သည်။ ကြောက်စရာကောင်းသော အတောမသတ်နိုင်သည့် စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး အဘိုးအို ရင်ယွယ်ထံ ရိုက်ခတ်လာ၏။

အဘိုးအို ရင်ယွယ်သည် အော်ဟစ်နေပြီး ဒေါသကလည်း တလိပ်လိပ် တိုးလာသည်။ လက်ရှိတွင် သူသည် နတ်ဘုရားနှင့်တူနေပြီး ကိုယ်ရောင်ကိုယ်ဝါများ တောက်ပနေကာ ဓားစွမ်းအင်ကို ချိုးဖျက်ရန် ပြင်နေသည်။

သို့သော် အချည်းနှီးပင်။ ဓားစွမ်းအင်နှင့် ထိတွေ့မိသည်နှင့် သူ့ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာကာ တစ်ကိုယ်လုံး အမာရွတ်များ ထင်ပေါ်လာပြီး အသတ်ခံရလုနီးပါး ဖြစ်သွားသည်။

“ဘုန်း”

သူ မြေကြီးပေါ် အရှိန်ဖြင့် ပြန်ကျလာပြီး သွေးအလိမ်းလိမ်းဖြစ်ကာ ဆက်တိုက် သွေးအန်၍ ပြန်မထနိုင်တော့ချေ။

*ရှုံးသွားပြီ*

*တစ်ချက်တည်းနဲ့ အဘိုးအို ရင်ယွယ် ရှုံးသွားပြီ*

*ဒီမြင်ကွင်းကြီးက မယုံနိုင်စရာကြီး*

*အလယ်ပိုင်းဒေသက နတ်ဆိုးတွေက တကယ် ကြောက်ဖို့ကောင်းတာပဲ*

သူတို့အားလုံး၏ စိတ်ထဲ၌ ထိုသို့သော အတွေးများ ရှိနေကြပြီး ထိတ်လန့်ကာ မျက်နှာဖြူရော်နေ၏။ သရော်သော စကားများက လည်ချောင်းဝတင် တစ်နေပြီး ထပ်မပြောနိုင်တော့ချေ။

အဘိုးအို ရင်ယွယ်အား အနိုင်ယူရာတွင် အားပင်မထုတ်လိုက်ဟု ဆိုရပေမည်။ ဘေးပတ်ဝန်းကျင်၌ ရှိနေသော အင်မော်တယ် ဧကရာဇ်အဆင့်များပင် ဤမြင်ကွင်းကို မယုံနိုင် ဖြစ်နေကြသည်။

အဘိုးအို ရင်ယွယ်၏ ခွန်အားကို သူတို့ သိပါသည်။ သူ့အား တစ်ချက်တည်းဖြင့် အနိုင်ယူရန် ဤနေရာမှ လူတိုင်းအတွက် လုံးဝ မဖြစ်နိုင်သော်လည်း ယဲ့ဖန်က လုပ်နိုင်ခဲ့သည်။

ဤနတ်ဆိုး အနောက်ဘက်သို့ ခရီးထွက်လာရဲသည်က အံ့ဩစရာ မဟုတ်တော့ပါ။ လက်ရှိတွင် သူတို့အားလုံး၏ မျက်နှာများက လေးနက်လာပြီး အပြုံးများ ပျောက်ကွယ်ကုန်သည်။

“ငါ အရေးမပါတာတွေ မပြောချင်ဘူး၊ ယွင်နိုင်ငံကလူတွေ အသက်ရှင်ချင်တယ်ဆိုရင် ဒူးထောက်ပြီး အပြစ်ကို ဝန်ခံ၊ မဟုတ်ရင် ဒီနေရာကို မြေလှန်ပစ်မယ်၊ အားလုံးကို ဖယ်ရှားပစ်မယ်”

ယဲ့ဖန်က အသာပြောလိုက်သည်။ အင်မော်တယ် ဧကရာဇ်အဆင့်များ၏ တည်ရှိမှုကို လုံးဝ မျက်ကွယ်ပြုထား၏။ ရိုင်းပျ၍ ချုပ်ခြယ်လွန်းလှသည်။

ထိုစကားကိုကြားသော် အင်မော်တယ် ဧကရာဇ်အဆင့်များ၏ မျက်နှာများ သုန်မှုန်ကုန်သည်။ ဤနေရာမှ ယွင်နိုင်ငံသား အများစုသည် သူတို့၏ တပည့်များနှင့် ဝန်ထမ်းများ ဖြစ်လေသည်။ အကယ်၍ သူတို့သာ ယဲ့ဖန်ရှေ့၌ ဒူးထောက်လိုက်လျင် အရှက်ကွဲသလို ဖြစ်သွားမည် မဟုတ်ပါလော။

အပြင်လောကက သူတို့ ယဲ့ဖန်ကို ကြောက်သည်ဟု တွေးသွားလိမ့်မည်။

“တာအိုရောင်းရင်းတို့ အတူတူ တက်ကြရအောင်၊ ဒီနတ်ဆိုးကို အတူတူ သုတ်သင်မယ်၊ ဒီနတ်ဆိုးကို လောကကြီး မထိခိုက်အောင် ဖယ်ရှားကြမယ်”

ထိုအခိုက်တွင် လူလတ်ပိုင်းအရွယ် သူရဲကောင်း စစ်သည်တော်က ရှေ့ထွက်လာသည်။ သူသည် ခန္ဓာကိုယ် ထွားကြိုင်းသန်မာ၍ ချောမောပြီး နတ်ဘုရား ပဲ့ထိန်းဘီးကို သယ်ထားပြီး တစ်ကိုယ်လုံး တောက်ပနေ၏။ မသိလျင် သူတော်စင် နတ်ဘုရားတစ်ပါး ဆင်းသက်လာသလိုပင်။

သူသည် အလွန် ဉာဏ်ကောင်းလေသည်။ ယဲ့ဖန်ကို သူကိုယ်တိုင် မတိုက်နိုင်မှန်းသိသဖြင့် အင်မော်တယ် ဧကရာဇ်အဆင့် အားလုံးကို ဆွဲထည့်ပြီး ယဲ့ဖန်ကို အတူတူတိုက်ခိုက်ရန် ဆွယ်နေသည်။

အင်မော်တယ် ဧကရာဇ်အဆင့် ကိုးယောက် အတူတူ တိုက်လာလျင် ယဲ့ဘုရင်ကို မနိုင်နိုင်ဟု သူ မယုံကြည်ပါ။

“ဟုတ်တယ် ဒီနတ်ဆိုးကို လောကကြီးကို ထိခိုက်အောင် ထပ်လုပ်ခွင့် မပေးနိုင်ဘူး၊ သူ့ကို မြန်နိုင်သမျှ မြန်မြန် ဖျက်ဆီးရမယ်၊ အားလုံးပဲ အချိန်ဆွဲမနေနဲ့၊ အချိန်ကြာသွားရင် ဒီအပြစ်ကင်းတဲ့လူတွေပါ ထိခိုက်ကုန်မယ်”

ချက်ချင်းဆိုသလိုပင် အင်မော်တယ် ဧကရာဇ်အဆင့်များ စုဝေးလာပြီး သူတို့၏ အသုံးမကျမှုအား သာမန်လူများအတွက် စဉ်းစားပေးသည်ဟု ခေါင်းစဉ်တပ်ကာ ပူးပေါင်းလိုက်ကြသည်။

“အဲ့လူရဲ့ နာမည်က ဘုရင် ထိုက်ရှန်ပါ၊ ကျွန်တော် သူနဲ့ သိကျွမ်းဖူးပါတယ်၊ သူက အကျင့်မကောင်းတဲ့ လူယုတ်မာပါ”

ယွီထျန်းရွှမ်က ယဲ့ဖန်၏ နားနားကပ်၍ ပြောပြလာသည်။ သို့သော် ယဲ့ဖန်က ခေါင်းခါ၍ ရယ်နေသည်။

“သူက အကျင့်မကောင်းတဲ့လူ မဟုတ်ဘူး၊ သူက သေလူ”

*ဘာ*

ဘုရင်ထိုက်ရှန်၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး ယဲ့ဖန်က ယခုလိုအချိန်၌ မောက်မာရဲလိမ့်မည်ဟု သူ ထင်မထားမိချေ။

ထို့နောက် သူသည် ရက်စက်သော အပြုံးမျိုး ပြုံးလိုက်သည်။

“ယဲ့ဘုရင် တစ်ယောက်က ကိုးယောက်နဲ့ တိုက်ရမှာ၊ မင်း နိုင်နိုင်ချေ ရှိတယ်လို့ ထင်နေသေးတာလား”

ထိုစကားကိုကြားသော် လူတိုင်း သရော်ပြုံး ပြုံးလာပြီး ကျေနပ်အားရလာကြသည်။

အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်က ကိုးယောက်နှင့် တိုက်ခိုက်ခြင်းမျိုးသည် သမိုင်း၌ တစ်ခါမှ မဖြစ်ဖူးချေ။

ထိုသို့ ယှဉ်တိုက်နိုင်သည့်သူလည်း ရှိရန် မဖြစ်နိုင်ပေ။ ဆန်းကြယ်မှုသာ ဖြစ်မလာလျင် ဤနတ်ဆိုး သေချာပေါက် သေရပေလိမ့်မည်။

သို့သော် ထိုစကားကို ယွီထျန်းရွှမ်တို့ နှစ်ယောက်က ကြားသော်လည်း မရယ်ချေ။

ဤလူက ကိုးပြည်နယ်ကို အုတ်အော်သောင်းနင်းဖြစ်အောင် လုပ်ခဲ့သည် ဧကရာဇ်ကိုးပါးထဲမှ ဧကရာဇ် နှစ်ပါး ဖြစ်ခဲ့ဖူးသူ ဖြစ်ကြောင်း သူတို့ သိခဲ့လျင် ဤသို့ မောက်မာရဲပါဦးမည်လော။

ကျူးလုံ ဧကရာဇ်၊ ဧကရာဇ်ရီ။

တစ်ယောက်ချင်းစီက ဆယ်ယောက်တစ်ယောက် မဆိုထားနှင့် ရန်သူ ရာထောင်ချီ၍ ရှိနေလျင်တောင်မှ တိုက်ခိုက်နိုင်သူ ဖြစ်သည်။

*ကိုးယောက်တစ်ယောက်က ဘာမို့လဲ*

*ပါးစပ်ထဲ ထည့်ပြောဖို့တောင် မတန်ဘူး*

ယဲ့ဖန်က ဘုရင်ထိုက်ရှန်ကို ဂရုမစိုက်ဟန်ဖြင့် ကြည့်လိုက်သည်။

“အမှိုက်က ဘယ်လောက်များများ ရှိနေပါစေ အမှိုက် ဖြစ်နေဦးမှာပဲ။ အဲ့အမှိုက်က ဘယ်လောက် သန်မာနေပါစေ အမှိုက်က အမှိုက်ပဲ”

“မျိုးမစစ်ကောင် မင်း သေလိုက်တော့”

“မင်း ငါတို့ကို စော်ကားရဲတယ်ပေါ့လေ၊ မင်းခေါင်းကို အရယူမယ်ကွ”

ထိုသို့သောအချိန်၌ အင်မော်တယ် ဧကရာဇ်အဆင့်များအားလုံး ယဲ့ဖန်ကြောင့် ဒေါသူပုန် ထသွားလေသည်။

ပြင်းထန်သော ယန်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ပတ်ဝန်းကျင်၌ ကြမ်းကြုတ်၍ ခြိမ်းခြောက်နိုင်သော ကျောချမ်းဖွယ် ချီစွမ်းအင်များနှင့် ပြည့်နှက်လာသည်။

အတောမသတ်နိုင်သော တာအို ဥပဒေသများ ပျံ့လွင့်လာပြီး ကောင်းကင်ယံ၌ နဂါးတိုင်လုံးသဖွယ် ဖောက်ထွက်၍ ကောင်းကင်ယံအား စုတ်ဖြဲနေသည်။

အင်မော်တယ် အလင်းရောင်ကလည်း သမုဒ္ဒရာအလား ကျယ်ဝထွန်းတောက်နေ၏။ တစ်မြို့လုံး ပျက်စီးတော့ မည့်အလား တုန်ခါလာသည်။

အင်မော်တယ် ဧကရာဇ်အဆင့် ကိုးယောက်လုံး အတူတူ တက်လာကြသည်။ သူတို့ စပင် မတိုက်ရ သေးသော်လည်း အရှိန်အဝါက တာအိုစွမ်းအင်ကိုပင် ကိုင်လှုပ်နိုင်သည်အထိ ကြောက်စရာ ကောင်းလှသည်။

ဤသည်ကိုကြည့်ပြီး ဘုရင်ထိုက်ရှန်က ထူးဆန်းစွာ ပြုံးလာသည်။

“ယဲ့ဘုရင် မင်းက တော်တော် ထောင်လွှားတာပဲ၊ မင်း အခြားနေရာကို သွားမယ်ဆိုရင် ကံကောင်းချင် ကောင်းဦးမယ်၊ ဒါပေမဲ့ မင်းက ငါတို့ကို ရန်စမှတော့ ဟားဟားဟား … မင်းတော့ ဇာတ်သိမ်းပြီ”

“မင်းစကားများလွန်းတယ်၊ ပါးစပ်ပိတ်ထားလိုက်၊ တစ်သက်လုံး ပါးစပ်ပိတ်လိုက်တော့”

ယဲ့ဖန် မျက်မှောင်ကြုတ်နေပြီး လူသတ်ချင်စိတ် ထွက်ပေါ်နေပြီး ထပ်မံ၍ ဓားကို ဝှေ့ယမ်းလိုက်သည်။

ဤဓားချက်က အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်လွန်နိုင်ပြီး ကောင်းကင်ယံမှ ဒေါသတကြီးဖြင့် ဘုရင်ထိုက်ရှန်ထံ ကျရောက်လာသည်။

*သေစမ်း*

ဘုရင်ထိုက်ရှန် ရုတ်တရက် တုန်လှုပ်သွားသည်။ သည်လောက် လူအများကြီး၏ ဝိုင်းထားခြင်း ခံရချိန်မှာတောင်မှ တစ်ဖက်လူက သူ့ကို တိုက်ခိုက်ရဲလိမ့်မည်ဟု သူ ထင်မထားမိပါ။

ချက်ချင်းဆိုသလိုပင် သူ့ခန္ဓာကိုယ်မှ မြည်ဟီးသံ ထွက်ပေါ်လာပြီး တာအိုစွမ်းအင် ပျံ့နှံ့လာကာ နတ်ဘုရား သံကြိုးများ ထွက်ပေါ်လာ၏။ သံကြိုးအားလုံးက အရှေ့တည့်တည့်သို့ ဦးတည်နေပြီး ၎င်းသည် ဒြပ်စင်ငါးခု၏ အစွမ်းကို စုစည်း၍ ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခု ဖြစ်ပေါ်စေကာ အရှိန်ဖြင့် တိုးဝင်လာသည်။

“ရွှစ်”

သို့သော် ဓားချက်တစ်ချက်ဖြင့် ခုတ်ပိုင်းခြင်း ခံလိုက်ရသည်။ စကြဝဋ္ဌာဓားသည် ကောင်းကင်ဘုံ၊ အချိန်၊ ဟင်းလင်းပြင်တို့ကို ခုတ်ပိုင်းနိုင်၏။ ထို့အပြင် တာအိုဥပဒေသကိုပါ ချိုးဖျက်နိုင်သည်။

ဓားအလင်းရောင်သည် နတ်ဘုရားသံကြိုးကို ပိုင်းဖြတ်ပြီးသည်နှင့် ပြင်းထန်သော စွမ်းအင်ဖြင့် ဘုရင် ထိုက်ရှန်ထံ ကျရောက်လာလေသည်။

ဘုရင်ထိုက်ရှန်၏ ဦးခေါင်းသည် နေရာမှာတင် ပြတ်ထွက်သွားပြီး အနောက်သို့ လန်ကျကာ သေဆုံးသွား လေသည်။

“မြတ်စွာဘုရား ဘုရင်ထိုက်ရှန် သေသွားပြီလား၊ သူ တစ်ချက်တည်းနဲ့ ခေါင်းဖြတ်အသတ်ခံလိုက်ရပြီ၊ အလယ်ပိုင်း ဒေသက ဒီနတ်ဆိုးက ဘယ်လောက်ထိ ကြောက်ဖို့ကောင်းတာလဲ”

ဤသည်ကိုမြင်သော် အားလုံး မျက်နှာပျက်ကုန်သည်။

ဒုတိယမြောက် အင်မော်တယ် ဧကရာဇ်အဆင့် သေဆုံးသွားလေပြီ။ ယင်းကလည်း ဓားချက်တစ်ချက် တည်းကြောင့်ပင်။

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*ဒါ အင်မော်တယ် ဧကရာဇ်အဆင့်လေ*

ဘုရင်ထိုက်ရှန်သည် ကြီးမားသော တောင်တန်းမှ ထွက်ပေါ်လာသူဖြစ်ပြီး အင်မော်တယ် ဧကရာဇ်အဆင့်သို့ ရောက်အောင် ကျင့်ကြံပြီးသူ ဖြစ်သည်။ သူသည် သိုင်းပညာအားလုံးကို သင်ယူထားပြီးသား ဖြစ်သည်။ သူသည် ဂိုဏ်းမိသားစု၏ လေ့ကျင့်ပေးခြင်း မရှိဘဲ သူ၏ ပင်ကိုယ်အရည်အချင်းဖြင့် ကြီးပြင်းလာခြင်း ဖြစ်လေသည်။

သူ့အား မထူးချွန်ဟု ပြော၍ မရနိုင်ပေ။ သို့သော် ယခုအခါ၌ သူသည် အရှေ့မှ နတ်ဆိုး၏ ဓားချက် တစ်ချက်ကြောင့် သေဆုံးသွားခဲ့သည်။ ဘယ်လိုလုပ် လူအများ မအံ့ဩဘဲ နေနိုင်ပါမည်နည်း။

ထိုအခိုက်တွင် ဘေးလူများအားလုံး ထိတ်လန့်နေကြသည်။ အားလုံး၏ မျက်နှာတွင် အလွန် စိတ်မသက်မသာ ဖြစ်ဟန်တို့နှင့် ပြည့်နေပြီး ငိုလုနီးပါး ဖြစ်နေ၏။ သူတို့သည် အလယ်ပိုင်းဒေသမှ နတ်ဆိုးများကို အလွန် အထင်သေး ရွံရှာခဲ့သည်။ ယခု ယဲ့ဖန်၏ ခွန်အားအစစ်အမှန်ကို မြင်သောအခါ သူတို့ ချမ်းစိမ့်လာသလို ခံစားလာရ၏။

*အနောက်ဘက်ကို သူ လာရဲတာ အဆန်းမဟုတ်ဘူးပဲ၊ သူ့မှာ ဒီလိုယုံကြည်မှုမျိုး သေချာပေါက် ရှိနေတာကိုး*

ကုန်းမင်သည်လည်း ကြက်သေ သေနေ၏။ သူ၏ဆရာက သန်မာလွန်းသည်။ အင်မော်တယ် ဧကရာဇ်အဆင့်အား ခွေးကိုသတ်သလို သတ်နိုင်သည်။ ဤလောက၌ သူ့ဆရာ၏ ပြိုင်ဘက်ဖြစ်နိုင်သူ ရှိပါလေသလော။

သူ၏ ယဲ့ဖန်အပေါ် လေးစားစိတ်က ပိုပို၍ တိုးလာ၏။

ထိုအခါ ကျန်ရှိနေသော အင်မော်တယ် ဧကရာဇ်အဆင့် ရှစ်ယောက်တို့သည် ယဲ့ဖန်အပေါ် အမြင်ပြောင်းလဲ ကုန်သည်။

သူတို့၏ ရှိသမျှ မှော်လက်နက်အားလုံးကို ထုတ်၍ အသည်းအသန် တိုက်ခိုက်လေတော့သည်။ မျိုးစုံသော ဥပဒေသများ ပျံ့လွင့်လာကာ ယဲ့ဖန်ကို ဖိနှိပ်လာ၏။

အင်မော်တယ် ဧကရာဇ်အဆင့်တိုင်း ရူးမတတ် ဖြစ်နေပြီး သူတို့၏ ခက်ထန်သော အကြည့်အောက်၌ အလွန် ကြောက်ရွံ့စိတ်များ ပုန်းအောင်းနေသည်။

သူတို့ အားကုန်ထုတ်မတိုက်လျင် နောက်တစ်ကြိမ်၌ သေသွားမည့်သူက သူတို့ဖြစ်မှန်း သိနေကြသည်။

သို့သော် ယဲ့ဖန်က ဓားကို ထပ်မံ၍ ဝှေ့ယမ်းလိုက်ပြန်သည်။ ထိုအခါ ကောင်းကင်ယံ၌ ပျံ့လွင့်နေသော ကြောက်စရာကောင်းသည့် စွမ်းအင်က ပျောက်ကွယ်သွားလေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ကြောက်စိတ်က ကူးစက်ရောဂါအလား လူတိုင်း၏ မျက်နှာပေါ်၌ ပေါ်လွင်လာသည်။

သူတို့၏ နှလုံးသား၊ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်တို့ပါ တုန်လှုပ်နေ၏။

*ဓားချက်*

*နောက်ထပ် ဓားချက်တစ်ချက်*

ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်ဖြစ်စေ၊ တိုက်စစ်ဖြစ်စေ ဓားချက်တစ်ချက်တည်းဖြင့် ပျက်စီး သွားရသည်။

အလွန်အမင်း ကြောက်စရာကောင်းလှသည်။

ယဲ့ဖန် ဤသို့ လာရသည့်အကြောင်းရင်းက သေလမ်းရှာခြင်း မဟုတ်ဘဲ သေဆုံးခြင်းကိုသာ ပေးရန် ဖြစ်သည်ဟု လူတိုင်း ယုံကြည်စပြုလာသည်။ သူတို့အား သေဆုံးအောင် ပြုလုပ်လိုခြင်း ဖြစ်သည်။

“ဒါ လုံးဝ မဖြစ်နိုင်ဘူး”

အင်မော်တယ် ဧကရာဇ်အဆင့်တစ်ယောက် တုန်ယင်နေပြီး မျက်နှာတွင် ကြောက်စိတ်တို့ ပြည့်နေ၏။

“သန်မာလွန်းတယ်”

“ဘယ်လိုလုပ် ဒီလိုနတ်ဆိုးမျိုး ရှိနေတာလဲ”

“အလယ်ပိုင်းဒေသမှာ နတ်ဆိုး ပေါ်လာတယ်ဆိုတာ တကယ် ဟုတ်နေတာပဲ”

အင်မော်တယ် ဧကရာဇ်အဆင့်များအားလုံး တုန်လှုပ်ချောက်ချားကာ မျက်လုံးတွင် အံ့ဩတွေဝေဟန်များ ပြည့်နေ၏။

လူတစ်ယောက်တည်းက သူတို့အားလုံး၏ တိုက်ကွက်ကို တားဆီးနိုင်နေသည်။ ဤနတ်ဆိုးက အလွန် ကြောက်စရာ ကောင်းလှပေသည်။

ထိုအခိုက်တွင် ယဲ့ဖန်က သူတို့ကို မထူးခြားနားဟန်ဖြင့် ကြည့်လာသည်။

“မင်းတို့ ဆုံးဖြတ်ချက် ချပြီးပြီနဲ့တူတယ်၊ ဒီတော့ ဒီနေ့ အားလုံး သေရမယ်”

ကောင်းကင်ယံ၌ ဓားမြည်ဟီးသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် အတောမသတ်နိုင်သော ဓားစွမ်းငအ်က ယဲ့ဖန်၏ ခန္ဓာကိုယ်တွင်းမှ ထွက်ပေါ်လာပြီး လေဟာနယ်တွင်း၌ ပြည့်နှက်လာလေသည်။

ဤမြင်ကွင်းက ဓားပင်လယ်ကို မြင်လိုက်ရသကဲ့သို့ ကြောက်စရာ ကောင်းလွန်းလှသည်။

“သေစမ်း”

“နောက်ဆုတ်ကြ”

ဤသည်ကိုမြင်သော် အင်မော်တယ် ဧကရာဇ်အဆင့်များ သည်းခြေပျက်သွားကြပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ကာ ကြောက်စိတ် ပိုပြင်းလာ၏။

ဤကောင်းကင်ဘုံ ဓားပင်လယ်က သူတို့ ခုခံနိုင်သော အရာမဟုတ်မှန်း သတိပြုမိနေသည်။

“တစ်လှမ်းတိုးရင် ချောက်နက်ရှိတယ်၊ တစ်လှမ်းဆုတ်ရင် ငရဲရှိနေမယ်၊ မင်းတို့ ပြေးလို့မလွတ်ဘူး”

ယဲ့ဖန်က ပြုံးနေပြီး မျက်လုံးတွင်းမှ ခက်ထန်မှုက ပိုပြင်းထန်လာသည်။

All Chapters