← Chapters

အခန်း ၁၆၂၆

Vol. 109 Ch. 1626

အခန်း ၁၆၂၆

Vol. 109 Ch. 1626

Chapter 1626 အမြွှာဘုရင်

“ဝုန်း ဝုန်း ဝုန်း”

ဓားအာရုံ၊ ဓားချီစွမ်းအင်၊ ဓားအလင်းတန်းတို့က မုန်ယိုနေသော သားရဲသဖွယ် မြည်ဟီးထွက်ပေါ်လာသည်။ မိုးမြေ ကွဲပြားသွားမလားဟုပင် ထင်မှတ်ရပြီး သက်ရှိအားလုံး ဒူးညွတ်ကျလာ၏။

ဤစွမ်းအားက ကောင်းကင်ကိုပင် ဖြိုခွင်းနိုင်သည်ဟု ထင်မှတ်မှားရလောက်သည်အထိ အကန့်အသတ်မဲ့ကာ ကြောက်စရာ ကောင်းလှသည်။

“ရွှစ်”

အင်မော်တယ် ဧကရာဇ်အဆင့်တစ်ယောက် ပိုင်းဖြတ်ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်ပေါ်မှ တာအိုသင်္ကေတများလည်း တစ်စစီ ပျက်စီးသွားသည်။ ရွှေရောင် ဓားပင်လယ် တိုးပွားလာပြီး သွေးများ တတောက်တောက် ကျလာကာ ကောင်းကင်ယံအား သွေးရောင်ခြယ်သကဲ့သို့ ဖြစ်နေ၏။

“နောက်ထပ် အင်မော်တယ် ဧကရာဇ်အဆင့်တစ်ယောက် အသတ်ခံလိုက်ရပြီ၊ ဒီနတ်ဆိုးက ပြိုင်ဘက်ကင်းတာပဲ”

ယွင်နိုင်ငံသားများ ခေါင်းစခြေဆုံး အေးစိမ့်လာကြသည်။

ခန္ဓာကိုယ် ပိုင်းဖြတ်ခံလိုက်ရသော ထိုအင်မော်တယ် ဧကရာဇ်အဆင့်သည် နောက်ပြန်လှည့်မကြည့်ရဲဘက် သုတ်ခြေတင် ထွက်ပြေးလေသည်။ သူ အလွန် ကြောက်လန့်နေသောကြောင့် မျက်နှာ ဖြူရော်သွားပြီး အော်ဟစ် လုနီးပါး ဖြစ်နေ၏။

သူသည် မွေးဖွားလာစဉ်ကတည်းက ဤမျှ ကြောက်စရာကောင်းသော လူမျိုးနှင့် တစ်ခါမှ မကြုံဖူးပါ။ ထို့အပြင် တစ်ဖက်လူက သူ့အား ပုရွက်ဆိတ်ကို နင်းသတ်သကဲ့သို့ အလွယ်တကူ ပေါ့ပေါ့ပါးပါး သတ်နိုင်နေသည်။

*ဒီလူက တကယ့် နတ်ဆိုးကြီးပဲ*

လက်ရှိအချိန်၌ သူ နောင်တရနေလေသည်။ တစ်ကိုယ်လုံး ခိုက်ခိုက်တုန်ကာ အသည်းအသန် ကြောက်ရွံ့နေ၏။

သို့သော် လှိုင်းတစ်ခု မငြိမ်သေးခင်မှာပင် နောက်ထပ် လှိုင်းတစ်ခု ထွက်ပေါ်လာ၏။ ပြင်းထန်သော ဓားချီ စွမ်းအင်လှိုင်းက ထပ်မံ ထွက်ပေါ်လာပြီး သူ့ထံ အဆက်မပြတ် ရိုက်ခတ်လာလေသည်။ ယခုတစ်ကြိမ်တွင်မူ ဓားချီစွမ်းအင်လှိုင်းက သူ့အား အပြီးတိုင် ဝါးမျိုသွားလေသည်။

“ဘုန်း”

ထိုအင်မော်တယ် ဧကရာဇ်အဆင့်သည် ကောင်းကင်ပေါ်မှ တောင်ပံကျိုးသွားသော နတ်သားသဖွယ် ပြုတ်ကျလာသည်။ လူတိုင်း သူ့ကို သေချာကြည့်လိုက်သောအခါ ပုပ်ပွနေသော အသားတုံးကြီး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

အင်မော်တယ် ဧကရာဇ်အဆင့်တစ်ယောက်က ပုပ်သိုးနေသော အသားတုံးဖြစ်သွားသည်အထိ အသတ်ခံလိုက် ရသည်တဲ့လား။

ဤမြင်ကွင်းက လူတိုင်းကို ရူးမတတ် ဖြစ်သွားစေသည်။ သူတို့အားလုံး တကယ် ကြောက်ရွံ့လာသည်။ ကျန်ရှိနေသော အင်မော်တယ် ဧကရာဇ်အဆင့်များသည်လည်း ကြက်သီးတဖြန်းဖြန်း ထလာပြီး မိမိတို့၏ ကံကြမ္မာကို မြင်လိုက်ရသလို ဖြစ်သွားလေသည်။

*နောက်ဆုတ်ရမယ်*

*ထွက်ပြေးရမယ်*

ယခုလိုအချိန်၌ သူတို့စိတ်ထဲတွင် ထိုသို့သာ တွေးမိနေ၏။ သူတို့အားလုံး နောင်တရနေကြသည်။ မာနဟူသော အရာကြောင့် ဤနတ်ဆိုးနှင့် ရင်ဆိုင်ရန် အဘယ်ကြောင့် သူတို့ တွေးခဲ့ကြသနည်း။ အခု မာနပါ ပျက်စီးရသည့်အပြင် အသက်ကိုပါ အာမမခံနိုင်တော့ချေ။

သူတို့ ကြံရာမရ ဖြစ်နေလေသည်။ ယခင်က သူတို့သည် ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ခဲ့သော်လည်း ယခု တစ်ခါမှ မခံစားရဖူးသော ကြံရာမရဖြစ်ခြင်းကို ခံစားနေရသည်။

ဓားရောင်သည် ဓားပိုက်ကွန်အဖြစ် ပြောင်းလဲသွားပြီး သူတို့အား တားဆီးပိတ်ဆို့လာသည်။ အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်ပြီး တစ်ယောက်၏ ခန္ဓာကိုယ်တွင် သွေးစင်းကြောင်းများ ပေါ်လာပြီး သွေးများ အဆက်မပြတ် စိမ့်ထွက်လာ၏။

“ဘုန်း”

နောက်ထပ် အင်မော်တယ် ဧကရာဇ်အဆင့်တစ်ယောက် ပြုတ်ကျလာသည်။

“ယဲ့ဘုရင် မင်း ငါ့ကို သတ်လို့မရဘူး၊ ငါက ဖေးရှန်းချီက ဒုကျောင်းအုပ်ပဲ၊ မင်း ငါ့ကို သတ်မယ်ဆိုရင် ဖေးရှန်းချီ တစ်ခုလုံးက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး”

“ငါက အတိသုခ နန်းတော်က နန်းတော်သခင်ရဲ့ သမီးပဲ၊ နင် ငါ့ကို သတ်ရဲလား”

“ငါက တရှားရဲ့ မင်းသားပဲ၊ ယဲ့ဘုရင် မင်း ငါ့နိုင်ငံနဲ့ ရန်သူ ဖြစ်ချင်တာလား”

အင်မော်တယ် ဧကရာဇ်အဆင့်များ၏ ပါးစပ်မှ အသည်းအသန် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သူတို့ ယဲ့ဖန်ကို မသတ်နိုင်မှန်း သိလိုက်ပြီးနောက် သူတို့၏ နောက်ခံများကို ထုတ်ဖော်အသုံးချပြီး ယဲ့ဖန်ကို ကြောက်လန့် သွားအောင် လုပ်ချင်နေကြသည်။ ရလဒ်အားဖြင့် သူတို့ အတွေးလွန်နေသည်ဟု ဆိုရပေမည်။

ယဲ့ဖန်က ပျက်ရယ်ပြု၍ ပြောလိုက်သည်။

“မင်းတို့အဆင့်အတန်းက ဘာပဲဖြစ်နေပါစေ ငါ့လမ်းကို လာပိတ်ရဲရင် မင်းတို့ သေခြင်းနဲ့ပဲ အဆုံးသတ်ရမယ်”

အလွန်အမင်း အထက်စီးဆန်လှပေ၏။

“မင်းတို့ အသက်ရှင်ချင်တယ်ဆိုရင် ရတယ်၊ ငါ့ရှေ့မှာ ဒူးထောက်”

ယဲ့ဖန်က သူတို့အားလုံးအား ထီမထင်ဟန်အပြည့်ဖြင့် အထင်သေးစွာ ကြည့်နေသည်။ အရှက်ခွဲခြင်း ဤသည်က အရှက်ခွဲခြင်းပင်။

အင်မော်တယ် ဧကရာဇ်အဆင့်များအားလုံး သုန်မှုန်သွားပြီး ဒေါသထွက်လာကြသည်။ အင်မော်တယ် ဧကရာဇ်အဆင့်များ ဖြစ်သည့်အားလျော်စွာ သူတို့သည် အမြင့်၌ ရပ်တည်ကြသောလူများ ဖြစ်သည်။ သူတို့အား ဒူးထောက်ခိုင်းသည်တဲ့လား။ ဤသည်ကို သူတို့ ဘယ်လိုလုပ် လက်ခံနိုင်ပါမည်နည်း။

“မင်းတို့ စဉ်းစားဖို့ အချိန်သုံးစက္ကန့်ရမယ်”

“သုံး နှစ် တစ်”

သို့သော် မည်သူမှ ဒူးထောက်လိုစိတ် မရှိကြချေ။ အင်မော်တယ် ဧကရာဇ်အဆင့်များသည် သူတို့၏ မာနကို ထိန်းနေဆဲ ဖြစ်ပြီး ဤသို့ အရှုံးပေးရန် ငြင်းဆန်နေကြသည်။

“ကောင်းပြီလေ ငါ မင်းတို့ကို အခွင့်အရေး ပေးခဲ့ပြီးပြီ၊ မင်းတို့က လက်မခံမှတော့ ဘာမှပြောစရာ မရှိတော့ဘူး”

ယဲ့ဖန်က အေးစက်စက် ခနဲ့လိုက်ပြီး ဓားစွမ်းအင်ကို အရှိန်မြင့်လိုက်သည်။

ကောင်းကင် လေဖိအားကြီးရိုး တစ်စစီ ဖြစ်သွားပြီး တိမ်တိုက်များ ပိုင်းပြတ်ကုန်သည်။

တရှားနိုင်ငံ၏ မင်းသားသည် ချက်ချင်း ကိုယ်နှစ်ပိုင်း ပြတ်သွားပြီး တစ်ကိုယ်လုံး၌ အက်ရာများ ထင်လာပြီး သေဆုံးသွားလေသည်။

အလွန် ရဲတင်းလွန်းလှသည်။

တရှားမင်းသားသည် သူတို့ ယွင်နိုင်ငံပင် အလွယ်တကူ ရန်မစရဲသည့် လူဖြစ်သော်လည်း ယဲ့ဖန်က ဓားချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။

ဤမြင်ကွင်းက အလွန် ဆောက်တည်ရာမရ ဖြစ်စေ၏။ ယဲ့ဖန်၏ လက်ထဲတွင် အင်မော်တယ် ဧကရာဇ်အဆင့်သည် ကြက်ဆင်လောက်ပင် တန်ဖိုးမရှိဘဲ သာမန်ကာလျှံကာ အသတ်ခံလိုက်ရသည်။

“ဝုန်း ဝုန်း”

သို့သော် ထိုအခိုက်တွင် ကောင်းကင်ထောက်တိုင် ကဲ့သို့သော တစ်ရာမီတာ ရှည်လျားသည့် ဧရာမ လှံတစ်လက်က အဝေးမှနေ၍ အရှိန်ဖြင့် ကျဆင်းလာသည်။

တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်မှ တောင်ကဲ့သို့သော ဧရာမ သံတူတစ်လက်က လေကိုခွင်းကာ ဒုံးပျံသဖွယ် ယဲ့ဖန်ထံ ကျရောက်လာလေသည်။

ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး အန္တရာယ်ကို သတိထားမိသဖြင့် တိုက်ခိုက်မှုကို ရပ်တန့်ကာ နောက်သို့ ဆုတ်လိုက်ရသည်။

ထို့နောက် မရဏ အငွေ့အသက် ပျံ့လွင့်လာသည်။

“ဒုန်း”

ဧရာမ လှံတံနှင့် တူတို့သည် ယဲ့ဖန် ရှိနေခဲ့သော နေရာသို့ ကျလာပြီး အဆောက်အဦးများအား ပိပြားသွားစေသည်။ လှံလက်ကိုင်နှင့် တူလက်ကိုင်တို့ ကန့်လန့်ဖြတ် တိုက်သွားသောကြောင့် ဖုန်များ တထောင်းထောင်း ထနေ၏။

“ဘာလဲဟ … ဒါက …”

ဤလက်နက်နှစ်ခုကိုမြင်ပြီး အားလုံး မှင်တက်အံ့အားသင့်သော အမူအရာများ ဖြစ်သွားလေသည်။ ထို့နောက် လူနှစ်ယောက် ဆင်းသက်လာပြီး ယဲ့ဖန်အား စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

အမြွှာဘုရင်တို့ ရောက်လာလေပြီ။

“အရှင်မင်းမြတ် သတိထားပါ၊ ဒီနှစ်ယောက်က သူမတူတဲ့လူတွေပါ”

ယွီထျန်းရွှမ်က ယဲ့ဖန်ကို သတိပေးလာသည်။ အမြွှာဘုရင်ကို မြင်သည်နှင့် သူ့မျက်နှာတွင် သတိထားစိတ်နှင့် ကြောက်စိတ်တို့ ပြည့်လာ၏။

အစ်ကိုဖြစ်သူ ဝမ်ယွမ်ကျန်း တစ်ယောက်တည်း ရှိနေလျင်တောင်မှ ဘယ်သူမှ သူ့ကို မနိုင်ချေ။ သို့သော် နှစ်ယောက် ပူးပေါင်းလိုက်သောအခါ သူတို့ကို နိုင်နိုင်သူ မရှိတော့ပေ။

“လနက်ခန္ဓာကိုယ်နဲ့ ရွှမ်ယွမ် ခန္ဓာကိုယ် မဟုတ်လား”

ယဲ့ဖန် အပြုံးကြီး ပြုံးလိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် အမြွှာညီအစ်ကိုတို့၏ တစ်မူထူးခြားသော ရုပ်ခန္ဓာကိုယ်ကို သတိထားမိသွားသည်။

ယင်ယန်က သဟဇာတဖြစ်ပြီး ကောင်းကင်နှင့် ပထဝီမြေကြီးတို့ကလည်း လိုက်ဖက်သည်။ သူတို့နှစ်ယောက် ပြိုင်ဘက်ကင်းနေသည်က အံ့ဩစရာ မဟုတ်တော့ချေ။

ဝမ်ယွမ်ကျန်းတွင် လနက်ခန္ဓာကိုယ်ရှိပြီး သူ ခြေလှမ်း လှမ်းလိုက်တိုင်း လရောင်တောက်နေသလိုပင်။ မျက်လုံးများကလည်း ကြယ်နှင့်လတို့ တောက်ပသကဲ့သို့ တောက်ပနေသည်။ သူသည် ငွေရောင် သူတော်စင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မြူဆိုင်းသော အရောင်များ ဝေ့ဝဲနေ၏။

သူ၏ ညီဖြစ်သူ ဝမ်ယွမ်ရီသည် ရွှမ်ယန်ခန္ဓာကိုယ်ပိုင်ရှင် ရှိပြီး တစ်ကိုယ်လုံး ရွှေရောင်အလင်းများ ဖြာနေပြီး သူ၏ လှုပ်ရှားမှုတိုင်းတွင် တာအိုအငွေ့အသက်များ ပါနေပြီး အလွန် မျက်စိကျိန်းစရာ ကောင်းလှသည်။

သူတော်စင်သခင်အဆင့် ညီအစ်ကိုနှစ်ယောက် အတူတူ ရပ်နေသောအခါ ချီစွမ်းအင်က အလိုလို ပေါင်းစပ်နေပြီး သဘာဝ ယင်ယန်ထိုက်ကျိပုံစံကို ပေါ်လွင်နေစေသည်။

ဤမြင်ကွင်းက လူတိုင်းကို ချက်ချင်း ထိတ်လန့်သွားစေသည်။

*အမြွှာဘုရင်ပါလား*

“ကယ်တင်ရှင်၊ ကယ်တင်ရှင် ရောက်လာပြီဟေ့”

အမြွှာဘုရင်တို့ကို မြင်သောအခါ လူတိုင်း အံ့ဩသွားသည်။ အမြွှာဘုရင်တို့သည် ယွင်နိုင်ငံ၌ မိခင်ဘုရင်မပြီးလျင် အသန်မာဆုံး ဖြစ်သည်။

သူတို့နှစ်ယောက် ကျင့်ကြံထားသော ယင်ယန်ကျင့်စဉ်သည် ရှေးခေတ်အခါတိုင်းက ပြိုင်ဘက်ကင်းခဲ့ပြီး အရာအားလုံးကို ရှင်းလင်းနိုင်ရန် လုံလောက်ပေသည်။ လူတိုင်းနီးပါး မခုခံနိုင်ချေ။

ထို့အပြင် ပို၍ ကြောက်စရာကောင်းသည်မှာ သူတို့က အလွန် ငယ်ပုံပေါက်နေခြင်းပင်။ တကယ်တိုင်း၌ သူတို့သည် အသက် နှစ်ငါးထောင် ရှိနေပြီ ဖြစ်သည်။

အသက် နှစ်ငါးထောင် ရောက်နေချိန်တွင် အင်မော်တယ် ဧကရာဇ်အဆင့်၌ ဧကရာဇ်တစ်ပါးလို ဖြစ်နေကြ သည်က အံ့ဩစရာပင်။

သူတို့၏ မျက်လုံးများက အလွန် တည်ငြိမ်နေပြီး ယဲ့ဖန်အား အထင်အမြင်သေးသလို ကြည့်နေကြသည်။ ဤသည်ကလည်း သူတို့၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မြင့်မားခြင်းကြောင့် ဖြစ်ပြီး ဘယ်ရန်သူကိုမှ မကြောက်တတ်သောကြောင့်ပင်။

ဤအမြွှာဘုရင်တွင် ပြိုင်ဘက်ကင်းသည်ဟူသော ခံယူချက် ရှိလေသည်။

“အရင်တုန်းက ယင်ယန် ထိုက်ကျိကျင့်စဉ်ကို ငါ ထပ်မြင်ရလိမ့်မယ်လို့ ထင်မထားမိဘူး”

ယဲ့ဖန် ချီးမွမ်းလိုက်သည်။ ဤကျင့်စဉ်သည် ရှေးခေတ်အခါကတည်းက ပျောက်ကွယ်သွားသည်မှာ ကြာမြင့် နေလေပြီ။

“မင်း ကြောက်နေတာလား၊ ကြောက်ရင်လည်း ဒူးထောက်ပြီး အသေခံလိုက်၊ ငါ မင်းကို အလောင်းအပြည့်အစုံနဲ့ သေခွင့်ပေးလိုက်မယ်”

ဝမ်ယွမ်ကျန်းက အသံမြင့်မြင့်ဖြင့် အော်လိုက်သည်။ ယန်စွမ်းအင်က ခန္ဓာကိုယ်မှ ဆက်တိုက် ထွက်ပေါ်နေပြီး နတ်ဘုရား စွမ်းအင်ကလည်း အဆက်မပြတ် တက်လိုက်ကျလိုက် ဖြစ်နေပြီး ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်ဖော်နေ၏။

ထိုစကားကိုကြားသောအခါ ယဲ့ဖန် ရယ်လိုက်သည်။

“ရှေးခေတ်တုန်းက ပထမဆုံး ယင်ယန်ထိုက်ကျိ ကျင့်ကြံသူတွေ ဘယ်သူ့လက်ထဲမှာ သေခဲ့လဲ မင်းတို့ သိလား”

သူက အပြုံးနှင့် မေးလိုက်သည်။

“မင်းလက်ထဲမှာလို့ ပြောမလို့လား”

ဝမ်ယွမ်ကျန်း လှောင်လိုက်သည်။ ရှေးခေတ်အခါက တကယ်ပင် သူတို့ညီအစ်ကိုကဲ့သို့သော အမြွှာညီအစ်ကို ရှိခဲ့သည်။ သို့သော် ထိုလူများသည် လွန်ခဲ့သော နှစ်ထောင်ချီအခါက ရှိခဲ့ခြင်း ဖြစ်လေသည်။

အင်မော်တယ် ဧကရာဇ်အဆင့်တောင်မှ ထိုမျှ အသက်မရှင်နိုင်ပေ။ ယဲ့ဖန်သည် ထိုခေတ်အခါက လူ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ချေ။

“ငါက ဟုတ်တယ်လို့ ပြောရင်ရော”

*ဟမ်*

ဝမ်ယွမ်ကျန်း တစ်ခဏမျှ အံ့ဩသွားပြီးမှ ကျယ်လောင်စွာ ရယ်မောလေသည်။

“ဟားဟားဟား ယဲ့ဘုရင် ငါ မင်းကို အရူးလို့ ထင်ထားတာ၊ ဒါပေမဲ့ အခုကျတော့ မင်းက ငပေါ ဖြစ်နေပါလား”

ကျန်လူများသည်လည်း ရယ်နောကြသည်။

*ဒီလူ ဘာပြောလိုက်တာလဲ*

*သူက ပထမဆုံး အမြွှာဘုရင်ကို သတ်ခဲ့တယ်တဲ့လား*

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ပထမဆုံးသော အမြွှာဘုရင်တို့သည် ရှေးခေတ်အခါက တည်ရှိခဲ့ခြင်း ဖြစ်သည်။ သူတို့သည် လက်တစ်ဖက်ဖြင့် ယင်ယန် ထိုက်ကျိကျင့်စဉ်ကို တီထွင်ခဲ့ပြီး ထိုခေတ်အခါက ပြိုင်ဘက်အားလုံးကို ရှင်းလင်းခဲ့သည်။ လူတစ်ချို့သာလျင် သူတို့ကို ယှဉ်နိုင်ခဲ့သည်။

နှစ်ယောက်ပေါင်းလိုက်လျင် နေကြက်ခြင်းနှင့် လကြက်ခြင်းတို့ကိုပင် အစပျိုးနိုင်ပြီး တစ်လောကလုံးအား အမှောင်ကျအောင် လုပ်နိုင်ကာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

နတ်ဘုရားများနှင့် နတ်ဆိုးများအားလုံး သူတို့၏ ခြေထောက်အောက်၌ ပြားပြားဝပ် အညံ့ခံရပေမည်။

ထိုသို့သော လူမျိုးက ဘယ်လိုလုပ် ရှုံးပါမည်နည်း။

“ဒီဟာသက ရယ်စရာ မကောင်းဘူး၊ ဒီလိုအလိမ်မျိုးနဲ့ ငါတို့ အရူးလုပ်ခံမယ်လို့ ထင်နေလား၊ ဒါဆိုရင်တော့ မင်း ငါတို့ ညီအစ်ကိုကို အထင်သေးလွန်းသွားပြီ”

ဝမ်ယွမ်ရီက ရေခဲတမျှ အေးစက်သော အသံဖြင့် ပြောလာသည်။

“အထင်သေးတာတဲ့လား၊ မဟုတ်ဘူး မဟုတ်ဘူး ...”

ယဲ့ဖန်က ခေါင်းခါလိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။

“ငါ မင်းတို့ကို အထင်ကိုမကြီးတာ”

ဝမ်ယွမ်ကျန်းတို့ ညီအစ်ကို၏ မျက်လုံးတွင်းမှ လူသတ်လိုသော အငွေ့အသက်က ပိုပြင်းထန်လာသည်။

*ဒီကောင်က ငါတို့ကို ဘယ်လိုတောင် စော်ကားရဲတာလဲ*

“ရှေးခေတ်က အမြွှာညီအစ်ကို နှစ်ယောက်နဲ့ ယှဉ်လိုက်ရင် မင်းတို့က အမှိုက်တွေပဲ၊ သူတို့ကမှ ငါ့ကို အနည်းဆုံး နံရိုးသုံးချောင်း ကျိုးအောင် လုပ်နိုင်သေးတယ်၊ မင်းတို့က ...”

“မင်းတို့ ငါ့ဆံပင် သုံးချောင်းကို ထိအောင် လုပ်နိုင်ရင် ငါ ရှုံးမယ်”

လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။

*ရူးလိုက်တာ*

*ဒါ ... ရူးသွပ်တာပဲ*

*ဆံပင်သုံးချောင်းကို ထိအောင်လုပ်နိုင်ရင် သူ ရှုံးတယ်တဲ့လား၊ ဒီ့ထက်ပိုပြီး စော်ကားတာ ရှိသေးလို့လား*

အမြွှာညီအစ်ကိုနှစ်ယောက် ဒေါပွနေပြီး မျက်လုံးအိမ် တဆတ်ဆတ် တုန်နေပြီး နဖူးကြောများ ထောင်နေကာ အံကိုကြိတ်ထားပြီး ရူးမတတ် ဖြစ်နေသည်ကို အားလုံး တွေ့လိုက်ရသည်။

“သတ်”

ဝမ်ယွမ်ကျန်းက ကြုံးဝါးပြီးသည်နှင့် လရောင်ကို ထွေးထုတ်လိုက်သည်။ ထိုလရောင်က လေကိုခွင်း၍ ယဲ့ဖန်ထံ အလွန် လျင်မြန်သောနှုန်းဖြင့် ကျရောက်လာသည်။ သတ်ဖြတ်လိုစိတ်က အလွန် ကြမ်းကြုတ်နေ၏။

အမြွှာဘုရင်တို့ ဒေါသူပုန်ထနေပြီး ယဲ့ဖန်အား ဆိုးရွားသော တန်ကြေးဖြင့် ပြန်ပေးဆပ်စေချင်ကြသည်။

သို့သော် ယဲ့ဖန်က ၎င်းကို တဝီဝီ ဝဲနေသော ယင်ကောင်ကို မောင်းထုတ်သကဲ့သို့ ပုတ်ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ညီအစ်ကိုနှစ်ယောက်အား စိုက်ကြည့်၍ အထင်သေးသော အပြုံးမျိုး ပြုံးလိုက်သည်။

“ဒီလောက်ပဲလား”

အမြွှာဘုရင် နှစ်ယောက်လုံး ခက်ထန်သော အရိပ်အယောင်များ ပြသလာပြီး ခန္ဓာကိုယ်မှ ယင်ယန်စွမ်းအင်များ ထွက်ပေါ်လာပြီး ကြောက်စရာကောင်းသော မုန်တိုင်းစွမ်းအင်ကို ဖန်တီးသဖြင့် မိုးမြေ မြည်ဟီးလာပြီး ပင်လယ်တွင် လှိုင်းထန်လာ၏။

လက်ရှိတွင် သူတို့၏ စွမ်းအင်ကို အစွမ်းကုန် ထုတ်သုံးနေကြသည်။ တစ်ယောက်က နေအသွင်ပြောင်းပြီး တစ်ယောက်က လအသွင် ပြောင်းလိုက်သဖြင့် ကောင်းကင်၌ နေနှင့်လတို့ ပြိုင်တူ ပေါ်နေသည်။

ဤမြင်ကွင်းက အံ့ဩစရာကောင်းလှသည်။ နေနှင့်လတို့သည် ကောင်းကင်ယံ၌ ပြိုင်တူ ထွန်းလင်းနေပြီး မျက်စိကျိန်းလောက်သည့် အလင်းများ ဖြာထုတ်၍ လောကအား ထွန်းတောက်နေစေသည်။

အလင်းဖြတ်သွားသည့် နေရာတိုင်း၌ လေဟာနယ်တွင် သူတို့၏ တာအိုအမှတ်အသားများဖြင့် ပြည့်နှက် လာပြီးနောက် ယဲ့ဖန်ထံ သူတို့ ပြေးဝင်လာကြသည်။

သူတို့အနောက်၌ ဖိနှိပ်နိုင်သော နတ်ဘုရားစွမ်းအင်များ ပျံ့လွင့်နေသည်။

ဤသည်ကိုမြင်‌သော် ယဲ့ဖန်သည် ဘာမှပြောမနေတော့ဘဲ ဓားအား အလျားလိုက် ခုတ်လွှဲလိုက်ပြီး ဓားစွမ်းအင်က ပြေးလာနေသော အမြွှာဘုရင်တို့နှင့် ထိပ်တိုက် တွေ့သွားလေသည်။

ပြင်းထန်သော စွမ်းအင်ခြင်း အရှိန်ဖြင့် တိုက်မိသွားကြသည်။

All Chapters