← Chapters

အခန်း ၁၆၂၈

Vol. 109 Ch. 1628

အခန်း ၁၆၂၈

Vol. 109 Ch. 1628

Chapter 1628 အမြွှာဘုရင် ကျဆုံးခြင်း

“အလုပ်မဖြစ်တာပဲလား၊ ဒီနတ်ဆိုးက ဘယ်လောက်တောင် သန်မာတာလဲ”

လူတိုင်း ထိတ်လန့်သွားကြသည်။ အမြွှာဘုရင်တို့ အလွန် သန်မာလာသော်လည်း ယခုအထိ အသာစီး မရသေး ပါတကား။

“မျိုးမစစ်ကောင် မင်းရဲ့ မှော်လက်နက်ကို ငါ ဖျက်ဆီးပြီးရင် ဘယ်လို‌ မောက်မာဦးမလဲ ကြည့်ရသေးတာပေါ့”

အမြွှာဘုရင်တို့က လှောင်ရယ်၍ လှံတံနှင့် တူတို့အား နဂါးကိုးကောင် မီးလင်းဖိုထံ ပစ်လွှတ်လိုက်ပြီး ဖျက်ဆီးရန် ကြိုးစားလေသည်။

သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်က ဤမှော်လက်နက်ကို ဆုံးရှုံးသွားသည်နှင့် တောင်ပံကျိုးသွားသော ငှက်တစ်ကောင်ကဲ့သို့ ဖြစ်သွားပြီး လည်လိမ်အသတ်ခံရလိမ့်မည်ဟု ထင်နေကြသည်။

“ဂျွတ်”

အက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။

*အက်သွားပြီ*

ထိုအသံကိုကြားသောအခါ လူတိုင်း စိတ်လှုပ်ရှားသွားပြီး နိုင်ပွဲရတော့မည်ဟု ထင်သွားလေသည်။ သူတို့ သေချာလှမ်းကြည့်လိုက်ပြီးနောက် အားလုံး မှင်တက်သွားကြပြီး မျက်လုံးတွင် ကြောက်စိတ်များ စိုးမိုးလာသည်။

သူတို့အရှေ့တွင် အက်ကွဲသွားသည်က နဂါးကိုးကောင် မီးလင်းဖို မဟုတ်ဘဲ အမြွှာဘုရင်တို့၏ လက်နက်နှစ်ခုသာ ဖြစ်နေသည်။

လှံတံနှင့် တူတို့မှ အက်ရာသည် တစ်ခုလုံးသို့ ဆက်လက် ပျံ့နှံ့သွားပြီးနောက် တစ်စစီ ပျက်စီးလုနီးပါး ဖြစ်လာ၏။

*ဘာ*

*ပျက်စီးသွားတာလား*

ဤမြင်ကွင်းက လူတိုင်း၏ နှလုံးသားကို ကွဲကြေသွားစေသည်။ လူတိုင်း နားဝေတိမ်တောင် ဖြစ်နေကြပြီး မျက်လုံးတွင် မယုံနိုင်လောက်အောင် ကြောက်လန့်မှုတို့နှင့် ပြည့်နှက်နေပြီး မယုံသင်္ကာ ဖြစ်နေလေသည်။

*ပြိုင်ဘက်ကင်းတဲ့ အမြွှာဘုရင်တွေက အစွမ်းကုန် ကြိုးစားတာတောင် မအောင်မြင်ဘူးလား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

သို့သော် ဤမျှနှင့် ပြီးမသွားချေ။

“အား…”

အမြွှာဘုရင်တို့က ရုတ်တရက် အော်ဟစ်လာပြီး နောက်ဆုတ်သွားပြီး ဆံပင်များ ကျွတ်လာကာ လက်ချောင်းများမှ သွေးများ အဆက်မပြတ် စိမ့်ထွက်လာ၏။

နဂါးကိုးကောင် မီးလင်းဖိုသည် သူတို့၏ မှော်လက်နက်ကို ဖျက်ဆီးရုံသာမက သူတို့၏ တာအို ခန္ဓာကိုယ်ကိုပါ ဖျက်ဆီးနေသည်။

“ဘယ်လိုလုပ် ယင်ယန်ခန္ဓာကိုယ်က ဒီလိုဖြစ်ရတာလဲ”

“ချီးပဲ အမြွှာဘုရင်တောင်မှ ဒဏ်ရာရသွားတော့ ဘယ်သူက ဒီနတ်ဆိုးကို တားနိုင်တော့မှာလဲ၊ ငါတို့တော့ သွားပြီ”

ယွင်နိုင်ငံသားများ အပြင်းအထန် တုန်လှုပ်လာပြီး အားလုံး ငိုကြွေးကာ‌ ဆောက်တည်ရာမရ ဖြစ်နေကြသည်။

အမြွှာဘုရင်တို့သည်လည်း အံ့ဩနေ၏။ သူတို့ ညီအစ်ကိုသည် ယခု အားအကုန်သုံးထားပြီး ယင်ယန်တာအို ခန္ဓာကိုယ်သည်လည်း ပြိုင်ဘက်ကင်းသည့် အနေအထား၌ ရှိနေ၏။ သူတို့ကို မည်သူမှ ထိခိုက်အောင် လုပ်နိုင်စွမ်း မရှိခဲ့ပါ။ ယနေ့က ပထမဆုံးပင်။

*ဒီလူက ဘယ်လိုမကောင်းဆိုးဝါးမျိုးမို့လို့ အရမ်း ကြောက်ဖို့ကောင်းတာလဲ*

*ဒါ အံ့ဩဖို့ကောင်းတယ်*

“အဆုံးသတ်ဖို့ အချိန်တန်ပြီ”

ယဲ့ဖန်သည် ဝမ်ယွမ်ကျန်းတို့ ညီအစ်ကိုအား အထင်သေးစွာ ကြည့်နေပြီး မျက်လုံးများက အလွန် ခံစားချက် ကင်းမဲ့နေ၏။

ဤမျက်နှာအမူအရာက ဝမ်ယွမ်ကျန်းတို့အား ရူးမတတ် မုန်းတီးသွားစေသည်။ ထိုစကားက သူတို့ ယဲ့ဖန်ကို ပြောရမည့် စကားဖြစ်ပြီး ဤအပြုအမူကလည်း သူတို့သာ ယဲ့ဖန်ကို ကြည့်နေသင့်သော အပြုအမူ ဖြစ်သင့်ပေသည်။

သို့သော် ယခုအခါ၌ အရာအားလုံး ပြောင်းလဲသွားလေပြီ။

ယဲ့ဖန်က သူတို့ကို ပြတ်ပြတ်သားသား နင်းချေခဲ့ပြီး သူတို့ထက် မြင့်မားဟန် ပြနေကာ သူတို့အား ပုရွက်ဆိတ်များ သဖွယ်သာ ဆက်ဆံနေ၏။

“အခုချိန်ကစပြီး ယွင်နိုင်ငံမှာ ဘာအမြွှာဘုရင်မှ မရှိတော့ဘူး”

ယဲ့ဖန်က သတ်မည်ဟု ပြတ်ပြတ်သားသား ဆုံးဖြတ်ထားသော စိတ်ဖြင့် ပြောလာပြီး ရင့်သီးခက်ထန်မှု အပြည့်ပင်။

ဝမ်ယွမ်ကျန်းတို့ အသိမဝင်ခင်မှာပင် သူသည် ဆတ်ခနဲ ပြေးတက်လာပြီး နဂါးကိုးကောင် မီးလင်းဖိုကို သယ်၍ သူတို့ကို သတ်ရန် လာလေသည်။

ထို့နောက် မီးလင်းဖိုကို ပစ်လွှတ်လိုက်သည်။ လေဟာနယ်က ပြင်းထန်စွာ တုန်ခါလာပြီး နဂါးကိုးကောင် မီးလင်းဖိုသည် လေကိုခွင်း၍ ကြီးမားသော စွမ်းအင်တို့ဖြင့် ဖိနှိပ်လာလေသည်။

“ထွက်သွားစမ်း”

ဝမ်ယွမ်ကျန်းနှင့် ဝမ်ယွမ်ရီတို့ နှစ်ယောက်လုံး ဒေါသူပုန်ထနေကြသည်။ သူတို့အား မည်သူမှ ယခုကဲ့သို့ အထင်မသေးဖူးပေ။

သူတို့သည် ယင်ယန်လက်သီးဖြင့် ထိုးနှက်လိုက်ပြီး လက်သီး၏ ပတ်လည်တွင် တောက်ပသော လခြမ်းကွေးနှင့် ခြစ်ခြစ်တောက် ပူလောင်သော နေစွမ်းအင်တို့ ဝေ့ဝဲနေကာ လေကိုခွင်း၍ နဂါးကိုးကောင် မီးလင်းဖိုကို ထိုးနှက် လိုက်သည်။

“ဝုန်း”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တစ်လောကလုံး တုန်ခါသွားသည်။ နဂါးကိုးကောင် မီးလင်းဖိုထံမှ တစီစီ မြည်သံများ ထွက်ပေါ်လာသည်။ နဂါးကိုးကောင် မီးလင်းဖိုသည် လုံးဝ အသွင်ပြောင်းနေပြီး ၎င်း၏ အသံနှင့် ပုံသဏ္ဌာန်တို့တွင် ကြောက်မက်ဖွယ်ကောင်းသော သေစေနိုင်စွမ်းများ ရှိနေသည်။

ထို့ကြောင့် အသံလှိုင်း ပျံ့နှံ့လာသောအခါ ရာချီသောလူများ သေဆုံးသွားပြီး စိတ်ဝိညာဉ် ထိခိုက်ပျက်စီးကာ ဒွာရခုနစ်ပေါက်မှ သွေးများ စိမ့်ထွက်ကာ ပွဲချင်းပြီး သေသွားကြသည်။

သို့သော် နဂါးကိုးကောင် မီးလင်းဖိုက နောက်သို့ ပြန်ကန်ထွက်သွားသည်။ အမြွှာဘုရင်တို့၏ လက်များ သည်လည်း တဆတ်ဆတ် တုန်နေ၏။

သူတို့၏ ခန္ဓာကိုယ်မှလည်း ထူးဆန်းသော အက်သံများ ထွက်နေပြီး အချိန်မရွေး ပြိုပျက်တော့မယောင်ပင်။

သူတို့၏ မျက်နှာတွင် အံ့ဩတုန်လှုပ်ခြင်းတို့ ပေါ်လွင်နေပြီး ယင်ယန်ခန္ဓာကိုယ်က တောင့်မခံနိုင် ဖြစ်သည်ကို မယုံနိုင်ပုံ ပေါ်နေ၏။ တစ်ချက်တည်းဖြင့် ပျက်စီးလုနီးနီး ဖြစ်နေသည်။

*အံ့ဩစရာပဲ*

*ဒီမီးလင်းဖိုကြီးက ဘာကြီးလဲ*

“နဂါးကိုးလောင် ပုံစံ၊ မဟုတ်မှလွဲ‌ရော ဒဏ္ဍာရီလာ နဂါးကိုးကောင် မီးလင်းဖိုများလား”

ရုတ်တရက် လူတစ်ယောက်က ထပြောလာသည်။

“နဂါးကိုးကောင် မီးလင်းဖိုက ဘာလဲ”

“နဂါးကိုးကောင် မီးလင်းဖိုက ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ရဲ့ ပစ္စည်းလို့ ကောလာဟလ ရှိတယ်၊ အဲ့ဒါကို ကြီးမားတဲ့ နဂါးသွေးကြော ကိုးခုကနေ ကောင်းကင်ဘုံ သဘောတရားနဲ့ ဖွဲ့စည်းထားပြီးတော့ မြင့်မြတ်ထည်ဝါမှုကို ပြသတဲ့ နတ်မီးလင်းဖိုအဖြစ် အသွင်ပြောင်းထားတာ”

ထိုလူက ကြောက်လန့်သော မျက်နှာနှင့် ပြန်ရှင်းပြလာသည်။

“အဲ့လူက ဧကရာဇ် ကိုးပါးထဲက တစ်ပါးဖြစ်တဲ့ မဟာ ကျူးလုံ ဧကရာဇ်ပဲ”

*ဘာ*

လူတိုင်း၏ အမူအရာက ကြောက်လန့်ချောက်ချားဟန် ဖြစ်လာပြီး နဂါးကိုးကောင် မီးလင်းဖိုအား လှမ်းကြည့် လာကြသည်။

*ဆိုတော့ ဒီမီးလင်းဖိုက ကျူးလုံ ဧကရာဇ်ရဲ့ မီးလင်းဖိုပေါ့ ဟုတ်လား*

*အရမ်း အစွမ်းထက်နေတာကို မအံ့ဩမိတော့ဘူး*

*ပေါင်သန်းချီအောင် လေးလံပြီးတော့ ကြီးမားတဲ့ စွမ်းအင်တွေ ရှိနေတဲ့ နဂါးသွေးကြော ကိုးခုနဲ့ ဖန်တီးထားတာ ဆို‌တော့ ဒီမီးလင်းဖိုက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေတာလဲ*

၎င်း၏ အလေးချိန်တစ်ခုတည်းကပင် လူအများအား ကြောက်လန့်သလို ခံစားရစေသည်။ ပေါင်သန်းချီ လေးလံသော အရာနှင့် ပစ်ပေါက်လျင် အရာအားလုံး ကြေမွနိုင်ပြီး ယင်ယန်ခန္ဓာကိုယ်တောင်မှ မခံနိုင်ချေ။

ထိုစကားများကို ကြားပြီးနောက် ဝမ်ယွမ်ကျန်းနှင့် ဝမ်ယွမ်ရီတို့ ညီအစ်ကိုတို့လည်း မျက်နှာ ပျက်နေကြသည်။ သူတို့သည်လည်း နဂါးကိုးကောင် မီးလင်းဖို၏ ကြောက်စရာကောင်းပုံများကို ကြားဖူးပါသည်။ ၎င်းက သူတော်စင်အဆင့်များပင် လုယူချင်သော တန်ဖိုးကြီး ရတနာဟု ပြောကြသည်။

“မင်းတို့ ဘယ်လောက် ခံမလဲ ငါ သိချင်သား”

ယဲ့ဖန်က ပျက်ရယ်ပြုပြီး နဂါးကိုးကောင် မီးလင်းဖိုအား ထပ်ပစ်ပေါ်လိုက်သည်။ ၎င်းသည် ဒုံးပျံအလား ပျံသန်းလာပြီး အရာအားလုံးကိုပင် ဖျက်ဆီးနိုင်လောက်သောကြောင့် ခုခံရန် မဖြစ်နိုင်ချေ။

အမြွှာဘုရင်တို့ ကြက်သီးတဖြန်းဖြန်း ထသွားပြီး ကြောက်စရာကောင်းသော စွမ်းအင်ကို ခံစားမိသောကြောင့် ဆံပင်ပင် ထောင်လာလေသည်။

သို့သော် လက်ရှိတွင် သူတို့၌ ပြေးစရာမြေမရှိချေ။ ထို့ကြောင့် သူတို့သည် မတတ်သာဘဲ ယင်ယန်ခန္ဓာကိုယ်၏ အစွမ်းကို အမြင့်ဆုံးအထိ သုံးစွဲ၍ လက်သီးဖြင့် ထပ်ထိုးလိုက်သည်။

“ဝုန်း”

ကြောက်စရာကောင်းသော ပေါက်ကွဲသံနှင့် စွမ်းအင်လှိုင်း ထွက်ပေါ်လာ၏။

“ဂျွတ်”

အမြွှာဘုရင်တို့၏ လက်မောင်းများ ကျိုးသွားလေသည်။ လက်မောင်းတစ်ခုလုံး လိမ်ဖယ်သွားပြီး အရိုးများ အပြင်သို့ ငေါထွက်ကာ သွေးများ မတရား ထွက်နေသည်။ ဤမြင်ကွင်းက မသတီစရာ ကောင်းလှသည်။

“ကျိုးသွားပြီ၊ အမြွှာဘုရင်ရဲ့ လက် ကျိုးသွားပြီ၊ ယင်ယန်ခန္ဓာကိုယ်တောင်မှ မတားနိုင်ပါလား”

*လောကကြီးက ဘယ်လိုဖြစ်နေတာလဲ*

*အမြွှာဘုရင်က ဘာလို့ ဒီလောက် ညံ့ရတာလဲ*

*မဟုတ်ဘူး၊ အမြွှာဘုရင်က အားနည်းလွန်းတာ မဟုတ်ဘူး၊ ဒီနတ်ဆိုးကသာ သန်မာလွန်းနေတာ*

“အလယ်ပိုင်းဒေသက နတ်ဆိုးက တကယ်ကို ကြောက်ဖို့ကောင်းတယ်”

လူတိုင်း ဆောက်တည်ရာမရ ဖြစ်လာသည်။ ယဲ့ဖန် ပြောခဲ့သော စကားက မှန်နေသည်။ အမြွှာဘုရင်က သူ့ဆံပင်ကိုပင် ထိခိုက်အောင် မလုပ်နိုင်ပါ။

လုံးဝ ဖိနှိပ်ခံထားရလေပြီ။

“မင်းတို့ ငါ့ကို လက်တစ်ဖက်တည်းနဲ့ သတ်နိုင်တယ်လို့ ပြောခဲ့တာ မဟုတ်လား၊ လာလေ”

ယဲ့ဖန်က ဝမ်ယွမ်ကျန်းနှင် ဝမ်ယွမ်ရီတို့ ညီအစ်ကိုတို့ထံ အန္တရာယ်ပေးတော့မည့် မျက်နှာနှင့် ချဉ်းကပ်လာသည်။ အရှိန်အဝါက ထည်ဝါ၍ ပြင်းထန်လွန်းလှသည်။

ထိုအခိုက်တွင် အမြွှာဘုရင်သည် စိုးရိမ်စိတ်နှင့်အတူ တုန်ယင်နေပြီး အလန့်တကြား ပြောလိုက်သည်။

“အရင်ခေတ်တုန်းက အမြွှာဘုရင်ကို မင်း တကယ် သတ်ခဲ့တာလား”

လက်ရှိတွင် ထိုစကားကို သူတို့ ယုံရပေတော့မည်။

*ဒီလူက တကယ် ရှေးနတ်ဘုရားလား*

ဖြစ်နိုင်ချေကို တွေးမိပြီးနောက် သူတို့၏ မျက်နှာတွင် ထိတ်လန့်ဟန် ပေါ်လာသည်။

ထိုစကားကို ကြားသော် ယဲ့ဖန်က ကျောချမ်းဖွယ်ကောင်းသော အပြုံးမျိုး ပြုံးလိုက်လေသည်။

“မင်း ငရဲကို သွားတဲ့အခါကျမှ အဲ့ကလူတွေကို မင်းဘာသာမင်း မေးကြည့်ပါလား”

အမြွှာဘုရင်တို့ မျက်နှာပျက်သွားကြသည်။ သူတို့ တုံ့ပြန်သည်ကို စောင့်မနေဘဲ ယဲ့ဖန်က နဂါးကိုးကောင် မီးလင်းဖိုကို ပစ်ပေါက်လိုက်ပြန်သည်။ မီးလင်းဖိုသည် နဂါးအော်သံများ ထွက်ပေါ်လာပြီး အလင်းများ ဖြာထွက်လာပြီး နတ်ဘုရားစွမ်းအင်က ပင်လယ်လှိုင်းအလား ထွက်လာသည်။

ချက်ချင်းဆိုသလိုပင် အမြွှာဘုရင်တို့အား လွှမ်းမိုးလာ၏။

“ရွှစ်”

သွေးများ ငေါက်ခနဲ ပန်းထွက်လာလေသည်။ ဝမ်ယွမ်ကျန်းနှင့် ဝမ်ယွမ်ရီတို့သည် ဤဖိအားကို မခံနိုင်ဘဲ ပေါင်းစပ်ထားသော ခန္ဓာကိုယ်က ပြန်ကွဲထွက်သွားပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာများ အသီးသီး ပေါ်လာကြသည်။ အသားစများကလည်း လွင့်စဉ်နေလေသည်။

ဤမြင်ကွင်းက ထိတ်လန့်စရာ ကောင်းလှသည်။

*ရှုံးသွားပြီ*

*အမြွှာဘုရင် လုံးဝ ရှုံးသွားပြီ*

ယဲ့ဖန်က အားပါးတရ ရယ်မော၍ ပြောလိုက်သည်။

“နတ်ဆိုး အနောက်ဘက်ကို ခရီးထွက်လာပြီးပြီ၊ တားတဲ့သူတိုင်း သေရမယ်”

အောက်ဘက်တွင် နဂါးကိုးကောင် မီးလင်းဖိုမှ မြည်ဟီးသံ ထွက်ပေါ်နေပြီး သတ်ဖြတ်လိုသော အငွေ့အသက်က ပြင်းထန်လှပြီး အမြွှာဘုရင်အား အဆက်မပြတ် တိုက်ခိုက်လေသည်။

“မျိုးမစစ်ကောင် ငါ မင်းကို ထာဝရ ကျိန်ဆဲပစ်မယ်၊ မိခင်ဘုရင်မက မင်းကို ဒီအတိုင်း ထားမှာ မဟုတ်ဘူး၊ ယဲ့ဘုရင် ငါတို့ မင်းကို ငရဲမှာစောင့်နေမယ်”

ဝမ်ယွမ်ကျန်းနှင့် ဝမ်ယွမ်ရီတို့ ပြိုင်တူ အော်ဟစ်လိုက်ပီး အလွန် ကြောက်လန့်ကာ ကြံရာမရ ဖြစ်နေကြသည်။ ထို့နောက် သူတို့ခန္ဓာကိုယ်က တဖြည်းဖြည်း ပျက်စီးလာပြီး ဆွေးမြည့်နေသော သစ်ကိုင်းခြောက်သဖွယ် ညှိုးခြောက် သွားလေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး လူတိုင်း အံ့ဩနေကာ မယုံနိုင်ဟန်ဖြင့် မျက်လုံးများ ပြူးနေကြသည်။ မျက်စိရှေ့မှ မြင်ကွင်းကို သူတို့ မယုံနိုင်ပါ။

အမြွှာဘုရင် ကျဆုံးသွားလေပြီ။ ဖိနှိပ်ခံရသော အပြုအမူနှင့် ရှုံးနိမ့်သွားခဲ့လေပြီ။

လူတိုင်း အမြွှာဘုရင်အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့ကြသည်။ သူတို့ ယဲ့ဖန်ကို သတ်နိုင်လိမ့်မည်ဟု လူတိုင်း ထင်ခဲ့ကြလေသည်။ သို့သော် သူတို့သာ ယဲ့ဖန်ထံ၌ နင်းချေခံလိုက်ရသည်။

အံ့ဩစရာပင်။

“မင်းတို့လည်း ဆုံးဖြတ်ချက် ချပြီးတဲ့ပုံပဲ”

ရုတ်တရက် ယဲ့ဖန်က ယွင်နိုင်ငံသားများကို အေးစက်စွာ ကြည့်နေပြီး သူ့ခန္ဓာကိုယ်မှ မွန်းကျပ်စရာကောင်းသော အေးစက်စက် အငွေ့အသက်များ ထွက်ပေါ်လာ၏။

နဂါးကိုးကောင်က သူ့အနား၌ ဝေ့ဝဲနေပြီး အရောင်မတူ၊ ပုံသဏ္ဌာန်မတူသော်လည်း ထည်ဝါသော ဟန်ပန်များ ရှိကြသည်။

ကြီးမားသော အရှိန်အဝါတစ်ခုက သူတို့ကို ဖိနှိပ်လာသည်။

ဤသည်က ယွင်နိုင်ငံသားများအားလုံးကို ကြက်သီးတဖြန်းဖြန်း ထသွားစေသည်။ တစ်ကိုယ်လုံး အသည်းအသန် တုန်ယင်နေကြသည်။ အကြောက်တရားက အရိုးထဲအထိ စိမ့်ဝင်နေ၏။

သူတို့ နောင်တရနေလေပြီ။ ဤသို့ဖြစ်မည်ကိုသာ သူတို့ ကြိုသိခဲ့လျင် အစကတည်းက ဒူးထောက်ခဲ့သင့်သည်။ သူတို့သည် အမြွှာဘုရင်၏ အစွမ်းကို အထင်ကြီးခဲ့မိပြီး ယဲ့ဖန်၏ အစွမ်းကို အထင်သေးခဲ့မိလေသည်။

“ငါတို့ကို မသတ်ပါနဲ့၊ ငါတို့ ဒူးထောက်ပါ့မယ်”

ယွင်နိုင်ငံသားတစ်သိုက်က အသည်းအသန် ဒူးထောက်လာသည်။ သူတို့ မဆိုထားနှင့်၊ အင်မော်တယ် ဧကရာဇ်အဆင့်များတောင်မှ ဒူးမထောက်ဘဲ မနေနိုင်သလို၊ အမြွှာဘုရင်တို့တောင်မှ ဤနတ်ဆိုး၏ ပြိုင်ဘက်များ မဟုတ်ချေ။

သေလမ်းတစ်ခုတည်းသာ ရှိပေတော့သည်။ လက်ရှိတွင် သူတို့အတွက် အရေးအကြီးဆုံးက အသက်ရှင်နိုင်ရန် ဖြစ်လေသည်။

“စိတ်မကောင်းပါဘူး၊ ဒုတိယအကြိမ် အခွင့်အရေးဆိုတာ မရှိဘူး၊ မင်းတို့ လူလူအပေါ် နည်းနည်းလေးမှ အပြစ်ရှိသလို မခံစားရမှတော့ မင်းတို့ သေသင့်တယ်”

ယဲ့ဖန်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်ပြီး နဂါးကိုးကောင် မီးလင်းဖိုကို မြှောက်၍ အောက်ဘက်သို့ ဒေါသတကြီး ပစ်လွှတ်လိုက်သည်။

“ဝုန်း”

မြေဆီလွှာ အက်ကွဲပျက်စီးသွားပြီး ဒုံးပျံသဖွယ် ကျဆင်းလာ‌သော အရှိန်ကြောင့် စွမ်းအင်လှိုင်းက မိုင်ရာချီအထိ ပျံ့နှံ့သွားပြီး တစ်ခဏအတွင်း လူတစ်သိန်းကို သေကြေပျက်စီးစေတော့သည်။

အဆောက်အဦးများ လွင့်စဉ်ပျက်စီးနေပြီး ဖုန်များ တထောင်းထောင်း ထနေ၏။

မြေပြင်တစ်ခုလုံး အက်ကွဲကာ အရာအားလုံး ပျက်စီးသွားသည်။ ယွင်နိုင်ငံသားများသည် အော်ဟစ်ငိုကြွေးရင်း ပြာဖြစ်သွားကြကာ အရိုးပင် မကျန်ရစ်တော့ပေ။

“အရှင် အသက်ချမ်းသာပေးပါ၊ ကျုပ်တို့ မှားမှန်း သိပါပြီ”

“ကျုပ်ကို မသတ်ပါနဲ့၊ ကျေးဇူးပြုပြီး မသတ်ပါနဲ့”

ယွင်နိုင်ငံသားများအားလုံး အော်ဟစ်နေသည်။ ယခုအခါတွင်မှ သူတို့အမှားကို သတိပြုမိပြီး ချက်ချင်း မျက်ရည် ဗလပွနှင့် ငိုကြွေးကြသည်။

ယဲ့ဖန်က သရော်၍သာ နေလိုက်သည်။

“မင်းတို့ အခုမှ အဲ့စကားကို မပြောသင့်ဘူး”

ယဲ့ဖန်သည် အစောပိုင်းက ထီမထင်သော အပြုအမူများကို မှတ်မိနေသေးသည်။

“မင်းတို့က နတ်ဆိုးတွေကို နှင်ချင်တယ် မဟုတ်လား၊ အခု ငါ ရောက်လာပြီ၊ လာကြလေ”

ယဲ့ဖန်က ကြွေးကြော်ပြီး နဂါးကိုးကောင် မီးလင်းဖိုအား ဆက်တိုက် ပစ်ပေါက်နေကာ နဂါးကိုးကောင် မီးလင်းဖိုက မြည်ဟီး၍ မြေဆီလွှာနှင့် ဝင်ဝင်ဆောင့်နေ၏။ ရုတ်တရက် မြေအနေအထား ကပြောင်းကပြန် ဖြစ်သွားပြီး တစ်မြို့လုံး ပျက်စီးသွားတော့သည်။

All Chapters