← Chapters

အခန်း ၁၆၂၉

Vol. 109 Ch. 1629

အခန်း ၁၆၂၉

Vol. 109 Ch. 1629

Chapter 1629 နတ်ဆိုး ရောက်လာပြီ

မိုးမျှော် အဆောက်အဦးများ တစ်လုံးပြီး တစ်လုံး ပြိုကျနေကြသည်။ အပျက်အစီးများ ပုံလာပြီး မရေတွက်နိုင်သော သက်ရှိများ သေဆုံးကြလေသည်။

ယဲ့ဖန်၏ မျက်လုံးတွင် အေးစက်မှုတို့ ရောယှက်နေပြီး ကိုးပြည်နယ်အား “ယဲ့ဘုရင် ဒီကို ရောက်လာပြီ၊ မင်းတို့ ငါ့ကို ရှင်းချင်တယ်ဆိုရင် ငါ မင်းတို့ကို အရင်သတ်မယ်” ဟု ကြေညာချက် ထုတ်နေသလိုပင်။

“ယဲ့ဘုရင် ငါတို့ ရှုံးတာကို ဝန်ခံပါတယ်၊ ငါတို့ကို မသတ်ပါနဲ့”

အင်မော်တယ် ဧကရာဇ်အဆင့်များ အော်ဟစ်လာပြီး သွေးပျက်ပုံ ပေါ်နေသည်။ သူတို့သည် သာမန်လူများ အထက်၌ နတ်ဘုရားသဖွယ် ရှိနေခဲ့သော လူများ ဖြစ်သော်လည်း လက်ရှိတွင် အလွန်အမင်း ဆောက်တည်ရာမရ ဖြစ်နေ၏။

ယဲ့ဖန်ရှေ့၌ ပုရွက်ဆိတ်တစ်ကောင်သဖွယ် အဖိုးမတန်သလို ခံစားနေရပြီး လက်ရှိတွင် ယဲ့ဖန်ကို ခုခံရဲသည့် သတ္တိလည်း မရှိချေ။

“မစာနာတတ်တဲ့လူတွေနဲ့ အခွင့်အရေးကိုအရယူဖို့ မသိတဲ့လူတွေက ငါ့ကြင်နာမှုကို ရဖို့ မထိုက်တန်ဘူး”

ယဲ့ဖန်က ကြွေးကြော်ပြီး စတင်သတ်ဖြတ်လေသည်။ နဂါးကိုးကောင် မီးလင်းဖိုက မြေပြင်ထံသို့ ထိမှန်လာပြီး စကြဝဋ္ဌာဓားက အင်မော်တယ် ဧကရာဇ်အဆင့်များထံ ကျရောက်လာကာ ကြီးမားသော နဂါးအရိပ်တစ်ခု ပေါ်ထွက်လာပြီး အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်ပြီး တစ်ယောက်အား သတ်ဖြတ်လေတော့သည်။

ယဲ့ဖန်သည် သူ့စိတ်အား မထိန်းနိုင်တော့ပုံပေါ်သည်။ ပုံစံက နတ်ဆိုးတစ်ကောင်နှင့် တူနေပြီး တစ်ယောက်ပြီး တစ်ယောက်ကို သတ်ဖြတ်နေသောကြောင့် အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်ပြီး တစ်ယောက် သွေးအိုင်ထဲ လဲကျသွားသည်။

သူတို့သည် ခန္ဓာကိုယ် မာကြောသန်မာ၍ တာအိုသဘောတရားကို နက်နက်နဲနဲ သိနားလည်ပါသော်လည်း ယဲ့ဖန်နှင့် ရင်ဆိုင်ရသောအခါ အားလုံးက အလုပ်မဖြစ်ချေ။

ပြင်းထန်သော ဓားချက်အောက်၌ နည်းလမ်းအားလုံးက အချည်းနှီးပင်။

“ရွှစ် ရွှစ်”

သွေးများ အဆက်မပြတ် ပန်းထွက်နေ၏။ တစ်ယောက်ဆိုလျင် ထွက်ပြေးနေစဉ်မှာပင် ခုတ်ပိုင်းခံလိုက်ရသည်။

တစ်ယောက်က ခန္ဓာကိုယ် နှစ်ခြမ်းပြတ်သွားသည်။ အချို့က ခေါင်းပေါက်၍ သေဆုံးသွားလေသည်။

အင်မော်တယ် ဧကရာဇ်အဆင့်များ သေနည်းအမျိုးမျိုးဖြင့် သေဆုံးသွားကြသည်။

ထိုအခိုက်တွင် ယွီထျန်းရွှမ်နှင့် ယွီရှန့်ရှီတို့တောင်မှ ကြက်သီးထသလို ခံစားနေရသည်။

တစ်ခဏအတွင်း မိုးမြေကို ဖျက်ဆီးနိုင်သလို အင်မော်တယ် ဧကရာဇ်အဆင့်များအား အေးအေးလူလူ သတ်ဖြတ်နိုင်နေပါတကား။

*ကြောက်စရာကောင်းလိုက်တာ*

*ကြောက်ဖို့ကောင်းလိုက်တာ*

မိနစ်အနည်းငယ်မျှ ကြာပြီးနောက် တစ်မြို့လုံး ပျက်စီးကာ မီးတောက်များ တလူလူ လွင့်နေသည့် မီးလောင်ပြင်တစ်ခု ဖြစ်လာသည်။ မသိလျင် လောကထဲမှ ငရဲခန်းလိုပင်။

အထဲ၌ မည်သည့် သက်ရှိမှမရှိတော့ချေ။ အားလုံး ဆိုးရွားစွာ သေဆုံးသွားကြလေပြီ။ ဤသည်မှာ နတ်ဆိုး လုပ်လိုက်သော လုပ်ရပ်ပင်။

မကြာခင်မှာပင် ဤနေရာမှ သတင်းက ယွင်နိုင်ငံတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ အမြွှာဘုရင်တို့ ယဲ့ဖန်၏ လက်ထဲ၌ မရှုမလှ သေဆုံးသွားပြီး အင်မော်တယ် ဧကရာဇ်အဆင့် ဆယ်ယောက် ပေါင်းတိုက်ပါသော်လည်း မည်သူမှ အသက်မရှင်ဘဲ အသတ်ခံလိုက်ရပြီ။

ဤသည်က လုံးဝကို မျှော်လင့်ချက် မဲ့စေ၏။ တစ်နိုင်ငံလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။

ယွင်နိုင်ငံတစ်ခုလုံး ထိုင်းမှိုင်းနေပြီး လူတိုင်း အလွန် စိုးရိမ်နေပုံပေါ်ကာ မျက်နှာတွင် အပြုံးမရှိတော့ဘဲ ရောက်လာမည့် အန္တရာယ်ကို စိုးရိမ်နေကြသည်။

ယခုအချိန်အထိ အနောက်ဘက်မှ မည်သူမှ သူ့ကို မတားနိုင်ပါ။

လူတစ်ယောက်တည်းက အင်မော်တယ် ဧကရာဇ်အဆင့် ဆယ်ယောက်ကျော်နှင့် တိုက်ခိုက်ပါသော်လည်း ပြိုင်ဘက်ကင်းနေသေး၏။ နိုင်ငံကျော် အမြွှာဘုရင်တောင်မှ သူ့လက်ထဲ၌ မရှုမလှ သေဆုံးခဲ့ရသည်။ ဘယ်လောက် သန်မာ၍ ကြောက်စရာ ကောင်းလိုက်သနည်း။

လူတိုင်း ကြီးမားသော ဖိအားကို ခံစားမိနေပြီး သူတို့မြို့အား နတ်ဆိုး ရွေးလာမည်ကို ကြောက်လန့်နေကာ ထိုသို့ အရွေးခံလိုက်ရပါက သူတို့ ဇာတ်သိမ်းလေပြီ။

ထိုအခိုက်တွင် တစ်နိုင်ငံလုံးမှ ပြည်သူများ၏ အမြင်မှာ ရပ်တန့်လိုက်ရန် ဖြစ်သည်။

တစ်ချိန်လုံး တက်ကြွစွာ အားပေးသော မီဒီယာသည်လည်း လက်ရှိတါင် ပါးစပ်ပိတ်နေသည်။ အဘယ်ကြောင့် ဆိုသော် သူတို့စကားက ယဲ့ဖန်ကို ဒေါသထွက်အောင် လုပ်မိသွားမည် စိုး၍ ဖြစ်လေသည်။ ထိုသို့ဖြစ်သွားပါက အကျိုးဆက်အနေဖြင့် နတ်ဆိုး၏ သတ်ဖြတ်ခြင်း ခံရနိုင်ချေ ရှိသည်။

မည်သူမှ ထပ်မံ၍ မောက်မောက်မာမာ မပြောရဲတော့ချေ။ ယဲ့ဖန်က သူ၏ ခွန်အားနှင့် ကြောက်စရာ ကောင်းပုံတို့ဖြင့် သူတို့အား ဘယ်လို ပေးဆပ်ရမလဲ သတိပေးသွားလေပြီ။

ယွင်နိုင်ငံက နတ်ဆိုးကို သတ်ချင်ခဲ့သော်လည်း နတ်ဆိုးကသာ ရောက်လာပြီး သေခြင်းတရားနှင့် ငရဲတို့ကို ယူဆောင်လာ၏။

ယွင်နိုင်ငံ တစ်ခုလုံး တုန်လှုပ်သွားပြီး ယွင်နိုင်ငံ၏ အင်အားစုများ ငြိမ်မနေနိုင်တော့ပေ။ နတ်ဆိုးတို့ အလယ်ပိုင်းဒေသတွင် ပေါ်လာခဲ့သည်။ သူတို့က မိမိတို့မြေကို နင်း၍ မိမိတို့မြေအား မီးသင့်သောမြေအဖြစ်သို့ ပြောင်းလဲချင်နေ၏။

ခရီးလမ်းတစ်လျှောက်၌ အရှိန်အဝါက ဝါးရုံကျိုးသလိုပင်၊ ခုခံရန် အဘယ်နည်းနှင့်မျှ မဖြစ်နိုင်ချေ။ သိုင်းပညာရှင်များစွာနှင့် စစ်သားများစွာ သေဆုံးသွားကြသည်။ တစ်ဖက်လူက သူတို့၏ ယဉ်ကျေးမှုကို မြေလှန်ချင်နေပြီး သူတို့နိုင်ငံအား ဖျက်ဆီးချင်နေသည်။

ထိုအခိုက်တွင် ယွင်နိုင်ငံမှလူများသည် နတ်ဆိုးများကို ရှင်းလင်းသင့်သည်က ဟုတ်မှဟုတ်ရဲ့လားဟု တွေးစပြုလာသည်။ သူတို့နှင့်မဆိုင်သော ကိစ္စအတွက်နှင့် ဤသို့သော နတ်ဆိုးကို ဒေါသထွက်အောင် လုပ်မိခဲ့သည်။ ယင်းအတွက် တန်ကြေးက ကြီးမားလွန်းလှ၏။

နတ်ဆိုးက အနောက်ဘက်သို့ လျှောက်လာနေပြီး ခြေလှမ်းတိုင်း၌ သွေးများ စွန်းထင်းစေသည်။ ယခုအခါတွင် သေကြေပျက်စီးမှု အရေအတွက်က ငါးသိန်းသို့ ရောက်နေလေသည်။ အနှောင့်အယှက် ဖြစ်စေသည့် မှားယွင်းသော အပြုအမူတစ်ခုက ဤမျှ ပြင်းထန်သော အခြေအနေသို့ ဖြစ်စေလိမ့်မည်ဟု မည်သူမှ ထင်မထားမိပေ။

ယွင်နိုင်ငံ၌ ခိုင်မာသော နောက်ခံရှိသော်လည်း မည်သူမှ ဤနတ်ဆိုးကို အနိုင်မယူနိုင်သဖြင့် အလွန် ဆောက်တည်ရာမရ ဖြစ်စေသည်။

စစ်သည်တော်များစွာ ရှိသော ခံတပ်မြို့ကြီးပင် ယဲ့ဖန်၏ ဖျက်ဆီးခြင်း ခံလိုက်ရသည်။ မကြာခင် သူ တော်ဝင်မြို့တော်သို့ ဝင်ရောက်လာပေတော့မည်။ ဘုရင့်အရိုက်အရာကို ပြောင်းလဲ၍ သူတို့ကို လုံးဝ ဖျက်ဆီးနိုင်ချေ ရှိနေ၏။

ထိုသို့သောအချိန်၌ ယွင်နိုင်ငံမှလူများအားလုံး သွေးပျက်နေသည်။

လူလူ မီးရှို့ခံထားရသော တိုင်ရှေ့၌ ဒူးထောက်သော လူများ ပိုပိုများလာပြီး ဒူးထောက်ဝပ်တွား၍ သူတို့အမှားများကို ဝန်ခံပြီး မျက်နှာတွင် မျက်ရည်များ ဖြိုင်ဖြိုင်ကျဆင်းပြီး ကြံရာမရ ဖြစ်နေကြသည်။

သူတို့ ဤသို့ လုပ်ကိုလုပ်မှဖြစ်မည်။ သို့မဟုတ်ပါက သူတို့ သေရပေမည်။

ထိုနတ်ဆိုး လိမ်ပြောနေခြင်း မဟုတ်မှန်း သိသာသည်။ သူတို့အားလုံးကို သူ သတ်ချင်သည်ဟု ပြောခဲ့ပြီး ဘယ်သောအခါမှ သက်ညှာမည် မဟုတ်ပါ။

သူတို့သည် ဒူးထောက်ပြီးသည်နှင့် အခြားသူများအား သူတို့ကို ဓာတ်ပုံရိုက်ခိုင်း၍ သက်သေထူထားကြသည်။ တစ်နေ့ ယဲ့ဘုရင်နှင့် တွေ့လျင် ဤဓာတ်ပုံက မိမိအသက်ကို ကယ်နိုင်လိမ့်မည်ဟု မျှော်လင့်နေသည်။ နတ်ဆိုး တကယ် ဒေါသထွက်နေမှန်း လူတိုင်း သတိပြုမိသွားကြသည်။

“သွားကြစမ်း၊ အရိုအသေ မပေးနဲ့၊ ဘယ်သူ့ကိုမှ အရိုအသေ ပေးခွင့်မပြုဘူး”

ထိုအချိန်တွင် ရှုစန်းသော်က လူအချို့ကို ဦးဆောင်၍ ယွင်နိုင်ငံသားများကို တားဆီး၍ စူးစူးရဲရဲ စိုက်ကြည့် နေသည်။

“အရှင်မင်းကြီးက အမိန့်ချလိုက်တယ်၊ စုန်းမကို ဒူးထောက် အရိုအသေပေးတဲ့ ဘယ်သူမဆို သုတ်သင်ခံရမယ်၊ ဘယ်လိုသတ်နည်းနဲ့မဆို သတ်ခွင့်ပေးတယ်”

ရှုစန်းသော်က တည်ငြိမ်သော လေသံဖြင့် ပြောလာသည်။

ပိုင်လီဟုန်သည် သူ့လူများအား ယဲ့ဖန်ထံ အညံ့ခံခွင့် ဘယ်သောအခါမှ ပေးမည် မဟုတ်ပါ။ မနာခံသူတိုင်း သေရပေမည်။

လူတိုင်း အကြီးအကျယ် မျက်နှာပျက်သွားကြပြီး အသနားခံသော အမူအရာဖြင့် ပြောလာသည်။

“လူကြီးမင်း ကျုပ်တို့ ဒူးထောက်ပြီး ဝန်မခံရင် ယဲ့ဘုရင်က ကျုပ်တို့ကို ဒီအတိုင်း မထားမှာ သေချာတယ်လေ”

“လူကြီးမင်း ကျုပ် မသေချင်ဘူး၊ အဲ့ဒါကြောင့် ဒူးထောက်ခွင့် ပေးပါ”

“ကောင်းပြီလေ ငါ မင်းကို ဒူးထောက်ခွင့်ပေးမယ်”

ရှုစန်းသော်၏ မျက်နှာတွင် ခက်ထန်သော အမူအရာ ပေါ်လာပြီး ရုတ်တရက် ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်လေသည်။

ဓားရောင် လက်ခနဲ ဖြစ်သွားပြီးနောက် လူနှစ်ယောက် ခေါင်းပြတ်၍ လဲကျသွားပြီး သွေးများ အိုင်ထွန်းလာသည်။

ဤသည်ကိုမြင်သော် လူတိုင်း ကြောက်လန့်တကြား ဖြစ်သွားလေသည်။ ရှုစန်းသော်က ချက်ချင်း တန်းသတ် လောက်သည်အထိ ရက်စက်လိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိပေ။

“အခြားဘယ်သူက ဝန်ခံချင်သေးလဲ၊ လာခဲ့”

ရှုစန်းသော်က သတ်တော့ဖြတ်တော့မည့်ပုံဖြင့် ပြုံးနေ၏။ လူတိုင်း နေရာမှာတင် တောင့်တင်းသွားပြီး မလှုပ်ရဲ တော့ချေ။

လက်ရှိအချိန်၌ မည်သူက ရှေ့တက်လာရဲမည်နည်း။

ထို့နောက် ရှုစန်းသော်က တစ်ဖက်လှည့်၍ လူလူ၏ အလောင်းကို အေးစက်စွာ ကြည့်လိုက်ပြီး အလွန် မုန်းတီးသော မျက်လုံးတိုဖြင့် ပြောလိုက်သည်။

“အသက်ရှင်နေတုန်းကလည်း ငါ ပျော်ရအောင် မလုပ်ဘူး၊ သေတော့လည်း ငါ့ကို အန်ချင်အောင် လုပ်နေပါလား”

ချက်ချင်းဆိုသလိုပင် သူသည် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သောကြောင့် လေပြင်းတိုက်ခတ်လာပြီး လောင်ကျွမ်းနေသော အလောင်းက အမှုန့်ဖြစ်သွားပြီး လေနှင့်အတူ လွင့်ပြယ်သါားလေသည်

ဤသည်ကိုမြင်သောအခါ ပတ်ဝန်းကျင်၌ ရှိနေသော ယွင်နိုင်ငံသားများ မျက်နှာ ပြာနှမ်းသွားပြီး ဝန်ခံနိုင်ချေ မရှိတော့ကြောင်း သိလိုက်လေသည်။

“ရှုစန်း‌သော် နင် ဓားတစ်ထောင်နဲ့ ခုတ်သတ်ခံရသင့်တယ်၊ လူလူက နင့်ကို အစ်ကိုကြီးတစ်ယောက်လို အမြဲ ဆက်ဆံခဲ့တာ၊ နင်က သူ့ကို ဒီလို ဆက်ဆံတယ်ပေါ့၊ နင်က တိရစ္ဆာန်ပဲ”

ထိုအခိုက်တွင် လူအုပ်ထဲမှ လူလူ၏ မိခင်သည် ဤမြင်ကွင်းကို မြင်သွားပြီး အံ့ဩကာ ရှုစန်းသော်အား လက်ညှိုးငေါက်ငေါက်ထိုး၍ ဒေါသတကြီး ကျိန်ဆဲလာ၏။

သူမ အံကိုကြိတ်ထားပြီး ရှုစန်းသော်အား တစ်ချက်တည်းဖြင့် ဝါးစားချင်နေပုံရသည်။

သူမဘေး၌ လူလူ၏ ဖခင်သည်လည်း အမုန်းမီးတို့ တောက်လောင်နေပီး မျက်နှာ မည်းမှောင်နေကာ ရှုစန်းသော်အား စူးစူးရဲရဲ စိုက်ကြည့်နေသည်။

သို့သော် သူသည် တွေးဆတတ်ဆဲ ဖြစ်သဖြင့် သူ့ဇနီးအား ရှုစန်းသော်ထံ ပြေးသွား၍ တိုက်ခိုက်ခြင်းမှ တားဆီးနေသည်။

ယခုအခါတွင် ရှုစန်းသော်၏ နောက်ခံက လုံးဝ မတူတော့ချေ။ သူ့အား မိခင်ဘုရင်မက ရာထူးကြီးကြီး ချီးမြှင့်ထားပြီး သူတို့ တုန်းယွဲ့ မိသားစုမှာမူ အအေးနန်းဆောင်ထဲ အပို့ခံထားရသည်။

ထို့ကြောင့် ရှုစန်းသော်သည် သူတို့ ရန်စနိုင်သည့် တစ်စုံတစ်ယောက် မဟုတ်တော့ချေ။

“ဪ ဦးလေးနဲ့ ဒေါ်ဒေါ်ပါလား”

ရှုစန်းသော်က ထူးဆန်းသော ရယ်သံနှင့် ရယ်လာသည်။ ဤလင်မယားက သူ့ကို ဘယ်သောအခါကမှ သဘောမကျခဲ့မှန်း သူလည်း သိသည်။ သူတို့က သူသည် လူဆိုးဖြစ်ပြီး လူလူအား သူနှင့် ပတ်သက်ခြင်း မပြုရန် တားဆီးခဲ့သည်။

ထို့ကြောင့် ဤလင်မယားကို မြင်သည်နှင့် သူ့မျက်နှာတွင် စဉ်းလဲသော အပြုံး ပေါ်လာ၏။

“ငါ့ကို ဒေါ်ဒေါ်လို့ မခေါ်နဲ့၊ ငါ သည်းမခံနိုင်ဘူး”

လူလူ၏ မိခင်က ရွံသလို ပြောလာသည်။ ဤကြောင်သူတော်ကြောင့်သာ မဟုတ်လျင် သူမသမီး သေရမည် မဟုတ်ပါ။ ဤအတွက်ကြောင့် သူမတို့၏ တုန်းယွဲ့မိသားစုလည်း ကျဆင်းရမည် မဟုတ်ပေ။

“ဒေါ်ဒေါ်၊ ခင်ဗျား ကျုပ်ကို မုန်းနေတယ်ဆိုတာကို ကျုပ် နားလည်တယ်၊ ဒါပေမဲ့ လူလူက ယဲ့ဘုရင်နဲ့ တကယ် ပူးပေါင်းခဲ့တာပဲ၊ သက်သေက ထင်းနေတာပဲလေ၊ ကျုပ်က ကျုပ် လုပ်သင့်တာကို လုပ်ခဲ့ရုံလေးပါပဲ”

ရှုစန်းသော်က အပြစ်မရှိသော အမူအရာနှင့် ပခုံးတွန့်ပြသည်။ သို့သော် တောင်းပန်နေသော မျက်လုံး၏ နောက်ကွယ်တွင် အလွန် အားရကျေနပ်စိတ်တို့ ရှိနေ၏။

“လူလိမ်ကောင်”

ထိုစကားကိုကြားသော် လူလူ၏ မိခင်က ကျယ်လောင်စွာ အော်ဟစ်၍ ရှုစန်းသော်အား လက်ညှိုးထိုး၍ ငေါက်ငမ်းလာသည်။

“ရှုစန်းသော် အခြားသူတွေက နင့်အကျင့်ကို မသိပင်မယ့်၊ ငါတို့ မသိဘူးလို့ ထင်နေလား၊ နင်က ငါ့တုန်းယွဲ့မိသားစုရဲ့ စစ်မိန့်ကို လိုချင်နေတာ မဟုတ်လား၊ အဲ့ဒါကြောင့် ငါ့သမီးကို ချောက်ချခဲ့တာလေ”

“ဘုရားသခင်က တကယ် မျက်ကွယ်ပြုထားတာပဲ၊ နင့်လို တိရစ္ဆာန်ကောင်က စစ်မိန့်ကို ရသွားတယ်လို့၊ သန်းချီတဲ့ စစ်သားတွေကို အမိန့်ပေးနိုင်တဲ့ အာဏာရသွားတော့ ဘယ်လို ခံစားရလဲ၊ နင် အဲ့ဒါကို ထိန်းမထားနိုင်တော့တာ သနားစရာပဲ၊ ယဲ့ဘုရင် မကြာခင် လာတော့မှာ၊ နင် အပြစ်ပေးခံရလိမ့်မယ်”

ထိုစကားကိုကြားသော် ရှုစန်းသော်၏ မျက်လုံးများက ခက်ထန်လာပြီး အငြိုးထားစိတ် ပေါ်လာသည်။ သူက တစ်ဖက်လူအား လက်ညှိုးပြန်ထိုးလိုက်ပြီး ဒေါသကြောင့် နှုတ်ခမ်းပင် တဆတ်ဆတ် တုန်နေ၏။

“ခင်ဗျား … တော်တော် ဟုတ်နေတယ်ပေါ့”

ထို့နောက် ရှုစန်းသော်က ဘေးနားမှ သူ့လူကို လှည့်မေးလိုက်သည်။

“ပြည်နယ်ဝန်ကြီးကို စော်ကားလာရင် ဘယ်လိုလုပ်ရမလဲ”

“စစ်သူကြီးကို ပြန်ဖြေပါတယ်၊ နေရာမှာတင် တန်းသတ်လို့ရပါတယ်ခင်ဗျာ”

ရှုစန်းသော်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။

“ကောင်းပြီလေ၊ ဒါဆိုလည်း နေရာမှာတင် သတ်ရတာပေါ့”

လူလူ၏ မိခင် အံ့ဩသွားသည်။ လူလူ၏ ဖခင်သည်လည်း စိတ်မကောင်းဖြစ်စိတ်နှင့် ဒေါသစိတ်တို့ ရောပြွမ်းလာပြီး ရှုစန်းသော်ကို ပြန်အော်လိုက်သည်။

“ရှုစန်းသော် ငါတို့မိသားစုချင်းက မိတ်ဆွေတွေပဲ၊ မင်း ဒီလို လုပ်ချင်တာ သေချာလား”

ရှုစန်းသော်က သူ့သမီးကို သတ်ခဲ့သည့်အပြင် ယခု သူ့ဇနီးသည်ကိုပါ သတ်ချင်နေသည်တဲ့လား။ ရှုစန်းသော်၏ အသိစိတ်ကို ခွေးစားသွားလေပြီ။

“မိသားစုချင်း မိတ်ဆွေတွေ ဟုတ်လား”

ရှုစန်းသော်က လှောင်ရယ်လိုက်ပြီး အလွန် အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

“ကျုပ်က ယွင်နိုင်ငံရဲ့ စစ်သူကြီးပဲ၊ ခင်ဗျားက ဘာမို့လို့လဲ၊ နိမ့်ကျနေတဲ့ မိသားစုငယ်လေးကလူက ဘာအရည်အချင်း ရှိလို့ ကျုပ်နဲ့ ရင်းနှီးချင်တာလဲ”

“ပြီးတော့ ခင်ဗျားသမီးက စုန်းမလေ၊ ခင်ဗျားတို့ တုန်းယွဲ့မိသားစုက သစ္စာဖောက် မိသားစုပဲ၊ ခင်ဗျားတို့နဲ့ ပတ်သတ်တဲ့လူတိုင်း ကံကောင်းမှာ မဟုတ်ဘူး”

“မင်း”

ရှုစန်းသော်၏ စကားကြောင့် လူလူ၏ ဖိခင် သွေးအန်လုနီးပါး ဖြစ်သွားရသည်။ ဤလူက ကောက်ကျစ် သည့်အပြင် အလွန် အရှက်မဲ့လှသည်။

“နင် သတ်ချင်ရင် သတ်လိုက်စမ်း၊ ငါ ခေါင်းမော့ထားတယ်”

လူလူ၏မိခင်က ဒေါသတကြီး ပြောလာသည်။ သူမ သေရမည်ဆိုလျင်တောင်မှ သူမသမီးကို သတ်ခဲ့သည့် လူသတ်သမားအား ခွင့်မလွှတ်နိုင်ပါ။

“ကောင်းပြီလေ၊ သိပ်ကောင်းတယ်၊ နိုင်ငံရဲ့ အရေးပါတဲ့ ဝန်ကြီးကို‌ စော်ကားရဲတယ်ဆိုတော့ အကြောမာတာပဲ၊ သူ့ကို သတ်ကြစမ်း”

ရှုစန်းသော်က ခက်ထန်သော မျက်လုံးတို့ဖြင့် အော်လိုက်သည်။

လူလူ၏ ဖခင် မျက်နှာပျက်သွားသည်။ သို့သော် သူ ဘာမှမလုပ်နိုင်ခင်မှာပင် နတ်ဘုရင်အဆင့် တစ်ယောက် ပြုံး၍ ရှေ့ထွက်လာပြီး လင်မယားနှစ်ယောက်ထံ ပြေးဝင်လာသည်။

ထို့နောက် သူ လက်ကိုမြှောက်၍‌ ဒေါသတကြီး ရိုက်ချလိုက်သည်။ ပြင်းထန်သော ဖိအားတစ်ခုက အမျိုးသမီး၏ ဦးခေါင်းထက်သို့ ကျရောက်လာသည်။

“ဂျွတ်”

လူလူ့မိခင်၏ ဦးခေါင်းသည် ကွဲသွားသော ဖရဲသီးသဖွယ် ကြေမွသွားပြီး ဦးနှောက် အပိုင်းအစများ လွင့်စဉ်လာ၏။ ဤသည်ကိုကြည့်ပြီး ရှုစန်းသော်၏ မျက်နှာတွင် သွေးဆာ၍ စိတ်လှုပ်ရှားဟန်တို့ ပြည့်နေသည်။

All Chapters