အခန်း ၁၆၃၁
Vol. 109 Ch. 1631
Chapter 1631 မိစ္ဆာဓားလူငယ်
သူတော်စင်အလောင်းကောင်၊ သူတော်စင်အဆင့် အလောင်းကောင်။
လူက သေသွားသော်လည်း သူတော်စင်အဆင့်၏ အစွမ်းတို့ ကျန်ရှိနေဆဲဖြစ်ကာ လှုပ်ရှားမှုတိုင်းက လောကကို လှုပ်ခါနိုင်စေသည်။
မိခင်ဘုရင်မက သူတော်စင်အလောင်းကောင်ကို သန့်စင်ထားလိမ့်မည်ဟု လူတိုင်း ထင်မထားမိချေ။
ဤသည်က အန္တရာယ်ကြီးသော လူသတ်သမားပင်။ သူတော်စင်သခင်အဆင့်၏ ခန္ဓာကိုယ်က အလွန်တရာမှကို လွှမ်းမိုးနိုင်ပြီး သွေးတစ်စက်က ပင်လယ်ကို ခမ်းခြောက်စေနိုင်သည်။ ဤအသွင်အပြင် ဖြစ်နေတာတောင်မှ ကြောက်စရာ ကောင်းနေသေးသည်။
“အဲ့လူက မိစ္ဆာဓားလူငယ်ပဲ ဖြစ်မယ်”
ယွီထျန်းရွှမ်က သုန်မှုန်နေသော မျက်နှာဖြင့် ပြောလိုက်ပြီး တစ်ဖက်လူ၏ လက်ထဲမှ ဓားကိုကြည့်၍ ထိုသူ၏ ဇစ်မြစ်အမှန်ကို သိလိုက်သည်။
မိစ္ဆာဓားလူငယ်သည် တစ်ချိန်က နာမည်ကျော်ကြားခဲ့ပြီး မရေတွက်နိုင်သော ရှေးခေတ်က သူတော်စင် အဆင့်များကို စိန်ခေါ်ခဲ့ပြီး သူတော်စင်အဆင့်အားလုံး နောက်ဆုတ်ခဲ့ရလေသည်။
သူသည် အလွန် ကြောက်စရာကောင်းသော လူတစ်ယောက် ဖြစ်သည်။
သူသည် ကမ္ဘာဖျက် မိစ္ဆာဓားကြောင့် မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ဓားကွက်များကလည်း ပြိုင်ဘက်ကင်းခဲ့သည်။ ထိုအချိန်က မည်သူမှ သူ့ဓားချက်ကို မတားဆီးနိုင်ပါ။
သူ သေဆုံးသွားပြီးနောက် အခြားသူ၏ ကြိုးဆွဲခြင်း ခံရသော ရုပ်သေးရုပ် ဖြစ်လာသော်လည်း မိစ္ဆာ စွမ်းအင်တို့ ပြည့်နှက်နေပြီး အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှသည်။
ဤမြင်ကွင်းကို ကြည့်နေသည့် အောက်ဘက်မှ ရှုစန်းသော်သည် ရုတ်တရက် ဂုဏ်ယူစွာ ရယ်မောလိုက်သည်။
“ယဲ့ဘုရင် မင်း ဒီကိုလာပြီး အသေခံရဲလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ငါတို့ ဒီမှာ ပိုက်ကွန် ချထားပြီးသား၊ မင်း တော့ သေပြီပဲ”
ယဲ့ဖန်က ခေါင်းငုံ့၍ ရှုစန်းသော်အား လှမ်းကြည့်လေသည်။
“အဲ့ကောင်မလေးကို သတ်လိုက်တာ မင်းလား”
“အာ ... မင်း လူလူကို ပြောတာလား”
ရှုစန်းသော်က သိလျက်သားနှင့် မေးလိုက်ပြီး ပြုံးလိုက်သည်။
“သူ့ကိုသတ်တာ ငါ မဟုတ်ဘူး၊ မင်းပဲ။ သူ့ကို ပြုစားပြီး စုန်းမဖြစ်အောင် လုပ်လိုက်တာ မင်းပဲ၊ အဲ့ဒါကြောင့် သူ မီးရှို့ အသတ်ခံရတာ”
ယဲ့ဖန် ရယ်လိုက်မိသည်။
*ဒီကောင်က တော်တော်ကို အရှက်မရှိတာပဲ*
“သူ အလကားသက်သက် မသေစေရဘူး၊ ငါ အာမခံတယ်”
ယဲ့ဖန်က ရှုစန်းသော်ကို စိုက်ကြည့်နေသည်။
*ဒီကောင် လူလူထက် အဆပေါင်း ရာချီပြီး အဖြစ်ဆိုးနဲ့ သေသင့်တယ်*
အံ့ဩစရာ ကောင်းသည့်အချက်မှာ ထိုစကားကို ကြားသည်နှင့် ရှုစန်းသော်က ချက်ချင်း လှောင်ရယ်၍ ယဲ့ဖန်အထား အထင်အမြင်သေးစွာ ကြည့်လာသည်။
“မင်း အသက်ရှင်အောင်ပဲ အရင် လုပ်ပါဦး၊ အရူးကောင်ရ။ မိခင်ဘုရင်မတောင် ကိုယ်တိုင် လှုပ်ရှားစရာ မလိုဘူး၊ သူတော်စင်အလောင်းကောင်နဲ့တင် လုံလောက်တယ်”
ဤသူတော်စင် အလောင်းကောင်အား မိခင်ဘုရင်မက လုံးလုံးလျားလျား ထိန်းချုပ်ထားနိုင်သည်။ အလွန် အန္တရာယ်ကြီးသော လူသတ်သမားပင်။
ယဲ့ဖန်အတွက် မိခင်ဘုရင်မနှင့် မိစ္ဆာဓားလူငယ်တို့ကို ပြိုင်တူ ရင်ဆိုင်နေရသည်နှင့်အတူတူပင်။ ဘယ်လိုလုပ် နိုင်နိုင်ချေ ရှိပါမည်နည်း။
*သေလိုက်တော့*
“အရှင်မင်းမြတ် ကျွန်တော်တို့ ခဏလောက် နောက်ဆုတ်ကြမလား”
ယွီထျန်းရွှမ်က ဘေးနားမှနေ၍ သတိပေးလာသည်။ တစ်ဖက်က သူတော်စင် အလောင်းကောင် ဖြစ်နေသည် မဟုတ်ပါလော။
နဂါးကိုးကောင် မီးလင်းဖိုနှင့် စကြဝဋ္ဌာဓားတို့ ရှိနေလျင်တောင်မှ သူ့ပြိုင်ဘက် ဖြစ်နိုင်ချေ မရှိချေ။
“”ဟုတ်တယ် မင်း အခု အခွင့်ကောင်းယူပြီး ငကြောက်လို ထွက်ပြေးလိုက်တော့”
ရှုစန်းသော်က ရယ်မောပြီး ဆက်၍ ခနဲ့လေသည်။ လောကအဆုံးထိ ထွက်သွားပြီး မှောင်မည်းနံစော်နေတဲ့ ချောင်တစ်ချောင်မှာ သွားပုန်းနေလိုက်၊ ဒါမှ မင်း ပြေးလွတ်မှာ၊ မိခင်ဘုရင်မက မင်းကို လိုက်ဖမ်းမှာ”
စကားလုံးများတွင် ပုတ်ခတ်စော်ကားမှု အပြည့်ပင်။
“ဒီနေ့ ယွင်နိုင်ငံ ပျက်စီးရမယ်၊ ဘယ်သူမှ မတားနိုင်ဘူး”
ယဲ့ဖန်က လက်နောက်ပစ်၍ ရပ်နေပြီး သူ့အရှေ့မှ မိစ္ဆာဓားလူငယ်ကို လျစ်လျူရှုကာ ထည်ဝါမြင့်မြတ်သော အနေအထားဖြင့် နေနေသည်။
ထို့နောက် သူ့အကြည့်များက အောက်ဘက်ရှိ ယွင်နိုင်ငံမှလူများထံ ကျရောက်လာသည်။
“မင်းတို့ ဝန်ခံနိုင်မယ့် အခွင့်အရေး ရှိသေးတယ်”
ထိုစကားကိုကြားသော် ယွင်နိုင်ငံမှလူများအားလုံး အားပျော့လာပြီး တစ်ကိုယ်လုံး တုန်ယင်လာပြီး နာခံစွာ ဒူးထောက်သင့်၊ မသင့် တွေးနေကြသည်။
“တော်တော် လေကျယ်တာပဲ”
တိမ်တိုက်၏ အခြားတစ်ဖက်မှ ရေခဲတမျှ အေးစက်သော သတ်ဖြတ်ချင်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။
မိခင်ဘုရင်မက ပိုင်လီဟုန်နှင့်အတူ ရောက်လာပြီး အလွန် အေးစက်သော အကြည့်တို့ဖြင့် ယဲ့ဖန်ကို စိုက်ကြည့် နေသည်။
မိခင်ဘုရင်မသည် အရိုးဖြူတို့ဖြင့် ပြုလုပ်ထားသော ပုလ္လင်တွင် ထိုင်နေပြီး ပုလ္လင်က လေထဲ မျောလွင့်နေကာ မောက်မာသော အမူအရာဖြင့် သက်ရှိအားလုံးကို အထင်သေးနေသလိုပင်။ သူမ၏ အကြည့်များက နက်ရှိုင်းပြီး ဆံနွယ်များက တောက်ပနေ၏။
ရှေးခေတ် အငွေ့အသက်က အလွန် ပြင်းထန်လှပြီး သူမ အသက်ရှင်နေသော သက်တမ်းက ဘယ်လောက် ရှိနေပြီလဲ မသိနိုင်ပါ။
ယဲ့ဖန် မျက်မှောင်မကြုတ်ဘဲ မနေနိုင်ချေ။ သူမက တကယ်ကို ရန်သူကြီး တစ်ယောက် ဖြစ်ပြီး အားမာန်ပါသော ရှေးခေတ် အငွေ့အသက်က သူ့အား အလွန် ရင်းနှီးနေသလို ခံစားရစေသည်။ ဤမိခင်ဘုရင်မသည် အနည်းဆုံး အသက် နှစ်တစ်သန်းမျှ ရှိလောက်သည်။ သူမက ထက်မြက်သန်မာပြီး သူတော်စင်အဆင့် ရောက်ရန် သိပ်မလိုလောက်တော့ပေ။
“မိခင်ဘုရင်မပါလား”
မိခင်ဘုရင်မကို မြင်သော် ယွင်နိုင်ငံသားများသည် ချက်ချင်း အသက်ကယ် ကောက်ရိုးမျှင်ကို ရသွားသကဲ့သို့ ဖြစ်သွားပြီး ပျော်ရွှင်လာကြသည်။
ချက်ချင်းဆိုသလိုပင် လူအများက မိခင်ဘုရင်မအား သုံးကြိမ် ဒူးထောက်၍ အရိုအသေ ပေးလာကြပြီး အလွန် ကျိုးနွံ၍ ကြည်ညိုသော အမူအရာများ ရှိကာ မျက်လုံးတွင် အလွန် ယုံကြည်ဟန် ပေါ်နေ၏။
ဤသည်မှာ သူတို့၏ မိခင်ဖြစ်သည်။ ယွင်နိုင်ငံကို မွေးထုတ်တည်ထောင်ပေးခဲ့သော မိခင် ဘုရင်မဖြစ်သဖြင့် သူတို့ကို မွေးဖွားခဲ့သူဟု ဆိုရပေမည်။ မည်သို့သော မှော်စွမ်းအင် ရှိသဖြင့် နိုင်ငံတစ်ခုလုံးကို မွေးထုတ်ပေး နိုင်ရသနည်း။
“မိခင်ဘုရင်မကို ဒီနတ်ဆိုးကို သတ်ပေးဖို့ ဆုတောင်းပါတယ်”
“မိခင်ဘုရင်မကို ဒီနတ်ဆိုးကို သတ်ပေးဖို့ ဆုတောင်းပါတယ်”
အားလုံးက ပြိုင်တူ အော်ဟစ်လာပြီး အမူအရာက လေးနက်ခိုင်မာနေပြီး အကြည့်များက ခက်ထန်နေသည်။ လက်ရှိတွင် အားလုံး၏ အမူအရာက ပြောင်းလဲနေပြီး အရှက်ရဟန်နှင့် မုန်းတီးဟန်တို့ ပေါ်လွင်နေ၏။
မိခင်ဘုရင်မသည် ထိပ်တန်း နတ်ဘုရားတစ်ပါး ဖြစ်ပြီး မိခင်ဘုရင်မက ယဲ့ဖန်ကို ရှင်းလင်းနိုင်သည်ဟု သူတို့အားလုံး အခိုင်အမာ ယုံကြည်ထားသည်။
“ငါ့လူတွေကို သတ်တယ်၊ ငါ့တာအိုသဘောတရားကိုလည်း ဖျက်ဆီးတယ်၊ ဒီနေရာက နင့်သင်္ချိုင်းမြေ ဖြစ်လာစေရမယ်”
မိခင်ဘုရင်မက အားကြီးသော အမူအရာနှင့် ပြောဆိုလာပြီး လေသံက အေးစက်ကာ အလွန် သတ်ဖြတ်ချင်သော အငွေ့အသက်ကို ဖော်ဆောင်နေသည်။
သူမသည် မျက်လုံးကိုစင်း၍ ယဲ့ဖန်အား မာမာထန်ထန် စိုက်ကြည့်နေသည်။
“အဟက်”
ယဲ့ဖန် ရယ်လိုက်သည်။ တစ်ဖက်လူက သူ့ကို အနိုင်ယူနိုင်မည်တဲ့လား။
“မင်းတို့ ငါ့ကို သတ်ဖို့ မဟာမိတ်မဖွဲ့ရင် ငါ ဒီကို ရောက်လာမှာ မဟုတ်ဘူး၊ မင်းအကြံအစည်က အင်အား ပူးပေါင်းပြီး နတ်ဆိုးတွေကို နှိမ်နင်းဖို့ မဟုတ်လား၊ နတ်ဆိုးတွေက မင်းဆီ ရောက်လာပြီလေ”
မည်သည့် ခံစားချက် အရိပ်အယောင်မှ မပါသည့် အေးစက်သော အသံက အရပ်ဆယ်မျက်နှာသို့ ပျံ့နှံ့သွားသည်။ အားလုံး ယှဉ်မရသော စွမ်းအင်တစ်ခုကို ခံစားမိပြီး ချောက်ချားလာကြသည်။
“မဟုတ်တမ်းတရားတွေ၊ မင်း ငါ့သားကို အရင်သတ်တာလေ”
ပိုင်လီဟုန်က အော်ပြောလိုက်သည်။ ယဲ့ဖန်က သူ့ဘက်သို့ လှည့်ကြည့်၍ ခက်ထန်စွာ ပြောလိုက်သည်။
‘မင်း သေသေချာချာ စုံစမ်းကြည့်မယ်ဆိုရင် မင်းသားက ငါ့နတ်ဆိုးမျိုးနွယ်က လူတွေ ဘယ်လောက်များများကို သတ်ခဲ့လဲ သိသလား၊ သူက ငါ့အမျိုးသမီးကိုတောင် တိုက်ခိုက်လုယူဖို့ ကြိုးစားတယ်၊ သူ သေသင့်တယ် မဟုတ်လား”
“ခွေးမသား ဘာမဟုတတဲ့ ပုရွက်ဆိတ်လိုကောင်တွေက ဘာအရည်အချင်းရှိလို့ ငါတို့နဲ့ လာနှိုင်းနေတာလဲ၊ ငါတို့က နတ်ဘုရားမျိုးနွယ်၊ မွေးကတည်းက မြင့်မြတ်တဲ့သူတွေ၊ မင်း သူ့ကို သတ်ရဲတယ်ဆိုရင် မင်း သေရမယ်ကွ”
ပိုင်လီဟုန်က စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
“မင်းမိန်းမကိစ္စကတော့ ... ဒါ ဘာမဟုတ်တဲ့ ဈေးပေါတဲ့ မိန်းမပဲလေ၊ ငါ့သားက သူ့ကို မျက်စိကျတာကို ဂုဏ်တောင် ယူသင့်တယ်၊ မင်းမိန်းမကို မင်း ဂရုစိုက်တယ် မဟုတ်လား၊ မင်း သေပြီးရင်း မင်းမိန်းမအားလုံးကို ငါ ဖမ်းပြီး တစ်ယောက်ချင်းစီနဲ့ မသေမချင်း ပျော်ပါးပစ်ဦးမယ်”
ပိုင်လီဟုန်၏ ယဲ့ဖန်အပေါ် မုန်းတီးစိတ်က တားမရသော အဆင့်သို့ ရောက်နေသည်။ ယဲ့ဖန်က သူ၏ မြို့များစွာကို တစ်ခုပြီးတစ်ခု ဖျက်ဆီးခဲ့သဖြင့် သူ့အား တန်ဖိုးဖြတ်မရသော ဆုံးရှုံးမှုများ ဖြစ်စေသည်။
ထိုမျှနှင့် မပြီးသေးချေ။ ယဲ့ဖန်၏ လက်ထဲ၌ ပျက်စီးသွားသော စစ်သည် အရေအတွက်ကလည်း တစ်သိန်းကျော်သဖြင့် ယွင်နိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှုပင်။
ဤအရာအားလုံးကလည်း ယဲ့ဖန်ကြောင့် ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
*ဒီကောင် သေကိုသေသင့်တယ်*
ထိုစကားကိုကြားသော် ယဲ့ဖန်၏ မျက်လုံးတွင်းမှ လူသတ်ချင်စိတ်က မြင့်တက်လာသည်။
“ကောင်းပြီလေ၊ မင်းက ဒီလိုပြောမှတော့ ငါ မင်းတို့အားလုံးကို သတ်ပစ်ရတာပေါ့”
နဂါးကိုးကောင် မီးလင်းဖိုက ကောင်းကင်ယံသို့ ပျံတက်လာပီး နဂါးကိုးကောင် အသက်ဝင်လာသကဲ့သို့ တောက်ပသော အလင်းများ ဖြာထွက်လာပြီး ကောင်းကင်တစ်ခုလုံး တုန်ခါလာသည်။
ဤသည်မှာ ဤမြို့တော်တစ်ခုလုံးကို ပြာကျစေနိုင်လောင်အောင် ပြင်းထန်သည့် အဖျက်စွမ်းအင် ဖြစ်ပေသည်။
“မိခင်ဘုရင် ကူညီပါဦး”
အောက်ဘက်ရှိ ယွင်နိုင်ငံမှ လူများသည် ချောက်ချားသွားပြီး ကြောက်လန့်နေသော မျက်လုံးများဖြင့် အော်ဟစ်လာသည်။
မိခင်ဘုရင်မ၏ မျက်နှာသည်လည်း မည်းမှောင်သွားပြီး ငေါက်ငမ်းလိုက်သည်။
“ငါ အပြင်ကို ထွက်လာတဲ့အချိန်မှတောင် မင်းက ငါ့နယ်မြေကို ဖျက်ဆီးရဲသေးတယ်လား၊ မင်း ငါ့ကို သေပြီလို့ ထင်နေလား”
“သူ့ခြေလက်တွေကို ချိုးစမ်း”
ချက်ချင်းဆိုသလိုပင် မိစ္ဆာဓားလူငယ်က ယဲ့ဖန်ထံ ချက်ချင်း ပြေးတက်သွားပြီး စုတ်ပြတ်နေသော သံမဏိ အဝတ်အစားများက သံချေးတက်နေကာ သူ့ခန္ဓာကိုယ်တွင် အမာရွတ်များစွာ ရှိနေပြီး ရာချီသော တိုက်ပွဲများကို ဆင်နွှဲခဲ့ ပုံရသည်။
မိစ္ဆာဓားလူငယ် လှုပ်ရှားလာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ မိုးမြေသည်လည်း အရောင် ပြောင်းလဲသွားသည်။ သူ၏ ချီစွမ်းအင်က ကောင်းကင်ကိုပင် သက်ရောက်စေ၏။
ဤသည်ကိုမြင်သော် ယွီထျန်းရွှမ်နှင့် အခြားသူများ မျက်နှာ ပျက်ယွင်းသွားသည်။ ယဲ့ဖန်သည် မိစ္ဆာဓားလူငယ်နှင့် မိခင်ဘုရင်မတို့အား တစ်ချိန်တည်း ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေသည်။ သူတို့တွင် ဘယ်လိုလုပ် နိုင်နိုင်ချေ ရှိပါမည်နည်း။
ဤမြင်ကွင်းက ထိတ်လန့်စရာ ကောင်းလှသည်။
“သေစမ်း ဒါက သူတော်စင် အလောင်းကောင်လေ၊ အရှင်မင်းမြတ် လုပ်နိုင်ပါ့မလား”
ယွီရှန့်ရှီက စိုးရိမ်သော မျက်နှာနှင့် ပြောလာသည်။ မိစ္ဆာဓားလူငယ် တိုက်ခိုက်လာသည်ကိုမြင်ပြီး အောက်ဘက်မှ ယွင်နိုင်ငံသားများက ရယ်မောကြလေသည်။
“သေ ... သေ ... ယဲ့ဘုရင် ငရဲကို သွားလိုက်တော့”
“ဝန်ခံ ဟုတ်လား၊ ဝန်ခံသင့်တာ မင်းကွ၊ မိခင်ဘုရင်မရဲ့ ခြေဖဝါးအောက်မှာ ဒူးထောက်လိုက်၊ ဒါဆို မင်းရဲ့ ခွေးလိုအသက်ကို ချမ်းသာပေးမယ်၊ မဟုတ်ရင် မင်း သေရမယ်”
“ဒေါင်”
မိစ္ဆာဓားလူငယ်သည် နဂါးကိုးကောင် မီးလင်းဖိုနှင့် ရင်ဆိုင်ရသောအခါ မည်သည့် တိုက်ကွက်မှမပါဘဲ ဧရာမဓားဖြင့်သာ ခုတ်ပိုင်းလိုက်ပြီးနောက် ချက်ချင်း လွင့်ထွက်သွားသည်။ မီတာတစ်ရာမျှ လွင့်သွားပြီး တောင်ထိပ် ဆယ့်ငါးခုနှင့် ဝင်တိုက်မိလေသည်။
“တားလိုက်ပြီ ဟားဟားဟား”
ဤသည်ကိုမြင်သော် ယွင်နိုင်ငံမှလူများ အလွန် စိတ်လှုပ်ရှားသွားသည်။ သူတော်စင် အလောင်းကောင်သည် ထင်ထားသည့်အတိုင်း ခန္ဓာကိုယ်၏ ခွန်အားက ကြောက်စရာကောင်းလှပြီး နဂါးကိုးကောင် မီးလင်းဖိုကြောင့် ပျက်စီးမသွားဘဲ ပြန်ကန်ထွက်အောင် လုပ်နိုင်ခဲ့သည်။
ယဲ့ဖန် မျက်မှောင်ကြုတ်သွားမိသည်။ သူ့အရှေ့မှ သူတော်စင် အလောင်းကောင်သည် တကယ်ပင် ခဲရာခဲစစ် နိုင်လှသည်။
မိခင်ဘုရင်မ မလှုပ်ရှားဘူးလား”
ပိုင်လီဟုန်က ဘေးနားမှနေ၍ မေးလိုက်သည်။
“သူက ငါ လှုပ်ရှားရတဲ့အထိ အရည်အချင်း မရှိဘူး”
မိခင်ဘုရင်မက အထက်စီးဆန်စွာ ပြောပြောလိုက်သည်။
“ဟုတ် ဟုတ် ဟုတ်ပါတယ်”
ပိုင်လီဟုန် အပြုံးကြီး ပြုံးလိုက်ပြီး မိခင်ဘုရင်မ၏ စကားကိုကြားသောအခါ ပို၍ ယုံကြည်မှု တိုးလာသည်။ ထိုစကားကို ကြားပြီးနောက် ယွင်နိုင်ငံသားများအားလုံး စိတ်အေးသွားသည်။ သူတို့အသက်အတွက် ထွက်ပြေးရန် ကြံစည်ထားသော်လည်း လက်ရှိတွင် အားလုံး ရပ်၍ တိုက်ပွဲကိုသာ ကြည့်နေကြသည်။
“အရှင်မင်းမြတ် ကျွန်တော်မျိုး တင်ပြစရာ တစ်ခု ရှိပါတယ်”
ထိုစဉ် ရှုစန်းသော်က အခွင့်ကောင်းယူ၍ ပိုင်လီဟုန်အနားသို့ လှမ်းလာသည်။
“ဘာလဲ”
“တုန်းယွဲ့မျိုးနွယ်က ယဲ့ဘုရင် တိုက်ခိုက်လာတာကို သိပြီးတော့ ရန်သူနဲ့ ထိပ်တိုက် တွေ့ဖို့ မပြင်ဘဲ ထွက်ပြေး သွားပါတယ်၊ သူတို့က တစ်နည်းနည်းနဲ့ ပတ်သတ်မယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်၊ သူတို့ တစ်ဖွဲ့ထဲ ဖြစ်ကိုဖြစ်ပါလိမ့်မယ်”
ရှုစန်းသော်၏ အမူအရာက လေးနက်နေသည်။ သို့သော် သူ၏ လေးနက်သော အကြည့်၏ နောက်ကွယ်၌ တုန်းယွဲ့မျိုးနွယ် အမြစ်ပြတ် သုတ်သင်မခံရမခြင်း လက်လျှော့မည့်ပုံ မပေါ်သည့် အတွေးတို့ ရှိနေသည်။
“ဒါ တကယ်ပဲလား”
ပိုင်လီဟုန်၏ မျက်နှာက မည်းမှောင်သွားသည်။ ရှုစန်းသော်က ခေါင်းညိတ်လိုက်သည်။
“ဒီမှာရှိတဲ့လူတိုင်း မြင်ခဲ့ပါတယ်၊ ကျွန်တော်မျိုးအတွက် သူတို့ သက်သေခံနိုင်ပါတယ်”
“သူက ယဲ့ဘုရင် လာမယ်ဆိုတာကို သိနေလို့ မရှုပ်ထွေးအောင် ကြိုနောက်ဆုတ်သွားတယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်၊ ကျွန်တော် ခန့်မှန်းတာသာ မှန်မယ်ဆိုရင် သူတို့ တစ်မိသားလုံး ရွှေ့ပြောင်းဖို့ စနေလောက်ပါပြီ”
ရှုစန်းသော်က ဆက်လက်၍ သွေးလှန့်လေသည်။
“သေစမ်း ဝမ်တုန်းရန်က ငါ့ကို သစ္စာဖောက်တာပဲ”
ပိုင်လီဟုန်က အံကြိတ်လိုက်ပြီးနောက် ရှုစန်းသော်အား အမိန့်ပေးလိုက်သည်။
“ရှုစန်းသော် ငါ မင်းကို တုန်းယွဲ့မျိုးနွယ်ဆီ ချက်ချင်း သွားဖို့ အမိန့်ပေးတယ်၊ သူတို့ ပုန်ကန်ဖို့ ကြိုးစားနေတာကို တွေ့တာနဲ့ သတ်ပစ်လိုက်”
“ဟုတ်ကဲ့”
ရှုစန်းသော်က အလျင်အမြန် သဘောတူလိုက်ပြီး စိတ်ထဲ၌ ဝမ်းသာစိတ်တို့ ပွင့်လန်းနေသည်။ တုန်းယွဲ့မျိုးနွယ် သစ္စာဖောက်ခြင်း၊ မဖောက်ခြင်းက သူ့အလုပ် မဟုတ်ပေ။
နောက်ဆုံး၌ ဤဆူးငြောင့်ခလုတ်ကို သူ အမြစ်ပြတ် ရှင်းနိုင်ပေတော့မည်။
တစ်ချိန်တည်းမှာပင် မိစ္ဆာဓားလူငယ်၏ ဓားကြောင့် နဂါးကိုးကောင် မီးလင်းဖိုက ယဲ့ဖန်ထံ ပြန်ရောက်လာသည်။ ထိုဓားချက်က လေဟာနယ်ကိုပင် ပိုင်းဖြတ်နိုင်သည်အထိ ကြောက်စရာ ကောင်းလှ၏။