← Chapters

အခန်း ၁၆၃၂

Vol. 109 Ch. 1632

အခန်း ၁၆၃၂

Vol. 109 Ch. 1632

Chapter 1632 သူတော်စင်အဆင့်နှင့် ယှဉ်နိုင်ခြင်း

“မြတ်စွာဘုရား၊ ဒါက အလောင်းကောင်မှန်း အသိသာကြီးကို၊ ဒါတောင် ဒီလောက် ခွန်အားတွေ ရှိနေသေး တာလား၊ ဒီမိစ္ဆာဓားလူငယ် အရင်တုန်းက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းခဲ့တာလဲ”

လူတိုင်း မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။

“ဟားဟား အဲ့ကောင် သေပြီ”

လူတစ်စုက လှောင်ရယ်နေကြသည်။ မိစ္ဆာဓားလူငယ်၏ ဓားချက်သည် အလွန် ကြမ်းတမ်း၍ အစွမ်းထက် သောကြောင့် သူတို့ ပို၍ ယုံကြည်မှု ရှိနေလေသည်။

*လေဟာနယ်ကိုတောင် တစ်စစီ ဖြစ်စေနိုင်တာ တော်တော့်ကို ကြောက်ဖို့ကောင်းနေပြီပဲ*

သို့သော် ယဲ့ဖန်က နောက်မဆုတ်ဘဲ ဓားကိုဆွဲထုတ်၍ ကြိုဆိုလိုက်သည်။ မိစ္ဆာဓားလူငယ်အား စိန်ခေါ်ရန် ရည်ရွယ်ထားခြင်းပင်တည်း။

“ဘာ … သူတော်စင်သခင်အဆင့်ကို ထိပ်တိုက်ရင်ဆိုင်မလို့လား၊ ဒီကောင် ရူးနေတာလား”

လူတိုင်း မှင်တက်သွားပြီး သူတို့ မြင်နေရသော အရာကို မယုံနိုင် ဖြစ်နေကြသည်။ မိစ္ဆာဓားလူငယ်က သေသွားပြီးသား ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်က သူတော်စင်သခင်အဆင့်နှင့် မခြားနားပေ။ သူနှင့် တိုက်ခိုက်ခြင်းက သေလမ်းရှာနေခြင်းသာ။

“ယဲ့ဘုရင်က မောက်မာထောင်လွှားတယ်လို့ ငါ ကြားဖူးတယ်၊ အခု အဲ့စကားက တကယ် ဖြစ်နေတဲ့ပုံပဲ”

“ကောင်းတယ်၊ သူ မောက်မာလေ မြန်မြန်သေလေပဲ ငါတို့လည်း ပိုဘေးကင်းတာပေါ့”

ခက်ထန်သော လှောင်ရယ်သံများ ထွက်ပေါ်လာသည်.

“ပွဲသိမ်းပြီ”

ထိုအခိုက်တွင် မိခင်ဘုရင်မက အထင်အမြင်သေး၍ အလွန် ရွံရှာသော အကြည့်ဖြင့် ရေရွတ်လာသည်။ ယဲ့ဖန် အသက်မရှင်နိုင်ဟု သူ ထင်နေပုံရသည်။

အဘယ်ကြောင့်ဆိုသော် သူမတောင်မှ မိစ္ဆာဓားလူငယ်နှင့် အနီးကပ် တိုက်ပွဲ မတိုက်ရဲသောကြောင့်ပင်။ ယဲ့ဖန်က အလွန် မဆင်မခြင် ပြုမူလွန်းသဖြင့် အသက်ရှင်နိုင်မည် မဟုတ်ပါ။

နှစ်ယောက်သား နီးသထက် နီးကပ်လာသည်။ မီတာတစ်ရာ၊ မီတာ ငါးဆယ်၊ ဆယ်မီတာ။ လူတိုင်း အသက်အောင့် ထားမိပြီး စိတ်လှုပ်ရှားပုံ ပေါ်နေသည်။ ဤမြင်ကွင်းက အနိုင်၊အရှုံးနှင့် ဆက်စပ်နေသည် မဟုတ်ပါတကား။

အနိုင်ရသူက အသက်ရှင်ပြီး ရှုံးနိမ့်သူက သေဆုံးရပေမည်။

အားလုံး ကြည့်နေစဉ်မှာပင် ဓားနှစ်လက်က ထိပ်တိုက် တွေ့လာသည်။

“ဝုန်း”

ကောင်းကင်တစ်ခွင်လုံး တုန်ခါကာ စုတ်ပြဲလာလေသည်။ ဓား၏ အဟုန်နှင့် စွမ်းအင်တို့က မီတာတစ်ရာမက ပျံ့နှံ့သွားပြီး အရာအားလုံးကို ပြာဖြစ်သွားစေသည်။

“ဝုန်း”

ဤစွမ်းအင်ကို မခံနိုင်သဖြင့် တောင်များ ပြိုကျကုန်သည်။ သို့သော် ယဲ့ဖန်က ဓားကိုကိုင်ထားပြီး မိစ္ဆာဓား လူငယ်နှင့် ရင်ပေါင်တန်း၍ ရပ်နေကာ အချင်းချင်း ဖိအားပေးနေပြီး အလျှော့ပေးခြင်း မရှိကြချေ။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ထိုအခိုက်တွင် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်လာကြသည်။ အားလုံး၏ မျက်လုံးတွင် ထိတ်လန့်မှုတို့ ပြည့်နှက် လာသည်။

*ဒီလူက မိစ္ဆာဓားလူငယ်ရဲ့ ဓားချက်ကို တားဆီးနိုင်တာလား*

“ဘာ”

မိခင်ဘုရင်မတောင်မှ ကြောက်လန့်တကြားနှင့် မျက်နှာဖြူရော်သွားပြီး ခါးမတ်သွားပြီး မျက်နှာတွင် အလွန် အံ့ဩဟန် ပေါ်လာ၏။

*ဒီကောင် သူတော်စင်အဆင့်ရဲ့ ဓားချက်ကို တကယ် ခုခံနိုင်တာလား*

*ဒါက*

*ဆန်းကြယ်လိုက်တာ*

*သူတော်စင်အဆင့်က မထင်မှတ်ထားလောက်အောင် ကြောက်စရာ ကောင်းတယ်လေ*

*ဒါက အလောင်းကောင်ဆိုပင်မယ့် လူတွေကို တုန်လှုပ်အောင် လုပ်နိုင်နေပြီ၊ ဒါကို အင်မော်တယ် ရတနာ လို့တောင် ခေါ်လို့ရနေပြီ*

တစ်ချိန်က မိစ္ဆာဓားလူငယ်၏ ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် မိခင်ဘုရင်မသည် ကိုယ့်အသက်ကို သတိထား ခဲ့ရသည်။ သူတော်စင်အဆင့်၏ အရှိန်အဝါကတင် အင်မော်တယ် ဧကရာဇ်အဆင့်ကို သတ်နိုင်ရန် လုံလောက်လေသည်။

ယခု ထိပ်တိုက်ရင်ဆိုင်နေရသော အဖြစ်တွင် ယဲ့ဖန်က မိစ္ဆာဓားလူငယ်၏ တိုက်ခိုက်မှုကို တားဆီးနိုင်သဖြင့် မိခင်ဘုရင်မ မျက်လုံးပြူးနေပြီး ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုပင် ခံစားမိနေသည်။

လက်ရှိတွင် လူတိုင်း ရယ်ပင်မရယ်နိုင်တော့ချေ။

ထိုသို့သောအချိန်တွင် ယဲ့ဖန်က မိစ္ဆာဓားလူငယ်နှင့် ဓားချင်းယှဉ်နေသော်လည်း အချင်းချင်း ထိခိုက်အောင် မလုပ်နိုင်သဖြင့် ဘယ်သူက အနိုင်ရသူလဲ ပြောရခက်ပေသည်။

ထို့နောက် နှစ်ယောက်လုံး ကျန်လက်တစ်ဖက်ဖြင့် တစ်ယောက်ကို တစ်ယောက် ထိုးနှက်လိုက်သည်။ ယဲ့ဖန်၏ လက်သီးက ရွှေရောင် အလင်းတောက်နေပြီး မိစ္ဆာဓားလူငယ်၏ လက်သီးတွင် မိစ္ဆာအငွေ့အသက်တို့ ဝေ့ဝဲနေ၏။

“ဂျွတ် ဂျွတ်”

ထိုအခိုက်တွင် ပြင်းထန်သော လက်သီးချက်နှစ်ခု၏ အရှိန်ကို တောင့်မခံနိုင်သဖြင့် လေဟာနယ် ပျက်စီးကာ မည်းနက်နေသော အစိတ်အပိုင်းတစ်ခု ပေါ်လာသည်။

“ဒုန်း”

လက်သီးချင်း ထိုးမိသောအခါ ပေါက်ကွဲသံ ထပ်မံပေါ်ထွက်လာပြီး ပြင်းထန်သော စွမ်းအင်လှိုင်း ကန်ထွက်လာပြီး အိမ်တစ်လုံး ပြိုကျပြန်သည်။

ချက်ချင်းဆိုသလိုပင် သွေးမိုးများ ရွာသွန်းလာပြီး ထိုသွေးစက် ထိမှန်သွားသည့်လူတိုင်း ချက်ချင်း ခန္ဓာကိုယ် ပေါက်ကွဲ၍ သေဆုံးသွားကြသည်။

ဤသို့သော ယှဉ်ပြိုင်မှုအဆင့်က ကြောက်စရာ ကောင်းလှပြီး လောကကို ဖျက်ဆီးနိုင်လှသည်။

ထို့နောက်တွင်မူ ယဲ့ဖန်နှင့် မိစ္ဆာဓားလူငယ်တို့ ပြိုင်တူ အနောက်သို့ မီတာတစ်ရာမျှ လွင့်ထွက်သွားကြသည်။ ဤတစ်ကြိမ်တော့ ယဲ့ဖန် ဒဏ်ရာ အနည်းငယ် ရလိမ့်မည်ဟု လူတိုင်း ထင်လိုက်သော်လည်း ယဲ့ဖန်က ဘာဒဏ်ရာမှ မရသေးချေ။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*သူတော်စင်သခင်အဆင့်ကို သူ လက်သီးနဲ့ ထိုးလိုက်တာလေ၊ ဒါတောင် သူ ဘာဒဏ်ရာမှ မရဘူးလား*

“မြတ်စွာဘုရား ငါ ဘာမြင်လိုက်တာလဲ၊ ဒီလူရဲ့ ခန္ဓာကိုယ်က သူတော်စင်အဆင့်နဲ့တောင် ယှဉ်နိုင်နေတာလား*”

“မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် လူတစ်ယောက်မှာ ဒီလို သန်မာတဲ့ ခန္ဓာကိုဘ် ရှိနေမှာလဲ”

“မကောင်းဆိုးဝါး၊ သူက မကောင်းဆိုးဝါးလား”

အလန့်တကြား အော်ဟစ်ပြောဆိုသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး လူတိုင်း ကြောက်ရွံ့နေကြသည်။

“သူတော်စင်အဆင့်နဲ့ ယှဉ်နိုင်တာလား”

မိခင်ဘုရင်မတောင်မှ ထိတ်လန့်နေသော မျက်နှာနှင့် မနေနိုင်ဘဲ ထရပ်လိုက်မိသည်။

ဤမြင်ကွင်းက သူမကိုလည်း အံ့ဩစေသည်။ ဤသည်က လုံးဝ ဖြစ်နိုင်ချေ မရှိပေ။ အင်မော်တယ် ဧကရာဇ်အဆင့်၏ ခန္ဓာကိုယ်က သူတော်စင်အဆင့်ကို လုံးဝ မယှဉ်နိုင်ပါ။

ထိုအခိုက်တွင် လူတိုင်း ရယ်ပင်မရယ်နိုင်တော့ဘဲ ငိုသာ ငိုချင်နေ၏။ ဤမြင်ကွင်းက အတော်လေး မျှော်လင့်ချက် မဲ့စေသည်။

မိခင်ဘုရင်မသည် ယခင်လောက် မတည်ငြိမ်တော့ဘဲ အမူအရာက လေးနက်နေပြီး ယဲ့ဖန်အား အလွန် သတိထား၍ ကြည့်နေသည်။

“ဝေါင်း”

ထိုစဉ် ဖြေရှင်းမရသော အသံလှိုင်းတစ်ခု ထပ်မံ ထွက်ပေါ်လာ၏။ တစ်ဖက်တွင် ချုံးချီသည် ကြမ်းကြုတ် သန်မာစွာဖြင့် အရပ်မျက်နှာအနှံ့မှ သားရဲများကို သတ်ဖြတ်နေသည်။ သူ၏ ကျားလက်သည်းအောက်၌ ရှေးဟောင်း သားရဲများအားလုံး ကြက်ကလေး၊ ငှက်ကလေးသဖွယ် အသတ်ခံလိုက်ရသည်။

“ရွှစ်”

ကျားလက်သည်း ကျလာချိန်တိုင်း သွေးများ ပန်းထွက်လာပြီး ချုံးချီကြောင့် ရှေးဟောင်းသားရဲ၏ ဦးခေါင်းများ ပြတ်ထွက်ကာ ရှစ်ပိုင်းပိုင်းပြတ်သွားသည်။

လက်ရှိတွင် ချုံးချီ၏ လက်သည်းများသည် သူ့နီးပါး အရွယ်အစားရှိသော မိစ္ဆာနွားရိုင်း၏ ဦးခေါင်းကို ဖိနင်းထားပြီး ပါးစပ်ကိုဟ၍ ၎င်း၏ လည်ပင်းကို ကိုက်ဖြတ်ကာ မိစ္ဆာနွားရိုင်း၏ သွေးကို အငမ်းမရ သောက်သုံးနေသည်။

သွေးများ အိုင်ထွန်းလာပြီး မြင်ကွင်းက ဆိုးရွားလွန်းလှပြီး မြင်ရုံနှင့်တင် တုန်လှုပ်စေသည်။ ဒါဇင်ချီသော ရှေးဟောင်း သားရဲများ သူ့ကြောင့် တစ်ခဏအတွင်း အသတ်ခံလိုက်ရလေသည်။ ဤသည်က မယုံနိုင်စရာ ကောင်းလွန်းလှသည်။

“ချုံးချီပါလား”

မိခင်ဘုရင်မသည် သူ့အား တွေ့မြင်သွားသည်နှင့် မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး ကြောက်ရွံ့ဟန် ပေါ်လာသည်။

ရှေးခေတ်အခါက တစ်လောကလုံးကို ရန်ပြုခဲ့သော မိစ္ဆာကောင် ဤနေရာ၌ ပေါ်လာလိမ့်မည်ဟု သူမ မယုံနိုင် ဖြစ်နေသည်။ ၎င်း ပျောက်ကွယ်နေသည်မှာ အချိန် အတော်ကြာနေလေပြီ။

ယွင်နိုင်ငံသားများ၏ အမူအရာသည်လည်း အကြီးအကျယ် ပြောင်းလဲသွားသည်။

*ဒီနတ်ဆိုးရဲ့ စီးတော်ယာဉ်ကလည်း ကြောက်ဖို့ကောင်းနေပါလား*

ယဲ့ဖန်က ရက်စက်သလို သူ့စီးတော်ယာဉ်ကလည်း အလွန် ကြောက်မက်ဖွယ် ကောင်းနေ၏။ ဤနည်းအားဖြင့် သူတို့ အသက်ရှင်နိုင်ဦးပါမည်လော။

ဤသည်ကိုကြည့်ပြီး သူတို့၏ စိတ်ထဲ၌ ပိုပို၍ ကြောက်လန့်လာသည။

မိခင်ဘုရင်မသည် ရှေးဟောင်းသားရဲအုပ်တစ်အုပ်နှင့် မိစ္ဆာဓားလူငယ်တို့ကို ပြိုင်တူ ထုတ်သုံးခဲ့သော်လည်း ဘယ်နည်းကမှ ယဲ့ဖန်ကို မသတ်နိုင်ပေ။

*အလယ်ပိုင်းဒေသက နတ်ဆိုးက ကြောက်ဖို့ကောင်းလိုက်တာ*

မိစ္ဆာဓားလူငယ်နှင် ယဲ့ဖန်တို့သည် လွင့်ထွက်သွားပြီးနောက် ချက်ချင်း ပြန်ပြေးတက်လာပြီး တိုက်ခိုက်ကြ လေသည်။

မိစ္ဆာဓားလူငယ်သည် သေဆုံးပြီးသားဖြစ်သောကြောင့် ကြောက်လန့်ခြင်းနှင့် ထိတ်လန့်ခြင်းတို့ မရှိဘဲ ယဲ့ဖန်ကိုသာ အပြတ်ရှင်းချင်နေ၏။

“ကောင်းတယ်”

ယဲ့ဖန် ကြွေးကြော်လိုက်ပြီးနောက် သူ့မျက်နှာတွင် အလွန် သတ်ဖြတ်ချင်စိတ်တို့ ပေါ်လွင်နေကာ အပြုံးကြီး ပြုံးနေ၏။

*ဘာ*

*ဒီကောင်က ရယ်နေနိုင်သေးတာလား*

ပိုင်လီဟုန်နှင့် အခြားသူများအားလုံး အံ့ဩသွားသည်။ သူတော်စင်အလောင်းကောင်ကို ရင်ဆိုင်နေရုံနှင့်တင် မည်သူမဆို ကြောက်လန့်သွားလောက်သော်လည်း ဤနတ်ဆိုးက မကြောက်သည့်အပြင် စိတ်လှုပ်ရှား နေသေးသည်။

*အရူး*

*ဒါ ရူးနေတာပဲ*

*သူ တကယ်ကြီး သူတော်စင် အလောင်းကောင်နဲ့ တိုက်ချင်နေတာပဲ*

*ပြီးတော့ တာအိုအစွမ်းကို မသုံးဘဲ လက်ရည်ချင်း ယှဉ်တဲ့ တိုက်ပွဲကိုလေ*

ယဲ့ဖန်၏ အပြုံးက ပိုင်လီနှင့် အခြားသူများအား ကြက်သီးထသွားစေသည်။

*ဒီနတ်ဆိုးက ကြောက်စရာပဲ*

“ဒုန်း”

ယဲ့ဖန် ခြေဆောင့်လိုက်သောအခါ မြေပြင် ပေါက်ကွဲသွားပြီး မြင်ထန်သော နတ်ဆိုးစွမ်းအင်က‌ ကောင်းကင်ယံသို့ ထိုးတက်လာသည်။ မည်းနက်နေသော အမှောင်ထုက နေအား ဖုံးအုပ်သွားသည်။ ၎င်းတွင် တောတောင် ရေမြေကိုပင် ဝါးမျိုုနိုင်သည့် အရှိန်အဝါတစ်ခု ရှိနေ၏။

“ဒုန်း ဒုန်း ဒုန်း”

ပြင်းထန်သော ပေါက်ကွဲသံက လူတိုင်း၏ နားစည်ကို ရိုက်ခတ်နေသည်။

နှစ်ယောက်လုံးသည် ကောင်းကင်ထက်မှ မြေပြင်၊ မြို့ဘက်မှ ကျေးရွာဘက်အထိ တိုက်ခိုက်နေကြပြီး သူတို့ ဖြတ်သွားသော နေရာတိုင်း၌ အားလုံး ပြာဖြစ်ကုန်သည်။

ထိပ်တိုက် တွေ့ရာမှ ထွက်ပေါ်လာသော အသံလှိုင်းများက အဆောက်အဦးတိုင်းကို ပြိုကျစေသည်။ မိနစ် အနည်းငယ်အတွင်း နှစ်ဖက်လုံး အကြိမ်သုံးရာထက်မနည်း တိုက်ခိုက်ခဲ့ပြီးလေသည်။

နှစ်ဖက်လုံး လက်ရည်တူနေ၏။ လူတိုင်း ချောက်ချားလာကြသည်။ ယဲ့ဖန်က မိစ္ဆာဓားလူငယ်နှင့် အကြိမ်သုံးရာတိတိ တိုက်ခိုက်ခဲ့ပြီး မရှုံးသေးသည်က မယုံနိုင်စရာ ကောင်းလှသည်။

*အလယ်ပိုင်းဒေသက ဒီနတ်ဆိုးက တကယ် ကြောက်ဖို့ကောင်းတာပဲ*

နောက်ဆုံးတွင် ယဲ့ဖန်သည် မိစ္ဆာဓားလူငယ်၏ လက်သီးချက်ကြောင့် လွင့်ထွက်သွားပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။

*ဒဏ်ရာရသွားပြီ*

ဤသည်ကိုကြည့်ပြီး ပိုင်လီဟုန်နှင့် အခြားသူများ စိတ်လှုပ်ရှားလာကာ အောင်ပွဲရောင်နီကို မြင်လာကြသည်။

“ဟားဟား သေချာတာပေါ့၊ အင်မော်တယ် ဧကရာဇ်အဆင့်က သူတော်စင်အဆင့်ကို ယှဉ်နိုင်ဖို့ လိုနေဦးမှာပဲလေ”

ပိုင်လီဟုန်က ခနဲ့ပြုံးနှင့်အတူ ပြောလိုက်ပြီး စိတ်အေးသလို ခံစားလိုက်ရသည်။

“သူ့ကို အပြစ်ပြောရမယ်ဆိုရင် ဘာလုပ်ရမှန်း မသိဘဲ ဆန်းကြယ်မှုတွေ ဖြစ်လာဖို့ ကြိုးစားနေတာကို အပြစ်တင်ရမယ်”

မိခင်ဘုရင်မကလည်း လှောင်ရယ်လာသည်။ အင်မော်တယ် ဧကရာဇ်အဆင့်က သူတော်စင်အဆင့်ကို တိုက်ခိုက်နေခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ။

မိခင်ဘုရင်မက သေချာဟန်နှင့် ပြောလိုက်သည်။

“နောက်ထပ် အကွက်တစ်ရာအတွင်း အဲ့နတ်ဆိုး သေလိမ့်မယ်”

“တော်တော် သန်မာတာပဲ”

ယဲ့ဖန်ကလည်း ချီးကျူးလိုက်သည်။ သို့သော် လှောင်ပြုံး ပြုံးနေဆဲပင်။

“စိတ်မကောင်းစရာက မင်း ငါ့ကို ဒီအရည်အချင်း သတ်ချင်နေတာဆိုရင် မလုံလောက်သေးဘူး အားနည်း လွန်းတယ်”

ချက်ချင်းဆိုသလိုပင် ယဲ့ဖန်က တာအိုလမ်းကြောင်းကို နင်း၍ ဓားဖြင့် ထပ်မံ တိုက်ခိုက်လိုက်သည်။ ထိုအခါ ဓားချီစွမ်းအင်က ပင်လယ်အလား ထွက်ပေါ်လာပြီး မိစ္ဆာဓားလူငယ်အား လွှမ်းခြုံသွားသည်။

“ဝုန်း”

ကောင်းကင်ယံ ပြိုပျက်လာပြီး ကြောက်စရာကောင်းသော ဓားချီစွမ်းအင်က တုနှိုင်းမဲ့စွာ အကြမ်းပတမ်း ပျံ့လွင့် လာသည်။

ထူးဆန်းသော အသံတစ်သံ ထွက်လာပြီးနောက် မိစ္ဆာဓားလူငယ်၏ လက်မောင်းတစ်ဖက် ပြတ်သွားပြီး မြေကြီးပေါ် ပြုတ်ကျလာသည်။

ရုတ်တရက် အားလုံး တိတ်ဆိတ်သွားသည်။ ထိုအခိုက်တွင် လူတိုင်း ကြက်သီးထကာ သေမတတ် ကြောက်လန့် နေ၏။

*ဘာလဲဟ*

*ဒီကောင် သူတော်စင်အဆင့်ရဲ့ ခန္ဓာကိုယ်ကို တကယ် ဖြတ်တောက်နိုင်တာလား*

*ပင်ကိုမှော်လက်နက်ကပဲ သူတော်စင်အဆင့်ရဲ့ ခန္ဓာကိုယ်ကို ဖြတ်တောက်နိုင်တာလေ*

*ဒီဓားက ပင်ကို မှော်လက်နက် ဖြစ်နေတာများလား*

*သေစမ်း*

*ဒီကောင့်မှာ လှည့်ကွက်တွေ ဘယ်လောက်တောင် ရှိနေတာလဲ*

မိခင်ဘုရင်မ၏ မျက်နှာသည်လည်း သုန်မှုန်နေ၏။ ယဲ့ဖန် အကွက်သုံးရာအတွင်း သေလိမ့်မည်ဟု သူမ ပြောခဲ့သော်လည်း ယခု ယဲ့ဖန်ကြောင့် သူမ အရှက်ကွဲနေလေပြီ။

*ဒီကောင်က ဘယ်လိုလုပ် မိစ္ဆာဓားလူငယ်ကို ခုတ်နိုင်တာလဲ*

*သေစမ်း*

*ဘယ်လိုလုပ် ဒီလို မကောင်းဆိုးဝါးမျိုး ရှိနေရတာလဲ*

အားလုံး ကြောက်ရွံ့နေကြသည်။ သူတို့သည် တုံးအသူများ မဟုတ်ပါ။ သွေးအန်ခြင်းနှင့် ခုတ်ဖြတ်ခံရခြင်း၌ မည်သည်က ပိုဆိုးရွားမှန်း နားလည်လေသည်။

လက်တစ်ဖက် ပြတ်သွားသော်လည်း မိစ္ဆာဓားလူငယ်က ဂရုမစိုက်ဘဲ ယဲ့ဖန်ကို ထပ်၍ တိုက်ခိုက်လာသည်။ ဓားချက်က ပိုမိုကြမ်းကြုတ်စွာ ရောက်ရှိလာသည်။

“မသာက ငရဲကိုပဲ သွားသင့်တာ၊ မင်း အေးအေးချမ်းချမ်း အနားယူလိုက်တော့”

သို့သော် ယဲ့ဖန်က ပျက်ရယ်ပြ၍ သွေးဆာနေသော အပြုံးမျိုး ပြုံးလိုက်သည်။

“အဆုံးအစမဲ့ ငရဲဓားချက်”

လွှမ်းမိုးဖိနှိပ်နိုင်သော ဓားချက်တစ်ချက် ကျရောက်လာလေသည်။ သို့သော် ထိုအခိုက်တွင် မိခင်ဘုရင်မက လှောင်ပြုံး ပြုံးလိုက်ပြီး လက်ညှိုးဖြင့် ညွှန်လာသည်။ သူတော်စင်အလင်း ထွက်ပေါ်လာပြီး တာအိုသင်္ကေတများ ပေါ်လာကာ မိုးမြေကိုပင် ဖျက်ဆီးနိုင်သည့် အရှိန်အဝါတစ်ခုကို ဖျက်ဆီးပြီး ယဲ့ဖန်ထံသို့ အရှိန်ဖြင့် ကျရောက် လာသည်။

ချောင်းမြောင်းတိုက်ခိုက်ခြင်းပင်။

“ယီးပဲ”

ယွီထျန်းရွှမ်နှင့် အခြားသူများ အကြီးအကျယ် မျက်နှာပျက်သွားသည်။ မိခင်ဘုရင်မက အလွန် အရှက်မဲ့ပြီး ချောင်းမြောင်း တိုက်ခိုက်လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

မိခင်ဘုရင်မသည် ယဲ့ဖန်ကို သေသင့်သည်ဟု ထင်သော်လည်း မည်သည့် ပြဿနာမှ မဖြစ်စေချင်ပါ။ သူမ အဘယ် အမှားကိုမှ ဖြစ်ခွင့်ပေးမည် မဟုတ်ပါ။ သူမ နာမည်ဆိုးဖြင့် ကျော်ကြားမည် ဆိုလျင်တောင်မှ ချောင်းမြောင်း တိုက်ခိုက်ရန် တုံ့ဆိုင်းနေမည် မဟုတ်ပေ။

All Chapters