← Chapters

အခန်း ၁၆၃၃

Vol. 109 Ch. 1633

အခန်း ၁၆၃၃

Vol. 109 Ch. 1633

Chapter 1633 အင်မော်တယ် ဧကရာဇ်အဆင့်က သူတော်စင်အဆင့်ကို သတ်ခြင်း

“ရွှစ် ရွှစ်”

ယဲ့ဖန်၏ ကျောပြင်တွင် သွေးစင်းကြောင်းရာ နှစ်ခု ဖြစ်ပေါ်နေပြီး သွေးများ ပန်းထွက်လာကာ သူ့အား ရုတ်တရက် တုန်ယင် သွားစေသည်။

“မိခင်ဘုရင်မ အင်မော်တယ် ဧကရာဇ်အဆင့်ဖြစ်ပြီး ချောင်းမြောင်း တိုက်ခိုက်ရဲရလား၊ တစ်လောကလုံး ခင်ဗျားကို ရယ်နေမှာကို မကြောက်ဘူးလား”

ယွီထျန်းရွှမ်က မိခင်ဘုရင်မကို အော်ပြောလိုက်သည်။ မိခင်ဘုရင်မက ကောက်ကျစ်သော အပြုံးမျိုး ပြုံးလိုက်သည်။

“စစ်သားဆိုတာ လှည့်စားရဖို့ မပျင်းဘူး၊ ရန်သူကို အနိုင်ရမယ်ဆိုရင် ကိုယ် ဘာနည်းသုံးလဲဆိုတာကို ဘယ်သူက အရေးစိုက်နေမှာလဲ”

“ဟားဟား ဟုတ်တယ်၊ ကောက်ကျစ်တဲ့ ပရိယာယ်တိုင်းက အန္တရာယ်များတဲ့ လှည့်ကွက်ပဲ၊ အဲ့ဒါတွေက လူတွေကို သတ်နိုင်တဲ့ ကောင်းမွန်တဲ့ ပရိယာယ်ပဲလေ”

ပိုင်လီဟုန်ကလည်း သံယောင်လိုက် ပြောလာသည်။ လူတိုင်း၏ မျက်နှာတွင် စိတ်လှုပ်ရှားဟန်များ ပြည့်နှက်နေ၏။

*ဒီလူ မသေဘဲ နေမလား*

ထိုအချိန်တွင် မိစ္ဆာဓားလူငယ်၏ ဓားက ပြင်းထန်ကြမ်းကြုတ်စွာဖြင့် ယဲ့ဖန်ထံ ကျရောက်လာပြီးနောက် သူ အောက်ပြုတ်ကျကာ တောင်တန်း တစ်ခုကိုပါ ထိမှန်သွားပြီး တောင်ထိပ်တစ်ခုလုံး ပျက်စီးသွားသည်။

“အရှင်မင်းမြတ်”

ဤသည်ကိုမြင်သော် ယွီထျန်းရွှမ်နှင့် အခြားသူများ မျက်လုံးပြူးသွားပြီး မျက်နှာတွင် အလွန် စိုးရိမ်ဟန် ပေါ်လာသည်။

“သူတို့နဲ့ တိုက်မယ်”

ချက်ချင်းဆိုသလိုပင် ယွီထျန်းရွှမ်က အော်ဟစ်လိုက်ပြီး မိခင်ဘုရင်မနှင့် အခြားသူများကို မုန်းတီးသော အကြည့်များဖြင့် ကြည့်လာသည်။

“တိုက်မယ် ဟုတ်လား၊ မင်းလို အမှိုက်ကလေ”

မိခင်ဘုရင်မက အထင်သေးသော မျက်နှာနှင့် လှောင်ရယ်လေသည်။

ယခု ယဲ့ဘုရင်က အထိနာသွားလေပြီ။ ဤလူများထဲတွင် သူမပြိုင်ဘက် ဖြစ်နိုင်သူ တစ်ယောက်မှ မရှိချေ။ သူမ ဤအမှိုက်ကောင်များကို ခွေးသတ်သလို သတ်နိုင်၏။

“နေဦး”

ထိုအခိုက်တွင် ရှုဖူက ဝင်ပြောလာပြီး ယွီထျန်းရွှမ်နှင့် အခြားသူများအား တားဆီးလာသည်။

“သခင်ကြီးရှု၊ ဘေးဖယ်နေပါ၊ ကျုပ်တို့ အရှင်မင်းမြတ်အတွက် လက်စားချေချင်တယ်”

“ဟုတ်တယ် ဒီရွံရှာဖို့ကောင်းပြီး အရှက်မရှိတဲ့လူတွေက စစ်ပွဲရဲ့ ဝိသေသကိုတောင် ဂရုမစိုက်ဘူး၊ သူတို့က အနောက်ကနေတောင် ချောင်းတိုက်သေးတယ်၊ သူတို့ကို အကြိမ်တစ်ထောင် သတ်ရင်တောင် အမုန်းတရားကို မချေဖျက်နိုင်ဘူး”

ယခု ယဲ့ဘုရင်က အပြင်းအထန် ဒဏ်ရာရသွားပြီး သေသလား၊ ရှင်မလား မသိနိုင်ပေ။ ဤသည်ကို သူတို့ ဘယ်လိုလုပ် လျစ်လျူရှုထားနိုင်မည်နည်း။ သူတို့ လက်စားချေကိုချေမှဖြစ်မည်။

ရှုဖူက ခံစားချက်ကင်းမဲ့စွာ ပြောလာသည်။

“အရှင်မင်းမြတ်ကိုယ်တိုင် လက်တုံ့ပြန်လိမ့်မယ်”

ယွီထျန်းရွှမ်နှင့် အခြားသူများ အံ့ဩသွားသည်။

*ရှုဖူ ကန်းနေတာလား၊ အရှင်မင်းမြတ် အထိနာသွားတာကို မမြင်ဘူးလား*

*အခု သူ မသေရင်တောင်မှ ဒုက္ခိတ ဖြစ်နေလောက်ပြီ*

“သခင်ရှု ခင်ဗျား နောက်နေတာလား၊ အရှင်မင်းမြတ်က ဘယ်လိုလုပ် လက်တုံ့ပြန်နိုင်မှာလဲ”

ယွီထျန်းရွှမ်က ရှုဖူအား အေးစက်စွာ ကြည့်နေသည်။ ရှုဖူက သူ့ကို ပြန်ကြည့်လာ၏။

“မင်းတို့ အဲ့လူရဲ့ ခွန်အားကို အထင်သေးနေတာပဲ၊ ပြီးတော့ မင်းတို့ သူ့ရဲ့ ကြောက်စရာကောင်းပုံကို အထင်သေးနေတယ်၊ သူက … ကျူးလုံ ဧကရာဇ်ပဲ”

ယွီထျန်းရွှမ်နှင့် အခြားသူများ ထိတ်လန့်သွားပြီး ယဲ့ဖန် ပြုတ်ကျသွားသော နေရာသို့ ငုံ့ကြည့်လိုက်ကြသည်။

ထိုအခိုက်တွင် ယွီထျန်းရွှမ်နှင့် အခြားသူများ၏ အမူအရာကိုကြည့်ပြီး မိခင်ဘုရင်မနှင့် ပိုင်လီဟုန်တို့လည်း မှင်တက်သွားပြီး လိုက်ကြည့်လိုက်သည်။

ထိုအခါ သူတို့ ပါးစပ် အဟောင်းသား ဖြစ်သွားပြီး မျက်နှာ အကြောအချဉ် တောင့်တင်းသွားသည်။

ထိုနေရာ၌ လူသေသဖွယ် လဲနေသော ယဲ့ဖန်သည် တဖြည်းဖြည်း ပြန်ထလာပြီး သူ့ကိုယ်မှ ဖုန်များကို ခါနေကာ မျက်နှာက ခံစားချက် ကင်းမဲ့၍ ထောင်လွှားနေသည်။

*ဘာမှမဖြစ်တဲ့ပုံပဲ*

*အဆင်ပြေနေတာလား*

*မိခင်ဘုရင်မနဲ့ မိစ္ဆာဓားလူငယ်တို့ရဲ့ တိုက်ခိုက်တာကို ခံရတာတောင် ဘယ်လိုလုပ် ဒီလူက မတ်တပ်ရပ် နိုင်သေးတာလဲ*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ဤမြင်ကွင်းကိုကြည့်ပြီး လူတိုင်း ခြေထောက်များ ပျော့ခွေလာသလို ခံစားလိုက်ရပြီး ကြောက်လန့်လာကြသည်။

ထိုစဉ် ယဲ့ဖန်က မိခင်ဘုရင်မနှင့် အခြားသူများကို စူးရှလေးနက်သော အကြည့်ဖြင့် ကြည့်လာပြီး ထိုအကြည့်တွင် မုန်းတီးခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ ပါဝင်နေသည်။

ဤအကြည့်က အလွန် ခက်ထန်လွန်းလှသည်။ ချောက်နက်တမျှ နက်ရှိုင်းသော အကြည့်ပင်။

ထိုအခိုက်တွင် မိခင်ဘုရင်မတောင်မှ ကြောက်လန့်သလို ခံစားလိုက်ရပြီး မျက်နှာတွင် ကြောက်စိတ်နှင့် မယုံနိုင်စိတ်တို့ ပြည့်နှက်နေ၏။

သူမ ထိတ်လန့်နေသည်။ ထိုကြောက်စရာကောင်းသော အကြည့်က သူမကို တစ်စစီ မစုတ်ဖြဲရမခြင်း လက်လျှောမည့်ပုံ မပေါ်သလိုပင်။

အစောပိုင်းက သူမ၏ တိုက်ကွက်က နတ်ဆိုးကို ဒဏ်ရာမရစေရုံသာမက ဒေါသထွက်အောင် လုပ်လိုက်မိသည်ကို မိခင်ဘုရင်မ သတိထားမိသွားသည်။

ယခု သူမ ဤနတ်ဆိုး၏ ကြောက်စရာကောင်းသော ဒေါသကို ရင်ဆိုင်ရပေမည်။ မွေးကတည်းက ယခုအချိန်အထိ အလွန် ကြောက်စရာကောင်းသော ခံစားချက်ကို မိခင်ဘုရင်မ ပထမဆုံးအကြိမ် ခံစားမိခြင်း ပင်တည်း။

“ဝိညာဉ်ပြောင်းခြင်း”

ရုတ်တရက် မိခင်ဘုရင်မက အသည်းသအန် အော်ဟစ်လာပြီး သူမခန္ဓာကိုယ်မှ ပြင်းထန်သော မိစ္ဆာအငွေ့အသက်က လှိုင်းလုံးအလား ပျံ့လွင့်လာသည်။

ထို့နောက် မိခင်ဘုရင်မ၏ ဝိညာဉ်သည် ခန္ဓာကိုယ်မှ စွန့်ခွာလာပြီး မိစ္ဆာဓားလူငယ်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။ သူမ ဝိညာဉ်ကို ကူးပြောင်းလိုက်ခြင်းပင်။

ထို့နောက် တာအိုသင်္ကေတများက မိစ္ဆာဓားလူငယ်၏ ခန္ဓာကိုယ်တါင် ပေါ်လာပြီး ဥပဒေသတို့ဖြင့် ရောနှော သွားပြီး ရှေးနတ်ဘုရား ပြန်ရှင်လာသကဲ့သို့ ဆန်းကြယ်၍ ကြောက်စရာ ကောင်းနေသည်။

လက်ရှိတွင် မိစ္ဆာဓားလူငယ်၏ ခန္ဓာကိုယ်ကို မိခင်ဘုရင်မက ထိန်းချုပ်ထားသောကြောင့် တာအိုစွမ်းအင်ကို သုံးနိုင်လေပြီ။

သူသည် ရှေးခေတ်က လာခဲ့သော သက်ရှိ သူတော်စင်ကဲ့သို့ အလွန် ကြောက်စရာ ကောင်းနေ၏။

“သူတော်စင်အဆင့်ရဲ့ ခန္ဓာကိုယ်ကို ငါ့တာအိုစွမ်းအင်ပါ ပေါင်းလိုက်တော့ နင် ဘယ်လို အသက်ရှင်မလဲ ကြည့်ရသေးတာပေါ့”

မိခင်ဘုရင်မက ကြောက်စရာကောင်းလောက်အောင် ရယ်မောနေပြီး မိစ္ဆာဓားလူငယ်၏ ခန္ဓာကိုယ်ထဲ ဝင်လိုက်သောကြောင့် ပုံမှန်မဟုတ်သော စွမ်းအင်စီးကြောင်းက သူမကိုယ်အနှံ့ စီးဆင်းနေ၏။

ထိုစကား ထွက်ပေါ်လာသည်နှင့် လူတိုင်း ထိတ်လန့်သွားသည်။

*သေစမ်း ဒါ သက်ရှိ သူတော်စင်အဆင့်ကို ရင်ဆိုင်နေရတာနဲ့ အတူတူပဲလေ*

*ယဲ့ဖန်အတွက် ဘယ်လိုလုပ် နိုင်နိုင်ချေ ရှိမှာလဲ*

*မိခင်ဘုရင်မမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ နည်းလမ်း ရှိလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ဒါ သူတော်စင်အဆင့်ကို တက်လှမ်းနိုင်တာနဲ့ အတူတူပဲ မဟုတ်လား*

“အရှင်မင်းမြတ် ထွက်ပြေးပါတော့”

ယွီထျန်းရွှမ်က ယဲ့ဖန်ကို အော်ပြောလေသည်။ ယဲ့ဖန် မည်မျှ သန်မာနေပါစေ တစ်ဖက်လူက သူတော်စင်အဆင့် ဖြစ်သည်။ နှစ်ဖက် ယှဉ်တိုက်လျင် နိုင်ရန် မဖြစ်နိုင်ပါ။

“ထွက်ပြေး ဟုတ်လား၊ အရမ်း နောက်ကျသွားပြီ၊ ဒီနေ့ နင်တို့အားလုံး ဒီမှာ သေရမယ်”

မိခင်ဘုရင်မက အားပါးတရ ရယ်မောလိုက်ပြီးနောက် ဧရာမဓားကိုဝင့်၍ စတင် သတ်ဖတ်လေသည်။ ပြင်းထန်သော လေထုက မျက်နှာကို ရိုက်ခတ်လာ၏။

တာအိုစွမ်းအင် တုန်ခါသွားရသည်။

မိခင်ဘုရင်မသည် စွမ်းအင်အားလုံးကို ထုတ်ဖော်ထားပြီး တစ်ကိုယ်လုံး ယန်စွမ်းအင်တို့ဖြင့် တောက်ပနေကာ မျက်လုံးများက သမုဒ္ဒရာအလား နက်ရှိုင်းနေသည်။

လက်ရှိတွင် မိစ္ဆာဓားလူငယ်နှင့် တာအိုစွမ်းအင်တို့ သဟဇာတ ဖြစ်နေပြိး ပုံရိပ်က လူနှင့် သဘာဝတို့ ပေါင်းစပ်နေသော ခံစားချက်မျိုး ဖြစ်နေကာ အလွန် မူမမှန်လှပေ။

ထိုစည် ပြင်းထန်သော ဓားစွမ်းအင်က ရုတ်တရက် ကျရောက်လာပြီး တောင်တန်းများအားလုံး တုန်ခါသွားသည်။ ထိုစွမ်းအင်က လောကကို ဖျက်ဆီးနိုင်၏။

“ယဲ့ဘုရင် နင် သေလိုက်တော့”

မိခင်ဘုရင်မက အော်ပြောပြီး အားပါးတရ ရယ်လေသည်။ ယဲ့ဖန် မျက်မှောင်ကြုတ်နေသပြီး ဓားကိုဝင့်၍ ပြန်လည် တိုက်ခိုက်လိုက်သည်။ ရုတ်တရက် တောက်ပသော ရောင်စဉ် ဖြာလာပြီး မီးတောင် ပေါက်သကဲ့သို့သော အသံ ဖြစ်နေသည်။

ပြင်းထန်သော ဓားစွမ်းအင်က လှိုင်းလုံးအလား ပျံ့နှံ့လာသည်။

“ဝုန်း”

ကြီးမားသော တောင်ဆယ့်ငါးလုံး နှစ်ခြမ်းပြတ်သွားပြီး ခါးလယ်မှ တိခနဲ ပြိုလဲကုန်သည်။

ဓားချင်း ထိပ်တိုက်တွေ့ဆုံကာ နှစ်ယောက်အလယ်မှ ပြင်းထန်သော စွမ်းအင်တစ်ခု ပျံ့လွင့်လာလေသည်။ ထိုအခိုက်တွင် မြေဆီလွှာ အက်ကွဲကာ ကောင်းကင်ယံ တုန်ခါလာ၏။

ဤမြင်ကွင်းက ကြောက်စရာ ကောင်းလှသည်။ ထောင်ချီသော အလင်းတန်းများ ဖြာထွက်လာပြီး လှပသော်လည်း မရဏ အငွေ့အသက် ပြင်းထန်ကာ ၎င်းတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းက အမှုန့် ဖြစ်ကုန်သည်။

“အခုလောက်ဆို အဲ့နတ်ဆိုး သေသင့်ပြီ မဟုတ်လား”

လူအများသည်လည်း မျှော်လင့်တကြီးဖြင့် ကြည့်နေပြီး ယဲ့ဖန် သေရန် ဆုတောင်းနေ၏။

သူတို့ အစောပိုင်းက ယဲ့ဖန်ကို မလေးမစား လုပ်ခဲ့သည်။ အကယ်၍ ယဲ့ဖန် မသေလျင် သူတို့ သေရပေလိမ့်မည်။

“သောက်ရေးမပါတာ၊ ဒါ သူတော်စင်အဆင့် တိုက်ခိုက်တာကွ၊ မိစ္ဆာဓားလူငယ်ရဲ့ ခန္ဓာကိုယ်ထဲ မိခင်ဘုရင်မ ဝင်ပူးနေတာလေ၊ ဘယ်လိုလုပ် ယဲ့ဘုရင် အသက်ရှင်မှာလဲ၊ သူ သေမှာပဲ”

‘မိခင်ဘုရင်မက ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ နည်းလမ်းတွေ ရှိတာပဲ၊ ယွင်နိုင်ငံရဲ့ မိခင်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်”

သို့သော် ရုတ်ရုတ်သဲသဲ ဖြစ်ခြင်း ငြိမ်သက်သွားပြီးနောက် ပုံရိပ်တစ်ခု ပေါ်လာသည်။

ယွင်နိုင်ငံသားများအားလုံး ဝမ်းသာသော မျက်နှာများနှင့် ထိုပုံရိပ်ထံ ဒူးထောက်လိုက်ကြသည်။

“နတ်ဆိုးကို သတ်ပေးတဲ့အတွက် မိခင်ဘုရင်မကို ကျေးဇူးတင်ပါတယ်”

“နတ်ဆိုးကို သတ်ပေးတဲ့အတွက် မိခင်ဘုရင်မကို ကျေးဇူးတင်ပါတယ်”

သူတို့၏ စိတ်ထဲတွင် အနိုင်ရသူက မိခင်ဘုရင်မ ဖြစ်ကိုဖြစ်ရမည်ဟု ထင်နေသည်။ စိတ်ကူးက လှပသော်လည်း လက်တွေ့က ရက်စက်လှပေသည်။

ဖုန်မှုန့်များလွင့်ပြယ်သွားချိန်တွင် ထိုပုံရိပ်အား ပီပီပြင်ပြင် မြင်လိုက်ရသည်။ လူတိုင်း သေချာ မြင်လိုက်ရ သောအခါ အပြုံးများ ပျောက်ကွယ်သွားလေသည်။

သူတို့အရှေ့မှ ရှင်ကျန်သူသည် မိစ္ဆာဓားလူငယ် မဟုတ်ဘဲ ယဲ့ဘုရင် ဖြစ်နေ၏။

သူသည် ကြံ့ခိုင်သော ကိုယ်ခန္ဓာဖြင့် ဂုဏ်ယူစွာ ရပ်နေပြီး ထီမထင်သော အမူအရာ ရှိနေကာ လက်ထဲ၌ ခေါင်းပြတ် တစ်လုံးကို ကိုင်ထားသည်။

ထိုခေါင်းပြတ်မှာ မိစ္ဆာဓားလူငယ်၏ ဦးခေါင်း ဖြစ်နေ၏။ သူ့အနောက်တွင် ဦးခေါင်းမဲ့နေသော မိစ္ဆာဓားလူငယ်၏ ခန္ဓာကိုယ်က တဖြည်းဖြည်း လဲကျသွားသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

လူတိုင်း မျက်လုံးပြူးနေပြီး မယုံနိုင်သကဲ့သို့ ဖြစ်နေကြသည်။

*သူတော်စင်အဆင့်က တိုက်ခိုက်တာတောင် ဒီနတ်ဆိုးကို မသတ်နိုင်ဘဲ သူ့ဆီမှာပဲ ခေါင်းဖြတ်ခံလိုက်ရတာလား*

*အထင်မှားတာ*

*ဒါ သောက်ရမ်း အထင်မှားတာပဲ ဖြစ်မယ်*

ယွင်နိုင်ငံမှလူများအားလုံး အော်ဟစ်ငိုယိုနေပြီး အလွန် ကြောက်လန့်နေကြသည်။ သူတို့စိတ်ထဲမှ ကြောက်စိတ်က အလွန် ကြီးမားလှသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မိခင်ဘုရင်မနဲ့ သူတော်စင် အလောင်းကောင် အတူတူ တိုက်တာလေ၊ သူ့ကို သတ်တာက လွယ်နေသင့်တာကို ဘယ်လိုဖြစ်ရတာလဲ”

“ငါ မသေချင်ဘူး၊ မိခင်ဘုရင် ကယ်ပါဦး”

“ကျုပ် ဝန်ခံပါတယ်၊ ယဲ့ဘုရင် ကျုပ် ဝန်ခံပါတယ်၊ ကျုပ်ကို မသတ်ပါနဲ့၊ ဝါး…”

ပိုင်လီဟုနတောင်မှ အံ့ဩနေ၏။ ကိစ္စများက မိခင်ဘုရင်မ ရှုံးသွားသော အခြေအနေသို့ ရောက်သွားလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိပါ။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ထိုအချိန်တွင် မိခင်ဘုရင်မ၏ စိတ်ဝိညာဉ်က မိစ္ဆာဓားလူငယ်၏ ခန္ဓာကိုယ်မှ စွန့်ခွာလာပြီး သူမ၏ မူလကိုယ်ထဲ ပြန်ဝင်သွားသည်။

သူမ မျက်လုံးတွင် ကြောက်စိတ်တို့ ပြည့်နေ၏။ အစောပိုင်းက သူမ ယဲ့ဖန်ထံ၌ ခေါင်းပြတ်လုနီးပါး ဖြစ်ခဲ့သည်။ ဤလူက ထိုမျှ‌ ကြောက်စရာ ကောင်းလိမ့်မည်ဟု သူ ထင်မထားမိပါ။

ယွီထျန်းရွှမ်နှင့် အခြားသူများလည်း နားဝေတိမ်တောင် ဖြစ်နေ၏။ သူတို့အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကာ မယုံနိုင်သလို ဖြစ်နေကြသည်။

*အင်မော်တယ် ဧကရာဇ်အဆင့်က သူတော်စင်အဆင့်ကို သတ်လိုက်နိုင်တာလား*

*ဒါက သေမျိုးတွေက ကောင်းကင်ဘုံကို ထိုးဖောက်ချင်တယ်လို့ ပြောတာလိုပဲ အံ့ဩဖို့ ကောင်းတယ်*

*ထူးဆန်းတယ်*

“ဆက်တိုက်လေ မဟုတ်ရင် မင်း ဘာအခွင့်အရေးမှ မရဘူး”

ယဲ့ဖန်က ဂရုမစိုက်သော အမူအရာနှင့် ပြောလိုက်သည်။

“သတ်မယ်”

မိခင်ဘုရင် ဒေါကန်သွားပြီး ရှေ့သို့ပြေးတက်လာပြီး ရောင်စုံဖဲကြိုးများက ယဲ့ဖန်ထံ ကျရောက်လာ၏။

အရောင်များ ကခုန်နေပုံက နတ်ဘုရားတစ်ပါး ကနေသကဲ့သို့ ထင်ရပြီး အရှိန်အဝါက ယဲ့ဖန်ကို သတ်ဖြတ်ရန် ကြိုးစားလာသည်။

ယဲ့ဖန် လှောင်ရယ်လိုက်ပြီး ဓားကိုကိုင်၍ ပြန်လည် တိုက်ခိုက်လိုက်သောအခါ ပျောက်ကွယ်သွားလေသည်။ နှစ်ဖက်လုံးက တစ်ယောက်ကို တစ်ယောက် သတ်ဖြတ်ရန် အစွမ်းကုန် ကြိုးစားနေကြသည်။

ရှေးနတ်ဘုရား နှစ်ပါး၏ တိုက်ပွဲက အားလုံးကို ပျက်စီးစေနိုင်လောက်သည်။ ကြမ်းတမ်းသော တိုက်ကွက်များ အဆက်မပြတ် ထွက်ပေါ်လာသည်။

အောက်ဘက်မှ လူသားများသည် တိုက်ပွဲအား လုံးဝ မကြည့်နိုင်ဘဲ ကြောက်လန့်ကာ သူတို့ကိုပါ ထိမည်စိုး၍ ဝေးရာသို့ ပြေးကြသည်။

ထိုအခိုက်တွင် ယဲ့ဖန်၏ လူသတ်ချင်စိတ်က ပွက်ပွက်ဆူနေပြီး နတ်ဆိုးစွမ်းအင်က မိုးအထိ ထိုးတက်နေကာ ဓားအစွမ်းက ကောင်းကင်ကိုပင် ပျက်စီးနေစေသဖြင့် ထိတ်လန့်စရာ ကောင်းလှသည်။

သူ၏ ဓားချက်က တောတောင်မြစ်ချောင်းအား ပျက်စီးစေသည်။ ဤတိုက်ပွဲ၏ အရှိန်အဝါက ရေမြေသဘာဝကို အသာလေး ဖျက်ဆီးနိုင်ပေ၏။

“ဝေါ့”

ပိုင်လီဟုန်နှင့် အခြားသူများ သွေးအန်စပြုလာပြီး ယဲ့ဖန်တို့နှစ်ယောက်၏ အရှိန်အဝါက သူတို့ကို သေလုနီးပါး ဖြစ်စေကာ သေမျိုးအများစုပင် တန်း၍ သေဆုံးသွားပြီး အရိုးပင် မကျန်တော့ချေ။

အင်မော်တယ် ဧကရာဇ်အဆင့်များဖြစ်သော ယွီထျန်းရွှမ်တို့တောင်မှ ကြောက်လန့်နေ၏။ အင်မော်တယ် ဧကရာဇ်အဆင့်ဖြစ်သော်လည်း ယဲ့ဖန်တို့ နှစ်ယောက်၏ ဖိအားကြောင့် ဖိနှိပ်ခံထားရသလို ခံစားနေရလေသည်။

All Chapters