← Chapters

ညရဲ့ နှလုံးသား

Vol. 139 Ch. 1914

ညရဲ့ နှလုံးသား

Vol. 139 Ch. 1914

ထိုအဘိုးအိုကျိုးက ဝမ်လင်းသည် အာရုံစိုက်ဖို့ ထိုက်တန်သည်ဟု လုံးဝ မယူဆထားပေ။ ဝမ်လင်းသည် အကြီးအကဲတစ်ယောက် ဖြစ်သော်လည်း သူ့ကျင့်ကြံမှုအဆင့်က နိမ့်နေ၏။ သူက ဝမ်လင်းသည် ဒီအကြီးအကဲအဆင့်အတန်းကို ရဖို့ ပတ်သတ်မှုအချို့အား အသုံးပြုခဲ့မည်ဟု ယူဆထားသည်။

သည်လိုအရာမျိုးက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ကလန်များကြား ရှိတတ်ပေ၏။ ကျင့်ကြံမှုအဆင့်နိမ့်သော်လည်း အကြီးအကဲနေရာရထားသူများစွာ ရှိသည်။ သူတို့ကို ကလန်က တန်ဖိုးထားခြင်း မရှိဘဲ ဖော်ရှိုးမျှသာ။

သည်လိုလူမျိုးက တိုက်ပွဲကွင်းပြင်သို့ ဝင်ရောက်လာသည်နှင့် သူတို့၏ အစစ်အသွင်ကို ဖော်ပြကြလိမ့်မည်။ အဘိးအိုကျိုးက ထိုသို့သောလူစားမျိုးကို အထင်သေးပေ၏။ သူ့အမူအရာဖြင့် ထိုအထင်သေးမှုကို မဖော်ပြသော်လည်း သူ့အေးစက်စက် စကားတို့ကတော့ ဝမ်လင်းကို အလေးမထားသည်ကို ဖော်ပြနေ၏။

“အရင်တုန်းက တိုက်ပွဲမှာ သူ အကျိုးဆောင်ခဲ့တာကို ငါ မမြင်ခဲ့ရဘူး။ ဒါပေမဲ့ အကြီးအကဲလုက သူ့ကို ကင်းလှည့်ခိုင်းခဲ့တဲ့ဟာ အဓိပ္ပာယ်အချို့ ရှိလိမ့်မယ်။ ဒီလူဟာ အကြီးအကဲလုလို မဟာစိတ်ဝိညာဉ်ကလန်က အဆင့်အတန်းမြင့်တဲ့သူက သဘောမကျတဲ့သူ ဖြစ်နေမှာ ငါ စိုးရိမ်မိတယ်…”

အဘိုးအိုကျိုးက ဝမ်လင်း၏လှိုဏ်ဂူတံခါး အပြင်ဘက်တွင် ရပ်နေရင်း ထိုသို့ တွေးနေ၏။

သူက အခြေအနေကို ဖတ်ရှုရာ၌ တော်သူပင်။ ထိုဝမ်လင်းက အကြီးအကဲဖြစ်၍ နန်းတော်တစ်ခုကို ရွေးချယ်သင့်သော်လည်း သူက နေထိုင်ဖို့ လှိုဏ်ဂူတစ်ခုကိုသာ ရွေးချယ်ခဲ့တာ ဖြစ်၏။ ဤသည်က ပြဿနာများကို ဖော်ပြနေရာ ရောက်သည်။

သူ၏အေးစက်စက်စကားလုံးများက ဝမ်လင်း၏လှိုဏ်ဂူထဲ၊ သူ့နားထဲ ဝင်ရောက်လာ၏။ ဝမ်လင်းက မျက်လုံးဖွင့်လာသည်။ သူ၏အကြည့်က လုံးဝ တည်ငြိမ်နေပေသည်။ ထိုသို့ အကြွင်းမဲ့တည်ငြိမ်မှုမျိုးက ကြောက်မက်ဖွယ်ပင် ကောင်းနေသည်။

သူ၏ပုံရိပ်က အမှောင်ထုထဲ၌ ရှိနေ၏။ သူက အမှောင်ထုနှင့် ပေါင်းနေခြင်းပင်။ သူ့ဆံပင်ဖြူကိုပင် အမှောင်ထုက အရောင်ဆိုးထားသည်။

“အကြီးအကဲဝမ်…ဒီအဘိုးအိုရဲ့ စကားကို ကြားလား…”  အဘိုးအိုကျိုးက မျက်မှောင်ကြုတ်သွား၏။ သူက လှိုဏ်ဂူအပြင်ဘက်တွင် ရောက်နေသည်မှာ အသက်ရှချိန်ဆယ်ကြိမ်စာ ကျော်လာခဲ့ပေပြီ။ သို့ပေမည့် လှိုဏ်ဂူအတွင်း၌ ဝမ်လင်းသည် လူသေတစ်ယောက်ကဲ့သို့ ပြုမူနေကာ တစ်စက်လေးမျှ ပြန်မတုန့်ပြန်ပေ။

ထိုအခါ အဘိုးအိုကျိုးက စိတ်မရှည်ဖြစ်လာ၏။ သူက ဝမ်လင်း တုန့်ပြန်သည်ကို စောင့်မနေတော့ဘဲ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ ဝမ်လင်း၏လှိုဏ်ဂူတံခါးပေါ်၌ အက်ကြောင်းများ ပျံ့လာ၏။

ဘန်းခနဲ မြည်ဟိန်းကာ ထိုတံခါးသည် ပျက်စီးသွားသည်။

ထိုတံခါး ပျက်စီးသွားသည့်အခါ အဘိုးအိုကျိုးက အေးစက်စက်နှာခေါင်းရှုံ့ကာ လှမ်းဝင်လာ၏။ သူ လှမ်းဝင်လာရုံ ရှိသေး သူက ရုတ်တရက် ရပ်သွား၏။ သူက လှိုဏ်ဂူအတွင်း၌ ထိုင်၍ သူ့ထံ အေးစက်စက် ကြည့်နေသော ဝမ်လင်းကို လှမ်းမြင်သည်။

ထိုအေးစက်စက်အကြည့်က အဘိုးအိုကျိုး၏ စိတ်နှလုံးကို ခုန်ပေါက်သွားစေသည်။ သူ့တကိုယ်လုံး ချွေးများစို့လာသည်။ သူက လုဝမ်ရန် သူ့ကို စိုက်ကြည့်ခြင်း ခံရသလိုမျိုး အခု ခံစားမိနေရ၏။ သည်ခံစားချက်က သူ့သွေးစီးဆင်းနှုန်းကိုပါ မြန်ဆန်စေသည်။

“ငါ့လှိုဏ်ဂူကို ဖျက်စီးဖို့ မင်းကို ဘယ်သူကများ အဲ့အရည်အချင်း ပေးခဲ့တာလဲ…”

ဝမ်လင်းသည် တည်ငြိမ်စွာ မေးလိုက်၏။ မည်သည့်ဒေါသ သို့မဟုတ် ပျော်ရွှင်မှုတို့ကိုမျှ မဖော်ပြပေ။ သူ ထိုသို့ ပြောလိုက်ရင်း ထိုအဘိုးအိုထံ လှမ်းလျှောက်လာသည်။

အဘိုးအိုကျိုး၏ စိတ်နှလုံးမှာ တချက် ခုန်ပေါက်သွားသည်။ သူ လှိုဏ်ဂူထဲသို့ ဝင်ရောက်လာသည့်အခိုက်၌ သူသည် ကျင့်ကြံသူတစ်ယောက်ကို ကြည့်နေရသည်နှင့်မတူ၊ ကမ္ဘာဦးသားရဲတစ်ကောင် နိုးထလာသည်ဟု ကြည့်နေရသည်နှင့် တူသည်ဟု ခံစားမိတော့၏။ သူ၏ခန္ဓာကိုယ်သာမက သူ့မူလစိတ်ဝိညာဉ်သည်ပါ တုန်ယင်သွားမိသည်။

ဤသည်မှာ ခံစားချက်တစ်ခုသာ ဖြစ်၏။ သို့သော် ယင်းခံစားမှုကပင် သူ့ကို ထိတ်လန့်ကြောက်ရွှံ့မိစေသည်။

ဝမ်လင်း လှမ်းလျှောက်လာသည့်အခါ အဘိုးအိုကျိုး၏မျက်နှာက ဖြူရောသွားသည်။ သူက အလိုလို နောက်ဆုတ်မိ၏။ ခြေလှမ်းအနည်းငယ်ဖြင့် သူသည် လှိုဏ်ဂူထဲမှ ထွက်လို့သွား၏။ သူ ချွေးများ ပြန်နေလေပြီ။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူ့ဝတ်ရုံမှာ ချွေးများ ရွှဲနစ်နေသည်။

အဘိုးအိုကျိုး၏ မျက်လုံးသူငယ်အိမ်သည် ကြုံ့သွားကာ သူက ကတုန်ကယင်နှင့် ပြောလာ၏။ “ဝမ်…အကြီးအကဲဝမ်…သင်…သင် ဘာလုပ်မလို့လဲ…”

ဝမ်လင်းသည် စကားမဆိုဘဲ ဆက်လျှောက်လာ၏။ သူ့ပုံရိပ်က အမှောင်ထုထဲကနေ တဖြည်းဖြည်း လှမ်းထွက်လာသည်။ အမှောင်ထုနှင့် တသားတည်း ဖြစ်နေသော သူ့ဆံပင်ဖြူက လှစ်ဟပေါ်လာ၏။ အဘိုးအိုကျန်း၏ နှလုံးသည် ပိုမြန်ဆန်စွာ ခုန်ပေါက်လာသည်။

ထိုခံစားချက်က အဘိုးအိုကျောက်၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုနှင့် ကြောက်ရွှံ့မှုတို့ ပြည့်လာစေသည်။

ဝမ်လင်းသည် အဘိုးအိုကျိုးရှေ့၌ ရပ်လိုက်၏။ သူက ထိုအဘိုးအို၏မျက်လုံးများထံ တည်ငြိမ်စွာ ကြည့်လိုက်၏။

ထိုအကြည့်က အဘိုးအိုကျိုး၏စိတ်ကို ဗလာကျင်းမိသွားစေသည်။

“ဒါ…ဒါက အကြီးအကဲလုဝမ်ရန် သင့်ကို ကင်းလှည့်ဖို့ လာပြောခိုင်းလို့ပါ…”

အသက်အနည်းငယ်ရှုချိန်အတွင်း ထိုအဘိုးအိုကျိုးသည် သည်ဖိအားကို မကျော်လွှားနိုင်သေးပေ။ သူသည် ဝမ်လင်း၏အကြည့်အောက်၌ သူသာ ပြန်မဖြေပါက သူ့မူလစိတ်ဝိညာဉ်သည် ပျက်စီးသွားလိမ့်မည်ဟု ခံစားမိနေရ၏။

သူ ထိုသို့ ပြောလိုက်သည့်နောက် ဝမ်လင်း၏အကြည့်က ထိုအဘိုးအိုကျော်ကာ အခမ်းနားဆုံးနန်းတော်တစ်ခုထံ ကျရောက်သွားသည်။ ထိုနေရာမှာ လုဝမ်ရန် ရှိနေသော နန်းတော်ပင်။

ဝမ်လင်း လှမ်းကြည့်လိုက်သည့်အခိုက်တွင် လုဝမ်ရန်က တစ်ခုခုကို သတိပြုမိကာ မျက်လုံးဖွင့်လာ၏။ သူ၏အကြည့်က နန်းတော်တွင်း ဖြတ်ဝင်ရောက်လာသော ဝမ်လင်း၏အကြည့်နှင့် တွေ့ဆုံသွားသည်ဟု ထင်ရသည်။

အဘိုးအိုကျိုးက အသက်ဝဝမရှုဝံ့ ဖြစ်နေ၏။ အစောပိုင်းတုန်းက ဖိအားသည် ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း ကြောက်ရွှံ့မှုခံစားချက်က သူ မမေ့နိုင်တော့သောအရာ တစ်ခု ဖြစ်လာပေပြီ။

“ဒီလူဟာ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်လာဖို့ ဘာပတ်သတ်မှုကိုမှ အသုံးပြုခဲ့မှာ မဟုတ်ဘူး။ သူ့ကျင့်ကြံမှုအဆင့်က ကြောက်မက်ဖွယ်ကောင်းလွန်းနေတာ သိသာတယ်…”

အဘိုးအိုကျိုးသည် ဖြူရောနေ၏။ ဝမ်လင်း သူ့ကို ကြည့်သည့်အခါ၌ သူ့နှဖူးထက်၌ သတ်ဖြတ်ခြင်းဖြင့် ပြုလုပ်ထားသော ဓားတစ်လက် လာထောက်ထားသလို ခံစားမိခဲ့ရသည်။

သူသည် နောင်တများ ပြည့်နေသည်။ သူသည် လုဝမ်ရန်၏ စကားများကို နားထောင်၍ ဒီလိုကြောက်မက်ဖွယ် ကောင်းသော လူကို မစော်ကားမိခဲ့သင့်ပေ။

စက္ကန့်ပိုင်းကြာပြီးနောက် ဝမ်လင်း၏အကြည့်က ထိုနန်းတော်ကနေ ရွှေ့လျားလာ၏။ သူက အလွန်တည်ငြိမ်စွာ ရှိနေသည်။ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ သူသည် အဘိုးအိုကျိုးကို ကျော်၍ လျှောက်လှမ်းလာ၏။ သူ ဖြတ်ကျော်လျှောက်စဉ် သူ့ညာလက်ဖြင့် ထိုအဘိုးအို၏ပုခုံးထံ သာမန်ကာလျှံကာ ပုတ်လိုက်သည်။

“ငါ့လှိုဏ်ဂူကို ဖျက်စီးခဲ့တဲ့သူက သေရလိမ့်မယ်။ မင်းဟာ ပထမဆုံး ငါ့ကို ရန်စမိတာ ဖြစ်ပြီး တစ်စုံတစ်ယောက်ကလည်း သွေးထိုးခဲ့တာကြောင့် ဖြစ်တဲ့အတွက် မင်း သေခြင်းတရားကနေ လွတ်သွားခဲ့တာ။ ဒါပေမဲ့ ပြစ်ဒဏ်တော့ ခံရမယ်…”

ဝမ်လင်းသည် ရှေ့သို့ တဖြည်းဖြည်းချင်း ပျံသန်းသွားရင်း သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းသည် ကင်းလှည့်ရမည့် တာဝန်ကို မငြင်းဆိုပေ။

ဝမ်လင်း ထွက်ခွာသွားသည့်နောက် အဘိုးအိုကျိုးက တုန်ယင်လာကာ သွေးအန်လိုက်ရသည်။ သူ့မျက်နှာသည် ချက်ခြင်း ဖြူရောသွားကာ သူ၏ခန္ဓာကိုယ်သည် အားရုတ်လျှော့ကာ သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုက စိုးမိုးလာသည်။

တုန့်နှေးမနေတော့ဘဲ သူက ဒီလှိုဏ်ဂူ တံခါးကို ပြန်ပြင်ပေးဖို့ အကွာအဝေးတစ်ခုထံသို့ တံခါးသစ်ရှာရန် ဦးတည်သည်။ သူသည် ၎င်းကို ပြန်မပြုဝံ့ဘဲ မနေဝံ့ပေ။

သို့ပေမည့် သူ ထွက်ခွာမည့် အခိုက်၌ ခပ်ဖျော့ဖျော့အသံတစ်သံ သူ့နားထဲ တိုးဝင်လာ၏။ “ရောင်းရင်းကျင့်ကြံသူကျိုး…ဒီကို ခဏလောက် လာခဲ့အုံး…” ထိုစကားက သူ့ကို ရပ်တန့်သွားစေကာ သူ့အမူအရာကိုလည်း ခါးသီးဟန် ပေါက်သွားစေသည်။

ထိုအသံပိုင်ရှင်မှာ လုဝမ်ရန်ပင်။

“မင်းတို့ နှစ်ယောက်ကြားက ကိစ္စမှာ ငါ့ကို ဘာကြောင့်ဆွဲထည့်ရတာလဲ…”  အဘိုးအိုကျိုးက သက်ပြင်းချလိုက်၏။ လုဝမ်ရန်က သူ့ကို ခေါ်သည်ဖြစ်၍ သူ သွားရပေမည်။ သူသည် ခါးသီးစွာ ပြုံး၍ တံခါးပြုပြင်မည်ကို လက်လျှော့ကာ အကူအညီမဲ့စွာဖြင့် နန်းတော်ထံ ပျံသန်းသွားရတော့သည်။ သူသည် သူ လုဝမ်ရန်၏ နန်းတော်အတွင်းမှ ပြန်ထွက်လာပြီးနောက် တံခါးပြုပြင်ဖို့ အချိန် လုံလုံလောက်လောက်ရဖို့သာ မျှော်လင့်ရုံ တတ်နိုင်တော့သည်။ မဟုတ်ပါက သူသည် အကျိုးဆက်ကို မတွေးဝံ့ပေ။

ဝမ်လင်း၏ပုံရိပ်သည် မြေအောက်မှ ထိုးထွက်ကာ မြက်ခင်းပြင်ထံ ဆန်တက်လာ၏။ မကြာခင် သူ့ပုံရိပ်သည် လရောင်အောက်တွင် ပေါ်လာ၏။

လရောင်က ထူထူထဲထဲ ရှိလို့နေ၏။ သို့ပေမည့် ဝမ်လင်း ပေါ်လာသည့်အခါ၌ ထိုအလင်းက အားဖျော့သွားကာ တိမ်လွှာတိမ်နက်တို့၏ နောက်ကွယ် ကွယ်ဖုန်းသွားသဖြင့် မြေကမ္ဘာသည် မှောင်ယံသွားသည်။

ဝမ်လင်းသည် မြက်ခင်းပြင်ပေါ်တွင် တိတ်တဆိတ် လျှောက်နေ၏။ မြက်ပင်များလေတိုးသံကို ကြားရသည်။ ဤသည်မှာ တည်ငြိမ်သောညတစ်ညပင်။

အချိန်တဖြည်းဖြည်း ကုန်ဆုံးလာနေ၏။ သိပ်မကြာခင်တွင် တိမ်စိုင်တိမ်နက်များက လရောင်ကို လုံးဝ ဖုံးလွှမ်းသွားကာ မြေကမ္ဘာတစ်ခုလုံး အမှောင်ထုက ခြုံလွှမ်းသွားသည်။ ဝမ်လင်း၏ပုံရိပ်က အမှောင်ထုနှင့် တဖန် ပေါင်းစပ်သွားပြန်သည်။

ရေခိုးရေငွေ့ပါဝင်သော လေများ အကွာအဝေးတစ်ခုကနေ တိုက်ခတ်လို့နေ၏။ ထိုလေက ဝမ်လင်း၏ ဆံပင်နှင့် ဝတ်ရုံကို ပင့်တင်သွားစေသည်။

မြက်ခင်းပြင်တွင် လှမ်းလျှောက်နေရင်း ဝမ်လင်းက လီမူဝမ်အကြောင်း တွေးမိသည်။ သူ၏မျက်လုံးထဲတွင် ဝမ်းနည်းမှု ရှိနေကာ သူက သူ့ညာလက်ကို ထိမိ၏။  ဤသည်မှာ လီမူဝမ် အိပ်ပျော်နေသော သူ့သိုလှောင်နေရာလွတ် တည်ရှိရာ နေရာပင်။

သူ့ညာလက်ကို ထိကိုင်ထားရင်း ဝမ်လင်းသည် သူ့ညာလက်မှ အပူဓာတ်ကို ခံစားမိ၏။ ၎င်းက သူသည် လီမူဝမ်ကို ခံစားမိလေသည့်အလား။

နှစ်ပေါင်းနှစ်ထောင်ကျော်လာခဲ့ပြီ။ နှစ်ပေါင်းသုံးထောင်တော့ မပြည့်သေး။ ယင်းအချိန်ကာလမှာ ရှည်ကြာသည်ဟု ဆိုနိုင်သလို တိုတောင်းသည်ဟုလည်း ပြော၍ ရပါ၏။

သက်ပြင်းချသံ သဲ့သဲ့ ထွက်ပေါ်၏။ ဝမ်လင်းက တစိမ်းတပြင်ရှိလှသော ဒီမြက်ခင်းပြင်တွင် လှမ်းလျှောက်နေ၏။ သူ့စိတ်နှလုံးထဲတွင်လည်း အထီးကျန်မှု အငွေ့အသက် ရှိနေသည်။

“ငါဟာ နင် မချမ်းအေးစေဖို့ လောကကို မီးနဲ့ ဖုံးလွှမ်းမယ်…”

“နင် ငါ့အသံ ကြားနိုင်ဖို့ ငါဟာ မိုးကြိုးနဲ့ လောကကို လှုပ်ခါမယ်…”

“ငါဟာ နင့်အသက်ရှုသံကို ရှာဖွေဖို့ လောကအနှံ့ ကီလိုမီတာ သန်းချီအောင် လျှောက်လှမ်းခဲ့တယ်…”

“ငါဟာ သတ်ဖြတ်ဖို့အတွက် မိစ္ဆာတာအိုထဲ ဝင်ရောက်ခဲ့တယ်။ မိုးကောင်းကင်ကို ဆန့်ကျင်ဖိဆန်ခဲ့တယ်။ ကောင်းကင်ဘုံသားတွေကို သတ်ခဲ့တယ်။ နင် မျက်လုံးဖွင့်လာနိုင်ဖို့အတွက် နင့်ရှေ့မှာ အထီးကျန်စွာ မရပ်နိုင်ခင် ကောင်းကင်နဲ့မြေကြီးကို ငါဟာ ပြောင်းပြန်လှန်ပစ်မယ်…”

ဝမ်လင်းသည် အကွာအဝေးတစ်ခုရှိ အမှောင်ထုကို ကြည့်ကာ ငြိမ်သက်စွာ လျှောက်လှမ်းနေသည်။

သူသည် အမှောင်ထုကို သဘောကျပေသည်။ သည်အမှောင်ထုအတွင်း၌ တခြားသူများသည် သူ၏အထီးကျန်မှုကို မမြင်ရနိုင်တော့သည် မဟုတ်လား။

လူတိုင်း၏စိတ်နှလုံးအတွင်း၌ သေတ္တာတစ်လုံး ရှိချေ၏။ ထိုသေတ္တာထဲ၌ လူတစ်ယောက်၏ မှတ်ဉာဏ်ပါဝင်မည်။ ထိုမှတ်ဉာဏ်ကတော့ ချိုမြိန်တာလည်း ဖြစ်နိုင်သလို ခါးသက်တာလည်း ဖြစ်နိုင်သည်။

တချိ့လူများသည် သူတို့နှင့်အတူ ထိုသေတ္တာကို ဆုံးရှုံးခဲ့ကာ ရှာမတွေ့နိုင်ကြတော့ပေ။

တချို့လူများကတော့ ထိုသေတ္တာကို သော့ခတ်ပစ်ခဲ့၏။ သူတို့က ၎င်းကို မဖွင့်ချင်ကြသလို တခြားသူများ လာထိခွင့်ကိုလည်း ပြုလိမ့်မည် မဟုတ်ပေ။

တချို့လူများသည် သူတို့၏လက်ထဲ၌ ထိုသေတ္တာကို အမြဲကိုင်ထားကာ သူတို့ကိုယ်သူတို့ မမေ့သွားဖို့ ပြောနေစေသည်။

တချိုလူများသည် မြေအောက်အတွင်းနက်နက်၌ ထိုသေတ္တာကို မြှုပ်နှံ့ကာ နေ့တစ်နေ့ကို စောင့်နေမည်။

ထိုသေတ္တာသည် လူတစ်ယောက်အပေါ် ချစ်ခြင်းနှင့် ချိုမြိန်မှုနှင့်ခါးသီးမှု ရောနှောထားသော ရေတစ်ခွက် ပါဝင်မည်။

“ငါ့ သေတ္တာ(လီမူဝမ်နှင့် ပတ်သတ်တဲ့ စွဲလမ်းမှုမှတ်ဉာဏ်)က ရှိနေတုန်းပါပဲ…”

ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်၏။ အမှောင်ထုအတွင်း၌ လူတစ်ယောက်က သူ၏ ထီးတည်းဖြစ်မှု၊ အားငယ်မှု၊ အထီးကျန်မှုတို့ကို မြင်ရနိုင်လိမ့်မည် မဟုတ်ပါ။

All Chapters