← Chapters

အပိုင်း(၁၉၁၇)

Vol. 139 Ch. 1917

အပိုင်း(၁၉၁၇)

Vol. 139 Ch. 1917

အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်၏ အစွန်းအဖျားနား၌ ကျင့်ကြံသူထောင်ချီ ဝန်းရံထားသော လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် အမျိုးသမီးက မျက်လုံးဖွင့်လာ၏။ သူမ၏ရှေ့ရှိ ပုံရိပ်ယောင်သံလိုက်အိမ်မြှောင်က ဝမ်လင်း၏ တည်နေရာကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးနေသည်။

သူမက ဝမ်လင်းကို အမှတ်အသားပြုသော အစက်က ပျောက်ကွယ်သွားကာ အဝေးတွင် ပေါ်လာသည်ကို မြင်၏။ ချက်ခြင်း သူမသည် ဝမ်လင်းနောက် လိုက်လံနေသော ကျင့်ကြံသူများထံ အကြောင်းကြားလိုက်၏။

သည်အခိုက်၌ တူညီသောအရာတစ်ခု ထပ်မံ ဖြစ်လာသည်။ ဤသည်က ထိုအမျိုးသမီးကို ဆိုးဝါးသောခံစားချက်အား ရစေသည်။ တစ်ကြိမ်ဆို လက်ခံနိုင်သေး၏။ သို့ပေမည့် နှစ်ကြိမ် ရှိလာပါက နောက်ထပ် သုံးကြိမ်၊လေးကြိမ်လည်း ဖြစ်လာလိမ့်မည်။ ဤသို့ဆိုပါက ဝမ်လင်းကို သတ်နိုင်ဖို့သည် အလွန်ခက်ခဲသွားလိမ့်မည်။

”သူ့မှာ တည်နေရာရွှေ့ပြောင်းနိုင်တဲ့ ရတနာတစ်ခု ပိုင်ဆိုင်ထားရမယ်။ ငါတို့ရဲ့ ကလန်တစ်ခုလုံးမှာတော့ ဒီလိုရတနာမျိုးက တစ်ခုပဲ ရှိတာ။ အစိမ်းရောင်မိစ္ဆာကုန်းမြေတစ်ခုလုံးမှာတောင် သုံးခုထက် ပိုမရှိဘူး။ ကောင်းကင်ဘုံနွားထီးကုန်းမြေမှာဆိုလည်း များများစားစား ရှိလိမ့်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီလူ့မှာ တကယ်ပဲ တည်နေရာရွှေ့ပြောင်းနိုင်တဲ့ ရတနာတစ်ခု ပိုင်ဆိုင်ထားတာပဲ…”

သူမ၏အကြည့်အောက်၌ သူမက ဝမ်လင်းကို ကိုယ်စားပြုသော အလင်းစက်က အစိမ်းရောင်အစက်များကြား၌ ပေါ်လာသည်ကို တွေ့သည့်အခါ ထိတ်လန့်သွား၏။ ထိုအစက်များသည် ချက်ခြင်းလိုလို ပျောက်ကွယ်ကုန်ကြသည်။ တိုတောင်းသောအချိန်အတွင်း ဝမ်လင်းက ထပ်မံ ပျောက်ကွယ်သွားကာ အတန်ဝေးဝေးရှိ နောက်ထပ်အစိမ်းရောင်အစက်များ ရှိနေသော အုပ်စုတစ်ခုထံတွင် ပေါ်လာပြန်သည်။

“တတိယအကြိမ်…” ထိုအမျိုးသမီးက လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူအားလုံးကို တုံ့နှေးခြင်းမရှိ လှမ်းအကြောင်းကြားပြန်သည်။

သည်အခိုက်၌ ဝမ်လင်း ရှိနေသော နေရာထံမှ နာကျင်ထိတ်လန့်စွာအော်ဟစ်သံများ ပဲ့တင်ထပ်သည်။ ယင်းနေရာ၌ မြူများ ဝန်းရံထားသော အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူဒါဇင်ကျော် ရှိနေကြ၏။ မကြာမီတွင် ထိုအော်သံဟစ်သံများ အရှိန်သေသွးကာ ထိုမြူက ဝမ်လင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဝမ်လင်း၏မျက်နှာက အနည်းငယ် သွေးရောင်ပြန်သမ်းလာ၏။ ဆက်လက် ဖြူရောနေခြင်း မရှိတော့ပေ။ ရှုသဲချိုက်နှင့် တိုက်ပွဲအတွင်း သူက ဒဏ်ရာအပြင်းအထန် ရခဲ့၏။ထို့ကြောင့် သူသည် လှိုဏ်ဂူလောက၌ အသုံးပြုခဲ့သော တူညီသောနည်းလမ်းကို အသုံးပြုရန် ရွေးချယ်ခဲ့ခြင်းပင်။ ယင်းနည်းလမ်းမှာ ဒဏ်ရာ ကုသဖို့အတွက် ကျင့်ကြံသူများကို ဝါးမြိုရန် ဖြစ်သည်။

အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူအုပ်စုနှစ်ခုကို တဆက်တည်း ဝါးမြိုပြီးနောက် ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်ကာ သူ ပျောက်ကွယ်သွားပြန်သည်။ အမွှေတိုင်တစ်တိုင်စာလောက်  အချိန်ကြာပြီးနောက် အစိမ်းရောင်မိစ္ဆာကုန်းမြေမှ တတိယအုပ်စု ကျင့်ကြံသူများသည် သေဆုံးကုန်ကာ ဝမ်လင်း၏ ဒဏ်ရာကုသခြင်း ဖြစ်စဉ်၏ အစိတ်အပိုင်း ဖြစ်လာတော့သည်။

သည်အခိုက်၌ လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူနှစ်ယောက်နှင့် လေဟာနယ်အတိဒုက္ခအစေပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်သာ ကျန်တော့၏။ သူတို့လေးယောက်က အလွန်သတိထားနေကာ လူစုခွဲပစ်ကြခြင်း မရှိပေ။ လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်ချင်းစီက အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် အတူတူတွဲကာ ဝမ်လင်းထံ ဦးတည်နေကြသည်။

ဤအရာအားလုံးကို ဝမ်လင်းက တွေ့မြင်၏။ သူက သံလိုက်အိမ်မြှောင်ကို ကြည့်သည်။ သူ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သူ၏ပစ်မှတ်က  မန္တာန်များကို မြန်ဆန်လွန်းစွာ ထုတ်ဖော်နိုင်သော လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူပင်။ ထိုမန္တာန်က ဝမ်လင်းကို လိုချင်တပ်မတ်စိတ် ဖြစ်ပေါ်စေခဲ့သည် မဟုတ်လား။

ခုချိန်၌ ကောင်းကင်သည် အလင်းစ ပြုလာပြီ ဖြစ်ကာ အာရုံဦးချိန် ကျရောက်လာတော့မည်။ သို့ပေမည့် မိုးများကတော့ သည်းထန်စွာ ရွာနေတုန်း၊ မြေပြင်သည် ရွှံ့များ ပိုများလာ၏။

မိုးရွာသွန်းမှုကြောင့် အကွာအဝေးတစ်ခုက ဝေဝေဝါးဝါး ဖြစ်ရကာ မိုးရွာသွန်းသံကိုသာ ကြားရနိုင်၏။

ဝမ်လင်း၏အကြည့်က သံလိုက်အိမ်မြှောင်ပေါ်သို့ ကျရောက်သွားပြန်၏။ အစိမ်းရောင်အလင်းစက်လေးစက်က မတူညီသော အရပ်နှစ်ခုကနေ နီးကပ်လာကြသည်။ ဝမ်လင်းက အချိန်အတန်ကြာ စောင့်ကြည့်နေပြီးနောက် အစောပိုင်းတုန်းက သူနှင့် တိုက်ခိုက်ခဲ့သော လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူကို ကိုယ်စားပြုသော အစိမ်းရောင်အစက်အား ဆုံးဖြတ်လိုက်သည်။

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်ကာ သူ့ဘယ်လက်ကို ပင့်မြှောက်လိုက်ရာ မှုန်မှိုင်းမှိုင်းမူလစိတ်ဝိညာဉ်တစ်ခု ပေါ်လာသည်။

၎င်းမှာ သူ့ နောက်လိုက်လံသော အုပ်စုသုံးစုထဲမှ သူ ယူဆောင်လာခဲ့သော မူလစိတ်ဝိညာဉ်တစ်ခုပင်။ ၎င်းက ကျင့်ကြံမှုအဆင့်တစ်ခုသို့ ရောက်နေပြီး ပြီးပြည့်စုံနေကာ အထိအခိုက် ရှိမထားပေ။

ဝမ်လင်းက ထိုမူလစိတ်ဝိညာဉ်ထံမှ စိတ်ဆန္ဒကို ဖယ်ရှားထားပြီးသား ဖြစ်၏။ ခုကျန်နေသည်မှာ စိတ်ရှုပ်ထွေးနေသော မူလစိတ်ဝိညာဉ်တစ်ခုသာ။ ဝမ်လင်းက ဘယ်လက်ဖြင့် ထိုမူလစိတ်ဝိညာဉ်ကို ရုတ်တရက် ချေမွပစ်လိုက်၏။ သို့ပေမည့် ၎င်း မလွင့်ပျောက်သွားခြင် ဝမ်လင်းက သူ့နတ်ဘုရားအာရုံ အမျှင်တန်းတစ်ခုကို ယင်းမူလစိတ်ဝိညာဉ်ထံ ထည့်သွင်းပြီးနောက် သံလိုက်အိမ်မြှောင်ပေါ်တွင် နေရာချလိုက်သည်။

ထိုမူလစိတ်ဝိညာဉ် သံလိုက်အိမ်မြှောင်ပေါ်သို့ ဝင်ရောက်ခိုက်၌ ၎င်းက အခိုးအငွေ့အဖြစ်သို့ ပြောင်းကာ သံလိုက်အိမ်မြှောင်ကို ခြုံလွှမ်းသည်။ ဝမ်လင်းက သူ့ညာလက်ဖြင့် သံလိုက်အိမ်မြှောင်ကို ပစ်ထုတ်လိုက်သည်။ ထိုအခါ ယင်းမူလစိတ်ဝိညာဉ်သည် လောင်ကျွမ်းသည်ဟုပင် ထင်မှတ်ရကာ ရူးသွပ်ဖွယ်အမြန်နှုန်းနှင့် ပျံသန်းထွက်ပြီး သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

ထိုမူလစိတ်ဝိညာဉ်က သံလိုက်အိမ်မြှောင်ကို ထိန်းချုပ်ထားလိုက်ပြီ ဖြစ်၏။ ၎င်းက ခုချိန်၌ ၎င်းကိုယ်၎င်း လောင်ကျွမ်းခံကာ အလွန်မြန်သောနှုန်းဖြင့် လောက၏အဆုံးသပ်သို့ ဦးတည်လေတော့သည်။ ၎င်းက အချိန်ကြာကြာ ပျံသန်းနိုင်လိမ့်မည် မဟုတ်ပေ။ ၎င်းက မောပန်းကာ သေဆုံးသည့်အထိ လောင်ကျွမ်းသွားလိမ့်မည် ဖြစ်၏။ ထိုအချကလျှင် သံလိုက်အိမ်မြှောင်သည် တနေရာရာသို့ ပြုတ်ကျသွားလိမ့်မည် ဖြစ်သည်။

သို့သော် ထိုမျှ တိုတောင်းသောအချိန်က ဝမ်လင်းအတွက် လုံလောက်နေလေပြီ။

ထိုသံလိုက်အိမ်မြှောင်သည် ဝမ်လင်း၏လက်ထဲ၌ ဆက်မရှိတော့သော်လည်း ယင်းပေါ်၌ နေရာချထားလိုက်သော ဝမ်လင်း၏နတ်ဘုရားအာရုံအမျှင်တန်းက သူ့နောက်သို့ လိုက်လံနေသော လေးယောက်ကို သူ၏ တည်နေရာအား ခံစားမိစေလိမ့်မည်ပင်။

ထိုသို့ဖြစ်ခြင်းအားဖြင့် ဝမ်လင်းသည် သားကောင်ဘဝကနေ အမဲလိုက်သူအဖြစ် ပြောင်းလဲနိုင်ပေမည်။

သူ့ခန္ဓာကိုယ်က ဖြတ်ခနဲ ဒီနေရာကနေ ထွက်ခွာလာကာ မြက်ခင်းပြင် တခြားအစိတ်အပိုင်းတစ်ခုတွင် ပေါ်လာသည်။ သူက ထိုင်ချကာ သံလိုက်အိမ်မြှောင်၏ ပြောင်းလဲမှုကို ခံစားကြည့်၏။ သူ့ထံ၌ မီးအနှစ်သာရကို ပိုင်ဆိုင်ထားသည် ဖြစ်ရာ သူ၏အောက်ရှိ ရွှံ့နွံမှာ သွေ့ခြောက်ရလေသည်။

အချိန် တဖြည်းဖြည်း ကုန်ဆုံးလာနေသည်။ ဖြတ်ခနဲအတွင်း တစ်နာရီမျှ ကုန်လွန်သွား၏။ ဒီတစ်နာရီအတွင်း ကျင့်ကြံသူလေးယောက်ကြား အကွာအဝေးက ပိုကြီးမားလာသည်။ လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူနှစ်ယောက်သည် သည်အမြန်နှုန်းဖြင့် ဆက်၍ မလိုက်လံချင်ကြတော့ပေ။ သူတို့က ဝမ်လင်း၏ တည်နေရာကို ဆုံးဖြတ်ပြီးသည်နှင့် ရှေ့သို့ ထိုးထွက်ကာ ဝမ်လင်း၏ သံလိုက်အိမ်မြှောင်နောက်သို့ အရှိန်အဟုန်ဖြင့် လိုက်လံတော့သည်။

လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်က နောက်ကောက်ကျကျန်ခဲ့၏။ သူတို့နှစ်ယောက်နှင့် ထိုမွန်းစတားအိုနှစ်ယောက်ကြား အကွာအဝေးက ပိုပို ကွာလှမ်းလာသည်။ ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးထံမှ အေးစက်မှု လှစ်ဟပေါ်သည်။

သူက သူ့ရင်ဘက်ကို ထိကိုင်လိုက်၏။ သူ၏ခန္ဓာကိုယ်တွင်း ဟင်းလင်းပြင်ကျောက်တုံး ရှိနေပေသည်။ ထိုကျောက်တုံးမှာ သာမန်မဟုတ်ဟု ဝမ်လင်းက ခံစားမိနေဆဲ ဖြစ်၏။ သို့ပေမည့်လည်း သူက ၎င်း၏ တိတိပပအသုံးတည့်မှုကို မသိသေးဘဲ ရှိသည်။

မြေနိမ့်သားရဲ ပေါ်လာကာ တခြားကောင်းကင်ဘုံတာအိုကို ဝါးမြိုခဲ့သည့်အချိန်ကတော့ ဝမ်လင်း၌ အကြံတစ်ခု ရလာခဲ့၏။ သူက သည်ကျောက်တုံး၏ တခြားအသုံးတည့်မည့် အကြံအချို့ကို  စဉ်းစားမိသွားသည်။

“မြေနိမ့်သားရဲရဲ့ စွမ်းအား တိုးတက်လာအောင် ဒီပစ္စည်းက ကူညီပေးနိုင်တယ်။ ဒါပေမဲ့ ဒီကျောက်တုံးထဲမှာ အဆုံးမဲ့တဲ့ဟင်းလင်းပြင် ပါဝင်မှု ရှိတယ်။ မြေနိမ့်သားရဲ ပေါင်းစပ်တဲ့အခါ  ပြောင်းလဲမှုတွေ ဆက်တိုက် ဖြစ်ပွားလိမ့်မယ်…”

မြေနိမ့်သားရဲက မျက်လုံးဖွင့်လာ၏။ သူက ပါးစပ်ဟလိုက်သည်။ တစ္ဆေအလင်းလင်းလက်သွားကာ ဟင်းလင်းပြင်ကျောက်တုံးက သူ့လက်ထံ ပျံသန်းလာသည်။

ထိုကျောက်တုံးကို ဆုပ်ကိုင်ကာ ဝမ်လင်းက တအောင့် စဉ်းစား၏။ လှိုင်းဂယက်များ ပေါ်လာကာ သူသည် သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

ဟင်းလင်းပြင်ကျောက်တုံးကသာ မြေပြင်ပေါ်သို့ ကျသွားပြီး မြက်ပင်များကြား ကွယ်ဝှက်သွားသည်။

ထိုအခိုက်တွင် ဝမ်လင်းသည် ဟင်းလင်းပြင်ကျောက်တုံးတွင်း၌ ပေါ်လာ၏။ ဝမ်လင်းအနေဖြင့် သူ့ခန္ဓာကိုယ်အားဖြင့် ဒီကျောက်တုံးအတွင်း ဝင်ရောက်ခြင်းသည် ခုက ပထမဆုံးအကြိမ်ပင်။ သူ ရွေးချယ်လိုက်သော ဟင်းလင်းပြင်နေရာမှာ အစစ်အမှန်လောကနှင့် မခြားသော မရေမတွက်နိုင်သော ဟင်းလင်းပြင်တွေထဲမှ တစ်ခု ဖြစ်သည်။ ၎င်းသည် ကြီးမားခြင်းမရှိ၊ ကီလိုမီတာသောင်းချီအရွယ်အစားလောက်သာ ရှိသည်။

တောင်တန်းများ၊ အလင်း၊ မြေပြင်ထု ရှိလေ၏။ သို့သော် ရေတော့ ရှိမနေပါ။

သည်နေရာရှိ လူတိုင်းက ရေဓာတ်ကင်းမဲ့ကာ အစစ်အမှန်ဟု ထင်ရသော်လည်း မပြီးပြည့်စုံသေးပေ။

ထိုဟင်းလင်းပြင်ကျောက်တုံးအတွင်း၌ ထိုင်နေလျက် ဝမ်လင်း၏ မျက်လုံးက အရောင်တောက်လာ၏။ ထို့နောက် သူက ညာလက်ကို ဝေ့ယမ်းလိုက်ရာ အပြာရောင်ထီး ပေါ်လာသည်။ ၎င်းက လေထဲသို့ ပျံသန်းသွားကာ ကောင်းကင်ကို အစားထိုးလေ၏။

သူက ညာလက်ကို ထပ်မံ ဝေ့ယမ်းလိုက်ရာ တာအိုစိတ်ဝိညာဉ်သန်းသုံးဆယ်နှင့် ဘူးသီးခြောက် ပေါ်လာသည်။ ၎င်းက မြေပြင်နှင့် ပေါင်းစပ်သွားသည်။

အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ ရွှမ်လော သူ့ကို ပေးခဲ့သော ရွှေရောင်လက်ဝါး ပေါ်လာသည်။ ဝမ်လင်းက ထိုလက်ဝါးကို ကြည့်ကာ ၎င်းပေါ်သို့ လေမှုတ်ထုတ်လိုက်သည်။ ထိုအခါ အနှီလက်ဝါးသည် တောက်ပလာပြီး ဝမ်လင်းက ၎င်းကို ကောင်းကင်ထက်သို့  ပစ်လွှတ်လိုက်၏။ ၎င်းက နေမင်း ဖြစ်လာသည်။

ထိုအရာများကို ပြုလုပ်ပြီးနောက် ဝမ်လင်းက သူကိုယ်တိုင် ပြုလုပ်ခဲ့သော တစ္ဆေရွက်ဖျင်ကို ထုတ်ယူ၏။ ထိုရွက်ဖျင်သည် ပြန့်ကြဲသွားကာ သည်လောက၌ တိမ်စိုင်တိမ်ထုများအဖြစ်သို့ ပြောင်းသည်။

ထိုတိမ်စိုင်များက ရိုးရှင်းသည့်ပုံ ပေါ်၏။ သို့သော် အမှန်တော့ ယင်းတို့သည် မည်သည့်အရာကိုမဆို ပြောင်းလဲနိုင်သည်။

သူ ထုတ်ယူလိုက်သော နောက်ဆုံးအရာကား ရီစီ ရုပ်သေးနှင့် ခြင်သားရဲပင်။ ထိုခြင်သားရဲဘုရင်က ၎င်း၏အရွယ်အစားကို ပြောင်းလဲကာ အဖြူရောင်တိမ်စိုင်များထဲ ပျောက်ကွယ်သွားသည်။

ရီစီရုပ်သေးကမူ မြေပြင်ထုနှင့် ပေါင်းစပ်ကာ မြေပြင်အတွင်းမှ တာအိုစိတ်ဝိညာဉ်သန်းသုံးဆယ်မှ ထွက်ပေါ်နေသော မြေကြီးအော်ရာနှင့် ကွယ်ဖုံးသွားသည်။

“ဒီလောကမှာ ကံမ္မ ကင်းမဲ့နေသေးတယ်…”  ဝမ်လင်းက နေရာတွင် ထိုင်လျက် ခပ်တိုးတိုး ရေရွတ်သည်။ သူ၏မျက်ခုံးနှစ်ခုကြားတွင် ဝဲကတော့တစ်ခု ပေါ်လာ၏။ ထို့နောက် သူ့ကံမ္မအနှစ်သာရက ဓားရှည်တစ်လက်အဖြစ် သိပ်သည်းပြီး ဒီလောကတွင် ပျောက်ကွယ်သွားတော့သည်။

“သေခြင်းရှင်ခြင်း၊ အမှန်နဲ့အမှားလည်း ကျန်သေးတယ်…”  ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်စဉ် အနှစ်သာရနှစ်ခု ပျံသန်းထွက်လာပြီး ဓားရှည်အဖြစ်သို့ ဖွဲ့စည်း၍ ပျောက်ကွယ်သွားကြသည်။

“သတ်ဖြတ်ခြင်းနဲ့ အတားအဆီးလည်း ကျန်သေးတယ်…”  ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ် ပေါ်လာ၏။ တိမ်စိုင်များက နက်မှောင်လာသည်။ နှင်းနက်များ စတင်ကျဆင်းလာ၏။ နှင်းပွင့်တိုင်းတွင် အတားအဆီးအနှစ်သာရ ပါဝင်သည်။ မကြာမီတွင် မြေပြင်သည် ပါးလှပ်သော အနက်ရောင်နှင်းအလွှာနှင့် ဖုံးလွှမ်းလို့သွားသည်။

“မီး၊မိုးကြိုးနဲ့ ရေတို့လည်း ကျန်သေးတယ်…”  ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းကာ ထရပ်၏။ မီးက သူ၏ဘယ်မျက်လုံးတွင် ရုန်းကြွကာ မိုးကြိုးက သူ့ညာမျက်လုံးတွင် တလက်လက် ဖြစ်၏။ မီးပင်လယ်တစ်ခုက ဓားတစ်လက်အသွင် ဖွဲ့စည်းသည်။ ယင်းဓားက မီးတောင်တစ်ခု ဖြစ်လာသည်။

မိုးကြိုးကလည်း ဓားတစ်လက်အသွင် ပြောင်းသည်။ ထိုဓားက မိုးကြိုးပင်လယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုအရာများကို ပြုလုပ်ပြီးနောက် ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ သည်နေရာကနေ ပျောက်ကွယ်သွားသည်။ အဆုံးစွန်မြက်ခင်းပြင်ထံ ပြုတ်ကျသွားခဲ့သော ဟင်းလင်းပြင်ကျောက်တုံးနေရာမှ ခပ်ဖျော့ဖျော့တစ္ဆေအလင်း ထွက်ပေါ်၏။ ဝမ်လင်း ပေါ်လာကာ သူက ထိုကျောက်တုံးကို ကောက်ယူ၏။ ထို့နောက် သူသည် အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်သည်။

သတ်ဖြတ်ခြင်းအတွက် ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။ ခုချိန်၌ သူက ထိုသူ့ကို အတင်းအကြပ် လူခွဲထုတ်ဖို့သာ လိုတော့သည်။

သူ ချန်ထားခဲ့သော နတ်ဘုရားအာရုံအပေါ် အခြေခံ၍ သည်သံလိုက်အိမ်မြှောင်သည် ပျောက်ကွယ်တော့မည် ဖြစ်သည်။ ထိုသံလိုက်အိမ်မြှောင်၏ နောက်တွင် လေဟာနယ်အတိဒုက္ခအလယ်အဆင့် မွန်းစတားအိုနှစ်ယောက်က မှီလာတော့မည်ပင်။

သူတို့နှစ်ယောက်၏ နောက်ဘက် အတော်လှမ်းလှမ်းတွင် လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်သည် အလျင်စလို လှမ်းလာကြသည်။

ဝမ်လင်းသည် ရှေ့သို့ ဖြည်းဖြည်းချင်း ခြေလှမ်းသည်။ လှိုင်းဂယက်များ ပဲ့တင်ထပ်၏။ သို့ပေမည့် သူသည် ထွက်ခွာဖို့ လောကနှင့် မပေါင်းစပ်ပေ။ သူက စောင့်ဆိုင်းနေချေသည်။

အသက်ရှုချိန် တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်…။ ကိုးကြိိမ်မြောက်ထိ ရောက်လာသည်။ ထိုအခါ ဝမ်လင်းသည် သံလိုက်အိမ်မြှောင် ပျက်စီးသွားပြီကို ရှင်းလင်းစွာ ခံစားမိ၏။ ၎င်းအတွင်းရှိ မူလစိတ်ဝိညာဉ်မှာလည်း သေဆုံးသွားသလို ဝမ်လင်း ချန်ထားခဲ့သော သူ့နတ်ဘုရားအာရုံ အမျှင်တန်းမှာလည်း ပျက်စီးသွားခဲ့လေပြီ။

သူက ထိုနတ်ဘုရားအာရုံအမျှင်တန်းထံမှ ဒေါသတကြီး အော်သံနှစ်သံကို ကြားလိုက်ရသေး၏။

ဝမ်လင်းသည် ရှေ့သို့ ခပ်ကြမ်းကြမ်း ခြေလှမ်းကာ ပျောက်ကွယ်သွားသည်။

All Chapters