မီးအိမ်
Vol. 139 Ch. 1919
သေခြင်းရှင်ခြင်း၊ ကံမ္မ၊ အမှန်နှင့်အမှား၊ မီး၊ ရေ၊ မိုးကြိုး။ အနှစ်သာရခြောက်ခုသည် စုဝေးကာ ဒီသတ်ဖြတ်ခြင်း စတင်၏။
မီးတောင်က ပျက်စီး၏။ မိုးကြိုးက ပေါက်ကွဲသည်။ ပါးစပ်အပြည့် သွေးရေအနှစ်သာရက အခိုးအငွေ့သို့ ပြောင်းသည်။ ဆန်းကြယ်အနှစ်သာရဓားသုံးလက်က ရှုသဲချိုက်ထံ တိုးဝင်လာခဲ့ပြီ။
တုန်ဟည်းသံများ ပဲ့တင်ထပ်နေရင်း ရှုသဲချိုက်ကို အလင်းတစ်ခု ဖုံးလွှမ်းသွားကာ သူ သွေးအန်လိုက်ရသည်။ သူက သနားစရာအနေထား ဆိုက်ရောက်နေ၏။ သူသည် နောက်ဆုတ်နေလျက် သူ့မျက်နှာက ဖြူရောနေသည်။
သူ့ဦးခေါင်းထက်၌ လွင့်မြောနေသော မီးအိမ်တစ်ခု ရှိနေ၏။ သူ့ခန္ဓာကိုယ် ပတ်လည်ရှိ အလင်းက ၎င်းထံမှ ထွက်ပေါ်လာခြင်းတည်း။ ထိုရတနာက သူ့ကို ကာကွယ်ပေးထားသည်။ ထို့ကြောင့် ရှုသဲချိုက်သည် ဒဏ်ရာမျှသာ ရသွားခဲ့ပြီး အနှစ်သာရခြောက်ခုက သူ့အား မသတ်နိုင်ခဲ့ပေ။
လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ခြင်းက ခက်ခဲလှ၏။ ဝမ်လင်းသည် ၎င်းကို အတွေ့အကြုံ ရှိထားပြီးသားပင်။ ရှုသဲချိုက်က သူ၏ ပထမတစ်ကြိမ် တိုက်ခိုက်မှုများကနေ လွတ်မြောက်သွားသည်ကို မြင်သည့်အခါ ဝမ်လင်းက အနည်းငယ် စိတ်ပျက်မိသွား၏။ သို့သော် သူက သွေးမကြောင်သွားပေ။ ဤသည်က သူ မျှော်လင့်ထားပြီးသား ဖြစ်သည်။
ရှုသဲချိုက်သည် လျှိုဇီယန်းထက် သတ်ဖို့ အများကြီး ပိုခက်ခဲ၏။ ထို့ကြောင့် ဝမ်လင်းသည် သူ့ကို အသက်ရှုဖို့ပင် အချိန် မပေးနိုင်ပေ။ ရှုသဲချိုက် သူ၏ ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် မန္တာန်များကို ထုတ်ဖော်နိုင်ခွင့် ရသွားပါက ဝမ်လင်းသည် ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပါ။ ထိုသို့သာ ဖြစ်သွားခဲ့ပါက ဒီသတ်ကွင်းသည် တဖက်လူအပေါ်၌သာ မဟုတ် သူ့အတွက်ပါ ဖြစ်သွားနိုင်သည်။
ဝမ်လင်းက ဤသည်ကို ကောင်းကောင်းသိ၏။ ထို့ကောင့် သူသည် ထူးခြားသောမီးအိမ်ကို စိုက်ကြည့်မိချိန်၌ သူ့ညာလက်ကို ချက်ခြင်း ပင့်မြှောက်ကာ သူပါ တန်ပြန်ဒဏ်ခံရမည်ကို သိသော်လည်း ရပ်တန့်ခြင်းမန္တာန်ကို အသုံးပြုလိုက်သည်။
ရပ်တန့်ခြင်း။
စကားတခွန်းဖြင့် ဝမ်လင်း၏ခန္ဓာကိုယ်တွင်း၌ လှိုင်းထန်သွား၏။ သူတို့ကြားရှိ ကျင့်ကြံမှုအဆင့် ကွာဟချက်က အတော်လေး ကြီးမားသည်။ ထို့ကြောင့် သူသည် ရှုသဲချိုက်ကို ရပ်တန့်သွားစေဖို့ငှာ တန်ဖိုးကြီးကြီးမားမား ပေးရလိမ့်မည်။ သည်အခိုက်၌ ဝမ်လင်း သွေးအန်လိုက်ရသည်။ သို့သော် သူ့အမူအရာက ပိုကြမ်းကြုတ်လာသည်။
ရပ်တန့်ခြင်းမန္တာန်အောက်တွင် ရှုသဲချိုက်က သူ့ညာလက်ကို ပင့်မြှောက်၏။ သူ့ခန္ဓာကိုယ်တခုလုံး တုန်ယင်သွားသည်။ သူက မရေမတွက်နိုင်သော အမျှင်တန်းများ သူ့အား အဘက်ဘက်မှ ခြုံလွှမ်းရစ်ပတ်သလို ခံစားမိလိုက်ရ၏။
သူ့ဦးခေါင်းထက်ရှိ မီးအိမ်သည်ပင် မှိန်ဖျော့သွားသည်။ ရှုသဲချိုက်နှင့် ၎င်း၏ဆက်သွယ်မှုပါ ရပ်တန့်ခြင်းမန္တာန်ကြောင့် ဟန့်တားခံလိုက်ရသည်။
သို့ပေမည့် ရှုသဲချိုက်၏ ကျင့်ကြံမှုအဆင့်က ဝမ်လင်းထက် များစွာ ပိုမြင့်မား၏။ ထို့ကြောင့် ရပ်တန့်ခြင်းမန္တာန်သည် သူ့ကို ခဏတာသာ ရပ်တန့်စေနိုင်လိမ့်မည်။ သို့သော်လည်း ထိုအခိုက်အတန့်က ဝမ်လင်းကို ရှုသဲချိုက်၏ မန္တာန်နှင့် ခုခံမှုကို နှောက်ယှက်နိုင်စေကာ ဒုတိယအကြိမ်တိုက်ခိုက်မှုများကို ထုတ်ဖော်ဖို့ အခွင့်အရေး ရသွားစေသည်။
ဝမ်လင်း ထိုသို့ ပြောလိုက်သည့်အခိုက်တွင် သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ မရေမတွက်နိုင်သော နှင်းပွင့်နက်များသည် ရှုသဲချိုက်ထံ ကျဆင်းလာတော့သည်။
မြေပြင်ထက်ရှိ အနက်ရောင်နှင်းပွင့်များသည်ပင် လေ၏ ပင့်တင်ခြင်းခံရကာ ရှုသဲချိုက်ထံ ဦးတည်လေ၏။ ထိုနှင်းတို့မှာ ဝမ်လင်း၏ အတားအဆီးအနှစ်သာရဖြင့် ဖြစ်ပေါ်ထားခြင်းပင်။ ထိုနှင်းပွင့်တိုင်း၌ မရေမတွက်နိုင်သော အတားအဆီးများ ပါဝင်သည်။
ထိုအခိုက်တွင် လောကရှိ နှင်းပွင့်အားလုံးသည် ရှုသဲချိုက်ကို ဝန်းရံကာ လှောင်အိတ်အလား တိုက်ခိုက်မှုကို ထုတ်ဖော်လေသည်။
အဖြစ်အပျက်အားလုံးသည် မြန်ဆန်လှ၏။ ရှုသဲချိုက်က ရုတ်တရက် ပြန်ကောင်းမွန်လာသည်။ သူ့မျက်လုံးသူငယ်အိမ် ကြုံ့သွားကာ ကြောက်ရွှံ့မှုတို့ ပြည့်ကုန်သည်။
“ဒါ…ဒါက ဘယ်လိုမန္တာန်မျိုးလဲ။ ဒါက ငါ့လှုပ်ရှားမှုအားလုံးနဲ့ စိတ်ဆန္ဒအားလုံးကိုပါ အေးခဲရပ်တန့်သွားစေနိုင်တယ်။ ငါ့အတွေးအများစုတောင် အေးခဲတောင့်တင်းသွားရတယ်။ ငါ ဒီလိုမန္တာန်မျိုးကို လုံးဝ မမြင်ဖူးခဲ့ဘူး…”
သူ ပြန်လှုပ်ရှားလာနိုင်သည့်နောက် သူက နောက်သို့ မြန်ဆန်စွာ ဆုတ်၍ သူ့ညာလက်ကို ပင့်မြှောက်သည်။
“ရပ်တန့်ခြင်း…” ဝမ်လင်းက မာန်သွင်းအော်ဟစ်ကာ နောက်ထပ် လက်ညွှန်လိုက်သည်။
သည်တစ်ကြိမ်၌ ဝမ်လင်းသည် သွေးအပြည့် အန်ထုတ်လိုက်ရသည်။ သူ့မျက်နှာက ဖြူရောနေ၏။ သို့ပေမည့် ကြမ်းကြုတ်နေသည်။ ပြန်လွတ်လပ်သွားခါစ ရှုသဲချိုက်သည် နောက်တဖန် တောင့်တင်းအေးခဲသွားပြန်သည်။ ပထမဆုံးအကြိမ်အဖြစ် သူ့မျက်လုံးထဲတွင် အကြောက်တရား ပေါ်လာသည်။
တိမ်စိုင်တိမ်နက်များထံမှ အနက်ရောင်နှင်းများ ကျဆင်းနေသည်။ ထိုတိမ်စိုင်နက်တို့မှာ ဝမ်လင်း၏ တစ္ဆေရွက်ဖျင်ကြောင့် ဖြစ်ပေါ်နေခြင်းပင်။ ထိုတစ္ဆေရွက်ဖျင်က မဟာစိတ်ဝိညာဉ်ကလန်၏ အသန်မာဆုံး ရတနာဖြစ်နေရခြင်းမှာ ၎င်း၏စွမ်းရည်သည် ကျင့်ကြံမှုအဆင့်ကို လစ်လျူရှု၍ လူတစ်ယောက်၏စိတ်ကို နှောက်ယှက်နိုင်ခြင်းကြောင့်တည်း။
သည်အခိုက်၌ ကောင်းကင်ထက်ရှိ တိမ်နက်များ မြည်ဟည်းလာ၏။ ၎င်းက မြန်ဆန်စွာ ကျဆင်းလာရင်း ဝတ်စုံဖြူအမျိုးသမီးတစ်ယောက် နောက်ကျောဘက်အသွင် ဖွဲ့စည်းသည်။
ထိုအမျိုးသမီးက ငိုကြွေးနေ၏။ သူမ၏ ငိုသံက စိတ်နှလုံးကို ထွင်းဖောက်နိုင်သည်။ ထိုအမျိုးသမီးက လူတစ်ယောက် မဟုတ်၊ တစ္ဆေတစ်ကောင်သာ ဖြစ်သည်။
သည်အခိုက်၌ ဝမ်လင်းက ထိုအမျိုးသမီးအဖြစ် ပြောင်းလဲသော တစ္ဆေကို ဆင့်ခေါ်၏။ ရှုသဲချိုက် သူ့လွတ်လပ်မှု ပြန်ရခါစ၌ သူက တိမ်နက်များသည် ဝတ်ရုံဖြူအမျိုးသမီးအဖြစ် ပြောင်းသွားသည်ကို တွေ့မြင်လိုက်သည်။ ထိုအမျိုးသမီးက သူ့စိတ်ထဲ၌လည်း ပေါ်လာလေ၏။
ရှုသဲချိုက်၏ မျက်လုံးတို့မှာ ရှုပ်ထွေးမှုတို့ ဖြစ်လာ၏။ သည်အခိုက်တွင် ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ မြေပြင်ထု တုန်ဟည်းသွားသည်။ ဘူးသီးခြောက်နှင့် ပေါင်းစပ်ထားသော တာအိုဝိညာဉ်သန်းသုံးဆယ်က အနက်ရောင်အခိုးငွေ့များထံမှ ထိုးထွက်ကာ ရှုသဲချိုက်ထံ တရကြမ်း တိုးဝင်လာသည်။
မကြာမီတွင် ထိုတာအိုစိတ်ဝိညာဉ်သန်းသုံးဆယ်က ကောင်းကင်ထက်ရှိ နှင်းပွင့်များဖြင့် ဖုံးလွှမ်းနေသော ရှုသဲချိုက်၏ ခန္ဓာကိုယ်ကို ဆောင်ယူသည်။ အပြာရောင်ကောင်းကင်က ဝမ်လင်း၏ အပြာရောင်ထီး ဖြစ်၏။ ၎င်းသည် အားကောင်းသော ခုခံမှု၌ အသုံးပြုနိုင်ရုံသာမက အစွမ်းထက်တိုက်ခိုက်မှုကိုလည်း ထုတ်ဖော်နိုင်သည်။
အကွာအဝေးတစ်ခုမှ ကြည့်ပါက ရှုသဲချိုက်၏ ခန္ဓာကိုယ်သည် ကောင်းကင်ထက်သို့ ဆောင်ယူခြင်း ခံရသည်ကို တွေ့ရမည်။ သူ အပြာရောင်ကောင်းကင်နှင့် နီးကပ်လာချိန်၌ ဝမ်လင်းက မာန်သွင်းအော်ဟစ်သည်။
“သတ်…”
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ အနှီအပြာရောင်ကောင်းကင်သည် ပျက်စီး၏။ စိတ်ဝိညာဉ်သန်းသုံးဆယ်ကလည်း တိုက်ခိုက်လာသည်။ ထိုအဖျက်အစီးအားက ရှုသဲချိုက်ကို ဗဟိုပြုထားသည်။
တချိန်တည်းမှာ ဝတ်ရုံဖြူအမျိုးသမီး၏ ငိုကြွေးသံက ရှုသဲချိုက်ကို အိပ်မက်ထဲသို့ ခေါ်ဆောင်သွားသည်။
ဝမ်လင်းသည် ရလဒ်ကို ကြည့်ဖို့ အချိန် မရှိပေ။ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖို့မှာ ခက်ခဲလွန်းလှ၏။ သည်လူများက ကျော်ကြားပြီးသူများပင်။ သူတို့နင့် တိုက်ခိုက်ရခြင်းမှာ ဝမ်လင်းအဖို့ တစ်စက်လေးမျှ အနားမရနိုင်ဟု အဓိပ္ပာယ်ရသည်။
ဝမ်လင်းနောက်တွင် သူ၏ မီးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် ပေါ်လာသည်။ သူက ကောင်းကင်ထက်သို့ လက်ညွှန်လိုက်သည်။
“ခုနစ်ရောင်စုံမန္တာန်…” သူ၏ စကားသံ ပဲ့တင်ထပ်သည့်အခါ လောကသည် ခုနစ်ရောင်စုံအလင်းဖြင့် ဖုံးလွှမ်းလာသည်။ ခုနစ်ရောင်စုံအလင်းသည် လှံရှည်နှစ်လက်အဖြစ်သို့ သိပ်သည်းသည်။ အနောက်ဘက်မှ လှံက မီးများဖြင့် ဖုံးလွှမ်းထားသည်။ ယင်းလှံနှစ်ခုက ရှုသဲချိုက်ထံ တစင်းပြီးတစင်း တိုးဝင်လာတော့သည်။
“စစ်စိတ်ဝိညာဉ်လက်ဝါး…” ဝမ်လင်း၏အသံက ကြမ်းရှ၏။ သူ့လက်ဝါးကို ကောင်းကင်ထက်သို့ တွန်းထုတ်လိုက်သည်။ ဧရာမလက်ဝါးချက်တစ်ခု ပေါ်လာ၏။ ထို့နောက် နောက်ထပ်မီးလက်ဝါးတစ်ခုလည်း ပေါ်လာသည်။ ယင်းလက်ဝါးနှစ်ခုလုံးက ရှုသဲချိုက်ထံ ဦးတည် ပျံသန်းလာသည်။
“နယ်မြေလောင်ကျွမ်းခြင်းထီး…” ဝမ်လင်းက မာန်သွင်းလိုက်၏။ သူ့လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ပြီး မရေမတွက်နိုင်သော အတားအဆီးများကို ဖြစ်ပေါ်စေသည်။ ပွင့်ဟနေသော ဧရာမရှေးဟောင်းထီးတစ်လက် ပေါ်လာသည်။ ၎င်း၏နောက်တွင်လည်း နောက်ထပ်ထီးတစ်ခု ပေါ်လာသည်။ ထိုထီးနှစ်လက်လုံးတို့က တချိန်တည်းမှာ အဖျက်အစီးမီးပမာဏနှစ်ဆကို ထုတ်လွှတ်ကာ နီးကပ်လာသည်။
“လေဆင့်ခေါ်ခြင်း၊ မိုးဆင့်ခေါ်ခြင်း…”
“ဆန်းကြယ်လက်နက်…”
“ကုန်းမြေပျက်စီးခြင်း၊ တောင်ခြေမွခြင်း…”
“လနက်၊ ကြည်လင်သော ကောင်းကင်များ…” ဝမ်လင်းသည် သူ သိထားသော မန္တာန်တိုင်းနီးပါးကို အသုံးပြုလိုက်သည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်ပေါ်စေလျက် သူသည် ပေဖန်၏ လနက်၊ကြည်လင်သောကောင်းကင်များ မန္တာန်ကိုပါ အသုံးပြုသည်။
ကောင်းကင်ထက်တွင် ရုတ်တရက် လနက်တစ်စင်း ပေါ်လာသည်။ လူတစ်ယောက်သည် ထိုပထမဆုံး လနက်၏နောက်တွင် နောက်ထပ်လနက်တစ်စင်း ရှိနေသည်ကို ဝါးတဝါး မြင်နိုင်လိမ့်မည်။
ဤသည်မှာ လနှစ်စင်းပင်။
ကျယ်လောင်စွာ တုန်ဟည်းသံများ လောကတွင် ပဲ့တင်ထပ်လျက် နာကျင်စွာအော်ဟစ်သံ ထွက်ပေါ်လာသည်။ ပြိုလဲပျက်စီးနေသော အနက်ရောင်နှင်းများအောက်၌ ခုနစ်ရောင်စုံလှံနှစ်လက်က ကောင်းကင်ကို ဖြတ်သန်းလာ၏။ စစ်စိတ်ဝိညာဉ်လက်ဝါးကလည်း ဆင်းသက်လာ၏။ အဆုံးသပ်၌ လနက်နှစ်စင်းသည် ရှုသဲချိုက်၏ ခန္ဓာကိုယ်ပေါ်တွင် ခပ်နှိပ်သည်။
ရှုသဲချိုက်သည် သွေးအန်လိုက်ရ၏။ သူ့ညာလက်မှာ ပေါက်ကွဲသွားသည်။ သူက ငြှိမ်းသေခါနီး မီးအိမ်တစ်ခုနှင့် တူနေလေပြီ။ သူ ဒဏ်ရာအပြင်းအထန် ရထားပြီ ဖြစ်၏။ သူ့ဦးခေါင်းထက်ရှိ မီးအိမ်ကြောင့်သာ မဟုတ်ပါက သူသည် ဝမ်လင်း ပြင်ဆင်ထားသော ဒုတိယအကြိမ် တိုက်ခိုက်မှုများအောက်၌ သေဆုံးနှင့်နေလောက်ပြီ။
ထိုအခိုက်တွင် သူ့ဦးခေါင်းထက်မှ မီးအိမ်အတွင်းရှိ မီးသည် တဖြတ်ဖြတ် ဖြစ်လာသည်။ ၎င်းက ငြှိမ်းသေတော့မည့်ကဲ့သို့ပင်။ ရှုသဲချိုက်၏ မျက်လုံးထဲတွင် ကြောက်ရွှံ့မှုတို့ အတိပြီးလာ၏။ သေဆုံးခြင်းအော်ရာက သူ့အား ဝန်းရံလာပြီ မဟုတ်လား။ သူက ဒီလို ခံစားမှုကို မရခဲ့သည်မှာ အချိန်ကြာမြင့်လွန်းခဲ့ပေပြီ။
“ငါ့မှာသာ အခွင့်အရေး တစ်ခု ရခဲ့ရင်။ ငါသာ အခွင့်အရေးတစ်ခု ရလိုက်တာနဲ့…”
ရှုသဲချိုက်၏ ဝတ်ရုံမှာ သွေးတို့ဖြင့် နီစွန်းထင်းနေသည်။ သူသည် နောက်သို့ ဆုတ်၏။ သူ၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှု၊ ရူးသွပ်မှုတို့ ပြည့်လာသည်။ ခြေတလှမ်း၊ နှစ်လှမ်း။ သူက တတိယမြောက်ခြေလှမ်းကို လှမ်းရန် ဟန်ပြင်သည်။
“ရပ်တန့်ခြင်း…” ဝမ်လင်းသည် အားလုံးကို စွန့်စားလုပ်ဆောင်ခဲ့ပြီ ဖြစ်၏။ သူက သွေးအန်လိုက်ရပြီး တတိယကြိမ်မြောက် ရပ်တန့်ခြင်းမန္တာန်ကို အသုံးပြုသည်။ ရှုသဲချိုက်၏ ခန္ဓာကိုယ်သည် တုန်ယင်ကာ သူ၏မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုတို့ ပြည့်လာသည်။ ဝမ်လင်းသည် တတိယကြိမ်မြောက် (ဝါ) နောက်ဆုံးတိုက်ခိုက်မှုများကို စတင်လေပြီ။
ဝမ်လင်းသည် ဒဏ်ရာအပြင်းအထန် ရသွားသော ရှုသဲချိုက်ထံ တိုးဝင်လာ၏။ တချိန်တည်းမှာ မြေအောက်မှ အတိုင်းမသိ ကြမ်းကြုတ်မှုအပြည့်ဖြင့် ဟိန်းအော်သံ တစ်သံ ထွက်ပေါ်လာသည်။ ကြမ်းကြုတ်လှသော၊ လက်တစ်ဖက် ဆုံးရှုံးထားသော ရီစီရုပ်သေးက ရှုသဲချိုက်ထံ ဦးတည်ဝင်လာ၏။
ချက်ခြင်းပင် ခြင်သားရဲ ပေါ်လာကာ ၎င်း၏အမြန်ဆုံးနှုန်းဖြင့် ရှုသဲချိုက်ထံ တိုးဝင်လာသည်။
ဤသည်ကား ဝမ်လင်း၏ တတိယကြိမ်မြောက် တိုက်ခိုက်မှုများ ဖြစ်သလို ရှုသဲချိုက်ကို သတ်ဖို့အတွက် နေရာဆိုလည်း ဟုတ်သည်။
ဦးတည်ဘက်သုံးခုထံမှ တိုက်ခိုက်မှုရင်းမြစ်သုံးခုသည် ရှုသဲချိုက်ကို ဗဟိုပြုကာ သူ့ထံ တိုးဝင်လာသည်။ ရီစီရုပ်သေးက ဦးဆုံး နီးကပ်သွား၏။ ၎င်းက ရက်စက်လိုဟန် အပြုံးကို ထုတ်ဖော်သည်။ ၎င်း၏ ကျန်နေသော လက်ကို ပင့်မြှောက်ကာ ရှုသဲချိုက်ကို ကုတ်ဆွဲချလိုက်သည်။ ၎င်း၏ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံမှုဖြင့် ကုတ်ဆွဲမှုက ဒဏ်ရာအပြင်းအထန် ရထားပြီးသော ရှုသဲချိုက်ကို ပိုဆိုးဝါးသွားစေသည်။
ရှုသဲချိုက်သည် နာကျင်စွာ အော်ဟစ်လိုက်ရ၏။ သူ၏ခန္ဓာကိုယ်သည် လှုပ်ရှားနိုင်သွားသည်။ သို့သော် သည့်နောက်တွင် သူ့ခန္ဓာကိုယ်က ပေါက်ကွဲသွားတော့သည်။ သူ၏ခန္ဓာကိုယ်က ရီစီ၏ တိုက်ခိုက်မှုကို တောင့်မခံနိုင်သည့်ပုံ ရလေ၏။
ရှုသဲချိုက်၏ မူလစိတ်ဝိညာဉ်သည် မီးအိမ်ထံမှ မြန်ဆန်စွာ ပျံသန်းပြေး၏။ သို့ပေမည့် ခြင်သားရဲက အချိန်အတန်ကြာ ပြင်ဆင်ထားပြီး မဟုတ်လား။ ထိုအခိုက်တွင် ၎င်းက နီးကပ်လာကာ ရှုသဲချိုက်၏ မူလစိတ်ဝိညာဉ်ကို ၎င်း၏ ခြင်နှုတ်သီးဖြင့် ထိုးစိုက်ကာ ရှိုက်သွင်းလိုက်သည်။ ရှုသဲချိုက်၏ စူးစူးဝါးဝါး အော်သံက ပိုပြင်းထန်သွားသည်။ မီးအိမ်က ခြင်သားရဲဘုရင်ကို နောက်သို့ ပြန်လွင့်သွားစေခြင်းကြောင့်သာ မဟုတ်ပါက သူသည် လုံးဝ ဝါးမြိုခံလိုက်ရမည်ပင်။
မီးအိမ်ထံမှ အလင်း ပျံ့လာခိုက် ရီစီရုပ်သေးကို ထိုအလင်းက ခြုံလွှမ်းသွားသည်။ ၎င်း၏ခန္ဓာကိုယ်မှာ အနက်ရောင်အခိုးငွေ့များ ထွက်ပေါ်လာ၏။ သို့သော် ထိုနာကျင်မှုက ၎င်းကို နောက်သို့ မဆုတ်သွားစေပေ။ ထိုအစား ရီစီရုပ်သေးကို ပို၍ ကြမ်းကြုတ်လာစေ၏။ နာကျင်မှုကို လစ်လျူရှုကာ ၎င်း၏လက်ဖြင့် ရှေ့သို့ ကုတ်ဆွဲလိုက်ပြန်သည်။
ရှုသဲချိုက်၏ မူလစိတ်ဝိညာဉ်သည် နာကျင်စူးဝါးစွာ အော်ဟစ်လိုက်ရသည်။ သူက ပို၍ပင် အားနည်းသွားတော့သည်။
ထိုအခိုက်တွင် ဝမ်လင်း နီးကပ်လာခဲ့ပြီ။
ရှုသဲချိုက်က ဒဏ်ရာအပြင်းအထန် ရထားခဲ့ပြီးပင်။ သူ၏ခန္ဓာကိုယ်မှာ ပျက်စီးပြီး သူ့မူလစိတ်ဝိညာဉ်သည် ပျောက်ကွယ်လုနီးပင်။ အမည်မသိ ဆန်းကြယ်သော မီးအိမ်၏ ကာကွယ်ပေးမှုကြောင့်သာ မဟုတ်ပါက သူ သေဆုံးနေလောက်ပေပြီ။
သို့သော် ထိုမီးအိမ်က အလွန်ထူးခြား၏။ ရှုသဲချိုက်ကို သတ်ဖို့ရန်မှာ ဝမ်လင်းအနေဖြင့် ထိုမီးအိမ်နှင့် ရှုသဲချိုက်ကြား ဆက်နွှယ်မှုကို ဖြတ်တောက်ရမည်ပင်။ ဝမ်လင်း နီးကပ်လာ၏။ သွေးဓားကို ဆုပ်ကိုင်ကာ သွေးအလင်း လင်းလက်သွားသည်။ သူက သွေးဓားကို ရှုသဲချိုက်၏ ဦးခေါင်းထံ ခုတ်ပိုင်းချလိုက်သည်။