← Chapters

ကျန်းတောက်ကျုံး

Vol. 139 Ch. 1921

ကျန်းတောက်ကျုံး

Vol. 139 Ch. 1921

ထိုသတ်ဖြတ်မှုက ပထမတစ်ကြိမ် စစ်ပွဲလောက် ကျင့်ကြံသူတွေ မများတော့ပေ။ ထို့ကြောင့် တိုက်ပွဲ အကျယ်အဝန်းက မကြီးမားလွန်းတော့ပေ။ ကီလိုမီတာ ရာချီလောက်သာ ရှိတော့သည်။

တိုက်ပွဲကွင်းပြင်နှင့် ကီလိုမီတာတစ်သိန်းလောက်တွင် မြူများ ဖုံးလွှမ်းနေတုန်းပင်။ ရွှံ့နွံ့နှင့်မြက်များကြားတွင် ကျောက်တုံးတစ်ခု ရှိနေသည်။ သည်အခိုက်တွင် အလင်းရောင် ပေါက်ကွဲထွက်လာကာ ဝမ်လင်း၏ပုံရိပ် ပေါ်လာသည်။

ကောင်းကင်သည် နက်မှောင်နေပြီး မြူများ ခြုံလွှမ်းထားသည်။ လွန်ခဲ့သော ရက်များက မိုးရွာသွန်းမှုက လုံးလုံးလျာလျာ မရပ်တန့်သေးပေ။ သို့သော် အတော်လေး အားပျော့သွားခဲ့ပြီ ဖြစ်၏။ မိုးရွာသွန်းမှုက မြူများနှင့် ပေါင်းစပ်နေသဖြင့် စိုထိုင်းစ များလွန်းနေသည်။

ဝမ်လင်းက ဟင်းလင်းပြင်ကျောက်တုံးကို ကောက်ယူကာ သူ့သိုလှောင်နေရာလွတ်ထဲသို့ ထည့်သိမ်းလိုက်သည်။ ဝမ်လင်းက အကွာအဝေးတစ်ခုသို့ လှမ်းကြည့်သည်။ သူ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။

“ငါသာ ဟင်းလင်းပြင်ကျောက်တုံးထဲကို ဝင်ရောက်ခဲ့တဲ့နောက် ဒါက တူညီတဲ့နေရာမှာပဲ ဆက်ရှိနေခဲ့တယ်။ ဒါက အန္တရာယ်များလွန်းတယ်။ ငါ ဒီလိုသာ လုပ်ဖို့ မလိုအပ်ခဲ့ရင် ဒါကို ထပ်အသုံးမပြုတာ အကောင်းဆုံးပဲ…”

ဝမ်လင်း၏ ခန္ဓာကိုယ်သည် ဖြတ်ခနဲ ပျောက်ကွယ်သွားလေ၏။

သူက တိုက်ပွဲကွင်းပြင်၏ အပြင်ဘက်တွင် ပြန်ပေါ်လာသည်။ သည်နေရာကနေ သူသည် မန္တာန်တုန်ခါမှုလှိုင်းများနှင့် သေခြင်းရနံ့တို့ကို ခံစားမိနိုင်သည်။

တိုက်ပွဲကြီးများ ဖြစ်သ၍ နှစ်ဖက်သေဆုံးမှုတို့မှာ များပြားလွန်းမည်သာ။ ဝမ်လင်းက ဒီလိုတိုက်ပွဲများအပေါ် ပင်ပန်းလာခဲ့ပြီ ဖြစ်ပြီး မပါချင်တော့ပေ။ သူ့ကို ‘ငါတို့လို ကျင့်ကြံသူတွေဟာ တိုက်ခိုက်ရမှာ ဘယ်တော့မှ နောက်မတွန့်’ ဟု အင်နှင့်အားနှင့် မာန်သွင်းစေသော စိတ်ခံစားမှုအာရုံလည်း ဒီနေရာ၌ မရှိစေပေ။

သူက ဘိုးဘေးအရှင်ကုန်းနျန်ကို သူ လက်ခံခဲ့သော လက်ဆောင်သုံးခုအတွက် အခြေအနေသုံးရပ် ပြီးမြောက်အောင် ပြန်လုပ်ပေးရန်သာ ဒီနေရာတွင် ရှိနေခြင်းပင်။ ဤသည်က ဝမ်လင်း၏ စိတ်နေစရိုက်ပင်။ သူက သူ့အပေါ် ပြသသော ကြင်နာမှုကို ပြန်ပေးဆပ်မည့် သူမျိုး ဖြစ်၏။

“ခုချိန်ဟာ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတွေကို တိုက်ခိုက်ဖို့ အချိန်ကောင်း မဟုတ်သေးဘူး။ ဒါပေမဲ့ သူတို့ထဲက တစ်ယောက်ယောက်သာ ဒဏ်ရာအပြင်းအထန် ရသွားခဲ့ရင်တော့ ကံတရားက ငါ့ဘက်ပါတာ ဖြစ်နိုင်တယ်…”

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူသည် အခိုးအငွေ့အဖြစ်သို့ ပြောင်းကာ တိုက်ပွဲကွင်းပြင်ထံ နီးကပ်လာသည်။

သူ နီးကပ်လာသည်နှင့် မန္တာန်လှိုင်းများက ပိုပြင်းထန်လာ၏။ သေဆုံးခြင်းအော်ရာက ပိုသိပ်သည်းလာသည်။ သူသည် ရတနာများ၊ မန္တာန်များ ထိပ်တိုက်တွေ့ရာကနေ ထွက်ပေါ်လာသော အသံဗလုံများကိုပါ ခပ်ရေးရေး ကြားမိ၏။

“အမြန်နှုန်းမန္တာန်ပညာရပ်အတွက် မူလစိတ်ဝိညာဉ်တွေကို ငါ့ခန္ဓာကိုယ်မှာ ချိပ်ပိတ်ဖို့အတွက် ဖမ်းဆီးဖို့ ဒီတိုက်ပွဲကွင်းပြင်က နေရာကောင်းပဲ…”

ဝမ်လင်းသည် တိုက်ပွဲကွင်းပြင်နှင့် နီးသထက်နီးလာ၏။ တအောင့်အကြာတွင် သူသည် တိုက်ပွဲကွင်းပြင်သို့ ဝင်လာခဲ့လေပြီ။ အဘက်ဘက်ကနေ မန္တာန်များထံမှ တုန်ခါလှိုင်းများ၊ မြည်ဟိန်းသံများ ထွက်ပေါ်နေတော့သည်။ အလင်းများကလည်း တဖြတ်ဖြတ် တလက်လက် ဖြစ်နေသည်။

နှစ်ဘက်လုံး၌ တိုက်ပွဲစတုန်းက ကျင့်ကြံသူ ခြောက်ထောက်၊ခုနစ်ထောင်လောက် ရှိကြ၏။ သို့သော် ခုချိန်၌ လေးထောင်ပင် မကျန်တော့ပေ။ သူတို့သည် အကြမ်းပတမ်း တိုက်ပွဲများကို ဆင်နွှဲနေလျက် မျက်လုံးများ ချင်းချင်းနီရဲနေသည်။ ဝမ်လင်းက အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများ သေဆုံးမှုကိုလည်း မြင်၏။ ကောင်းကင်ဘုံနွားထီးကုန်းမြေမှ ကျင့်ကြံသူများ သေဆုံးသည်ကိုလည်း တွေ့မြင်သည်။ သို့သော် သူသည် မလှုပ်ရှားပေ။

သူက ဒီသတ်ဖြတ်ခြင်း၌ မပါဝင်ချင်ပေ။ သူ့အမြင်၌ ကောင်းကင်ဘုံနွားထီးကုန်းမြေ ဖြစ်စေ၊ အစိမ်းရောင်မိစ္ဆာကုန်းမြေ ဖြစ်စေ ကွာခြားချက် သိပ်မရှိလှပါ။

ဖြတ်ခနဲ ဝမ်လင်းက တိုက်ပွဲကွင်းပြင် အတွင်းနက်ပိုင်းသို့ တိုးဝင်လာ၏။ ထို့နောက် သူက ညာဘက်သို့ လှည့်ကြည့်လိုက်၏။ မြူများထဲ၌ ကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်နေကြသည်။ ရှုံးနေသာ တစ်ယောက်က အန္တရာယ်များစွာကို ရင်ဆိုင်နေရသည်။ ဆန်းကြယ်လေဟာနယ်အလယ်အဆင့်၌ ရှိသော အစိမ်းရောင်မိစ္ဆာကုန်းမြေမှ အဘိုးအို၏ တိုက်ခိုက်မှုများက ရက်စက်လှသည်။

“သူပဲ…”  ဝမ်လင်းသည် နောက်ဆုတ်နေရသော ကျင့်ကြံသူထံ လှမ်းကြည့်၏။ သူက ထိုသူ့အပေါ် အထင်အမြင်ကောင်းတချို့ ရှိထား၏။ အခု အန္တရာယ်ရင်ဆိုင်ကာ နောက်ဆုတ်နေရသောသူမှာ အဆုံးစွန်မြက်ခင်းပြင်၌ အရင်က ဝမ်လင်းနှင့် တွေ့ခဲ့ဖူးသော အဘိုးအိုပင်။

ထိုအဘိုးအိုက သနားစရာအခြေအနေ ဆိုက်ရောက်နေ၏။ သူ့မျက်နှာက ဖြူရောနေသည်။ သူ့ပါးစပ်ထောင့်မှ သွေးများစီးကျနေသော်ငြားလည်း သူ့အမူအရာက ပြတ်သား၏။

တချက်နှစ်ချက် ကြည့်လိုက်ပြီးနောက် ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်သွားကာ သူက ရှေ့သို့ လှမ်းဝင်လိုက်သည်။

ထိုအဘိုးအိုနောက်သို့ လိုက်လံနေသော အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူသည် သူ့လက်နှစ်ဖက်ကို ခပ်ကြမ်းကြမ်း ဝေ့ယမ်းလိုက်၏။ သူ့ပတ်လည်ရှိ ဧရာမပုံရိပ်ယောင်နှစ်ခုက ထိုအဘိုးအိုနောက်သို့ လိုက်လံချေသည်။

“မင်း ငါနဲ့ တိုက်ခိုက်နေတာ ကြာနေပြီ။ အခုတော့ မင်း သေလိုက်တော့…”

ထိုကျင့်ကြံသူက သူ့ညာလက်ကို ပင့်မြှောက်ကာ ရှေ့သို့ လက်ညွှန်၏။ ပုံရိပ်ယောင်ကြီးနှစ်ခုက အရှိန်တိုးလာပြီး ထိုအဘိုးအိုကို မှီလာတော့မည်။

ထိုအဘိုးအိုက သက်ပြင်းချလိုက်၏။ သူသည် သေခြင်းရှင်ခြင်းများစွာကို တွေ့မြင်ခဲ့ပြီး ဖြစ်၏။ သူသည် ဒီတိုက်ပွဲ၌ သူ့မိတ်ဆွေများ သေဆုံးခဲ့တာကိုလည်း မြင်ခဲ့ပြီးလေပြီ။ အခုတော့ သူ့အလှည့် ရောက်လာခဲ့ပြီ။

သူ့ထံ၌ ဝမ်းနည်းမှုအရိပ်အငွေ့ ရှိနေ၏။ သို့သော် မည်သို့ပင်ဖြစ်စေ သူသည် စိတ်အေးမှုကို ခံစားလိုက်ရ၏။ သို့သော်လည်း သူ့အတွက် မည်သို့မျှ မတုန့်ပြန်ဘဲ လည်စင်းခံ သေဆုံးဖို့တော့ မဖြစ်နိုင်ပေ။ သူက သူ့ကိုယ်သူ ဖောက်ခွဲပစ်ရန် ဟန်ပြင်လိုက်၏။

“ဒီအဘိုးအိုက ကောင်းကင်ဘုံနွားထီးကုန်းမြေမှာ မွေးဖွားခဲ့တယ်။ ငါ့ကျင့်ကြံမှုတစ်ခုလုံးဟာ ကောင်းကင်ဘုံနွားထီးကုန်းမြေကနေ ဖြစ်တည်လာခဲ့တာ။ အခု ကောင်းကင်ဘုံနွားထီးကုန်းမြေအတွက် ငါ အရာအားလုံးကို ပြန်ပေးမယ်။ ဘာ နောင်တမှ ရနေစရာ မရှိဘူး…”

ထိုအဘိုးအိုက နောက်သို့ လှည့်လိုက်၏။ သူက တည်ငြိမ်နေသည်။ သူက ဖောက်ခွဲရန် ဟန်ပြင်လိုက်စဉ် မျက်မှောင်ကြုတ်မိသွား၏။ သူနှင့် သူ့နောက်လိုက်လံသော ကျင့်ကြံသူတို့ကြား၌ ပုံရိပ်တစ်ခု ပေါ်လာသည်ကို သူ မြင်လိုက်ရသည်။

ထိုပုံရိပ်က ဝတ်စုံဖြူ၊ ဆံပင်ဖြူနှင့် ဖြစ်၏။

ဝမ်လင်းသည် တိတ်တဆိတ် ပေါ်လာပြီး သူ့လက်ကို မည်ကာမတ္တ ဝေ့ယမ်းလိုက်၏။ ဒီဧရိယာရှိ မြူများသည် တုန်ဟည်းသွားကာ ပုံရိပ်ယောင်ကြီးနှစ်ခုလည်း တုန်ယင်၍ ရုတ်တရက် ပျက်စီးသွားလေသည်။

ထိုပုံရိပ်ယောင်နှစ်ခု ပျက်စီးမှုက အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူ၏ အမူအရာကို ကြီးစွာ ပြောင်းလဲသွားစေသည်။ သူ့မန္တာန်ကို တခြားတဖက်မှ လူသည် လွယ်ကူစွာ ဖျက်စီးနိုင်ခြင်းသည် ဆိုလိုရင်း တစ်ခုသာ ရှိမည် မဟုတ်လား။ တဖက်လူက လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

ထိုအတွေး ဝင်လာသည်နှင့် အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူသည် ဦးရေပြား ထုံထိုင်းသွားတော့သည်။ သူက နောက်သို့ ချက်ခြင်း ဆုတ်ပြီး ဒီနေရာကနေ ထွက်ပြေးရန် ဟန်ပြင်သည်။

ဝမ်လင်းက အေးစက်စက်နှာခေါင်း ရှုံ့လိုက်ကာ ခြေလှမ်းသည်။ သူက ပေထောင်ချီကို တိုက်ရိုက် ဖြတ်ကျော်ကာ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူ၏ရှေ့၌ ပေါ်လာ၏။ သူ့လက်ဝါးက ထိုက်ချိတောင်တန်းအလား ကျဆင်းလာသည်။ ထိုကျင့်ကြံသူသည် ခုခံရန် အလျင်းမဲ့ရပြီး ဝမ်လင်း၏လက်က သူ့ဦးခေါင်းကို ဖိချသွားတော့သည်။

ထိုကျင့်ကြံသူသည် အပိုင်းပိုင်း ဖြစ်သွား၏။ သူ့မူလစိတ်ဝိညာဉ်ကိုတော့ အားတစ်ခုက ခြုံလွှမ်းကာ သူ့ ပျက်စီးသွားသော ခန္ဓာကိုယ်ထဲကနေ ဆွဲထုတ်သည်။ ဝမ်လင်းက ထိုမူလစိတ်ဝိညာဉ်ပေါ်သို့ ချိပ်တံဆိပ်များ မြန်ဆန်စွာ နေရာချလိုက်ပြီး ၎င်းကို သူ့ရင်ဘက်ထံ ဖိချသည်။

ထိုမူလစိတ်ဝိညာဉ် ပျောက်ကွယ်သွား၏။ သို့သော် ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ ဝဲကတော့တစ်ခု ပေါ်လာသည်။ သည်ဝဲကတော့က အမြန်နှုန်းမန္တာန်ပညာရပ်အရ ဝမ်လင်း ဖွင့်လှစ်ရမည့် မန္တာန်သွေးကြော၏ အစပြုရာပင်။

အဖြစ်အပျက်အားလုံးက မြန်ဆန်လွန်းလှ၏။ ကောင်းကင်ဘုံနွားထီးကုန်းမြေမှ အဘိုးအိုသည် ဝမ်လင်း ပျောက်ကွယ်သွားသည်ကို ကြောင်ရီစွာ ကြည့်နေမိသည်။ အချိန်အတန်ကြာပြီးနောက်မှ သူသည် အသက်ဝဝရှုထုတ်မိတော့သည်။

“သူဟာ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ အကြီးအကဲတစ်ယောက်ပဲ…”

ထိုအဘိုးအိုသည် ဝမ်လင်းကို မြေအောက်နန်းတော်၌ တွေ့ခဲ့ဖူး၏။ သို့ပေမည့် ဝမ်လင်း၏ အဖြူရောင်ဆံပင်ရှည်၊ အဖြူရောင်ဝတ်ရုံ၊ အေးစက်စက်အော်ရာတို့ကြောင့် သူ့အနေဖြင့် ဝမ်လင်းသည် အရင်က သူ တွေ့မြင်ခဲ့ဖူးသောသူနှင့် မတူတော့သလို ခံစားမိလိုက်ရသည်။

ဝမ်လင်းက မြူများကြား ရွှေ့လျား၍ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူများ တိုက်ခိုက်နေသော နေရာထံ ဦးတည်နေသည်။ သူနှင့် တွေ့ကြုံသော ဆန်းကြယ်လေဟာနယ်အဆင့် မည်သူမဆို ချက်ခြင်း အသတ်ခံရသည်။ သူက သူတို့၏မူလစိတ်ဝိညာဉ်များကို သူ့ခန္ဓာကိုယ်တွင် ချိပ်ပိတ်ကာ ပထမဆုံးမန္တာန်သွေးကြောကို သန်မာအားကောင်းအောင် လုပ်လေ၏။

ဝမ်လင်းသည် အမြန်နှုန်းမန္တာန်သွေးကြော၏ စည်းမျဉ်းကို ခပ်ရေးရေး သဘောပေါက်၏။ သူက ကျင့်ကြံသူများ၏ မူလစိတ်ဝိညာဉ်များကို အဆက်မပြတ် ချိပ်ပိတ်ရမည် ဖြစ်ပြီး သို့မှသာ ယင်းတို့က ဝဲကတော့တစ်ခု ဖြစ်လာလေမည်။ ထို့နောက်တွင် ထိုဝဲကတော့၏ လည်ပတ်နှုန်းက အလွန်မြန်ဆန်မှုသို့ ရောက်ရှိပေမည်။

ကျင့်ကြံသူ ပိုများလေလေ၊ ကျင့်ကြံမှုအဆင့် ပိုမြင့်မားလေလေ ဝဲကတော့က ပိုမြန်လေမည်။ ထို့အတွက်ကြောင့် ဝမ်လင်းက ၎င်းကို အသုံးပြုရန် လိုအပ်သည့်အခါ၌ သူ့မန္တာန်များ၏ အမြန်နှုန်းကပါ လိုက်ပါ မြင့်တက်လာလိမ့်မည်။

သို့ပေမည့် အကန့်အသတ်တော့ ရှိပေသည်။ လမ်းတလျှောကတွင် ဝမ်လင်းက လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူများ တိုက်ခိုက်နေသော နေရာနား ရွှေ့လျားလာရင်း စုစုပေါင်းမူလစိတ်ဝိညာဉ်ကိုးခုကို ချိပ်ပိတ်ခဲ့ပြီး ဖြစ်သည်။ သူသည် ထပ်မံ၍ မချိပ်ပိတ်နိုင်တော့သလို ဒုတိယမြောက်မန္တာန်သွေးကြောကိုလည်း မဖွဲ့စည်းနိုင်သေးပေ။

ဤသည်ကို အမြန်နှုန်းမန္တာန်ပညာရပ်က ရှင်းပြထားပြီးပင်။ ဝမ်လင်းက သူကိုယ်တိုင် ၎င်းကို တွေ့ကြုံပြီးနောက် ပိုမိုနက်နက်နဲနဲ နားလည်သဘောပေါက်လာခဲ့သည်။ သူသာ ဒုတိယမြောက်မန္တာန်သွေးကြောကို ဖွဲ့စည်းလိုပါက သူ့အဖို ပိုသန်မာသော ကျင့်ကြံသူ၏ မူလစိတ်ဝိညာဉ် လိုအပ်လိမ့်မည်ပင်။

သူသည် ရှုသဲချိုက်ကဲ့သို့ နိဗ္ဗာနလေဟာနယ်အဆင့်မှ စတင် ချိပ်ပိတ်တာ မဟုတ်ပါက စွမ်းအားသည် အတော်လေး အားနည်းသွားပေလိမ့်မည်။ ဝမ်လင်း အခု ဖန်တီးလိုက်သော ဝဲကတော့ကတ ရှုသဲချိုက်၏ ဝဲကတော့များထဲမှ လေးခုထက်ပင် ပိုအားကောင်းသေး၏။

“ဆန်းကြယ်အတိဒုက္ခအဆင့် ကျင့်ကြံဿူတွေကတော့ ငါ့ဒုတိယမြောက် မန္တာန်သွေးကြောကို ဖွဲ့စည်းပေးနိုင်လိမ့်မယ်။ ဒါပေမဲ့ ဒီနေရာမှာ ဆန်းကြယ်အတိဒုက္ခအဆင့် ကျင့်ကြံသူ များများစားစား မရှိဘူး…”  ဝမ်လင်းက သူ့ရှေ့ရှိ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူများ တိုက်ခိုက်နေသော နေရာ၊ မြူထုထံ လှမ်းကြည့်သည်။

တအောင့် ကြည့်ပြီးနောက် ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။

“သူတို့ထဲက တစ်ယောက်ယောက် ဒဏ်ရာအပြင်းအထန် ရသွားဖို့ဆိုတာ ခက်ခဲလွန်းတယ်။ အစိမ်းရောင်မိစ္ဆာကုန်းမြေက ကျင့်ကြံသူတွေက ဒီမြူထဲမှာ အနှောက်အယှက် မဖြစ်ရအောင် သူတို့ရဲ့ စွမ်းအားကို ဖြည့်တင်းနိုင်အောင် ဘာမှန်းမသိတဲ့ ဆေးလုံးအချို့ကို သောက်သုံးထားကြတယ်။ ဒီလိုသာ ဖြစ်နေရင် ငါ့အနေနဲ့ ဆန်းကြယ်ဒုက္ခအဆင့် ကျင့်ကြံသူတွေကိုပဲ အရင် သွားရှာတာ ပိုကောင်းမယ့်ပုံပဲ…”

ဝမ်လင်းသည် စဉ်းစားနေပြီး မြန်ဆန်စွာ ပြန်ထွက်ခွာရန် ဟန်ပြင်စဉ် သူ့အမူအရာက ပြောင်းလဲသွား၏။ တုံ့နှေးမနေဘဲ ဝမ်လင်းက ရှေ့သို့ မြန်နှုန်းအပြည့် တိုးဝင်လိုက်၏။

သူ ပေသုံးဆယ်ခန့် တိုးဝင်လိုက်သည့်အခါ၌ အစိမ်းရောင်အလင်းတန်းတစ်ခုက သူ ရပ်နေသော နေရာထံ ကျရောက်သွားသည်။ မြေပြင်ထု တုန်ဟိန်းသွား၏။ မြူများသည်ပင် ထိုအစိမ်းရောင်အလင်းတန်း၏ ထိမှန်ခြင်းခံရကာ ပျက်စီးပြိုပျက်မည့် အရိပ်အယောင် ဖြစ်ပေါ်သွားသည်။

ထိုတိုက်ခိုက်မှုက ပြင်းထန်သော တုန်ခါလှိုင်းကို ဖန်တီးကာ ဝမ်လင်းကို လွင့်ထွက်သွားစေသည်။ ဝမ်လင်းသာ အချိန်မီ သတိပြုလိုက်သည့်အတွက်ကြောင့် မဟုတ်ပါက သည်တိုက်ခိုက်မှုက သူ့ကို ဒဏ်ရာအပြင်းအထန် ရသွားစေလိမ့်မည်။

ဝမ်လင်းက လှည့်မကြည့်ပေ။ သူက သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များ ထောင်မတ်သွားသလို ခံစားလိုက်ရသည်။ သူက သူ့ပေါ်သို့ နတ်ဘုရားအာရုံတစ်ခု လာရောက် ခပ်နှိပ်ထားပြီကို ခံစားမိသည်။ သူ ရှေ့သို့ တဟုန်ထိုး ဦးတည်လိုက်သည်။

သူ၏ခြေထောက်အောက်တွင် လှိုင်းဂယက်များ ပေါ်လာကာ သူက လောကနှင့် တသားတည်းပေါင်းစပ်ရန် ဟန်ပြင်လိုက်သည်။

“ချိပ်ပိတ်စေ…” သို့ပေမည့် ထိုအခိုက်တွင် အေးစက်စက်အသံတသံ ပဲ့တင်ထပ်ကာ လောကသည် ချိပ်ပိတ်ခံလိုက်ရပုံ ပေါ်သည်။ ဝမ်လင်းသည် မပေါင်းစပ်နိုင်တော့ပေ။

“လေဟာနယ်အတိဒုက္ခအလယ်အဆင့် မွန်းစတားအို…”  ဝမ်လင်းသည် သူ့အပေါ် ပစ်မှတ်ထားလာသော သူ၏ ကျင့်ကြံမှုအဆင့်ကို သိလိုက်၏။ သူက အံတင်းတင်းကြိတ်ကာ လောကနှင့် ပေါင်းစပ်ဖို့ ထပ်မံ မကြိုးစားတော့ပေ။ သူက ခြင်သားရဲဘုရင်ကို သူ့အား ခေါ်ဆောင် ပျံသန်းရန် ဆင့်ခေါ်လိုက်သည်။

ဝမ်လင်း၏နောက်၌ လုဝမ်ရန်နှင့် တခြားသူများဖြင့် တိုက်ခိုက်နေသော အဘိုးအိုကျန်းက ဝမ်လင်း ထွက်ပြေးသွားသော နေရာထံ စိုက်ကြည့်၏။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပေါ်လာသည်။ သူက ဒီတိုက်ပွဲအခြေအနေကို လစ်လျူရှုကာ ဝမ်လင်း နောက်သို့ လိုက်လံလာတော့သည်။

“ဒီအဘိုးအို ကျန်းတောက်ကျုံးက မင်းကို စောင့်နေတာ ရက်အတော်လေး ရှိနေပြီ။ နောက်ဆုံးတော့ မင်း ထွက်လာခဲ့ပြီပေါ။ မင်းက လျှိုဇီယန်းကို သတ်ခဲ့တယ်။ ဒါ့ကြောင့် ငါ့အနေနဲ့ ကလန်ခေါင်းဆောင်ရဲ့ ဒေါသကို လျော့ပါးအောင် လုပ်ပေးဖို့ လိုသွားပြီ…”

ဝမ်လင်းသည် စကားတခွန်းမှ မဆိုပေ။ သူသည် ခြင်သားရဲဘုရင်နှင့်အတူ ပေတစ်သိန်းကျော်ထိ ပျံသန်းလာခဲ့၏။ သို့ပေမည့် ကျန်းတောက်ကျုံးက ပိုမြန်နေသည်။ ချက်ခြင်းပင် သူနှင့် ဝမ်လင်းကြား အကွာအဝေးက ပေတစ်ထောင်ပင် မရှိတော့ပေ။

All Chapters