← Chapters

ကသောင်းကနင်း ဖြစ်ခြင်း

Vol. 139 Ch. 1922

ကသောင်းကနင်း ဖြစ်ခြင်း

Vol. 139 Ch. 1922

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ လေဟာနယ်အတိဒုက္ခအလယ်အဆင့် မွန်းစတားအိုတစ်ယောက်သည် ကိုယ်ပိုင်ကလန်ကို ထူထောင်နိုင်သူများပင်။

ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူသည် အတိတ်တုန်းက လေဟာနယ်အတိဒုက္ခအလယ်အဆင့် ဖြစ်ခဲ့သူ မဟုတ်လား။ သူက သူ့ကိုယ်ပိုင်ကလန်ကို ဖန်တီးခဲ့ကာ တပည့်များ မွေးခဲ့သည်။ မဟာစိတ်ဝိညာဉ်ကလန်သည်ပင် သူ့အပေါ် ယဉ်ကျေးရသည်။ သည်လိုကျင့်ကြံသူများက လေးစားမှုနှင့် ထိုက်တန်ပါသည်။

ဝမ်လင်း၏ခွန်အားက လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူများကို ယှဉ်နိုင်၏။ သူတို့ကို သတ်ဖို့က ခက်ခဲလှသော်ငြားလည်း မဖြစ်နိုင်တာတော့ မဟုတ်ပေ။ သို့ပေမည့် သူသည် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူကဲသို့ လူမျိုးများနှင့် ရင်ဆိုင်ရပါမူ ကွာဟချက်က ကြီးမားလွန်းမည်ပင်။

သူ့ထံ၌ အနှစ်သာရကိုးခု ပိုင်ဆိုင်ကာ ဆန်းကြယ်လေဟာနယ်အစောပိုင်းအဆင့်သို့ ရောက်ခဲ့လျှင်ပင် ထိုကွာဟချက်က ကြီးမားနေအုံးမည်သာ။ အများဆုံးမှ သူသည် တန်ပြန်တိုက်ခိုက်နိုင်ရုံသာ ရှိနိုင်မည်။

လေဟာနယ်အတိဒုက္ခအလယ်အဆင့် မွန်းစတားအိုများကို အမှန်တကယ် ခုခံဖို့ ဝမ်လင်းသည် ဆန်းကြယ်လေဟာနယ်နောက်ဆုံးအဆင့်သို့ ရောက်နေရမည်။ သို့မဟုတ် သူ့ရှေးတောက်ခန္ဓာကိုယ်သည် နောက်ဆုံးစမ်းသပ်မှုကို ဖြတ်ကျော်ပြီး ရလိမ့်မည်။

သို့သော် ဝမ်လင်းက သူ့ဘဝတွင် အန္တရာယ်များနှင့်သာ ကုန်ဆုံးခဲ့သူ မဟုတ်လား။ တခါတရံ သတ်ဖြတ်ခြင်းက ကျင့်ကြံမှုအဆင့်တစ်ခုသာ၌ တည်မှီနေခြင်း မဟုတ်ပါ။

သို့ပေမည့် ထိုအခိုက်အတန့်တွင် သူ့ထံ၌ သူ့နောက် လိုက်လံနေသော လေဟာနယ်အတိဒုက္ခအလယ်အဆင့် မွန်းစတားအိုကို ရင်ဆိုင်ဖို့ မည်သည့်ပြင်ဆင်ထားတာမှ ရှိမနေပေ။ လောကသည်ပင် ချိပ်ပိတ်ခံထားရကာ သူ ထွက်သွားနိုင်မည်ကို တားဆီးထားသေးသည်။ သူ့အဖို့ ဒီချိပ်ပိတ်မှုကို ချိုးဖျက်ဖို့ အချိန်တချို့ ယူရလိမ့်မည်။ ထိုမွန်းစတားအို မှီလာသည်နှင့် သူသည် သံသယမရှိ သေဆုံးရလိမ့်မည် ဖြစ်၏။

ထိုကဲ့သို့ သေရေးရှင်ရေးအခိုက်အတန့်၌ ဝမ်လင်းက သူ့ကျင့်ကြံမှုအပြည့်အဝကို အသက်သွင်းကာ ခြင်သားရဲဘုရင်ထံ ထည့်ပေါင်းပေးသည်။ ခြင်သားရဲဘုရင်၏ အမြန်နှုန်းက များစွာ တိုးလာသည်။

သူ့နောက်တွင် ကျန်းတောက်ကျုံးက တည်ငြိမ်စွာ လိုက်ပါလာသည်။ သူ၏မျက်လုံးထဲတွင် ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ် ဖုံးကွယ်နေသည်။

“မင်း ငါ့မျက်လုံးအောက်ကနေ ဘယ်လိုများ ထွက်ပြေးနိုင်မလဲ ငါ မြင်ချင်သေးတယ်…”

ကျန်းတောက်ကျုံးက ဝမ်လင်း လှည့်စားတာ ခံထားရသဖြင့် ဒေါသထွက်နေ၏။ ထို့အပြင် ဝမ်လင်းက လျှိုဇီယန်းကို သတ်ထားခဲ့သေးသည်။ သူသည် ဝမ်လင်းကိုသာ မသတ်နိုင်ခဲ့ပါက ကလန်ခေါင်းဆောင်ကို မည်သို့ မျက်နှာပြရမှန်းမသိ ဖြစ်လိမ့်မည်။

တိုက်ပွဲကွင်းပြင်မှ ထွက်ခွာလာသည့်အတွက် သက်ရောက်မှုကိုမူ သူ အရေးမစိုက်ပေ။ သူ ထိုသို့ ထွက်လာဝံ့ခြင်းမှာ ဤသည်က အစိမ်းရောင်မိစ္ဆာကုန်းမြေအနေဖြင့် ဝမ်လင်းအတွက် အစီအစဉ်၏ တစိတ်တပိုင်း ဖြစ်နေခြင်းကြောင့်တည်း။

ထိုအစီအစဉ်က ကျင့်ကြံသူများစွာကို စတေးကာ သည်တိုက်ပွဲကို အချိန်နှေးဖင့်အောင် လုပ်၍ ဝမ်လင်းကို မျှားထုတ်နိုင်ရန် ဖြစ်၏။

အစိမ်းရောင်မိစ္ဆာကုန်းမြေမှသာ အလိုရှိပါက သူတို့သည် ဒီဒုတိယတိုက်ပွဲကို အမြန်အဆုံးသပ် ပစ်နိုင်၏။ အကြောင်းမှာ သူတို့၏ အကူအင်အားစုများက လွန်ခဲ့သောနှစ်ရက်တည်းက ရောက်နေခဲ့သောကြောင့်ပင်။

ထိုအင်အားစုများ ထွက်ပေါ်မလာသည့် အကြောင်းမှာ သူတို့က ဝမ်လင်းကို သတ်ဖို့ ပုန်းကွယ်နေခြင်းပင်။

ဆေးလုံးပင်လယ်တွင် ဝမ်လင်း၏ လုပ်ရပ်များကအစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ဘိုးဘေးသုံးယောက်ကို ဒေါသထွက်စေခဲ့သည်။ ထို့ကြောင့် သူတို့က ဝမ်လင်းကို သတ်ဖို့ အမိန့်ထုတ်ပြန်ခဲ့၏။အကြောင်းကား ဝမ်လင်း လုပ်ဆောင်ခဲ့သမျှသည် တုန်လှုပ်ဖွယ် ကောင်းနေသောကြောင့် ဖြစ်သည်။

သူသည် အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ပါရမီရှင် လေဟာနယ်တိမ်၏ ကိုယ်ပွားကို သတ်ခဲ့၏။ ဆေးလုံးပင်လယ်ရှိ သူတို့၏ အကြံအစည်များကို ဖျက်စီးခဲ့ကာ ကောင်းကင်ဘုံဆေးလုံးကို စောလျင်စွာ ပေါက်ကွဲစေခဲ့သည်။ ထို့ကြောင့် အစိမ်းရောင်မိစ္ဆာကုန်းမြေသည် ဆေးလုံးပင်လယ်မှ သူတို့၏ ကျင့်ကြံမှုများစွာ သေဆုံးမှုနှင့်အတူ ထိခိုက်ပျက်စီးခြင်း ခံခဲ့ရသည်။

ခုချိန်၌လည်း ဝမ်လင်းက မိစ္ဆာတာအို၏ လျှိုဇီယန်းကို သတ်ပစ်ခဲ့ပြန်ပြီ။ ရှုသဲချိုက်သည်ပင် သူ၏ နည်းလမ်းများကြောင့် သတ်ဖြတ်ခံခဲ့ရသည့်ပုံ ပေါ်သည်။

ထိုသို့သော အရာများ ဆက်တိုက် ဖြစ်ပေါ်စေခဲ့ခြင်းက ဝမ်လင်းက ဒီစစ်ပွဲ၌ သူတို့အတွက် ပထမဆုံး သတ်ဖြတ်ရမည့် ပစ်မှတ်ဖြစ်လာခဲ့တော့သည်။

ကျန်းတောက်ကျုံးက ဝမ်လင်းနောက်သို့ စတင် လိုက်လံသည့်အခိုက်၌ တိုက်ပွဲကွင်းပြင်နှင့် ပေတစ်သိန်းအကွာတွင် အော်ရာလေးခု ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ ထိုအော်ရာလေးခုလုံးမှာ လေဟာနယ်အတိဒုက္ခအလယ်အဆင့်တွင် ရှိနေကြသည်။

ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်က ထိုအော်ရာလေးခု ပေါ်လာသည့်နောက် အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်အထက်ရှိ ကောင်းကင်သည် ထူးခြားသော အစိမ်းရောင်အရိပ်သဏ္ဍာန်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုအစိမ်းရောင်အရိပ်က ဧရာမကင်းမြှီးကောက်အသွင်သို့ သိပ်သည်းသည်။

ထိုကင်းမြှီးကောက်က စူးစူးရှရှအသံကို ထုတ်လွှတ်ကာ အစိမ်းရောင်မြူများသည် အောက်ဘက်ရှိ တိုက်ပွဲကွင်းပြင်ထံ ပျံလွင့်လာသည်။

“အစိမ်းရောင်မိစ္ဆာတမန်တော်တွေ…” အဘိုးအိုကျောက်နှင့် တိုက်ခိုက်နေသော လုဝမ်ရန်သည် ထိုအော်ရာလေးခုကို ခံစားမိပြီး ကောင်းကင်ထက်ရှိ အစိမ်းရောင်ကင်းမြှီးကောက်ကို တွေ့မြင်သည့်အခါ သူ၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားတော့သည်။

သူက ထိုအစိမ်းရောင်မိစ္ဆာတမန်တော်များနှင့် ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ခဲ့ဖူးသဖြင့် သူတို့၏ ကြောက်မက်ဖွယ်ကောင်းပုံကို သိထားသည်။ သူသည် ထိုသူတို့ ဒီနေရာတွင် ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။

ဆေးလုံးပင်လယ်တွင်ပင် သုံးယောက်သာ ပေါ်လာခဲ့တာ ဖြစ်၏။ အစိမ်းရောင်မိစ္ဆာကုန်းမြေအတွက် အစိမ်းရောင်မိစ္ဆာတမန်တော် တစ်ယောက်ချင်းစီသည် အလွန်အဖိုးထိုက်တန်သည်။ ထို့ကြောင့် သူတို့သည် လက်လွတ်စပယ် များများစားစား မစေလွှတ်ကြပေ။

လုဝမ်ရန်၏မျက်နှာက သေလောက်အောင် ဖြူရောသွား၏။ သူက ထိုတမန်တော်လေးယောက်၏ ပစ်မှတ်က ဝမ်လင်းဖြစ်မှန်းကို မသိပေ။

လုဝမ်ရန်၏ မျက်လုံးထဲ၌ ကြောက်ရွှံ့မှု ပေါ်လာကာ သူက မာန်သွင်းအော်ဟစ်လိုက်သည်။ “မြေအောက်နန်းတော်ဆီ မြန်မြန်သွားကြ။ ဝင်ပေါက်ကို ချိပ်ပိတ်ကြ…”

သူ သတိမပေးလျှင်ပင် ကောင်းကင်ဘုံနွားထီးကုန်းမြေမှ ကျင့်ကြံသူများသည် ထိုအော်ရာလေးခုကို ခံစားမိသည်နှင့် မြေအောက်နန်းတော်သို့ ပြန်ပြေးရန် အတွေးဝင်လာခဲ့ကြပြီ ဖြစ်သည်။

အစိမ်းရောင်မိစ္ဆာတမန်တော်လေးယောက်နှင့် လေဟာနယ်အတိဒုက္ခအလယ်အဆင့် မွန်းစတားအိုနှစ်ယောက်တို့ကို ခုခံတိုက်ခိုက်ဖို့မှာ မဖြစ်နိုင်ပေ။

သာမန်ကျင့်ကြံသူများက မြေပြင်ထက်သို့ ဆင်းသက်ပြီး မြေအောက်နန်းတော်ထဲ ချက်ခြင်း ဝင်ရောက်ကြသည်။ ကောင်းကင်ဘုံနွားထီးကုန်းမြေမှ ကျင့်ကြံသူများကသာ ထိုသို့ လုပ်နိုင်၏။ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများသည် မြေပြင်ထဲသို့ မဝင်ရောက်နိုင်ကြပေ။ တကယ်တော့ ဒီနေရာ၌ အစီအရင်တစ်ခုသည် စွမ်းအားအပြည့်ဖြင့် တည်ရှိနေသည် မဟုတ်လော။

သို့ရာတွင် လုဝမ်ရန်ကဲ့သို့ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူများသည် ပိတ်ဆို့ခြင်း ခံရကာ လွယ်လွယ်နှင့် ထွက်ပြေးခွင့် ပြုခံရမည် မဟုတ်ပါ။ အစိမ်းရောင်အလင်းတန်းလေးခုက မြူများကို ဖြတ်သန်းလာ၏။ ကောင်းကင်ထက်ရှိ ဧရာမကင်းမြှီးကောက်ကလည်း ဆက်တိုက် ဆင်းသက်လာကာ ၎င်း၏လမ်းတလျှောက်တွင် အစိမ်းရောင်မြူခိုးများစွာကို ထုတ်လွှတ်သည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်နေ၏။  ကောင်းကင်ဘုံနွားထီးကုန်းမြေဘက်မှ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူအားလုံးသည် ဒေါသတကြီး အော်ဟစ်ကြသည်။ သူတို့ကို မြေအောက်သို့ ဝင်ရောက်ရန် ကာဆီးထားသည်ဟု ထင်ရသည်။

ဝမ်လင်းကမူ မြူအတွင်း၌သာ ရှိနေသေး၏။ သူသည် နီးကပ်လာသော အစွမ်းထက်လှသည့် အော်ရာလေးခုကိုလည်း ခံစားမိသည်။ သူက ကောင်းကင်ထက်ရှိ အစိမ်းရောင်ဧရာမကင်းမြှှီးကောက်ကို တွေ့မြင်သည့်အခါ ပင့်သက်မရှိုက်မိဘဲ မနေနိုင် ဖြစ်ရသည်။

သူက မြေအောက်နန်းတော်သို့ ပြန်ရောက်ခြင်းသည်သာ သူ့အတွက် တခုတည်းသော အခွင့်အလမ်းဖြစ်သည်ကို ကောင်းစွာ နားလည်သည်။ သူသာ နှေးသွားပါက မြေအောက်နန်းတော်သည် ချိပ်ပိတ်သွားမည် ဖြစ်သည်။ ထိုအခါကလျှင် သူသည် လေဟာနယ်အတိဒုက္ခအလယ်အဆင့် မွန်းစတားအိုခြောက်ယောက်နှင့် ရင်ဆိုင်ရမည် ဖြစ်ကာ သူ့အတွက် ရှင်သန်ဖို့ အခွင့်အရေး တစိုးတစိပင် ရှိလေတော့မည် မဟုတ်ပေ။ သို့ဖြစ်လာပါက သူသည် သူ့ကိုယ်ပွားနှင့် သုံးဘဝမန္တာန်တို့ကို အသုံးပြုလျှင်ပင် သူ့အတွက် ရလဒ်က သေဆုံးခြင်းသာ ဖြစ်လိမ့်မည်။

ဒီသေရေးရှင်ရေးအခြေအနေက သာမန်ထက် ပိုပြင်းထန်လာခဲ့ပြီပင်။ ဝမ်လင်းသည် တုံ့နှေးမနေပေ။ ခြင်သားရဲကို မြေပြင်ထံ ဦးတည်စေသည်။ သူသာ မြေပြင်နှင့် ထိနိုင်သည်နှင့် အတွင်းသို့ ဝင်ရောက်နိုင်မည်ပင်။

သို့သော် ဒီနေရာရှိ လောကမှာ ချိပ်ပိတ်ခံထားရကာ သူသည် တည်နေရာ မရွှေ့ပြောင်းနိုင်ပေ။ အမြန်နှုန်းပေါ်တွင်သာ လုံးလုံးလျာလျာ မှီတည်နေ၏။ ခြင်သားရဲဘုရင်သည် မြေပြင်ထံ တဟုန်ထိုး တိုးဝင်လာသည့်အခါ ကျန်းတောက်ကျုံးက ဝမ်လင်းနောက် ပေငါးရာပင် မကွာတော့သော နေရာသို့ ရောက်လာခဲ့ပေပြီ။ သူသည် အလျင်စလို မတိုက်ခိုက်ပေ။ သူသည် ဝမ်လင်း မသေခင်‌ မျှော်လင့်ချက်မဲ့မှုကို ခံစားသွားရမှာကို မြင်ချင်နေသည်။

အကွာအဝေးတစ်ခုကနေလည်း အစိမ်းရောင်အလင်းတန်းတစ်ခု နီးကပ်လာ၏။ ၎င်းမှာ ဝမ်လင်းကို အဘိုးအိုကျန်းနှင့်အတူ အမဲလိုက်မည့် အစိမ်းရောင်မိစ္ဆာတမန်တော်ပင်။

အစိမ်းရောင်မိစ္ဆာကုန်းမြေက ဝမ်လင်းကို သတ်ကိုသတ်ပေမည်။ မဟုတ်ပါက သူတို့၏စိတ်ထဲရှိ အမုန်းတရားကို ဖျောက်ဖျက်နိုင်လိမ့်မည် မဟုတ်ပေ။ အစိမ်းရောင်မိစ္ဆာတမန်တော်များသည် တခြားသူများနှင့် မတူပေ။ သူတို့က အလွန်အေးစက်ကာ ကြမ်းကြုတ်လှ၏။ သူတို့သည် ရန်သူ၏ ကျင့်ကြံမှုအဆင့် မည်သို့ရှိရှိကိုလည်း ဂရုမစိုက်ပေ။ သူတို့သည် အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်တစ်ယောက်နှင့် ရင်ဆိုင်ရလျှင်ပင် ခွန်အားအပြည့် အသုံးပြုမှာ ဖြစ်၏။

ဝမ်လင်း၏မျက်လုံး သူငယ်အိမ် ကြုံ့သွားမိ၏။ သူသည် မြေပြင်နှင့် ပေသုံးထောင်လောက် လိုနေသေးသည်။ အကွာအဝေးတစ်ခု၌ ယန်လုက သွေးအန်လိုက်ရသည်ကိုလည်း သူ လှမ်းမြင်သည်။ သူမ၏ နူးညံ့သော ခန္ဓာကိုယ်က တုန်ယင်ကာ မြေပြင်ထံ ထွက်ပြေးလာနေ၏။ ယန်လုနောက်တွင် ရှုတန်သဲကလည်း အသည်းအသန် လိုက်လာကာ မြေပြင်ထံ ရောက်အောင် ဦးတည်နေသည်။

လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူများသည် ဒဏ်ရာများ ရပြီးနောက် မြေပြင်ထံ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြသည်။ လုဝမ်ရန်ကလည်း သွေးများစွာ အန်ထုတ်လိုက်ရပြီး သူ့ညာလက်မှာ ပေါက်ကွဲထွက်ကာ သူသည် မြေပြင်ထံ တဟုန်ထိုး ဝင်ရောက်လာ၏။ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ တမန်တော်က သူ၏နောက်သို့ လိုက်လံလာသည်။

“လုဝမ်ရန် မြေပြင်ထဲ ဝင်ရောက်သွားတာနဲ့ သူက မြေအောက်နန်းတော်ကို ချိပ်ပိတ်ဖို့ ရွေးချယ်လိမ့်မယ်။ ငါ ပိုမြန်ရမယ်။ မြန်ရမယ်။ မြန်သထက် မြန်ရမယ်…”

ဝမ်လင်းသည် စိတ်ပူလာ၏။ သူသည် မြေပြင်နှင့် ပေတစ်ထောင်ပင် မလိုတော့ပေ။ သို့သော် ထိုအခိုက်တွင် ကျန်းတောက်ကျုံးက တိုက်ခိုက်လာခဲ့ပြီ။

“ပြီးသွားပြီ…” ကျန်းတောက်ကျုံးက ထိုသို့ ပြောကာ ဝမ်လင်းထံ လက်ညွှန်လိုက်သည်။ ထိုအခါ အစိမ်းရောင်အလင်းတန်းသည် ဝမ်လင်းထံ ပျံသန်းလာတော့သည်။

၎င်းက ချက်ခြင်း နီးကပ်လာ၏။

ဝမ်လင်းက ရုတ်တရက် လှည့်ကာ ပြတ်သားသောအကြည့်ကို ထုတ်ဖော်သည်။ ထိုအစိမ်းရောင်အလင်း နီးကပ်လာခိုက်တွင် အပြာရောင်ထီးက သူ၏ရှေ့တွင် ပေါ်လာသည်။

ထိုထီး ပေါ်လာသည့်နောက် ဝမ်လင်းက နှမြောနာကျင်နေဖို့ပင် အချိန်မရှိဘဲ အော်ဟစ်လိုက်ရသည်။

“ပေါက်ကွဲစမ်း…”

ထိုအစိမ်းရောင်အလင်းတန်းက အပြာရောင်ထီး ပေါက်ကွဲမှုနှင့် ထိပ်တိုက်တွေ့သည်။ ထိုဖိသိပ်အားက ဝမ်လင်းကို လာထိမှန်၏။ သူ၏ခန္ဓာကိုယ်တွင်း၌ တစီစီအသံတို့ မြည်သွားသည်။ သူသည် သွေးအန်လိုက်ရပြီး ခြင်သားရဲကို သိမ်းဆည်းလိုက်၏။ သူက မြေပြင်နှင့် ပေငါးရာမလိုသော အကွာသို့ ရောက်လာခဲ့ပြီ။

ပုံမှန်ဆို အသက်တရှိုက်စာသာ ဖြတ်သန်းဖို့ ကြာမည့် ထိုအကွာအဝေးသည် ခုတော့ ကောင်းကင်နှင့်မြေပြင်အလား ကွာဟချက် ရှိလာတော့သည်။ ထိုသို့ဖြစ်ရခြင်းမှာ အဘိုးအိုကျန်း နီးကပ်လာရုံသာမက အေးတိအေးစက် အစိမ်းရောင်မိစ္ဆာတမန်တော်တစ်ယောက်ကလည်း ပေတစ်ထောင်အတွင်းသို့ ရောက်လာခြင်းကြောင့်ပင်။

လေဟာနယ်အတိဒုက္ခအလယ်အဆင့် မွန်းစတားအိုနှစ်ယောက်ကို ရင်ဆိုင်ရခြင်းကြောင့် ဝမ်လင်းသည် ထိုပေငါးရာအကွာအဝေးကို မဖြတ်သန်းနိုင် ဖြစ်ရသည်။ အကွာအဝေးတစ်ခု၌ လုဝမ်ရန်က သွေးအန်လိုက်ရပြီးနောက် မြေပြင်ထက်သို့ ကျဆင်းကာ ပျောက်ကွယ်သွားသည်။ သူသည် ဝမ်လင်းကို မြင်၏။ သို့သော် သူက မြေအောက်နန်းတော်ကို ချိပ်ပိတ်ပစ်ဖို့ တုံ့နှေးမနေခဲ့ပေ။ သူ သူ့ဘေးကင်းမှုကို စတေး၍ ဝမ်လင်းကို ခဏစောင့်ပြီးမှ မြေအောက်နန်းတော်ကို ချိပ်ပိတ်ဖို့ ရွေးချယ်နိုင်သည်။ သို့သော် သူ ထိုသို့ မလုပ်ပေ။

မြေပြင်ထက်မှ တုန်ခါလှိုင်းများ ထွက်ပေါ်လာကာ မြန်ဆန်စွာ ချိပ်ပိတ်လေတော့သည်။ ဝမ်လင်း၏မျက်လုံးတို့က နီရဲလာ၏။ သူသည် ရူးသွပ်သွားသည့်နှယ်။ ကျန်းတောက်ကျုံးနှင့် တမန်တော်တို့က နီးကပ်လာကြစဉ် သူသည် တာအိုစိတ်ဝိညာဉ်သန်းသုံးဆယ် ဘူးသီးခြောက်ကို ထုတ်ယူလိုက်သည်။

သူက ၎င်းကို ရှေ့သို့ ပစ်လွှတ်လိုက်၏။

“ပေါက်ကွဲစမ်း…” နှမြောသဖြင့် ဝမ်လင်း၏စိတ်နှလုံးမှာ နာကျင်ရသည်။ သို့သော် သူ့အဖို့ များများစားစား တွေးမနေနိုင်ပေ။ သူသည် မာန်သွင်းအော်ဟစ်လိုက်ရာ ဘူးသီးခြောက်အတွင်းရှိ တာအိုစိတ်ဝိညာဉ်သန်းသုံးဆယ်သည် ပေါက်ကွဲလေ၏။ ကျယ်လောင်စွာ ပေါက်ကွဲသံသည် ဒီမြက်ခင်းပြင်တခွင်သို့ ပဲ့တင်ထပ်ကုန်သည်။

သန်းသုံးဆယ်စိတ်ဝိညာဉ်များ ပေါက်ကွဲမှုက လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် ချိန်းခြောက်နိုင်ပေသည်။ ကျန်းတောက်ကျုံး၏ အမူအရာသည်ပင် ကြီးစွာ ပြောင်းလဲသွားကာ နောက်သို့ အမြန်ဆုတ်သည်။

အစိမ်းရောင်မိစ္ဆာတမန်တော်က မျက်မှောင်ကြုတ်သွားပြီး ခဏ တုန့်ရပ်သွားသည်။

ထိုအခွင့်အရေးကို အသုံးချကာ ဝမ်လင်းသည် ပေငါးရာအကွာကို အရူးအမူး အသည်းအသန် ဖြတ်သန်းလိုက်သည်။ အစီအရင်က ပိတ်ဆို့ခါနီးအခိုက်တွင် သူသည် အတွင်းသို့ ဝင်ရောက်လိုက်လေသည်။

All Chapters