← Chapters

ဦးခေါင်း

Vol. 139 Ch. 1925

ဦးခေါင်း

Vol. 139 Ch. 1925

ထိုအသံက ဆောင်းလေအလား အေးစက်သည်။

ယန်လု၏မျက်လုံးက ကျဉ်းမြောင်းသွားကာ ပျော်ရွှင်မှု အရိပ်အယောင် ပေါ်လာ၏။ လုဝမ်ရန်နှင့် ယှဉ်ပါက ဘာကြောင့်မှန်းမသိ သူမသည် ဝမ်လင်း ဒီချပ်ဝတ်ကို ပိုင်ဆိုင်တာ ပိုကောင်းလိမ့်မည်ဟု ခံစားမိသည်။

အဘိုးအိုကျိုးလည်း ရှိသေး၏။ သူ၏အမူအရာက ကြီးစွာ ပြောင်းလဲသွားသည်။ သူ့မျက်လုံးထဲတွင် ကြောက်ရွှံ့မှု ပေါ်လာသည်။

ရှုသဲချိုက်၏မျက်လုံးထံမှ ထူးခြားသောအလင်းတစ်ခု လှစ်ဟပေါ်ကာ ဝမ်လင်းထံ လှမ်းကြည့်သည်။ သို့သော် မည်သူကမျှ သူ ဘာတွေးနေသည်ကို မသိနိုင်ပေ။ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူ သုံးယောက်ကလည်း မော့ကြည့်လာ၏။ သူတို့က စိတ်ဝင်စားမိကုန်သည်။

အောက်ဘက်မှ ကျင့်ကြံသူတစ်ထောင်ကျော်လည်း ရှိသေး၏။ သူတို့အားလုံးက မင်သက်ကုန်သည်။ ဒီလိုအရာမျိုး ဖြစ်လာလိမ့်မည်ဟု သူတို့က မမျှော်လင့်ထားပေ။ စိတ်ဝိညာဉ်ချပ်ဝတ် ပေါ်လာသည့်နောက် လုဝမ်ရန်၏ ဆုံးဖြတ်ချက်ကို သဘောမတူသည့် တစုံတစ်ယောက် ရှိလာလေပြီ။

လုဝမ်ရန်က ဒဏ်ရာ ရထားသော်လည်း သူ၏ကျင့်ကြံမှုက ဒီနေရာတွင် အမြင့်ဆုံးပင်။ သူ၏ကျင့်ကြံမှုမှာ သာမန်လူများ စိန်မခေါ်နိုင်သော အရာ ဖြစ်ချေ၏။

ဝမ်လင်း၏စကားသံ ပဲ့တင်ထပ်လာရင်း သူက အချိန်အတန်ကြာ ပြင်ဆင်ထားပြီးသော ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးပြု၏။ သူက စိတ်ဝိညာဉ်ချပ်ဝတ်ရှေ့တွင် ပေါ်လာကာ လုဝမ်ရန်ကို တားဆီးပိတ်ဆို့ထားသည်။

“ဝမ်လင်း…”  လုဝမ်ရန်၏မျက်လုံးထံမှ သတ်ဖြတ်လိုစိတ် လှစ်ဟပေါ်လာသည်။ သူသည် ဝမ်လင်းသည် မြေအောက်နန်းတော်အတွင်း၌ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူ မြေအောက်သို့ ပြန်ပြေးလာခဲ့ချိန်တု်းက ဝမ်လင်းကို တွေ့မြင်ခဲ့သည်။ သူက သူ ဝင်ရောက်လာပြီးသည်နှင့် အငှားဓားနှင့် ဝမ်လင်းကို သတ်နိုင်ဖို့ ဒီမြေအောက်ထဲ မဝင်ရောက်နိုင်အောင် ချက်ခြင်း ချိပ်ပိတ်ခဲ့တာ မဟုတ်လား။

သို့ပေမည့် ဒီဝမ်လင်းက မသေသည့်အပြင် သူ့အစီအစဉ်ကိုပါ လာဖျက်စီးနေပြီ။ သူသည် သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်ကို ဆက်၍ မဖုံးကွယ်ထားတော့ပေ။

“မင်းက ငါ့ကို တားဆီးဝံ့တာလား။ မင်း သေချင်နေတာပဲ…”  လုဝမ်ရန်က ဝမ်လင်းထံ တိုးဝင်လာကာ သူ့ညာလက်ကို ပင့်မြှောက်၏။ သူ၏ လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံခြင်းက ပေါက်ကွဲထွက်လာသည်။

“အသင်က အများရှေ့မှာ ငါ့ကို ဒဏ်ရာရအောင် လုပ်ဝံ့တာလား။ ငါဟာ မဟာစိတ်ဝိညာဉ်ကလန်က အကြီးအကဲတစ်ယောက်ပဲ။ ဘိုးဘေးအရှင်ကုန်းနျန်က ဒီနေရာကို စောင့်ကြပ်ဖို့ ငါ့ကို စေလွှတ်ခဲ့တာ။ အသင် ငါ့ကို ဒဏ်ရာရအောင် လုပ်ဝံ့တာလား…”

“အသင် မဟာစိတ်ဝိညာဉ်ကလန်ကို စိတ်ထဲ မထားတာလား။ သင်က ဘိုးဘေးအရှင်ကုန်းနျန်ရဲ့ ဒေါသကို မထီမဲ့မြင်ပြုတာလား၊ မကြောက်တာလား။ သင့်အနေနဲ့ ကောင်းကင်ဘုံနွားထီးကုန်းမြေမှာ ပြေးစရာနေရာမရှိတော့မှာ ငါ စိုးမိတယ်။ ဘာကြောင့်လဲဆိုတော့ သင့်အနေနဲ့ စစ်ပွဲအတွင်းမှာ ကိုယ့်ဘက်ကလူကို သတ်ဖို့ ကြိုးစားလို့ပဲ…”

ဝမ်လင်းသည် တစက်လေးမျှ မရှောင်ဘဲ သူ၏စကားသံ ဟိန်းထွက်လာသည်။

သူ ထိုသို့ ပြောလာသည့်အခါ အောက်ဘက်မှ ကျင့်ကြံသူတစ်ထောင်ကျော်သည် ဝမ်လင်းက မဟာစိတ်ဝိညာဉ်ကလန်မှ အကြီးအကဲတစ်ယောက် ဖြစ်သည်ကို အမှတ်ရသွားကြသည်။

လုဝမ်ရန်၏ အမူအရာက ပြောင်းလဲသွား၏။ ထိုအခိုက်၌ သူ့ခန္ဓာကိုယ်က အလိုလို တုန့်ရပ်သွားသည်။

ဝမ်လင်းက ထိုအခွင့်အရေးကို စောင့်နေခြင်းပင်။ သို့သော် သူ စိတ်ဝိညာဉ်ချပ်ဝတ်ကို ထိမိသည့်အခါ၌ ၎င်းက သူနှင့် သမူဟ မဖြစ်သည့်အရိပ်အယောင်  ပြသလာသည်။ ဤသည်က ဝမ်လင်း၏မျက်လုံးကို ကျဉ်းမြောင်းသွားစေသည်။

လုဝမ်ရန်က ဝမ်လင်းကို စိုက်ကြည့်သည်။ သူ၏မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်နှင့်အတူ လှောင်ပြောင်မှုပါ ရှိလာသည်။

“ဒီစိတ်ဝိညာဉ်ချပ်ဝတ်က နောက်ဆုံးအဆင့်ကို မရောက်သေးဘူး။ ဒါကြောင့် မင်းအနေနဲ့ မပေါင်းစပ်နိုင်ဘူးကွ…”

ဝမ်လင်းသည် လုဝမ်ရန်ကို စိုက်ကြည့်ကာ တည်ငြိမ်စွာပင် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါ ဒါနဲ့ မပေါင်းစပ်နိုင်လည်း ကိစ္စမရှိဘူး။ ဒါပေမဲ့ ငါ့အနေနဲ့ သင် ဒီချပ်ဝတ်နဲ့ ပေါင်းစပ်မှာကိုလည်း သဘောမတူနိုင်ဘူး…”

ဝမ်လင်းသည် ဒီနန်းတော်သို့ ရောက်လာခဲ့ချိန်မှစ၍ မထင်မရှား နှိမ့်ချနေခဲ့ပေသည်။ သည်နေရာရှိ တခြားသူများက သူသည် မဟာစိတ်ဝိညာဉ်ကလန်၏ အကြီးအကဲတစ်ယောက် ဖြစ်သည်ကို မေ့နေလေပြီ။ သို့ပေမည့် ဒီအခိုက်တွင် သူသည် မောက်မောက်မာမာ ပေါ်ပေါ်ထင်ထင် ပြုမူလာခဲ့ပြီ ဖြစ်၏။

သူ၏စကားလုံးများနှင့် လုပ်ရပ်များသည် ချက်ခြင်းပင် အောက်ဘက်မှ လူများ၏ အကြည့်ကို အာရုံစိုက်မိသွားစေသည်။ သူတို့ထဲမှ အများစုက ဝမ်လင်း လုဝမ်ရန်ကို သူ၏ကျင့်ကြံမှုအဆင့်လောက်ဖြင့် ဆန့်ကျင်ဝံ့နေသည်ကို နားမလည်နိုင် ဖြစ်နေကြသည်။

သို့ပေမည့် သူ့စကားလုံးတို့က မည်သည့်ရတနာထက်မဆို ပိုပြင်းထန်အားကောင်းနေ၏။ လုဝမ်ရန်ကိုပါ မလှုပ်ရှားဝံ့ ဖြစ်သွားစေသည်။

ဝမ်လင်း ထိုသို့ ပြောလာသည့်အခါ လုဝမ်ရန်သာ လူတိုင်း၏ရှေ့တွင် ဒီနေ့ တိုက်ခိုက်ခဲ့ပါက သူသည် ဒီနေရာရှိ လူတိုင်းကို သတ်ပစ်ခဲ့လျှင်ပင် မဟာစိတ်ဝိညာဉ်ကလန်က သူ့ကို ခွင့်လွှတ်ပေးလိမ့်မည် မဟုတ်ပေ။

သည်နေရာရှိ လူတိုင်း သေဆုံးခဲ့လျှင်ပင် ဘိုးဘေးကုန်းနျန်သည် ဒီလိုကိစ္စကြီးကို ရှေ့ဖြစ်ကြည့်နိုင်စွမ်း ရှိနေဆဲ မဟုတ်လား။ သူသည် မဟာစိတ်ဝိညာဉ်ကလန်၏ အမဲလိုက်ခြင်းကို ခံရလိမ့်မည်ပင်။

ထိုအခါကျလျှင် သူ့အနေဖြင့် ကောင်းကင်ဘုံနွားထီးကုန်းမြေ၌ နေရာရှိတော့မည် မဟုတ်ပါ။ ထိုသို့ တွေးမိကာ လုဝမ်ရန်ကို ချွေးပြန်စေသည်။ သူက ဆက်၍ မည်သို့ တိုက်ခိုက်ဝံ့မည်နည်း။

လုဝမ်ရန်က ဝမ်လင်းကို စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလာသည်။ “အကြီးအကဲဝမ်…သင် ပေါ်လာခဲ့တာက ရုတ်တရက် ဆန်လွန်းတော့ ငါ့အနေနဲ့ သင်ဟာ စိတ်ဝိညာဉ်ချပ်ဝတ်ကို ခိုးယူဖို့အတွက် ဝင်ရောက်လာခဲ့တဲ့ သူလျှို့တယောက်လို့ ငါ ထင်မိသွားခဲ့တာ။ အခု ငါ့အနေနဲ့ အကြီးအကဲဝမ်မှန်း သိသွားပြီဆိုတော့ ဒါက နားလည်မှု လွဲသွားခဲ့တာပါ…”

ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြောလာ၏။ “ကိစ္စမရှိဘူး။ အကြီးအကဲလုက သင့်အမှားကို ဝန်ခံမှတော့ ငါ့အနေနဲ့ သင့်ကို ယိုးမယ်ဖွဲ့စရာ မရှိပါဘူး။ ဒါပေမဲ့ အကြီးအကဲလု…သင် စိတ်ဝိညာဉ်ချပ်ဝတ်ကို ယူဆောင်မှာကို ငါ သဘောမတူဘူး…”

လုဝမ်ရန်က သူ့အင်္ကျီလက်အိုးတွင်း၌ လက်သီးတင်းကြပ်စွာ ဆုတ်မိသည်။ သို့သော် အပြင်ပိုင်းတွင်မူ သူက ဟန်လုပ်ပြုံးသည်။

“အို…ဒါဆို ဒီချပ်ဝတ်ကို ဘယ်သူက ပိုင်ဆိုင်သင့်လဲ ငါ သိချင်မိတယ်။ မင်းလား…”

“အကြီးအကဲဝမ်က ဒီချပ်ဝတ်ကို သဘောကျပြီး သင်ကိုယ်တိုင် လိုချင်တယ်ဆိုရင်တော့ သင့်ကို ငါ နားလည်ပါတယ်။ ဒါပေမဲ့ သင်က သင့်ရဲ့ စိတ်ဝင်တစားလိုချင်မှုတစ်ခုအတွက်နဲ့ ဒီမှာရှိတဲ့ ကျင့်ကြံသူတစ်ထောင်ကျော်ရဲ့ အသက်တွေကို ထည့်မတွက်တော့ဘူးလား။ အကြီးအကဲဝမ်…ငါ သင့်ကို အထင်သေးမိပြီ…”

“ဒါပေမဲ့လည်း သင်က ဒီချပ်ဝတ်ကို လိုချင်ရင် သင့်မှာ အဲ့လိုအရည်အချင်း ပြည့်မှီရဲ့လားလို့ ဒီမှာ ရှိတဲ့ လူတိုင်းကို မေးကြည့်ပါအုံး…”

လုဝမ်ရန်သည် ကျင့်ကြံမှုအဆင့် မြင့်မားလှသူ ဖြစ်၍ ဉာဏ်များသည်မှာ သဘာဝပင်။ စကားအနည်းငယ်ဖြင့် သူက ဝမ်လင်း၏ အရှိန်အဟုန်ကို ရပ်တန့်စေကာ အခြေအနေကို ပြောင်းပြန် ဖြစ်သွားအောင် ပြောဆိုလာခဲ့သည်။

“အကြီးအကဲဝမ်က အဲ့လိုအရည်အချင်း ပြည့်မှီတယ်လို့ ငါ ယုံတယ်…” လုဝမ်ရန် စကားလက်စသပ်သွားသည့်အခါ၌ ယန်လုက ရုတ်တရက် ပြောလာ၏။ သူမ၏စကားတို့က တိုးညင်းသော်လည်း မြေအောက်နန်းတော်တွင် ပျံ့နှံ့သွားကာ လူတိုင်း၏ စိတ်နှလုံးကို တုန်ယင်သွားစေသည်။

သူမ ထိုသို့ ပြောလိုက်ရင်း ယန်လုက ဝမ်လင်းထံ ပြုံး၍ ကြည့်၏။

“အကြီးအကဲယန်လု…နင်က နင့်ဒီစကားအတွက် တာဝန်ယူရလိမ့်မယ်…”

လုဝမ်ရန်၏ မျက်လုံးသူငယ်အိမ်က ကြုံ့သွား၏။ သူက ယန်လုထံ အေးတိအေးစက် စိုက်ကြည့်လာသည်။

ယန်လုက လုဝမ်ရန်ကို ကြည့်ကာ သုန်မှုန်စွာ ပြန်ပြောသည်။ “အကြီးအကဲလု ငါ့ကို သတိပေးဖို့ မလိုပါဘူး။ ယန်လု သိပြီးသားပါ…”

“အကြီးအကဲဝမ်မှာ အရည်အချင်း ရှိတယ်လို့ ငါလည်း ယုံကြည်တယ်…” ရှုတန်သဲကလည်း ရုတ်တရက် ထိုသို့ ပြောလာသည်။

သူ၏စကားသံ ထွက်ပေါ်လာသည့်နောက် အောက်ဘက်မှ ကျင့်ကြံသူတစ်ထောင်ကျော်သည် အံ့အားတသင့် ဖြစ်ကုန်ကြသည်။ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်၏ စကားများသည် လေးလံနေပြီး ဖြစ်၏။ အခု သည်အဆင့်နှစ်ယောက်က ဝမ်လင်းကို အသိအမှတ် ပြုလာကြသည်။

ပို၍ အရေးကြီးသည်က သူတို့နှစ်ယောက်လုံးသည် မဟာစိတ်ဝိညာဉ်ကလန်မှ အကြီးအကဲများ ဖြစ်နေခြင်းတည်း။

“ကောင်းတယ်…ကောင်းတယ်…”  လုဝမ်ရန်၏ မျက်လုံးထဲရှိ အေးစက်မှုက ပိုအားကောင်းလာ၏။ သူက ရှုတန်သဲထံ လှမ်းကြည့်သည်။ သူ့စိတ်ထဲရှိ ဒေါသက အကန့်အသတ်သို့ ရောက်လာခဲ့လေပြီ။

လုဝမ်ရန်က အနီးအနားကလန်များမှ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူသုံးယော်ကထံ လှမ်းကြည့်ကာ အံတင်းတင်းကြိတ်၍ ပြောလာ၏။ “မင်းတို့သုံးယောက်ကရော အကြီးအကဲဝမ်ရဲ့ ကျင့်ကြံမှုအဆင့်က ဒီချပ်ဝတ်ကို အသုံးပြုနိုင်လိမ့်မယ်လို့ ယုံကြည်ကြသေးလား…။ မင်းတို့သုံးယောက်က ဒီကျင့်ကြံမှုအဆင့်နဲ့ တစုံတစ်ယောက်ပေါ်မှာ ဒီမှာ ရှိတဲ့ ကျင့်ကြံသူတစ်ထောင်ကျော်ရဲ့ အသက်ကို အပေါင်ထားတော့မလို့လား…”

ထိုသုံးယောက်က ငြိမ်သက်နေကြသည်။ သူတို့က လုဝမ်ရန်ကို ရန်မစချင်ကြပေ။ သို့သော် သူတို့က ယန်လုနှင့် ရှုတန်သဲတို့ကိုလည်း ရန်မစချင်ဘဲ ဖြစ်နေ၏။ တကယ်တော့ သူတို့အားလုံးက မဟာစိတ်ဝိညာဉ်ကလန်၏ အကြီးအကဲများ ဖြစ်နေသည် မဟုတ်လား။

ဝမ်လင်းကိုမူ သူတို့က အလေးအနက်သိပ်မထားပေ။

သူတို့၏ တိတ်ဆိတ်မှုက လုဝမ်ရန်ကို နှာခေါင်းရှုံ့သွားစေ၏။ သူ၏အကြည့်က အောက်ဘက်မှ ကျင့်ကြံသူများထံ ကျရောက်လာ၏။ လူတိုင်းက ခေါင်းငုံ့သွားကြကြာ ဒီအခိုက်၌ မည်သူကမျှ စကားမဆိုရဲဘဲ ရှိသည်။

“တခြားသူတွေကလည်း ဆိတ်ဆိတ်နေနေပြီး၊ အကြီးအကဲယန်လုနဲ့ အကြီးအကဲရှုတန်သဲတို့က ငါ့မှာ အရည်အချင်း ရှိတယ်လို့ ထင်ကြတယ်။ အကြီးအကဲလုကရော ဘယ်လို ထင်ပါသလဲ…” အစကနေအဆုံးထိ ဝမ်လင်း၏အမူအရာက တည်ငြိမ်စွာသာ ရှိနေ၏။

လုဝမ်ရန်က ဝမ်လင်းကို စိုက်ကြည့်၏။ ခဏအကြာတွင် သူက ရယ်မောလိုက်သည်။ သူ့စိတ်နှလုံးထဲရှိ ဒေါသက ပျောက်ကွယ်သွားကာ သူ၏တည်ငြိမ်မှု ပြန်ရလာ၏။

“အကြီးအကဲဝမ်မှာ တကယ်ပဲ အရည်အချင်း ရှိပါတယ်။ ဒီတော့ ငါနဲ့ သင့်ကြားမှာ ရွေးချယ်မှုတစ်ခု လုပ်ရတော့မှာပေါ့။ ဒီစိတ်ဝိညာဉ်ချပ်ဝတ်ကို ငါ ဘာကြောင့် မရသင့်လဲဆိုတဲ့ အကြောင်းပြချက်ကို သင် ငါ့ကို ပေးနိုင်မလား…”

ဝမ်လင်းက အေးတိအေးစက် ပြောလိုက်၏။ “သင်က ဒီစစ်ပွဲမှာ လုံလောက်အောင် ပါဝင် အကျိုးမဆောင်ခဲ့ဘူး…”

လုဝမ်ရန်က ထိုသည်ကို ကြားသည့််အခါ ချက်ခြင်း ရယ်မောသွား၏။

“ငါက လုံလောက်အောင် မပါဝင်ဘူး ဟုတ်လား။ ငါဟာ သင်တို့အားလုံးကို ဦးဆောင်ပြီး နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့တယ်။ ပြီးတော့ သင်တို့ကို မြေအောက်ကို ပြန်ခေါ်လာပေးခဲ့တယ်။ ပထမတိုက်ပွဲတုန်းက ငါဟာ ရန်သူရဲ့ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူကို ကိုင်တွယ်ပေးထားခဲ့တယ်။ ဒုတိယတိုက်ပွဲမှာလည်း ငါ သူတို့ကို ထိန်းထားပေးခဲ့တယ်…”

“ငါ့ကြောင့်သာ မဟုတ်ရင် ကျင့်ကြံသူတစ်ထောင်ကျော် အသက်ရှင်လိမ့်မှာ မဟုတ်ဘူး။ လူတိုင်း သေသွားကြလောက်ပြီ…”

“ငါ့ အကျိုးဆောင်ပေးမှုက မလုံလောက်ဘူး ဟုတ်လား။ ဒါဆိုရင် အကြီးအကဲဝမ်…ငါ မေးပါရစေ…သင်ကရော ဒီစစ်ပွဲမှာ ဘာများ အကျိုးဆောင်ပေး၊ ပါဝင်ပေးခဲ့လဲ…”

ဝမ်လင်းက ချက်ခြင်းပင် သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ လျှိုဇီယန်း၏ ဦးခေါင်းက သူ့လက်ထဲတွင် ပေါ်လာ၏။ သူက ထိုဦးခေါင်းကို ပင့်ပြလိုက်သည်။

“သူဟာ အစိမ်းရောင်မိစ္ဆာကုန်းမြေရဲ့ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။ ငါ သူ့ကို သတ်ခဲ့တယ်…”

သူ ထိုသို့ ပြောလိုက်သည့်နောက်၊ ထိုဦးခေါင်းပြတ် ပေါ်လာသည့်နောက် မြေအောက်နန်းတော်တစ်ခုလုံးသည် ငြိမ်သက်သွားကြသည်။ သို့သော် မကြာမီတွင် လှိုင်းထန်လေပြီ။ သည်နေရာရှိ လူတိုင်းက အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက် သေဆုံးခဲ့သည်ကို သိထားကြ၏။ သူတို့က ထိုရန်သူကို သတ်ခဲ့တာ မည်သူနည်းဟု မရေမတွက်နိုင်သော ခန့်မှန်းမှုများလည်း ပြုလုပ်ခဲ့ကြဖူးသည်။

ထိုမေးခွန်း၌ အဖြေမရခဲ့ပေ။ သို့သော် သည်အခိုက်၌ သူတို့က ဝမ်လင်း၏ စကားလုံးများကိုကြား၊ ဒီဦးခေါင်းကို တွေ့မြင်သည့်အခါ၌ သူတို့၏စိတ်နှလုံးများ တုန်လှုပ်ကုန်၏။ သူတို့ထံ၌ ကြောက်ရွှံ့မှုနှင့် မယုံကြည်နိုင်မှုတို့ ပြည့်လာသည်။

“သူပဲ…”

“ရန်သူ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ခဲ့တာ သူလား…”

“ဒါ…ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက ဆန်းကြယ်လေဟာနယ်အဆင့်မှာပဲ ရှိသေးတာ။ ဒါပေမဲ့ သူက လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်ခဲ့တယ်…”

“လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ကို အချိန်တိုအတွင်း သတ်ဖို့ဟာ။ ဒီလူဟာ သူ့ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားတာပဲ ဖြစ်ရမယ်။ သူ့ကျင့်ကြံမှုအဆင့်က အပြင်ပိုင်း မြင်ရသလိုမျိုး မဟုတ်နိုင်တဲ့ပုံပဲ…”

“သူဟာ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ အကြီးအကဲတစ်ယောက်လည်း ဖြစ်နေပြန်တယ်။ ဒါ့ကြောင့် သူက ဘယ်လိုလုပ် အားနည်းမှာလဲ…။ မဟာစိတ်ဝိညာဉ်ကလန်က သူ့ကို စေလွှတ်ခဲ့တာဟာ အစီအစဉ်ရှိပုံ ရတယ်…”

“ဒီလူဟာ အတော့်ကို နှိမ့်ချနေခဲ့တာ။ သူက တခြားသူတွေနဲ့ နန်းတော်မှာ နေထိုင်ဖို့လည်း မယှဉ်ပြိုင်ခဲ့ဘူး။ အဲ့အစား ငါတို့လို လှိုဏ်ဂူတစ်ခုမှာပဲ ရွေးချယ်နေထိုင်ခဲ့တယ်။ ဒီလိုလူမျိုးကသာ စိတ်ဝိညာဉ်ချပ်ဝတ်ကို ရသွားခဲ့ရင် ဒါဟာ သင့်တင့်တယ်…”

ယန်လုသည် ထိုဦးခေါင်းကို တွေ့မြင်သည့်အခါ သူမ ခန့်မှန်းမိခဲ့တာ မှန်ပြီကို သိလိုက်၏။  ဝမ်လင်းထံ သူမ၏အကြည့်က ပြောင်းလဲသွားတော့သည်။

“တကယ်ပဲ သူ ဖြစ်နေတာကို…”

သူမ၏ဘေး၌ ရှုတန်သဲလည်း ရှိသေး၏။ သူ၏မျက်လုံး သူငယ်အိမ် ကြုံ့သွားကာ သူ့စိတ်ထဲတွင် လှိုင်းထန်လေသည်။

အနီးအနားကလန်များမှ လေဟာနယ်အတိဒုက္ခအစောပိုင်းအင့် ကျင့်ကြံသူသုံးယောက်မှာလည်း တုန်လှုပ်မိနေ၏။ သူတို့၏မျက်လုံးထဲတွင် မယုံကြည်မှုတို့ ပြည့်နေလျက် ဝမ်လင်းထံ လှမ်းကြည့်မိသည်။

အဘိုးအိုကျိုးက နှလုံးခုန် တချက် မြန်သွားသည်။ ရုတ်တရက် သူက သူ ဖျက်စီးခဲ့သော ဝမ်လင်း၏တံခါးကို ခုထိ ပြန်မပြုပြင်ပေးရသေးတာကို တွေးမိသွားသည်။

အောက်ဘက်မှ ဝိုးခနဲဝါးခနဲ အော်သံများက လုဝမ်ရန်၏ နားထဲ ဝင်ရောက်လာ၏။ သူ၏ တည်ငြိမ်နေသော အမူအရာမှာ လှုပ်ခတ်သွားလေပြီ။ သူက ဝမ်လင်းလက်ထဲရှိ ကြောက်ရွှံ့မှု၊ လက်သင့်မခံနိုင်မှုတို့ ပြည့်နေသော ဦးခေါင်းကို စိုက်ကြည့်၍ သူ့စိတ်နှလုံးမှာ တုန်ယင်မိသည်။

သူက သူသည် ဒီလိုမျိုး ဆက်ဖြစ်၍ မရဟု ကောင်းကောင်း သိနေ၏။ သူက သည်လိုမျိုး အကျိုးဆောင်ပေးခြင်းကို ငြင်းဆန်ရပေမည်။

“အကြီးအကဲဝမ်က ဟာသလုပ်နေတာပဲ။ ငါကိုယ်တိုင် မခန့်မှန်းနိုင်တဲ့ ကျင့်ကြံမှုအဆင့်နဲ့ စီနီယာတစ်ယောက်က ဒီလူ့ကို သတ်ပစ်ခဲ့ပြီး သူ့ခန္ဓာကိုယ်ကို လွှတ်ပစ်ခဲ့တာကို မြင်ခဲ့ရတယ်။ သင်က ဒီလူရဲ့ ဦးခေါင်းကို ယူလာခဲ့ပြီး ခုလိုမျိုး ဟန်ဆောင်ပြောဆိုနေလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး…”

All Chapters