← Chapters

အရှက်ခွဲခြင်း

Vol. 139 Ch. 1926

အရှက်ခွဲခြင်း

Vol. 139 Ch. 1926

လုဝမ်ရန်က ထိုသို့ ပြောနေရင်း မည်သူ့အမူအရာမှ လှစ်ဟမပေါ်စေပေ။

သူ၏အဆင့်အတန်းဖြင့် သူက သည်လိုအရာမျိုးတွေကို မပြောနိုင်ပေ။ သို့သော် စိတ်ဝိညာဉ်ချပ်ဝတ်ကို အသုံးပြုရဖို့အတွက် သူက ဝမ်လင်းကို ရိုက်ချနိုင်မှ ဖြစ်မည် မဟုတ်လား။

သည်စိတ်ဝိညာဉ်ချပ်ဝတ်ကို ပေါင်းစပ်ခြင်း၏ နောက်ဆုံးအဆင့်မှာ သည်နေရာရှိ ကျင့်ကြံသူအားလုံး၏ စိတ်ဆန္ဒပင်။ ဒီနေရာရှိ ကျင့်ကြံသူအများစု၏ လက်သင့်ခံမှုကို ရနိုင်မှသာ သူက ဒီစိတ်ဝိညာဉ်ချပ်ဝတ်နှင့် ပေါင်းစပ်နိုင်မည် ဖြစ်သည်။

သူသာ ပေါင်းစပ်နိုင်သည်နှင့် လူတိုင်း၏ အမြင်ကို ထည့်တွက်နေဖို့ ဆက်လိုအပ်တော့မည် မဟုတ်ပါ။

“အကြီးအကဲဝမ်…။ သင့်ကို ငါ ဒီလိုမျိုး လုပ်လိမ့်မယ်လို့ မထင်ထားဘူး။ သင့်ကျင့်ကြံမှုအဆင့်နဲ့ သင်က ဘယ်လိုလုပ် လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်မှာလဲ။ သင်က လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ကို မသတ်နိုင်ခဲ့ရင် ဒီတိုက်ပွဲကို လက်လျှော့နေရင်တောင် အဆင်ပြေသေးတယ်။ ဘယ်သူကမှ သင့်ကို ဘာမှ ပြောမှာ မဟုတ်ဘူး။ တတိယမြောက်သွေးကြောနေရာမှာ လူတွေအများကြီး သေဆုံးခဲ့ရင်တောင်မှပေါ့…”

“ဒါပေမဲ့ သူတို့ သေဆုံးခဲ့ရင်တောင် သူတို့က ရဲရဲဝံ့ဝံ့ သေဆုံးခဲ့ကြတာ။ ငါ့အနေနဲ့ သူတို့ကို မေ့ပစ်မှာ မဟုတ်ဘူး။ ဘယ်သူမှလည်း သူတို့ကို မေ့ပစ်မှာ မဟုတ်ဘူး။ ကောင်းကင်ဘုံနွားထီးကုန်းမြေကလည်း သူတို့ကို မေ့ပစ်မှာ မဟုတ်ဘူး…”

“ဒီဦးခေါင်းကို သိမ်းပြီး နောက်ပြန်ဆုတ်လိုက်ပါ။ ငါ ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ပေးလိုက်မယ်။ မဟုတ်ရင် မင်းအနေနဲ့ ဟန်ဆောင်ပြီး ငါတို့ကြားမှာ ဆက်ကစားနေရင်တော့ ဘိုးဘေးကို မေးမြန်းခြင်းမရှိဘဲ မင်းကို ငါ သတ်ပစ်နိုင်တယ်…”

“ဘာကြောင့်လဲဆိုတော့ မင်းရဲ့ အပြုအမူက ငါ့တစ်ယောက်တည်းကို စောက်ကားသလို ဖြစ်စေတာ မဟုတ်ဘူး။ ဒီနေရာမှာ သေဆုံးသွားခဲ့တဲ့ လူပေါင်းတစ်သောင်းကျော်ရဲ့ စိတ်ဝိညာဉ်တွေကိုပါ စော်ကားသလို ဖြစ်နေလို့ပဲ…”

လုဝမ်ရန်က ဝမ်လင်းကို ထိုသို့ ပြောလာ၏။

သူ၏စကားလုံးများက ဝမ်လင်း လျှိုဇီယန်း၏ ဦးခေါင်းကို ထုတ်လိုက်ချိန်က အံ့အားတသင့် ဖြစ်ခဲ့ကြသူများကို အတော်လေး ငြိမ်သက်သွားစေသည်။ အောက်ဘက်မှ ကျင့်ကြံသူတစ်ထောင်ကျော်သည် ငြိမ်သက်စွာ စတင်စဉ်းစားကုန်သည်။

ဝမ်လင်းကို အထင်အမြင်သေးကာ ဒေါသနှင့် ကြည့်နေသော လူများစွာပင် ရှိလာ၏။

“အကြီးအကဲလုရဲ့ စကားတွေက အတော်လေး တိကျမှန်ကန်တာပဲ။ သူဟာ သူ့ကျင့်ကြံမှုအဆင့်နဲ့ ဒီလိုအောင်မြင်မှုမျိုး ဘယ်လိုလုပ် ရနိုင်မှာလဲ။ သူက ဒီဦးခေါင်းကို ထုတ်ပြီး ဟန်ဆောင်ခဲ့တာပဲ ဖြစ်ရမယ်..”

“ဒီလိုလူမျိုးက တကယ်ပဲ အရှက်မဲ့လှတယ်…”

သည်လို အုတ်အော်သောင်းနင်း ဖြစ်နေသည့်အသံများကြား၌ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူအချို့ကတော့ တိတ်ဆိတ်နေမြဲပင်။ သူတို့က သူတို့ဘာသာ ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ရှိထားပြီး ဖြစ်ကာ ဝမ်လင်းနှင့် လုဝမ်ရန်တို့ထံ တည်ငြိမ်စွာသာ ကြည့်နေသည်။

လုဝမ်ရန်၏ စကားများကို နားထောင်နေပြီးနောက် ဝမ်လင်းက ခေါင်းခါလိုက်၏။ သူက လုဝမ်ရန်ကို လှောင်ပြောင်လိုဟန်ဖြင့် ကြည့်ကာ ပြုံးသည်။ ဝမ်လင်းက ဂရုမစိုက်သည့်ပုံ ပေါ်သည်။

လုဝမ်ရန်က ဝမ်လင်း၏အမူအရာနှင့် အကြည့်ကို တွေ့မြင်သည့်အခါ သူ့စိတ်နှလုံးက တချက် ခုန်ပေါက်သွား၏။ သို့ပေမည့် သူသည် ထိုအကြောင်းကို ဂရုတစိုက် တွေးကြည့်သည့်အခါ ဝမ်လင်းက သူ သတ်ခဲ့ကြောင်းကို သတ်သေပြဖို့ နည်းလမ်း မရှိနေသည်ကို သိသည်။ ၎င်းဦးခေါင်းက မူလစိတ်ဝိညာဉ်မှ မဟုတ်လေတာပင်။

ထိုသို့တွေးမိကာ လုဝမ်ရန်က စိတ်ပူမနေတော့ပေ။ သူက ထိုသူ သေဆုံးသွားသည်ကို စောင့်ကြည့်ခဲ့ခြင်း မရှိသော်လည်း သူသည် လျှိုဇီယန်း၏ မူလစိတ်ဝိညာဉ်မှာ ပျက်စီးသွားခဲ့ပြီကို အာရုံခံမိခဲ့ပြီး ဖြစ်သည်။ ထို့အတွက် ဝမ်လင်းသည် ထိုမူလစိတ်ဝိညာဉ်ကို ဖော်ပြနိုင်မည့် အခွင့်အရေးမရှိသည်ကို သူ သိထားသည်။

“ငါ ဦးခေါင်းကို ထုတ်ပြတော့ သင်က ဒါကို အတုအယောင်လို့ ပြောခဲ့တယ်။ ဒီတော့ ဒါကိုပါ ထပ်ကြည့်လိုက်…”  ဝမ်လင်း၏အကြည့်က အေးစက်လာ၏။ သူက လုဝမ်ရန်နှင့် ငြင်းခုန်ပြီး အချိန်ဆက်မဖြုန်းတော့ပေ။ သူက ညာလက်ကို ဝေ့ယမ်းလိုက်ရာ ဒုတိယမြောက်ဦးခေါင်းပြတ်တစ်ခု ပေါ်လာသည်။

ထိုဦးခေါင်းမှာ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ လေဟာနယ်အတိဒုက္ခအဆင့်ကျင့်ကြံသူ ရှုသဲချိုက်၏ ဦးခေါင်းပင်။ သူ၏မျက်လုံးထဲ၌ အဆုံးမဲ့ကြောက်ရွှံ့မှုနှင့် မကျေမချမ်းမှုတို့ ရှိနေသည်။

ထိုဦးခေါင်း ပေါ်လာသည့်အခါ မြေအောက်နန်းတော်တခုလုံးသည် သေလောက်အောင် တိတ်ဆိတ်သွားကြသည်။ လူတိုင်း၏အကြည့်က ထိုဦးခေါင်းပေါ်သို့ ကျရောက်လာ၏။ အနီးအနားကလန်များမှ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူသုံးယောက်သည်ပင် ရုတ်တရက် ထရပ်လာသည်။

“သူပဲ…”

“ရှုသဲချိုက်…။ ငါ သူနဲ့ ပထမတိုက်ပွဲတုန်းက တိုက်ခိုက်ခဲ့ဖူးတယ်။ သူ့မန္တာန်ထုတ်ဖော်နှုန်းက အလွန်မြန်ဆန်လွန်းလှတယ်။ သူနဲ့ ကျင့်ကြံမှုအဆင့်တူတဲ့ သာမန်ကျင့်ကြံသူဆို သူ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး…”

“သူက ဒုတိယတိုက်ပွဲမှာ ဘာကြောင့် လူလုံးမပြလာခဲ့လဲဆိုတာ ငါ သိချင်နေခဲ့တာ။ အခုတော့…သူက အကြီးအကဲဝမ်ရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတာပေါ့လေ..”

ထိုသုံးယောက်သည် ပင့်သက်ရှိုက်မိကာ တစ်ယောက်နှင့်တစ်ယောက် ကြည့်မိသွားသည်။ သူတို့က တစ်ယောက်မျက်လုံးထဲမှ ကြောက်ရွှံ့တုန်လှုပ်မှုတို့ကို တွေ့လိုက်ကြရသည်။

ယန်လု၏အမူအရာမှာလည်း ပြောင်းလဲသွား၏။ သူမက အလိုလို ထရပ်မိသည်။ သူမက ရှုသဲချိုက်၏ ဦးခေါင်းကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်မိသည်။ သူမသည် ဝမ်လင်းက တစ်ယောက်ကို သတ်ခဲ့တာကပင် ရူးသွပ်ဖွယ်ကောင်းနေပြီဟု ထင်ထားခဲ့၏။ အခု သူမက ဒုတိယတစ်ယောက်ကို ထပ်မြင်ရပြန်ပြီ။

ရှုတန်သဲလည်း ရှိသေး၏။ သူ့စိတ်နှလုံးက တုန်ယင်သွားကာ ပထမဆုံးအကြိမ်အဖြစ် သူက ဝမ်လင်းကို ကြောက်ရွှံ့စွာ ကြည့်မိသည်။ သူက အစောပိုင်းတုန်းက ဝမ်လင်းဘက်က ပြောခဲ့သည့်အကြောင်းရင်းမှာ လုဝမ်ရန်သည် အလွန်မောက်မာလှကာ သူ့ကို မပျော်မရွှင် ဖြစ်စေသည်ဟု ခံစားမိခဲ့သောကြောင့် ဖြစ်၏။ သို့ပေမည့် ခုချိန်၌မူ သူ့အပြုအမူက အလွန်မှန်ပြီဟု သူ ခံစားမိသည်။

ဝမ်လင်းသည် အရည်အချင်း မပြည့်မှီပါက ဒီနေရာရှိ မည်သူကမျှ အရည်အချင်း ပြည့်မှီတော့မည် မဟုတ်ပေ။

အဘိုးအိုကျိုး၏မျက်နှာက သေလောက်အောင် ဖြူရောနေ၏။ သူက သူသည် ဝမ်လင်းက ထိုက်တန်သည်ဟု မယူဆခဲ့ဘဲ သူ့စကားလုံးများကလည်း ဝမ်လင်းအပေါ်၌ ယဉ်ကျေးမှု မရှိခဲ့တာကို ကောင်းကောင်းမှတ်မိ၏။ ထိုအကြောင်းကို တွေးမိကာ သူသည် ချွေးပြန်လာမိသည်။

“ဒီမိစ္ဆာကောင်…။ သူ့မှာ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူနှစ်ယောက်ရဲ့ ဦးခေါင်း ရှိနေတယ်။ တစုံတစ်ယောက်က သတ်ပြီးတဲ့နောက်မှ ဒီဦးခေါင်းနှစ်လုံးကို ရခဲ့တယ်ဆိုတာ မဖြစ်နိုင်တော့ဘူး…”

အောက်ဘက်မှ ကျင့်ကြံသူတစ်ထောင်ကျော်က ငြိမ်သက်စွာ စဉ်းစားကုန်၏။ ထို့နောက် အစောပိုင်းကထက် ပိုအံ့အားတသင့် ဝိုးခနဲဝါးခနဲအသံသည် ပိုပြင်းပြင်းထန်ထန် ထွက်ပေါ်လာသည်။ သူတို့အတွက် လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူများသည် သူတို့အထက်ရှိ နတ်ဘုရားများကဲ့သို့ တည်ရှိမှု ဖြစ်၏။ ဝမ်လင်းက ထိုအဆင့်ကျင့်ကြံသူနှစ်ယောက်၏ ဦးခေါင်းကို ထုတ်ယူပြလိုက်ခြင်းက သူတို့ကို များစွာ တုန်လှုပ်စေသည်။

“သင့်အနေနဲ့ အစောပိုင်းတုန်းက ခန့်မှန်းလို့မရနိုင်တဲ့ ကျင့်ကြံမှုအဆင့်နဲ့ အဘိုးအိုက အစိမ်းရောင်မိစ္ဆာကုန်းမြေက လေဟာနယ်အတိဒုက္ခအဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ခဲ့တယ်လို့ ပြောခဲ့တယ်။ အဲ့ဒီနောက် ငါက အဲ့ကျင့်ကြံသူရဲ့ အလောင်းကနေ ဦးခေါင်းကို ဖြတ်တောက်ယူခဲ့တာကို မြင်ခဲ့တယ်လို့ သင် ပြောခဲ့တယ်…”

“ဒီတော့ အဲ့အဘိုးအိုက ငါ ကင်းလှည့်ခဲ့တဲ့အချိန်တုန်းက အစိမ်းရောင်မိစ္ဆာကုန်းမြေက  လေဟာနယ်အတိဒုက္ခအဆင့် နောက်ထပ်ကျင့်ကြံသူတစ်ယောက်ကို သတ်ခဲ့တုန်းကရော ပေါ်လာခဲ့သေးတယ်။ ငါ အဲ့အလောင်းကို ထပ်တွေ့ပြီး ဦးခေါင်းကို ဖြတ်တောက် ယူခဲ့တာပဲ…”

ဝမ်လင်းသည် လုဝမ်ရန်ကို အေးစက်စက် ကြည့်ကာ ပြောလာ၏။

လုဝမ်ရန်၏ စိတ်နှလုံးထဲ၌ လှိုင်းထန်နေလေပြီ။ သူက ရှုသဲချိုက်၏ ဦးခေါင်းကို ကြည့်ကာ သူ့ဦးရေပြားပင် ထုံထိုင်းမိသွား၏။ သူက ဝမ်လင်းကို ကြည့်သည်။ သူက ဝမ်လင်းအနေဖြင့် လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူနှစ်ယောက်ကို သတ်ခဲ့လိမ့်မည်ဟု မထင်ထားမိပေ။ သူ့အတွက်ပင် လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူများက ဟာသမဟုတ်ပါ။

ထိုရှုသဲချိုက်သည် အစိမ်းရောင်မိစ္ဆာကုန်းမြေ၌ ကျော်ကြားလှသူ ဖြစ်ကာ သူ၊လုဝမ်ရန်သည်ပင် ထိုသူ့အကြောင်းကို ကြားဖူးပေသည်။ သူက ရှုသဲချိုက်ထံ၌ ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် မန္တာန်ထုတ်ဖော်နိုင်စွမ်း ပိုင်ဆိုင်ထားသည်ကိုလည်း သိထားသည်။

ပထမဆုံးတိုက်ပွဲအတွင်း သူ ကျန်းတောက်ကျုံးနှင့် တိုက်ခိုက်ခဲ့ချိန်ကလည်း ရှုသဲချိုက်ကို သတိထားမိ၏။

ဝမ်လင်း ထိုသို့ ပြောလိုက်သည့်နောက် လုဝမ်ရန်၏အမူအရာမှာ ရှုံ့တွသွားသည်။ သူက ဖြည်းဖြည်းချင်း ပြောလာပြန်၏။

“ငါ ခန့်မှန်းလို့မရတဲ့ ကျင့်ကြံမှုအဆင့်နဲ့ အဘိုးအိုကို မတွေ့မြင်ခဲ့ပါဘူး။ ဒါပေမဲ့ သူက တကြိမ် လှုပ်ရှားပြုမူခဲ့မှတော့ ဒုတိယအကြိမ် ဆိုတာ ရှိလာနိုင်တာပဲ။ မင်းမှာ ဦးခေါင်းတွေ ရှိနေပေမဲ့ ဒါက မင်းရဲ့ ကံဟာ တော်တော်လေး ကောင်းနေတယ်လို့ ငါ ပြောနိုင်တယ်။ မင်းက…”

လုဝမ်ရန်၏ စကားတို့မှာ ဝမ်လင်း၏ရယ်သံဖြင့် နှောက်ယှက်ခြင်း ခံလိုက်ရ၏။

ဝမ်လင်းက ရယ်မောလိုက်ရင်း သူ့ဘယ်လက်ကို ပင့်မြှောက်လိုက်ရာ သူ့ဘယ်လက်ဝါးတွင် တစ္ဆေစိတ်ဝိညာဉ်တစ်ခု ပေါ်လာ၏။ ထိုတစ္ဆေစိတ်ဝိညာဉ်က စူးစူးရှရှအော်သံ ထုတ်ဖော်နေပြီး ၎င်း၏ပုံပန်းသွင်ပြင်မှာ ရှုသဲချိုက်နှင့် တူနေပေသည်။

“လုဝမ်ရန်…ဒါကို ကြည့်လိုက်အုံး…”  ဝမ်လင်းက လုဝမ်ရန်ကို စိုက်ကြည့်၏။

လုဝမ်ရန်သည် တစ္ဆေစိတ်ဝိညာဉ်ကို တွေ့မြင်သည့်အခါ သူ့မျက်နှာသည် ဖြူရောသွား၏။ သူက နောက်သို့ပင် ခြေလှမ်းအနည်းငယ် ဆုတ်သွားမိသည်။ သူက ပါးစပ်ဟကာ တစ်ခုခု ပြောရန် ဟန်ပြင်လိုက်သည်။ သို့သော် အဆုံးသပ်၌ သူသည် စကားတခွန်းမှ မထွက်လာနိုင်ပေ။

ရှုသဲချိုက်၏ တစ္ဆေစိတ်ဝိညာဉ် ပေါ်လာခိုက်၌ သူ့စကားများသည် အချည်းနှီးသာ ဖြစ်တော့မည် မဟုတ်လား။

“ရောင်းရင်းကျင့်ကြံသူကျိုး….ဒီချပ်ဝတ်နဲ့ ပေါင်းစပ်ဖို့ နောက်ဆုံးအဆင့်က ဘာလဲ။ အချိန်ဖြုန်းမနေနဲ့တော့…”  ဝမ်လင်း၏အကြည့်က အဘိုးအိုကျိုးထံ ကျရောက်သွားသည်။

အဘိုးအိုကျိုး၏ စိတ်နှလုံးမှာ တုန်ယင်သွားကာ သူက ခပ်သွက်သွက် ခေါင်းညိတ်၏။ လုဝမ်ရန်ပင် ဆွံအနေမိလေပြီ။ ခုချိန်၌ လုဝမ်ရန်ကသာ ဝမ်လင်းကို သတ်ဖို့ မဆုံးဖြတ်ပါက အရာအားလုံးသည် အစီအစဉ်ကျသွားပြီ ဖြစ်၏။

“ရောင်းရင်းကျင့်ကြံသူတို့…။ စိတ်ဝိညာဉ်ပေါင်းစပ်ဖို့ နောက်ဆုံးအဆင့်ပဲ ကျန်တော့တယ်။ ဒီအဆင့်မှာ သင်တို့ထဲက အများစုဟာ ဒီစိတ်ဝိညာဉ်နဲ့ ပေါင်းစပ်စေချင်တဲ့သူ ရှိခဲ့ရင် အဲ့လူဟာ စိတ်ဝိညာဉ်ချပ်ဝတ်နဲ့ သမူဟဖြစ်ဖြစ် ပေါင်းစပ်နိုင်လိမ့်မယ်…”

အဘိုးအိုကျိုးက ထိုသို့သာ ပြောလာ၏။

သူ ထိုသို့ ပြောလိုက်သည့်နောက် လူတိုင်းက ငြိမ်သက်သွားသည်။ လုဝမ်ရန်က ခေါင်းမော့လာ၏။ သူက ဝမ်လင်းကို သတ်ဖြတ်လိုစိတ်ဖြင့် လှမ်းကြည့်သည်။ သူသည် သူ့အပြုအမူများ၏ အကျိုးအပြစ်ကို ချိန်ဆနေသည်။ သို့ပေမည့် သူသည် ခုလိုမျိုး လက်မလွှတ်ပေးချင်ပေ။

“ရဲတင်းလိုက်တဲ့ သူခိုး။ မင်းက ထပ်ခါထပ်ခါ ဟန်ဆောင်ပြုမူနေတာပဲ။ မင်းအနေနဲ့ သေသင့်တယ်…” လုဝမ်ရန်က အံတင်းတင်းကြိတ်၏။ သူက ဆုံးဖြတ်လိုက်ပေပြီ။ သူသည် ဝမ်လင်း ဒီစိတ်ဝိညာဉ်ချပ်ဝတ် ရသွားမှာကို ခွင့်မပြုနိုင်ပေ။

လုဝမ်ရန်က အရာအားလုံးကို စွန့်၍ လုပ်ဆောင်တော့မည် ဖြစ်၏။

“သူသာ သေသွားခဲ့ရင် သူဟာ စိတ်ဝိညာဉ်ချပ်ဝတ်အတွက် ငါနဲ့ မပြိုင်နိုင်တော့ဘူး။ အများဆုံးမှ ငါဟာ တိုက်ပွဲကွင်းပြင်မှာ အကောင်းဆုံး လုပ်ဆောင်ပြီး အကျိုးဆောင်ပေးလိုက်မယ်။ ပြီးရင် အပြစ်ပေးတာကို ခံဖို့ ငါဟာ ကလန်ကို ပြန်သွားမယ်။ ဘိုးဘေးအိုက လူသေတစ်ယောက်အတွက် ငါ့ကို မသတ်တာ ငါ ယုံတယ်…”

လုဝမ်ရန်က မာန်သွင်းကာ ဝမ်လင်းထံ ဦးတည်ဝင်လာတော့သည်။

ဝမ်လင်းသည် တချိန်လုံး သတိထားနေ၏။ လုဝမ်ရန် ရှေ့လှမ်းလာသည့်အခိုက်၌ သူက ချက်ခြင်း နောက်ဆုတ်သည်။ ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ ပထမဆုံးမန္တာန်သွေးကြောက ဝမ်လင်းကို အလွန်မြန်ဆန်စေသော မန္တာန်ထုတ်ဖော်စေနိုင်စွမ်းကို ပေးစွမ်းနေပြီ ဖြစ်သည်။

တချိန်တည်းမှာ သူ၏နောက်မှ စိတ်ဝိညာဉ်ချပ်ဝတ်ထံမှ အဆုံးမဲ့တစ္ဆေဆန်သောအလင်းတို့ကို ပေးစွမ်းသည်။ အဘိုးအိုကျိုးကြောင့် အောက်ဘက်မှ ကျင့်ကြံသူများသည် ဝမ်လင်းနှင့်လုဝမ်ရန်တို့ကြား ရွေးချယ်ဖို့ကို မြန်မြန်ဆုံးဖြတ်ချက် ချလိုက်ပေပြီ။

လူတိုင်းသည် ရွေးချယ်နေစဉ် လူအုပ်ထဲမှ အဘိုးအိုတစ်ယောက်၏မျက်လုံးက လင်းလက်သွားကာ သူက တဖြည်းဖြည်းချင်း ပြောလာ၏။ “အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်ရဲ့ ကျင့်ကြံသူတို့။ အကြီးအကဲဝမ်လင်းဟာ ငါ့အသက်ကို တကြိမ် ကယ်တင်ပေးခဲ့ဖူးတယ်။ သင်တို့အားလုံး သင့်ကို ရွေးချယ်ဖို့ ငါ မျှော်လင့်တယ်…”

သည်မြက်ခင်းပြင်၌ သူ၏အဆင့်အတန်းဖြင့် သူ့စကားတို့က သည်နေရာရှိ လူအချို့၏ အာရုံကို စိုက်မိစေသည်။

ယန်လုက အံတင်းတင်းကြိတ်ကာ လုဝမ်ရန်ထံ တိုးဝင်လာ၏။ သူမက ဝမ်လင်း လုဝမ်ရန်ကို ခုခံရာ၌ ကူညီပေးတော့မည် ဖြစ်၏။ သူမကလည်း စွန့်စားကြည့်တော့မည်။

ရှုတန်သဲလည်း ရှိသေး၏။ သူက အနည်းငယ် ချီတုံချတုံ ဖြစ်နေပြီးမှ ဝင်ပါရန် ဆုံးဖြတ်လိုက်၏။ သူသည်  ဝမ်လင်းဘက်ကနေ စကားပြောပေးခဲ့ပြီး ဖြစ်သည့်အတွက် လုဝမ်ရန်ကို ထပ်မံ ရန်စမိမှာကို စိုးရွှံ့မနေတော့ပေ။

All Chapters