အကျပ်ရိုက်ခြင်း
Vol. 112 Ch. 1666
တစ်ဖက်တွင်မူ ကျုံးဝမ်သည် သမင်ငယ်လေးကဲ့သို့ ကြောက်ရွံ့နေပြီး ခေါင်းငုံ့နေကာ ယဲ့ဖန်ကို ပြန်ကြည့်ရဲသည့် သတ္တိပင် မရှိချေ။
မသိလိုက်မသိခင်မှာပင် ယဲ့ဖန်က ထိန်းချုပ်လာ၏။
“အား … ရှင်”
ထိုအခိုက်တွင် သူမသည် ရုတ်တရက် ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ယဲ့ဖန်၏ ပွေ့ဖက်ခြင်း ခံလိုက်ရကာ ခုတင်ပေါ်သို့ ပွေ့ချီခံလိုက်ရသည်။
ကျုံးဝမ် တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်လုံးများက အသနားခံဟန် ပေါ်နေသည်။ သူမ ကြောက်လည်း ကြောက်သလို မျှော်လည်း မျှော်လင့်မိနေ၏။
ယဲ့ဖန် ဆက်ပြောလာသော စကားကြောင့် သူမ တုန်လှုပ်သွားတော့”
“ဒီည ငါတို့ နှစ်ယောက်လုံး မအိပ်ရဘူး”
…
ထိုသို့သောအချိန်၌ အိုးရန်ရှန့်ဖုန်း၏ အိမ်တော်ဘက်၌
လူလေးယောက်၏ မျက်နှာက အလွန်အမင်း သုန်မှုန်နေကာ မျက်လုံးတွင် ထိတ်လန့်ဟန်များနှင့် ပြည့်နှက်နေ၏။
*သေသွားပြီ*
*လွှတ်လိုက်တဲ့ အရိပ် သတ်ဖြတ်သူ အဖွဲ့ဝင်အားလုံး သေသွားပြီလား*
အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့သည် တစ်မိနစ်အတွင်း အရိပ် သတ်ဖြတ်သူ အဖွဲ့ဝင်များ၏ အငွေ့အသက်များ ပျောက်ကွယ်ကုန်သည်ကို ပြတ်သွားစွာ ခံစားမိနေသည။
*ရှင်းလင်းခံလိုက်ရပြီ*
*အရိပ် သတ်ဖြတ်သူ အဖွဲ့ဝင်အားလုံး ရှင်းလင်းခံလိုက်ရပါလား*
*ဘာတွေ ဖြစ်ကုန်တာလဲ*
“မဟုတ်မှလွဲရော အဲ့ကောင် လုပ်လိုက်တာလား”
အိုးရန်မိန်လင်က တုန်ယင်နေသော အသံဖြင့် မေးလာသည်။ ကိစ္စများက ထင်ထားသလို မရိုးရှင်းကြောင်း သူမ သတိထားမိသည်မှာ ကြာပြီ ဖြစ်သည်။ သူမ ထင်သည့်အတိုင်းပင် ထိုလူက မြင်နေရသလို မရိုးရှင်းပါ။
“ဟာသပဲ ဘာမဟုတ်တဲ့ ဘုရင်အဆင့်လေးက သူတော်စင်သခင်အဆင့်နဲ့ နတ်ဘုရင်အဆင့်တွေကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ”
အိုးရန်ယုက အံကြိတ်၍ စားပွဲကို ဖြန်းခနဲ ရိုက်ချလိုက်သည်။
“သူ့နားက ဟိုသောက်မကောင်းဆိုးဝါးက သူ့ကို ကူညီနေတာပဲ ဖြစ်မယ်”
သူ့စကားကိုကြားပြီး အိုးရန်ရှန့်ဖုန်း၏ မျက်နှာက တွေဝေသွားပြီးနောက် ပြန်ပြုပြင်ခဲ့သော လက်ပြတ်အား အလိုလို ပြန်ကိုင်ကြည့်မိသည်။
ထိုမကောင်းဆိုးဝါးသည် သူ့လက်မောင်းကို အသာလေး ဆွဲဖြုတ်နိုင်သဖြင့် ၎င်းက သူတို့ ကိုင်တွယ်နိုင်သော အ ရာ မဟုတ်ကြောင်း ပြသနေ၏။
“ဒီလိုဆိုရင် ကျွန်တော်တို့ သူ့ကို မသတ်နိုင်တော့ဘူးလား”
အိုးရန်ရှောက်ကျွင်းက မကျေမနပ်နှင့် ပြောလာသည်။ ထိုသို့သော အမှိုက်ကောင်က အိုးရန်မျိုးနွယ်ကို ဆက်လက် လွှမ်းမိုးလာရန် ကြိုးစားနေသဖြင့် တစ်ခုခု မှားနေပြီဟု သူ ခံစားနေရသည်။
“အဲ့လို မဖြစ်နိုင်ဘူး”
အိုးရန်ရှန့်ဖုန်းက လှောင်ရယ်ကို မေးစေ့ကို လက်ဖြင့်ပွတ်၍ မရေမရာ ပြောလိုက်သည်။
“သူက ယောကျ်ားလေးလေ၊ အဲ့မကောင်းဆိုးဝါးက သူ့နဲ့ တစ်နေ့လုံး နှစ်ဆယ့်လေးနာရီ အတူတူ ရှိမနေနိုင်ပါဘူး၊ ဟုတ်တယ်မလား၊ တစ်ခါတစ်ခါ လူသတ်ဖို့ ဓားငှားရမယ် မဟုတ်လား”
“အစ်ကိုနှစ်၊ ရှင်းရှင်းလင်းလင်း ပြောပါလား၊ ကျုပ်ကို နားမလည်အောင် မလုပ်နဲ့”
အိုးရန်ယုက တုံးအစွာ ပြောလာပြီး သူ၏ အစ်ကိုနှစ် ပြောသောစကားက အလွန် လျှို့ဝှက်လွန်းသည်ဟု ထင်နေသည်။
အိုးရန်ရှန့်ဖုန်းက စိတ်ထဲ၌ တုံးလိုက်လေခြင်းဟု လှောင်နေသော်လည်း ရယ်လိုက်သည်။
“မင်း နားလည်လည်၊ မလည်လည် ကိစ္စမရှိဘူး၊ ဘာပဲဖြစ်ဖြစ် ငါ့မှာ အဲ့ကောင်ကို အလောင်းတောင် အပြည့်အစုံ မရှိဘဲ သေအောင် လုပ်နိုင်တဲ့နည်းက ရှိပြီးသား၊ မင်း ငါနဲ ပူးပေါင်းဖို့ပဲ လိုတာ”
“စိတ်ချပါ၊ အစ်ကို ပြောသော ပြောလိုက်”
အိုးရန်ယုက သူ့ရင်ဘတ်သူ ပုတ်၍ အာမခံသည်။ ထို့နောက် အိုးရန် ရှန့်ဖုန်းက အိုးရန် မိန်လင်ကို ကြည့်လိုက်သည်။
“လင်လင် အခုထိ မင်းနဲ့ သူနဲ့ ပြဿနာ မဖြစ်ရသေးဘူးမလား၊ သူ့ယုံကြည်မှုကို ရနိုင်မယ့် နည်းလမ်းကို ရှာ၊ မင်းရဲ့ နည်းလမ်းနဲ့ဆို ပြဿနာ မဖြစ်လောက်ဘူး မဟုတ်လား”
“အဖေ စိတ်ချပါ၊ အခုထိ ဘယ်ယောက်ျားမှ သမီးရဲ့ ညှို့ဓာတ်အောက်ကနေ မလွယ်ဖူးပါဘူး”
သူမက ငယ်သေးသော်လည်း ဆွဲဆောင်မှုရှိသည်။ သို့သော် သူမ၏ လှပမှုနှင့် ဆွဲဆောင်မှုရှိသော ညှိ့ဓာတ်က ယောက်ျားသား တစ်ယောက်အား အလွန် သေစေနိုင်၏။
သူမက ဆယ်ကျော်သက် အရွယ်သာ ရှိသေးသော်လည်း လမ်းမထက် ဖြတ်သွားတိုင်း သူမကို မြင်သည့် ယောက်ျားထုသည် လုံးဝ မလှုပ်နိုင်အောင် ဖြစ်ကြစမြဲပင်။
“ညီလေးတို့ လင်မယားက အဲ့ကောင်ကို ကူချင်နေတဲ့ပုံပဲ၊ သူတို့ ဝင်ပါလာရင် ကိစ္စတွေက လွယ်လာမှာ မဟုတ်ဘူး”
အိုးရန်ယုက ရုတ်တရက် ထပြောလာ၏။ အိုးရန်ယုက ပြုံးနေပြီး သူ့မျက်နှာက ရက်စက်ကြမ်းကြုတ်လာသည်။
“သူတို့က သေချင်နေတယ်ဆိုလည်း ငါတို့လူတွေက သူတို့ကို တမလွန် ပို့လိုက်ရင် အပြစ်မဆိုသင့်ဘူး မဟုတ်လား”
….
နောက်တစ်နေ့တွင် မနက် သုံးနာရီ ရောက်ပါမှ နှစ်ယောက်သား အိပ်ပျော်သွားကြသည်။
ယဲ့ဖန် နိုးလာသောအချိန်၌ ကျုံးဝမ်က ပင်ပန်းပြီး မလှုပ်နိုင်သဖြင့် မထနိုင်သေးချေ။
နေ့လယ်စာစားရင် ထွက်လာသောအခါ မိန်းကလေးတစ်သိုက်က သူ့အား သတ်တော့မလို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
မနေ့ညက ယဲ့ဖန် ဘာလုပ်သလဲ သူတို့အားလုံး သိကြသည်။
မနေ့ညက ကျုံးဝမ်၏ နာကျင်ပြီး သာယာပျော်ရွှင်သော အသံက ခြံဝန်းငယ်လေးအတွင်း ပဲ့တင်ထပ်နေသဖြင့် မကြားချင်မှအဆုံးပင်။
ယဲ့ဖန် ရှက်သွားပြီး ယခုတစ်ခေါက် သူ ရှင်းရမလွယ်ကြောင်း သိလိုက်သည်။
“ဪ အခုမှ ထလာလား၊ မနေ့ညက ပင်ပန်းသွားတာလား”
ဟွမ်ယွီလင်းက မကြည်မသာ လေသံနှင့် မေးလာသည်။
ယဲ့ဖန် ဘာမှပြန်မဖြေနိုင်ခင်မှာပင် ကျုံးလီအာက ဝင်၍ ထပ်ပြောလာသည်။
“အဲ့ဒါက ထားပါ၊ နေဖင်ထိုးတာတောင် မထနိုင်ဘူးဆိုတော့ မနေ့ညက တိုက်ပွဲက တော်တော်လေး ကြမ်းသွား သလား”
ယဲ့ဖန် ရှက်သွားသဖြင့် ချောင်းဟန့်လိုက်သည်။ ဤအမျိုးသမီးများက ပြောင်ပြောင်တင်းတင်း ပြောလာသဖြင့် သူ အပြစ်ရှိသလို ခံစားမိလာရသည်။
ထန်ပုခူ၏ ပါးပြင်နှစ်ဖက်မှာ နီရဲနေ၏။ မနေ့ညက အသံက သူမကိုလည်း ရှက်သွားစေပုံရသည်။
*ဘုရားရေ*
*အစ်မဝမ်လို ဣန္ဒြေကြီးပြီး အရှက်ကြီးတဲ့သူက ဘယ်လိုလုပ် အဲ့လိုအသံမျိုး ထွက်ရတာလဲ*
“ကျွန်မ ဘယ်လိုပြောရမလဲ၊ ရှင်က ကျွန်မပြောတဲ့ လေသံကိုလည်း မကြိုက်ဘူး၊ ယူနီဖောင်းနဲ့ ဆွဲဆောင်တာလည်း မကြိုက်ဘူး၊ ရှင်က ညှို့ဓာတ်ပြင်းတဲ့ ညအိပ်ဝတ်စုံကို ကြိုက်တာပဲ”
ကျုံးလီအာက လျာစောင်းထက်ထက်ဖြင့် ဖဲ့လေ၏။
ယဲ့ဖန်က သူမတို့ကို စွန့်ပစ်၍ ကျုံးဝမ်ထံ သွားခဲ့သောကြောင့် သူမတို့ မပျော်မရွှင် ဖြစ်ရခြင်း ဖြစ်လေသည်။
ဤသည်က ကျုံးဝမ်၏ အဆင့်အတန်းက သူမတို့ထက် ပိုမြင့်ကြောင်း ပြသနေ၏။
သူမတို့ချစ်ရသော အမျိုးသားက အခြားမိန်းကလေးတစ်ယောက်အား ပိုချစ်ပြနေသည်ကို အဘယ် မိန်းကလေးက သည်းခံနိုင်ပါမည်နည်း။
မိန်းကလေးဆိုသည်မှာ သဝန်တိုစိတ်နှင့် မွေးဖွားလာသူများ ဖြစ်သည်။
ထိုစဉ် နက်ဗျူလာကလည်း သူ့ကို ကြည့်၍ ပြောလာသည်။
“နင် မျိုးတူ လူသားချင်း သတ်တယ်ဆိုရင်တောင်မှ ဘာလို့ နင့်မိန်းမကို နင် နှိပ်စက်တာလဲ၊ မနေ့ညက သူ အော်နေတာ သနားဖို့ကောင်းတယ်”
ယဲ့ဖန် ဒေါသထွက်သွားပြီး ဒွာရခုနစ်ပေါက်မှ အခိုးများ ထွက်လုနီးပါး ဖြစ်ကာ ပြန်အော်လိုက်သည်။
“မင်း ဘာဖြစ်နေတာလဲ”
*ဒီသူတောင်းစားက ပိုပြီး အခြေအနေဆိုးအောင် ထပ်စောင်းနေတာ မဟုတ်လား*
“အရှင်မင်းမြတ် အနောက်ဆောင်က မိဖုရားတွေက များတယ်ဆိုတော့ ရှင် တစ်နေရာတည်း ကွက်ပြီး မိုးရွာ မနေသင့်ဘူးလေ”
ဟွမ်ယွီလင်းကလည်း ယဲ့ဖန်ကို ခနဲ့လေသည်။ ယဲ့ဖန် စိတ်ဓာတ်ကျသွားသည်။
ထိုစဉ် အပြင်ဘက်မှ မဝံ့မရဲ ခေါ်သော မိန်းကလေးအသံ ထွက်ပေါ်လာ၏။
“အစ်ကိုယဲ့ ရှိလားဟင်”
ထိုအသံကိုကြားသော် ဟွမ်ယွီလင်း ချက်ချင်း ဒေါသထွက်သွားသည်။ ကျုံးလီအာကလည်း ပေါ်ပေါ်တင်တင် ပြောလာ၏။
“ကြည့်ပါဦး၊ ရှင့်ကို လာရှာနေပြီ၊ အသံကလည်း ဈေးရောင်းဖို့ ခေါ်နေသလိုပဲ၊ ရှင် ဘယ်သူ့ကို ဖြားယောင်း ချင်နေတာလဲ”
“ဟုတ်တယ် အသံက မိန်းမပျိုအသံနဲ့ မတူဘူး၊ ယဲ့ဖန် ရှင် မသိချင်ယောင်ဆောင်မနေနဲ့”
ဟွမ်ယွီလင်းက သတိပေးလာ၏။
ဤစကားလုပြောပွဲက ပိုပြင်းထန်လာသည်။ နောက်ထပ် မိန်းကလေးများသာ ရောက်လာလျင် ဘယ်လောက် ထပ်ကြာဦးမလဲ မသိနိုင်ပါ။
ထိုစဉ် အိုးရန်မိန်လင်က ရောင်ကိုင်းနေသော ပါးတို့ဖြင့် ဝင်လာသည်။ ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။
*သူ့ကို ဝင်လာခိုင်းလို့လား*
ယဲ့ဖန်ကိုမြင်သော် သူမက သနားစရာကောင်းသော မျက်နှာထားနှင့် ငိုလေတော့သည်။
“အစ်ကိုယဲ့ ကျွန်မ အစ်ကိုနဲ့ အဖေအတွက် ကျွန်မ စိတ်မကောင်းပါဘူး၊ သူတို့အတွက် ကျွန်မ ရှင့်ကို တောင်းပန်ချင်ပါတယ်”
ထိုသို့ပြောပြီး သူမက ချက်ချင်း ယဲ့ဖန်အနား တိုးလာပြီး ဒူးထောက်လေသည်။ ဆယ့်သုံးနှစ်အရွယ် ကလေးမလေးက သနားကမား မျက်နှာလုပ်နေပုံက မျက်စိမှောက်ချင်စရာပင်။
ကျုံးလီအာနှင့် အခြားသူများတောင်မှ မကြည့်ရက်သော အမူအရာများ ဖြစ်လာ၏။
ထိုစဉ် အိုးရန်မိန်လင်က တရှုံ့ရှုံ့ငို၍ ဝမ်းနည်းပက်လက် ပြောလေသည်။
“ကျွန်မ အစ်ကိုနဲ့ အဖေက အမှားကို သိပြီးလို့ ပြစ်ဒဏ်ကိုလည်း ခံယူပြီးပါပြီ၊ ဝမ်းကွဲအစ်ကို ကျေးဇူးပြုပြီး သူတို့ကို ခွင့်လွှတ်ပေးပါလား”
“မှားတယ်၊ မင်းမျက်နှာက ဒဏ်ရာက ဘာဖြစ်တာလဲ”
ကျုံးလီအာက မေးလိုက်သည်။
အိုးရန်မိန်လင်က ကူကယ်ရာမဲ့သော မျက်နှာထားမျိုး လုပ်လာပြီး ပြန်မဖြေဘဲ ပြောလာသည်။
“အစ်ကိုနဲ့ အဖေက အခုတော့ တွေးမိဦးမှာ မဟုတ်ပါဘူး၊ သူတို့ကို အချိန် နည်းနည်းလောက် ပေးလိုက်ရင် သူတို့ ဝမ်းကွဲအစ်ကိုကို လက်ခံလာမယ်လို့ ကျွန်မ ထင်ပါတယ်”
“ထတော့ နောင် သူတို့ ငါ့ကို လာမရှပ်သရွေ့ ငါ သူတို့ကို ဘာမှမလုပ်ဘူး”
ယဲ့ဖန်က အိုးရန်မိန်လင်ကို ခံစားချက် ကင်းမဲ့စွာကြည့်နေသော်လည်း စိတ်ထဲ၌ လှောင်ရယ်နေ၏။
အိုးရန်မိန်လင် ဘာပြောပြော သူ မယုံပါ။ သူတို့ တကယ် တောင်းပန်ချင်သည်ဆိုလျင် ဘယ်လိုလုပ် အိုးရန် မိန်လင်ကို လာတောင်းပန်ခိုင်းပါမည်နည်း။
“ကျေးဇူးတင်ပါတယ် ဝမ်းကွဲအစ်ကို”
အိုးရန်မိန်လင်၏ သရုပ်ဆောင်စွမ်းရ့ည်က ထိပ်တန်းပင်။ သူမက သူ့စကားကိုကြားသည်နှင့် ချက်ချင်း မျက်ရည်သုတ်လိုက်ပြီး အပြုံးပန်းများ ဝေလာသည်။
ထိုအမူအရာက သာမန်ကလေးမလေး တစ်ယောက်နှင့်တူကာ ဖြူစင်ရိုးသား၍ ချစ်စရာကောင်းဟန်တို့ ပြည့်နေ၏။
“အခု မင်း ပြန်လို့ရပြီ”
အိုးရန်မိန်လင်၏ အမူအရာက ချက်ချင်း အေးခဲသွားပြီး သူမ နားကြားများ မှားလေသလားဟု ထင်မိသွားသည်။
*ခုနတုန်းက ငါ ညှို့ဓာတ်နဲ့ ပြောနေတာပါ၊ ဘာလို့ ဒီလူက ဘာမှမဖြစ်တာလဲ*
အိုးရန်မိန်လင်က ထပ်မံ၍ ရဲတင်းစွာ ပြောလိုက်သည်။
“ဝမ်းကွဲအစ်ကို ရှင်က ဒီမှာ လူသစ်ဆိုတော့ ကျွန်မ ရှင့်ကို ခေါ်ပြီး ပတ်ဝန်းကျင် အနေအထားကို လိုက်ပြမယ်လေ၊ ဘယ်လိုလဲ”
“မရဘူး၊ ငါ ဒီနေ့ အိမ်မှာပဲ နေချင်တယ်”
ယဲ့ဖန် အရူး မဟုတ်ပါ။ ဤအကျင့်မကောင်းသော ကောင်မလေးနှင့် အပြင်သွားလျင် ကောင်းသော အရာ ဖြစ်လာမည် မဟုတ်ဟု သူ၏ မသိစိတ်က ပြောနေ၏။
ထိုစကားကိုကြားသော် အိုးရန်မိန်လင်က ထပ်၍ တရှုံ့ရှုံ့ ငိုဟန် လုပ်သည်။
“ဝမ်းကွဲအစ်ကိုက ကျွန်မတို့ကို အခုထိ ခွင့်မလွှတ်သေးတာလားဟင်”
သူမ၏ ဆွဲဆောင်မှုက ယဲ့ဖန်အပေါ် အလုပ် မဖြစ်သော်လည်း ယဲ့ဖန်၏ အမျိုးသမီးများကို အလုပ်မဖြစ်ဟု မဆိုလိုပါ။
သူမက အမျိုးသမီးများကို ကြည့်လိုက်သောအခါ သူမတို့က ချက်ချင်း ကရုဏာစိတ် ဝင်လာ၏။
“အဝေးကို သွားတာလည်း မဟုတ်ဘဲနဲ့၊ ကလေးမလေးက ဒီလို ငိုနေတာကို၊ ဘယ်လိုလုပ် ရှင် ကြည့်နေရက် ရတာလဲ”
“တော်လိုက်တော့၊ ကလေးမလေး သနားပါတယ်၊ ရှင် သူနဲ့လိုက်သွား”
ထန်ယွင်အာကလည်း ဝင်ကူ၍ ပြောလေသည်။ ယဲ့ဖန် လှောင်ရယ်လိုက်မိသည်။ ဤကလေးစုတ်လေးက ယနေ့ သူမနှင့်အတူ အပြင်မထွက်သရွေ့ လက်လျော့မည့်ပုံ မပေါ်ချေ။
“ကောင်းပြီလေ၊ သွားကြည့်ကြတာပေါ့”
ယဲ့ဖန် ထရပ်လိုက်သည်။ ဤလူများ ဘယ်လို သေတွင်းတူးမလဲ သူ သိချင်နေသည်။
“ဝမ်းကွဲအစ်ကိုက အကောင်းဆုံးပဲ”
အိုးရန်မိန်လင်က ပျော်ရွှင်စွာဖြင့် ယဲ့ဖန်၏ လက်မောင်းကို ဖက်တွယ်၍ ခုန်ပေါက်နေသည်။ မသိလျင် သူတို့က တကယ် ချစ်ခင်ကြသည့် မောင်နှမများဟုပင် အများက ထင်လောက်သည်။
“ဝမ်းကွဲအစ်ကို ဒါက ကျွန်မတို့ အိုးရန်မျိုးနွယ်ရဲ့ လေ့ကျင့်ရေး ဧရိယာလေ”
သူတို့ လေ့ကျင့်ရေး ဧရိယာသို့ ရောက်လာကြသည်။ ယဲ့ဖန် တစ်ချက်ကြည့်လိုက်သောအခါ လေ့ကျင့်ရေး ဧရိယာက ကမ္ဘာငယ်တစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းအား နတ်ဘုရား သင်္ကေတနှင့် တာအိုသင်္ကေတများ ဝန်းရံထားပြီး စွမ်းအင်များ စီးဆင်းနေကာ အလွန် တစ်မူထူးခြားလှသည်။
ကမ္ဘာငယ်ထဲတွင် အိုးရန်မျိုးနွယ်၏ မျိုးနွယ်ဝင်များ လေ့ကျင့်နေပြီ ဖြစ်သည်။ သူတို့သည် သိုင်းပညာကို အရူးအမူး စွဲလမ်းနှစ်ခြိုက်ကြသည့် မျိုးနွယ်များ ဖြစ်ပြီး အသက်အရွယ်မရွေး၊ ယောက်ျားမိန်းမမရွေး သိုင်းပညာကို လေ့ကျင့်ကြသည်။
အိုးရန်မျိုးနွယ်၏ ကလေးများသည် အသက် ငါးနှစ်ကတည်းက လေ့ကျင့်ရေး ဧရိယာသို့ ဝင်ရောက်ကြရပြီး အားနည်းပြီး နာမကျန်းဖြစ်ကာ မွေးဖွားလာသောသူများသည် တန်း၍ စွန့်ပစ်ခံရသည်။
လက်ရှိအချိန်၌ အိုးရန်မျိုးနွယ်၏ ထောင်ချီသော မျိုးနွယ်ဝင်များသည် ယဲ့ဖန်အား အထင်သေး ရွံရှာသော အကြည့်ဖြင့် ပြိုင်တူ ကြည့်နေကြသည်။ သူတို့ ပထမ သခင်မလေး၏ သားက အိမ်ပြန်ရောက်လာသော်လည်း အမှိုက်ကောင် ဖြစ်နေသည်ကို သူတို့လည်း သိထားပြီးသား ဖြစ်သည်။
အသက်နှစ်ဆယ်ဝန်းကျင်၌ ဘုရင်အဆင့် ရောက်နေခြင်းက အခြား မည်သည့်နေရာမဆို၌ ပါရမီရှင် တစ်ယောက် ဖြစ်သော်လည်း သူတို့ အိုးရန်မျိုးနွယ်တွင်းတွင်မူ အမှိုက်တကာ့ အမှိုက်ထွတ်ခေါင်သာ ဖြစ်သည်။
၎င်းအဆင့်အား သူတို့မျိုးနွယ်၏ ကလေးများအဆင့်လောက်နှင့်ပင် ယှဉ်မရဟု ဆိုနိုင်ပေ၏။
အဘယ်ကြောင့်ဆိုသော် အိုးရန်မျိုးနွယ်တွင်း၌ မွေးကတည်းက ဘုရင်အဆင့် ရောက်နေသည့် ကလေးငယ်များ များစွာ ရှိသောကြောင့်ပင်တည်း။
“သူ ဘာလုပ်နေတာလဲ”
“ယီးပဲ အိုးရန်မျိုးနွယ်ရဲ့ လေ့ကျင့်ရေး ဧရိယာက မြင့်မြတ်တဲ့ နယ်မြေလေ၊ ဒီအမှိုက်ကောင်က ဘယ်လိုလုပ် ခြေချနိုင်တဲ့ အရည်အချင်း ရှိမှာလဲ၊ ဒါ မြင့်မြတ်တဲ့ နယ်မြေကို ညစ်ထေးအောင် လုပ်တာပဲ”
အားလုံး၏ အထင်သေး ရွံရှာသော အကြည့်များက ယဲ့ဖန်ပေါ် ကျရောက်လာသည်။