← Chapters

ဒါ စွန့်ပစ်ထားတာပဲ

Vol. 112 Ch. 1673

ဒါ စွန့်ပစ်ထားတာပဲ

Vol. 112 Ch. 1673

အစက သူသည် ယဲ့ဖန်ကို သတ်ချင်ခဲ့ပြီး မျိုးနွယ်တွင်း၌ သူ၏ နာမည်ဂုဏ်သတင်း တက်လာစေရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု ယဲ့ဖန်နှင့် ရင်ဆိုင်ရန် ပိုခက်သွားပေတော့မည်။

အိုးရန်ကျန်းက ယဲ့ဖန်ကို အလွန် နှစ်ထောင်းအားရ ဖြစ်နေသည်ကိုမြင်ပြီး လူငယ်များ၏ မနာလိုစိတ်က ပိုကြီးလာပြီး သူ့အား ဓားတစ်သောင်းဖြင့် နုတ်နုတ်စင်းချင်နေကြသည်။

ထိုစဉ် ယဲ့ဖန်က သုန်မှုန်နေသော မျက်နှာဖြင့် အိုးရန်ကျန်းထံ လျှောက်လာ၏။

“ကလေး မင်း ဒီအဘိုးကို တကယ် မျက်နှာရအောင် လုပ်ပေးတာပဲ”

အိုးရန်ကျန်းကလည်း သူ့ကို အပြုံးနှင့် စောင့်ကြိုနေသည်။ ထိုအခိုက်တွင် ယဲ့ဖန်က အိုးရန်ကျန်းထံ တစ်စုံတစ်ရာကို ပစ်ပေးလာသည်။ ၎င်းအရာမှာ အဝတ်ရုပ်လေး ဖြစ်နေ၏။

အိုးရန်ကျန်းသည် ထိုအရာကို ယူ၍ သေချာကြည့်ပြီးနောက် မျက်လုံးအိမ် တုန်ခါသွားပြီး ထိုအရာက ဘာလဲ သိသွားသည့်ပုံပင်။

ထိုအရာလေးမှာ အိုးရန်ချင်ရွှယ် အသက် ငါးနှစ်အရွယ်တုန်းက သူ လက်ဆောင်ပေးခဲ့သော အရုပ်လေး ဖြစ်သည်။

*သူ အခုထိ သိမ်းထားခဲ့တာလား*

အိုးရန်ကျန်း ကြက်သေ သေသွားသည်။ ဤအရုပ်လေးက သူ၏ အတောမသတ်နိုင်သော တောင့်တ လွမ်းဆွတ်စိတ်အား နှိုးဆွပေးသလို ဖြစ်သွားသည်။

အိုးရန်ချင်ရွှယ်က ဤအရုပ်ကို သဘောအကျဆုံး ဖြစ်ခဲ့သည်ကို သူ မှတ်မိပါသေးသည်။ ဤအရုပ်လေး ရပြီးနောက် သူမ နေ့တိုင်း ပျော်ခဲ့သည်။ ထို့အပြင် သူမသည် ထိုအရုပ်လေးကို ညတိုင်း ဖက်အိပ်သည်။

အရုပ်အပေါ်မှ သိသိသာသာ မြင်နေသော သွေးစက်များအရ အိုးရန်ချင်ရွှယ်သည် တိုက်ပွဲနေရာသို့ သွားရချိန်မှာတောင်မှ အရုပ်လေးကို သယ်သွားမှန်း ရိပ်စားမိသည်။

တစ်ခဏကြာသော် အိုးရန်ကျန်း မျက်ရည်များ စီးကျလာသည်။ ယင်းက ဝမ်းနည်းစရာကောင်းသော အတိတ်ကို ယူဆောင်လာပေး၏။

“ဒီအရုပ်လေးကို ရခဲ့တဲ့နှစ်က အမေ့အတွက် ပျော်စရာအကောင်းဆုံး နှစ်ဖြစ်ခဲ့မယ်လို့ ကျွန်တော် ထင်တယ်”

ယဲ့ဖန် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ အိုးရန်ကျန်းကလည်း ခေါင်းညိတ်သည်။ သို့သော် ထိုနှစ်ပြီးနောက် အိုးရန်ချင်ရွှယ် ဘယ်သောအခါမှ မပြုံးတော့ချေ။

အဘယ်ကြောင့်ဆိုသော် သူမသည် လေ့ကျင့်ရေး ဧရိယာသို့ စေလွှတ်ခံရသောကြောင့်ပင်။ သူမ ကျင့်ကြံရန် ဖိအားပေးခံခဲ့ရသည်။

“ခင်ဗျား စိတ်မပျက်ရအောင်၊ မျိုးနွယ်ဝင်တွေ နောင်တမရအောင် အမေက သူ့ဘဝကို စတေးပြီး ခင်ဗျားအလိုကျ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တာ”

“ဒါပေမဲ့ ခင်ဗျားတို့ ဘာပြန်လုပ်ခဲ့လဲ”

ယဲ့ဖန်က စူးရှသော အကြည့်တို့ဖြင့် ငေါက်ငမ်းလေသည်။

“ခင်ဗျားတို့အတွက် သူ နယ်မြေတစ်ခု ဖွင့်လှစ်ပေးခဲ့ပင်မယ့် ခင်ဗျားတို့က အမေ့ကို နောက်ကျောကနေ ဓားနဲ့ ထိုးခဲ့တယ်”

“ခင်ဗျားအတွက် အမေ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပင်မယ့် ခင်ဗျားက မသိကျိုးကျွန် ပြုခဲ့တယ်”

“အမေ မောင်နှမသားချင်းတွေနဲ့ တိုက်ခိုက်နေရတဲ့အချိန် ခင်ဗျား ဝင်ပါပြီး အမေ့ကို နှစ်သိမ့်ပေးခဲ့ဖူးသလား အိုးရန်ကျန်း”

ယဲ့ဖန်က အိုးရန်ကျန်းကို စူးစူးရဲရဲ ကြည့်နေပြီး အလွန် ဒေါသထွက်နေကာ အိုးရန်ကျန်းကိုပင် နာမည်တပ် ခေါ်နေ၏။

အိုးရန်ကျန်း ထိတ်လန့်သွားပြီး အံ့ဩသော အမူအရာ ပေါ်လွင်နေသည်။

“အဲ့လိုဖြစ်မယ့်အစကား ခင်ဗျားက အမေ့ကို တစ်မိသားစုလုံးကို ဦးဆောင်ဖို့ မျှော်လင့်ခဲ့တယ်၊ ဒါပေမဲ့ အမေ လုပ်ကြံခံရလွန်းလို့ မတတ်သာဘဲ အိမ်ကနေ ထွက်ပြေးခဲ့ရတာ”

ထိုစကားကိုကြားသောအခါ လူအုပ်ကြီးသည် ဆူညံပွက်လောရိုက်သွားတော့သည်။

*အိုးရန်ချင်ရွှယ်က ထွက်သွားဖို့ ဖိအားပေးခံရတာလား*

ချက်ချင်းဆိုသလိုပင် အားလုံး၏ အကြည့်က အိုးရန်ကျန်းနှင့် သူ့မျိုးဆက်များထံ ကျရောက်လာသည်။

“သောက်ကောင် မင်းကများ အဘိုးကို နာမည်တပ်‌ ခေါ်ရဲတယ်ပေါ့လေ၊ မင်း တကယ် ဆိုးသွမ်းတာပဲ”

အိုးရန်ရှန့်ဖုန်းက သတ်ဖြတ်ချင်နေသော မျက်လုံးများဖြင့် အော်ဟစ်လာသည်။

ဤကိစ္စကိုသာ အများသိသွားလျင် နောင်အနာဂတ်၌ သူ မိသားစုတွင်းတွင် နေလို့ရတော့မည် မဟုတ်ပါ.

“ယဲ့ဖန် မင်း သေသင့်တယ်ကွ”

အိုးရန်ယုကလည်း ဒေါသတကြီး အော်ငေါက်လာ၏။ လက်ရှိတွင် သူ ယဲ့ဖန်ကို သတ်ချင်နေသည်။

ယဲ့ဖန်သည် သူတို့ကို ကြည့်ပင်မကြည့်ဘဲ ပျက်ရယ်ပြုလိုက်သည်။

“ကျုပ်အမေ ထွက်သွားတုန်းက ခုနစ်ထပ်မြောက်မှာ စာကြောင်းတစ်ခု ချန်ထားခဲ့တယ်၊ အဲ့စကားကို အခု ခင်ဗျားတို့ သိအောင် ကျုပ် ပြောပြမယ်”

“အမေ ပြောခဲ့တာက အနာကျင်ရဆုံးအရာက စိတ်နှလုံးပူဆွေးရခြင်းပဲတဲ့”

အိုးရန်ကျန်း မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရပြီး မျက်နှာတွင် ကြောက်ရွံ့စိတ်တို့ ပြည့်နှက်လာပြီး ထိတ်လန့်နေသော အမူအရာ ဖြစ်နေကာ မသိလျင် ဝိညာဉ်လွင့်သွားသည်ဟု ထင်မှတ်မှားရသည်။

“အနာကျင်ရဆုံးအရာက စိတ်နှလုံး ပူဆွေးရခြင်းတဲ့လား”

သူမကို သူ သေခဲ့စေမိသည်။

ယဲ့ဖန်က များစွာသော မျိုးနွယ်ဝင်များကို ဝေ့ကြည့်လိုက်သည်။

“မင်းတို့အားလုံး ငါ ပြောတာကို သေချာနားထောင်ထား၊ အိုးရန်ချင်ရွှယ်က မင်းတို့ကို စွန့်ပစ်ခဲ့တာ မဟုတ်ဘူး၊ မင်းတို့က အိုးရန်ချင်ရွှယ်ကို သစ္စာဖောက်ခဲ့တာ”

“အိုးရန်ချင်ရွှယ်က ဘယ်သူ့ကိုမှ မသတ်ချင်ခဲ့လို့ မျိုးနွယ်ကနေ ထွက်သွားခဲ့ရတာ၊ မင်းတို့ထဲက ဘယ်သူမှ သူ့ကို အပြစ်တင်ဖို့ မထိုက်တန်ဘူး”

ထိုစကားအဆုံးတွင် လူတိုင်း ဘာဖြစ်ခဲ့သလဲ ရိပ်မိသွားကြသည်။ နှစ်ပေါင်းများစွာ ပဟေဠိဖြစ်နေခဲ့သော ပုစ္ဆာက ယနေ့ အဖြေပေါ်သွားလေပြီ။

ထိုအချိန်က အိုးရန်ချင်ရွှယ်၏ ထွက်ခွာသွားမှုက အလွန် ထူးဆန်းသည်ဟု သူတို့ ခံစားခဲ့မိသည်။ ဘာအကြောင်းပြချက်မှ မရှိပါဘဲ သူမက ပြတ်ပြတ်သားသား ထွက်သွားခဲ့သည်။

*လတ်စသက်တော့ သူ ဝန်တွေ အများကြီး ထမ်းထားခဲ့ရတာပဲ*

သူမသည် မျိုးနွယ်အား အတိတ်အခါကကဲ့သို့ အမြင့်သို့ရောက်အောင် ဦးဆောင်ရသည့်အပြင် မောင်ဖြစ်သူများ၏ လုပ်ကြံမှုများကိုပါ သတိထားနေခဲ့ရသည်။

ထိုလျှို့ဝှက်ချက် ပေါ်သွားသောအခါ အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့ နှစ်ယောက်လုံး ရူးမတတ် ဖြစ်သွားကြပြီး မျက်နှာက ဒေါသကြောင့် ရှုံ့မဲ့လာ၏။

“အိုးရန်ကျန်း ဒီအရုပ်ကို ဘာလို့ ခုနစ်ထပ်မြောက်မှာ ထားထားလဲ ခင်ဗျား သိလား”

ယဲ့ဖန် လှောင်ရယ်သံနှင့်အတူ မေးလိုက်သည်။

“ယဲ့ဖန် မပြောနဲ့”

အိုးရန်လင်းက အလျင်အမြန် အော်ပြောလေ၏။ သို့သော် ယဲ့ဖန်က သူ့ကို အရေးမစိုက်ဘဲ ဆက်ပြောလိုက်သည်။

“ဒါ စွန့်ပစ်လိုက်တာပဲ”

“သူ တန်ဖိုးအရဆုံး အရာကို စွန့်ပစ်တာ၊ သူ တန်ဖိုးအထားရဆုံး ခံစားချက်ကို စွန့်ပစ်တာ၊ သူ့မိသားစုနဲ့ သူ့မျိုးနွယ်ကို စွန့်ပစ်လိုက်တာပဲ”

“ပြီးတော့ အဲ့ဒါတွေအားလုံးက ခင်ဗျားအမှားပဲ”

ယဲ့ဖန်က အိုးရန်ကျန်းကို လက်ညှိုးထိုးလိုက်သည်။ အိုးရန်ကျန်း အကြီးအကျယ် မျက်နှာပျက်သွားပြီး မျက်လုံးတွင် ထိတ်လန့်၍ မယုံနိုင်ဟန်တို့ ပေါ်လွင်လာ၏။ တစ်ခဏအတွင်း ဆယ်နှစ် ပိုအိုစာသွားသည်ဟုပင် ထင်မှတ်ရသည်။

သူ အထိအနာကြီး နာသွားလေပြီ။

အစက သူသည် အိုးရန်ချင်ရွှယ်၏ ထွက်ခွာသွားနှင့် ပတ်သက်၍ စိုးရိမ်ခဲ့ပြီး တဖြည်းဖြည်း စိတ်ပျက်ကာ စောဒကတက်၍ အိုးရန်ချင်ရွှယ်ကို မုန်းလာခဲ့သည်။

သို့သော် ယနေ့အခါ၌ အိုးရန်ချင်ရွှယ်၏ ထွက်ခွာမှုက မတတ်သာခြင်းဖြစ်ပြီး ဖိအားပေးခံရ၍ ဖြစ်ကြောင်း သူ သိလိုက်ရသည်။

ဤအရာအားလုံးက သူ၏တာဝန်ပင်။ သူသည် အိုးရန်ချင်ရွှယ်ကိုတောင်မှ အရှက်မရှိ အပြစ်တင်ခဲ့မိသည်။ ရယ်ချင်စရာ ကောင်းလှသည်။

ထိုအခိုက်တွင် အိုးရန်မျိုးနွယ်ဝင်များအားလုံးက အိုးရှန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့အား မုန်းတီး၍ အထင်သေး စက်ဆုပ်သော အကြည့်များဖြင့် ကြည့်လာသည်။

အိုးရန်ချင်ရွှယ်ကို ထိပ်တိုက် မရင်ဆိုင်ရဲသော်လည်း နောက်ကွယ်မှနေ၍ စက်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်များကို လုပ်ခဲ့ကြသည်။ ယင်းက ယောက်ျားသားတစ်ယောက်၏ လုပ်ရပ်မျိုး မဟုတ်ပေ။

ဤသို့သောအပြုအမူက သိုင်းပညာကို လေးစားနှစ်သက်သော အိုးရန်မျိုးနွယ်အတွက် ရွံ့စရာ အပြုအမူပင်။

“မျိုးမစစ်ကောင် မင်း ရိုင်းပျလွန်းတယ်၊ ဒီနေ့ အကြီးအကဲတွေကိုယ်စား ငါ မင်းကို အပြစ်ပေးမယ်ကွ”

အိုးရန်ရှန့်ဖုန်းက အော်ပြောလိုက်ပြီးနောက် ချက်ချင်း ဖျတ်ခနဲ လှုပ်ရှားလိုက်ကာ ယဲ့ဖန်အရှေ့သို့ တန်း ရောက်လာပြီး လက်ကိုမြှောက်၍ ဒေါသတကြီး ရိုက်ချလိုက်သည်။

ပြင်းထန်သော လက်အားက လေကိုခွင်း၍ ယဲ့ဖန်၏ ခေါင်းပေါ် အရှိန်ဖြင့် ကျရောက်လာသည်။

ယခုအချိန်သည် အခြေအနေကို အသုံးချ၍ သတ်နိုင်မည့် အချိန်ကောင်းပင်။ အဘယ်ကြောင့်ဆိုသော် သူ့ကို အသက်ရှင်ခွင့်ပေး၍ မဖြစ်မှန်း အိုးရန်ရှန့်ဖုန်း သတိထားမိသွားသောကြောင့်ပင်။ သို့မဟုတ်ပါက သူတို့ အဆင့်အတန်း ပျက်စီးသွားပေလိမ့်မည်။

*ဒီကောင် သေကိုသေမှ ဖြစ်မယ်*

ဤသည်ကိုမြင်သော် အိုးရန်ယုနှင့် အခြားသူများ၏ မျက်နှာ၌ ဝမ်းသာအားရဟန် ပေါ်လာပြီး ကျိတ်၍ ဟစ်အော် အားပေးနေမိသည်။

*သတ်*

*အဲ့ကောင်ကို သတ်ပစ်*

“ခွေးတိရစ္ဆာန်ကောင် မင်း လုပ်ရဲလား”

“အိုးရန်ရှန့်ဖုန်း မင်း သေချင်နေပြီလား”

“ပါးစပ်ပိတ်ထား၊ သူ့ကို အရင်တားကြ”

ဘေးလူများ အော်ဟစ်လာပြီး အမူအရာက အလွန် ဒေါသထွက်ဟန် ပေါ်နေ၏။ တစ်ယောက်ပြီး တစ်ယောက် ပြေးတက်လာသော်လည်း အချိန်နှောင်းသွားလေပြီ။

အကြောင်းမှာ အိုးရန်ရှန့်ဖုန်း ရုတ်တရက် တိုက်ခိုက်လာမည်ဟု မထင်သောကြောင့် သူတို့ တုံ့ပြန်ချိန် နှောင့်နှေး သွားရခြင်း ဖြစ်သည်။

လက်ဝါးချက်က ယဲ့ဖန်၏ ဦးခေါင်းထက်သို့ ကျရောက်လာသည်။

“မလုပ်နဲ့”

အိုးရန်မျိုးနွယ်များ ဝမ်းနည်းသော မျက်နှာများဖြင့် အော်ဟစ်လာ၏။

*သွားပြီ*

*လုံးဝ သွားပြီ*

အိုးရန်မျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ချက်၊ အိုးရန်ချင်ရွှယ်ကို ကျော်တက်နိုင်သော တစ်မူထူးခြားသည့် ပါရမီရှင်ကို ဆုံးရှုံးရပေတော့မည်။

“သေပေတော့”

အိုးရန်ရှန့်ဖုန်းက အရူးသဖွယ် ကြွေးကြော်လာပြီး သတ်ဖြတ်ချင်စိတ်ကလည်း ပို၍ ပြင်းထန်လာသည်။ သူ့မျက်နှာ၌ သရော်ပြုံးလည်း ရှိနေ၏။

ယဲ့ဖန်ကို သတ်နိုင်သရွေ့ သူတို့အတွက် မိသားစုခေါင်းဆောင် ဖြစ်နိုင်မည့် မျှော်လင့်ချက် ရှိနေသေးသည်။

အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့ကလည်း ညစ်ကျယ်ကျယ် ပြုံးနေကြသည်။

*မင်းအရည်အချင်းက ဘယ်လောက် ထူးချွန်နေပါစေ ဘုရင်အဆင့်ပဲ ရှိတာမလား*

အင်မော်တယ် ဧကရာဇ်အဆင့်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရလျင် သေလမ်းသာ ရှိပေမည်။

အိုးရန်ရှန့်ဖုန်း စွန့်စားထားမှန်းလည်း သူတို့ မြင်နေရသည်။ ယခုထက်ပို၍ သင့်လျော်သော အချိန်မရှိပေ။ ယဲ့ဖန် သေမှကို ဖြစ်မည်။

“ယဲ့ဖန် ထွက်ပြေးတော့”

“ကလေး ရှောင်လိုက်တော့”

လူတစ်စုက အလွန် စိုးရိမ်နေသော မျက်နှာဖြင့် အသည်းအသန် အော်ဟစ်လာကြသည်။ သို့သော် အားလုံး၏ စိုးထိတ်နေသော အကြည့်အောက်၌ ယဲ့ဖန်က ညာလက်ကို အသာမြှောက်လာ၏။

*တားချင်တာလား*

*သူ ရူးနေတာလား*

ဤသည်ကိုမြင်သော် လူတိုင်း အံ့ဩသွားပြီး မယုံနိုင်သော အကြည့်များဖြင့် ယဲ့ဖန်များ ဦးနှောက် တစ်ခုခု ဖြစ်လေသလားဟု ထင်မိသွားကြသည်။

*အင်မော်တယ် ဧကရာဇ်အဆင့်ရဲ့ ခွန်အားကို သေမျိုးခန္ဓာကိုယ်လေးနဲ့ ခုခံဖို့ ကြံနေတာလား*

*သူ့ဦးနှောက် အလုပ်ရော လုပ်သေးရဲ့လား*

ဤသည်ကိုကြည့်ပြီး အိုးရန်မိန်လင်နှင့် အခြားသူများသည် တစ်ခဏမျှ အံ့ဩနေပြီးမှ ကျယ်လောင်စွာ ထရယ်ကြသည်။

ဤသည်က မီးတောက်ထဲ တိုးချင်နေသည့် ပိုးဖလံကောင်၏ အဖြစ်နှင့် အတူတူပင်။

*ရယ်ရလိုက်တာ*

*ဒီကောင်က သေတွင်းတူးနေတာပဲ*

*ထွက်မပြေးနိုင်ရင်တောင်မှ ရူးရူးမိုက်မိုက်နဲ့ တားဖို့ ကြံရတယ်လို့*

*သူ မသေမှာစိုးလို့ လုပ်နေတာလား*

*ဟားဟား အရူးပဲ*

အိုးရန်မိန်လင်နှင့် အခြားလူငယ်မျိုးဆက်များသည် စိတ်ထဲ၌ လှောင်ရယ်နေကြပြီး အိုးရန်ရှန့်ဖုန်းကြောင့် ယဲ့ဖန် ရိုက်သတ်ခံရမည့် အဖြစ်ကို မျှော်လင့်နေကြသည်။

အိုးရန်ဟွာနှင့် အခြားသူများသည် ဤမြင်ကွင်းကိုကြည့်ပြီး အေးခဲသွားကြသည်။

*ယဲ့ဖန်က အတင့်ရဲလိုက်တာ၊ သူ သေချင်နေတာလား*

အိုးရန်မျိုးနွယ်ဝင်များသည်လည်း ဝမ်းနည်းကာ မချင့်မရဲ ဖြစ်နေကြသည်။ ယခုအခါတွင်မှ သူတို့ မျှော်လင့်ချက်ကို တွေ့ခဲ့ရသော်လည်း မျက်တောင်တစ်ခတ်အတွင်း ဆုံးရှုံးရပေတော့မည်။

သို့သော် ယဲ့ဖန် သေမည်ဟု လူတိုင်း ထင်ထားချိန်၌ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ၏။

ယဲ့ဖန်၏ ခန္ဓာကိုယ်တစ်ခုလုံးက လက်ဝါးချက် ထိမှန်သွားပြီး မြေကြီးပေါ် လဲကျသွားသည်ဟု အားလုံး ထင်လိုက်ကြသည်။

အိုးရန်ရှန့်ဖုန်း၏ မျက်နှာ၌ ရက်စက်သော အပြုံးတစ်ခု တွဲခိုနေပြီး အရိုးများကျိုး၍ အသားများ တစ်စစီ ဖြစ်တော့မည်ဟု ထင်နေ၏။

သို့သော် တစ်ခဏကြာသော် သူ့အပြုံးက အေးခဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က တောင်တစ်လုံး အလား မြဲမြံစွာဖြင့် နည်းနည်းလေးမှ မရွေ့သည်ကို တွေ့လိုက်ရသောကြောင့်ပင်။

သူ့လက်ပင် မသိမသာ ကျဉ်သွားရသည်။ သူ့လက်ဝါးက အင်မော်တယ် တောင်တစ်လုံးကို ရိုက်မိသည့်အလား ဖြစ်နေကာ သက်ရောက်မှု ခက်နေစေ၏။

ကြောက်ရွံ့တုန်လှုပ်စိတ်တို့ စိုးမိုးလာသည်။

*ငါက အင်မော်တယ် ဧကရာဇ်အဆင့်လေ၊ ဒီကောင့်ကို တစ်ချက်တည်းနဲ့ မသတ်နိုင်ဘူးလား*

ဤသည်ကိုမြင်ပြီး လူတိုင်း သေမတတ် ချောက်ချားသွားကြသည်။

မြတ်စွာဘုရား ငါ ဘာမြင်လိုက်တာလဲ၊ ဘုရင်အဆင့်က အင်မော်တယ် ဧကရာဇ်အဆင့်ရဲ့ လက်ဝါးချက်ကို တားလိုက်တာလား”

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“သခင်လေး ယဲ့ဖန်က အံ့ဩဖို့ကောင်းလွန်းတယ်”

လူတိုင်း မျက်လုံးကို ခပ်ပြင်းပြင်းပွတ်နေပြီး မြင်နေရသော အရာကို ယုံရခက်နေကြသည်။

*ဘယ်လိုလုပ် ဘုရင်အဆင့်က အင်မော်တယ် ဧကရာဇ်အဆင့်ကို တားနိုင်တာလဲ*

*ဒါက ပုရွက်ဆိတ်က ဆင်ကို တားသလိုမျိုးပဲလေ*

*အံ့ဩဖို့ကောင်းလိုက်တာ*

အိုးရန်ကျန်းတောင်မှ မျက်လုံးပြူးနေပြီး မယုံသင်္ကာ ဖြစ်နေလေသည်။ သူ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း ဘုရင်အဆင့်က အင်မော်တယ် ဧကရာဇ်အဆင့်ကို တားနိုင်သည်ကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ထို့အပြင် တားလိုက်ပုံကလည်း အထင်သေးသော အမူအရာပင်။

အိုးရန်မိန်လင်နှင့် လူငယ်မျိုးဆက်များ မျက်လုံးများ ပြူးကျယ်နေကြသည်။

*ဒီကောင့်ကိုယ်က သံနဲ့လုပ်ထားလို့လား*

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး လူတိုင်း အသံပျောက်သလို ဖြစ်နေကြသည်။ ဤမြင်ကွင်းက ရူးချင်စရာ ကောင်းလှသည်။

*ဘုရင်အဆင့်က အင်မော်တယ် ဧကရာဇ်အဆင့်ရဲ့ တိုက်ခိုက်မှုကို တားလိုက်တာလား*

*ဒါ တကယ်ကို ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ လုပ်ရပ်ပဲ*

*ယဲ့ဖန်က သူ့အမေကို ကျော်တက်တာတောင် မဟုတ်ဘူး၊ အိုးရန်ချင်ရွှယ်ကို အနိုင်ပါပိုင်းသွားတာ*

*ဒါ ရူးချင်စရာ ကောင်းတယ်၊ တကယ်ကို လူသားမဟုတ်တဲ့ ဖြစ်ရပ်ပဲ*

All Chapters