ငါ မင်းကို ကူညီနိုင်တယ်
Vol. 112 Ch. 1678
တစ်ခဏကြာသော် တိဝူလုံချန်နှင့် အခြားသူများက တောအုပ်ထဲမှ ထွက်လာသည်ကို သူမ တွေ့လိုက်ရသည်။
တိဝူလုံချန်သည် စဉ်းလဲသော အပြုံးမျိုး ပြုံးနေပြီး ခြောက်ကပ်နေသော နှုတ်ခမ်းကိုပင် လျှာဖြင့် သပ်လိုက်သည်။ သူ့ပုံစံက ဆာလောင်နေသော ဝံပုလွေတစ်ကောင်နှင့် အသွင်တူနေ၏။
အိုးရန်ယွင်၏မျက်နှာက ရုတ်တရက် မည်းမှောင်သွားသည်။ ထိုအခိုက်တွင် ကုန်းမင်သည်လည်း ကြောက်လန့်စွာဖြင့် ယဲ့ဖန်၏ အနောက်သို့ ဝင်ပုန်းလေသည်။
“ခွေးမ နင်ကများ ငါ့ကို လေလံစံအိမ်မှာ လှည့်စားရဲတယ်ပေါ့လေ၊ ငါ မင်းကိုမှ ရှစ်ပိုင်း မပိုင်းရရင် ငါ့ကိုယ်ငါ တိဝူလုံချန်လို့ မခေါ်တော့ဘူး”
တိဝူလုံချန်က ခက်ထန်သော မျက်နှာနှင့် ပြောလာပြီး အိုးရန်ယွင်ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။
“ဒါပေမဲ့ မင်းကို မသတ်ခင်၊ မင်း ငါတို့ ညီအစ်ကိုတွေကို ပျော်ရအောင် လုပ်ပေးသွားဦး”
တိဝူလုံချန်၏ ညစ်ကျယ်ကျယ် အပြုံးကိုမြင်ပြီး အိုးရန်ယွင် ချက်ချင်း စိတ်တိုသွားသည်။
“တိဝူလုံချန် နင် အရှက်မရှိပါလား”
“အရှက်မရှိတာ ဟုတ်လား၊ အရှက်မရှိတာထက် ပိုတယ်၊ ငါက သိပ်ဆိုးတာ”
တိဝူလုံချန်က ပို၍ ကျယ်လောင်စွာ ရယ်မောပြီး အိုးရန်ယွင်ကို သေချာကြည့်ကာ ပြောင်ပြောင်တင်းတင်း ပြောလိုက်သည်။
“မင်း အခုထိ အပျိုပဲ မဟုတ်လား၊ မသေခင် မိန်းမတစ်ယောက် ဖြစ်ရတဲ့ အရသာကို မင်းကို ခံစားခိုင်းရတာပေါ့၊ မင်း တစ်ဘဝလုံး အလကားသက်သက် နေလာခဲ့တာ မဟုတ်လား၊ ဟားဟားဟား…”
ထိုစကားကိုကြားသောအခါ အိုးရန်ယွင်၏ မျက်နှာက ပို၍ ဆိုးရွားလာပြီး သတိပေးလိုက်သည်။
“နင် ငါ့ကို ထိရဲထိကြည့်လိုက်၊ ငါ့အဘိုးက နင့်ကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး၊ နင် စစ်ကို စချင်တာလား”
“စစ်ကို စချင်တာတဲ့လား၊ မင်း မှန်းတာ မှန်တယ်၊ အထက်က တစ်စုံတစ်ယောက် ရောက်လာပြီးတော့ ငါတို့နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပြီ၊ မဝေးတော့တဲ့ အနာဂတ်ကာလမှာ မင်းတို့ကို အမြစ်ဖြတ် သုတ်သင်တော့မှာ”
တိဝူလုံချန်က မခန့်လေးစား ပြုံးနေသည်။ တစ်ဖက်လူက သေရတော့မည့်သူ ဖြစ်သဖြင့် သူတို့ကို အမှန် ပြောပြလည်း ကိစ္စမရှိချေ။
ထိုစကားကိုကြားသော် အိုးရန်ယွင်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။
*နတ်ဘုရားမျိုးနွယ်က ငါတို့ကို တိုက်ခိုက်ဖို့ အဆင့်သင့် ဖြစ်နေပြီလား*
“ဒါနဲ့ စကားမစပ် အိုးရန်ယွင်၊ နောက်ဆုံးတစ်ခေါက်တုန်းက မင်းရဲ့ မောင်နဲ့ ယောင်းမက ဒီနေရာမှာ ငါ သတ်တာကို ခံလိုက်ရတာ”
တိဝူလုံချန်က ရုတ်တရက် ထပြောလာသည်။
အိုးရန်ယွင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ ကြက်သေ သေသွားသည်။
“နင် … နင် ဘာပြောလိုက်တာလဲ”
တိဝူလုံချန်က ရယ်သာရယ်နေပြီး ပြန်မဖြေဘဲ ဘေးဘီကို ဝေ့ကြည့်လိုက်သည်။
“ဘယ်နားလောက်မှာပါလိမ့်၊ ဒီနေရာလောက်ပဲ ထင်တယ်၊ သွားကြစို့”
ထို့နောက် သူ့လက်ဝါးမှ စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး မြေကြီးထဲ တိုးဝင်သွားသဖြင့် မြေဆီလွှာ ပေါက်ကွဲ သွားသည်။
ထိုအခါ မြေကြီးထဲမှနေ၍ အလောင်းနှစ်ခု လွင့်ပျံထွက်လာသည်။ ၎င်းတို့မှာ အိုးရန်ယွင်၏ မောင်နှင့် ယောင်းမတို့၏ အလောင်းများ ဖြစ်လေသည်။
အိုးရန်ယွင် မှင်တက်သွားပြီး မြေကြီးပေါ်မှ အလောင်းနှစ်ခုကို ငေးကြည့်နေကာ အချိန်အတော်ကြာသည်အထိ သတိမဝင်သေးပေ။
အိုးရန်ယွင်၏ မောင်က နတ်ဘုရားမျိုးနွယ်၏ အန္တရာယ်ပေးခြင်း ခံရသည်ဟု သူတို့အားလုံး မှန်းဆမိသော်လည်း သူတို့သည် အရိုးပင် ရှာမတွေ့သောကြောင့် ဘာသက်သေမှ ပြမရ ဖြစ်ခဲ့သည်။ သူတို့နှစ်ယောက် မိသားစုထဲက ထွက်သွားတာလည်း ဖြစ်နိုင်သည်ဟု သူတို့ မျှော်လင့်ခဲ့မိသေးသည်
ယခု တိဝူလုံချန်ကိုယ်တိုင် ဝန်ခံလာသဖြင့် အိုးရန်ယွင် အံ့ဩသွားပြီး သူမရင်ထဲမှ နောက်ဆုံးသော မျှော်လင့်ချက်လည်း ပျက်စီးသွားလေသည်။
အိုးရန်ယွင်၏ သတိလွတ်နေသော အမူအရာကို ကြည့်ပြီး တိဝူလုံချန်က စဉ်းလဲစွာ ပြုံး၍ ပြောလိုက်သည်။
“အိုးရန်ယွင် မင်းယောင်းမက တော်တော် စိုတာပဲ”
“ငါတို့ ညီအစ်ကို တစ်ယောက်ချင်းစီက သူနဲ့ အနည်းဆုံး လေးငါးခါလောက် ပျော်ပါးခဲ့တာ၊ မင်းရဲ့မောင် ရှေ့မှာပေါ့ ဟားဟား”
သူတို့သည် အိုးရန်ယွင်၏ မောင်ရှေ့မှာပင် သူ့မိန်းမကို စော်ကားဖျက်ဆီးခဲ့သည်။ သူတို့ ပျော်ပါးလို့ ဝသည်နှင့် သူ့မိန်းမ၏ နောက်ကျောကို ဓားဖြင့်ထိုးခွဲကာ နှလုံးကို ထုတ်ယူခဲ့သည်။
ထို့နောက် အိုးရန်ယွင်၏ မောင်ဖြစ်သူကိုမူ နောက်ဓားတစ်လက်ဖြင့် ခေါင်းဖြတ်လိုက်သည်။ ထိုသို့ လုပ်ပြီးသည်နှင့် ဘာမှမဖြစ်ခဲ့သလို နေလိုက်ကြသည်။ သူတို့လုပ်ရပ်ကို မည်သူမှလည်း မသိခဲ့ပေ။
ထိုအခါ အိုးရန်ယွင် အလွန် ရူးသွပ်သွားပြီး ကျယ်လောင်စွာ အော်ဟစ်၍ ပြေးတက်သွားသည်။
“မျိုးမစစ်ကောင် ငါ နင့်ကို သတ်မယ်”
“ချွင်”
ဓားရှည်ကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်နှင့် အေးစက်စက် အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။ ထည်ဝါသော ဓားစွမ်းအင်က လှိုင်းလုံးသဖွယ် ပျံ့နှံ့နေကာ တိဝူလုံချန်ထံ အရှိန်ဖြင့် ကျရောက်လာသည်။
အိုးရန်ယွင်၏ မျက်လုံးများ မီးပွင့်မတတ် ဖြစ်နေကာ လက်ရှိတွင် သူမ၌ အတွေးတစ်ခုတည်းသာ ရှိသည်။ ယင်းမှာ တိဝူလုံချန်အား နုတ်နုတ်စင်းရန်သာ ဖြစ်ပေသည်။
သူမတို့ မောင်နှမနှစ်ယောက်သည် အလွန် ဆက်ဆံရေးကောင်းသည်။ သူမတို့ ကလေးဘဝကတည်းက မောင်ဖြစ်သူသည် သစ်ပင်ပေါ်တက်၍ ငှက်သိုက်အား နှိုက်တတ်သည်။ သူသည် ငှက်သိုက်ကို နှိုက်ပြီးသည်နှင့် သူ့အစ်မကို အရင် ပြလေ့ရှိသည်။ အရသာ ရှိသောအရာ တစ်ခုခု ရှိချင် သူ အရင်စားတတ်၏။
ထို့ကြောင့် သူမမောင်ဖြစ်သူ ပျောက်သွားသောအခါ သူမသည် ဝိညာဉ်ကို ဆုံးရှုံးလိုက်ရသကဲ့သို့ ဖြစ်သွားပြီး နှစ်ပေါင်းများစွာ ရူးမတတ် လိုက်ရှာခဲ့သည်။
ယခု လူသတ်သမားက သူမရှေ့၌ ရှိနေသည်ကို သိလိုက်ရသဖြင့် သူမ ထပ်၍ သည်းမခံနိုင်တော့ပါ။
“သေချင်နေတာပဲ”
အိုးရန်ယွင်က သူ့ထံ ပြေးတက်လာနေသည်ကို မြင်သော် တိဝူလုံချန်က သက်တောင့်သက်သာ အနေအထားဖြင့် ရှိနေပြီး လက်နက်ကို ထုတ်လိုက်သည်။
ရွှေဗရာင်တောက်နေသော လှံတံက သူ့လက်ထဲ၌ ချက်ချင်း ပေါ်လာပြီး အိုးရန်ယွင်၏ ဦးခေါင်းထံ ပစ်လွှတ် လိုက်လေသည်။
“ဝုန်း”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မီးပွားများ ထွက်ပေါ်လာသည်။
အိုးရန်ယွင် ချက်ချင်း လွင့်ထွက်သွားပြီး သူမလက်ထဲမှ ဓားကလည်း လက်ထဲမှ လွင့်ထွက်လုနီးပါး ဖြစ်သွားရသည်။
သူမခန္ဓာကိုယ်ထဲမှ သွေးများ ဆန်တက်လာပြီး လည်ချောင်းထဲမှ ထိုးထွက်မတတ် ဖြစ်လာသော်လည်း သူမ မျိုချလိုက်သည်။
တိဝူလုံချန်က အမှန်ကို ပြောနေခြင်းပင်။ အိုးရန်မျိုးနွယ် တစ်ခုလုံးတွင် အိုးရန်ရှောက်ကျွင်းနှင့် မကောင်းဆိုးဝါး ဆန်သော အခြားနှစ်ယောက်သာလျင် သူ့ကို ယှဉ်နိုင်ပေသည်။
တကယ့် တိုက်ပွဲ အတွေ့အကြုံနည်းသော အိုးရန်ယွင်နှင့် ရင်ဆိုင်ခြင်းက သူ့အတွက် အားထုတ်စရာပင် မလိုဟု ဆိုရပေမည်။
“မင်း အခုထိ ခုခံချင်သေးတာလား၊ မင်း ပိုခုခံလေ ပိုစိတ်လှုပ်ရှားရလေပဲ၊ အဲ့အချိန်တုန်းက မင်းယောင်းမက ခုခ့လို့ သူ့ခြေလက်တွေကို ရိုက်ချိုးခဲ့တာ”
တိဝူလုံချန်က ရယ်မောနေပြီး မျက်နှာတွင် ညစ်ကျယ်ကျယ် အမူအရာ ပေါ်နေ၏။ အိုးရန်ယွင်၏ ခြေလက်ကို သူ ချိုးချင်နေမှန်း သိသာလှသည်။
အိုးရန်ယွင် အတင်း ထရပ်လိုက်သော်လည်း သူမ၏ နူးညံ့သော ခန္ဓာကိုယ်က ယိမ်းယိုင်နေပြီး အကြိမ်ပေါင်း များစွာ လဲကျလုနီးပါး ဖြစ်နေသည်။
သူမရင်ထဲမှ အမုန်းတရားက ထိန်းချုပ်၍ပင် မရနိုင်ပါ။ သူမ အသက်နှင့်ရင်း၍ တိုက်ခိုက်ရမည် ဆိုရင်တောင်မှ တိဝူလုံချန်ကိုပါ သူမနှင့်အတူ သေရအောင် လုပ်မည် ဖြစ်သည်။
ထိုသို့သောအချိန်၌ လက်တစ်ဖက်က သူမပခုံးပေါ် ကျလာသည်။ အိုးရန်ယွင် လှည့်ကြည့်လိုက်သောအခါ ယဲ့ဖန်က သူမအား ပြုံး၍ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“နင် ငါ့ကို နားချချင်တာဆိုရင် မပြောနဲ့၊ ဒီနေ့ သူ မသေရင် ငါ အသေပဲ”
အိုးရန်ယွင်က အံကြိတ်၍ ပြောလိုက်သည်။ ယဲ့ဖန် ခေါင်းခါလေသည်။
“ငါ မင်းကို တားဖို့ မစဉ်းစားဘူး၊ ငါ မင်းကို ကူညီနိုင်တယ်”
“သူ့ကို ကူညီမယ် ဟုတ်လား၊ ဟားဟားဟား ဟေ့ကောင် မင်းတောင် ပြဿနာထဲ ရောက်နေတာ၊ သူ့ကို ဘယ်လိုလုပ် ကူညီနိုင်မှာလဲ”
တိဝူလုံချန်က သူ့စကားကိုကြားပြီး ချက်ချင်း ထရယ်သည်။
“သူ့ကို သတ်ပြီးရင် မင်းအလှည့်ပဲ”
အခြားသူများကလည်း သူ့အား အထင်သေးစွာ ကြည့်နေကြပြီး အရူးဟု မှတ်ယူနေကြသည်။
*အသုံးမကျတဲ့ ဘုရင်အဆင့်က ဘယ်လို ကူညီမှာလဲ*
*ဓားနဲ့ခုတ်ပြီး ကူညီမှာလား*
*တုံးအလိုက်တာ*
“ဘယ်လို ကူညီမှာလဲ”
အိုးရန်ယွင်ကလည်း ယဲ့ဖန်ကို တွေဝေစွာ ကြည့်လိုက်သည်။ ယဲ့ဖန်က ခပ်ဖွဖွ ပြုံး၍ အရှိန်အဝါတစ်ခု ထိုးထွက် လာသည်။
သူ့အနောက်၌ ပြင်းထန်သော အရိပ်တစ်ခုက ဝုန်းခနဲ ထွက်ပေါ်လာပြီး မသိလျင် လောကထဲသို့ နတ်ဆိုးတ စ်ကောင် ရောက်လာသည်ဟု ထင်မှတ်မှားရကာ ရက်စက်ကြမ်းကြုတ်၍ သွေးဆာလေသည်။
သတ်ဖြတ်လိုသော အငွေ့အသက်က အဆုံးအစမဲ့စွာ ထွက်ပေါ်နေသည်။
ထိုအခါ လူတိုင်း ချောက်ချားလာပြီး မျက်နှာ အကြီးအကျယ် ပျက်ကာ နောက်သို့ ဆုတ်သွားပြီး သေမတတ် ကြောက်ရွံ့လာကြသည်။
ထိုအရိပ်သည် အလွန် ပြင်းထန်ကြီးမားလှပြီး ၎င်းထဲ၌ မရေတွက်နိုင်သော သတ်ဖြတ်လိုသည့် အငွေ့အသက် ပုန်းအောင်နေကာ ငရဲတံခါး ပွင့်လာသကဲ့သို့ လောကကို တုန်ခါစေပြီး တောတောင် မြစ်ချောင်းများအား ယိမ်းထိုး လာစေသည်။
ဤမြင်ကွင်းက အလွန် ကြောက်စရာကောင်းလှသည်။
ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော နတ်ဆိုးစွမ်းအင်သည် သန်းချီသော စစ်သည်များ ချီတက်လာသည်ဟု ထင်မှတ်ရပြီး လူသတ်လိုသော အငွေ့အသက်က ပင်လယ်အလား ကျယ်ပြန့် ကြီးမားလှကာ လက်ရှိတွင် နတ်ဆိုး နတ်ဘုရားတစ်ပါးနှင့် တူနေသည်။
ယဲ့ဖန် တည်ငြိမ်စွာ ရပ်နေပုံက ထည်ဝါမြင့်မြတ်ပြီး အင်မော်တယ်တစ်ပါးနှင့် တူကာ မြင့်မြတ်သော အသွင်အပြင် ရှိလေသည်။
ထို့နောက်တွင်မူ အိုးရန်ယွင်သည် သူမကိုယ်ထဲသို့ အတောမသတ်နိုင်သော စွမ်းအင်များ စီးဝင်လာသည်ဟု ခံစားလိုက်ရသည်။
သူမအရှိန်အဝါက ဝုန်းခနဲ ထိုးတက်လာသည်။
နတ်ဘုရင် စဦးအဆင့်၊ နတ်ဘုရင် အလယ်အလတ် အဆင့်၊ နတ်ဘုရင် နောက်ဆုံးအဆင့်။ ထို့နောက် အင်မော်တယ် ဧကရာဇ်အဆင့်သို့ ဝုန်းခနဲ ခုန်တက်သွားသည်။
အိုးရန်ယွင် မှင်တက်သွားလေသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ဒါက အင်မော်တယ် ဧကရာဇ်အဆင့်လား*
တိဝူလုံချန်သည်လည်း မျက်လုံးပြူးနေကာ မယုံနိုင်သော အသွင်အပြင်နှင့် ဖြစ်နေသည်။
*ငါ အထင်မှားတာလား*
*အိုးရန်ယွင်က အဆင့်ငယ်တွေကို ဆက်တိုက် ဖြတ်ကျော်သွားတဲ့အပြင် အဆင့်ကြီးတစ်ဆင့်ကိုပါ ခုန်တက် သွားတာလား*
*ဒါက*
*ဒါ ဘယ်လို ဖြစ်ရတာလဲ*
လူတိုင်း ယဲ့ဖန်ကို မယုံသင်္ကာဖြင့် ကြည့်နေကြသည်။
*ဒီကောင် ဘာကို ဘယ်လိုလုပ်လိုက်တာလဲ*
*မထင်ရှားဆုံးသောလူက အကြီးဆုံး ခြိမ်းခြောက်နိုင်စွမ်း ပေးနေပါလား*
ဤသို့သော သိုင်းအဆင့် မြင့်မားစေသော နည်းလမ်းကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
*ဒီကောင်က ဘာလဲဟ*
“မင်း အချိန် ဆယ်မိနစ်ပဲ ရမယ်”
ယဲ့ဖန် သတိပေးလိုက်ပြီးနောက် နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်လိုက်သည်။ သူ့အနောက်မှ ကြောက်စရာ ကောင်းသော အရိပ်သည်လည်း ရုတ်တရက် ပျောက်ကွယ်သွားသည်။
အိုးရန်ယွင်၏ မောင်ဖြစ်သူ အသတ်ခံရသည်အတွက် လက်စားချေမှုအား အိုးရန်ယွင် ကိုယ်တိုင် လက်စားချေမှ ရမည်ကို သူ သိနေသည်။
“လုံလောက်တယ်”
အိုးရန်ယွင်က လှောင်ရယ်လိုက်ပြီးနောက် လှစ်ခနဲ ပြေးတက်သွားသည်။ အိုးရန်ယွင်၏ အရိပ်က ဟာရီကိန်း မုန်တိုင်းသဖွယ် လျင်မြန်စွာ ဖြတ်သန်းလာနေပြီး ဖိအားအရှိန်အဝါ ပြည့်နှက်နေကာ တိဝူလုံချန် အရှေ့သို့ ချက်ချင်း ရောက်လာသည်။
ထိုအခိုက်တွင် တိဝူလုံချန်သည်လည်း မျက်လုံး ပြူးနေပြီး မျက်နှာတွင် ကြောက်လန့်စိတ်တို့ ပြည့်နှက်နေကာ မှင်တက်သွားသည်။
မြင်နေရသော အရာကို အမှန်တရားဟု ယုံနိုင်ပုံ မပေါ်ချေ။
*မင်းက အင်မော်တယ် ဧကရာဇ်အဆင့်ကို ရင်ဆိုင်ချင်တာလား*
သို့သော် သူ တုံ့ဆိုင်းနေချိန် မရှိပေ။ အိုးရန်ယွင်က ရှေ့သို့ ရောက်လာနေပြီး ဓားဖြင့် ခုတ်ပိုင်းလာ၏။
*ယီးပဲ*
တိဝူလုံချန်၏ မျက်လုံးတွင် ဒေါသမီးများ တောက်လောင်လာပြီး လှံကို ကိုင်၍ ညာသံပေးကာ အိုးရန်ယွင်၏ ရင်ဘတ်ကို ထိုးနှက်လိုက်သည်။
တစ်ခဏအတွင်း လူတစ်ယောက်က အင်မော်တယ် ဧကရာဇ်အဆင့်သို့ တက်သွားနိုင်လိမ့်မည်ဟု သူ မယုံကြည်ပါ။
*ဒါ မျက်လှည့်တစ်ခုပဲ ဖြစ်ရမယ်*
သို့သော် မကြာခင်မှာပင် သူ့မာနအတွက် သူ ပြန်ပေးဆပ်လိုက်ရသည်။
“ဝုန်း”
ကျယ်လောင်သော ဆူညံသံနှင့်အတူ ဓားနှင့်လှံတို့ ထိခတ်သွားသည်။ မတူကြီသော ကြောက်စရာကောင်းသည့် စွမ်းအင်နှစ်မျိုးက ချက်ချင်း ပျံ့လွင့်လာ၏။
မြေဆီလွှာပင် တုန်ခါလာပြီး သူတို့နှစ်ယောက်၏ ခြေထောက်အောက်မှနေ၍ အက်ကွဲကြောင်း ဖြစ်ပေါ်ကာ ဘေးသို့ ပျံ့နှံ့လာသည်။
ဤမြင်ကွင်းက တိဝူလုံချန်ကို ထိတ်လန့်သွားစေသည်။
*သူ တားလိုက်တာပဲ*
အစောပိုင်းက တိဝူလုံချန် အားကုန်မသုံးဘဲ တိုက်ခိုက်ခဲ့ပြီး ယင်းကပင် အိုးရန်ယွင်အား လွင့်ထွက်သွားစေခဲ့သည်။ ယခု သူ အားကုန်သုံးသော်လည်း သူမက တားဆီးနိုင်နေသည်။
*ချီးပဲ၊ ဒါ အမြင်မှားတာ မဟုတ်ဘူးပဲ*
ဤသည်ကိုကြည့်ပြီး အိုးရန်ယွင်သည်လည်း ဝမ်းသာသွားသည်။
*ဒါ တကယ် ဖြစ်နေတာပဲ၊ ငါ အင်မော်တယ် ဧကရာဇ်အဆင့်ကို တကယ် တက်သွားပြီ*
ထို့နောက်တွင်မူ သူမမျက်နှာတွင် သတ်ဖြတ်ချင်စိတ်တို့ဖြင့် ပြည့်နှက်လာ၏။
“တိဝူလုံချန် ငါ နင့်ကို သတ်မယ်”
ထို့နောက် ဓားက တုန်ခါလာပြီး ဓားစွမ်းအင်က လှံတံဘက်သို့ ဝုန်းခနဲ တိုးဝင်သွားသည်။
“ဂျွတ် ဂျွတ်”
ထိုအခါ လှံတံ အက်ကွဲကာ လုံးဝ ပျက်စီးသွားသည်။
ဤအဖြစ်ကြောင့် တိဝူလုံချန် ကြက်သေ သေသွားလေသည်။ သို့သော် ထိုမျှနှင့် ရပ်မသွားချေ။
ဓားစွမ်းအင်က လှံကို ဖျက်ဆီးပြီးနောက် တိဝူလုံချန်ထံ တိုးဝင်လာသဖြင့် သူ ချက်ချင်း လွင့်ထွက်သွားရသည်။
တိဝူလုံချန်၏ ခန္ဓာကိုယ်က လေထဲ မြောက်တက်သွားပြီး မီတာတစ်ရာခန့် လွင့်စဉ်သွားကာ ဝမ်းဗိုက် အောက်ပိုင်းက ထိခိုက်ဒဏ်ရာ ရနေပြီး သွေးတတောက်တောက် ကျနေသည်။
ဓားစွမ်းအင်၏ ဖြတ်တောက်မှုကြောင့် အသားစများ ဆက်တိုက် ပဲ့ကျနေ၏။ မသိလျင် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ အသတ်ခံနေရသလိုပင်။
“သခင်လေး”
ဤသည်ကိုမြင်ပြီး သူ၏ မျိုးနွယ်ဝင်များ ပြေးတက်လာပြီး တိဝူလုံချန်၏ ခန္ဓာကိုယ်ကို အပြေး ဖမ်းထိန်း ကြသည်။