အရှင်မင်းမြတ်ကို ဂါဝရပြုပါတယ်
Vol. 113 Ch. 1686
ယဲ့ဖန် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။
“ဒါဆို သူတို့က ဘာလို့ ရတာလဲ”
“သူတို့နှစ်ယောက်လုံးက နတ်ဘုရင်အဆင့်တွေ ပြီးတော့ နှစ်ယောက်လုံးက အိုးရန်မျိုးနွယ်မှာပဲ မွေးတဲ့ မျိုးနွယ်ဝင်တွေ၊ သူတို့က ဒီပွဲတော်၊ ဒီလူတွေနဲ့ ရင်းနှီးနေပြီပဲကို၊ မင်းလိုလူက လာယှဉ်လို့ရမလား”
အိုးရန်ယုက လှောင်ရယ်လိုက်သည်။ အိုးရန်ရှန့်ဖုန်းကလည်း ဝင်ပြောလေသည်။
“ယဲ့ဖန် မင်းက ဒီမှာ လူသစ်လေ၊ မင်း အပြင်မှာ လျှောက်သွားနေတာ ကြာလှပြီ၊ ဒီမိသားစုရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို မင်း မသိမှာ စိုးရတယ်၊ ဂုဏ်သရေရှိ ဧည့်သည်တော်တွေနဲ့ ကတောက်ကဆ ဖြစ်မှာကို ရှောင်ရှားဖို့အတွက် မင်း ဧည့်သည်တွေ ပြန်သွားတဲ့အထိ စောင့်နေရမယ်၊ ပြီးမှ ပြန်လာခဲ့၊ အဲ့အခါကျရင် ငါတို့ မင်းကို မတားဘူး”
“သူနဲ့ အရေးမပါတာတွေ ပြောမနေနဲ့၊ သူက သုံးစားမရတဲ့သူမို့လို့ အထဲဝင်လို့မရဘူးလို့ ပြောလိုက်ရင် ပြီးနေတာပဲ၊ ရှင် အဲ့လို မလုပ်နိုင်ဘူးလား၊ အဘိုးကြီးရဲ့ မြေးက ဘုရင်အဆင့်ပဲ ရှိတယ်တဲ့၊ ဟိုပုဂ္ဂိုလ်ကြီးတွေမြင်ရင် ကျွန်မတို့ကို ဘယ်လောက်တောင် လှောင်ရယ်နေမလဲ မသိဘူး”
အိုးရန်ရှန့်ဖုန်း၏ မိန်းမက အထင်သေးသော အကြည့်နှင့် ပြောလာပြီးနောက် ယဲ့ဖန်ဘက်ကို လှည့်ကြည့်သည်။
“ဟဲ့ကောင်လေး နင် အထဲဝင်ချင်ရင် သူတော်စင်သခင်အဆင့်ကို တက်နိုင်မှ ပြော”
သူမ တမင်သက်သက် ပြောလိုက်ခြင်း ဖြစ်သည်။ သူတို့ ယဲ့ဖန်ကို ရန်မရှာရဲသော်လည်း သူ့ကို အရှက်ခွဲနိုင်မည့် နည်းလမ်းများစွာ ရှိပါသေးသည်။
“ဒီလောကမှာ ငါ့ထက် ဂုဏ်သရေရှိတဲ့သူ မရှိဘူး၊ ငါ မဝင်နိုင်ရင် လောကထဲက ဘယ်သူမှ မဝင်နိုင်ဘူး”
ယဲ့ဖန် ဝင့်ကြွားစွာ ပြောလိုက်သည်။
ထိုစကားကို ကြားသော် လူတိုင်း မျက်နှာထား ပြောင်းလဲသါားပြီး ယဲ့ဖန်အား ရူးနေသလားဟူသော အကြည့်ဖြင့် ကြည့်လာကြသည်။
*လောကထဲမှာ ဂုဏ်သရေအရှိဆုံးလူ ဟုတ်လား၊ ဘုရင်အဆင့်လေးက ဘယ်လိုတောင် ပြောရဲတာလဲ၊ သူ ဘယ်က သတ္တိရလာတာလဲ*
မျိုးနွယ်ဝင်များ တစ်ယောက်ပြီး တစ်ယောက် ခေါင်းခါလာကြသည်။
*ဒီကောင်လေးက လေပဲကျယ်နေပါလား*
ထိုစည် တစ်စုံတစ်ယောက်က မနေနိုင်ဘဲ အိုးရန်ဟွာကို ကြည့်၍ ပြောလာသည်။
“ဦးလေး ဒီတစ်ခါတော့ ခင်ဗျား ဆုံးဖြတ်ချက် မှားသွားမှာကို ကျွန်တော် စိုးရိမ်တယ်”
အိုးရန်ဟွာက ခံစားချက် ကင်းမဲ့နေပြီး နည်းနည်းလေးမှ မလှုပ်ချေ။
“အေးအေး ဒီနေ့က မင်းအဘိုးရဲ့ နေ့ထူးနေ့မြတ်ပဲ၊ ငါ မင်းကို အရှက်ရအောင် မလုပ်ချင်ဘူး၊ မြန်မြန်ဝင်ပြီး အေးဆေးနေ”
အိုးရန်ရှန့်ဖုန်းက စိတ်မရှည်စွာက လက်ခါပြသည်။ ထိုအခါ သူ၏ဇနီးဖြစ်သူက မနေနိုင်ဘဲ ခနဲ့စကား ပြောလေသည်။
“အိုးရန်ချင်ရွှယ်က ထူးချွန်တဲ့လူ ဖြစ်ခဲ့တာကို ဘာလို့ ဒီလို ဆန်ကုန်မြေလေးကို မွေးထုတ်ခဲ့တာလဲ၊ အံ့ဩလိုက်တာ”
ယဲ့ဖန်၏ မျက်နှာက တင်းမာလာပြီး ပြန်ပြောလိုက်သည်။
“ငါ သွားမယ့်နေရာကို ဘယ်သူမှ မတားနိုင်ဘူး”
ချက်ချင်းဆိုသလိုပင် အိုးရန်ရှန့်ဖုန်း၏ မျက်နှာက သုန်မှုန်လာ၏။
“လေကျယ်လှချည်လား၊ နင့်ကိုယ်နင် ဘာထင်နေလဲ”
ဒုတိယအဒေါ်က အထင်သေးသော မျက်နှာနှင့် ကြိမ်းမောင်းလေသည်။
“ဒီပုဂ္ဂိုလ်ကြီးတွေနဲ့ တစ်ပွဲတည်းတက်၊ တစ်ပွဲတည်းနေပြီး စားသောက်ခွင့်ပေးထားတာနဲ့တင် မလုံလောက် သေးဘူးလား၊ နင်က ငါ့ကို ဒူးထောက်ပြီး နင့်ဖိနပ်ကိုပါ လျက်စေချင်တာလား၊ နင့်ကိုယ်နင် ဘာမှတ်နေလဲ”
ထိုစကားကိုကြားသော် အားလုံးက ယဲ့ဖန်ကို သရော်သောအကြည့်ဖြင့် ကြည့်လေသည်။
“ကျုပ်အဖေကို ခင်ဗျားပြောတဲ့ကိစ္စကို အသိပေးလိုက်ရမလား”
ထိုစဉ် အိုးရန်လင်းက ယဲ့ဖန်၏ အနောက်မှ ရောက်လာပြီး မည်းမှောင်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
အိုးရန်လင်းကိုမြင်သော် အိုးရန်ရှန့်ဖုန်းတို့ ညီအစ်ကိုနှစ်ယောက်က အေးစက်စွာ ခနဲ့သံပေးသော်လည်း မတားရဲချေ။
ယဲ့ဖန်က အိုးရန်လင်းနောက်မှနေ၍ ခန်းမထဲသို့ ဝင်သွားသည်။
“ယဲ့ဖန် ရောက်လာပြီလား၊ ဒီကိုလာ၊ အဘိုးနားကိုလာခဲ့”
ယဲ့ဖန်ကိုမြင်သော် အိုးရန်ကျန်းက ချက်ချင်း လှမ်းခေါ်လေသည်။ ထို့နောက် သူက သူ့မိတ်ဆွေဟောင်းများနှင့် မိတ်ဆက်ပေးသည်။
“အားလုံးပဲ ဒါက အိုးရန်ချင်ရွှယ်ရဲ့သားလေ”
“သူက အိုးရန်ချင်ရွှယ်ရဲ့သားလား”
လူတစ်စုက မျက်မှောင်ကြုတ်သွားပြီး ယဲ့ဖန်အား မယုံသင်္ကာ ကြည့်လာကြသည်။ ဖီးနစ်တစ်ကောင်က ရစ်ငှက်တစ်ကောင်ကို မွေးထုတ်လိမ့်မည်ဟု မယုံနိုင် ဖြစ်နေလေသည်။
ထို့နောက် အားလုံးက ယဲ့ဖန်ကို ခေါင်းညိတ်၍ အသိအမှတ်ပြုကြပြီး ဘာမှထပ်မမေးတော့ချေ။
အသက်နှစ်ဆယ်အရွယ် ဘုရင်အဆင့်က သူတို့မျက်လုံးထဲတွင် အသုံးမကျသော အမှိုက်နှင့် တူညီပြီး လေးလေးနက်နက် ခင်မင်ရန် မထိုက်တန်ဟု သတ်မှတ်ထားကြသည်။
ဤသည်ကိုမြင်သော် အိုးရန်မိန်လင်က လှောင်ရယ်လေသည်။
ကောလာဟလများအရ အိုးရန်ချင်ရွှယ်၏ မွေးနေ့ပွဲတွင် အိုးရန်မျိုးနွယ်စံအိမ်က အိုးရန်ကျန်း၏ မွေးနေ့ပွဲထက်ပင် ပို၍ စည်ကားသိုက်မြိုက်သည်ဟု ဆိုကြသည်။
ယခုအခါတွင် လူအများက ယဲ့ဖန်ကို တစ်ချက်သာ ကြည့်၍ နောက်တစ်ကြိမ် ပြန်ပင် မကြည့်တော့ပါ။ ယနေ့တွင် ယဲ့ဖန်က လူရယ်စရာ ဖြစ်လာလေပြီ။
အိုးရန်ကျန်းသည်လည်း သူ့မိတ်ဆွေဟောင်းများ၏ ယဲ့ဖန်အပေါ် အပြုအမူကိုမြင်ပြီး အမူအရာက ပုံမှန် မဟုတ်တော့ချေ။
“ဦးလေးတို့ကို နှုတ်ခွန်းဆက်ပါတယ်’
ယဲ့ဖန်က မပြောင်းလဲသော အမူအရာဖြင့် ယဉ်ကျေးစွာ ပြောလိုက်သည်။ အဘိုးကြီးများက အင်းဟုသာ အသံပြု၍ ဘာမှဆက်မပြောပေ။
ယဲ့ဖန်ကလည်း ဂရုမစိုက်ဘဲ ချက်ချင်း နောက်လှည့်သွားသည်။ ဤသည်ကိုကြည့်ပြီး အိုးရန်ကျန်း သက်ပြင်းချ လိုက်မိသည်။ ယဲ့ဖန်အား လာခိုင်းလိုက်မိသည်ကို သူ နောင်တရမိသွားသည်။
“ဆရာ အဲ့လူတွေ လွန်နေပြီ”
အိုးရန်ယွင်က မကျေမနပ် ပြောလာသည်။ ဤလူများက တကယ်ပင် အမြင်ကျဉ်းလှသည်။
သူမ၏ ဆရာသည် ကိုးပြည်နယ်တွင်း၌ အမြင့်မြတ်ဆုံးသော ဧကရာဇ်ကိုးပါး ဖြစ်သည်။ ဤလူများတွင် မည်သူက သူ့ကို ယှဉ်နိုင်ပါမည်နည်း။ သူတို့၌ သူ့အား အထင်သေးခွင့် ရှိပါသလော။
“ခြင်္သေ့တစ်ကောင် ခွေးအတွေ ဟောင်တာကို အရေးစိုက်လို့လား”
ယဲ့ဖန်က လှောင််ပြုံးပြုံး၍ မတုန်မလှုပ် ပြောလိုက်သည်။
“အဘိုးကြီး နှစ်တိုင်း ပျော်ရွှင်ပြီး သာယာတဲ့ နေ့လေးတွေ ရပါစေလို့ ငါ ဆုတောင်းပါတယ်”
ထိုစဉ် ရင်းနှီးသော မိတ်ဆွေတစ်ယောက်က ဦးဆောင်၍ လက်ဆောင် ပေးလာသည်။
“မဟူရာ ကျောက်စိမ်း သန့်စင်ခြင်း နတ်ဘုရားဆီပါလား”
လူတိုင်း တအံ့တဩ ပြောလာသည်။ ဤသည်မှာ ထိပ်တန်း ရတနာတစ်ပါး ဖြစ်သည်။ ယင်းက အင်မော်တယ် ဆေးလောက် မကောင်းသော်လည်း ကုသခြင်းအတွက် ကောင်းမွန်သော သူတော်စင်ဆေးဝါး ဖြစ်ပေ၏။
“ပြီးတော့ ဒါ ငါ့လက်ဆောင်၊ မဟာ ပြန်လည်ဝင်စားခြင်းပုလ္လင်၊ လက်ခံပေးပါ”
နောက်အဘိုးအိုတစ်ယောက် ရှေ့တက်လာပြီး သူ့ရတနာကို လက်ဆောင်ပေးသည်။
ထို့နောက်တွင်မူ လူတိုင်းက လက်ဆောင် ကိုယ်စီ ပေးကြသည်။ အားလုံးက ရှားပါးသော ရတနာများသာ ဖြစ်သည်။
“အဖေ ဒါ မဟာကျောက်စိမ်း နဂါးကြေးခွံပါ၊ ကျွန်တော် အတော်လေး ကြိုးစားပြီးမှ ရခဲ့တာ”
အိုးရန်ရှန့်ဖန်းကလည်း နဂါးကြေးခွံတစ်ခုကို လက်ဆောင်ပေးလာ၏။
“ယောက္ခမကြီး ဒီနေ့ မွေးနေ့ပွဲမှာ လက်ဆောင်ပေးနိုင်ဖို့အတွက် ရှန့်ဖုန်းက ဒီနဂါးကြေးခွံ ရဖို့ သူ့အသက်ကိုတောင် ရင်းနှီးခဲ့ရတာ”
အိုးရန်ရှန့်ဖုန်း၏ ဇနီးဖြစ်သူက ပြုံး၍ အလျင်စလို ဝင်ပြောလာသည်။
“မင်း ပါးစပ်ပိတ်ထား”
အိုးရန်ရှန့်ဖုန်း ငေါက်လိုက်သည်။ သို့သော် သူ့စိတ်ထဲ၌ သူ့မိန်းမ၏ အပြုအမူကို ကျေနပ်အားရနေသည်။
အိုးရန်ကျန်းက အိုးရန်ရှန့်ဖုန်းကို အလေးအနက်ထား၍ ကြည့်လေသည်။
“နောင်ကို အန္တရာယ်များတဲ့ ကိစ္စတွေ မလုပ်နဲ့”
“ဟုတ်ကဲ့”
အိုးရန်ရှန့်ဖုန်း ခပ်သွက်သွက် ခေငါ်းညိတ်လိုက်သည်။ သူ့အဖေ သဘောကျမှန်း သူ သိလိုက်သည်။
ထိုစဉ် အိုးရန်ရှောက်ကျါင်းက ယဲ့ဖန်ကို စဉ်းလဲစွာကြည့်၍ ပြောလိုက်သည်။
“ယဲ့ဖန် မင်းရဲ့လက်ဆောင်က ဘယ်မှာလဲ”
“ငါ့လက်ဆောင်က ပြင်ထားပြီးသား၊ လာနေပြီ”
ယဲ့ဖန် တည်ငြိမ်စွာ ပြောလိုက်သည်။
*လာနေပြီ ဟုတ်လား*
ထိုစကားကိုကြားသော် အိုးရန်ရှောက်ကျွင်းက ခနော်ခနဲ့ ပြုံးလိုက်သည်။
“ဒီနေ့ အဘိုးမွေးနေ့ဆိုတာကို မင်းကို ပြောပြထားပြီးတာတောင် အခုထိ မင်းက မွေးနေ့လက်ဆောင် မပြင်ရသေးဘူးလား၊ မင်းက စိတ်ထဲမထားတဲ့ပုံပဲ”
ထိုအခိုက်တွင် အားလုံး၏ အကြည့်က ယဲ့ဖန်ပေါ် ကျရောက်လာသည်။
ယဲ့ဖန်၏ ဦးလေးနှစ်ယောက်နှင့် မိသားစုဝင်များက သူ့အဖြစ်အား ရယ်စရာသဖွယ် ကြည့်နေကြသည်။
“ရတယ် မင်း လာရုံနဲ့တင် ကျေနပ်တယ်”
အိုးရန်ကျန်းက အလျင်အမြန် ထရပ်၍ အခြေအနေကို ပြောင်းလဲလေသည်။
ထိုစဉ် အပြင်ဘက်မှနေ၍ ထူးဆန်းသော အဖြစ်အပျက် ဖြစ်ပေါ်လာ၏။
“သတင်းပို့ပါတယ်”
“ရှစ်ပြည်ထောင်ရဲ့ ဘုရင်မင်းမြတ်တွေက မွေးနေ့ပွဲကို ဂုဏ်ပြုဖို့ ရောက်လာပါတယ်”
*ဘာ*
ထိုသတင်းစကားကို ကြားလိုက်ရသည်နှင့် အားလုံး မှင်တက်သွားသည်။
*ရှစ်ပြည်ထောင်က ဘုရင်တွေလာတာလား*
“ဘယ်ရှစ်ပြည်ထောင်လဲ”
အိုးရန်ကျန်း ခပ်သုတ်သုတ် မေးလိုက်သည်။ သူသည်လည်း အလွန် ပဟေဠိ ဖြစ်နေ၏။
“ယန်နိုင်ငံ၊ ယွင်နိုင်ငံ ….”
အစေခံက နိုင်ငံရှစ်ခု၏ အမည်ကို ရွတ်ပြသည်။ ထိုစကားကို နားထောင်ပြီးနောက် အားလုံး ရင်တုန်လာသည်။ အကြောင်းမှာ ရှစ်နိုင်ငံလုံးက နိုင်ငံကြီးများ ဖြစ်နေသောကြောင့်ပင်တည်း။
အားလုံးက လောက၌ အရေးပါသော အဆင့်အတန်း၌ ရှိကြသည်။
ထိုသို့သောအချိန်၌ အိုးရန်ကျန်း ကြက်သေ သေနေသည်။ ထိုရှစ်နိုင်ငံနှင့် သူတို့ ပတ်သက်မှုရှိသည်ဟု သူ မသိထားပါ။ အဘယ်ကြောင့် သူတို့က သူ့အတွက် ဂုဏ်ပြုရသနည်း။
“ဘယ်သူ ဖိတ်လိုက်တာလဲ”
အိုးရန်ကျန်းက သူ့သားနှင့် မြေးများကို ကြည့်လိုက်သည်။ သို့သော် အားလုံးက ခေါင်းခါပြသည်။
“ရှန့်ဖုန်းပဲ ဖြစ်မယ်၊ ကျွန်မတို့ မိသားစုထဲမှာ သူက ယွင်နိုင်ငံရဲ့ ဘုရင်နဲ့ ရင်းနှီးတယ်၊ သူတို့အားလုံးက ရှန့်ဖုန်းကြောင့် လာတာဖြစ်မယ်”
အိုးရန်ရှန့်ဖုန်း၏ ဇနီးက ဝမ်းသာအားရ ပြောလာသည်။
အိုးရှန်ရှန့်ဖုန်းကလည်း ထိုသို့ ဖြစ်လိမ့်မည်ဟု ထင်နေ၏။ အပြင်လောကနှင့် အဆက်အသွယ် ရှိသူဟူ၍ အိုးရန်မျိုးနွယ်တွင် သူ တစ်ဦးတည်းသာ ရှိသည် မဟုတ်ပါတကား။
ထိုစည် အားလုံးက သူ့ကို လေးစားသော အကြည့်များဖြင့် ကြည့်လာသည်။ ရှစ်နိုင်ငံမှ ဘုရင်များကိုပင် ကိုယ်တိုင်ကိုယ်ကျ လေးစားသမှုပြ၍ ဂုဏ်ပြုသဖြင့် ဤသည်က မျက်နှာလုပ်ခြင်း ဖြစ်နေပြီ မဟုတ်ပါလော။
“ကောင်းတယ် မိတ်ဆွေတွေ များတာ ကောင်းတယ်”
အိုးရန်ကျန်းကလည်း အိုးရန်ရှန့်ဖုန်းကို ချီးကျူးလိုက်ပြီး အလွန် ဝမ်းသာနေသည်။
သူတို့၌ အဆက်အသွယ်များစွာရှိပြီး သန်မာလာခြင်းက သူတို့အတွက် ကောင်းသော ကိစ္စပင်။
ထိုစဉ် အိုးရန်ယု၏ မိသားစုက ကျိတ်၍ မုန်းတီးကာ မနာလိုဖြစ်နေကြောင်း မျက်နှာ၌ အတိုင်းသား ပေါ်နေ၏။
အိုးရန်ရှန့်ဖုန်းက ဘဝင်မြင့်ကာ ထောင်လွှားနေပြီး အထက်စီးဆန်သော မျက်နှာထားနှင့် အဝတ်အစားကို သပ်ရပ်အောင် ပြန်ပြုပပြင်၍ ပြောလိုက်သည်။
“ကျုပ် သွားကြိုဆိုလိုက်ဦးမယ်”
သူ အလျင်အမြန် လျှောက်သွားလိုက်သည်။ ထိုအခိုက်တွင် ရှစ်နိုင်ငံမှဘုရင်များ ဝင်လာကြသည်။
အိုးရန်ရှန့်ဖုန်းက ယွင်နိုင်ငံ၏ ဘုရင်ထံ တန်း၍ လျှောက်သွားကာ စကားပြောရန် ပြင်သော်လည်း တစ်ဖက်လူက သူ့အား မမြင်သယောင်ပြုကာ ဘေးမှ ဖြတ်လျှောက်သွားသည်။
*ဒါက*
*ဘာတွေဖြစ်နေတာလဲ*
လူတိုင်း အံ့အားသင့်သွားကြသည်။
*ရှစ်နိုင်ငံရဲ့ ဘုရင်တွေက အိုးရန်ရှန့်ဖုန်းကြောင့် လာတာ မဟုတ်ဘူးလား*
အိုးရန်ရှန့်ဖုန်း၏ မျက်နှာထား မည်းပြာသွားပြီး အလွန် ကြည့်ရဆိုးလာသည်။ လူအများရှေ့၌ ပါးချခံလိုက်ရသလို ခံစားရပြီး စိုးရိမ်တုန်လှုပ်သါားလေသည်။
ဘုရင်ရှစ်ပါးက အိုးရန်ကျန်းထံသို့ တန်းလျှောက်လာပြီး ဦးညွတ်၍ ဂါဝရပြု နှုတ်ဆက်ကြသည်။
“ဒီဂျူနီယာက စီနီယာရဲ့ မွေးနေ့ပွဲအတွက် ဂုဏ်ပြုပါတယ်”
ဘေးလူများ ပွက်လောရိုက်ကာ အားလုံး ငေးကြောင်ကုန်သည်။
နိုင်ငံကြီးများ၏ ဘုရင်များ ဖြစ်သည့်နှင့်အညီ သူတို့က အဆင့်အတန်း မြင့်မားကြပေ၏။ ယခု သူတို့က မာန်မာနကို ဘေးချ၍ သူတို့ထက် အဆင့်အတန်း နိမ့်သူကို ဦးညွှတ်နေသည်တဲ့လား။
*ဒါကြီးက မျက်နှာလုပ်တာ လွန်နေပြီ မဟုတ်ဘူးလား*
*အိုးရန်မျိုးနွယ်က မြင့်တက်လာတော့မှာလား*
အားလုံး၏ မျက်လုံးတွင် အံ့ဩဟန်များ ပြည့်နှက်နေသည်။
အိုးရန်ကျန်းသည်လည်း မျက်နှာလုပ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ အသည်းအသန် တစ်ယောက် ချင်းစီကို ပြန်ထစေသည်။
“ဒီလိုလုပ်လို့ မဖြစ်ပါဘူး၊ အရှင်တို့အားလုံးက အဆင့်အတန်း မြင့်မားပြီး ချမ်းသာတာကို ဒီလိုလက်ဆောင်မျိုး မယူဝံ့ပါဘူး”
“လုပ်သင့်တာပေါ့”
ဘုရင်ရှစ်ပါးလုံးက ပြုံးလိုက်ပြီးနောက် ထရပ်ကာ မလှမ်းမကမ်း၌ ရှိနေသော ယဲ့ဖန်ကို လှည့်ကြည့်ကြသည်။ သူတို့ ဘာလုပ်မလဲဟု အားလုံး တွေးနေချိန်တွင် ရှစ်ယောက်လုံးက ယဲ့ဖန်ထံ ပြိုင်တူ လျှောက်သွားလေသည်။
“ဒေါက် ဒေါက် ဒေါက်”
သပ်ရပ်ညီညာသော ခြေသံများသာ ထွက်ပေါ်နေ၏။
ထို့နောက် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ဘုရင်ရှစ်ပါးက ယဲ့ဖန်ရှေ့၌ ပြိုင်တူ ဒူးထောက် လာသည်။
*ဟာ*
အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားပြီး အာမေဋိတ်သံများ ထွက်ပေါ်လာ၏။
“အရှင်မင်းမြတ်ကို ဂါဝရပြုပါတယ်”
ဘုရင်ရှစ်ပါးက ကျိုးနွံ့သော ကိုယ်နေဟန်ထားဖြင့် တလေးတစား ပြိုင်တူ နှုတ်ဆက်ကြသည်။
ချက်ချင်းဆိုသလိုပင် အားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။
*ငါတို့အရှေ့က ဘုရင်ရှစ်ပါးက ဘုရင်အဆင့်ပဲ ရှိတဲ့ အမှိုက်ကောင်ဆီမှာ ဒူးထောက်နေတာလား*
*သူတို့ အိုးရန်ကျန်းကို တွေ့တုန်းက ဦးပဲညွှတ်တာလေ*
*ဒါပေမဲ့ ဒီလူငယ်လေးနဲ့တွေ့တော့ ဒူးထောက်တာလား*
*အရှင်မင်းမြတ် ဟုတ်လား*
*ဒီကောင်လေးက ဘယ်သူလဲ*
ထိုအခိုက်တွင် ဘုရင်ရှစ်ပါးက အိုးရန်ရှန့်ဖုန်းထံ လာခြင်း မဟုတ်ဘဲ ယဲ့ဖန်ဆီသို့ လာခြင်းဖြစ်ကြောင်း အားလုံး နားလည်သွားကြလေသည်။