← Chapters

မမျှော်လင့်ထားသော မွေးနေ့လက်ဆောင်

Vol. 113 Ch. 1687

မမျှော်လင့်ထားသော မွေးနေ့လက်ဆောင်

Vol. 113 Ch. 1687

“မဖြစ်နိုင်ဘူး၊ ငါ မယုံဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”

အိုးရန်ရှန့်ဖုန်း ရုတ်တရက် ကူကယ်ရာမဲ့သလို ဖြစ်သွားပြီး ကယောင်ချောက်ချား ဖြစ်ကုန်သည်။

*ဘာလို့ ဒီလိုဖြစ်ရတာလဲ*

*ဒီကောင်က ဘုရင်အဆင့်လေးပဲ ရှိတာလေ၊ ဘယ်လိုလုပ် သူ့မှာ ရှစ်နိုင်ငံက ဘုရင်တွေကို ဒူးထောက်အောင် လုပ်နိုင်တဲ့ အရည်အချင်း ရှိမှာလဲ*

*အထင်မှားတာ*

*ဒါ ထင်ယောင်ထင်မှား ဖြစ်တာပဲ ဖြစ်ရမယ်*

အိုးရန်မျိုးနွယ်ဝင်များနှင့် ဧည့်သည်တော်များအားလုံး ဇဝေဇဝါ ဖြစ်ကုန်သည်။

ဤလူများသည် ရှစ်နိုင်ငံ၏ အုပ်ချုပ်သူ ဘုရင်မင်းမြတ်များ ဖြစ်ကာ အိုးရန်ကျန်းကဲ့သို့သော သူတော်စင်အဆင့် ကပင် သူတို့ကို ဒူးထောက်အောင် မလုပ်နိုင်ပါ။

သို့သော် သူတို့က ဤမနူးမနပ် ကောင်လေးရှေ့၌ ဒူးထောက်နေသည်တဲ့လား၊ ဒါ အထင်မှားတာများ ဖြစ်နေသလား။

အိုးရန်ယုကလည်း အလျင်အမြန် ရှေ့တက်လာပြီး မယုံနိုင်သလို ပြောလိုက်သည်။

“အရှင်မင်းမြတ်တို့ ဒီကောင်လေးက သုံးစားမရတဲ့ကောင်ပါ၊ အရှင်တို့ လူများ မှားနေပါသလား”

ထိုစကားသံ ထွက်လာသည်နှင့် ရှစ်နိုင်ငံလုံး၏ ဘုရင်များ ချက်ချင်း ဒေါသထွက်လာသည်။

“ပါးစပ်ပိတ်ထားစမ်း”

“ပါးစပ်ပိတ်”

“မင်းကများ အရှင်မင်းမြတ်ကို စော်ကားရဲတယ်ပေါ့လေ”

“သေချင်နေတာလား”

ဘုရင်ရှစ်ပါးလုံးထံမှ ဒေါသတကြီး‌ ငေါက်ငမ်းသံများ ထွက်လာကြသည်။

ထိုသို့သောအချိန်၌ ကြောက်စရာကောင်းသော ပုံရိပ်တစ်ခုက အိုးရန်ယုအရှေ့သို့ ဖျတ်ခနဲ ရောက်လာပြီး လည်ပင်းညှစ်လေသည်။ ချဉ်စုတ်စုတ် အနံ့တစ်ခုက ချက်ချင်း ပျံ့နှံ့သွားသည်။

“ရှဲ … ရှဲပီ အလောင်းကောင်”

လူတိုင်း မျက်လုံးများ ပြူးကျယ်သွားပြီး သူတို့အရှေ့မှ ကြောက်စရာကောင်းသော ပုဂ္ဂိုလ်ကို ကြည့်နေကြသည်။ ဤသို့သော ပုဂ္ဂိုလ်မျိုးက ယခုနေရာ၌ ပေါ်လာလိမ့်မည်ဟု သူတို့ မယုံနိုင် ဖြစ်နေသည်။

အိုးရန်ကျန်းတောင်မှ မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ သက်တမ်းအားဖြင့် ဆိုရလျင် သူ့အရှေ့မှ ပုဂ္ဂိုလ်သည် သူ့ထက်ပင် အဆများစွာ ပိုအသက်ကြီးသေးသည်။ သူ့ကိုယ်သူတောင်မှ ဂျူနီယာဟု ခေါ်ဝေါ်ရ ပေမည်။

ရှဲပီ အလောင်းကောင်က အိုးရန်ယု၏ လည်မျိုကို တင်းကျပ်စွာ ဖျစ်ညှစ်ထားသည်။ သူ့မျက်လုံးတွင်း၌ သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေ၏။

“အရှင်မင်းမြတ်ကို စော်ကားရဲတယ်ပေါ့လေ၊ သေချင်နေပြီပဲ”

ထိုစကားက နွေခေါင်ခေါင်၌ မိုးကြိုးပစ်ချလိုက်သကဲ့သို့ လူတိုင်းကို အလန့်တကြား ဖြစ်သွားစေသည်။

*ရှဲပီ အလောင်းကောင်က ယဲ့ဖန်ကြောင့် လာတာလား*

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*ဟိုးရှေးခေတ်တုန်းက ဘိုးဘေးစုန်းတစ်ကောင်ဖြစ်တဲ့ သက်တမ်းအရင့်ဆုံး သက်ရှိက အမှိုက်ကောင်နဲ့ ပတ်သက်နေတာလား*

အလောင်းကောင် ရှဲပီ သည် အစောကတည်းက ရောက်နေပြီးသား ဖြစ်သည်။ သို့သော် သူ့ကိုယ်ပေါ်မှ အနံ့ဆိုးက ဧည့်သည်များကို ထိခိုက်စေမှာ စိုးသဖြင့် မဝင်ရဲဘဲ အပြင်ဘက်၌သာ စောင့်နေခြင်း ဖြစ်၏။

သို့သော် အိုးရန်ယုက ယဲ့ဖန်အား စော်ကားလွန်းနေသော စကားများကိုကြားပြီး သူ ထပ်၍ သည်းမခံနိုင်တော့ချေ။

“စီနီယာ ကျေးဇူးပြုပြီး သက်ညှာပေးပါ”

အိုးရန်ကျန်း ခပ်သုတ်သုတ် ရှေ့သို့တိုး၍ အလောင်းကောင်ကို ဦးညွှတ်လိုက်သည်။ သူ၏ အပြုအမူက လေးစားသမှု ရှိပြီး ရိုကျိုးသည်။ သူ နည်းနည်းလေးမှ အမှားမလုပ်ရဲချေ။

ရှဲပီက သူ့အား ဂရုမစိုက်သလို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

“အရှင်မင်းမြတ်ကို သူ စော်ကားရဲမှ‌တော့ သေသင့်တယ်”

*ဒါက*

အိုးရန်ကျန်း ချက်ချင်း သွေးပျက်သွားသည်။

*သူ တကယ် အိုးရန်ယုကို သတ်ဖို့ ကြံစည်နေတာလား*

အားလုံး၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။

*ဒီနေ့ မွေးနေ့ပွဲက ဈာပနပွဲအဖြစ် ပြောင်းသွားတာတော့မှာလား*

“သူ့ကို လွှတ်ပေးလိုက်”

ထိုစဉ် ယဲ့ဖန်က ဝင်ပြောလာ၏။ သူ့စကားကိုကြားသော် အလောင်းကောင် ရှဲပီက အိုးရန်ယုကို အင်တင်တင်ဖြင့် လွှတ်ပေးလိုက်သည်။

အိုးရန်ယု မြေကြီးပေါ် ပစ်လဲကျကာ အဆက်မပြတ် ချောင်းဆိုးလေတော့သည်။ ထိုသို့သောအချိန်၌ သူသည် အသတ်ခံရတော့မည့် ခွေးလိုဝက်လို ခံစားနေရသည်။

တစ်ဖက်လူက သူ့အား တစ်ချက်တည်းဖြင့် ဆိုးဆိုးရွားရွား သေဆုံးအောင် လုပ်နိုင်ပေသည်။ သေခြင်းရှင်ခြင်း အခိုက်အတန့်က လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည် မဟုတ်ပါတကား။

ဤအဖြစ်ကိုကြည့်ပြီး အားလုံး အံ့ဩနေကြသည်။

*အလောင်းကောင် ရှဲပီက သူတော်စင်အဆင့် အိုးရန်ကျန်းကိုတောင် အထင်သေးနေတာ၊ နောက်ဆုံးကျတော့ ဘုရင်အဆင့်လေးရဲ့ စကားကို နားထောင်တယ်တဲ့လား*

*ငါတို့ အမြင်များ မှားနေတာလား*

*ဘာတွေဖြစ်ကုန်တာလဲ*

*ပြီးတော့ အလောင်းကောင် ရှဲပီကို ကြည့်ရတာ ယဲ့ဖန်ရဲ့ လက်ပါးစေနဲ့ တူနေသလိုပဲ*

*ဘယ်လိုလုပ် ဒီကောင်လေးက ဘိုးဘေးစုန်းတစ်ကောင်ကို သူ့လက်ပါးစေ ဖြစ်အောင် လုပ်နိုင်တာလဲ*

အိုးရန်ကျန်း၏ မိတ်ဆွေဟောင်းများအားလုံး မှင်တက်နေကြပြီး အိုးရန်ကျန်းအား အလန့်တကြား ကြည့်လာ၏။

“ရောင်းရင်းကြီး အိုးရန်၊ မင်းမြေးရဲ့ နောက်ခံက ဘာလဲ”

ထိုအခါ အိုးရန်ကျန်းတောင်မှ အောင့်သက်သက် ပြန်ပြောလိုက်ရသည်။

“အဲ့ဒါက … ငါလည်း သေချာမသိဘူး”

ယဲ့ဖန်က သူ့ကို ဤမျှ ကြီးမားသော အံ့ဩစရာများ ယူဆောင်လာပေးလိမ့်မည်ဟု သူ ထင်မထားမိပါ။

ရှစ်နိုင်ငံ၏ ဘုရင်များနှင့် အလောင်းကောင် ရှဲပီတို့က သူတို့၏ ဦးခေါင်းကို ညွှတ်၍ နိမ့်ကျစွာ ပြောဆိုနေကြသည်။ အရေးကြီးသည့် အချက်မှာ ဤကလေးက ဘုရင်အဆင့်သာ ရှိနေခြင်းပင်။

ထူးဆန်းလွန်းသော ကိစ္စပင်။ ဤအဖြစ်က မသိလျင် ယုန်ဖြူလေးတစ်ကောင်က ကျားတစ်ကောင်ကို အမိန့်ပေးနေသည့် အဖြစ်နှင့် တူနေ၏။

*ဒီကလေးမှာ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေတာပဲ*

ထိုအချိန်တွင် အိုးရန်ရှန့်ဖုန်းက ယဲ့ဖန်အား ကြောက်စိတ်အပြင် မုန်းတီးစိတ်တို့ ပြည့်နေသော မျက်လုံးတို့ဖြင့် ကြည့်နေ၏။

*စိတ်ပျက်စရာ ကောင်းလိုက်တာ*

*ဒီကောင့်ကို တကယ် သတ်နိုင်ပါတော့မလား*

*သူ့ကို သတ်ပြီးရင်ရော ငါ အသက်ရှင်နိုင်မှာလား*

*သူ့လက်ပါးစေတွေက ငါ့ကို အလွတ်ပေးပါ့မလား*

“အခု ငါ့ဆုံးဖြတ်ချက် မှားတယ်လို့ မင်းတို့ ထင်နေတုန်းပဲလား”

အိုးရန်ဟွာက ကြက်သေ သေနေသော မျိုးနွယ်ဝင်များကို အထင်သေးသော အကြည့်ဖြင့် ကြည့်၍ ပြောလိုက်သည်။

အိုးရန်ဟွာ အမြင်မှားခဲ့ခြင်း မဟုတ်ပါ။ သူတို့သာ အမြင်ကျဉ်းမြောင်းခဲ့ခြင်း ဖြစ်သည်။

ထိုမျိုးနွယ်ဝင်များ၏ မျက်နှာတွင် ချောက်ချားမှုတို့ ပြည့်နှက်နေပြီး မှင်တက်နေကာ တစ်ခွန်းမှ မပြောနိုင် ကြတော့ချေ။

ယဲ့ဖန်က လေကျယ်နေခြင်း မဟုတ်ပေ။ သူသည် တကယ်ပင် လောက၌ ဂုဏ်သရေ အရှိဆုံး ပုဂ္ဂိုလ် ဖြစ်ပေ၏။ သို့သော် … အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။

“မင်း ဒီမှာ ဘာလုပ်နေတာလဲ”

ယဲ့ဖန် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“အရှင့်ရဲ့ မိသားစုက အကြီးအကဲက မွေးနေ့ပွဲ ကျင်းပနေတယ်လို့ ကျွန်တော် ကြားလိုက်လို့ပါ၊ အဲ့ဒါကြောင့် ကျွန်တော်တို့ ဂုဏ်ပြုဖို့လာကြတာပါ”

အလောင်းကောင် ရှဲပီက ဦးညွှတ်၍ ပြောလာ၏။

ထိုအခိုက်တွင် လူတိုင်း ငြိမ်ငြိမ် ထိုင်မနေရဲတော့ချေ။ အဘယ်ကြောင့်ဆိုသော် အလောင်းကောင် ရှဲပီ၏ သက်တမ်းက ဤနေရာမှ လူတိုင်းထက် ကြီးပြီး အားလုံးက စီနီယာဟု သတ်မှတ် ခေါ်ဆိုရသောကြောင့် ဖြစ်ပေသည်။

သို့သော် ယခု သူတို့ တလေးတစား ခေါ်ရသည့်လူက ဂျူနီယာတစ်ယောက်အပေါ် တရိုတသေ ပြုမူနေသလို့ သူတို့ တစ်ခုခု မှားယွင်းနေသလို ခံစားနေရလေသည်။

အထူးသဖြင့် အစောပိုင်းက ယဲ့ဖန်ကို အထင်သေးခဲ့သည့် လူအိုကြီးများပင်။ လက်ရှိတွင် သူတို့စိတ်ထဲ၌ နောင်တရ၍ နေကြသည်။

ဘိုးဘေးစုန်းတောင်မှ ဦးညွှတ်ထားရသဖြင့် ဤအဆင့်အတန်းက သူတော်စင်အဆင့်တစ်ယောက်ထက်ပင် အဆများစွာပို၍ သာလွန်နေသည်။

*ဒီလူငယ်လေးက သူ့အမေထက်တောင် ပိုသာနေတာပဲ*

သို့သော် ဤသို့သော လူမျိုးနှင့် သူတို့ လွဲချော်ခဲ့ရလေပြီ။

“လာကြ”

ယဲ့ဖန် ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။ ထိုအကြည့်က အထက်စီးဆန်လှပြီး လူအများအား အံ့ဩသွား စေသည်။

သူတို့သာ ဤပုဂ္ဂိုလ်ကြီးများ၏ လာရောက်လည်ပတ်ခြင်းကို ခံရလျင် ပါးစပ်အဟောင်းသားဖြင့် စိတ်လှုပ်ရှား နေလောက်သည်။ သို့သော် သူတို့၏ အရှေ့မှလူငယ်လေးက ဖာသိဖာသာ မျက်နှာသားဖြင့် ဂရုမစိုက်ပုံ ပေါ်နေသည်။

*ဒါက ...*

*ဒါက အရမ်း အထင်သေးလွန်းနေတယ် မဟုတ်လား*

“ထိုင်ဦး”

ယဲ့ဖန် သူတို့ကို ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် အရှင်မင်းမြတ်”

ထိုစကားကိုကြားသော် သူတို့သည် မပျော်မရွှင် မဖြစ်သည့်အပြင် ထိန်းချုပ်မရအောင် စိတ်လှုပ်ရှားလာကြသည်။ အဘယ်ကြောင့်ဆိုသော် ဤသို့မလာခင်က သူတို့သည် နှင်ထုတ်ခံရလိမ့်မည်ဟုပင် ကြိုတွေးထား မိသောကြောင့်ပင်။

မထင်မှတ်ဘဲ သူတို့ မောင်းထုတ်ခံရမည့်အစား ထိုင်ရန် ဖိတ်ကြားခံလိုက်ရသဖြင့် အလွန်အမင်း စိတ်လှုပ်ရှား သွားကြလေသည်။

“အားလုံး ကြွပါခင်ဗျာ”

အိုးရန်လင်းကလည်း အားပါးတရ ရယ်မော၍ အလျင်အမြန် ရှေ့တိုးလာပြီး ဧည့်သည်များကို ခရီးဦးကြို၍ နေရာချပေးကာ ယဲ့ဖန်အား လက်မထောင်ပြလိုက်သည်။

*ဒီကောင်လေးက ငါတို့ကို တကယ် မျက်နှာရအောင် လုပ်ပေးတာပဲ*

ထိုအခိုက်တွင် အလောင်းကောင် ရှဲပီက အိုးရန်ယုကို ခက်ထန်စွာ စိုက်ကြည့်နေသဖြင့် အိုးရန်ယု တုန်လှုပ် သွားသည်။ ဤရှေးကျသော သက်ရှိပုဂ္ဂိုလ်၏ စိုက်ကြည့်ခြင်း ခံရသောကြောင့် သူ့စိတ်ဝိညာဉ် ကြေမွလုမတတ် ဖြစ်လာသည်ဟု ခံစားမိကာ တစ်ကိုယ်လုံး သည်းမခံနိုင်အောင် နာကျင်လာရသည်။

ထိုစဉ် ချဉ်စုတ်စုတ်အနံ့တစ်ခု ပျံ့လွင့်လာ၏။ လူတိုင်း သေချာကြည့်လိုက်သောအခါ အိုးရန်ယုက အကြောက် လွန်ပြီး ကျင်ငယ်ရည် ထွက်ကျနေသည်ကို တွေ့လိုက်ရသည်။ သူ့ပေါင်ခြံတစ်ခုလုံး ရွှဲရွှဲစိုနေသည်။

ဤသည်ကိုမြင်သော် အလောင်းကောင် ရှဲပီက အလွန် အထင်အမြင်သေးသော အမူအရာဖြင့် လှောင်ရယ် လိုက်သည်။

“ထွက်သွားစမ်း အသုံးမကျတဲ့ကောင်”

အိုးရန်ကျန်းသည်လည်း အလွန် ဒေါကန်သွားပြီး အိုးရန်ယုအား အဝေးသို့ ကန်ထုတ်လိုက်သည်။ ထိုအခိုက်တွင် သူ အရှက်ရသလို ခံစားနေရသည်။

ဧည့်သည်များအားလုံးကလည်း ရယ်နေကြသည်။ အိုးရန်မျိုးနွယ်၏ တတိယ သခင်လေးက အလွန် သူရဲဘော ကြောင်လွန်းသည် မဟုတ်ပါလော။

“ကောင်စုတ်လေး မင်း ကောင်းကောင်းကြီး လျှိုထားတာပဲ”

အိုးရန်ကျန်းက ယဲ့ဖန်ကို ပခုံးဖက်၍ ရယ်လိုက်သည်။

“ပြော ဒီမှာ ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ ဒီလူတွေက မင်းကို အရှင်မင်းမြတ်လို့ ခေါ်တာလဲ၊ အလောင်းကောင် ရှဲပီလို ပုဂ္ဂိုလ်မျိုးကတောင် မင်းကို လေးစားနေရပါလား”

“အဘိုး ကျွန်တော် မပြောပါလို့ မရဘူးလား”

ယဲ့ဖန် ရယ်လိုက်မိသည်။ ယင်းက သူ့နောက်ခံကို ဝန်ခံလိုက်သည်နှင့် အတူတူ ဖြစ်နေသည် မဟုတ်ပါတကား။

“ကောင်းပြီလေ မင်း မပြောချင်ရင် ငါ ဖိအားမပေးပါဘူး”

အိုးရန်ကျန်း ဖိအားမပေးဘဲ အပြုံးကြီး ပြုံးနေသည်။

“ကောင်းတယ် ကောင်းတယ်၊ ငါ့မြေးက ဘယ်တော့မှ ပေါ့ပေါ့တန်တန် လူစားမျိုး မဟုတ်တာကို ငါ သိနေတယ်၊ ဟားဟားဟား”

သူသည် ယဲ့ဖန်၏ လုပ်ဆောင်မှုကြောင့် သူ အံ့ဩခဲ့ပြီးသား ဖြစ်သည်။ သို့သော် ယဲ့ဖန်က သူ့ထံသို့ အံ့ဩစရာများအား အကြိမ်တိုင်း သယ်ဆောင်လာသည်။

*ဒါက….*

*အံ့ဩဖို့ကောင်းလိုက်တာ*

“ကောင်စုတ်လေး နောက်တစ်ခါ မင်း ငါ့ကို ဘယ်လို အံ့ဩစေမယ့် အရာတွေ သယ်လာပေးဦးမလဲ မသိပါဘူး”

ယဲ့ဖန် ဘာမှပြန်မပြောချေ။ သို့သော် ဘေးဘက်နားမှ လူငယ်မျိုးဆယ်များ မျက်နှာ ဖြူရော်ကာ အမူအရာက အလွန် ကြည့်ရဆိုးနေသည်။

အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့သည် အံ့ကြိတ်ထားရလွန်းသဖြင့် သွားများပင် ကြေလုနီးပါး ဖြစ်နေသည်။ သူတို့ သေချာပြင်ဆင်ထားသည့် အကြံအစည်က ယဲ့ဖန်ကြောင့် ပျက်စီးသွားလေပြီ။

တစ်ချိန်တည်းမှာပင် သူတို့ မုန်းတီးမိသလို စိတ်မသက်မသာ ဖြစ်လာကြသည်။

*အင်အားကြီးတဲ့သူတွေအားလုံး သူ့ကို လေးစားနေရတာပဲ၊ သူ့နောက်ခံက ဘာလဲ*

လက်ရှိ၌ အားလုံး၏ မျက်နှာတွင် သွေးပျက်ခြင်းနှင့် စိုးရိမ်တုန်လှုပ်ခြင်းတို့ ပြည့်နှက်နေကာ ဘုရင်အဆင့်လေး တစ်ယောက်၌ ဤမျှ ကြီးမားသော ကျောထောက်နောက်ခံ ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

ထိုစဉ် အိုးရန်ကျန်း၏ မိတ်ဆွေဟောင်းများကလည်း တစ်ယောက်ပြီး တစ်ယောက် ရှေ့တိုးလာပြီး မျက်နှာချို သွေးသော အပြုံးများနှင့် စကားစလာကြသည်။

“ဒါ အိုးရန်ချင်ရွှယ်ရဲ့သား ဟုတ်တယ်မလား၊ မျိုးဆက်က ပိုသာသထက် ပိုသာနေတာပဲ၊ အိုးရန်မျိုးနွယ်တော့ ကံကောင်းတာပဲ”

“သူ့ကို စတွေ့လိုက်ကတည်းက ဒီသားက သာမန်တော့ မဟုတ်နိုင်ဘူးလို့ ငါ ထင်နေတာ၊ အခု ထင်တဲ့အတိုင်းပဲ၊ သူ့အနာဂတ်က သေချာပေါက် အိုးရန်ချင်ရွှယ်ထက် မြင့်မားမှာပဲ”

ဤလူများ၏ မျက်နှာအမူအရာ ပြောင်းလဲပုံက စာရွက်လှန်သည်ထက်ပင် မြန်ဆန်လှသည်။ ယဲ့ဖန်၏ တစ်မူထူးခြားသော နောက်ကြောင်းကို သိလိုက်ရသောအခါ သူတို့က မျက်နှာလုပ်ရန် အစွမ်းကုန် ကြိုးစားကြ လေသည်။

သို့သော် ယဲ့ဖန်က အသာအယာ ပြုံးနေ၏။

“အဘိုး ကျွန်တော့်မှာ လုပ်စရာလေး ရှိသေးလို့ပါ”

ထို့နောက် သူသည် ထိုလူအိုကြီးများကို လျစ်လျူရှု၍ ထွက်လာလိုက်သည်။

ထိုအခါ လူအိုကြီးများသည် အရှက်ရသော မျက်နှာထားများ ဖြစ်သွားကြသော်လည်း ဒေါသမထွက်ရဲချေ။ သူတို့အားလုံး အစက ယဲ့ဖန်ကို အထင်သေးကြသည် မဟုတ်ပါလော။ ယဲ့ဖန်က သူတို့ကို သူတို့နည်းအတိုင်း တုံ့ပြန်သွားခြင်းသာ။

သူတို့ စိတ်မတိုရဲသည့်အပြင် ပို၍ပင် မျက်နှာလုပ်ကြလေသည်။

“ရောင်းရင်းကြီး ခင်ဗျားမြေးက စိတ်ကြီးတာပဲ၊ ခင်ဗျားလိုပဲ ဟားဟား မဆိုးဘူး”

အိုးရန်ကျန်းသည်လည်း မျက်နှာမော်နေကာ အိုးရန်ချင်ရွှယ်ကို ဤလူများ ချီးကျူးခဲ့သည့် အရင်အချိန်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။

ရုတ်တရက် အပြင်ဘက်မှ သားရဲမာန်ဖီသံ ထွက်ပေါ်လာပြီး လေပြင်း တိုက်ခတ်လာကာ တောင်တစ်ခုလုံး ကမောက်ကမ ဖြစ်လုနီးပါး ဖြစ်လာ၏။

ပြင်းထန်လှသည်။ ကြမ်းကြုတ်လှပေသည်။

ရှေးဟောင်းသားရဲတစ်ကောင် ဆင်းသက်လာ၏။ ရောက်လာသူမှာ ဧရာမ ခေါင်းကိုးလုံး စပါးအုံးမြွေကြီး ဖြစ်ကာ ကြေးခွံများက သံချပ်အလား ထူထဲမာကြောကာ တောင်တစ်လုံးတမျှ ကြီးမားပေသည်။

“သားရဲဧကရာဇ်တစ်ကောင်ပါလား၊ ဘာတွေဖြစ်နေတာလဲ”

လူတိုင်း အံ့ဩမှင်တက်သွားသည်။ ရှေးဟောင်းသားရဲများနှင့် လူသားမျိုးနွယ်တို့သည် အမြဲတမ်း မတည့်သလို နှစ်ပေါင်းများစွာ အချင်းချင်း ယှဉ်ပြိုင်ခဲ့ကြသည်။

ယခု သားရဲဧကရာဇ်အဆင့်ဖြစ်သော ရှေးဟောင်းသားရဲတစ်ကောင်က ဤသို့ ရောက်လာနေ၏။

*ပြဿနာရှာဖို့များ ရောက်လာတာလား*

အိုးရန်ကျန်းနှင့် အခြားသူများ ထိတ်လန့်နေကြချိန်တွင် ရှေးဟောင်းသားရဲက ပြောလာသည်။

“ဘုရင်ဝမ်ရှန်ရဲ့ အမိန့်အရ သူတော်စင်အဆင့် လူအိုကြီးရဲ့ မွေးနေ့ကို လာဂုဏ်ပြုတာ”

*ဘာ ဘုရင် ဝမ်ရှန် ဟုတ်လား*

ဤနယ်မြေတစ်ခွင်၌ ဘုရင်ဝမ်ရှန်ကို မသိသူ ရှိပါမည်လော။

ရှေးဟောင် သားရဲအုပ်ကြီးအား သူ၏ ခွန်အား တစ်ခုတည်းဖြင့် အနိုင်ယူခဲ့သည့် ရက်စက်ကြမ်းကြုတ်သောသူ၊ သူတော်စင်အဆင့်သို့ တက်ရောက်နိုင်ရန် အလားအလာ ရှိသောသူ။

ဘုရင် ဝမ်ရှန် နောင်တစ်ချိန်၌ သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု မယုံသူ မရှိသလောက် နီးပါးပင်။

ထိုလူကား ကြောက်စရာ ကောင်းလှပေသည်။

All Chapters