← Chapters

အရှက်ရခြင်း

Vol. 113 Ch. 1688

အရှက်ရခြင်း

Vol. 113 Ch. 1688

မဝေးသော အနာဂတ်၌ သူသည် ရှေးခေတ် သားရဲအုပ် တစ်ခုလုံးကို အုပ်စိုးနိုင်လိမ့်မည်ဟု တစ်ချို့က ထင်မှတ် ထားကြသည်။

ထိုသို့သောအချိန် ရောက်လာလျင် သူသည် ကိုးပြည်နယ်၏ ထိပ်သီးပုဂ္ဂိုလ် ဖြစ်လာမှာ အသေအချာပင်။

အိုးရန်ကျန်းသည်လည်း မှင်တက်နေ၏။ အကြောင်းမှာ ဘုရင်ဝမ်ရှန်နှင့် သူ တစ်ခါမှ အဆက်အသွယ် မရှိ၍ ဖြစ်သည်။ ဘယ်လိုလုပ် တစ်ဖက်လူက သူ့မွေးနေ့အတွက် ဂုဏ်ပြုရသနည်း။

အိုးရန်ကျန်းသည် သူတော်စင်အဆင့် ဖြစ်သော်လည်း ဘုရင်ဝမ်ရှန်ကဲ့သို့သော ပုဂ္ဂိုလ်အား လေးစားရသည်။

ဘုရင်ဝမ်ရှန်က သူနှင့် သိုင်းအဆင့် တူလာလျင် တစ်ဖက်လူထက် သူ အသက်ပိုကြီးသော်လည်း အနိုင်ယူနိုင် လိမ့်မည်ဟု ယုံကြည်ချက် မရှိပါ။

ထိုစဉ် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားပြီး အိုးရန်ကျန်းအရှေ့သို့ သက်ဆင်းလာ၏။

“ဖီးနစ်သွေး ရွှေစိမ်းတုံးပါလား”

ရုတ်တရက် လူတိုင်း မယုံနိုင်သော မျက်နှာထားတို့ဖြင့် တအံ့တဩ ရေရွတ်လာသည်။ ၎င်းသည် သူတော်စင် အဆင့်များပင် မှင်တက်ရသည့် နတ်သံတုံး ဖြစ်သည်။

မသေမျိုး ဖီးနစ်သည် အကြိမ်ထောင်ချီ၍ ပြန်လည်မွေးဖွားပြီးမှ ဖီးနစ်သွေးရွှေတုံးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် လက်တစ်ဝါးစာ အရွယ်အစားမျှသာ ရှိ၏။

ဖီးနစ်သွေး ရွှေစိမ်းတုံးသည် သူတော်စင်အဆင့် စစ်သည်တော်အတွက် လက်နက်သတ္တုလောင်းခြင်းတွင် အဖိုးတန်သော ပါဝင်ပစ္စည်းဖြစ်ကာ အလွန် ရှားပါးသည်။

ဖီးနစ်သွေး ရွှေစိမ်းတုံးက သူတော်စင်အဆင့် စစ်သည်တော်တစ်ယောက်ကို ဖန်တီးနိုင်သည်။

လက်ရှိ မျက်စိရှေ့မှ အတုံးသည် သစ်ပင်ငုတ်တိုနီးနီး ကြီးမားသည်။ ၎င်းဖြင့် သူတော်စင်အဆင့် စစ်သည်တော် မည်မျှများများ ဖန်တီးနိုင်မည်နည်း။

ချက်ချင်းဆိုသလိုပင် အားလုံး၌ အားကျစိတ်နှင့် လောဘစိတ်တို့ ဖုံးလွှမ်းလာပြီး အလွန် စိတ်လှုပ်ရှား လာကြသည်။

ဤသို့သောအရာအတွက် စိတ်မလှုပ်ရှားသောသူ ရှိပါမည်လော။

အိုးရန်ကျန်းတောင်မှ လက်တုန်နေကာ စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးအိမ်ပင် တုန်ခါနေ၏။ သူသည် သူတော်စင်အဆင့် စစ်သည်တော် ဖန်တီးရန်အတွက် နှစ်ပေါင်းများစွာ ရှာဖွေခဲ့သော်လည်း အချည်းနှီး ဖြစ်ခဲ့သည်။ ယခု ရမယ့်ရတော့လည်း လွယ်ကူလွန်းနေ၏။

ဤသို့ ကြီးမားသော ဖီးနစ်သွေး ရွှေစိမ်းတုံးဖြင့် သူတော်စင်အဆင့် စစ်သည်တော်များ ဖန်တီးလိုက်လျင် ခွန်အားက မတွေးဝံ့စရာပင်။

“ဒါပေမဲ့ မင်းနဲ့ မင်းဘုရင်ကို ငါ မသိဘူးလေ”

အိုးရန်ကျန်းသည် လိုချင်ပါသော်လည်း အခြားသူ၏ ပစ္စည်းကို အလကား မလိုချင်ပါ။ နားလည်မှု တစ်ခုခု လွဲနေပုံ ရသည်။

ခေါင်းကိုးလုံး စပါးအုံးမြွေကြီးက ပြုံးလာသည်။

“ခင်ဗျား မသိလည်း ကိစ္စမရှိဘူး၊ တစ်ယောက် သိရင် ရပြီ”

အိုးရန်ကျန်း ဘာမှမပြောနိုင်ခင်မှာပင် သတ်ဖြတ်လိုသည့် အငွေ့အသက်တစ်ခု ကျဆင်းလာပြီး ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ပါသော ထွားကြိုင်းသည် လူတစ်ဘောက် ဆင်းလာသည်။ သူ့ခန္ဓာကိုယ်က သံမဏိအလား မာကျောပြီး တစ်မူထူးခြားလှသည်။

*အသူရာ၊ အသူရာနယ်မြေက လူပါလား*

“အသူရာဘုရင်က မွေးနေ့ပွဲကို ဂုဏ်ပြုပြီး လက်ဆောင် ပေးလိုက်ပါတယ်”

လူအုပ်ကြီးက ထပ်မံ၍ အုတ်အော်သောင်းနင်း ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်လာသည်။

*ကြမ်းကြုတ်တတ်တဲ့သူ နောက်တစ်ယောက် ရောက်လာတာလား*

အသူရာဘုရင်သည်လည်း အနာဂတ်တွင် သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်မည့်သူဖြစ်ပြီး ဘုရင်ဝမ်ရှန်ထက် မနိမ့်ချေ။

အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ အစွမ်းအစတစ်ခုတည်းဖြင့် အသူရာနယ်မြေတစ်ခုလုံးမှ သိုင်းပညာရှင်များကို ဦးညွှတ်လာအောင် ပြုလုပ်ပြီး အုပ်ချုပ်ခဲ့သူ ဖြစ်သောကြောင့်ပင်။

အိုးရန်ကျန်းသည်လည်း အံ့ဩသွားသည်။

*ဘာလို့ နောက်ထပ် သူတော်စင်အဆင့် အလောင်းအလျာတစ်ယောက် ရောက်လာတာလဲ*

ဘုရင်ဝမ်ရှန်ဖြစ်စေ၊ အသူရာဘုရင်ဖြစ်စေ သူ ပေါ့ပေါ့တန်တန် သဘောမထားရဲသလို ရန်စရ လွယ်ကူသည့် ပုဂ္ဂိုလ်များ မဟုတ်ချေ။

ယခု သူတို့နှစ်ယောက်လုံးက သူ့ကို မွေးနေ့လက်ဆောင် လာပေးသည်တဲ့လား။

လူတိုင်း မယုံနိုင်သလို ခံစားနေကြရသည်။

*အိုးရန်မျိုးနွယ်က ဘယ်လိုလုပ် ပြိုင်ဘက်ကင်းတဲ့ ပုဂ္ဂိုလ်နှစ်ယောက်ရဲ့ မျက်နှာလုပ်တာကို ခံရတာလဲ*

အိုးရန်မျိုးနွယ်၏ ယခင်က နာမည်ကျော်သူများပင် ဤသို့ ဆက်ဆံခံရခြင်း မရှိခဲ့ပါ။ ဤသည်က မယုံနိုင်စရာ ကောင်းလှပေသည်။

ထို့နောက်တွင် ဖီးနစ်သွေး ရွှေစိမ်းနှင့် ယှဉ်နိုင်သော ရတနာတစ်ခုက အိုးရန်ကျန်းရှေ့သို့ ရောက်လာသည်။ ၎င်းမှာ မိုးကြိုးစွမ်းအင်တို့ ပြည့်နေသည့် အပြာရောင် ကျောက်တုံးတစ်တုံး ဖြစ်သည်။

“မိုးကြိုးသားရဲ၊ ဒါ အရမ်း ကြောက်စရာကောင်းတဲ့ ဝင်္ကပါ အစီအရင်ပဲ”

လူတိုင်း၏ မျက်နှာတွင် ချောက်ချားသော အမူအရာများ ပေါ်လာကြသည်။ ယင်းမှာ မိုးကြိုးဘုရင် ဖန်တီးခဲ့သော သူတော်စင်အဆင့်ကိုပင် သတ်နိုင်သည့် ဝင်္ကပါ အစီအရင် ဖြစ်သည်။

လူတိုင်း မနာလိုဝန်တို ဖြစ်လာကြသည်။

*ဒါ များလွန်းတယ်*

အတိတ်အခါကပင် မြင်ရခဲလှသည့် ဤသို့သော ရတနာမျိုးအား ယခု ဘာမှမဟုတ်သလို ထုတ်ပေးနေကြသည် မဟုတ်ပါတကား။

ဤနှစ်ခုထဲက ဘယ်ဟာမဆိုသည် အပြင်လောကက မြင်သွားလျင် သေချာပေါက် သွေးချောင်းစီးလောက်သည်။

သို့သော် ထိတ်လန့်စရာက ဤမျှနှင့် ရပ်မသွားချေ။

“ပင်လယ်ဘုရင်ရဲ့ အထူးသံတမန် ရောက်လာပြီ၊ ပင်လယ်ဘုရင်ကိုယ်စား မွေးနေ့လက်ဆောင် ယူလာတယ်”

ပင်လယ်ဘီလူးတစ်ကောင် ရောက်လာပြီး လက်ထဲ၌ ပင်လယ်နက်၏ စွမ်းအင်များ စုဝေးနေသည့် ရတနာတစ်ခုကို ကိုင်ထားသည်။

*လာပြန်ပြီလားဟ*

လူတိုင်း ကြက်သေ သေသွားလေသည်။

*နောက်ထပ် အံ့ဩစရာကောင်းတဲ့ လူပါလား*

*သူတော်စင်အဆင့်ကို တက်လှမ်းနိုင်မယ့် လူသုံးယောက်လုံးက အိုးရန်ကျန်းကို ဂုဏ်ပြုတာလား*

*သူတို့က ရတနာတွေတောင် လက်ဆောင်ပေးသေးတယ်*

*ဒီအိုးရန်မျိုးနွယ်က မြင့်တက်လာတော့မှာပဲ*

အိုးရန်ကျန်းသည် အစ၌ ထိတ်လန့်နေသည်။ ထို့နောက် သွေးပျက်လာပြီး နောက်ဆုံးတွင် အသိစိတ်ပင် မကပ်ချင်တော့အောင် ဖြစ်လာ၏။

သူတော်စင်အဆင့် အလောင်းအလျာ သုံးယောက်က သူ့မွေးနေ့ကို လာရောက်ဂုဏ်ပြုကြလိမ့်မည်ဟု သူ တစ်ခါမှ တွေးမထားမိပါ။

ဤသည်က အလွန် ခမ်းနားကြီးကျယ်လှသည်။

ဤအဖြစ်အပျက်ကိုကြည့်ပြီး လူတိုင်း အံ့ဩနေကြသည်။

*ဒီနေ့ ဒီကို လာမိလို့ တော်သေးတယ်၊ အိုးရန်မျိုးနွယ်နဲ့ မိတ်ဆွေဖြစ်နိုင်ခဲ့လို့ တော်သေးတာပေါ့*

ဤအခြေအနေကိုကြည့်ပြီး အိုးရန်မျိုးနွယ်၏ အနာဂတ် တိုးတက်လာနိုင်စွမ်းက အတိုင်းအဆမဲ့ကြောင်း ရိပ်စားမိလာကြသည်။

သို့သော် သုံးယောက်လုံးသည် လက်ဆောင်ပေးပြီးသည်နှင့် ချက်ချင်း ယဲ့ဖန်ဘက် လှည့်ကာ ဒူးထောက် ဦးညွှတ်ကြသည်။

“အရှင်မင်းမြတ်ကို ဂါဝရပြုပါတယ်”

*ဘာ*

*မင်းတို့ကလည်း သူ့ကြောင့် လာတာပဲလား*

လူတိုင်း အသက်မရှူနိုင်အောင် ဖြစ်သွားကြသည်။

*ဒီသူတော်စင်အဆင့်တွေကလည်း ဒီကောင်လေးနဲ့ ပတ်သက်နေတာပဲလား*

အားလုံး၏ မျက်လုံးတွင် မယုံသင်္ကာစိတ်တို့ဖြင့် ပြည့်နှက်လာကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

ထို့နောက်တွင်မူ လူတိုင်းက ယဲ့ဖန်ကို အလွန် ကြောက်ရွံ့၍ စိုးရိမ်ပူပန်သော အကြည့်တို့ဖြင့် ကြည့်လာ၏။

သူတို့ မျက်ကန်းတစ္ဆေ ဖြစ်ခဲ့ပါတကား။

*ဒီမိစ္ဆာဆန်တဲ့ လူသုံးယောက်လည်း ဒီကောင်လေးနဲ့ ပတ်သတ်နေတာတဲ့လား*

*ဒီကောင်လေးမှာ ဘယ်လို အံ့ဩစရာကောင်းတဲ့ နောက်ခံရှိလို့ သူတော်စင်အဆင့်တွေနဲ့ မိတ်ဆွေ ဖြစ်နိုင် ရတာလဲ*

အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့ မိသားစုဝင်များအားလုံး နေရာမှာတင် ကြက်သေ သေကာ တစ်ကိုယ်လုံး တုန်ယင်နေကြသည်.

*ဒီကောင်ရဲ့ နောက်ကွယ်မှာ သူတော်စင်အဆင့်တွေ ရှိနေတာလား*

ချက်ချင်းဆိုသလိုပင် သူတို့အားလုံး ငိုချင်စိတ် ပေါက်လာကြသည်။

*မသတ်နိုင်ဘူး၊ သတ်လို့မရနိုင်ဘူး*

*ဒီကောင့်ကိုသာ သတ်လိုက်ရင် ဒီမိစ္ဆာကောင်တွေ ရောက်လာမှာပေါ့၊ ဒါဆို ငါတို့ သေပြီ မဟုတ်လား*

“ဟိုသုံးကောင်က ဘာလုပ်နေတာလဲ*

ယဲ့ဖန် ဒေါသတကြီး မေးလိုက်သည်။

*ဟိုသုံးကောင် ဟုတ်လား*

*ရိုင်းပျလိုက်တဲ့ အသုံးအနှုန်းပါလား*

*ဒါက သူတော်စင်အဆင့် အလောင်းအလျာ သုံးယောက်ကို လုံးဝ အလေးမထားတာပဲ၊ ဒါ နည်းနည်းနောနော မောက်မာတာလား*

သို့သော် ဤသည်က ယဲ့ဖန်နှင့် ထိုလူသုံးယောက်၏ ဆက်ဆံရေးက သာမန်မဟုတ်ကြောင်း ပြသနေ၏။

အိုးရန်ကျန်း၏ မိတ်ဆွေများအားလုံး ကိုယ့်ပါးကိုယ်သာ ရိုက်ချင်နေကြသည်။ လက်ရှိတွင် သူတို့၏ အပြုအမူ အတွက် နောင်တရနေကြလေသည်။

သူတော်စင်အဆင့် အလောင်းအလျာ သုံးယောက်အား ညီအစ်ကိုသဖွယ် ပြောဆိုဆက်ဆံနိုင်သောသူသည် သူတို့ စီးပွားပျက်လောက်အောင် မျက်နှာချိုသွေး၍ အရောဝင်သင့်သောသူ ဖြစ်လေသည်။

ဘာမဟုတ်သော ဘုရင်အဆင့်လေး၌ ဤမျှ ကြီးမားသော နောက်ခံအင်အား ရှိလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

နောင်တကား အချိန်လွန်မှ ရလာလေ၏။

သူတို့သာ အစောပိုင်းက အထင်သေး စက်ဆုပ်ဟန် မပြခဲ့လျင် ယခုအချိန်၌ အခွင့်အရေး ရနိုင်သေးသည်။ သို့ရာတွင် ယခုအခါ၌ ဘာမှမပြောနိုင်လောက်အောင် အချိန်နှောင်းသွားခဲ့လေပြီ။

အိုးရန်းကျန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သည့် မိတ်ဆွေဟောင်းများမှာမူ အနည်းငယ် နောင်တရမိ သော်လည်း အလွန် စိတ်ပျက်ခြင်းမရှိချေ။

သူတို့ ယဲ့ဖန်နှင့် မရင်းနှီးနိုင်သော်လည်း အိုးရန်ကျန်းက သူတို့နှင့် အလွန် ရင်းနှီးသော ဆက်ဆံရေး ရှိသည် မဟုတ်ပါလော။ ဤပတ်သက်မှုနှင့်ဆိုလျင် သူတို့သည် အိုးရန်မျိုးနွယ်ထဲသို့ တံခါးမရှိ ဓားမရှိ ဝင်နိုင်သည် မဟုတ်ပါတကား။ ဤလူငယ်လေးနှင့် သူတို့ မိတ်ဆွေဖြစ်ရန်က အချိန်တစ်ခုမျှသာ လိုအပ်ပေသည်။

“သူတို့အားလုံး တံခါးပိတ် ကျင့်ကြံနေကြလို့ မလာနိုင်ကြတာပါ”

ယဲ့ဖန်က အေးစက်စွာ ပျက်ရယ်ပြုလိုက်ပီး မကျေနပ်သော မျက်နှာအမူအရာနှင့် ပြောလိုက်သည်။

“သူတို့က ငါ့ကိုတောင် လာမတွေ့ဘူးဆိုတော့ ငါ့ကို သူတို့ သခင်ကြီးလို့တောင် မမြင်တော့တဲ့ပုံပဲ”

*သခင်ကြီး*

ထိုစကားလုံးက နွေခေါင်ခေါင်၌ မိုးကြိုးပစ်ချလိုက်သလို ဖြစ်သွားစေသည်။

အိုးရန်မိန်လင်၏ ခြေထောက်များ ရုတ်တရက် ပျော့ခွေလာပြီး အသည်းအသန် လက်ဆန့်၍ ဘေးနား၌ ရှိနေသော အိုးရန်ရှောက်ကျွင်းကို လှမ်းကိုင်လိုက်ရသည်။ ထိုအခါမှသာ သူမ ခြေထောက်များ ခွေယိုင်ခြင်းမရှိတော့ဘဲ လဲမကျတော့ချေ။ သူမမျက်နှာက သွေးမရှိတော့အောင် ဖြူရော်နေလေပြီ။

ဘေးနားမှ အိုးရန်ရှောက်ကျွင်းသည်လည်း ကြက်သေ သေနေ၏။

*ဘာမဟုတ်တဲ့ဘုရင်အဆင့်လေး တစ်ယောက်က အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက်ရဲ့ သခင်ကြီး ဖြစ်နေတာလား*

*မင်းတို့ လာနောက်နေတာလား*

အိုးရန်ကျန်းသည်လည်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။ သူ့မြေးကို သူ အထင်ကြီးနေခဲ့ပြီ ထင်ထားခဲ့ သော်လည်း တကယ်တမ်း၌ သူ အထင်သေးနေမိတုန်းသာ ဖြစ်နေကြောင်း သိလိုက်ရသည်။

သူမဆိုထားနှင့် ယဲ့ဖန်ကို အကြွင်းမဲ့ ယုံကြည်ထားသော အိုးရန်ဟွာတောင်မှ ယခုအခါ၌ အံ့အားသင့်နေ၏။

*ငါ့သခင်က ငါ ထင်ထားတာထက် ပိုပြီး ဆန်းကြယ်နေတဲ့ပုံပါလား*

“အရှင်မင်းမြတ် ခွင့်လွှတ်ပေးတော်မူပါ”

သံတမန် သုံးယောက်လုံး ဒေါသထွက်လိမ့်မည်ဟု ဧည့်သည်များ ထင်နေချိန်တွင် သူတို့က ကြောက်လန့် တကြားဖြင့် စိတ်ရင်းအတိုင်း တောင်းပန်လာကြသည်။ မသိလျင် ယဲ့ဖန်ကို မုန်ယိုနေသော သားရဲ တစ်ကောင်သဖွယ် ထင်မှတ်နေပုံရသည်။

*မငြင်းပါလား*

*ဒီကောင်လေးက တကယ်ပဲ အဲ့ကြမ်းကြုတ်တဲ့လူသုံးယောက်ရဲ့ သခင်ကြီးလား*

*ဒီလောကကြီးက ဘာတွေဖြစ်ကုန်တာလဲ*

“ခွမ်း ခွမ်း”

ပိုင်ရှင်များ၏ သတိလက်လွတ် ဖြစ်မှုကြောင့် သေရက်ခွက်များ ကျကွဲကာ တစ်စစီ ဖြစ်ကုန်သည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်ကုန်၏။

အားလုံးက ယဲ့ဖန်ကို မယုံနိုင်ဟန်ဖြင့် အလန့်တကြား ကြည့်လာကြသည်။ တစ်ဖက်တွင်မူ အိုးရန်ရှန့်ဖုန်းနှင့် အခြားသူများ အသိစိတ်လွတ်ကာ ကြောက်ရွံ့နေကြသည်။

ယဲ့ဖန်က သုံးစားမရသော အမှိုက်ကောင်ဆိုပြီး သူတို့ ရယ်မောခဲ့ကြသည်။ သို့သော်ငြားလည်း ထိုအမှိုက်ကောင်က ဘုရင်ရှစ်ပါးနှင့် ကြမ်းကြုတ်သော အင်မော်တယ် ဧကရာဇ်သုံးပါးလုံး ဒူးထောက်အောင် လုပ်နိုင်ခဲ့သည်။

အကယ်၍ သူက အမှိုက်ကောင်ဆိုလျင် သူတို့က ဘာဖြစ်သွားမည်နည်း။

“အခု ကျုပ် အထဲဝင်ဖို့ အရည်အချင်း ရှိပြီလား”

ယဲ့ဖန်က အိုးရန်ရှန့်ဖုန်းနှင့် အခြားသူများကို ကြည့်လိုက်သည်။

*ဟမ်*

ချက်ချင်းဆိုသလိုပင် အားလုံးက အိုးရန်ရှန့်ဖုန်းကို ကြည့်လာကြသည်။ အိုးရန်ကျန်း၏ မျက်နှာသည်လည်း သုန်မှုန်သွားသည်။

“ဘာဖြစ်တာလဲ”

“ခုနကတုန်းက သူတို့က ဆရာ့ကို ပိတ်တားပြီးတော့ ကျွန်မဆရာက နိမ့်ကျတဲ့သူလို့ ပြောပါတယ်၊ ပြီးတော့ သူတို့က ဆရာက ဂုဏ်သရေရှိ ဧည့်သည်တော်တွေနဲ့ တိုက်မိပြီး ရန်စမိမှာစိုးတယ်လို့ ပြောပြီး အထဲဝင်ခွင့် မပေးပါဘူး”

အိုးရန်ယွင်က ချက်ချင်း စောဒက တက်လာပြီး တစ်ချိန်တည်းမှာပင် သူတို့အား မကျေမနပ် ကြည့်လိုက်သည်။

အိုးရန်ရှန့်ဖုန်းနှင့် အခြားသူများ မျက်နှာနီရဲသွားပြီး စကားတစ်ခွန်းမှ မပြောနိုင်ပေ။ အိုးရန်ကျန်းသည်လည်း မျက်နှာ မည်းမှောင်သွားသည်။

ယဲ့ဖန်က ပျက်ရယ်ပြု၍ ပြောလိုက်သည်။

“ငါ ဝင်လို့မရရင် ဒီလောကထဲက ဘယ်သူမှ ဝင်ဖို့ မထိုက်တန်ဘူးလို့ ပြောခဲ့သားပဲ”

မောက်မာသည်။ သွေးနားထင် ကြီးလွန်းလှ၏။ သို့သော် ထိုစကားက မှန်နေသည်။

ထို့နောက် ယဲ့ဖန်က အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့ကို ကြည့်လိုက်လေသည်။

“ငါ့လက်ဆောင်ကို ပေးလိုက်ပြီးပြီ၊ မင်းတို့အမြင်မှာ ငါ အလေးထားတယ်လို့ ထင်ပြီလား”

အိုးရန်မိန်လင်နှင့် ကျန်လူငယ်မျိုးဆက်များအားလုံး ခေါင်းငုံ့ထားပြီး သူ့အား ရင်မဆိုင်ရဲ ဖြစ်သွားသည်။

ယဲ့ဖန်က သူ့မိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေးမရှိမှန်း လူတိုင်း ရိပ်မိသွားကြသည်။ ထို့ကြောင့် သူတို့ အနာဂတ်၌ ဘာလုပ်ရမလဲ သိသွားကြလေသည်။

ထိုအခိုက်တွင် အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့ဘေး၌ ရပ်နေသောသူများသည် သူတို့နှင့် ဝေးရာသို့ လျှောက်သွား ကြသည်။

လူငယ်မျိုးဆက်များတောင်မှ အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့ထံမှ အလျင်အမြန် ဖယ်ခွာသွားကြသည်။ ယဲ့ဖန်က သူ့ဦးလေး နှစ်ယောက်၏ မိသားစုကို အဓိကထားပြီး ပစ်မှတ်ထားနေကြောင်း သူတို့ အတိုင်းသား မြင်နေရသည်။

အိုးရန်ရှန့်ဖုန်းနှင့် အခြားသူများ အံကြိတ်လာကြသည်။ ဤသည်ကိုမြင်သော် အိုးရန်ယွင်က လှောင်ရယ် လိုက်မိသည်။

ရယ်ချင်စရာ ကောင်းလှပေ၏။

သူမ၏ ဆရာက သူတို့ကို အလေးအနက်ထား၍ မတိုက်ခိုက်သေးသော်လည်း ကြုံသလို ရွှေ့လိုက်သည့် အကွက်ကပင် သူတို့ကို ချောက်နက်ထဲကျအောင် လုပ်နိုင်နေလေပြီ။

ဤသည်ကား နောက်ခံအင်အားပင်။

ယခုအခါတွင် လူတိုင်းက သူတို့ကို ကပ်ရောဂါသဖွယ် ရှောင်ကျဉ်နေကြလေ၏။

အိုးရန်ကျန်းသည် ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့သားများနှင့် မြေးများကို ပြန်ကြည့်လိုက်သည်။ သူ ခေါင်းတခါခါ ဖြစ်သွားပြီး စိတ်ပျက်သွားသည်။

“သတင်းပို့ပါတယ်”

ထိုသို့သောအချိန်၌ တံခါးမှ အစောင့်တစ်ယောက် ပြေးဝင်လာပြီး ကျယ်လောင်စွာ သတင်းပို့လာ၏။

“ဝမ်ရှန်းမြို့ရဲ့ မြို့တော်သခင် ရောက်လာပါတယ်”

*ဘာ*

လူအုပ်ထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

*ဝမ်ရှန်းမြို့တော်သခင်က ကိုယ်တိုင် မွေးနေ့ပွဲကို ရောက်လာတာလား*

အိုးရန်ကျန်းတစ်ယောက်သာလျင် မျက်နှာ မကောင်းဖြစ်နေ၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ ရည်ရွယ်ချက်က ဘာလဲဆိုတာကို သူ သေချာမသိသောကြောင့်ပင်တည်း။

မွေးနေ့ပွဲသည် လူအများအား အရှက်ခွဲနိုင်သည့် အခွင့်အရေးကြီးတစ်ခုလည်း ဖြစ်သည် မဟုတ်ပါတကား။

“မြို့တော်သခင်က ဘယ်သူ့ကို လာရှာတာလဲ၊ အိုးရန်မျိုးနွယ်ထဲက တစ်ယောက်ယောက်က သူနဲ့ ရင်းနှီးတယ်လို့ ငါ တစ်ခါမှ မကြားဖူးပါဘူး”

All Chapters