အခန်း (၄၀၇-၄၀၈)
Vol. 41 Ch. 407-408
အခန်း ၄၀၇: တွဲဖက်ဝင်္ကပါ
ဤစကားများကို ပြောဆိုလိုက်သည်နှင့် တပြိုင်နက် ထိုနေရာတွင် ရှိနေသူတိုင်းသည် စကားပြောဆိုသူကို အာရုံစိုက်၍ ကြည့်လိုက်ကြသည်။
ထိုစကားပြောဆိုလိုက်သူမှာ တာဝန်ခံတစ်ဦးပင်။
သူ၏အဆင့်အတန်းမှာ အာဏာရှင်များအားလုံး၏ရှေ့တွင် မမြင့်မားလှချေ။
အမှန်အားဖြင့် သူသည် အလွန်သိုသိုသိပ်သိပ် နေတတ်ပြီး ပုံမှန်အားဖြင့် အရေးပါသော တည်ရှိမှုတစ်ခု မဟုတ်သဖြင့် လူအများ၏ သတိပြုမိခြင်းကို သိပ်မခံရပေ။
ယခုချိန်၌ လူအမြောက်အများသည် သူ့ကို တပြိုင်နက်တည်း ကြည့်လိုက်ကြသည်အား မြင်တွေ့ချိန်၌ သူ ထိတ်လန့်သွားသည်။
"အာ... ကျွန်တော်က ဒီအတိုင်း ပေါ့ပေါ့ပါးပါး ပြောလိုက်တာပါ... အားလုံးပဲ... ကျေးဇူးပြုပြီး အတည်မယူပါနဲ့..."
သူ ဤစကားကို ပြောဆိုလိုက်သည်နှင့် တပြိုင်နက် ကျန်းသုန်းက ချက်ချင်းတုံ့ပြန်လိုက်၏။
"မဟုတ်ဘူး... မင်းပြောတာက အဓိပ္ပာယ် အများကြီး ရှိတယ်...အားလုံးပဲ... လက်ရှိအခြေအနေက ငါတို့အတွက် အရမ်းဆိုးရွားတဲ့အခြေအနေကို ရောက်နေပြီ..."
"ငါတို့ကို စောင့်ကြိုနေတဲ့ ရလဒ်က... ပြောစရာ မလိုလောက်အောင်ပဲ... ငါတို့က ဒီလောက်ထိ ကြီးမားတဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့တာဆိုတော့ ဂိုဏ်းက ငါတို့ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူးဆိုတာ မင်းတို့အားလုံး သိထားသင့်တယ်..."
"လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရမယ်...မဟုတ်ရင် ကောင်းကင်နဲ့ မြေကြီးက ဖျက်ဆီးပစ်လိမ့်မယ်ဆိုတဲ့ ဆိုရိုးစကား ရှိတယ်မဟုတ်လား..."
"ထွက်ပြေးတာက ငါတို့ အသက်ရှင်သန်ဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ..."
ဤစကားများကို ပြောဆိုလိုက်သည်နှင့် တပြိုင်နက် လက်ရှိနေရာတွင် ရှိနေသူတိုင်း၏စိတ်နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရသည်။
အမှန်အားဖြင့် သတ္တုတွင်းရှိ စိတ်ဝိညာဉ်ချီများ ဆုံးရှုံးသွားသည်ကို မြင်တွေ့ပြီးနောက် လူတိုင်းသည် ထွက်ပြေးရန် အနည်းနှင့်အများ စဉ်းစားခဲ့ကြသည်။
သို့သော် တခြားသူများ မည်သည့်အရာ တွေးတောနေသည်ကို သေချာမသိရမီအထိ မည်သူကမျှ ဤအကြောင်းအရာကို ထုတ်ဖော်ပြောဆိုရန် မဝံ့ရဲခဲ့ကြချေ။
သူတို့သည် သစ္စာဖောက်များအဖြစ် ဆက်ဆံခံရမည်ကို ကြောက်ရွံ့ခဲ့ကြ၏။
သို့သော် ယခုအချိန်၌ သတ္တုတွင်း၏မဟာအာဏာရှင်သည် သတိလစ်နေပြီး ဒုတိယအဆင့်မြင့်ဆုံးသူက ထွက်ပြေးရန် အကြံပြုလာသဖြင့် လူတိုင်း၏ ကိုယ်ကျင့်တရားဆိုင်ရာ အောက်ခြေစည်းမျဉ်းမှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။
"အာဏာရှင်ကျန်း... ကျွန်တော်တို့ ဘယ်တော့ ထွက်သွားကြမလဲ..."
သူ၏စကားများမှာ အပြစ်ရှိသကဲ့သို့ ခံစားရခြင်း အနည်းငယ်မျှ မပါဘဲ အရေးတကြီးလေသံ ပါဝင်နေသည်။
ကျန်းသုန်း၏မျက်လုံးများ တည်ကြည်လေးနက်နေကာ သူသည် အဝေးရှိ မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်၏။
"ဒီကိစ္စကို နောက်မှ လုပ်တာထက် စောစော လုပ်တာက ပိုကောင်းတယ်... ပိုစောလေ ပိုကောင်းလေပဲ..."
"ဒါပေမဲ့ ငါတို့ ထွက်ပြေးဖို့ အချိန်အလုံအလောက် ရအောင် သတ္တုတွင်းကိစ္စကို အချိန်မတိုင်ခင် မပေါက်ကြားစေရဘူး..."
"ဒါကြောင့်... အားလုံးပဲ... အဲဒီသာမန်လူတွေ မချိုးဖျက်နိုင်အောင် ကာကွယ်ဖို့ ဝင်္ကပါကို အချိန်တိုအတွင်းမှာ ကာကွယ်ထားရမယ်... ဝင်္ကပါကို အားဖြည့်ဖို့ ငါ့ရဲ့နောက်ကို လိုက်ခဲ့ကြတော့... ပြီးရင် မင်းတို့အားလုံး အသက်ဘေးလွတ်ရာကို ထွက်ပြေးလို့ ရပြီ..."
ထိုကိစ္စကို သတ်မှတ်ပြီးနောက် လူတိုင်းသည် ချက်ချင်းဆိုသလိုပင် စတင်၍ လှုပ်ရှားလိုက်ကြ၏။
...
တခြားတစ်ဖက်တွင်...
ကျုံးချင်သည် အရပ်မျက်နှာအဘက်ဘက်မှ စိတ်ဝိညာဉ်ချီများကို စုပ်ယူရင်း လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းပေါ်တွင် ပလ္လင်ခွေ ထိုင်နေသည်။
အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ သူ၏ကျင့်ကြံမှုမှာ တဖြည်းဖြည်း တိုးတက်လာတော့သည်။
သူ၏ခန္ဓာကိုယ်အတွင်းမှ မြည်ဟီးသံတစ်သံနှင့်အတူ မူလက ဓမ္မသောင်းချီနယ်ပယ် ဆဋ္ဌမအဆင့်တွင် ရှိနေသော သူသည် တိုက်ရိုက်အဆင့်ချိုးဖျက်သွားပေ၏။
သူသည် ဓမ္မသောင်းချီနယ်ပယ် သတ္တမအဆင့်တွင်ရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်လာသည်။
ဓမ္မသောင်းချီနယ်ပယ် ဆဋ္ဌမအဆင့်မှ သတ္တမအဆင့်သို့ တိုးတက်မှုမှာ အဆင့်ငယ်တစ်ခု တိုးတက်မှုမျှသာ ဖြစ်သော်လည်း ထိုအချက်က ကျုံးချင်၏အလုံးစုံ ခွန်အားကို အဆများစွာ တိုးတက်သွားစေသည်။
အဆင့်ငယ်တစ်ခုကြား ကွာခြားချက်မှာ ကောင်းကင်နှင့်မြေကြီးအကြား ကွာခြားချက်ဖြစ်သည်ဟု ဆိုနိုင်ပေ၏။
ဓမ္မသောင်းချီနယ်ပယ်၏ အဆင့်ငယ်များတွင် အဆင့်တစ်ခုစီသည် ကောင်းကင်ဘုံတစ်ခုပင်။
သူ၏ကျင့်ကြံဆင့် ချိုးဖျက်သွားသည်နှင့် သူ၏ မျက်လုံးထဲရှိ လောကကြီးသည် မတူညီသော အရောင်တစ်ခုကို ယူဆောင်လာခဲ့ပေ၏။
သူ၏ ကျင့်ကြံမှု အားကောင်းလာသည်နှင့်အမျှ ကောင်းကင်နှင့်မြေကြီးအပေါ် သူ၏နားလည်မှု၊ ဘဝ အပေါ် သူ၏ခံယူချက်နှင့် ဤလောက အပေါ် သူ၏ အသိအမြင်များအားလုံးမှာ မတူညီသော ရှုထောင့်များကို ယူဆောင်လာသည်။
ကျုံးချင်သည် ဤအပြောင်းအလဲတွင် နစ်မြောမနေခဲ့ချေ။
ထိုအစား သူသည် သူ၏စွမ်းအားများအားလုံးကို အသုံးချကာ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်ချီများကို ပို၍လျှင်မြန်စွာ သန့်စင်လိုက်၏။
တစ်ရက်အကြာတွင် ကျုံးချင် နောက်တစ်ကြိမ် အဆင့်ချိုးဖျက်နိုင်ခဲ့သည်။
သူသည် ဓမ္မသောင်းချီနယ်ပယ် သတ္တမအဆင့်မှ အဋ္ဌမအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားသည်။
ထိုကဲ့သို့ တိုးတက်မှုမျိုး ပျံ့နှံ့သွားပါက လူတိုင်းကို သေချာပေါက် အံ့အားသင့်သွားစေပေလိမ့်မည်။
ဓမ္မသောင်းချီနယ်ပယ်သို့ ရောက်ရှိပြီးနောက် တိုးတက်မှုအဆင့်တိုင်းမှာ အားထုတ်လေ့ကျင့်ရန် အချိန်ကြာမြင့်စွာ လိုအပ်ပေ၏။
အဆင့်ငယ်တစ်ခုကို နားလည်ရန် နှစ်ပေါင်းသောင်းနှင့်ချီ၍ လိုအပ်သည်။
သို့သော် ကျုံးချင်ထံတွင် မည်သည့်အဟန့်အတားမျှ မရှိပုံရသည်။
ထို့အပြင် ဓမ္မသောင်းချီနယ်ပယ် အဋ္ဌမအဆင့်မှာ သူ၏အဆုံးမှတ် မဟုတ်သေးချေ။
ကြီးမားကျယ်ပြန့်သော စိတ်ဝိညာဉ်ချီပင်လယ်ကြီးသည် လျော့ကျသွားမည့် အရိပ်အယောင် မပြသခဲ့ချေ။
ကျုံးချင် ဓမ္မသောင်းချီနယ်ပယ် အဋ္ဌမအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားသည်နှင့် သူ၏စွမ်းအားစုပ်ယူမှုနှင့် သန့်စင်မှုအမြန်နှုန်းမှာ အဆများစွာ တိုးတက်လာသည်။
ဤသို့ဖြင့် နောက်ထပ်တစ်ရက် ကုန်လွန်သွားကာသူ၏ကျင့်ကြံမှု ထပ်မံ၍ တိုးတက်လာပေ၏။
သူသည် ဓမ္မသောင်းချီနယ်ပယ် အဋ္ဌမအဆင့်မှအထွတ်အထိပ်အဆင့်သို့ ခုန်တက်သွားသည်။
သူသည် ဓမ္မသောင်းချီနယ်ပယ် နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
ဤအချိန်တွင် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းတစ်ခုလုံးရှိ စိတ်ဝိညာဉ်ချီများ လုံးလုံးလျားလျား ကုန်ခမ်းသွားခဲ့လေပြီ။
ရလဒ်အနေဖြင့် ကျုံးချင်သည် အဆင့်ငယ်သုံးခုကို မြှင့်တင်နိုင်ခဲ့ပေ၏။
သူသည် တစ်ချက်တည်းဖြင့် ဓမ္မသောင်းချီနယ်ပယ် နဝမအဆင့်တွင်ရှိသော ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်လာသည်။
ကျုံးချင်သည် မကြုံစဖူး စွမ်းအားတစ်ခုကို ခံစားရင်း သူ၏လက်သီးကို ဆုပ်လိုက်သည်။
လက်သီးတစ်ချက်တည်းဖြင့် သူသည် မြေပြင်တစ်ခုလုံးကို ဖောက်ထွင်းနိုင်သည်ဟု သူ ဝိုးတဝါး ခံစားလိုက်ရသည်။
သေချာသည်မှာ ဤအလွန်အမင်း ဖျက်ဆီးနိုင်စွမ်း ရှိသော စွမ်းအားမှာ အရှေ့ပိုင်းဒေသတွင်သာ ကန့်သတ်ထားပေ၏။
ဤအလယ်ပိုင်းဒေသတွင် ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသများမှာ ပြီးပြည့်စုံပြီး ဆွဲငင်အားမှာ အရှေ့ပိုင်းဒေသထက် အဆပေါင်းရာနှင့်ချီ၍ ရှိနေသည်။
တစ်နည်းအားဖြင့် ဤအချက်မှာ ကျင့်ကြံသူတစ်ဦး၏ ဖျက်ဆီးနိုင်စွမ်းရှိသော စွမ်းအားကို ကြီးမားစွာ အားနည်းသွားစေခြင်းပင်။
အကယ်၍ သူသည် အလယ်ပိုင်းဒေသတွင် ရှိနေပါက သူ၏လက်ရှိခွန်အားအရ အများဆုံးအနေဖြင့် လက်သီးတစ်ချက်ထိုးနှက်ပါက တောင်တန်းတစ်ခုကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားအောင် လုပ်နိုင်ပေလိမ့်မည်။
သို့သော် ဤအရာမှာလည်း အလွန်အမင်း သာမန်ထက် လွန်ကဲလှပေ၏။
သူ သေချာစဉ်းစားကြည့်ပါက...
အရှေ့ပိုင်းဒေသမှ စတင်ကာ မြောက်ပိုင်းဒေသကို ဖြတ်ကျော်ပြီး ဖရိုဖရဲ နတ်ဆိုးပင်လယ်ကို ဖြတ်သန်းကာ ကောင်းကင်ဘုံချောက်နက်ကို ဖြတ်ကျော်ပြီး အလယ်ပိုင်းဒေသသို့ ရောက်ရှိလာသော သူ၏ ခရီးစဉ်....
ဤခရီးစဥ်တွင် သူ အကျိုးကျေးဇူးများစွာ ရရှိခဲ့ပေ၏။
ကောင်းကင်ဘုံချောက်နက်တွင် ရှိနေစဉ်၌ သူ၏ ကမ္ဘာငယ်လေးသည် မရေမတွက်နိုင်အောင် ကြီးမားကျယ်ပြန့်လာခဲ့ပြီး သူသည် အထွတ်အထိပ်ရတနာ အများအပြားကိုလည်း ရရှိခဲ့သည်။
ယခုချိန်၌ အလယ်ပိုင်းဒေသသို့ သူ၏ကဏဦးဝင်ရောက်မှုတွင် သူ၏စွမ်းအားမှာ အဆင့်ငယ်သုံးခု တိုးတက်လာသည်။
သူ၏အနာဂတ်တပည့် ထွက်ပေါ်လာသည်ကို ထည့်ပြောရန်ပင် မလိုတော့ချေ။
သူမကို တပည့်အဖြစ် လက်ခံနိုင်သရွေ့ သူမ ပြသခဲ့သော အလားအလာများနှင့်အတူ ထိုအချက်က ကျုံးချင်၏စွမ်းအားကို နောက်ထပ် တစ်ဟုန်ထိုး မြင့်တက်သွားစေမည်မှာ သေချာပေါက်ပင်။
ကျုံးချင် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
သူ ထွက်ခွာသွားတော့မည့် အချိန်မှာပင် သူ၏ မျက်လုံးများ ရုတ်တရက် အေးခဲတောင့်တင်းသွားပေ၏။
အဝေးတွင် လည်ပတ်နေသော တလက်လက် တောက်ပပြီး အရောင်အသွေး စုံလင်ကာ မျက်စိကျိန်းလောက်သော အလင်းတန်းတစ်တန်းကို သူ မြင်တွေ့လိုက်ရသည်။
"ဒါက..."
ကျုံးချင်၏ခန္ဓာကိုယ် လှုပ်ရှားသွားပြီး သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ရောင်စုံအလင်းတန်းများ စုံလင်စွာ လွှမ်းမိုးနေသော နေရာသို့ သူ တိုက်ရိုက်ဦးတည်သွားလိုက်၏။
သူ၏ ခရီးဆုံးပန်းတိုင်သို့ ရောက်ရှိချိန်တွင် အရှေ့တွင် နက်ရှိုင်းသော တောင်ကြားတစ်ခုကို သူ မြင်တွေ့လိုက်ရသည်။
ထိုတောင်ကြား၏အောက်ခြေတွင် ဝင်္ကပါတစ်ခု ရှိနေပေ၏။
ဤဝင်္ကပါသည် သဘာဝအလျောက် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ရှေးကျကာ မူလအတိုင်း ဖြစ်နေပြီး ထိတ်လန့်ဖွယ် သတ်ဖြတ်လိုခြင်း အရှိန်အဝါများ ရောယှက်နေသည်။
အကယ်၍ တစ်ယောက်ယောက်သည် ဤဝင်္ကပါကို မတော်တဆ ထိတွေ့မိပါက ထိုအရာသည် အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းသော သတ်ဖြတ်လိုခြင်း အရှိန်အဝါများကို မလွဲမသွေ ထုတ်လွှတ်လိမ့်မည်ဟု ကျုံးချင် ခံစားမိသည်။
ထိုအရာက မိုင်တစ်ရာအတွင်းရှိ အရာအားလုံးကို ကြေမွှပျက်စီးသွားစေနိုင်ပေ၏။
"ဒါက တကယ်တော့ မွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါတစ်ခုပဲ..."
ကျုံးချင်၏မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်တစ်ရပ် ထင်ဟပ်နေသည်။
မွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါတစ်ခုသည် ကောင်းကင်နှင့်မြေကြီးမှ ပြုစုပျိုးထောင်ပေးထားသော ဝင်္ကပါတစ်ခုပင်။
ဤဝင်္ကပါသည် အဆုံးမဲ့စွမ်းအားများနှင့်အတူ ကောင်းကင်နှင့်မြေကြီး၏ ကြီးမားသော စွမ်းအားကို သယ်ဆောင်ထားပေ၏။
ထိုအရာသည် ပုံမှန်အားဖြင့် ကောင်းကင်နှင့်မြေကြီး ၏ ရှားပါးရတနာများ ရှိနေသော ပတ်ဝန်းကျင်အနီးတဝိုက်ကို စောင့်ရှောက်လေ့ရှိသည်။
ထိုအရာသည် အမြင့်ဆုံးရတနာများ အတွက် အသက်ချည်နှောင်ခြင်း အစောင့်အရှောက် ဝင်္ကပါတစ်ခုပင်။
ကောင်းကင်နှင့်မြေကြီး၏ ပုံမှန်မဟုတ်သော အဖြစ်အပျက်များတွင် မွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါတစ်ခု မဖြစ်မနေ ရှိနေခြင်းတော့ မဟုတ်ချေ။
သို့သော် မွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါတစ်ခု ရှိနေပါက အထွတ်အထိပ်ရတနာတစ်ခု ၏မွေးဖွားမှု သေချာပေါက် ရှိနေပေမည်။
ကျုံးချင်သည် တစ်စုံတစ်ခုကို နားလည်သွားပေ၏။
အစောပိုင်းက လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းတွင် နတ်ဘုရား အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ကြီးမားသော ဆူပူအုံကြွမှု တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ဤသည်မှာ ဤရတနာ ပေါ်ထွက်လာခြင်းကြောင့် ဖြစ်ပေမည်။
ဖုန်းယွီဂိုဏ်းသည် နံပါတ်တစ်ဆယ်သတ္တုတွင်းရှိ သတ္တုတွင်းကျွန်များအားလုံးကို သတ်ဖြတ်ရန်အထိ ရူးသွပ်နေသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
မွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါက တွဲဖက်အဖြစ် ပါရှိသော ရတနာတိုင်းသည် အထွတ်အထိပ် ရတနာတစ်ခုပင်။
သတင်းအနည်းငယ် ပေါက်ကြားသွားသရွေ့ ထိုအရာက မရေမတွက်နိုင်သော လူများကို ရူးသွပ်သွားစေပေလိမ့်မည်။
ဖုန်းယွီဂိုဏ်းသည် ဤဖရိုဖရဲနယ်မြေတွင် အကြွင်းမဲ့ အုပ်စိုးသူဖြစ်ပြီး အမြင့်မားဆုံး တည်ရှိမှုတစ်ခုပင်။
သို့သော် ထိုရတနာသည် အလယ်ပိုင်းဒေသရှိ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တချို့၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားသည်နှင့် တပြိုင်နက်...
ဖုန်းယွီဂိုဏ်း၏စွန်းအားဖြင့် ထိုဂိုဏ်းသည် ထိုကဲ့သို့ အထွတ်အထိပ်ရတနာကို စောင့်ရှောက်နိုင်မည် မဟုတ်ချေ။
ကျုံးချင်သည် ဤမွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါကို စစ်ဆေးကြည့်ပြီးနောက် သူ အနည်းငယ် စိတ်လှုပ်ရှားနေသည်။
ဖုန်းယွီဂိုဏ်းသည် မည်သည့် အကြံအစည်များ အစီအစဉ်များကို ပြုလုပ်သည်ဖြစ်စေ နောက်ဆုံးတွင် ဤအထွတ်အထိပ်ရတနာသည် သူ၏ပိုင်ဆိုင်မှု ဖြစ်လာပေ၏။
အကယ်၍ သူ ထိုအရာနှင့် မတွေ့ခဲ့ရပါက အဆင်ပြေပေလိမ့်မည်။
သို့သော် ထိုအရာနှင့် တွေ့ဆုံပြီးနောက် ကျုံးချင်သည် ရတနာကို သူ၏အိတ်ကပ်ထဲသို့ ဝမ်းသာအားရ ထည့်ရမည်မှာ သဘာဝကျသည်။
မွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါတွင် အဆုံးမဲ့စွမ်းအား ရှိနေသည်။
ဝင်္ကပါများအပေါ် နားလည်မှုတွင် အထွတ်အထိပ်သို့ မရောက်ရှိသေးသော မည်သူမဆို ထိုအရာကို ချိုးဖျက်၍ မရနိုင်ချေ။
သေချာသည်မှာ ကျုံးချင်အတွက် ဤအရာများ အားလုံးမှာ ပြဿနာ မဟုတ်ချေ။
သူ၏ ဝင်္ကပါခံနိုင်ရည်စွမ်းခန္ဓာကိုယ်ကြောင့် သူသည် ဝင်္ကပါများအားလုံး၏ အနှောင့်အယှက်ပင်။
"အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါ တစ်ခုရဲ့ စောင့်ရှောက်မှုကို ခံရလောက်တဲ့အရာက ဘယ်လို အရာမျိုးလဲဆိုတာ ငါ မသိဘူး..."
ကျုံးချင်ထံတွင် ဤရတနာအတွက် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
ဤမျှော်လင့်ချက်နှင့်အတူ...
သူသည် မွေးရာပါ အသက်ချည်နှောင်ခြင်း မဟာဝင်္ကပါအတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားလေ၏။
အခန်း ၄၀၈: လောကကြီးနဲ့အတူ မွေးဖွားလာတယ်
ဝင်္ကပါအတွင်း၌ နောက်ထပ်လောကတစ်ခုကို ဖန်တီးထားသည်။
နတ်ဘုရားအလင်းတန်းတစ်တန်းသည် ကောင်းကင်နှင့် မြေကြီးကို လင်းထိန်နေစေသည်။
မြေကြီးပေါ်တွင် အခြေခံဒြပ်စင်ငါးပါး နတ်ဘုရား အလင်းရောင်များ တလက်လက် တောက်ပနေပြီး ကြည်လင်သော နတ်ဘုရား အလင်းရောင်များ လင်းလက်နေကာ လျှို့ဝှက်ဆန်းကြယ်သော မြေဝါရောင်ချီ များ လှိုင်းထနေပြီး ဖန်ဆင်းခြင်းစွမ်းအားများ ယှက်နွယ်နေပေ၏။
စိတ်ဝိညာဉ်အမြှစ်တစ်ခုက ကြီးမားသောဝင်္ကပါ၏ အလယ်ဗဟိုတွင် တိတ်ဆိတ်စွာ တည်ရှိနေသည်။
ထိုအရာ၏ကိုယ်ထည်တစ်ခုလုံးကို အစိမ်းရောင် ကျောက်စိမ်းများဖြင့် ပြုလုပ်ထားပြီး ထိုအမြှစ်၏ ကြည်လင်သော ကျောက်စိမ်းသစ်ရွက်များမှ တက်ကြွသော သက်စောင့်စွမ်းအားများကို ထုတ်လွှတ်ထားသည်။
ထိုစိတ်ဝိညာဉ်အမြှစ်သည် ပေတစ်ရာကျော် ရှည်လျားပြီး ကောင်းကင်သို့ ရောက်ရှိနေသော နွယ်ပင်တစ်ပင် အလားဖြစ်ကာ ထိုနွယ်ပင်ပေါ်တွင် တစ်စုံတစ်ခု ရှိနေပေ၏။
ထိုအရာမှာ ဘူးသီးတစ်လုံးပင်။
ထိုဘူးသီးသည် တစ်ပေရှည်လျားပြီး မီးခိုးရောင် သန်းနေကာ ထူထပ်သိပ်သည်းသော မှော်အက္ခရာစာလုံးများဖြင့် ဖုံးလွှမ်းနေသည်။ ထိုအရာမှနေ၍ ဝိုးတဝါးအလင်းတန်းတစ်ခုကို ထုတ်လွှတ်ထားကာ ရှေးဟောင်းခေတ်၏ အရှိန်အဝါဖြင့် စိမ့်ဝင်နေပြီး ထိုဘူးသီး လှုပ်ယမ်းသွားသည်နှင့်အမျှ တာအို၏အသံများ မြည်ဟီးနေသည့်အလားပင်။
ထူထပ်သိပ်သည်းသော မှော်အက္ခရာစာလုံးများသည်လည်း သာမန်ထက် သာလွန်ထူးကဲကာ ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများကို သယ်ဆောင်ထားပြီး တာအို၏ အစစ်အမှန်အဓိပ္ပာယ်ကို ရှင်းလင်းပြသနေသကဲ့သို့ ဖြစ်နေသည်။
ကျုံးချင်၏အကြည့်က ဘူးသီးထံသို့ ချက်ချင်းကျရောက်သွားပေ၏။
သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ဘူးသီး၏ရှေ့သို့ တိုက်ရိုက်ရောက်ရှိသွားသည်။
ဘူးသီးသည် ရင့်မှည့်နေပြီဖြစ်ပြီး သူ ညင်သာစွာ ထိလိုက်ရုံဖြင့် တိုက်ရိုက်ပြုတ်ကျသွားတော့သည်။
ကျုံးချင်က ထိုဘူးသီးကို တည်ငြိမ်စွာ ဖမ်းယူလိုက်၏။
ဘူးသီးကို ထိလိုက်သည့် အခိုက်အတန့်တွင် အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ခုကို သူ ဝိုးတဝါး မြင်တွေ့လိုက်ရသည်။
ကောင်းကင်နှင့်မြေကြီးသည် မှုန်ဝါးနေပြီး ဖရိုဖရဲဆန်နေကာ နတ်ဘုရားများနှင့်နတ်ဆိုးများ တိုက်ခိုက်နေကြသည်။ ဤသည်က ကောင်းကင်နှင့် မြေကြီး ကို တုန်လှုပ်သွားစေကာ နတ်မိစ္ဆာသွေးတစ်စက်က ကောင်းကင်ယံအထက်မှ ကျဆင်းလာပြီး တောင်များနှင့် မြစ်များကို ချေမှုန်းကာ မိုင်ထောင်ချီသော မြေကမ္ဘာသွေးကြောများကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။
နောက်ဆုံးတွင် နတ်မိစ္ဆာသွေးသည် တောင်များနှင့် မြစ်များ၏ စိတ်ဝိညာဉ်ချီနှင့် ပေါင်းစပ်သွားပြီး အသက်စွမ်းအင် အသစ်တစ်ခုကို အမှန်တကယ် မွေးဖွားပေးခဲ့သည်။
ထိုအသက်စွမ်းအားသည် နူးညံ့သော အညှောက်လေး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဉ်ချီကို စုပ်ယူပြီး နေနှင့်လ၏ အနှစ်သာရကို ဝါးမြိုကာ အရပ်မျက်နှာအဘက်ဘက်၏ ဖန်ဆင်းခြင်းကို စိတ်ဝိညာဉ်အမြှစ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပေ၏။
နေနှင့်လ ပြောင်းရွှေ့သွားပြီး တောင်များနှင့် ပင်လယ်များက ကြီးမားသော အပြောင်းအလဲများကို ဖြတ်သန်းခဲ့ရသည်။
ထိုစိတ်ဝိညာဉ်အမြှစ်သည် ရှည်လျားသော အချိန်ကာလတစ်ခုကို ဖြတ်သန်းကာ ကြီးထွားလာခဲ့ပြီး နောက်ဆုံးတွင် ဘူးနွယ်ပင်တစ်ပင် အဖြစ်သို့ ပြောင်းလဲသွားသည်။
ဘူးနွယ်ပင်သည် နှစ်တစ်ထောင်တွင် တစ်လက်မ၏ တစ်ရာပုံတစ်ပုံ၊ နှစ်တစ်သောင်းတွင် တစ်လက်မ၏ ဆယ်ပုံတစ်ပုံ နှစ်တစ်သိန်းတွင် တစ်လက်မနှင့် နှစ်တစ်သန်းတွင် တစ်ပေ ကြီးထွားလာခဲ့၏။
တစ်ပေသို့ ရောက်ရှိပြီးနောက် ထိုအပင်သည် ဤဘူးသီးကို စတင်၍ ဖွဲ့စည်းလာခဲ့သည်။
နောက်ထပ် အလွန်ရှည်လျားသော အချိန်ကာလ တစ်ခုအပြီးတွင် ဘူးသီးသည် နောက်ဆုံးတွင် ရင့်မှည့်လာသည်။
မျက်စိတစ်မှိတ်အတွင်း ကျုံးချင်သည် ဘူးသီး၏ မရှိခြင်းမှ တည်ရှိခြင်းသို့နှင့် အသက်စွမ်းအင် မွေးဖွားခြင်းမှ ရင့်မှည့်ခြင်းအထိ လုပ်ငန်းစဉ်ကို မျက်မြင်တွေ့ခဲ့ရသည့်အလားပင်။
"တကယ့်ကို ကောင်းတဲ့ ရတနာပဲ..."
ကျုံးချင်သည် သူ၏လက်ထဲရှိ ဘူးသီးကို စစ်ဆေးကြည့်ပြီးနောက် သူ၏မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။
ဤရတနာဘူးသီး၏သက်တမ်းမှာ ဖန်ဆင်းခြင်းခေတ် ကာလအထိ အမှန်တကယ်ကို ခြေရာခံနိုင်သည်။
ထို့အပြင် ရတနာဘူးသီးကို ထိလိုက်သည့် အချိန်အခိုက်အတန့်တွင် သတင်းအချက်အလက် အမြောက်အများက ကျုံးချင်၏စိတ်ထဲတွင် ထွက်ပေါ်လာပေ၏။
ဤအရာမှာ အမြင့်မြတ်ဆုံး ရတနာသက်ရှိတစ်ကောင်က သူ၏သခင်ကို သူကိုယ်တိုင် ရွေးချယ်သည့် လက္ခဏာရပ်တစ်ခုပင်။
ထိုဘူးသီးထံတွင် နာမည်တစ်ခုရှိပြီး ကောင်းကင်ဝါးမျိုခြင်းပင်။
ထိုဘူးသီးသည် တောင်များ၊ မြစ်များနှင့် ရေကန်များကို ထိန်းသိမ်းထားနိုင်ကာ နေ၊ လနှင့် ကြယ်များ ပါဝင်သည်။
ထိုအရာသည် အရာအားလုံးကို ဝါးမျိုချနိုင်ပြီး ထိုအရာများကို သူတို့၏မူလအစသို့ ပြန်လည်ရောက်ရှိစေနိုင်ပေ၏။
ကျုံးချင်သည် ဤဘူးသီးကို ပို၍ကြည့်ရှုမိလေလေ သူ ပို၍အံ့အားသင့်လာလေလေပင်။
ဤလုပ်ဆောင်ချက်မှာ ကောင်းကင်ကို အန်တုနေခြင်းပင်။
ထိုစွမ်းရည်အပြင် အရာများကို သူတို့၏မူလအစသို့ ပြန်လည်ရောက်ရှိစေနိုင်သော စွမ်းရည်မှာ ထိုဘူးသီးက လောကရှိ စွမ်းအင်အားလုံးကို သန့်စင်ပေးနိုင်သည်ဟု ဆိုလိုခြင်းပင်။
ရိုးရှင်းသော ဥပမာတစ်ခု ပေးရလျှင် အကယ်၍ သူသည် အနာဂတ်တွင် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်မည်ဆိုပါက သူသည် ကောင်းကင်ဝါးမျိုခြင်း ဘူးသီး ကို အသုံးပြု၍ သူတို့ကို အရည်အသွေးမြင့်ပြီး စုပ်ယူနိုင်သော စွမ်းအားတစ်ရပ်အဖြစ်သို့ တိုက်ရိုက်သန့်စင်နိုင်ပေမည်။
ထို့အပြင် ဤဘူးသီးကို အရက်ထည့်ရန် အသုံးပြုပါက ထိုအရာသည် နှစ်ထောင်ချီ သို့မဟုတ် သောင်းချီအထိ ကြာရှည်ခံမည့် အရက်အလုံအလောက် ကို ထည့်ထားနိုင်ပြီး ဘယ်သောအခါမှ ကုန်ခမ်းသွားမည် မဟုတ်ချေ။
ထို့ထက်ပို၍ အရေးကြီးသည်မှာ ဤဘူးသီးတွင် ကံကြမ္မာကို ဖိနှိပ်နိုင်သော အံ့အားသင့်ဖွယ် စွမ်းရည် လည်း ရှိနေခြင်းပင်။
ယေဘုယျအားဖြင့် ကံကြမ္မာကို ဖိနှိပ်နိုင်စွမ်းမှာ ဧကရာဇ် အထွတ်အထိပ်အဆင့် လက်နက်များတွင်သာရှိသော လုပ်ဆောင်ချက်တစ်ခု ဖြစ်ပေ၏။
ထို့ပြင် ကောင်းကင်နှင့်မြေကြီးက သဘာဝအလျောက် ဖန်တီးထားသော ဤဘူးသီးသည် ဧကရာဇ်အဆင့် ရတနာတစ်ခုကို သန့်စင်ရန်အတွက် အကောင်းဆုံး သန္ဓေသားလောင်း ဖြစ်သည်ဟု ဆိုနိုင်သည်။
ထိုအရာသည် တန်ဖိုးမဖြတ်နိုင်သော အထွတ်အထိပ်ရတနာတစ်ခုပင်။
အကယ်၍ ထိုရတနာသာ ထွက်ပေါ်လာပါက အလယ်ပိုင်းဒေသ တစ်ခုလုံးမှာ ထိုအရာအတွက် ရူးသွပ်သွားမည်ဟု ဆိုနိုင်သည်။
ကျုံးချင်သည် ထိုဘူးသီးကို သူ၏ခါးတွင် ချက်ချင်းချိတ်လိုက်၏။
ဤကောင်းကင်ဝါးမျိုခြင်းဘူးသီးဖြင့် သူ၏ မူလ အရက်ဘူးသီးခြောက်ကို နှုတ်ဆက်ပြီဟု ထုတ်ပြန်ကြေညာနိုင်လေပြီ။
ကောင်းကင်ဝါးမျိုခြင်းဘူးသီးကို ချိတ်ဆွဲပြီးနောက် ထိုဘူးသီး၏ စီးဆင်းနေသော အလင်းတန်းများ ပျောက်ကွယ်သွားပြီး တောက်ပမှု ပျောက်ကွယ်သွားသည်။
ထိုအရာသည် ရှေးဟောင်းနှင့်အရိုင်းဆန်သော မီးခိုးရောင်သန်းသည့် ဘူးသီးခြောက်တစ်လုံးအဖြစ်သို့ ပြောင်းလဲသွားပေ၏။
ထိုဘူးသီးသည် အသစ်ခူးဆွတ်ထားသော ရတနာ တစ်ခု ဖြစ်သော်လည်း ယခုအချိန်၌ အချိန်ကြာမြင့်စွာ အသုံးပြုထားသကဲ့သို့ ခြောက်ကပ်နေပြီး နတ်ဘုရားစွမ်းအားကို အရိပ်အယောင်မျှပင် မပြသတော့ချေ။
ကျုံးချင်က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
"ဒါက ဒီရတနာက တောက်ပမှုကို အလိုအလျောက် ဖုံးကွယ်ထားတာလား... ဒါပေမဲ့ အဲဒါလည်း ကောင်းပါတယ်... ဒီလိုမျိုး အပြင်ထုတ်သွားတာက လူတွေကို လိုချင်တပ်မက်အောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး..."
ထိုအချက်သည် သူ၏သိုသိုသိပ်သိပ်နှင့် ထိန်းထိန်းသိမ်းသိမ်း နေတတ်သော စိတ်နေသဘောထားနှင့် အလွန်လိုက်ဖက်ညီလှသည်။
ကောင်းကင်ဝါးမျိုခြင်းဘူးသီး ရင့်မှည့်ပြီး ပြုတ်ကျသွားသည် ဘူးနွယ်ပင်သည် အပင်၏ အနှစ်သာရနှင့် စိတ်ဝိညာဉ်စွမ်းအားများအားလုံး ဆုံးရှုံးသွားပုံရပြီး ညှိုးနွမ်းသွားကာ နောက်ဆုံးတွင် ပြာများအဖြစ်သို့ ပြောင်းလဲသွားပေ၏။
ထိုအပင်၏ရည်ရွယ်ချက်မှာ ဘူးသီးကို အပြည့်အဝ ရင့်မှည့်စေရန် သက်သက်သာဖြစ်ကြောင်း သိသာထင်ရှားသည်။
ယခုချိန်၌ ဘူးသီး ရင့်မှည့်သွားပြီဖြစ်ရာ ဘူးနွယ်ပင် ၏တာဝန်မှာ ပြီးဆုံးသွားပုံရပြီး ထိုအပင်သည် ကောင်းကင်နှင့်မြေကြီးအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
ဤသည်မှာ ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားလာသော ရတနာအများအပြားသည် အစားထိုး၍ မရနိုင်သော ထူးခြားမှုကို ပိုင်ဆိုင်ထားရသည့် အကြောင်းအရင်းပင်။
ထို့နောက် ဘူးနွယ်ပင် ပျောက်ကွယ်သွားမှုနှင့်အတူ ပတ်ဝန်းကျင်ရှိ တွဲဖက်ဝင်္ကပါ အလိုအလျောက် စတင်၍ ပြိုကွဲသွားသည်။
လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းတစ်ခုလုံးပင် စတင်၍ ပြိုကျပျက်စီးသွားပေ၏။
ဤလျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်း တည်ရှိရသည့် အကြောင်းအရင်းမှာ ဤဘူးနွယ်ပင်ကြောင့် လုံးလုံးလျားလျား ဖြစ်နေသည်။
ယခုချိန်၌ ဘူးနွယ်ပင်၏ သက်စောင့်စွမ်းအားများ ဆုံးရှုံးသွားသည်နှင့်အမျှ လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းရှိ စိတ်ဝိညာဉ်ချီများ လုံးလုံးလျားလျား ကုန်ခမ်းသွားပြီး နယ်မြေတစ်ခုလုံးမှ အရွတ်များနှင့် အရိုးများကို ဆွဲထုတ်ခံလိုက်ရသည့်အလားပင်။
ပဲ့တင်ထပ်နေသော 'ဝုန်း'ခနဲ အသံကြီးနှင့်အတူ လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းတစ်ခုလုံးသည် အပျက်အစီးနယ်မြေတစ်ခု ဖြစ်သွားခဲ့လေ၏။
ဤအချိန်တွင်...
လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းမှာ နာမည်ခံသက်သက်သာ တည်ရှိတော့သည်။
ထိုသတ္တုတွင်းသည် ကျုံးချင်၏စွမ်းအားဖြင့် လုံးလုံးလျားလျား ဖျက်ဆီးခံလိုက်ရသည်။
ကျုံးချင် အပျက်အစီးများထဲမှ ထွက်လာစဉ်...
"သခင်..."
ချီလင်ရှောင်ဟေးနှင့် ရှောင်ကာတို့သည် သူ့ကို နှုတ်ဆက်ရန် ချက်ချင်း ရှေ့သို့တိုးလာခဲ့ကြ၏။
ကျုံးချင်က ခေါင်းညိတ်ပြလိုက်သည်။
"ငါ တံခါးပိတ်ကျင့်ကြံနေတဲ့ ဒီရက်ပိုင်း အတွင်းမှာ ဘာပြဿနာမှ မရှိခဲ့ဘူး မဟုတ်လား..."
ရှောင်ဟေးက အလျင်အမြန် ပြန်ဖြေလိုက်သည်။
"သခင့်ကို သတင်းပို့ပါတယ်... အရာအားလုံး ပုံမှန်ပါပဲ..."
"သွားကြစို့..."
ကျုံးချင်က စတင်၍ လျှောက်လှမ်းလိုက်၏။
ယခုချိန်၌ လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်း တွင် မည်သည့်တန်ဖိုးမျှ မရှိတော့ချေ။ သူ ထွက်ခွာသွားရန် အချိန်တန်လေပြီ။
ညနေစောင်းနေပြီ ဖြစ်သဖြင့် ဝင်နေသော နေမင်းကြီး၏ နောက်ဆုံးလက်ကျန်အလင်းရောင်က ကမ္ဘာမြေပေါ်သို့ ဖြာကျနေသည်။
ကျုံးချင်သည် ဆည်းဆာအလင်းရောင်အောက်တွင် အေးအေးလူလူ လမ်းလျှောက်နေပေ၏။
ချီလင်ရှောင်ဟေးနှင့် ရှောင်ကာတို့သည် သူ၏နံဘေးဘေးမှ လိုက်ပါလာခဲ့ကြသည်။
ဤမြင်ကွင်းက လူတိုင်း၏အာရုံစိုက်မှု ဗဟိုချက် ချက်ချင်းဖြစ်လာသည်။
ကျုံးချင် တံခါးပိတ် ကျင့်ကြံနေခဲ့သည်မှာ သုံးရက်နီးပါး ကုန်လွန်သွားခဲ့လေပြီ။
ဤသုံးရက်အတွင်း လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းရှိ သတ္တုတွင်းကျွန်များ အားလုံးသည် စည်းလုံးညီညွတ်သော တပ်တစ်တပ်ကို ဖွဲ့စည်းခဲ့ကာ စောင့်ဆိုင်းနေခဲ့ကြသည်။
ကျုံးချင် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာမည့် အချိန်ကို သူတို့ စောင့်ဆိုင်းနေခဲ့ကြ၏။
အကြောင်းအရင်းမှာ ကျုံးချင်သည် သုံးရက်အတွင်း လူတိုင်းကို ခေါ်ထုတ်သွားနိုင်သည်ဟု ပြောခဲ့သောကြောင့်ပင်။
သေချာသည်မှာ ဤလွန်ခဲ့သော ရက်အနည်းငယ် အတွင်း ခိုးထွက်ရန် ကြိုးစားသူတချို့ ရှိခဲ့ပေ၏။
သို့သော် သူတို့ မည်သည့်နည်းလမ်းများကို အသုံးပြုပါစေ သတ္တုတွင်းကို လွှမ်းခြုံထားသော အဆုံးမဲ့ ဆန်းကြယ်အလင်းဝင်္ကပါကို သူတို့ အနည်းငယ်မျှ မလှုပ်ခတ်စေနိုင်ခဲ့ချေ။
သတ္တုတွင်းကျွန်များသည် ဖုန်းယွီဂိုဏ်းနှင့် ယခင်က ထိပ်တိုက်တွေ့ဆုံမှုတွင် ယာယီအောင်ပွဲတစ်ခုကို ရရှိခဲ့သော်လည်း...
သူတို့ စောစီးစွာ ထွက်ခွာမသွားနိုင်ပါက ဖုန်းယွီဂိုဏ်း၏ အဆင့်မြင့်အရာရှိများ ရောက်ရှိလာသည်နှင့် တပြိုင်နက် သူတို့ထဲမှ တစ်ယောက်စီတိုင်း ဖိနှိပ်ခံရပြီး အသတ်ခံရမည့် ကံကြမ္မာမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သူတို့ သိထားကြ၏။ ထို့ကြောင့် ဤကာလအတွင်း လူတိုင်းသည် စိုးရိမ်ပူပန်ပြီး စိတ်မသက်မသာ ဖြစ်နေခဲ့သည်။
သို့သော် သူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက်များအားလုံးကို ကျုံးချင်အပေါ် ထားရှိရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိခဲ့ချေ။
ယခုချိန်၌ ကျုံးချင်၏ပုံရိပ်ကို မြင်တွေ့ချိန်၌ သူတို့ တစ်ယောက်စီတိုင်းသည် မျှော်လင့်ချက်နှင့် စိုးရိမ်ပူပန်မှု နှစ်ခုလုံးကို ခံစားနေရသည်။
သောင်းနှင့်ချီသော သတ္တုတွင်းကျွန်များသည် ဤမဟာဝင်္ကပါကြီးကို ဘာမှမလုပ်နိုင်ခဲ့ချေ။
သူသည် အမှန်တကယ် သူတို့ကို ခေါ်ထုတ်သွားနိုင်မည်လော...
ဤငရဲခန်းမှ လွတ်မြောက်ပြီး သူတို့သည် လွတ်လပ်မှုကို ဆုပ်ကိုင်နိုင်မည်လော...
သတ္တုတွင်းကျွန် အများအပြားအတွက် လွတ်လပ်မှု ဟူသောစကားလုံးမှာ အလွန်အမင်း အဖိုးတန်သော အရာတစ်ခုပင်။
သူတို့သည် သတ္တုတွင်းကျွန်များ ဖြစ်လာကတည်းက လူအများစုသည် သူတို့၏ကံကြမ္မာ ကို လက်ခံထားပြီး ဖြစ်ပေ၏။
ဤအရာမှာ သူတို့ လွတ်လပ်မှု ပြန်လည်ရရှိရန် မျှော်လင့်ချက်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင်။
ကျုံးချင် ရောက်ရှိလာသည်နှင့်...
လူတိုင်း၏အကြည့်များက သူ့အပေါ်တွင် စူးစိုက်၍ ကျရောက်နေသည်။
"သခင်... ကျွန်တော်တို့ကို တကယ်ကြီး ခေါ်ထုတ်သွားနိုင်မှာလား..."
တစ်စုံတစ်ယောက်က စိုးရိမ်တကြီး မေးမြန်းလိုက်၏။
ဤစကားများကို ပြောဆိုလိုက်သည်နှင့် တပြိုင်နက် လူတိုင်း၏အကြည့်များက ကျုံးချင်အပေါ်သို့ စူးစိုက်၍ ကျရောက်သွားသည်။
ဤသည်က မျက်လုံးစုံမှိတ်ကာ ကျင့်ကြံနေခဲ့သော လျှူယွင်လည်း အပါအဝင်ပင်။
ကျုံးချင်၏အကြည့်မှာ အစမှအဆုံးထိ လျှူယွင်အပေါ်တွင်သာ ရှိနေသည်။
"သွားကြစို့..."
"လွန်ခဲ့တဲ့ သုံးရက်က ကတိကို ဖြည့်ဆည်းဖို့ ငါ ဒီနေရာကို ရောက်လာတာပဲ..."
ဤအချိန်အခိုက်အတန့်တွင် ကျုံးချင်သည် လျှူယွင်ကို မတူညီသော ခံစားချက်တစ်အား ပေးစွမ်းနိုင်ခဲ့ပေ၏။
ဤသုံးရက်အတွင်း လျှူယွင်သည် တံခါးပိတ်ကျင့်ကြံ နေခဲ့သော်လည်း လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းရှိ အပြောင်းအလဲများအားလုံးကို သူမ ရှင်းလင်းစွာ သိမြင်ခဲ့သည်။
သူမ၏ရှေ့ရှိ အမျိုးသားသည် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်း တစ်ခုလုံးမှ စွမ်းအားများကို ခန်းခြောက်သွားအောင် လုပ်နိုင်လိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ချေ။
သူမ၏စိတ်နှလုံးသားထဲတွင် အချက်တစ်ချက်ကို သူမ ဝန်ခံခဲ့ရသည်။
ဤအမျိုးသားသည် အချိန်တစ်ခုတွင် လျှို့ဝှက်ဆန်းကြယ်သော ဖုံးကွယ်မှုတစ်ခု လွှမ်းခြုံထားပြီး သူမက သူ့ကို နားလည်ရန် ခက်ခဲစေခဲ့၏။
သို့သော် ယခုအချိန်သည် ထိုကဲ့သို့ အရာများအကြောင်း တွေးတောနေရမည့် အချိန် မဟုတ်ချေ။
ကျုံးချင် နောက်ဆုံးတွင် မည်သို့ ထွက်ခွာသွားမည်ကို သူမ အမှန်တကယ် မြင်တွေ့ချင်နေသည်။