အခန်း (၄၀၃-၄၀၄)
Vol. 41 Ch. 403-404
အခန်း ၄၀၃: တုန်လှုပ်မှု
ဝုန်း...
သတ္တုတွင်းအတွင်း၌ ထိတ်လန့်ဖွယ်စွမ်းအားများ လှိုင်းထလာပြီး အဆုံးမဲ့နတ်ဘုရား အလင်းတန်းများ ပွင့်အံ့ထွက်လာသည်။
ယခုရောက်လာသူသည် မိုးကြိုး၏စွမ်းအားကို သယ်ဆောင်လာပြီး တိုက်ပွဲမြေပြင်သို့ တိုက်ရိုက်ဦးတည်သွားသည်။
အမျိုးသမီးတစ်ယောက် ရှေ့ထွက်လာကာ သူမ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်မှုနှင့်အတူ ကောင်းကင်မိုးကြိုးများ တလိမ့်လိမ့်ထလာပြီး လျှပ်စီးတန်းပေါင်းများစွာ ယှက်နွယ်သွားသည်။
သူမသည် သတ္တုတွင်းကျွန်တစ်စုကို တိုက်ရိုက်ကာကွယ်ပေးခဲ့ပြီး တိုက်ခိုက်မှုတစ်ခုကို တွန်းလှန်ခဲ့သည်။
တာဝန်ခံများအနက်မှ တစ်ဦးဖြစ်သော ဓမ္မသောင်းချီနယ်ပယ် ပထမအဆင့် ကျွမ်းကျင်သူတစ်ဦးသည် သူမ၏လက်ဝါးရိုက်ချက်ကြောင့် လွင့်စင်သွားပြီး သွေးများအန်ထုတ်ကာ မြေပြင်ပေါ်သို့ လဲကျသွားပေ၏။
တစ်ချိန်တည်းမှာပင် ဝူကျောက်တို့ညီအစ်ကိုသုံးဦးလည်း လှုပ်ရှားလိုက်ကြသည်။
သူတို့သုံးဦးလုံးသည် ဓမ္မသောင်းချီနယ်ပယ် ဒုတိယအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြပြီး ပထမဆုံး တိုက်ခိုက်မှုလှိုင်းကို စွမ်းရည်သုံးပါး ပေါင်းစပ် တိုက်ခိုက်မှုဝင်္ကပါဖြင့် ရင်ဆိုင်ခဲ့သည်။
သတ္တုတွင်းအတွင်း၌ ဖရိုဖရဲအခြေအနေတစ်ရပ် ချက်ချင်းပေါက်ကွဲထွက်လာသည်။
မဟာအာဏာရှင်သည် ဤအရာအားလုံးကို ကြည့်ရှုနေပြီး သူ၏မျက်လုံးများက စူးရှကာ သူ၏မျက်နှာသည် နှင်းခဲအလား အေးစက်တင်းမာနေပေ၏။
"လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းထဲမှာ ဒီလို ကျွမ်းကျင်သူတစ်ယောက် ပုန်းအောင်းနေလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး..."
သူ၏အကြည့်က ရောက်လာသူအပေါ်တွင် စူးစိုက်သွားခဲ့သည်။
ဤသည်မှာ ဓမ္မသောင်းချီနယ်ပယ် တတိယအဆင့်တွင်ရှိသာ အမျိုးသမီးတစ်ဦးပင်။
သူမသည် ဓမ္မသောင်းချီနယ်ပယ် တတိယအဆင့်တွင်သာ ရှိသော်လည်း သူမ၏ တိုက်ခိုက်ရေး စွမ်းအားမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသည်။
ဓမ္မသောင်းချီနယ်ပယ် တတိယအဆင့် ကျွမ်းကျင်သူ နှစ်ဦးနှင့် ဓမ္မသောင်းချီနယ်ပယ် စတုတ္ထအဆင့် ကျွမ်းကျင်သူ တစ်ဦးပင်လျှင် အချိန်တိုအတွင်း၌ သူမကို မည်သို့မျှ မလုပ်နိုင်ခဲ့ချေ။ ယခုရောက်လာသူမှာ လျှူယွင်မှလွဲ၍ တခြားလူမဟုတ်ချေ။
ဤအချိန်အခိုက်အတန့်တွင် သူမ၏ဆံပင်ရှည်များ လူးလွန့်နေပြီး သူမ၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် ထိတ်လန့်ဖွယ် မိုးကြိုးစွမ်းအားကို သယ်ဆောင်ထားပေ၏။
သူမသည် မိုးကြိုးနတ်ဘုရားမတစ်ပါးအလား ထွက်ပေါ်လာခဲ့သည်။
ဖုန်းယွီဂိုဏ်း၏လူများဘက်မှ တိုက်ခိုက်မှုများကို ခုခံနေစဉ်တွင် သူမသည် ပတ်ဝန်းကျင်ရှိ သတ္တုတွင်း ကျွန်များအတွက် ကြေးနီကွင်းကန့်သတ်ချက်များနှင့် ဖိနှိပ်မှုများကို အများဆုံး အကန့်အသတ်ထိ ဖယ်ရှားပေးခဲ့သည်။
"အားလုံးပဲ... ဖုန်းယွီဂိုဏ်းက ရက်စက်တယ်... ဒီအချိန်မှာ ငါတို့အားလုံး စုစည်းပြီး ပူးပေါင်းဆောင်ရွက်မှုမှ မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု ရနိုင်လိမ့်မယ်..."
ဤကာလအတွင်း လျှူယွင်အကြောင်း ပြောဆိုရလျှင် ကျုံးချင်က သူမနှင့် ပူးပေါင်းရန် ငြင်းဆိုပြီးနောက် သူမသည် အဖော်အသစ်တစ်ဦး ရှာဖွေရန် ကြံရွယ်ခဲ့သည်။
သို့သော် သူမ မည်သည့်လှုပ်ရှားမှုမျှ မလုပ်နိုင်မီမှာပင် ကျွမ်းကျင်သူအမြောက်အများ သတ္တုတွင်းသို့ ဦးတည်၍လာနေကြောင်း သူမ အာရုံခံမိသည်။
ထို့နောက် သူမ၏အာရုံစိုက်မှုမှာ သတ္တုတွင်း၏ပင်မ ခန်းမဆီသို့ ပြောင်းလဲသွားပေ၏။
မဟာအာဏာရှင် လုဖုန်းသည် နံပါတ်တစ်ဆယ်သတ္တုတွင်းရှိ သတ္တုတွင်းကျွန်များအားလုံးကို သတ်ဖြတ်ချင်လောက်အောင် ရူးသွပ်နေသည်အား မြင်တွေ့ချိန်၌ လျှူယွင်သည် ငြိမ်ငြိမ်မနေနိုင်တော့ချေ။
သတ္တုတွင်းကျွန်တစ်စု သေဆုံးခြင်းကို သူမ စိုးရိမ်ပူပန်ခြင်းမရှိချေ။
သို့သော် သတ္တုတွင်းကျွန်များအားလုံး ရှင်းလင်းခံရပါက အသိုက် မှောက်ကျသွားသဖြင့် မည်သည့်ဥမှ မကွဲဘဲ ကျန်ရစ်မည် မဟုတ်ပေ။ သူမ၏အဆင့်အတန်းသည် ထူးခြားသော်လည်း သူမ၏လက်ရှိစွမ်းအားဖြင့် သတ္တုတွင်းတာဝန်ခံများအားလုံးကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် သူမသည် ချက်ချင်းလှုပ်ရှားလိုက်၏။
ဤအချိန်တွင် သတ္တုတွင်းကျွန်များကို သူတို့၏ ကြေးနီကွင်းကန့်သတ်ချက်များ ဖယ်ရှားရန် ကူညီပေးပြီး အင်အားတစ်ခု စုစည်းခြင်းဖြင့်သာ ဖုန်းယွီဂိုဏ်း၏သတ်ဖြတ်မှုကို ခုခံနိုင်ပေမည်။
အချိန်တခဏအတွင်း လျှူယွင်သည် သတ္တုတွင်းကျွန် ရာပေါင်းများစွာကို ကြေးနီကွင်းကန့်သတ်ချက်များကို အမြင့်ဆုံးအတိုင်းအတာထိ ဖယ်ရှားရန် ကူညီပေးခဲ့ပြီးဖြစ်ပေ၏။
ဤသည်ကြောင့် သူတို့သည် ကြေးနီကွင်းကို လုံးလုံးလျားလျား မချွတ်နိုင်သော်လည်း သူတို့၏စွမ်းအားမှ ရှစ်ဆယ်ရာခိုင်နှုန်းကို အသုံးပြုနိုင်လေပြီ။
လျှူယွင်၏ခေါ်သံကို ကြားချိန်၌ သတ္တုတွင်းကျွန်များကလည်း တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်လိုက်ကြ၏။
"ဖုန်းယွီဂိုဏ်းက ငါတို့ကို လူသားတွေလို တစ်ခါမှ မဆက်ဆံခဲ့ဘူး... အခု သူတို့က အကြောင်းပြချက် မရှိဘဲ ငါတို့ကို သတ်ချင်နေတယ်... သူတို့ကို သေတဲ့အထိ တိုက်ခိုက်ကြစို့..."
နှစ်ဖက်ကြားရှိ ခွန်အားကွာခြားချက်သည် ကြီးမားနေဆဲ ဖြစ်သော်လည်း....
လျှူယွင် ထွက်ပေါ်လာခြင်း၊ သူတို့၏လက်ပေါ်ရှိ ကြေးနီကွင်းကန့်သတ်ချက်များ လျော့ပါးသွားခြင်း နှင့် ဝူကျောက်တို့ ညီအစ်ကိုသုံးဦး၏ လုပ်ရပ်များက သူတို့ကို တိုက်ခိုက်ရန်စွမ်းအား အနည်းငယ် ပေးခဲ့ပြီး ယခင်ကလောက် စိတ်ပျက်အားငယ်စရာ မရှိတော့ချေ။
"ဟဲဟဲ... မင်းတို့က ငါတို့ဖုန်းယွီဂိုဏ်းကို သေတဲ့အထိ တိုက်ခိုက်ချင်တယ်ပေါ့... အဲ့ဒီအတွက် မင်းတို့မှာ အရည်အချင်း ရှိလို့လား..."
ဤအချိန်အခိုက်အတန့်တွင် လုဖုန်းသည် အလျင်လိုခြင်း မရှိခဲ့ချေ။
သတ္တုတွင်းကျွန်များကို သူတို့၏ လက်ပေါ်ရှိ ကန့်သတ်ချက် လျော့ပါးသွားစေရန် လျှူယွင်၏ ကူညီပေးနိုင်စွမ်းမှာ သူ မမျှော်လင့်ထားသောအရာပင်။ သို့သော် သူတို့ထံတွင် သတ္တုတွင်းကျွန်များအားလုံးကို ချေမှုန်းနိုင်သည့်စွမ်းအား ရှိနေဆဲပင်။
ဤအချိန်အခိုက်အတန့်တွင် သတ္တုတွင်းသည် ကြီးမားသော ကပ်ဘေးအန္တရာယ် မြင်ကွင်းတစ်ခု အလားပင်။
မြေပြင်တပြင်လုံးကို တုန်ခါစေသော ရုန်းကန်မှုက မကြာမီမှာပင် တောင်ပြိုကျခြင်းနှင့် မြေကြီးအက်ကွဲခြင်းတို့ကဲ့သို့ ပြိုလဲပျက်စီးမှုကို ဖြစ်ပေါ်စေခဲ့ပြီး မရေမတွက်နိုင်သော သတ္တုတွင်းကျွန်များ၏ အကြည့်ကို ဆွဲဆောင်သွားသည်။
"ဘာတွေ ဖြစ်နေတာလဲ..."
"သတ္တုတွင်းထဲမှာ ဒီလိုအဆင့်ရှိတဲ့ တိုက်ပွဲမျိုး ဘာလို့ ဖြစ်နေတာလဲ..."
တစ်စုံတစ်ယောက်က ထိတ်လန့်တကြား မေးမြန်းလိုက်၏။
"တခြား ဘာဖြစ်နိုင်ဦးမလဲ... ဒီ ခွေးမသား ဖုန်းယွီဂိုဏ်းက ငါတို့ သတ္တုတွင်းကျွန်တွေအားလုံးကို သတ်ချင်နေတာလေ..."
ဖရိုဖရဲဖြစ်မှုအတွင်း သတ္တုတွင်းခန်းမမှ ထွက်ပြေးလွတ်မြောက်လာသော သတ္တုတွင်းကျွန်တစ်ဦးက ပြန်ဖြေလိုက်သည်။
"ဘာ..."
ဤသတင်းကို ကြားသူတိုင်း ငြိမ်ငြိမ်မနေနိုင်တော့ချေ။
ဤသတ္တုတွင်းကျွန်များမှာ များသောအားဖြင့် မကျေမနပ်မရှိဘဲ ကြိုးကြိုးစားစား အလုပ်လုပ်ကြပြီး အရိုက်ခံရခြင်းနှင့် အဆဲခံရခြင်းကို သည်းခံကာ နှိမ့်ချစွာနေပြီး အသက်ရှင်ရန်သာ ဆန္ဒရှိခဲ့ကြ၏။
သို့သော် ယခုအချိန်၌ ဖုန်းယွီဂိုဏ်းသည် သူတို့ကို အသက်ရှင်ရန် နောက်ဆုံး လမ်းကြောင်းလေးတစ်ခုကိုပင် ချန်မထားတော့ချေ။
သူတို့၏မျက်လုံးများ ချက်ချင်းနီရဲသွားသည်။
"ဒီခွေးမသားတွေကို တိုက်ခိုက်ကြစို့..."
ဤလူများသည် သတ္တုတွင်းတွင် အလွန်အမင်း ဖိနှိပ်ခံထားရပြီးဖြစ်သည်။
ဤရုတ်တရက် အပြောင်းအလဲက ကုလားအုတ်၏ ကျောကို ကျိုးစေသော နောက်ဆုံးကောက်ရိုးမျှင် ဖြစ်လာခဲ့ပြီး သတ္တုတွင်းကျွန်အများအပြား၏ တိုက်ခိုက်လိုစိတ်ကို လုံးလုံးလျားလျား လောင်ကျွမ်းသွားစေပေ၏။
"ဝုန်း..."
အခင်းဖြစ်ပွားရာနေရာတွင် တောင်တန်းများ တုန်ခါသွားသည်။
ကျုံးချင်သည်လည်း တိုက်ပွဲမြေပြင်သို့ ဝင်ရောက်လာကာ ပတ်ဝန်းကျင်နေရာတဝိုက်လုံး အလွန်အမင်း ဖရိုဖရဲ ဖြစ်နေသည်။
သူသည် သူ့ထံသို့ လာနေသော ကင်းလှည့်အဖွဲ့ဝင် တချို့ကို အဆက်မပြတ် တိုက်ခိုက်၍ ရှင်းလင်းနေပေ၏။
မကြာမီ ဤတိုက်ပွဲသည် မြေအောက်မှ မြေပြင် အထက်သို့ ကူးပြောင်းသွားခဲ့သည်။
နံပါတ်တစ်ဆယ်သတ္တုတွင်းတစ်ခုလုံးတွင် တိုက်ခိုက်သံများဖြင့် ပြည့်နှက်နေတော့သည်။
"အစ်ကိုကျုံး... ခင်ဗျားရဲ့ ခွန်အားက အထင်ကြီးစရာ ပဲ..."
"ကျွန်တော် အမြင်မမှားဘူးဆိုရင် ခင်ဗျား အခုလေးတင် ယန်သုံးပါးနယ်ပယ် ပထမအဆင့် သတ္တုတွင်း တာဝန်ခံတစ်ယောက်ကို သတ်လိုက်တာ မဟုတ်လား..."
ရှန်ဖေး၏ မျက်လုံးများ တောက်ပလာပြီး သူ့ကို ချီးကျူးလိုက်၏။
ကိစ္စများက ထိန်းချုပ်၍ မရနိုင်သော ဦးတည်ချက် တစ်ခုသို့ တိုက်ရိုက်ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
သို့သော် ရှန်ဖေးသည် ကြောက်ရွံ့ခြင်းကို မပြခဲ့ချေ။ ဤအချိန်အခိုက်အတန့်တွင် သူသည် ကျုံးချင်နှင့် စကားပြောရန်ပင် စိတ်ကူးရှိနေသည်။
သူ၏အတွေးမှာလည်း အလွန်ရိုးရှင်းလှ၏။
လူတစ်ယောက် သေဆုံးသွားချိန်၌ သူသည် ကောင်းကင်ကို မျက်နှာမူရပေမည်။ သူ မသေပါက နှစ်တစ်သောင်းတိုင်တိုင် အသက်ရှင်နေနိုင်သည်။
ဤအရာမှာ ကြီးမားသော ဘေးအန္တရာယ်တစ်ခု ဖြစ်နိုင်သော်လည်း လွတ်မြောက်ရန် အခွင့်အရေးတစ်ခု မဖြစ်နိုင်သည်တော့ မဟုတ်ချေ။
သူ့ကို အနည်းငယ် စိတ်ဓာတ်ကျစေသော တစ်ခုတည်းသောအရာမှာ တစ်ခုတည်းသာရှိသည်။
မူလက သူသည် ကျုံးချင်၏ခွန်အားမှာ သူနှင့်အဆင့်တူ၌ရှိဟု ထင်မှတ်ခဲ့ပေ၏။
သို့သော် ယခုကြည့်ရသလောက် တစ်ဖက်လူက ယန်သုံးပါးနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကိုပင် သတ်ဖြတ်နိုင်ရာ ကျုံးချင်၏စွမ်းအားမှာ သူ၏အထက်တွင် ရှိနေကြောင်း သိသာထင်ရှားသည်။
"ကောင်းပြီလေ... အနှောင့်အယှက် မပေးနဲ့တော့...နောက်ကျရင် သတိထားပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်..."
ကျုံးချင်သည် သူ၏လက်ဖြင့် ရှန်ဖေး၏လက်ကို ပွတ်သပ်လိုက်၏။
ဤှသည်မှာ ရှန်ဖေးကို ချုပ်နှောင်ထားသော ကြေးနီကွင်းအား ကျုံးချင်က ဖယ်ရှားလိုက်ခြင်းပင်။
သူတို့သည် ဖုန်းယွီဂိုဏ်းနှင့် အဆင်မပြေ ဖြစ်နေပြီ ဖြစ်ရာ ဤအချိန်တွင် သူ နောက်တွန့်နေရန် မလိုအပ်တော့ချေ။
ရှန်ဖေးသည် သူ၏လက်ပေါ်ရှိ ကြေးနီကွင်းကို ကျုံးချင်က ပေါ့ပေါ့ပါးပါး ပွတ်သပ်ကာ ဖယ်ရှားလိုက်သည်ကိုကြည့်ပြီး အလွန်အမင်း ထိတ်လန့်သွားသဖြင့် သူ၏မျက်လုံးများပင် ကျွတ်ထွက်လုနီးပါး ဖြစ်သွားပေ၏။
"ဒါ... ဒါက..."
သူ၏လက်ပေါ်ရှိ ကြေးနီကွင်း မည်မျှထိ အစွမ်းထက်ကြောင်း သူကိုယ်တိုင် သိထားသည်။
သခင်မလျှူယွင်ပင်လျှင် ကြေးနီကွင်း၏ဖိနှိပ်မှုကို လျော့ပါးသွားစေရန်သာ ကူညီပေးနိုင်သော်လည်း ကျုံးချင်ကမူ ထိုအရာကို တိုက်ရိုက်ဖယ်ရှားနိုင်လိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ချေ။
ဤအရာမှာ အမှန်တကယ်ကို ထိတ်လန့်ဖွယ် ကောင်းလှ၏။
ဖြစ်နိုင်မလား...
ငါ့ရဲ့ အစ်ကိုက ပုန်းအောင်းနေတဲ့ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ တစ်ယောက်များလား...
အချိန်တခဏကြာအတွင်း၌ ရှန်ဖေးသည် ထိတ်လန့်မှုကြောင့် သူ၏အောက်မေးရိုးပင် ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
သို့သော် သူသည် အမှန်တကယ်ပင် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါက သူတို့နှစ်ဦး အစောပိုင်းက နဂါးတံခါးကို တက်လှမ်းစဉ်တွင် သူတို့ ထွက်ပြေးနိုင်ခဲ့ပြီးဖြစ်ပေမည်။
မည်သည်ကြောင့် ကျုံးချင်သည် ဖမ်းဆီးခံရပြီး သတ္တုတွင်းသို့ သတ္တုတွင်းကျွန်တစ်ဦးအဖြစ် ခေါ်ဆောင်လာခြင်း ခံရသနည်း...
သူ ဤကိစ္စကို နားမလည်နိုင်ခဲ့ချေ။ သူ လုံးလုံးလျားလျား နားမလည်နိုင်ခဲ့ပေ။
ရှန်ဖေးသည် သူ၏အစ်ကိုကျုံးအပေါ် သူ ပို၍နားမလည်နိုင် ဖြစ်လာကြောင်း တွေ့ရှိလိုက်ရ၏။
ဖရိုဖရဲတိုက်ပွဲအတွင်းတွင် သတ္တုတွင်းမှ ငှက်တစ်ကောင် ပျံသန်းထွက်လာသည်။
"သခင်..."
ထိုငှက်က ကျုံးချင်၏ပခုံးပေါ်သို့ တိုက်ရိုက်ပျံသန်းလာသည်။
ဤသည်မှာ ရှောင်ကာမှလွဲ၍ တခြားမဟုတ်ချေ။
ဤငှက်ကိုမြင်တွေ့ချိန်၌ လူအများအပြား၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ထင်ဟပ်နေသည်။
မကြာသေးမီက ရှောင်ကာသည် သတ္တုတွင်းရှိ လူများအားလုံး သိနေသော ငှက်တစ်ကောင် ဖြစ်လာခဲ့ပေ၏။
သေချာသည်မှာ ဤအချိန်အခိုက်အတန့်တွင် သတ္တုတွင်းကျွန်များသည် ရှောင်ကာကို ဖမ်းဆီးရန် ရည်ရွယ်ချက် မရှိကြချေ။
သူတို့သည် ဖုန်းယွီဂိုဏ်းနှင့် ဤအခြေအနေမျိုးအထိ ရောက်ရှိနေလေပြီ။ ဤအချိန်အခိုက်အတန့်တွင် နှစ်ဖက်လုံးသည် သေရေးရှင်ရေးအခြေအနေတွင် ရှိနေကြောင်း သိသာရှင်းလင်းသည်။
သူတို့သည် သတ္တုတွင်းတာဝန်ခံများကို ဖားယားရန်နှင့် သူတို့ကိုယ်သူတို့ နှိမ့်ချနေရန် မလိုအပ်တော့ချေ။
သို့သော် တိုက်ပွဲကို စောင့်ကြည့်နေသော မဟာ အာဏာရှင်သည် ရှောင်ကာကို မြင်တွေ့ချိန်၌ ချက်ချင်းဆိုသလိုပင် သူ၏မျက်လုံးများ နီမြန်းသွားပေ၏။
"ပုရွက်ဆိတ်ကောင်... ဒီငှက်က မင်းရဲ့သားရဲလား..."
သူ၏မျက်လုံးများက ကျုံးချင်ကို စူးစိုက်ကြည့်ရင်း မီးတောက်များ မှုတ်ထုတ်နေသည့်အလားပင်။
သူသည် သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ဖုံးကွယ်ထားခြင်း မရှိချေ။
သူ၏ ဓမ္မသောင်းချီနယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံမှုသည် လုံးလုံးလျားလျား ပေါက်ကွဲထွက်လာပြီး လေဟာနယ်ကို မွှေနှောက်ကာ မြေပြင်ကို တုန်ခါသွားစေသည်။
...
အခန်း ၄၀၄: ဒါက ကောင်စုတ်ကြီးပဲ
လုဖုန်းသည် သူ၏စွမ်းအားကို အသုံးပြုလိုက်သည်နှင့်သူ၏တည်ရှိမှုမှာ ချက်ချင်းဆိုသလိုပင် လူအများ၏မျက်လုံးအကြည့်များအားလုံးမှ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်လာသည်။
သူ၏အရှိန်အဝါမှာ အလွန်အားကောင်းလွန်းလှသည်။
ထိုအရာမှာ ကောင်းကင်ဘုံ၏စွမ်းအားအလား နတ်ဘုရားတစ်ပါး၏ ဒေါသအလားပင်။
သူ၏အရှိန်အဟုန်သည် ကြီးမားလွန်းသဖြင့် လျှူယွင်ကိုပင် အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးသွားသည်။
မဟာအာဏာရှင် လုဖုန်း မလှုပ်ရှားမီက လျှူယွင်သည် နေရာတစ်ခုလုံးတွင် ယုံမှားသံသယဖြစ်ဖွယ် မရှိအောင် မျက်စိဖမ်းစားနိုင်ဆုံး တည်ရှိမှုပင်။
သူမ၏ကိုယ်ပိုင်စွမ်းအားဖြင့် သူမသည် ဓမ္မသောင်းချီနယ်ပယ် တတိယအဆင့် ကျွမ်းကျင်သူနှစ်ဦးနှင့် ဓမ္မသောင်းချီနယ်ပယ် စတုတ္ထအဆင့် ကျွမ်းကျင်သူတစ်ဦးတို့ကို ဟန့်တားနိုင်ခဲ့သည်။
သူမ၏တည်ရှိမှုက သတ္တုတွင်းကျွန်များအားလုံး ခုခံရန် ရဲဝံ့လာစေသည့် ယုံကြည်မှုလည်း ဖြစ်ခဲ့ပေ၏။
သို့ရာတွင် လျှူယွင်သည် အစွမ်းထက်သော်လည်း သူမသည် ဓမ္မသောင်းချီနယ်ပယ် တတိယအဆင့်တွင်သာ ရှိနေသေးသည်။
သူမသည် ဓမ္မသောင်းချီနယ်ပယ် ဆဋ္ဌမအဆင့်တွင် ရှိသော မဟာအာဏာရှင်လုဖုန်းထက် အဆင့်ငယ်သုံးဆင့် နိမ့်ကျနေသည်။
ဓမ္မသောင်းချီနယ်ပယ် အဆင့်ငယ်ကိုးဆင့်တွင် အဆင့်တစ်ခုစီမှာ ကောင်းကင်ဘုံတစ်ခု ဖြစ်သည်ဟု ဆိုကြ၏။
အဆင့်ငယ်သုံးဆင့် ကွာခြားချက်မှာ ကောင်းကင်ဘုံ သုံးခု ကွာခြားနေသည်နှင့် တူညီသည်။
ထိုအရာက လက်ရှိနေရာရှိ လူတိုင်းကို ကြီးမားသော ဖိအားတစ်ခုအား ခံစားရစေခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် လုဖုန်း၏ဆံပင်ရှည်များ လူးလွန့်နေပြီး သူ၏မျက်လုံးများ သွေးရောင်လွှမ်းနေကာ ငရဲမှ နတ်ဆိုးတစ်ကောင်အလား ဖြစ်နေသည်။ သူ၏ရက်စက်ကြမ်းတမ်းသောအကြည့်မှာ လူတိုင်းအတွက် သေမင်းနတ်ဘုရား၏ အကြည့်အလား ထင်ရသည်။
သို့သော် ထိုကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသော လုဖုန်း ကို ရင်ဆိုင်နေရသော်လည်း ရှောင်ကာသည် ကြောက်ရွံ့မှု ကင်းမဲ့နေပေ၏။
သူက ကျုံးချင်အား တီးတိုးစကားပြောဆိုကာ တိုင်တန်းလိုက်သည်။
"သခင်... ခုဏက ကျွန်တော့်ကို ရိုက်တာ ဒီကောင်စုတ်ကြီးပဲ...သခင် ကျွန်တော့်အတွက် လက်စားချေပေးရမယ်..."
ထိုစကားကိုကြားချိန်၌ လုဖုန်းက ဒေါသတကြီး အော်ဟစ်ရယ်မောလိုက်သည်။
သူသည် လောကကြီးတွင် အကြီးမားဆုံးဟာသပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလားပင်။
"ဟားဟားဟားဟား..."
"ငှက်ရုပ်ဆိုး... ဒီမဟာအာဏာရှင်ရဲ့ ဆေးလုံးတွေနဲ့ ရတနာတွေကို ခိုးယူတာက သေမယ့် လမ်းစဉ်ပဲ..."
"မင်းက ဒီမဟာအာဏာရှင်ကို လက်စားချေချင်သေးတယ်ပေါ့... မင်းက ကောင်းကင်နဲ့မြေကြီး ရဲ့ ကြီးမားကျယ်ပြန့်မှုကို တကယ်ကြီး မသိတာပဲ... ပြီးတော့ မင်းက ငါ့ကို မင်းရဲ့မျက်လုံးထဲမှာ လုံးဝမထားဘူး..."
"သေစမ်း..."
ဒေါသတကြီးဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။ မဟာအာဏာရှင်၏အသံသည် မိုးကြိုးအလား ပြင်းထန်ပြီး အဆုံးမဲ့ အလင်းတန်းများက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။
သူ၏ပုံရိပ်သည် လောင်ကျွမ်းနေသော နေမင်းတစ်စင်းအလား အလွန်အမင်း တောက်ပနေပေ၏။
သူ၏ခန္ဓာကိုယ် လှုပ်ရှားသွားသည်နှင့် တောင်များ တုန်ခါသွားပြီး မြေပြင် အက်ကွဲသွားကာ နေမင်းကြီး တစ်စင်း ရေပြင်ညီအတိုင်း ရွေ့လျားလာပြီး ကျုံးချင်ထံသို့ အကြွင်းမဲ့ချေမှုန်းမည့် အနေအထားဖြင့် ပြေးဝင်လာသည့်အလားပင်။
"ဝုန်း..."
ကောင်းကင်နှင့်မြေကြီးကြားတွင် လေနှင့်တိမ်တိုက်များ တလိမ့်လိမ့်ထလာပြီး မြေပြင်တုန်ခါသွားကာ လေဟာနယ် လှိုင်းထန်သွားပြီး မိုးခြိမ်းသံများ ကျဆင်းလာကာ လောကကြီးပျက်သုန်းမည့် အနေအထားသို့ ကျရောက်တော့မည့်အလားပင်။
"မဟာအာဏာရှင်က အရမ်းအစွမ်းထက်တယ်..."
ဖုန်းယွီဂိုဏ်း၏အဖွဲ့ဝင်များသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင် အလွန်စိတ်လှုပ်ရှားသွားကြ၏။
နံပါတ်တစ်ဆယ်သတ္တုတွင်းကျွန်များကို သတ်ဖြတ်မှုမှာ သူတို့၏အမြင်အရ လွယ်ကူပြီး ရိုးရှင်းသော အလုပ်တစ်ခု ဖြစ်သင့်သည်။
ဝူကျောက်တို့ညီအစ်ကိုသုံးဦး၏ ဘက်ပြောင်းသွားခြင်းနှင့် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး တစ်ဦး ပေါ်လာခြင်းတို့ကြောင့် ထိုသေသင့်သော သတ္တုတွင်း ကျွန်များသည် အမှန်တကယ်ကို ခုခံလိုစိတ်တစ်ခု ပေါက်ဖွားလာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမိမည်နည်း။
ထို့ကြောင့် မူလက တစ်ဖက်သတ်သတ်ဖြတ်မှုတစ်ခု ဖြစ်သင့်သောအရာမှာ ပြင်းထန်သော ရုန်းကန်မှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေ၏။
ယခုချိန်၌ မဟာအာဏာရှင် လှုပ်ရှားလာပြီဖြစ်ရာ ဤဟာသဇာတ်လမ်း ပြီးဆုံးသင့်ပြီဟု သူတို့ ခံစားလိုက်ရသည်။
တခြားတစ်ဖက်တွင်မူ သတ္တုတွင်းကျွန်များသည် စွမ်းအားကင်းမဲ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့ကို ခံစားလိုက်ရသည်။
ဓမ္မသောင်းချီနယ်ပယ် ဆဋ္ဌမအဆင့်ကျင့်ကြံမှုမှာ ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် သူတို့၏ နှလုံးသားများ အပေါ်သို့ ဖိနှိပ်နေသော တောင်ကြီးတစ်လုံးအလားဖြစ်ပြီး သူတို့ကို အသက်ရှူမွန်းကြပ်သွားစေသည်။
လုဖုန်းသည် သူတို့ကို ပစ်မှတ်မထားသော်လည်း...
ထိုငှက်ကို သတ်ပြီးနောက် တစ်ဖက်လူသည် နံဘေးတွင် မတ်တတ်ရပ်ပြီး ဘာမှမလုပ်ဘဲ နေမည်လောဟု သူတို့ တွေးတောမိကြ၏။
အဖြေမှာ မဖြစ်နိုင်ဟူ၍ပင်။
ဤအချိန်အခိုက်အတန့်တွင် သူတို့သည် နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုတစ်ခုကို ခံစားလိုက်ရသည်။
လျှူယွင်ပင်လျှင် ဤအချိန်အခိုက်အတန့်တွင် နံဘေးသို့ လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ချေ။
သူမ၏မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားပေ၏။
သူမ၏အတိတ်ဘဝတွင် သူမ၏နောက်ခံသည် အံ့အားသင့်ဖွယ်ကောင်းအောင် ကြီးမားခဲ့ကာ သူမ၏နံဘေးတွင် နောက်လိုက်များစွာ ရှိခဲ့သည်။
သူတို့ထဲမှ မည်သူမဆို ဓမ္မသောင်းချီနယ်ပယ် ကျင့်ကြံသူတစ်ဦးကို ချေမှုန်းနိုင်သည်။
သို့သော် ထိုအရာမှာ အဆုံးသတ်တွင် သူမ၏အတိတ်ဘဝမှ ဂုဏ်ကျက်သရေသာ ဖြစ်နေဆဲပင်။
ယခုအချိန်၌ သူမ အပြည့်အဝ ကြီးထွားလာခြင်း မရှိသေးသဖြင့် တားမြစ်ထားသော နည်းလမ်းများစွာကို အသုံးမပြုနိုင်သေးချေ။
သူမ၏ လက်ရှိနည်းလမ်းများဖြင့် ဓမ္မသောင်းချီနယ်ပယ် တတိယအဆင့်နှစ်ဦးနှင့် ဓမ္မသောင်းချီနယ်ပယ် စတုတ္ထအဆင့် တစ်ဦးကို ကိုင်တွယ်ဖြေရှင်းခြင်းမှာ သူမ၏အကန့်အသတ် ဖြစ်နေလေပြီ။
ထိုထက်ပိုလာပါက သူမ စွမ်းအားကင်းမဲ့သွားသည်ဟု ခံစားရပေလိမ့်မည်။
လုဖုန်း၏တည်ရှိမှုက သူမကို အလွန်ပြဿနာများသည်ဟု ခံစားရစေခဲ့သည်။
လူတိုင်းတွင် မတူညီသော အတွေးများ ရှိနေစဉ် ကောင်းကင်နှင့်မြေကြီးကြားတွင် ရုတ်တရက် အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။
လေဟာနယ်ထဲတွင် မီးကဲ့သို့နီရဲသော ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပေ၏။
"ကျီ..."
ရောက်လာသူသည် ရှည်လျားသော အော်မြည်သံတစ်သံကို ထုတ်လွှတ်လိုက်ရာ နတ်ဘုရားတစ်ပါး၏ ဟိန်းဟောက်သံအလား လေဟာနယ်ကို တုန်ခါသွားစေသည်။
မီးကဲ့သို့ နီရဲသော ပုံရိပ်သည် တောင်ကြီးတစ်လုံးအလား လုဖုန်းထံသို့ ကျရောက်လာသည်။
လုဖုန်း၏စိတ်နှလုံးသားသည် ဤရှည်လျားသော ဟိန်းဟောက်သံကြောင့် တုန်ခါသွားပြီး သူ၏ ဦးနှောက် ဗလာကျင်းသွားခဲ့လေ၏။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး ရပ်တန့်မသွားဘဲ မနေနိုင်ခဲ့ချေ။
သူ သတိပြန်ဝင်လာချိန်တွင် သူ၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားသည်။
သူ၏အမြင်အာရုံအောက်တွင် တောင်ကြီးတစ်လုံးအလား ခွာတစ်ဖက် ရှိနေသည်။
ထို့နောက် 'ဘုန်း' ဟူသော အသံနှင့်အတူ ထိုခွာတစ်ဖက်က လုဖုန်း၏မျက်နှာကို တိုက်ရိုက်ကန်ကျောက်လိုက်၏။
ယခုလှုပ်ရှားခဲ့သူမှာ ချီလင်ပင်။
ကန်ချက်တစ်ချက်က လုဖုန်း၏မျက်နှာကို ရွဲ့စောင်းသွားစေကာ မီးပွားများပင် လွင့်ထွက်လာသည်။ သူ၏ မျက်နှာအရိုးများ အက်ကွဲသွားသည်။
"ရှီး..."
လက်ရှိနေရာတွင် လူအများထံမှ အသက်ရှူမှားသံများ ထွက်ပေါ်လာသည်။
လူတိုင်းသည် သွားနာသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏မျက်နှာများ နာကျင်သွားသည့်အလား ခံစားလိုက်ရ၏။
ဤမြင်ကွင်းကို ကြည့်ရုံမျှဖြင့်ပင် သူတို့ နာကျင်နေလေပြီ။
ထို့နောက် ဤဓမ္မသောင်းချီနယ်ပယ် ဆဋ္ဌမအဆင့် မဟာအာဏာရှင်သည် နေရာတွင်ပင် သတိလစ်သွားတော့သည်။
အချိန်ခဏအတွင်း လက်ရှိနေရာရှိ လူများအားလုံး မှင်တက်သွားကြသည်။
အထူးသဖြင့် ဖုန်းယွီဂိုဏ်းမှ လူများသည် ဤအမှန်တရားကို လုံးလုံးလျားလျား လက်မခံနိုင်ကြချေ။
တစ်ဖက်လူမှာ မည်သူဖြစ်သနည်း...
လုဖုန်းသည် သူတို့၏မဟာအာဏာရှင်ဖြစ်ပြီး ဓမ္မသောင်းချီနယ်ပယ် ဆဋ္ဌမအဆင့်ရှိ တည်ရှိမှုတစ်ခုပင်။
သူသည် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းတွင် အစွမ်းထက်ဆုံးနှင့် ရာထူးအမြင့်ဆုံးလူ ဖြစ်ပေ၏။
သူ့အထက်တွင် တခြားမည်သူမျှ မရှိချေ။
သူသည် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းတစ်ခုလုံး၏ ကျောထောက်နောက်ခံဖြစ်သည်။
ပုန်ကန်မှုကို နှိမ်နင်းရန်နှင့် အထိန်းအကွပ်မဲ့စွာ သတ်ဖြတ်ရန် သူတို့ကိုဦးဆောင်မည့် မဟာ အာဏာရှင်ကို သူတို့ အားကိုးနေကြဆဲပင်။
သို့သော် မည်သို့ဖြစ်သွားသနည်း...
သူသည် ထိပ်တိုက်တွေ့ဆုံမှုတစ်ခုတည်းဖြင့် ချက်ချင်းသတိလစ်မေ့မြောသွားသည်။
မဟုတ်ဘူး...
ဒါက အမှန်တရား မဟုတ်ဘူး...
ဤအချက်ကို သူတို့ လက်မခံနိုင်ကြချေ။
သို့သော် ချီလင်ရှောင်ဟေး၏ပုံရိပ်ကို သေချာမြင်တွေ့ပြီးနောက် ဤအမှန်တရားကို သူတို့ လက်ခံခဲ့ရသည်။
ဤသည်က သူတို့ကို နောက်ပြောင်နေခြင်းဖြစ်သလော...
သတ္တုတွင်းထဲတွင် မီးချီလင်ကဲ့သို့ သတ္တဝါမျိုး မည်သို့ ရှိနေနိုင်မည်နည်း...
လူအများ၏ဦးရေပြားများ ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားခဲ့ပေ၏။
ချီလင်သည် ဒဏ္ဍာရီများအတွင်းမှ သားရဲတစ်ကောင်ပင်။
ထိုသားရဲသည် အစစ်အမှန်နဂါး ဖီးနစ်ငှက် တို့နှင့် တူညီသော အဆင့်အတန်းတွင် ရှိနေသည်။
သူသည် ကောင်းကင်နှင့်မြေကြီးတွင် အစွမ်းထက်ဆုံး သားရဲမျိုးစိတ်ဆယ်ခုထဲမှ တစ်ခုပင်။
ထိုသားရဲများသည် ကောင်းကင်တာအို၏ကောင်းချီူပေးခံရသူများဖြစ်ကာ ကောင်းကင်နှင့်မြေကြီး၏ အရှင်သခင်များပင်။
အရွယ်ရောက်ပြီးသော ချီလင် တစ်ကောင်သည် မဟာဧကရာဇ်တစ်ပါးကိုပင် တစ်ဦးတည်းဖြင့် စိန်ခေါ်နိုင်သည်ဟု ဒဏ္ဍာရီများတွင် ဆိုထားကြ၏။
ဤသားရဲမျိုးနွယ်သည် အလွန်ရှားပါးလွန်းပြီး သူတို့ မျိုးသုဉ်းသွားပြီဟု ကောလာဟလများပင် ရှိကာ သမိုင်း၏ ရှည်လျားသော မြစ်ကြောင်းအတွင်းသို့ လုံးလုံးလျားလျား ပျောက်ကွယ်သွားလေပြီ။
သို့သော် ယခုအချိန်၌ အသက်ရှင်နေသော ချီလင် တစ်ကောင်ကို သူတို့ အမှန်တကယ် မြင်တွေ့လိုက်ရသည်။
ထို့ပြင် ထိုသားရဲသည် သတ္တုတွင်းထဲမှ ထွက်လာခဲ့ခြင်း ဖြစ်ပေ၏။
ဤကိစ္စ၏ယုတ္တိမတန်မှုမှာ မဟာဧကရာဇ်တစ်ပါးက သတ္တုတွင်း၏ အနက်ရှိုင်းဆုံးနေရာမှ ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့၏မျက်စိရှေ့တွင် အသက်ရှင်လျက် မတ်တတ်ရပ်နေသည်နှင့် ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် တူညီနေသည်။
ထိုအရာမှာ သူတို့အတွက် တုန်လှုပ်စရာ အံ့အားသင့်စရာဖြစ်ပြီး အလွန်အမင်း မယုံနိုင်စရာပင်။
လူတိုင်း၏ အလွန်အမင်း မယုံကြည်နိုင်သော မျက်လုံးများအောက်တွင်...
ချီလင်ရှောင်ဟေးသည် သူ၏ခွာကို မြှောက်လိုက်၏။
ထို့နောက် သတိလစ်နေပြီဖြစ်သော လုဖုန်းကို နောက်တစ်ကြိမ် တက်နင်းလိုက်သည်။
"မင်းလို အမှိုက် ကောင်က ငါ့ရဲ့ ညီလေးကို အနိုင်ကျင့်ပြီး ငါ့ရဲ့ သခင်ကို စော်ကားရဲတယ်ပေါ့..."
"မင်း အသက်ရှင်ရတာ ပျင်းနေပြီ မဟုတ်လား..."
အကယ်၍ ချီလင် ထွက်ပေါ်လာခြင်းက လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေပါက...
ဤစကားများမှာ ပွက်ပွက်ဆူနေသော ပင်လယ်ရေထဲသို့ ပစ်ချလိုက်သည့် ရေမြှုပ်ဗုံးတစ်လုံးအလား ဖြစ်နေပြီး သူတို့၏လှုပ်ခတ်နေသော စိတ်နှလုံးသားများအတွင်းတွင် အဆုံးမဲ့ မုန်တိုင်းများ ကြီးမားသော လှိုင်းလုံးများ ဖြစ်ပေါ်လာစေသည်။
ချီလင်ထံတွင် အမှန်တကယ်ကို သခင်တစ်ယောက် ရှိနေခဲ့သည်။
ဒီလိုသားရဲမျိုးက သခင်တစ်ယောက်ကို ဘယ်လိုလုပ်ပြီး အသိအမှတ်ပြုနိုင်မှာလဲ...
ဒါက ဘယ်လို ဟာသမျိုးလဲ...
အရွယ်ရောက်ပြီးသော ချီလင်တစ်ကောင်သည် အခြေခံအားဖြင့် အနိုင်မခံ အရှုံးမပေးခြင်း၏ပြယုင်္ဂဖြစ်ပြီး အစွမ်းထက်ဆုံး၏ သင်္ကေတပင်။
ဤကဲ့သို့သားရဲမျိုးသည် သခင်တစ်ယောက်ကို မည်သို့ အသိအမှတ်ပြုနိုင်မည်နည်း။
အနည်းဆုံးအနေဖြင့် ရှေးဟောင်းစာအုပ်များ အားလုံးတွင် ထိုကဲ့သို့ သားရဲမျိုးက သခင်တစ်ယောက်ကို အသိအမှတ်ပြုကြောင်း မှတ်တမ်းတစ်ခါမျှ မရှိခဲ့ဖူးချေ။
ထို့နောက် လူတိုင်း၏အကြည့်အောက်တွင် ချီလင် ရှောင်ဟေးသည် ကျုံးချင်ထံသို့ ပြေးသွား၍ သူ၏ရှေ့ခြေထောက်များကို ကွေးပြီး မြေကြီးပေါ်တွင် ဒူးထောက်ကာ ပြောလိုက်၏။
"သခင်... ကျွန်တော် အစက မလှုပ်ရှားချင်ခဲ့ပါဘူး... ဒါပေမဲ့ အဲ့ဒီအဘိုးကြီးက အရမ်း မောက်မာလွန်းတယ်... သူက သခင်ကို မလေးမစား ပြောရုံတင်မကဘူး ရှောင်ကာကိုလည်း 'ငှက်ရုပ်ဆိုး' လို့ အကြိမ်ကြိမ် ခေါ်ခဲ့တယ်... ကျွန်တော် အဲ့ဒါကို ဆက်ပြီး သည်းမခံနိုင်တော့ဘူး...ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ သခင်..."
"ပြဿနာ မရှိပါဘူး...မင်း ကောင်းကောင်းလုပ်ခဲ့တယ်..."
ကျုံးချင်သည် ချီလင်ကို အပြစ်မတင်ဘဲ သူ့ကို ချီးကျူးလိုက်သည်။
ထိုအရာသည် မူလက ကျုံးချင်နှင့်ချီလင်တို့၏ နေ့စဉ် အပြန်အလှန် ဆက်သွယ်မှု၏ အလွန်ရိုးရှင်းသော မြင်ကွင်းတစ်ခု ဖြစ်သော်လည်း လူတိုင်း၏မျက်လုံးများတွင် သူတို့၏ဘဝများကို သံသယဝင်သွားစေသည့် မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။
အထူးသဖြင့် ရှန်ဖေးပင်။
သူသည် ပို၍ပင် လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်သွားပေ၏။
ငါ ပင်လယ်မှာ တွေ့ခဲ့ပြီးတော့ မိတ်ဆွေဖွဲ့ခဲ့တဲ့ ငါ့ရဲ့ အစ်ကိုက တကယ်တော့ ချီလင်ရဲ့ သခင်လား...