← Chapters

ခင်ဗျားနဲ့ ထိုက်တန်လို့လား

Vol. 113 Ch. 1691

ခင်ဗျားနဲ့ ထိုက်တန်လို့လား

Vol. 113 Ch. 1691

အိုးရန်မျိုးနွယ်များအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။ ယဲ့ဖန်က သခင်လေး ယွိချီကို ရန်စခဲ့သဖြင့် သူ သေလောက်သည်ဟု သူတို့ ထင်ခဲ့ကြလေသည်။

ဤသို့‌သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။

ယွိချီဖုန့်ရှောင် အိမ်ထဲအထိ ရောက်လာခြင်းက ရန်ရှာရန် မဟုတ်ဘဲ တောင်းပန်ရန်သာ ဖြစ်နေ၏။ သခင်လေး ယွိချီသည်လည်း တစ်ကိုယ်လုံး တုန်ယင်နေပြီး ယဲ့ဖန်အား အကြိမ်ကြိမ် ဦးညွှတ်၍ တောင်းပန်နေသည်။

“ကျွန်တော် တောင်းပန်ပါတယ် လူကြီးမင်းယဲ့၊ လူကြီးမင်းယဲ့ ခွင့်လွှတ်ပေးပါ၊ ကျွန်တော်မျိုး မလုပ်ရဲတော့ပါဘူး”

“ကျွန်မကတော့ သူ့ကို သတ်ချင်နေသေးတယ်”

အိုးရန်ယွင်က ဘေးမှနေ၍ မာန်မဲလာ၏။ ထိုစကားကိုကြားသော် သခင်လေး ယွိချီ ပို၍ ကြောက်လန့်သွားပြီး ဦးညွှတ်သည့် အကြိမ်ရေက ပိုမိုမြန်ဆန်လာသည်။

လက်ရှိတွင် ယဲ့ဖန်က ခွေးလိုကြောင်လိုလူမဟုတ်မှန်း သူ သတိပြုမိသွားသည်။ ယဲ့ဖန်အတွက် သူသည် ဘာမှမဟုတ်သော သခင်လေး ယွိချီသာ ဖြစ်သည်။ သူ့အား လက်ချောင်းလေးတစ်ချောင်းဖြင့် အသာလေး ဖျက်ဆီးနိုင်သည်။

*ဟမ်၈

ယွိချီဖုန့်ရှောင်၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွားပြီး အသုံးမကျသော သူ့သားအား အရေခွံခွာ၍ နုတ်နုတ်စင်းချင်နေသော အကြည့်ဖြင့် မာမာထန်ထန် စိုက်ကြည့်လိုက်သည်။

*အနေအထိုင်မတတ်တဲ့ကောင်၊ ကိုးပြည်နယ်မှာ ကြောက်စရာ အကောင်းဆုံးဖြစ်တဲ့သူကိုမှ သွားရန်စရတယ်လို့*

*အဲ့လူကိုသာ တကယ် ဒေါသထွက်အောင် လုပ်မိရင် ဝမ်ရှန်းမြို့တောင် တောင့်ခံနိုင်မယ် မထင်ဘူး*

တစ်ချက်က ဤနတ်ဆိုးကြောင့် ဖျက်ဆီးခံလိုက်ရသည့် နတ်ဘုရားမြို့တော်အချို့ ရှိခဲ့သည် မဟုတ်ပါတကား။

“အိုးရန်ယွင်”

ယဲ့ဖန် ငေါက်လိုက်သည်။ အိုးရန်ယွင် မကျေမနပ်ဖြင့် နောက်ဆုတ်လိုက်သည်။ ထို့နောက် ယဲ့ဖန်က ယွိချီဖုန့်ရှောင်ကို ပြန်ကြည့်လိုက်လေသည်။

“အဲ့နေ့က သူ ဘာမှမလုပ်ခဲ့လို့ ကံကောင်းသွားတယ်၊ မဟုတ်လို့ကတော့ မင်း ဒီနေ့ လာတောင်းပန်နိုင်မယ့် အခွင့်အရေး ရှိမှာ မဟုတ်ဘူး”

*မောက်မာလွန်းတယ်*

*အရမ်းရိုင်းတယ်လို့တောင် ပြောလို့ရတယ်*

*ယွိချီဖုန့်ရှောင်ကိုတောင် မျက်လုံးထဲ မထည့်ပါလား*

သို့ရာတွင် ယွိချီဖုန့်ရှောင်က ထိုစကားကြောင့် စိတ်အေးကာ သက်ပြင်းချ၍ ပြန်ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် လူကြီးမင်း၊ ကျေးဇူး အများကြီး တင်ပါတယ်’

ထိုအခိုက်တွင် ယဲ့ဖန်က ဝိုင်ခွက်ကို ပြန်ချ၍ အိုးရန်ယွင်အား ဝိုင်ငှဲ့ရန် အချက်ပြလိုက်ပြီးနောက် အေးအေးလူလူ ပြောလိုက်သည်။

“မင်းရဲ့ ဝမ်ရှန်းမြို့တော်က နတ်ဘုရားမျိုးနွယ်နဲ့ ဆက်ဆံရေးကောင်းတယ်လို့ ငါ ကြားခဲ့တယ် ဟုတ်သလား”

ယွိချီဖုန့်ရှောင် ထိတ်လန့်သွားပြီး စိုးရိမ်တကြီး ပြောလိုက်သည်။

“ဆက်ဆံရေး ကောင်းတာ မဟုတ်ပါဘူး၊ ရှန့်ကျွင်းက သူတို့မျိုးနွယ်ထဲက တစ်ယောက် ဖြစ်နေရုံလေးပါ၊ အဲ့ဒါကြောင့် ပတ်သက်မှုအချို့ ရှိခဲ့တာပါ၊ အခု ရှန့်ကျွင်း သေသွားပြီဆိုတော့ ဆက်ဆံရေးလည်း ပျက်သွားပါပြီ”

“နောက်ဆို ဆက်သွယ်မနေနဲ့”

ယဲ့ဖန်က အေးအေးလူလူ ပြောလိုက်သည်။ ပေါ့ပါးသည်ဟု ထင်ရသော်လည်း ထိုစကားက အမိန့်စကား ဖြစ်ကြောင်း လူတိုင်း သတိထားမိသည်။

“ဟုတ်ကဲ့”

ယွိချီဖုန့်ရှောင် ခပ်သွက်သွက် ခေါင်းညိတ်ပြလိုက်သည်။ လူတိုင်း အံ့ဩသွားကြသည်။

*ယွိချီဖုန့်ရှောင်ကို အမိန့်ပေးလိုက်တာလား၊ ဒါ အရမ်း မောက်မာလွန်းမနေဘူးလား*

လူတိုင်း ယဲ့ဖန်ကို မယုံနိုင်သော အကြည့်များဖြင့် ကြည့်ကာ ကြက်သေ သေနေလေသည်။

“ငါ့ဒုတိယဦးလေးအကြောင်း ပြောရမယ်ဆိုရင် သူက ဝမ်ရှန်းမြို့ရဲ့ စောင့်ရှောက်သူအဆင့်နဲ့ သင့်တော်တယ်လို့ ငါ မထင်ဘူး၊ အဲ့နေရာကို ငါ့ရဲ့ စတုတ္ထ ဦးလေးကိုပဲ ပေးလိုက်”

ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ထိုစကားကိုကြားသော် အိုးရန်ရှန့်ဖုန်း၏ မျက်နှာ ပြာနှမ်းသွားပြီး ကောင်းကင်ကနေ ငရဲသို့ ရိုက်ချခံလိုက်ရသလို ခံစားလိုက်ရသည်။

အခြေအနေကို သူ ပြောင်းပြန်လှန်နိုင်ပြီဟု ထင်ခဲ့သော်လည်း သုံးမိနစ်အတွင်း မူလအခြေအနေသို့ ပြန်ရိုက်ချခံ လိုက်ရလေသည်။

“ကိစ္စမရှိပါဘူး၊ အားလုံးကို လူကြီးမင်းဆန္ဒအတိုင်း စီစဉ်လိုက်ပါ့မယ်”

ယွိချီဖုန့်ရှောင်က ခေါင်းညိတ်၍ သဘောတူသည်။

“ကျေးဇူးတင်တယ်လို့ မပြောသေးဘူးလား ငတုံးကြီး”

လီဟွမ်ဟွမ်က သူမယောက်ျားကို ချက်ချင်း တံတောင်နှင့် တွတ်လိုက်သည်။

“ကျေးဇူးအများကြီး တင်ပါတယ် မြို့တော်သခင်”

အိုးရန်လင်း ယခုအထိ မယုံနိုင်သေးသောကြောင့် ငေးကြောင်ကြောင်ဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။

မြို့တော်စောင့်ရှောက်သူ။ ယင်းက အလွန် သိက္ခာရှိသော အလုပ်ပင်။ ၎င်းက နောင်တွင် ဝမ်ရှန်းမြို့တော်၌ အိုးရန်လင်းသည် ထောင်ချီသော လူအများ၏ အထက်၌ ရှိနေနိုင်ပြီဟု ဆိုလိုနေ၏။

“ငါ့ကို ကျေးဖူးမတင်နဲ့၊ မင်းရဲ့တူကိုပဲ ကျေးဇူးတင်လိုက်ပါ”

အိုးရန်လင်းက ယဲ့ဖန်ကို လှမ်းကြည့်လိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။ သို့သော် ယဲ့ဖန်က စိတ်ဆိုးဟန်ဖြင့် ပြောလာသည်။

“ခင်ဗျား ကျေးဇူးတင်တယ်လို့ ပြောမယ်ဆိုရင် ကျုပ် ခင်ဗျားကို ရန်လုပ်မှာနော်”

အိုးရန်လင်း အောင့်သက်သက် ပြုံးလိုက်ပြီး ဘာမှမပြောတော့ပေ။

“မြို့တော်သခင်၊ ခင်ဗျား ကျုပ်ကို သေချာ ကတိပေးထားတာလေ၊ ဘယ်လိုလုပ် ဒီလိုလုပ်ရတာလဲ”

အိုးရန်ရှန့်ဖုန်းက မနာလိုမုန်းတီးသော အကြည့်ဖြင့် အံကြိတ်၍ ပြောလာသည်။ ဤသည်က သူ့မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင် မဟုတ်ပါတကား။

ဝေ့ချီဖုန့်ရှောင်က သူ့အား ထီမထင်သော မျက်နှာထားဖြင့် အထင်သေးစွာ ပြောလိုက်သည်။

“ဒီမှာ လူကြီးမင်းယဲ့ကြောင့်သာ မဟုတ်ရင် မင်းလို အမှိုက်ကောင်ကို ငါ မျက်လုံးထဲ ထည့်မယ် ထင်နေလား”

“မင်းလိုကောင်မျိုးက ငါ့မြို့မှာ နွားအမွေးလို ပေါတယ်ကွ”

စော်ကားခြင်း၊ ဤသည်က စော်ကားလိုက်ခြင်းပင်။

အိုးရန်ရှန့်ဖုန်း သွားကျိုးလုမတတ် အံကြိတ်လိုက်မိပြီး အလွန်အမင်း မုန်းတီးမိသည်။

ထိုအချိန်တွင် အိုးရန်ယုသည်လည်း မခံချိမခံသာ မျက်နှထား ဖြစ်နေသည်။ အကယ်၍ သူသာ ယဲ့ဖန်ကို ရန်မစခဲ့မိလျင် ယခုအချိန်၌ မြို့တော် စောင့်ရှောက်သူက သူ ဖြစ်ကောင်းဖြစ်နိုင်သည် မဟုတ်ပါလော။

ထိုသို့ဆိုလျင် ယနေ့ မိသားစုခေါင်းဆောင် နေရာကို လုရန် လိုပါဦးမည်လော။ ယဲ့ဖန်နောက်ကိုသာ လိုက်လျင် မိသားစုခေါင်းဆောင် အဆင့်အတန်းက ဘာမှမဟုတ်ချေ။

“အာ ဒုတိယဦးလေး … ခင်ဗျားက မြို့တော် စောင့်ရှောက်သူ ဖြစ်ချင်တာလား၊ လွယ်ပါတယ်၊ ဒူးထောက်ပြီး ကျုပ်ကို တောင်းပန်”

ယဲ့ဖန် လှောင်ရယ်၍ ပြောလိုက်သည်။ လွန်ခဲ့သော ရက်ပိုင်းက အိုးရန်ရှန့်ဖုန်းက ထိုသို့ပြောခဲ့သည်။ ယခုအခါတွင်မူ ယဲ့ဖန်က သူ့အတိုင်း လိုက်ပြောနေလေပြီ။

အိုးရန်ရှန့်ဖုန်း၏ မျက်နှာ ပြာနှမ်းသွားပြီး ဘာတစ်ခွန်းမှ မပြောနိုင်ချေ။ ယဲ့ဖန်က သူ့ကဲ့သို့ လူတစ်ဖက်သားအား လှောင်ပြောင်ချင်နေမှန်း သူ သိနေသည်။

သူ ဒူးထောက်ခဲ့လျင်တောင်မှ ယဲ့ဖန်က လုံးဝ သူ့ကတိကို တည်မည် မဟုတ်ပါ။ ထိုစဉ် ဒုတိယအဒေါ်က အသည်းအသန် ကြားဖြတ် ပြောဆိုလာသည်။

“အိုး … ယဲ့ဖန် နင် ဘာလုပ်တာလဲ၊ နင့်ဒုတိယဦးလေးက နင့်ကို စနောက်နေတာလေ၊ ငါတို့က မိသားစုတွေပဲကို၊ ဘယ်လိုလုပ် သူက နင့်ကို တကယ် ဥပေက္ခာပြုမှာလဲ”

“လိမ္မာတယ် ဒီအဒေါ် ပြောတာကို နားထောင်၊ မြို့တော် စောင့်ရှောက်သူ နေရာကို နင့်ရဲ့ ဒုတိယ ဦးလေးဆီပြန်ပေးလိုက်တာ အကောင်းဆုံးပဲ၊ ဒါဆို မိသားစုချင်း ဆက်ဆံရေးက တင်းမာသွားမှာ မဟုတ်ဘူး”

မြို့တော် စောင့်ရှောက်သူဟူသော နေရာကို သူမ လက်မလျှော့ချင်ပါ။ အဘယ်ကြောင့်ဆိုသော် အိုးရန် ရှန့်ဖုန်းက ဝမ်ရှန်းမြို့၏ မြို့တော် စောင့်ရှောက်သူ ဖြစ်လာသည်နှင့် သူ့အား မည်သူမှ ရန်စရဲတော့မည် မဟုတ်သလို မော်ကြွား၍ သွားလာနိုင်ပြီဖြစ်ကြောင်း သူမ သိနေသောကြောင့်ပင်။

သူမသည်လည်း သူမအမေဘက်မှ လူများကို ပြန်ကြွားနိုင်ပြီ ဖြစ်သောကြောင့်ပင်။

“ဒုယောင်းမ၊ ရှင့်အသံကို ကျွန်မ မကြားချင်ဘူး၊ အရင်တုန်းက ရှင် ယဲ့ဖန်ကို ဘယ်လိုစော်ကားခဲ့လဲဆိုတာ ကျွန်မတို့အားလုံး မြင်ခဲ့ဖူးပြီးသား၊ အခု ယဲ့ဖန်ရဲ့ နောက်ခံကို သိတော့မှ ရှင်က လာမျက်နှာလုပ်တယ်၊ နောက်ကျလွန်းသွားပြီလို့ မထင်ဘူးလား”

လီဟွမ်ဟွမ် မခိုးမခန့် ပြောလိုက်သည်။ ဤလူများ၏ စိတ်အနေအထားက စာရွက်လှန်သည်ထက်ပင် ပိုမြန်သေးသည်။

“ဘာကို စော်ကားလို့လဲ … ငါ ဘာအမှားမှ မလုပ်ဘူး၊ ယဲ့ဖန်က ဂုဏ်သရေရှိ ဧည့်သည်တော်တွေကို စော်ကားမိပြီး ငါတို့မိသားစုအတွက် ပြဿနာ ရှာမှာကိုပဲ စိုးရိမ်ခဲ့တာပါ၊ ငါ အစိုးရိမ်လွန်ခဲ့တဲ့ပုံပဲ၊ ယဲ့ဖန် ငါ တောင်းပန်ပါတယ်”

ဒုတိယအဒေါ်က သူမကိုယ်နေဟန်ထားကို နှိမ့်ထားသည်။

ထိုအခါ ယဲ့ဖန်က အေးစက်စွာ ပြုံးလိုက်သည်။

“မိသားစု ဟုတ်လား၊ ခင်ဗျားနဲ့ ထိုက်တန်တယ်လို့ ထင်နေတာလား”

*ရိုင်းလိုက်တဲ့စကား*

ဤသည်က အိုးရန်ရှန့်ဖုန်းအတွက် အနာကို ဆားနှင့် ပက်လိုက်သလို ဖြစ်သွားစေသည်။

ယခင်က သူတို့သည် ယဲ့ဖန်အား အထင်သေးခဲ့ပြီး ပုရွက်ဆိတ်တစ်ကောင်သဖွယ် ပြောဆိုဆက်ဆံခဲ့သည်။ သို့သော် ယခုအခါ၌ အခြေအနေက ပြောင်းလဲသွားပြီး အထင်သေးခံရသူက သူတို့သာ ဖြစ်နေ၏။

“ရှင်တို့ အခုထိ ဘာလုပ်နေတာလဲ၊ ထွက်သွားကြလေ”

လီဟွမ်ဟွမ်က မချေမငံ ငေါက်ငမ်းလိုက်သည်။ ယခင်က သူမသည် အိုးရန်ရှန့်ဖုန်း မိသားစု၏ တက်နင်းခြင်း ခံခဲ့ရသည်။ ယနေ့ သူမ ခေါင်းမော့ရင်ကော့၍ နေနိုင်လေပြီ။

“နင် … နင် စောင့်နေလိုက်”

ဒုတိယအဒေါ်က ယဲ့ဖန်နှင့် အခြားသူများအား အငြိုးတကြီး စူးစိုက်ကြည့်ပြီးနောက် ဒေါတသကြီး ထွက်သွားသည်။

“ညီလေး အိုးရန်၊ မင်းမှာ သိပ်တော်တဲ့ ကလေးနဲ့ မြေးတွေ ရှိတာပဲ”

ယွိချီဖုန့်ရှောင်က ခံစားချက်အပြည့်ဖြင့် ပြောလိုက်ပြီး ထိုစကားသံတွင် သူ၏ အားကျစိတ်တို့ ပါဝင်နေသည်။

“ကျုပ်ရဲ့မြေးက ဘာတွေများ တစ်မူထူးခြားနေလို့ ခင်ဗျားလိုလူမျိုးရဲ့ တရိုတသေ ဆက်ဆံတာကို ခံရတာလဲ”

အိုးရန်ကျန်းသည်လည်း ယဲ့ဖန်၏ နောက်ခံက ဘာလဲ သိချင်နေသည်။

“ဒါက … ကျုပ် ပြောလို့ မဖြစ်ဘူး”

ယွိချီဖုန့်ရှောင် ပြုံးနေသည်။ ယဲ့ဖန်က သူ့နောက်ကြောင်းကို ဖုံးကွယ်ထားမှန်း သိသာလှသည်။ ယခု သူသာ ဖော်ထုတ်မိပါက ယဲ့ဖန်ကို မကျေမနပ်ဖြစ်အောင် လုပ်မိသည်နှင့် အတူတူ ဖြစ်နေမည် မဟုတ်ပါလော။

ထိုစကားကိုကြားသော် အိုးရန်ကျန်းလည်း စိတ်ပျက်သွားသည်။ ယဲ့ဖန်၏ နောက်ခံကို စုံစမ်းရန် မဖြစ်နိုင်သည့် ပုံပင်။

“ဒီလိုဆိုရင်တော့ ကျုပ် ခင်ဗျားကို အနှောင့်အယှက် မပေးတော့ပါဘူး၊ လူကြီးမင်းယဲ့ အချိန်ရရင် ဝမ်ရှန်းမြို့ကို စိတ်ကြိုက် လာနိုင်ပါတယ်၊ ကျုပ် သေချာပေါက် နွေးနွေးထွေးထွေး ကြိုဆိုနေမှာပါ”

ယွိချီဖုန့်ရှောင်သည် ဉာဏ်ကောင်းသော သူ ဖြစ်သည်။ သူ လက်ဆောင်ကြီးတစ်ခု ပေးလိုက်ပြီ ဖြစ်သဖြင့် ယင်းက ယဲ့ဖန်၏ မကြည်လင်သောစိတ်ကို ပြောင်းလဲစေလောက်သည်။ ထို့နောက် သူ့သားကို ကန်၍ ဆွဲခေါ်သွား လေသည်။

ထိုအခိုက်တွင် လူတိုင်းသည် စိတ်မထိန်းနိုင်တော့ဘဲ ယဲ့ဖန်အား အရောင်တောက်နေသော မျက်လုံးများဖြင့် စုပြုံ ကြည့်ရှုလာကြသည်။

ယဲ့ဖန် ပြုံးလိုက်ပြီးနောက် ထိုင်နေရာမှ ထလိုက်သည်။

“အဘိုး ကျွန်တော် အရင် သွားလိုက်ဦးမယ်”

အိုးရန်ကျန်းသည်လည်း ယခုတစ်ခေါက် ယဲ့ဖန် ပြဿနာ တက်တော့မည်မှန်း သိနေသဖြင့် ခေါင်းညိတ်လိုက် ပြီးနောက် ဧည့်သည်များဘက် ဦးတည်လိုက်သည်။

“ရောင်းရင်းကြီး ခင်ဗျား မကောင်းဘူးဗျာ၊ ခင်ဗျားမြေးက ဒီလို ကြီးမြတ်တဲ့လူဆိုတာကို ဘာလို့ မပြောတာလဲ”

“ဟုတ်တယ် ကျုပ်တို့ သူ့ကို ဘာအကြောင်းပြချက်မှမရှိဘဲ စောက်ကားလိုက်မိပြီ၊ ဒါ ကျုပ်တို့ကို တမင် လှည့်စားတာ မဟုတ်လား”

“ကျုပ် ဂရုမစိုက်ဘူး၊ ခင်ဗျား ကျုပ်တို့ကို သူနဲ့ တွေ့ခွင့် ပေးကိုပေးမှ ရမယ်”

“ဟုတ်တယ် ဟုတ်တယ် ကျုပ်တို့ တွေ့ကိုတွေ့ရမှ ဖြစ်မယ်”

လူတိုင်း၏ အားကြိုးမာန်တက် ပြောဆိုသံများနျင့် ရင်ဆိုင်ရသောအခါ အိုးရန်ကျန်း ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။

ထိုစဉ် လူအုပ်ထဲမှ အိုးရန်ဟွာသည် မျက်နှာ နီရဲနေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ပြောလိုက်သည်။

“အိုးရန်မျိုးနွယ်မှာ တကယ့် နဂါးတစ်ကောင် ရှိလာပြီပဲ”

သူ့အနောက်မှလူများသည်လည်း ကြက်က ဆန်ကို ဆိတ်စားသကဲ့သို့ ခေါင်းတဆတ်ဆတ် ညိတ်၍ ထောက်ခံကြသည်။

….

ထိုညတွင် မွေးနေ့ပွဲက သန်းခေါင်ယံအချိန်သို့ ရောက်မှသာ ဧည့်သည်များ ပြန်သွားကြသည်။ တကယ်တမ်းတွင် ဧည့်သည်များက စိတ်လိုလက်ရ ပြန်သွားခြင်း မဟုတ်ဘဲ အိုးရန်ကျန်း၏ နှင်ထုတ်ခြင်း ခံလိုက်ရသည်သာ ဖြစ်သည်။

သူတို့ အင်တင်တင်ဖြင့် ထွက်သွားခဲ့ကြပြီး ယဲ့ဖန်ကို မမြင်ရမခြင်း လက်မလျှော့ဟု ဆုံးဖြတ်ထားကြသည်။ အိုးရန်ကျန်း ဘာလုပ်ရမှန်း မသိသဖြင့် ထိုသို့သာ လုပ်လိုက်ရလေသည်။

ထိုည၏ သန်းခေါင်ယံအချိန်တွင် အိုးရန်ရှန့်ဖုန်းက အိုးရန်ယု၏ နေအိမ်သို့ ရောက်လာသည်။ အရက်မူးနေသော အိုးရန်ယုကို ကြည့်ပြီး သူ့အမုန်းတရားကို ကွယ်ဝှက်မထားဘဲ ပြောလိုက်သည်။

“ငါ ယဲ့ဖန်ကို သေစေချင်တယ်”

အိုးရန်ယုက သူ့ကို မော့ကြည့်၍ လှောင်ပြုံး ပြုံးလိုက်သည်။

“ခင်ဗျားတစ်ယောက်တည်းလို့ ထင်နေလား”

လက်ရှိတွင် အိုးရန်ယုသည် ကြံရာမရ ဖြစ်နေသည်။ သူတို့ ထိုလူကို လုံးဝ မသတ်နိုင်ပါ။ သူက ဘုရင်အဆင့်မျှသာ ဖြစ်လျင်တောင်မှ သူ့ကို သတ်လိုက်ပြီးလျင် သူတို့ ဘာလုပ်နိုင်မည်နည်း။

“မင်းရဲ့ ကံကို လက်ခံလိုက်တာလား၊ မင်း ကျေနပ်သွားတာလား”

အိုးရန်ရှန့်ဖုန်း‌ အော်ငေါက်လိုက်သည်။ အိုးရန်ယု၏ ပုံစံကို ကြည့်ပြီး သူ့စိတ်ထဲ၌ စိတ်ပျက်သွားလေသည်။

သူ့လက်အောက်၌ မည်သူမှ ရှိမနေခဲ့သောကြောင့်သာ မဟုတ်လျင် ဤဆန်ကုန်မြေလေးထံသို သူ လာမည် မဟုတ်ပါ။

“ကျုပ် မကျေနပ်တော့ရော ဘာလုပ်နိုင်တာမှာလဲ၊ ကံကို လက်မခံလိုက်ရင် ဘာဖြစ်မှာလဲ၊ အနည်းဆုံးတော့ ကျုပ် အသက်ရှင်နေသေးတယ် မဟုတ်လား၊ အသက်ရှင်နေတာလည်း ကောင်းတာပဲ”

အိုးရန်ယုက ဝိုင်တစ်ငုံသောက်လိုက်သည်။ လက်ရှိတွင် သူ့ဩဇာနှင့် အဆင့်အတန်းတို့ကို မတွေးချင်ပါ။ သူ အသက်သာ ရှင်ချင်၏။

ထို့အပြင် ထိုကောင်လေးကို ရန်စမိလျင် အသက်ရှင်ရန်ပင် မဖြစ်နိုင်ပါ။

အိုးရန်ယု ရယ်လိုက်သည်။

“အဲ့ကောင်က ငါတို့ကို ဒီအတိုင်း ထားမယ် ထင်နေလား၊ အရင်တုန်းက သူ့အမေကို ငါတို့ ဘယ်လို ဆက်ဆံခဲ့လဲ ဆိုတာနဲ့ အိုးရန်ချင်ရွှယ်ကို မျိုးနွယ်ထဲက နှင်ထုတ်ခဲ့တာ ဘယ်သူလဲဆိုတာကို မမေ့နဲ့ဦး”

အိုးရန်ယု ချက်ချင်း စိုးရိမ်တုန်လှုပ်လာပြီး အိုးရန်ရှန့်ဖုန်းအား မယုံနိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။

“သူ လှုပ်ရှားတဲ့အခါကျရင် မင်းရော ငါပါ သေမှာ၊ ငါတို့ အရင် လှုပ်ရှားတာ ပိုကောင်းတယ်’

အိုးရန်ရှန့်ဖုန်းက လောဆော်သည်။ ယနေ့ သူ့ကို အရှက်ခွဲခဲ့သည့်အတွက် ယဲ့ဖန် ပေးကို ပေးဆပ်ရမည်။

“ခင်ဗျားအကြံက ဘာလဲ”

အိုးရန်ယု စိတ်ဝင်စားသွားပြီး သူ့အမူအရာကလည်း ပုံမှန်မဟုတ်ချေ။ ယဲ့ဖန်က သူ့ကို အသက်ရှင်ခွင့် မပေးမှတော့ ငါးလည်းသေ ပိုက်ကွန်လည်းပျက်သည့် အဖြစ်မျိုး ဖြစ်အောင် လုပ်ရပေတော့မည်။

သူ သေရမည်ဆိုရင်တောင်မှ ယဲ့ဖန်ကိုပါ အပါ ခေါ်သွားမှ ဖြစ်မည်။

“ငါ နတ်ဘုရားမျိုးနွယ်နဲ့ ဆက်သွယ်ပြီးပြီ၊ သူတို့ ငါတို့နဲ့ အပြည့်အဝ ပူးပေါင်းလိမ့်မယ်”

အိုးရန်ရှန့်ဖုန်းက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

All Chapters