← Chapters

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း (၂၀၁)

ဤမျှလောက် အရှက်မဲ့သောသူ

လျန်ထျန်း၏ တိုက်တွန်းအားပေးမှုကြောင့် ဟယ်ရှန့်သည် အလုပ်ရှုပ်သွားကာ အက်စ်မြို့တော်သို့ အလျင်အမြန် ဝင်ရောက်၍ ရှီမိသားစု၏ ဈေးကွက်ကို လွှဲပြောင်းရယူခဲ့လေသည်။

အက်စ်မြို့တော်တွင် အစားအသောက် ပို့ဆောင်ခြင်းက အမှာစာတစ်ခုလျှင် ဈေးပိုရကာ ငွေပိုရကြောင်းကို တွေ့ရှိပြီးနောက် လျန်ထျန်းသည် အက်စ်မြို့တော်တွင် ဆက်နေရန် ဆုံးဖြတ်လိုက်လေသည်။

အဆင်မပြေမှုတစ်ခု ရှိနေသည်မှာ လျန်ထျန်းသည် ချမ်းသာနေပြီ ဖြစ်သော်လည်း အက်စ်မြို့တော်တွင် အိမ် တစ်လုံးကို အလိုရှိတိုင်း အလွယ်တကူ ဝယ်ယူ၍ မရနိုင်ခြင်းပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဤမြို့သည် အိမ်ဝယ်ယူခွင့် အပိုင်းအခြား ကန့်သတ်ချက်များစွာ ရှိသည့် ပထမတန်းစား မြို့ကြီး ဖြစ်သောကြောင့် လျန်ထျန်း အနေဖြင့် အိမ်ပြန်ငှားရန်သာ ရှိတော့သည်။

ယာယီနေထိုင်ရန် နေရာတစ်ခုအဖြစ် လျန်ထျန်းတွင် ကြီးမားသော တောင်းဆိုမှုများ မရှိပေ။ သူသည် သာမန် လူနေရပ်ကွက်တစ်ခုရှိ သာမန် တိုက်ခန်းတစ်ခန်းကို ရှာဖွေကာ ပြောင်းရွှေ့နေထိုင်ခဲ့လေသည်။

သို့သော် ရိုးရှင်းသော အိမ်ငှားရမ်းခြင်းက ပြဿနာပေါင်းများစွာကို ဖြစ်ပေါ်စေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

ပထမဦးစွာ လျန်ထျန်း ဤအိမ်ကို ငှားရမ်းစဉ်က အိမ်ရှင်ဖြစ်သူမှာ သဘောကောင်းပုံရသည့် အဘိုးအိုတစ်ဦး ဖြစ်နေသည်ကို တွေ့မြင်ခဲ့ရသည်။ ထို့ပြင် လျန်ထျန်းသည် ရပ်ကွက်ထဲတွင် အိမ်သွားကြည့်စဉ်က မူလက အိမ်ခြံမြေ အကျိုးဆောင်ကို အသုံးပြုရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

အဘိုးအိုမှာ အိမ်ခြံမြေ အကျိုးဆောင်ရုံး အပေါက်ဝနှင့် မနီးမဝေးတွင် ဆောင့်ကြောင့်ထိုင်နေခဲ့သည်။ လူတစ်ဦး လာသည်ကို မြင်သောအခါ သူက ဦးဆောင်၍ အနားသို့ ချဉ်းကပ်ကာ အိမ်ငှားချင်သလားဟု မေးမြန်းခဲ့လေသည် ။ လျန်ထျန်းက အိမ်ငှားချင်ကြောင်း ရှင်းပြပြီးနောက် အဘိုးအိုက ချက်ချင်း ပြုံးကာ ပြောလိုက်သည်။

"အဘိုးမှာ ဒီရပ်ကွက်ထဲမှာ ငှားချင်တဲ့ အိမ်တစ်လုံး ရှိတယ်ကွယ့်၊ မင်း အဘိုးအိမ်ကို တိုက်ရိုက် ငှားလိုက်ရင် အကျိုးဆောင်ခ သက်သာတာပေါ့...။"

"မဟုတ်ရင် ပွဲစားက ကြားထဲကနေ ဝင်ပါပြီး နှစ်ဖက်စလုံးဆီက အမြတ်ထုတ်ရင် သူတို့ပဲ ပိုက်ဆံတွေ အများ ကြီး ပိုရသွားမှာပေါ့...။"

လျန်ထျန်းသည် ကော်မရှင်ခ အနည်းငယ်ကို ဂရုမစိုက်သော်လည်း အဘိုးအိုမှာ ရိုးသားပုံရပြီး အိမ်ငှားရန် စိတ်အားထက်သန်နေသည်ကို မြင်သဖြင့် သူ သဘောတူလိုက်လေသည်။

ရိုးရိုးသားသား ပြောရလျှင် လျန်ထျန်း ဤအဘိုးအို၏ အိမ်ကို ငှားရမ်းခြင်းမှာ သူ၏ သေးငယ်သော ကရုဏာ သက်မှု တစ်ခုပင် ဖြစ်သည်။

မဟုတ်ပါက အိမ်ခြံမြေ အကျိုးဆောင်ရုံး အပေါက်ဝတွင် ဆောင့်ကြောင့်ထိုင်လျက် ဝင်ထွက်သွားလာနေသူ များကို ကြည့်နေရသည့် အဘိုးအိုမှာ အတော်လေး သနားစရာကောင်းကာ ပင်ပန်းရှာပုံရလေသည်။

သို့သော် ဤကရုဏာသက်မှုက သူ့ကို ထောင်ချောက်ထဲသို့ ကျရောက်စေလိမ့်မည်ဟု လျန်ထျန်း တစ်ခါမျှ မထင်မှတ်ထားခဲ့ပေ။

အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်း၊ မီးဖိုချောင်တစ်ခန်းနှင့် ရေချိုးခန်းတစ်ခန်း ပါဝင်သော တိုက်ခန်းမှာ စတုရန်း မီတာ လေးဆယ်ကျော်သာ ရှိလေသည်။ ၎င်းမှာ မကျယ်ဝန်းသော်လည်း အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း လျန်ထျန်းသည် ယာယီနေထိုင်ရန် နေရာတစ်ခုအဖြစ် ကြီးမားသော မျှော်လင့်ချက်များ မထားရှိခဲ့ပေ။

အိမ်လခမှာ တစ်လလျှင် သုံးလီ ဖြစ်ပြီး ကမ္ဘာပေါ်ရှိ ကုန်ဈေးနှုန်းများ အဆတစ်သန်း မပြုတ်ကျမီက ယွမ်သုံး ထောင်နှင့် ညီမျှလေသည်။ ဤဈေးနှုန်းဖြင့် အယ်လ်မြို့တော်တွင် အလွန်ကောင်းမွန်သော တိုက်ခန်းတစ်ခန်းကို ငှားရမ်းနိုင်သော်လည်း အက်စ်မြို့တော်၏ ဤနေရာတွင်မူ မြို့ကြီးတစ်မြို့ ဖြစ်သည်ကို ထည့်တွက်လျှင် အတော် လေး သင့်တင့်မျှတလေသည်။

ဈေးနှုန်းမှာ သင့်တင့်မျှတပေသည်။ ငွေပေးချေမှု နည်းလမ်းနှင့် ပတ်သက်၍ အဘိုးအိုက အစပိုင်းတွင် လျန်ထျန်း ကို အိမ်တစ်နှစ် ငှားရမ်းစေချင်ပြီး သုံးလစာ အိမ်လခနှင့် ညီမျှသော စပေါ်ငွေကို ပေးချေစေချင်လေသည်။ တစ်နှစ်စာ အိမ်လခနှင့် သုံးလစာ စပေါ်ငွေ ပေါင်းလိုက်လျှင် ဆယ့်ငါးလစာ ဖြစ်ပြီး လေးကျောင်ခွဲ ဖြစ်လေ သည်။

ရုတ်တရက် ကြည့်လိုက်လျှင် အမှားအယွင်း မရှိပုံရပြီး လျန်ထျန်း အနေဖြင့်လည်း လေး၊ ငါးလီလောက် ပြတ် လပ်နေမည် မဟုတ်ပေ။ သို့သော် လေးဖန်ခွဲ ဆိုသည်မှာ ကမ္ဘာပေါ်ရှိ ကုန်ဈေးနှုန်းများ အဆတစ်သန်း မပြုတ်ကျမီက ယွမ် (၄၅,၀၀၀) နှင့် ညီမျှပေသည်။

သာမန် အစားအသောက် ပို့ဆောင်သူ တစ်ဦးအတွက် အစားအသောက် ပို့ဆောင်ခြင်းဖြင့် ငွေပိုရနိုင်သည့် မြို့ကြီးတစ်မြို့တွင်ပင်လျှင် ၎င်းမှာ ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေမည်သာ ဖြစ်သည်။

ထို့ပြင် ဝမ်ရှောင်ရို့သည် သုံးလကျော်အတွင်း ပညာသင်ယူမှု ပြီးဆုံးကာ နိုင်ငံတော်သို့ ပြန်လာနိုင်မည် ဖြစ်သော ကြောင့် လျန်ထျန်းသည် အက်စ်မြို့တော်တွင် ထိုမျှကြာအောင် နေထိုင်ရန် အစီအစဉ် မရှိခဲ့ပေ။

အချိန်တန်လျှင် လျန်ထျန်းသည် သူ၏ ဇာတိမြို့နှင့် ဝမ်ရှောင်ရို့၏ ဇာတိမြို့ဖြစ်သော အယ်လ်မြို့တော်သို့ သေချာပေါက် ပြန်သွားမည် ဖြစ်သည်။ အက်စ်မြို့တော်သည် မည်မျှပင် ကောင်းမွန်နေစေကာမူ သူ ရင်းနှီး ကျွမ်းဝင်သော ဇာတိမြို့ကို မယှဉ်နိုင်ပေ။

အနည်းငယ် ဆွေးနွေးပြီးနောက် လျန်ထျန်းသည် သုံးလစာ စပေါ်ငွေနှင့် သုံးလစာ အိမ်လခကို ကြိုတင်ပေးချေ သည့် ငှားရမ်းမှု နည်းလမ်းကို ရွေးချယ်လိုက်လေသည်။

ဆိုလိုသည်မှာ သုံးလစာ စပေါ်ငွေနှင့် သုံးလစာ အိမ်လခ ပေါင်းလိုက်လျှင် စုစုပေါင်း တစ်ဖန်နှင့် ရှစ်လီ ဖြစ် လေသည်။ သုံးလကြာပြီးနောက် ဆက်မငှားတော့ပါက စပေါ်ငွေ အပြည့်အဝ ပြန်အမ်းမည်ဟု သဘောတူညီ ခဲ့ကြလေသည်။

ဤအချိန်တွင် ငှားရမ်းမှု နည်းလမ်းနှင့် ဈေးနှုန်းတို့ကို သဘောတူညီပြီး ဖြစ်ရာ လုပ်ထုံးလုပ်နည်းအရ စာချုပ် ချုပ်ဆိုသည့် အဆင့်သို့ ဆက်သွားရမည် ဖြစ်သည်။

သို့သော် ထိုအချိန်တွင် ပြဿနာတစ်ခု ပေါ်လာလေသည်။ အဘိုးအိုက သူသည် စာမတတ်ကြောင်း၊ စာချုပ် မချုပ်တတ်ကြောင်းနှင့် အရှုပ်အရှင်း မလိုလားကြောင်း ပြောကာ လျန်ထျန်းကိုသာ မှတ်စုစာရွက် ကိုယ်တိုင် ရေးခိုင်းလေသည်။

*စာမဖတ်တတ်ဘူး ဆိုပြီး မှတ်စုကို ကိုယ်တိုင် ရေးခိုင်းတာလား...။*

ဤစကားကို ကြားသောအခါ လျန်ထျန်းသည် အဘိုးအိုမှာ တကယ်ပင် ရိုးသားဖြောင့်မတ်ကြောင်း ပို၍ပင် ခံစားလိုက်ရပြီး သူရေးလိုက်သည့် မှတ်စုက သူတို့ သဘောတူထားသည်နှင့် ကွဲလွဲနေမည်ကို မကြောက်ဘူး လားဟု တွေးလိုက်မိလေသည်။

အဘိုးအိုမှာ မည်မျှ ရိုးသားပြီး သဘောကောင်းကြောင်းကို မြင်သောအခါ လျန်ထျန်းသည် မည်သည့် သံသယမျှ မရှိတော့ဘဲ အိမ်ငှားရန်အတွက် တစ်ရွက်နှင့် စပေါ်ငွေအတွက် တစ်ရွက် စုစုပေါင်း စာရွက်နှစ်ရွက်ကို အလျင် အမြန် ရေးလိုက်လေသည်။

နောက်ဆုံးတွင် မှတ်စုရေးပြီးသွား၍ လက်မှတ်ထိုးရန် လိုအပ်လာလေသည်။ အဘိုးအိုမှာ စာမဖတ်တတ်သဖြင့် သဘာဝကျစွာပင် သူ လက်မှတ်ထိုးမည် မဟုတ်ပေ။ သူက လက်ဗွေနှိပ်ရုံသာ နှိပ်လိုက်ပြီး ကိစ္စပြီးသွား ခဲ့လေသည်။

ဤကိစ္စရပ်များကို ရှင်းလင်းပြီးနောက် လျန်ထျန်းသည် ဤနေရာတွင် အခြေချ နေထိုင်လိုက်လေသည်။

သို့သော် တစ်ပတ်ပင် မပြည့်မီ အိမ်ရှင်ဖြစ်သူ အဘိုးအိုသည် ရုတ်တရက် အိမ်တံခါးဝသို့ ရောက်လာခဲ့လေသည်။ သူ၏ သဘောထားမှာ လွန်ခဲ့သော တစ်ပတ်ကနှင့် လုံးဝ ကွဲပြားနေပြီး မျက်နှာထား တင်းမာစွာဖြင့်ပင် ပြော လိုက်လေသည်။

"အဘိုး ဒီအိမ်ကို ရောင်းလိုက်ပြီမို့ မင်း မြန်မြန် ဖယ်ပေးဖို့ လိုတယ်ကွယ့်…။ နောက်အကျဆုံး သုံးရက်အတွင်း အိမ်လာကြည့်မယ့် လူတွေကို ခေါ်လာရမှာမို့လို့ပဲ...။"

အိမ်ရှင်၏ လုံးဝ ပြောင်းလဲသွားသော သဘောထားကို မြင်သောအခါ လျန်ထျန်းသည် ပထမတော့ မှင်တက် သွားပြီးနောက် ဇဝေဇဝါဖြင့် မေးလိုက်လေသည်။

"ဒါ မဟုတသေးဘူးလေ အဘိုးရဲ့…၊ အဘိုးက ဒီအိမ်ကို ကျွန်တော့်ကို အရင်ငှားထားတာလေ၊ အရောင်းအဝယ် က အိမ်ငှားစာချုပ်ကို မဖျက်ဆီးနိုင်ဘူး…။ အဘိုးအနေနဲ့ တခြားတစ်ယောက်ကို ရောင်းလို့ရပေမဲ့ ဒိသုံးလ အတွက် ကျွန်တော့်ကို ငှားထားတယ်ဆိုတဲ့ အချက်ကိုတော့ ပြောင်းလဲလို့ မရဘူးလေ...။"

"တကယ်လို့ အဘိုးက အတင်း ရောင်းချင်တယ် ဆိုရင်တောင် ဝယ်မယ့်သူတွေကို သုံးလကြာမှ ပြောင်းရွှေ့လို့ ရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြရမှာလေ…။ ကျွန်တော်က သုံးရက်အတွင်း ဖယ်ပေးရမယ်လို့ မဆိုလိုဘူး...။"

"နောက်ဆုံးအနေနဲ့ အဘိုး တစ်ခုခုများ ဖြစ်လို့လား ရုတ်တရက်ကြီး ဘာလို့ အိမ်ကို အလောတကြီး ရောင်းချင် နေရတာလဲ...။"

လျန်ထျန်းက အိမ်ရှင်ကို ယဉ်ကျေးပျူငှာစွာ ပြောဆိုခဲ့ပြီး အိမ်ကို ဤမျှ လောလောဆယ်ဆယ် ရောင်းချရန် ဖြစ်စေသည့် ကိစ္စတစ်ခုခုများ ရှိနေသလားဟုပင် စိုးရိမ်တကြီး မေးမြန်းခဲ့လေသည်။ ရလဒ်အနေဖြင့် အိမ်ရှင် သည် သူ့ကို ရင်းနှီးသော အကြည့်ဖြင့် မကြည့်ဘဲ ပြတ်သားသော လေသံဖြင့် ဆိုလိုက်လေသည်။

"ငါ အဲဒါတွေကို ဂရုမစိုက်ဘူး…။ ဒီအိမ်က ငါ့အိမ်ပဲ…၊ ငါက မင်းကို ဖယ်ပေးဖို့ ပြောရင် မင်း ဖယ်ပေးရမှာပဲ...။"

"သုံးရက်အတွင်း မင်း မဖယ်ပေးရင် ငါ သော့တွေချိန်းပြီး မင်းပစ္စည်းတွေ အကုန် အပြင်ကို ပစ်ထုတ်ပစ်မယ်…။ ဒါကြောင့် မင်း မြန်မြန် လုပ်တာ ကောင်းမယ်...။"

အဘိုးအို၏ သဘောထား လုံးဝ ပြောင်းလဲသွားသည်ကို မြင်သောအခါ လျန်ထျန်းသည် တစ်ခုခု မှားယွင်းနေ ကြောင်း ခံစားလိုက်ရပြီး သူ လက်မှတ်ရေးထိုးထားသည့် အိမ်ငှားစာချုပ်နှင့် စပေါ်ငွေ မှတ်စုစာရွက်တို့ကို အလျင်အမြန် သွားရှာလိုက်လေသည်။

မှတ်စုစာရွက်ကို ထုတ်ယူလာသည်ကို မြင်သောအခါ အိမ်ရှင် အဘိုးအိုက နှစ်ကြိမ်မျှ လှောင်ပြောင်ရယ်မော လိုက်လေသည်။

"မင်းရေးထားတာတွေက အသုံးမကျပါဘူး…။ ငါ အဲဒီအပေါ်မှာ စာတစ်လုံးမှ မရေးထားသလို လက်ဗွေရာတွေ လည်း မရှိဘူး...။"

တကယ်ပင် လျန်ထျန်း သေချာကြည့်လိုက်သောအခါ အိမ်ရှင်၏ လက်ဗွေရာမှာ မြင်သာသော မျဉ်းကြောင်းများ မရှိဘဲ လုံးဝ နီရဲကာ ရှုပ်ထွေးနေသည်ကို တွေ့လိုက်ရသဖြင့် အလွန် အံ့အားသင့်သွားလေသည်။

ချက်ချင်းပင် လျန်ထျန်းသည် သူတစ်ပါး၏ ထောင်ချောက်ထဲသို့ ကျရောက်သွားပြီ ဖြစ်ကြောင်း နားလည်လိုက် လေသည်။

ဤအဘိုးအိုမှာ သေချာပေါက် လူလိမ်လူညာ တစ်ဦးပင် ဖြစ်သည်။ သူသည် အစပိုင်းတွင် ရိုးသားဖြောင့်မတ်ပုံ ပေါ်အောင် ဟန်ဆောင်ပြကာ အခြားသူများ သူ့ကို အလွယ်တကူ ယုံကြည်စေရန် ပြုလုပ်ခဲ့လေသည်။

သူတစ်ပါး၏ ယုံကြည်မှုကို ရရှိပြီးနောက် သူသည် စာမတတ်သူ၊ စာမရေးတတ်သူအဖြစ် ဟန်ဆောင်ကာ သူ၏ လက်ဗွေရာများ ပျောက်ကွယ်နေပြီ ဖြစ်သော လက်ချောင်းများကို အသုံးပြု၍ လက်ဗွေရာ ပေးခဲ့ခြင်း ဖြစ်သည်။ အခြားသူများ သူ့ကို ယုံကြည်သွားသည်နှင့် တစ်ပြိုင်နက် သူတို့သည် သူ၏ လက်ဗွေရာများပေါ်ရှိ သံသယဖြစ် ဖွယ် အရာများကို ယေဘုယျအားဖြင့် သတိထားမိမည် မဟုတ်ပေ။

ဤနည်းအားဖြင့် စာချုပ်ရော မှတ်စုစာရွက်ပါ မည်သည့် တရားဝင် အကျိုးသက်ရောက်မှုမျှ ရှိမည် မဟုတ်တော့ ပေ။ သို့သော် သူ အမှန်တရားကို သိရှိသွားချိန်တွင် အလွန် နောက်ကျနေပြီ ဖြစ်သည်။

လျန်ထျန်းအတွက် ငွေပမာဏက မများသော်လည်း လှည့်စားခံရသည် ဟူသော ခံစားချက်က သူ့ကို ဒေါသ ကြောင့် တုန်ရီစေဆဲ ဖြစ်သည်။ ခေတ္တမျှ စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် လျန်ထျန်းသည် ဒေါသကို တတ်နိုင်သမျှ ဖိနှိပ်ကာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားရင်း အိမ်ရှင် အဘိုးအိုထံသို့ ပြန်သွားကာ စကားတစ် လုံးချင်းစီ ပြောလိုက်လေသည်။

"စာချုပ် မရှိရင်တောင် အိမ်ငှားရမ်းမှုက အတည်ဖြစ်နေတုန်းပဲ…။ ခင်ဗျားက ကျွန်တော့်ကို အခု ဖယ်ပေးစေချင် တာလား…၊ ကောင်းပြီလေ…။ ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ပိုက်ဆံကို ပြန်အမ်းရမယ်...။"

လျန်ထျန်းက ငွေကို ဂရုစိုက်နေခြင်း မဟုတ်ပေ။ ကိစ္စရပ်၏ အမှန်တရားကို နားလည်ပြီးနောက် ဤကဲ့သို့သော လုပ်ရပ်မျိုးကို အားပေးအားမြှောက် မပြုလုပ်နိုင်ဟု သူ ခံစားရခြင်း ဖြစ်သည်။ အကယ်၍ တစ်ဖက်လူက အကြွေးကို ဝန်ခံရန် ငြင်းဆန်ခဲ့ပါက မည်သို့ ကိုင်တွယ်ရမည်ကိုပင် သူ ပြင်ဆင်ထားပြီး ဖြစ်လေသည်။

အဘိုးအိုသည် အစပိုင်းတွင် သူက စာမတတ်ကြောင်းနှင့် လျန်ထျန်းထံမှ ငွေသားရယူရန် စမတ်ဖုန်း မသုံးတတ် ကြောင်း ဆင်ခြေပေးခဲ့လေသည်။ ကံကောင်းထောက်မစွာဖြင့် လျန်ထျန်းသည် ဤအချက်ကို သတိထားမိခဲ့ပြီး ငွေလွှဲရန်အတွက် သူ၏ ဘဏ်ကတ်နံပါတ်ကို တောင်းဆိုခဲ့လေသည်။

ငွေလွှဲမှတ်တမ်းများကို ရှာဖွေနိုင်ပါက ငွေကို ငြင်းဆိုရန် နည်းလမ်းမရှိပေ။ အကယ်၍ သူက တကယ်ပင် ငြင်းဆို ရန် ကြိုးစားလာပါက လျန်ထျန်းတွင် သူ့ကို တရားစွဲရန် နည်းလမ်းများ ရှိလေသည်။

အနည်းငယ် မထင်မှတ်ထားသည်မှာ အိမ်ရှင် အဘိုးအိုသည် ငွေပြန်အမ်းရန် တိုက်ရိုက် မငြင်းဆိုဘဲ ဤသို့ ပြောလိုက်လေသည်။

"ရပါတယ် ပြန်အမ်းဖို့ ငါ တောင်းဆိုလို့ ရတယ်…။ ဒါပေမဲ့ ငါ့အိမ်မှာ တစ်ခုခု ပျက်စီးနေသလား ဆိုတာကို ငါ အရင်စစ်ဆေးဖို့ လိုတယ်…။ ပြီးတော့ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွက် အိမ်လခ၊ ရေဖိုးမီးဖိုး၊ ဂက်စ်ဖိုးနဲ့ ပစ္စည်းထိန်းသိမ်းခတွေကိုလည်း နုတ်ယူဖို့ လိုသေးတယ်...။"

သူက ရှည်လျားစွာ ပြောဆိုနေပြီး လျန်ထျန်းမှာ သူ့စကားကို နားထောင်ရင်း ခေါင်းကိုက်လာသဖြင့် အလျင် အမြန် ကြားဖြတ် ပြောလိုက်လေသည်။

"ကျွန်တော် တစ်နေ့လုံး အပြင်မှာ အစားအသောက် ပို့နေပြီး ညကျမှ အိပ်ဖို့ ပြန်လာတာလေ…။ ပြီးတော့ ကျွန်တော် နေတာ ခုနစ်ရက်တောင် မပြည့်သေးဘူး…။ ရေနဲ့မီးကို ဘယ်လောက်တောင် သုံးနိုင်မှာမို့လို့လဲ...။"

"ပရိဘောဂတွေ ပျက်စီးဖို့ ဆိုတာကတော့ ပိုလို့တောင် မဖြစ်နိုင်သေးတယ်…။ ကောင်းပြီ ကောင်းပြီ ခင်ဗျား ကြိုက်သလို စစ်ဆေးပါ….၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ဒီနေရာမှာ ရက်အနည်းငယ်ပဲ နေတာဆိုတော့ ခင်ဗျား ဘာတွေ ရှာတွေ့နိုင်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့...။"

ထို့နောက် အိမ်ရှင် အဘိုးအိုသည် အိမ်၏ နေရာအနှံ့ကို စတင် စစ်ဆေးလေတော့သည်။ တစ်မိနစ်တွင် ဆိုဖာ ခြေထောက်တစ်ချောင်း ကျိုးနေသည်ဟု ဆိုကာ နောက်တစ်မိနစ်တွင် စားပွဲက အနည်းငယ် ယိမ်းယိုင်နေသည် ဟု ဆိုပြန်လေသည်။

အထူးသဖြင့် သူတို့ ရေချိုးခန်းကို စစ်ဆေးသောအခါ အိမ်သာမှာ အစကတည်းက ရေဆင်းနှေးနေသော်လည်း သူက လျန်ထျန်း ပိတ်သွားအောင် လုပ်သည်ဟု အတင်းအဓမ္မ အပြစ်တင်လေသည်။ ပြီးတော့ ငွေရှင်းမည့် အချိန်ရောက်သောအခါ ထိုပစ္စည်းများ အားလုံးကို အသစ်ဖြင့် အစားထိုးရန် လိုအပ်သည်ဟု သူက ဆိုလေသည်။

နောက်ဆုံးတွင် သူတို့သည် လျန်ထျန်းကို ငွေပြန်အမ်းမည် မဟုတ်သည့်အပြင် ဆုံးရှုံးမှုအတွက် လျော်ကြေး အဖြစ် လျန်ထျန်းထံမှ ဖန်အနည်းငယ်ကိုပင် တောင်းဆိုလာလေသည်။ ထိုစကားကို ကြားသောအခါ လျန်ထျန်း မှာ အလွန် အံ့အားသင့်သွားပြီး မေးရိုးပင် ပြုတ်ကျမတတ် ဖြစ်သွားရလေသည်။

အဘိုးအိုမှာ အရှက်မဲ့လိမ့်မည်ဟု သူ ခံစားခဲ့ရသော်လည်း ဤမျှလောက် ဗြောင်ကျကျ အရှက်မဲ့သောသူ ရှိလိမ့် မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ လျန်ထျန်းတွင် ငွေပြတ်လပ်နေခြင်း မဟုတ်ပေ။ ဤဘဝတွင် ဂုဏ်သိက္ခာ အတွက် သက်သက် အသက်ရှင်နေ၍ မရနိုင်ပေ။ လူတစ်ယောက်က မိမိအပေါ် တံတွေးထွေးလိုက်လျှင် ရွံရှာမိပါ က အလွယ်တကူ မြိုချလိုက်၍ မရပေ။

ထို့ကြောင့် လျန်ထျန်းက ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

"ခင်ဗျား ပြောတဲ့ ပရိဘောဂတွေက ကျွန်တော် မပြောင်းရွှေ့ခင်ကတည်းက အဲဒီအတိုင်းပဲလေ ဘာလို့ အခုမှ ကျွန်တော် အကုန်ဖျက်ဆီးလိုက်တယ်လို့ ပြောနေရတာလဲ...။"

"ကျွန်တော် ဒီနေရာမှာ ခုနစ်ရက်ပဲ နေရသေးတယ်…။ ဒီနေရာမှာ ခုနစ်ရက်လုံးလုံး စစ်တိုက်နေတာ မဟုတ်ဘူး …၊ ငွေညှစ်မယ် ဆိုရင်တောင် ယုံကြည်နိုင်လောက်အောင် လုပ်ပါဦး...။"

"ဒါ့အပြင် ခင်ဗျားရဲ့ ဈေးနှုန်းက အဓိပ္ပာယ်မရှိဘူး ဒီဆိုဖာအစုတ်က ငါးလီ တန်တယ်ပေါ့ ဒီစားပွဲအစုတ်က သုံးလီ တန်တယ်ပေါ့...။"

"အဆိုးရွားဆုံးက ခင်ဗျားက ဒီအိမ်သာကို နှစ်လီ တန်တယ်လို့ ထင်နေတာလား…။ ကျွန်တော့်ကို ဘာမှမသိတဲ့ လူသစ်လို့ တကယ်ပဲ ထင်နေတာလား...။"

"ဒီလို ပုံမှန် အိမ်သာမျိုးက ဈေးကွက်ထဲမှာ ဖန်အနည်းငယ်ပဲ ပေးရတာ…။ ပြီးတော့ ပိတ်သွားရင်တောင် ပြန် ဖောက်လိုက်လို့ ရတာပဲကို ဘာလို့ အသစ်လဲဖို့ ဒုက္ခခံနေဦးမှာလဲ...။"

လျန်ထျန်း၏ ချေပပြောဆိုမှုများနှင့် ရင်ဆိုင်ရသောအခါ အိမ်ရှင် အဘိုးအိုက ပြန်လည် ငြင်းခုံလိုက်လေသည်။

"ငါ ဂရုမစိုက်ဘူး ဒီပစ္စည်းတွေကို မင်းပဲ ဖျက်ဆီးလိုက်တာ...။"

"မင်း လျော်ပေးရင်ပေး..၊ မပေးရင် သုံးရက်အတွင်း ပြန်ပြင်ပေး…၊ မဟုတ်ရင် ငါ တစ်လီမှ ပြန်အမ်းမှာ မဟုတ် ဘူး...။"

အိမ်ရှင် အဘိုးအိုသည် လျန်ထျန်း၏ စပေါ်ငွေနှင့် ကျန်ရှိနေသော အိမ်လခများကို ငွေညှစ်ရန် ရည်ရွယ်ချက်ဖြင့် လျန်ထျန်းကို တမင်သက်သက် အခက်တွေ့အောင် လုပ်နေခြင်းမှာ သိသာထင်ရှားလှပေသည်။

ဤလုပ်ငန်းက တကယ်ကို ကောင်းမွန်လှပေသည်။ ခုနစ်ရက်အတွင်း တစ်ဖန်နှင့် ရှစ်လီ ရရှိနိုင်ပြီး ၎င်းမှာ ကမ္ဘာပေါ်ရှိ ကုန်ဈေးနှုန်းများ အဆတစ်သန်း မပြုတ်ကျမီက ယွမ် (၁၈,၀၀၀) နှင့် ညီမျှလေသည်။ လျန်ထျန်း အတွက် ဤငွေပမာဏမှာ ဘာမှမဟုတ်ပေ။ ၎င်းသည် အစားအသောက် ပို့ဆောင်မှု တစ်ခုတည်းမှ သူရရှိသော ကော်မရှင်ခ၏ အစိတ်အပိုင်းလေး တစ်ခုမျှပင် မရှိပေ။

သို့သော် အစောပိုင်းက ပြောခဲ့သလိုပင် ဤကဲ့သို့သော လုပ်ရပ်မျိုးကို အားပေးအားမြှောက် မပြုလုပ်သင့်ပေ။ မဟုတ်ပါက ဤအဘိုးအိုသည် အခြားသူများကို လှည့်စားရန် ဤနည်းလမ်းကိုပင် ထပ်မံ အသုံးပြုမည်မှာ သေချာပေသည်။ နောက်ပိုင်းတွင် လိမ်လည်ခံရသူများမှာ ငွေကို ဂရုမစိုက်သည့် လျန်ထျန်းကဲ့သို့ ဖြစ်မည် မဟုတ်ဘဲ ၎င်းသည် သူတို့အတွက် ကုစားမရနိုင်သော ကြီးမားသည့် ဆုံးရှုံးမှုကြီးပင် ဖြစ်သွားနိုင်လေသည်။

ထိုအချိန်မှစ၍ လှည့်စားခံရသူများသည် လောကကြီးရှိ မည်သည့် ကြင်နာမှုကိုမျှ ထပ်မံ ယုံကြည်တော့မည် မဟုတ်ပေ။

ထို့ကြောင့် ဤကဲ့သို့သော ကိစ္စမျိုး မဖြစ်ပွားစေရန် တားဆီးရန်အတွက် သူ့ကိုယ်သူမှ စတင်ရမည်ဟု လျန်ထျန်း ဆုံးဖြတ်လိုက်လေသည်။ တိုက်ဆိုင်စွာပင် သူသည် အိမ်ရှင် အဘိုးအိုကို ကိုင်တွယ်ရန် ပြောင်မြောက်သော အကြံ ဉာဏ်တစ်ခုကို စဉ်းစားမိသွားလေတော့သည်…။

All Chapters