အခန်း ၂၀၂
Vol. 21 Ch. 202
အခန်း (၂၀၂)
အိမ်သာပြင်ရင်း လိမ်လည်မှုနှင့် ကြုံတွေ့ရခြင်း
အိမ်ရှင်၏ အဆက်မပြတ် ဖိအားပေးမှုအောက်တွင် လျန်ထျန်းသည် သူ့ကို ပရိဘောဂများ ပြင်ဆင်ပေးရန် ရွေးချယ်လိုက်လေသည်။
အိမ်ရှင် အဘိုးအိုသည် လျန်ထျန်း၏ ရွေးချယ်မှုကို ဂရုမစိုက်သော်လည်း ထွက်သွားချိန်တွင် အဓိပ္ပာယ်ပါပါ လှောင်ပြောင်ရယ်မောသွားခဲ့လေသည်။
"အဲဒီအချိန်ကျရင်လည်း ငါ သေချာစစ်ရဦးမှာပဲ…။ မင်းက ငါ့စံနှုန်းတွေနဲ့ မကိုက်ညီရင် တစ်လီမှ ရမှာမဟုတ် ဘူး...။"
အိမ်ရှင် အဘိုးအိုသည် လျန်ထျန်းကို သူ၏ ပရိဘောဂများကို အလကား ပြင်ဆင်ခိုင်းရန် ရည်ရွယ်ထားကြောင်း သိသာထင်ရှားလှပြီး မည်မျှပင် ကောင်းမွန်အောင် ပြင်ဆင်ထားစေကာမူ သူ ကျေနပ်မည်မဟုတ်ဘဲ ငွေပေးမည် မဟုတ်ပေ။
အရှက်မဲ့သောသူ တစ်ယောက် မလုပ်နိုင်သည့်အရာဟူ၍ မရှိနိုင်သည်ကို တွေးကြည့်၍ပင် မရနိုင်ပေ။
လျန်ထျန်းသည် ဤအရာအားလုံးကို ခန့်မှန်းမိသော်လည်း ဘာမှမပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်ထဲတွင် အကြံကောင်းတစ်ခု ရှိနေပြီးဖြစ်သောကြောင့်ပင် ဖြစ်သည်။
ပထမဦးစွာ လျန်ထျန်းသည် တန်ဖိုးကြီးပြီး ကျိုးပဲ့လွယ်သော ပစ္စည်းများစွာကို ဝယ်ယူခဲ့ကာ ပြေစာများနှင့် ငွေတောင်းခံလွှာ အားလုံးကို သိမ်းဆည်းထားလိုက်လေသည်။
ထို့နောက် ဤပစ္စည်းများကို စားပွဲနှင့် ဆိုဖာပေါ်တွင် တင်ထားလိုက်ပြီး အထောက်အထား သိမ်းဆည်းရန် အတွက် မျက်နှာကြက် ထောင့်တွင် လုံခြုံရေး ကင်မရာ တစ်လုံးကို တပ်ဆင်လိုက်လေသည်။
ထို့နောက် အိမ်ရှင် လာရောက်၍ ထပ်မံစစ်ဆေးမည့်အချိန်ကို စောင့်ဆိုင်းနေရုံသာ ဖြစ်သည်။ အကယ်၍ သူသာ တစ်ခုခုကို မတော်တဆ ချိုးဖျက်မိပါက ပြေစာကို ချက်ချင်းထုတ်ပြပြီး သူ့ကို လျော်ခိုင်းမည် ဖြစ်လေသည်။
အကယ်၍ သူ့တွင် လျော်ကြေးပေးရန် ငွေအလုံအလောက် မရှိဘဲ အကြွေးကို ငြင်းပယ်ရန် ကြိုးစားပါက သူ့ကို ဖမ်းဆီးရန် ရဲကို ချက်ချင်း ဖုန်းဆက်ခေါ်မည် ဖြစ်သည်။ အထောက်အထားအဖြစ် လုံခြုံရေး ကင်မရာ မှတ်တမ်း ရှိနေသောကြောင့် သူ မည်သို့ပင် လုပ်စေကာမူ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထိုသို့သော နည်းလမ်းများသည် အနည်းငယ် ကောက်ကျစ်စဉ်းလဲရာ ကျသော်လည်း နောက်ဆုံးတွင်မူ အိမ်ရှင် အဘိုးအိုကသာ လူတွေကို အရင်လိမ်လည်ခဲ့ခြင်း ဖြစ်သည်။
ဆိုရိုးစကားအတိုင်း လူဆိုးများသည် ဆိုးယုတ်သော အပြုအမူများဖြင့်သာ အပြစ်ပေးခံရမည် ဖြစ်သည်။ အကယ်၍ ထိုစည်းမျဉ်းစည်းကမ်းများကိုသာ အမြဲတမ်း စွဲကိုင်ထားပါက ဤဘဝတွင် လူဆိုးများကို မည်သည့် အခါမျှ အနိုင်ယူနိုင်မည် မဟုတ်ပေ။
ဤပြင်ဆင်မှုများ အားလုံးကို ပြုလုပ်ပြီးနောက် လျန်ထျန်းသည် သုံးရက်အကြာတွင် အိမ်ရှင် လာရောက် စစ်ဆေးမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့လေသည်။
သို့သော် နောက်တစ်နေ့တွင် ရေဆင်းအလွန်နှေးနေသော အိမ်သာမှာ လုံးဝ ပိတ်ဆို့သွားခဲ့လေသည်။
ဤနေရာတွင် နောက်ထပ် နှစ်ရက်ခန့် နေထိုင်ရဦးမည် ဖြစ်သောကြောင့် လျန်ထျန်းသည် အင်တာနက်ပေါ်မှ အနီးအနားရှိ ပိုက်လိုင်း ရှင်းလင်းရေး ကုမ္ပဏီတစ်ခုကို ရှာဖွေကာ ပြင်ဆင်ခိုင်းရန် စဉ်းစားလိုက်လေသည်။
အင်တာနက်တွင် တွေ့ရှိခဲ့သော ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်ရာ လျင်မြန်စွာပင် ဖုန်းကို ဖြေဆိုခဲ့ပြီး အမျိုးသမီး ဖောက်သည်ဝန်ဆောင်မှု ကိုယ်စားလှယ် တစ်ဦး၏ အသံ ထွက်ပေါ်လာလေသည်။
"မင်္ဂလာပါရှင် ဘာများ ပြင်ဆင်ချင်လို့ပါလဲ...။"
လျန်ထျန်းက ပြောလိုက်သည်။
"မင်္ဂလာပါ ကျွန်တော့်အိမ်သာ ပိတ်နေလို့ လာဖောက်ပေးစေချင်လို့ပါ ကုန်ကျစရိတ် ဘယ်လောက်လောက် ရှိမလဲ...။"
အမျိုးသမီး ဖောက်သည်ဝန်ဆောင်မှု ကိုယ်စားလှယ်က ဆိုလိုက်သည်။
"ပုံမှန် ဖောက်ပေးတဲ့ အခကြေးငွေက တစ်လီပါရှင် အကယ်၍ ရှုပ်ထွေးတဲ့ အခြေအနေမျိုး ဖြစ်ပေါ်လာရင် ပြင်ဆင်ရေးသမားက စစ်ဆေးပြီးနောက်မှာ အပိုဆောင်း အခကြေးငွေ ထပ်ကောက်ပါလိမ့်မယ်...။"
ယနေ့ခေတ် တစ်လီဆိုသည်မှာ ကမ္ဘာပေါ်ရှိ ကုန်ဈေးနှုန်းများ အဆတစ်သန်း မပြုတ်ကျမီက ယွမ် (၁၀၀) နှင့် ညီမျှလေသည်။
ဈေးနှုန်းကို ကြားပြီးနောက် လျန်ထျန်းသည် သင့်တင့်မျှတသည်ဟု ခံစားရသဖြင့် တစ်ဖက်လူကို လိပ်စာပေးကာ လာရောက် ပြင်ဆင်ခိုင်းလိုက်လေသည်။
ဖုန်းခေါ်ဆိုပြီးနောက် ပြင်ဆင်ရေးသမား ရောက်လာရန် တစ်နာရီနီးပါး ကြာမြင့်ခဲ့လေသည်။ သူသည် လက်ထဲ တွင် ကိရိယာမျိုးစုံကို ကိုင်ဆောင်ထားပြီး ကျောပေါ်တွင်လည်း အိတ်ကြီးတစ်လုံးကို လွယ်ထားလေသည်။
ဤမျှများပြားသော ပစ္စည်းများကို ကြည့်ရင်း လျန်ထျန်းမှာ အနည်းငယ် အံ့အားသင့်သွားကာ စိတ်ထဲတွင် တွေးလိုက်မိလေသည်။
"ဘုရားရေ သူတို့က အိမ်သာလာဖောက်တာလား အိမ်သာကို ဖြုတ်ဖို့ လာတာမဟုတ်ဘူး ဆိုတာ သေချာရဲ့ လား...။"
စိတ်ထဲတွင် တွေးတောနေသော်လည်း လျန်ထျန်းသည် အပြင်ပန်းတွင် ဘာမှမပြောခဲ့ပေ။ တစ်ဖက်လူမှာ အတော်လေး ကျွမ်းကျင်ပုံရသဖြင့် တစ်လီပေးရသည်မှာ တန်သည်ဟု ယူဆလိုက်လေသည်။
လျန်ထျန်း မထင်မှတ်ထားခဲ့သည်မှာ သူ၏ သာမန် တွေးတောမှုလေးက မကြာမီတွင် အမှန်တကယ် ဖြစ်လာ လိမ့်မည် ဟူ၍ပင် ဖြစ်သည်။
အစပိုင်းတွင် ပြင်ဆင်ရေးသမားသည် ကိရိယာမျိုးစုံကို ချထားလိုက်ပြီး သူ၏ အိတ်ထဲမှ အမည်မသိ အနီရောင် အရည်တစ်ပုလင်းကို ထုတ်ယူကာ လျန်ထျန်းကို ပြောလိုက်လေသည်။
"အစ်ကို... ကျွန်တော် ဒါနဲ့ အရင်စမ်းကြည့်မယ်…။ ပိတ်နေတာတွေကို စားပစ်နိုင်မလားလို့ပါ…၊ ဒါနဲ့ ဖောက်လို့ ရရင်တော့ သဘောတူထားတဲ့ တစ်လီ ကျသင့်မှာပါ...။"
"ဒါပေမဲ့ ဖောက်လို့မရဘဲ ပင်မပိုက်လိုင်းက ပိတ်နေတာဆိုရင်တော့ အိမ်သာကို ဖြုတ်ဖို့ လိုပါလိမ့်မယ် အဲဒီအ တွက် ဈေးနှုန်းကို ကြိုပြီး သဘောတူရပါမယ် ဖြုတ်ခက နှစ်လီ၊ တပ်ဆင်ခက နှစ်လီပါ...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းသည် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး စိတ်ထဲတွင် တွေးလိုက်မိ လေသည်။
*တကယ်ကြီး အိမ်သာကို ဖြုတ်မှာလား…။ ဖြုတ်တာက နှစ်လီ၊ ပြန်တပ်တာက နှစ်လီဆိုရင် အားလုံးပေါင်း လေးလီပေါ့...။*
*ဒီအိမ်သာက လေးလီတောင် တန်လို့လား တစ်ခုခုတော့ မှားနေပြီ ငါပဲ အလွန်အကျွံ တွေးနေမိတာလား...။*
သေချာ စဉ်းစားပြီးနောက် လူခေါ်ထားပြီးမှတော့ အရင်စမ်းခိုင်းလိုက်မည်ဟု လျန်ထျန်း ဆုံးဖြတ်လိုက်လေ သည်။ ထို အမည်မသိ အနီရောင် အရည်ပုလင်းကို လောင်းထည့်လိုက်ပါက ပြဿနာ ပြေလည်သွားနိုင်ကောင်း ပြေလည်သွားနိုင်ပေသည်။
ထို့ကြောင့် သူက ပြောလိုက်လေသည်။
"အရင်စမ်းကြည့်လိုက်ပါ အိမ်သာကို ဖြုတ်ဖို့ မလိုဘူးလို့ ထင်ပါတယ် မဖြုတ်ဘဲနဲ့ ဖောက်နိုင်ရင်မယ်ဆိုရင်တော့
အကောင်းဆုံးပေါ့...။"
လျန်ထျန်း၏ စကားကို ကြားသောအခါ ပြင်ဆင်ရေးသမားသည် ဘာမှမပြောဘဲ အမည်မသိ အနီရောင် အရည် ပုလင်းကို အိမ်သာထဲသို့ လောင်းထည့်လိုက်လေသည်။
သို့သော် သူသည် အိမ်သာကို ငုံ့ကြည့်နေစဉ် လျန်ထျန်း မမြင်နိုင်သော ဘေးဘက် မြင်ကွင်းမှ သူ၏ နှုတ်ခမ်း ထက်တွင် သတိမထားမိနိုင်လောက်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ငါးမိနစ်ခန့် ကြာသွားပြီးနောက် ထိုအချိန်အတွင်း ပြင်ဆင်ရေးသမားသည် ကိရိယာ အချို့ကို အသုံးပြုကာ အိမ်သာကို ဖောက်ရန် ကြိုးစားနေဟန် ဆောင်နေခဲ့လေသည်။
ထို့နောက် သူက ပြောလိုက်လေသည်။
"ကျွန်တော့်စကားကိုသာ နားထောင်ပါ အစ်ကိုရယ်…၊ ကျွန်တော့်ကို နောက်ထပ် လေးလီ ပေးလိုက်ရင် ပြီးသွား မှာပါပဲ...။ ဪ မဟုတ်ဘူး အိမ်သာကို ဖြုတ်လိုက်ရင် ပြီးသွားမှာပါလို့ ပြောတာပါ...။"
ဤစကားကို ကြားသောအခါ လျန်ထျန်း၏ စိတ်ထဲတွင် ကယောက်ကယက် ဖြစ်သွားရလေသည်။
*မင်းရဲ့ အစစ်အမှန် ခံစားချက်တွေကို မတော်တဆ လွှတ်ခနဲ ပြောထွက်သွားတာ မဟုတ်လား…၊ အစကတည်း က အကုန်လုံး ကြိုတင် စီစဉ်ထားတာပဲ မင်းက ဒီငွေတွေကို လိမ်ယူဖို့ လာတာပဲ...။*
ရိုးရိုးသားသား ပြောရလျှင် ယခုရက်ပိုင်းအတွင်း လေးလီ ဆိုသည်မှာ လျန်ထျန်းအတွက် ဘာမှမဟုတ်ပေ။
သို့သော် ဤကိစ္စသည် ငွေကြေးနှင့် အမှန်တကယ် ပတ်သက်နေခြင်း မဟုတ်ဘဲ ဤငွေကို ပေးလိုက်ခြင်းက ဤကဲ့သို့သော လုပ်ရပ်မျိုးကို အားပေးအားမြှောက် ပြုလုပ်ရာ ရောက်မည်ကိုပင် ဖြစ်သည်။
ယနေ့ခေတ် လေးလီ ဆိုသည်မှာ ကမ္ဘာပေါ်ရှိ ကုန်ဈေးနှုန်းများ အဆတစ်သန်း မပြုတ်ကျမီက ယွမ် (၄၀၀) နှင့် ညီမျှသည်ကို မှတ်သားထားရမည် ဖြစ်သည်။
၎င်းမှာ များပြားလှသည်ဟု မထင်ရသော်လည်း အိမ်သာ ဖောက်ရန်အတွက်မျှဖြင့် ဤမျှလောက် ငွေကြေး သုံးစွဲရခြင်းမှာ အမှန်တကယ် ကျိုးကြောင်းဆီလျော်မှု ရှိပါသလား။
မည်သို့ပင်ဖြစ်စေ လျန်ထျန်းသည် ၎င်းကို အဓိပ္ပာယ်မရှိဟု ခံစားခဲ့ရသည်။ အနည်းဆုံးတော့ သာမန်လူ အများစုအတွက် ဤကဲ့သို့သော ဈေးနှုန်းမှာ အလွန်အမင်း များပြားလွန်းလှပေသည်။
ထို့ကြောင့် သူက ပြတ်ပြတ်သားသားပင် ပြောလိုက်လေသည်။
"အရင် မဖြုတ်နဲ့ဦး…။ ကျွန်တော် တခြားလူ တစ်ယောက်ကို ရှာပြီး ကြည့်ခိုင်းလိုက်မယ်...။"
လျန်ထျန်း စကားပြော၍ မဆုံးမီ ပြင်ဆင်ရေးသမားက သူ့ကို ကြားဖြတ် ပြောလိုက်လေသည်။
"ခင်ဗျား ဘယ်သူ့ကို ခေါ်ခေါ် အရေးမကြီးပါဘူး…။ ဒီအခြေအနေမျိုးမှာ အိမ်သာကို ဖြုတ်ကို ဖြုတ်ရမှာပါ….။ မဖြုတ်ရင် သေချာပေါက် အဆင်ပြေမှာ မဟုတ်ဘူး…၊ ကျွန်တော့်စကားကိုသာ နားထောင်ပါ...။"
လျန်ထျန်းက အခိုင်အမာ ပြောလိုက်လေသည်။
"မလိုပါဘူး…။ ကျွန်တော် အိမ်သာကို မဖြုတ်ချင်ဘူး…၊ အိမ်သာ မပွင့်သွားပေမဲ့ ခင်ဗျားကို အခကြေးငွေ တစ်လီ ပေးလိုက်မယ်…။ ခင်ဗျားလမ်း ခင်ဗျား ဆက်သွားတော့...။"
ထိုအချိန်တွင် လျန်ထျန်းသည် ပြဿနာများ ထပ်မံ မဖြစ်ပွားစေရန်အတွက် ပြင်ဆင်ရေးသမားကို အမြန်ဆုံး နှင်ထုတ်ချင်နေခဲ့လေသည်။
သို့သော် လျန်ထျန်း၏ စကားကို ကြားသောအခါ ပြင်ဆင်ရေးသမား၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး တိုးတိုးလေး ကျိန်ဆဲလိုက်လေသည်။
"တောက်...။"
ထို့နောက် သူက ကိရိယာများကို ရှာရန် ငုံ့လိုက်ပြီး လျန်ထျန်းကို ထပ်ပြောလိုက်လေသည်။
"ဒါဆို ကျွန်တော် ခင်ဗျားအတွက် နောက်တစ်ကြိမ် ထပ်စမ်းကြည့်ပေးပါမယ်...။"
တစ်ဖက်လူက အလွန်တိုးညင်းစွာ ကျိန်ဆဲလိုက်သော်လည်း လျန်ထျန်းသည် ကြားလိုက်ရဆဲဖြစ်ပြီး ချက်ချင်း ပင် မျက်မှောင် ပိုကြုတ်သွားကာ တစ်ဖက်လူမှာ လူကောင်းတစ်ယောက် မဟုတ်ကြောင်း ခံစားလိုက်ရလေ သည်။
ထို့ကြောင့် သူ၏ လေသံမှာ တုံ့ပြန်ရာတွင် ယခင်လောက် အဆင်မပြေတော့ပေ။
"ခင်ဗျား စမ်းကြည့်လို့ ရတယ်…။ ဒါပေမဲ့ စည်းကမ်းချက် တစ်ခုတော့ ရှိတယ်၊ အိမ်သာကို ဖြုတ်ခွင့်မပြုဘူး…။ တကယ်လို့ ခွင့်ပြုချက်မရှိဘဲ ဖြုတ်လိုက်ရင် အိမ်သာ ဖြုတ်ခအတွက် တစ်ပြားမှ ပေးမှာမဟုတ်ဘူး...။"
ဤတစ်ကြိမ်တွင် ပြင်ဆင်ရေးသမားသည် အိမ်သာကို အမှန်တကယ် မဖြုတ်ခဲ့ပေ။ ဆယ်စက္ကန့်ပင် မပြည့်မီ "ဒိုင်း..." ဟူသော အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။
"ကဲ... ပွင့်သွားပြီ...။"
ဤစကားကို ကြားသောအခါ လျန်ထျန်းသည် နားလည်သွားပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြန်လည် ထွက်ပေါ်လာခဲ့လေသည်။
"ဝိုး...၊ မြန်လိုက်တာ အိမ်သာကို မဖြုတ်ဘဲနဲ့လည်း ဖောက်လို့ရသားပဲ...။"
ပြင်ဆင်ရေးသမားသည် ကိရိယာများကို သိမ်းဆည်းရင်း ပြုံးဖြီးဖြီးဖြင့် ပြောလိုက်လေသည်။
"ဟုတ်တယ်…။ ခင်ဗျားကသာ အတင်း မဖြုတ်ခိုင်းရင် ကျွန်တော် စောစောကတည်းက ဖြုတ်ပစ်မှာ ကျွန်တော့် ကို ပိုက်ဆံလွှဲပေးပါတော့...။"
လျန်ထျန်းသည် သူ၏ ဖုန်းကို အလွယ်တကူ ထုတ်ယူလိုက်ကာ ပြောလိုက်သည်။
"ကျွန်တော် QR ကုဒ် စကင်ဖတ်ပြီး ပေးလိုက်မယ်...။"
ပြင်ဆင်ရေးသမားသည်လည်း ငွေပေးချေမှု ကုဒ်ကို ထုတ်ပြလိုက်ပြီးနောက် စကားတစ်ခွန်း ပြောလိုက်လေ သည်။
"စကင်ဖတ်လိုက်ပါ ခုနစ်လီ ကျသင့်မှာပါ...။"
ဤကိန်းဂဏန်းကို ကြားလိုက်ရသောအခါ ကုဒ်ကို စကင်ဖတ်နေသော လျန်ထျန်းမှာ မှင်တက်သွားလေသည်။
လျန်ထျန်းသည် ပြင်ဆင်ရေးသမားကို ဇဝေဇဝါဖြင့် မော့ကြည့်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်လေ သည်။
"ဟမ်...၊ ခုနစ်လီ ဟုတ်လား…။ အိမ်သာကို မဖြုတ်ဘူး မဟုတ်ဘူးလား...။"
ပြင်ဆင်ရေးသမားက ခေါင်းပင် မမော့ဘဲ ပြန်ဖြေလိုက်လေသည်။
"မဖြုတ်ရင်တောင်မှ ခုနစ်လီပါပဲ…။ ခင်ဗျားအတွက် ကျွန်တော် ဖောက်ပေးမယ်လို့ ပြောထားတာလေ ဒါကြောင့် ခင်ဗျား ကျွန်တော့်ကို ခုနစ်လီ ပေးရမယ်...။"
ယခုအခါ လျန်ထျန်းမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရလေသည်။
"ဟမ်...၊ ခင်ဗျား အဲဒီလိုစကားမျိုး ဘယ်တုန်းက ပြောခဲ့လို့လဲ အဓိပ္ပာယ် မရှိတာတွေ မပြောနဲ့...။"
ပြင်ဆင်ရေးသမားက သူ၏ ဘေးရှိ ကိရိယာများကို လက်ညှိုးထိုးပြကာ မိမိကိုယ်ကိုယ် မှန်ကန်ကြောင်း အခိုင် အမာ ပြောဆိုလိုက်လေသည်။
"ကျွန်တော့်ရဲ့ ဒီဖိအားမြင့် သေနတ်ကို သုံးရင် ပုံမှန်အားဖြင့် တစ်ချက်ကို ခြောက်လီ ကျသင့်ပါတယ်…။ အိမ်ထဲ ဝင်တဲ့ အခကြေးငွေ တစ်လီနဲ့ ပေါင်းလိုက်ရင် စုစုပေါင်း ခုနစ်လီပါ..။ ကျွန်တော် ခင်ဗျားဆီက အပို တောင်းနေ တာ မဟုတ်ပါဘူး...။"
ဤအချိန်တွင် လျန်ထျန်း၏ ဒေါသများ လုံးဝ ပေါက်ကွဲထွက်သွားကာ ချေပပြောဆိုလိုက်လေသည်။
"တစ်ချက်ကို ခြောက်လီဆိုတာ ဘယ်လို ပစ္စည်းမျိုးကို ပြောတာလဲ …၊ခင်ဗျား အရင်က ဒါကို တစ်ခါမှ မပြောခဲ့ ဘူး ဒါက ငွေညှစ်တာပဲ...။"
လျန်ထျန်း၏ လေသံမှာ ပိုမို ရန်လိုလာသကဲ့သို့ ပြင်ဆင်ရေးသမား၏ လေသံမှာလည်း ပို၍ပင် ရန်လိုလာကာ ထပ်မံ၍ ကျိန်ဆဲတော့သည်။
"တောက်...၊ ခင်ဗျား လုပ်ရပ်က မတရားဘူးလေ…၊ ကျွန်တော် ခင်ဗျားကို အဆင်ပြေအောင် လုပ်ပေးပြီးပြီကို ပိုက်ဆံ မပေးချင်သေးဘူးလား မြန်မြန် ပိုက်ဆံပေး...။"
*လူတွေကို ခြောက်လှန့်နေတာလား...။*
လျန်ထျန်းသည် ဤမျှ အလွယ်တကူ အခြောက်လှန့် မခံရဘဲ ပြတ်ပြတ်သားသား ပြန်လည် ချေပလိုက်လေ သည်။
"ခင်ဗျားရဲ့ ဈေးနှုန်းက ပွင့်လင်းမြင်သာမှုလည်း မရှိသလို၊ ရှင်းလင်းမှုလည်း မရှိဘူး…။ ဒါကြောင့် ကျွန်တော် ပိုက်ဆံ မပေးနိုင်ဘူး...။"
"ပြီးတော့ ခင်ဗျားက ဖိအားမြင့် သေနတ်ရဲ့ ကုန်ကျစရိတ်ကို အစကနေ အဆုံးအထိ တစ်ခါမှ မပြောခဲ့ဘဲ ကျွန်တော့်ရဲ့ ခွင့်ပြုချက်မရဘဲ သုံးခဲ့တာပဲ...။"
"သုံးပြီးသွားမှ ဈေးနှုန်းကို ပြောပြတယ်…။ ဒါက ပစ္စည်းတစ်ခုကို အတင်းအဓမ္မ ဝယ်ခိုင်းတာနဲ့ ဘာကွာလို့လဲ…၊ ကျွန်တော့်မှာ ပိုက်ဆံမရှိလို့ မဟုတ်ဘူး ဒီလိုမျိုး ငွေကြေးတော့ မပေးနိုင်ဘူး...။"
လျန်ထျန်း၏ ကျိုးကြောင်းဆီလျော်ပြီး အခြေခံခိုင်လုံသော ငြင်းခုံမှုများနှင့် ရင်ဆိုင်ရသောအခါ ပြင်ဆင်ရေး သမားသည် အချိန်ဆွဲရန်သာ တတ်နိုင်တော့သည်။
"ခင်ဗျား ပိုက်ဆံမပေးဘဲ ငြင်းလို့ မရဘူးလေ…၊ ခင်ဗျား ရဲခေါ်မလား ဒါမှမဟုတ် ကျွန်တော်ပဲ ရဲခေါ်ရမလား။ အလုပ်လုပ်ရင် ပိုက်ဆံပေးရတာက သဘာဝပဲ ကျွန်တော်ကတော့ ဒါတွေကို မကြောက်ပါဘူး...။"
"ဒါ့အပြင် ကျွန်တော် ခင်ဗျားကို ဈေးနှုန်း မပြောခဲ့ဘူးဆိုတာကို သက်သေပြဖို့ ဘာအထောက်အထား ရှိလို့လဲ…၊ ကျွန်တော်ကတော့ ပြောခဲ့တယ်လို့ပဲ ပြောမှာ ခင်ဗျား ဘာတတ်နိုင်မှာလဲ...။"
မောက်မာလိုက်တာ လုံးဝကို မောက်မာလွန်းလှပေသည်။
လျန်ထျန်းမှာ အလွန် ဒေါသထွက်သွားလေသည်။ သူသည် QR ကုဒ် ငွေပေးချေမှုကို ပယ်ဖျက်လိုက်ပြီး လုံခြုံ ရေး ကင်မရာ မှတ်တမ်းကို ထုတ်ယူကာ ပြင်ဆင်ရေးသမားကို ပြသလိုက်လေသည်။
"ခင်ဗျား အထောက်အထား လိုချင်တယ် မဟုတ်လား ရော့...၊ ဒီမှာ ကြည့်လိုက်...။"
"ခင်ဗျား ဝင်လာကတည်းက အခုချိန်အထိ လုံခြုံရေး ကင်မရာ မှတ်တမ်းနဲ့ ကျွန်တော်တို့ရဲ့ စကားပြောဆိုမှုတွေ အားလုံးကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားတယ်...။"
ဗီဒီယို မှတ်တမ်းကို ကြည့်ရှုပြီးနောက် ပြင်ဆင်ရေးသမားသည် သေးငယ်ပြီး ဟောင်းနွမ်းနေသော အိမ်လေး ထဲတွင် လုံခြုံရေး ကင်မရာ တစ်လုံး အမှန်တကယ် ရှိနေကြောင်း တွေ့ရှိသွားလေသည်။
ချက်ချင်းပင် သူ၏ မောက်မာမှုများ အနည်းငယ် လျော့ကျသွားပြီး ဖုန်းကို ကလိနေတော့သည်။
"ခဏစောင့်ဦး ကျွန်တော် ကုမ္ပဏီကို အရင် အစီရင်ခံလိုက်ဦးမယ်...။"
ဖုန်းချိတ်ဆက်သွားပြီးနောက်တွင်လည်း ပြင်ဆင်ရေးသမားသည် ကျိန်ဆဲနေဆဲ ဖြစ်သည်။
"တောက်...၊ ဒီနေ့ အဆင်မပြေလိုက်တာ ပြီးခဲ့တဲ့ အမှာစာကလည်း အချိန်တွေ အများကြီး ကြာသွားပြီး နောက် ဆုံးတော့ ငါးလီပဲ ရလိုက်တယ်…။ ဒီအမှာစာက ပိုပြီး ပြဿနာတက်တယ်…။ ဖောက်သည်ရဲ့ အိမ်မှာ လုံခြုံရေး ကင်မရာ တပ်ထားတယ်လေ...။"
"အခု သူက ပိုက်ဆံမပေးတော့ဘူး ရဲကို တိုင်မယ်လို့တောင် ပြောထားပေမဲ့ သူ့မှာ အထောက်အထား ရှိနေတယ် အဲဒီဘက်မှာ ကျွန်တော်တို့ရဲ့ အဆက်အသွယ်တွေက ခိုင်မာရဲ့လား...။"
ဤစကားကို ကြားသောအခါ လျန်ထျန်းက ချက်ချင်းပင် အံတုကာ ချေပလိုက်လေသည်။
"တိုက်ဆိုင်လိုက်တာ…၊ ကျွန်တော့်မှာလည်း ရဲတွေနဲ့ အဆက်အသွယ် ရှိတယ်…။ အားလုံးကို ခေါ်ထုတ်ပြီး ဘယ်သူက အသာစီးရမလဲ ဆိုတာ ကြည့်ကြမလား...။"
ရဲဌာနနှင့် အဆက်အသွယ် ရှိခြင်းအကြောင်း ပြောရလျှင် လျန်ထျန်းတွင် အမှန်တကယ်ပင် အဆက်အသွယ်များ ရှိပြီး ၎င်းတို့အထဲမှ တစ်ဦးမှာ လက်ရှိ အက်စ်မြို့တော် ရဲဌာနချုပ်၏ အကြီးအကဲ တန်ကော်ဟွာပင် ဖြစ်သည်။
လျန်ထျန်း ဤသို့ပြောလိုက်ရခြင်းမှာ တစ်စိတ်တစ်ပိုင်း ဒေါသထွက်နေသောကြောင့် ဖြစ်သော်လည်း အိမ်သာ ဖောက်သည့် ကုမ္ပဏီတစ်ခုက ရဲဌာနနှင့် အဆက်အသွယ် ရှိနေနိုင်သည်ဟု ကြားလိုက်ရသဖြင့် ပို၍ ဒေါသထွက် သွားခြင်း ဖြစ်သည်။
ဤအခွင့်အရေးကို အသုံးချပြီး သူတို့ကို ဘာကြောင့် အပြင်မထုတ်ရမှာလဲ ၎င်းသည် ပြည်သူများအတွက် ဘေးရန်တစ်ခုကို ဖယ်ရှားပေးရာ ရောက်ပေလိမ့်မည်။
သို့သော် ပြင်ဆင်ရေးသမားမှာ ဤအချိန်တွင် သတ္တိကြောင်သွားပြီး ရဲအကြောင်းကို ဆက်မပြောတော့ပေ။ သူတို့ တွင် ရဲနှင့် အဆက်အသွယ်ရှိသည်ဟု ပြောခြင်းမှာ နောက်ထပ် ခြောက်လှန့်သည့် နည်းဗျူဟာ တစ်ခုသာ ဖြစ်ပုံ ရလေသည်။
နောက်ဆုံးတွင် သူက ဖုန်းချလိုက်ပြီး သူ၏ လေသံမှာ တင်းမာပုံပေါ်သော်လည်း တကယ်တမ်းတွင်မူ အနည်း ငယ် သတ္တိကြောင်နေလေသည်။
"ဒီလိုလုပ်ပါ ခင်ဗျား ကျွန်တော့်ကို ခြောက်လီပေးပါ ဒါမှမဟုတ် ငါးလီခွဲလည်း ရပါတယ်…။ အနည်းဆုံးကတော့ အရင် အမှာစာတုန်းကအတိုင်း ငါးလီပေါ့...။"