← Chapters

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း (၂၀၃)

နစ်နာသူများအတွက် အသံထွက်ပေးခြင်း

အိမ်သာ ပြင်ဆင်ရေးအတွက် 'လိုက်လျောမှု' နှင့် ရင်ဆိုင်ရသောအခါ လျန်ထျန်းသည် နောက်ဆုတ်မသွားဘဲ ချေပ ပြောဆိုလိုက်လေသည်။

"အစတုန်းက ခင်ဗျားတို့ ကုမ္ပဏီကို ဖုန်းဆက်တော့ အိမ်သာဖောက်တာက တစ်လီပဲ ကျမယ်လို့ ပြောတယ်...။ ခင်ဗျား ရောက်လာတော့ အိမ်သာကို ဖြုတ်ရင် နှစ်လီ၊ တပ်ရင် နှစ်လီ ကျမယ်လို့ ပြောတယ်...။"

"ဒါပေမဲ့ အိမ်သာကို လုံးဝ မဖြုတ်ခဲ့ရသလို ဘာအပိုပစ္စည်းမှလည်း မသုံးခဲ့ရဘဲနဲ့ ခင်ဗျားက ခုနစ်လီ တောင်းနေ တယ် အဲဒါက အိမ်သာဖြုတ်တာထက်တောင် ပိုဈေးကြီးနေသေးတယ်...။"

"အခု ခင်ဗျားက ငါးလီ ထပ်တောင်းနေတယ်…။ ဒါက အိမ်သာ ဖြုတ်တဲ့ ကုန်ကျစရိတ်နီးပါး ဖြစ်နေပြီ ဒါကို အဓိပ္ပာယ်ရှိတယ်လို့ ထင်နေတာလား...။"

ပြင်ဆင်ရေးသမား၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ၏ ကိရိယာကို ထပ်မံ လက်ညှိုးထိုးပြကာ အဓိပ္ပာယ်မဲ့စွာ ပြောဆိုလိုက်လေသည်။

"ခင်ဗျားကသာ အတင်း မဖြုတ်ခိုင်းလို့ ကျွန်တော်က တစ်ချက်ကို ခြောက်လီတန်တဲ့ ဒီဖိအားမြင့် သေနတ်ကို သုံးလိုက်ရတာလေ…။ ဒါက မမှားဘူး မဟုတ်လား….။ ကျွန်တော်...၊"

ဤတစ်ကြိမ်တွင် လျန်ထျန်းက သူ့ကို ကြားဖြတ်၍ ခိုင်မာပြတ်သားစွာဖြင့် ပြောလိုက်လေသည်။

"ကျွန်တော့်ကို လာမရှုပ်ပါနဲ့ ကျွန်တော်က အိမ်သာကို ဖြုတ်ခွင့်မပြုတာ မှန်ပေမဲ့ အဲဒီ ခြောက်လီတန် ဖိအားမြင့် သေနတ်ကို သုံးဖို့ရော ကျွန်တော်က ခွင့်ပြုခဲ့လို့လား...။"

"ပြီးတော့ အဲဒီ ဖိအားမြင့် သေနတ်ကို မသုံးခင်က ဈေးနှုန်းကို ကျွန်တော့်ကို ပြောပြခဲ့လို့လား…။ ခင်ဗျား မပြော ခဲ့ဘူးလေ…၊ ခင်ဗျားက ကျွန်တော့်ကို တမင်သက်သက် ဖုံးကွယ်ထားတာ မဟုတ်လား...။"

လျန်ထျန်း၏ ချေပမှုကြောင့် ပြင်ဆင်ရေးသမားမှာ စကားအအဖြစ်သွားရလေသည်။ လျန်ထျန်းတွင် လုံခြုံရေး ကင်မရာ အထောက်အထား ရှိနေပြီး သူ၏စကားများကလည်း ကျိုးကြောင်းဆီလျော်နေသဖြင့် သူ ဘာပြောနိုင် မည်နည်း။

နောက်ဆုံးတွင် ပြင်ဆင်ရေးသမားသည် ခေါင်းမာစွာဖြင့် သူ၏အကြောင်းပြချက်ကို ဆက်လက်ငြင်းခုံရန်သာ တတ်နိုင်တော့သည်။

"ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ခင်ဗျားအတွက် အိမ်သာကို ဖောက်ပေးခဲ့တယ် မဟုတ်လား…၊ တကယ် လို့ ခင်ဗျားက ပိုက်ဆံမပေးဘူးဆိုရင် ရိုးသားတဲ့သူကို အမြတ်ထုတ်ရာ မကျဘူးလား...။"

ဤစကားကို ကြားသောအခါ လျန်ထျန်းက လှောင်ပြောင်ရယ်မောလိုက်လေသည်။

"ခင်ဗျားကိုယ်ခင်ဗျား ရိုးသားတဲ့သူလို့ ခေါ်ရဲသေးတယ်ပေါ့လေ…။ အရင်တစ်နေရာတုန်းက ခင်ဗျား ငါးလီ လိမ်ယူခဲ့တဲ့သူကမှ ခင်ဗျားရဲ့ အနိုင်ကျင့်တာကို ခံလိုက်ရတဲ့ ရိုးသားတဲ့သူဗျ...။"

"သေချာတာပေါ့ ခင်ဗျားလုပ်ခဲ့တဲ့ အလုပ်အတွက် ပိုက်ဆံမပေးဘူးလို့ ပြောနေတာ မဟုတ်ဘူး…။ ပုံမှန် ဈေးကွက်ပေါက်ဈေး အတိုင်းပဲ ပေးမယ်လို့ ပြောတာ...။"

ဤစကားကို ကြားသောအခါ ပြင်ဆင်ရေးသမားက နောက်ထပ်မေးခွန်းတစ်ခုကို မေးလိုက်လေသည်။

"ပုံမှန် ဈေးကွက်ပေါက်ဈေးက ဘယ်လောက်လဲ...။"

လျန်ထျန်းမှာ ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်မိလေသည်။

"ခင်ဗျားက ဒီအလုပ်ကို လုပ်နေတာလေ…။ ပုံမှန် ဈေးကွက်ပေါက်ဈေး ဘယ်လောက်လဲ ဆိုတာကို မသိဘူး လား…။ ဘာလို့ ကျွန်တော့်ကို လာမေးနေတာလဲ...။"

"ခင်ဗျားက အဆမတန် ဈေးတောင်းရတာကို အကျင့်ပါနေလို့ ပုံမှန် ဈေးကွက်ပေါက်ဈေး ဘယ်လောက်ဖြစ်သင့် လဲ ဆိုတာကိုတောင် မသိတော့ဘူး ထင်တယ်…။ လူတစ်ယောက်ကတော့ ခင်ဗျားကို သေချာပေါက် သင်ခန်းစာ ပေးဖို့ လိုနေပြီ...။"

ပြင်ဆင်ရေးသမားမှာ တစ်စက္ကန့်မျှ ရှက်ရွံ့သွားသော်လည်း တစ်စက္ကန့်သာ ကြာလိုက်သည်။ နောက်တစ်စက္ကန့် တွင်မူ သူသည် တံခါးဘေးရှိ အင်္ကျီချိတ်စင်ကို ရုတ်တရက် သတိထားမိသွားလေသည်။

ချက်ချင်းပင် သူ၏ ရင်ထဲတွင် ယုံကြည်မှုများ ပြည့်လျှံလာလေသည်။ လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ အခြားလက်တစ်ဖက်က ဖုန်းကို ကိုင်ထားရင်း လျန်ထျန်းကို လက်ညှိုးထိုးကာ ကောက်ကျစ်စွာ ပြုံးလျက် ပြောလိုက်လေသည်။

"ကောင်လေး...၊ ငါ့ကို အဲဒီလို အဓိပ္ပာယ်မရှိတာတွေ လာမပြောစမ်းနဲ့…။ မင်းရဲ့ အစားအသောက်ပို့တဲ့ ဝတ်စုံကို အင်္ကျီချိတ်စင်ပေါ်မှာ ငါမြင်လိုက်တယ်….။ မင်းက အစားအသောက်ပို့တာဆိုတော့ ပိုက်ဆံ အများကြီး မရဘူး မဟုတ်လား...။"

"အစားအသောက်ပို့တဲ့ ကောင်စုတ်လေးက ငါ့ကို ရဲတွေနဲ့ အဆက်အသွယ်ရှိတယ် ဆိုပြီး ရဲတင်းစွာနဲ့တောင် လိမ်ရဲသေးတယ်…။ ငါတောင် ယုံမိမလို့ပဲ...။"

"မင်းမှာ ပိုက်ဆံမရှိလို့ ဆင်းရဲနေရင်လည်း ဒီတိုင်း ပြောလိုက်ပါလား…။ ငါ့မှာ စကားပြောရတာ အမောခံရကျိုး တောင် မနပ်ဘူး…။ ငါလုပ်စရာ နောက်ထပ် အလုပ်တစ်ခု ရှိသေးတယ် ဒါကြောင့် မင်းနဲ့ အချိန်ထပ်မဖြုန်းတော့ ဘူး…။ မင်းမှာရှိတဲ့ ပိုက်ဆံကိုသာ ပေးလိုက်တော့...။"

"ဒါပေမဲ့ သုံးလီထက်တော့ လျှော့ပေးလို့ မရဘူး ကြားလား…။ တကယ်လို့ အဲဒီထက် နည်းနေမယ်ဆိုရင် ငါ မင်းလိပ်စာကို သိထားပြီးသားမို့ နောက်ပိုင်းကျရင် မင်း ဒုက္ခကြီးကြီး တွေ့သွားလိမ့်မယ်...။"

"ပြီးတော့ လုံခြုံရေး ကင်မရာ ရှိတယ်တို့၊ ရဲခေါ်မယ်တို့ ဆိုပြီးတော့လည်း ငါ့ကို လာမခြောက်နဲ့ ဒီနေ့ခေတ် လူ့အဖွဲ့အစည်းမှာ မင်းလို အာဏာမရှိတဲ့ ဆင်းရဲတဲ့ အစားအသောက် ပို့ဆောင်သူ တစ်ယောက်ကို ဘယ်သူက ဂရုစိုက်မှာလဲ...။"

ပြင်ဆင်ရေးသမားမှာ သူ၏ မောက်မာပြီး အကြောက်အလန့်ကင်းမဲ့သော အခြေအနေသို့ ပြန်လည်ရောက်ရှိ သွားသည်ကို မြင်သောအခါ လျန်ထျန်းသည် ရုတ်တရက် အကြံတစ်ခု ရလာလေသည်။

ထိုအကြံမှာ အနည်းငယ် ရက်စက်လွန်းသည်ဟု သူကိုယ်တိုင် ခံစားမိသော်လည်း အိမ်သာ ပြင်ဆင်ရေးသမား သည် မရေမတွက်နိုင်သော လူများကို လိမ်လည်လှည့်ဖြားခဲ့ပြီး ဖြစ်သည်ကို ထည့်တွက်လိုက်လျှင် သူသည် မည်သည့် စာနာသနားမှုကိုမျှ ရရှိရန် မထိုက်တန်ကြောင်း သေချာလှပေသည်။

ထို့ကြောင့် လျန်ထျန်းသည် ဒေါသကို ဖိနှိပ်ကာ တည်ငြိမ်စွာ ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပြီလေ...၊ ခင်ဗျားက ကျွန်တော့်မှာရှိတဲ့ ပိုက်ဆံအကုန်လုံးကို ပေးဖို့ ပြောခဲ့တာဆိုတော့ ခင်ဗျား လက်ခံ ရဲဖို့ပဲ မျှော်လင့်ပါတယ်...။"

ပြောပြောဆိုဆိုပင် လျန်ထျန်းသည် ပြင်ဆင်ရေးသမား၏ ငွေပေးချေမှု ကုဒ်ကို စကင်ဖတ်ကာ ငွေပမာဏတစ်ခု ကို ချက်ချင်း လွှဲပေးလိုက်လေသည်။

နောက်တစ်စက္ကန့်တွင် ပြင်ဆင်ရေးသမား၏ ဖုန်းမြည်လာလေသည်။

[တီ...၊ သင့် အလီပေး အကောင့်ထဲသို့ ယွမ် (၇,၀၀၀) ဝင်ရောက်လာပါပြီ...။]

ဤဖုန်းထဲရှိ ယွမ်ခုနစ်ထောင်မှာ လတ်တလောတွင် လျန်ထျန်း စုဆောင်းထားသည့် ငွေကြေးအားလုံးပင် ဖြစ် ချေသည်။

ကမ္ဘာပေါ်ရှိ ကုန်ဈေးနှုန်းများ အဆတစ်သန်း မပြုတ်ကျမီ အချိန်သို့ ပြန်ကြည့်မည်ဆိုလျှင် ယွမ်ခုနစ်ထောင်မှာ များပြားလှသည် မဟုတ်သော်လည်း နည်းပါးလှသည်တော့ မဟုတ်ပေ။

သို့သော် ယခုအခါတွင်မူ ယွမ်ခုနစ်ထောင် ဆိုသည်မှာ ကမ္ဘာပေါ်ရှိ ကုန်ဈေးနှုန်းများ မပြောင်းလဲမီက ယွမ်ဘီလီ ယံ ခုနစ်ထောင်နှင့် ညီမျှနေလေပြီ။

ဤမျှ ကြီးမားလှသော ငွေပမာဏကို ကြားလိုက်ရသောအခါ အိမ်သာ ပြင်ဆင်ရေးသမားမှာ မှင်တက်သွားလေ တော့သည်။

သူသည် မျက်လုံးကို ပွတ်သပ်ကာ သူ၏ ဖုန်းစခရင်ပေါ်သို့ ဝင်ရောက်လာသည့် ပမာဏကို သေချာစွာ ကြည့်ရှု ပြီးနောက် ရုတ်တရက် အော်ဟစ်လိုက်လေသည်။

"အား...၊ ဘာ...၊ ဘာတွေဖြစ်နေတာလဲ...။"

လျန်ထျန်းက သူ၏ဖုန်းကို သိမ်းဆည်းလိုက်ပြီး ပခုံးတွန့်ပြလိုက်လေသည်။

"ခင်ဗျားက ကျွန်တော့်မှာရှိတဲ့ ပိုက်ဆံအားလုံးကို ပေးဖို့ အတင်းအဓမ္မ ခြိမ်းခြောက်ခဲ့တာ မဟုတ်ဘူးလား…။

ကျွန်တော် ကြောက်သွားလို့ ကျွန်တော့်ရဲ့ ပိုက်ဆံတွေ အကုန်လုံးကို ခင်ဗျားဆီ လွှဲပေးလိုက်တာပေါ့...။"

"မဟုတ်ရင် ကျွန်တော့်လိပ်စာကို သိထားလို့ ကျွန်တော် ဒုက္ခရောက်မယ်လို့ ခင်ဗျား ခြိမ်းခြောက်ခဲ့တာလေ…။ အဲဒါ ခင်ဗျား အခုလေးတင် ပြောခဲ့တာ မဟုတ်ဘူးလား...။"

"အခု ပိုက်ဆံရပြီဆိုတော့ ခင်ဗျား ထွက်သွားလို့ရပြီ...။"

လျန်ထျန်း၏ စကားကို ကြားပြီး ဖုန်းထဲရှိ ကြီးမားလှသော ငွေပမာဏကြီးကို ကြည့်ကာ အိမ်သာ ပြင်ဆင်ရေး သမားမှာ တံတွေးကို ခက်ခဲစွာ မြိုချလိုက်မိပြီး သူ၏ မျက်လုံးများပင် နီရဲလာလေသည်။

နောက်တစ်စက္ကန့်တွင် သူသည် သူယူလာခဲ့သည့် ကိရိယာများကိုပင် မယူတော့ဘဲ တံခါးအပြင်သို့ အလျင်အမြန် ပြေးထွက်သွားလေတော့သည်။

လျန်ထျန်း၏ ငွေများ အခိုးခံရပြီး လူတစ်ယောက် ထွက်ပြေးသွားချိန်တွင် သူကမူ တည်တည်ငြိမ်ငြိမ်နှင့်ပင် တန်ကော်ဟွာ၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်လေသည်။

"ဟေး...၊ လောင်တန် ခင်ဗျားအတွက် နောက်ထပ် အောင်မြင်မှုတစ်ခု ရပြီ...။"

"လောဘတက်နေတဲ့ အိမ်သာ ပြင်ဆင်ရေးသမား တစ်ယောက်က လျှို့ဝှက်ဆန်းကြယ်တဲ့ သူဌေးကြီး တစ်ယောက်ကို ခြိမ်းခြောက်ပြီး ယွမ်ခုနစ်ထောင်ဆိုတဲ့ ငွေပမာဏ အကြီးကြီးကို ခိုးယူသွားတယ်...။"

"အထောက်အထားကတော့ သေချာပေါက် ရှိတာပေါ့ လုံခြုံရေး ကင်မရာ မှတ်တမ်းထဲမှာ အားလုံးကို ရှင်းရှင်း လင်းလင်း မှတ်တမ်းတင်ထားပြီးသား ကျွန်တော် အခုချက်ချင်း ခင်ဗျားဆီ ပို့ပေးလိုက်လို့ရတယ်...။"

"ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား လူလွှတ်ပြီး သူ့ကို အမြန်ဆုံး ဖမ်းဆီးသင့်တယ်…။ ဘာတွေဖြစ်ခဲ့တယ်ဆိုတဲ့ အသေး စိတ်ကိုတော့ နောက်မှ ကျွန်တော် ပြောပြမယ်...။"

လျန်ထျန်းက တန်ကော်ဟွာထံ ဖုန်းခေါ်ဆိုပြီး ဆယ်မိနစ်ပင် မပြည့်မီ အိမ်သာ ပြင်ဆင်ရေးသမား ဖမ်းဆီးခံလိုက် ရကြောင်း သတင်းထွက်ပေါ်လာလေသည်။

ထိုအိမ်သာ ပြင်ဆင်ရေးသမားမှာ တကယ်ကို ရိုးအလွန်းလှသည်။ ငွေများစွာ ရရှိထားသဖြင့် နိုင်ငံခြားသို့ ထွက်ပြေးရန် နည်းလမ်းကို အမြန်ရှာနိုင်မည်ဟု သူ ထင်မှတ်ထားခဲ့လေသည်။

သူ မြန်ဆန်နေချိန်တွင် လျန်ထျန်းက ပို၍ မြန်ဆန်နေမည်ဟု မထင်မှတ်ထားခဲ့ပေ။

သူ အဖမ်းခံရချိန်တွင် ပြန်လည်ငြင်းခုံရန် ကြိုးစားခဲ့သော်လည်း ရဲအရာရှိများက သူ့ကို လုံခြုံရေး ကင်မရာ ဗီဒီယိုမှ အထောက်အထားကို တိုက်ရိုက် ထုတ်ပြလိုက်သောကြောင့် သူ အပြောအဆိုမဲ့သွားရလေသည်။

ကြီးမားလှသော ငွေပမာဏ ပါဝင်သည့် လုယက်မှုအတွက် ပြင်းထန်စွာ အပြစ်ပေးခံရနိုင်ကြောင်း သိရှိသွား ပြီးနောက် သူသည် အလွန်အမင်း ထိတ်လန့်သွားကာ ဘောင်းဘီထဲတွင်ပင် သေးထွက်ကျသွားလေသည်။

သူ၏ ခြေထောက်များ အားပျော့သွားကာ မြေကြီးပေါ်တွင် ဒူးထောက်လျက် ပြစ်ဒဏ်လျှော့ပေါ့ပေးရန်အတွက် လျန်ထျန်းထံမှ ခွင့်လွှတ်မှုကို လူကိုယ်တိုင် တောင်းခံရန် ကြိုးစားရင်း ခေါင်းကို အကြိမ်ကြိမ် ညွှတ်ကာ ရှိခိုး နေတော့သည်။

သို့သော် လျန်ထျန်းသည် အစားအသောက် ပို့ဆောင်သူ တစ်ဦးဖြစ်ကြောင်း သူ တွေ့ရှိသွားပြီးနောက် ခြိမ်းခြောက်ရန် ကြိုးစားခဲ့ကတည်းက လျန်ထျန်းသည် သူ၏ စိတ်ထဲတွင် တိတ်ဆိတ်စွာ ဆုံးဖြတ်ချက် ချထားပြီး ဖြစ်လေသည်။

သူ့ကို စံပြအဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာ အပြစ်ပေးရမည် ဖြစ်သည်။ 'မျောက်တွေကို ခြောက်လှန့်ဖို့ ကြက်ကို သတ်ပြရမည်' ဟူသော စကားပုံအတိုင်း ဤသည်မှာ ဈေးကွက်အတွင်းရှိ မသမာမှုများကို တားဆီးရန်အတွက် ပင် ဖြစ်ပေသည်။

ထို့ကြောင့် လျန်ထျန်းသည် သူ့ကို မည်သည့်အခါမျှ ခွင့်လွှတ်မည် မဟုတ်သလို သွားရောက် တွေ့ဆုံမည်လည်း မဟုတ်ပေ။

လျန်ထျန်းက တန်ကော်ဟွာကို အရာအားလုံး အသေးစိတ် ရှင်းပြပြီးနောက် ညွှန်ကြားရေးမှူးတန် သည်လည်း လျန်ထျန်း၏ ချဉ်းကပ်မှုကို သဘောတူခဲ့လေသည်။

"အက်စ်မြို့တော်ရဲ့ ဈေးကွက် အခြေအနေက ဒီလောက် ရှုပ်ထွေးနေမယ်လို့ ငါ တစ်ခါမှ မထင်ထားခဲ့ဘူး…။ အဆိုးဆုံးကတော့ သာမန် ပြည်သူတွေ လိမ်လည်ခံရပြီး ခြိမ်းခြောက်ခံနေရတာပဲ…။ ဒါကို တကယ် ပြုပြင် ပြောင်းလဲဖို့ လိုနေပြီ...။"

"ကောင်းပြီ….၊ မင်းရဲ့ နည်းလမ်းအတိုင်းပဲ သူ့ကို စံပြအဖြစ် သတ်မှတ်လိုက်မယ်…။ သူ့အိမ်ကို ငှားပြီး လူတွေ ကို လိမ်လည်နေတဲ့ အဲဒီ အဘိုးအိုကို ကိုင်တွယ်ရာမှာ မင်းနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ ငါ လူလွှတ်လိုက် မယ်...။"

"ဪ...၊ ဒါနဲ့ မင်းဆီကို အဲဒီ ယွမ်ခုနစ်ထောင် ပြန်ရောက်လာပြီဆိုတော့ အချိန်ကိုက်ပဲ ပရောဂျက်အတွက် ထပ်ပြီး ရင်းနှီးမြှုပ်နှံဖို့ လိုနေတယ် ဒါကြောင့် ဘယ်လိုလဲ...။"

တန်ကော်ဟွာ၏ စကား မဆုံးသေးသော်လည်း လျန်ထျန်းက နားလည်ပြီးဖြစ်ကာ ခါးသီးစွာ ပြုံးလိုက်ရုံသာ တတ်နိုင်တော့သည်။

"ကောင်းပါပြီ...၊ အဲဒါကို ရင်းနှီးမြှုပ်နှံလိုက်ပါ…။ ကျွန်တော် ဖြည်းဖြည်းချင်း ပြန်ရှာပါ့မယ်…။ ဒါက နိုင်ငံတော် အဆင့် ပရောဂျက်ဆိုတော့ ကျွန်တော် ငြင်းလို့မှ မရတာ...။"

နှစ်ရက်အကြာတွင် အိမ်ရှင် အဘိုးအိုသည် စစ်ဆေးရန် ရောက်လာလေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် သူသည် လျန်ထျန်းကို အပြစ်ရှာကာ အကြောင်းအမျိုးမျိုးပြ၍ အိမ်လခနှင့် စပေါ်ငွေ များကို ဖြတ်တောက်ခဲ့လေသည်။ သူ ယူထားသည်များကို ပြန်ပေးရန် ရည်ရွယ်ချက် မရှိသည်မှာ သိသာထင်ရှားလှပေသည်။

သူက ပို၍ 'စား' ချင်နေသည့် လက္ခဏာများပင် ရှိနေသေးသည်။

သို့သော် စားပွဲကို စစ်ဆေးရာတွင် သူသည် ငွေဖြတ်တောက်ရန် အကြောင်းပြချက် တစ်ခု ထပ်ရစေရန် ရည်ရွယ် ချက်ရှိရှိဖြင့် အကြမ်းပတမ်း လှုပ်ယမ်းလိုက်လေသည်။

“ခွမ်း...”

စားပွဲမှာ အမှန်တကယ် ယိမ်းယိုင်သွားသော်လည်း ၎င်းအပေါ်တွင် တင်ထားသည့် သလင်းကျောက် အလှဆင် ပစ္စည်း တစ်ခုသည်လည်း မြေကြီးပေါ်သို့ ပြုတ်ကျကာ အပိုင်းပိုင်းအစစ ကွဲကြေသွားခဲ့လေသည်။

အစပိုင်းတွင် အိမ်ရှင် အဘိုးအိုက ဂရုမစိုက်ခဲ့ပေ။ ၎င်းမှာ သာမန် ဖန်ထည် အလှဆင်ပစ္စည်း တစ်ခုသာဖြစ် သည်ဟု သူ ထင်မှတ်ထားခဲ့ပြီး လျန်ထျန်းကိုပင် အော်ဟစ်လိုက်သေးသည်။

"မင်း ငါ့အိမ်ကို ယူလာတဲ့ အမှိုက်တွေကို ကြည့်စမ်း...၊ အစားအသောက်ပို့တဲ့ ကောင်လေး...။"

"ခဏနေရင် ဒီကွဲနေတဲ့ ဖန်ကွဲစတွေ အကုန်လုံးကို မင်း ရှင်းလိုက်တာ ကောင်းမယ်...၊ ကြားလား…။ မဟုတ်ရင် မင်း ငါ့ကို သန့်ရှင်းရေးခ ပေးရလိမ့်မယ်...။"

လျန်ထျန်းသည် နှလုံးကွဲကြေသွားသည့်ဟန် ဆောင်လိုက်ပြီးနောက် သလင်းကျောက် အလှဆင်ပစ္စည်းအတွက် ဝယ်ယူထားသည့် ပြေစာနှင့် ငွေပေးချေမှု အထောက်အထားတို့ကို ချက်ချင်းထုတ်ယူကာ အိမ်ရှင် အဘိုးအိုကို ပြသလိုက်လေသည်။

"ခင်ဗျား အခုလေးတင် ခွဲပစ်လိုက်တာက အမှိုက်မဟုတ်ဘူး ယွမ်ဆယ်ဂဏန်းကျော် တန်ကြေးရှိတဲ့ ဗီးနပ်စ် သလင်းကျောက် အစစ်ဗျ...။"

"ဒါက ပြေစာနဲ့ ငွေပေးချေထားတဲ့ အထောက်အထားပဲ ခင်ဗျား အခုချက်ချင်း ကျွန်တော့်ကို လျော်ပေးတာ ကောင်းမယ်...။"

ပြေစာနှင့် ငွေပေးချေမှု အထောက်အထားတို့ကို မြင်သောအခါ အိမ်ရှင် အဘိုးအိုမှာ ချက်ချင်းပင် ထိတ်လန့် သွားလေတော့သည်။

သို့သော် သူသည် သူ၏ လှည့်ကွက်ဟောင်းကို အလျင်အမြန် အသုံးပြုလိုက်ကာ ဗလုံးဗထွေးဖြင့် ပြောဆိုလိုက် လေသည်။

"ငါ...၊ ငါ စာမတတ်ဘူး…။ မင်းကိုင်ထားတာ ဘာလဲဆိုတာ ငါ မသိဘူး...။"

"ပြီးတော့ ဒါကို ငါခွဲလိုက်တယ်ဆိုတာ ဘာအထောက်အထား ရှိလို့လဲ…။ ငါ...၊ ငါ မခွဲပါဘူး…။ သူဟာသူ ပြုတ်ကျပြီး ကွဲသွားတာ...။"

အိမ်ရှင် အဘိုးအို၏ အကျိုးအကြောင်းမဆီလျော်သော ဆင်ခြေများကိုရင်ဆိုင်ရသောအခါ လျန်ထျန်းက ရယ်မောလိုက်ပြီး သူ့ကို လုံခြုံရေး ကင်မရာ မှတ်တမ်း ပြသလိုက်လေသည်။

"အထောက်အထားက ဒီနေရာမှာတင် ရှိနေတာပဲ…။ ခင်ဗျား ဘာပြောစရာ ရှိသေးလဲ...။"

"ပြီးတော့ ခင်ဗျား စာဖတ်တတ်မယ်လို့ ကျွန်တော် ခန့်မှန်းရတယ်…။ မဟုတ်ရင် စောစောက ပြေစာနဲ့ ငွေပေး ချေမှု အထောက်အထားကို ဘာလို့ အဲဒီလောက် သေချာကြည့်နေခဲ့တာလဲ...။"

လုံခြုံရေး ကင်မရာ မှတ်တမ်းမှ ခိုင်လုံလှသော အထောက်အထားများနှင့် ရင်ဆိုင်ရသောအခါ အိမ်ရှင် အဘိုးအို မှာ အလွန်အမင်း ထိတ်လန့်သွားသဖြင့် မြေကြီးပေါ်သို့ ပစ်ကျသွားကာ လျန်ထျန်း၏ ခြေထောက်များကို ဖက်တွယ်လျက် သူ့ကို ခွင့်လွှတ်ရန် တောင်းပန်နေတော့သည်။

ကံမကောင်းစွာဖြင့် ၎င်းမှာ အသုံးမဝင်ခဲ့ပေ။ လျန်ထျန်းကမူ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့လေသည်။

နောက်တစ်နေ့တွင် အဆမတန် ဈေးတောင်းသော အိမ်သာ ပြင်ဆင်ရေးသမား တစ်ဦးက လျှို့ဝှက်ဆန်းကြယ် သည့် ချမ်းသာသော စီးပွားရေးလုပ်ငန်းရှင် တစ်ဦးထံမှ ကြီးမားလှသော ငွေပမာဏကို လုယက်သွားသည် ဟူသော သတင်းအပြင် အိမ်ငှားရမ်းမှု လိမ်လည်မှုကြောင့် ပြစ်မှုကျူးလွန်သူ ဖမ်းဆီးခံရသည့် သတင်းများ ထွက်ပေါ်လာခဲ့လေသည်။

ရဲတပ်ဖွဲ့ကလည်း ဤကိစ္စရပ်များကို နောင်တွင် ပိုမို တင်းကျပ်စွာ စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်းနှင့် အရပ်ဝတ် ရဲအရာရှိများကို စေလွှတ်ကာ လျှို့ဝှက် စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း လူလွှတ်၍ ပြောကြားစေခဲ့သည်။ ဖမ်းဆီးရမိသူတိုင်းကို ပြင်းထန်စွာ အပြစ်ပေးမည် ဖြစ်သည်။

အဆမတန် ဈေးနှုန်းများ သတ်မှတ်ရန် ကြိုးစားနေသူများနှင့် လိမ်လည်မှု မျိုးစုံကို လုပ်ကိုင်နေသူများမှာ အချိန် အတိုင်းအတာ တစ်ခုအထိ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားကြလေသည်။

သူတို့၏ အသေးအဖွဲ လှည့်ကွက်လေးများက တစ်နေ့တွင် ရဲတပ်ဖွဲ့၏ အာရုံစိုက်မှုကို ရရှိလာလိမ့်မည်ဟု သူတို့ တစ်ခါမျှ မထင်မှတ်ထားခဲ့ကြပေ။

ယခင်ကမူ မည်သူကမျှ ဂရုမစိုက်ခဲ့ကြဘဲ အမှုများ အားလုံးမှာ တရားမမှု အငြင်းပွားမှု ဟူသော အကြောင်းပြ ချက်ဖြင့် ပယ်ချခံခဲ့ရကာ ၎င်းက အဆမတန် ဈေးနှုန်းများနှင့် လိမ်လည်မှု မျိုးစုံကို ပိုမို ကြီးထွားလာစေခဲ့သည်။

သို့သော် ယခုအချိန်မှစ၍ အရာအားလုံး ကွဲပြားသွားတော့မည် ဖြစ်သည်။ ဤကဲ့သို့သော အပြုအမူများအတွက် ပေါက်ဖွားရာ နေရာကို အရင်းအမြစ်ကတည်းက တားဆီးနိုင်ခဲ့ပြီ ဖြစ်သည်။ ဤကဲ့သို့ ထပ်မံပြုလုပ်ချင်သူတိုင်း နောက်ဆက်တွဲ အကျိုးဆက်များကို သေချာစွာ ပြန်လည် စဉ်းစားရတော့မည် ဖြစ်သည်။

လျန်ထျန်းသည် သူ၏ အောင်မြင်မှုများနှင့် ကျော်ကြားမှုကို ဖုံးကွယ်ထားခဲ့ပြီး ဤအဖြစ်အပျက်များ အားလုံးကို သူက ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း မည်သူကမျှ မသိရှိခဲ့ကြပေ။ သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို လျှို့ဝှက်ထား ရန် သူ အလွန် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့လေသည်။

သို့သော် စကားပုံတစ်ခုရှိသည့်အတိုင်း သိုင်းလောကတွင် သူ့ကို မည်သည့်နေရာတွင်မျှ မတွေ့ရသော်လည်း သူ ၏ ဒဏ္ဍာရီမှာမူ နေရာတိုင်းတွင် ရှိနေပြီး သူ့အပေါ် အမြင်များမှာလည်း အမျိုးမျိုး ကွဲပြားနေလေသည်။

လူအချို့က သူ့ကို လှောင်ပြောင်ကြသည်။

"မင်းက ဘာလို့ ဒီလောက်တောင် အလေးအနက်ထားနေရတာလဲ…။ မင်းက တခြားလူတွေရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်နေတာပဲ…၊ သူတို့အတွက်လည်း ဘယ်လောက် ခက်ခဲလဲဆိုတာကို မင်း မတွေးမိဘူးလား...။"

ကံကောင်းထောက်မစွာဖြင့် သူတို့ထဲမှ အများစုမှာ မှန်ကန်သော တန်ဖိုးထားမှုများ ရှိကြလေသည်။

"မင်းတို့အနေနဲ့ သူ့လောက် အလေးအနက်ထားဖို့ မလိုပေမဲ့ သူ့ကို ရယ်မောလှောင်ပြောင်လို့တော့ မရဘူးလေ… ။ ဘာလို့လဲဆိုတော့ သူက လိမ်လည်ခံခဲ့ရသူတွေ အားလုံးအတွက် ကိုယ်စား အသံထွက်ပေးနေတာမို့လို့ပဲ...။"

"နစ်နာသူ အများစုက ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ငြိမ်သက်သွားတတ်ကြတယ်လေ…။ ဘယ်လိုပဲဖြစ်ဖြစ် ခြိမ်းခြောက်ခံရတာနဲ့ လက်စားချေခံရမှာကို ဘယ်သူက မကြောက်ဘဲ နေမှာလဲ…။ ပြီးတော့ သူက ဒီအသံတိတ် နေတဲ့ သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေတာပဲ...။"

All Chapters