အခန်း ၂၀၅
Vol. 21 Ch. 205
အခန်း(၂၀၅)
ပုံမှန်လား ဒါမှမဟုတ် ပုံမှန်မဟုတ်ဘူးလား
ရဲများ ရောက်လာချိန်မှသာ လျန်ထျန်းသည် ကားပေါ်မှ ဆင်းလာခဲ့ပြီး ရဲအရာရှိများက သူ့ကို အလျင်အမြန် တွဲကူပေးခဲ့ကြလေသည်။
ခဲများနှင့် ပေါက်ကာ ယာဉ်တိုက်မှု ဖြစ်စေခဲ့သော အဘိုးအဘွားများသည် ရဲများ၏ မေးမြန်းမှုကို ခံရသောအခါ မတရားခံရသည့် ပုံစံဖမ်းနေကြလေသည်။
"အရာရှိမင်း...၊ ကျွန်မတို့က သူ့ကို ခြောက်လှန့်ရုံသက်သက်ပါ…။ ဘာအကြံအစည်မှ မရှိပါဘူး...။"
"ဟုတ်တယ်...၊ ဒီလူငယ်လေးက တကယ်ကို လွန်လွန်းတယ်...။ သူက ယာဉ်စည်းကမ်းတွေကို အရင်ချိုးဖောက် ပြီး လမ်းသွားလမ်းလာတွေကို ဦးစားမပေးတာ...။"
"ဟုတ်တယ်...၊ ငါတို့က သူ့ရဲ့ လူကြီးသူမတွေအနေနဲ့ စကားနည်းနည်းပဲ ဆုံးမလိုက်တာကို သူက ငါတို့ကို ကားနဲ့ တိုက်သတ်ဖို့ ကြိုးစားတယ်...။ အားလုံးက သူ့အမှားတွေချည်းပဲ...။"
အဆိုပါ သက်ကြီးရွယ်အိုများ၏ အပြောအရ အမှားအားလုံးမှာ အခြားသူများ၏ အမှားသာဖြစ်ပြီး ၎င်းတို့ ကိုယ်တိုင်မှာမူ အပြစ်ကင်းစင်ကာ နစ်နာသူများအဖြစ်ပင် ဟန်ဆောင်နေကြလေသည်။
သို့သော်လည်း ရဲများအနေဖြင့် အဖြစ်မှန်ကို သေချာစွာ စုံစမ်းစစ်ဆေးမည် ဖြစ်သည်။
အထူးသဖြင့် ညွှန်ကြားရေးမှူးတန် ကိုယ်တိုင်က အနီးဆုံး ရဲစခန်းမှ ဝန်ထမ်းများအားလုံး အခင်းဖြစ်ပွားရာသို့ အမြန်ဆုံး သွားရောက်ရန် အမိန့်ပေးထားခဲ့ခြင်း ဖြစ်သည်။
သူ ကိုယ်တိုင် မရောက်လာမီ ကားပေါ်ရှိ လူအားလုံး၏ လုံခြုံရေးကို သေချာစေရမည်ဖြစ်ပြီး ကိစ္စရပ်အားလုံး ကို သေချာစွာ စုံစမ်းစစ်ဆေးရမည် ဖြစ်သည်။ မည်သူမျှ မည်သည့် ပတ်သက်မှုမျိုးဖြင့်မဆို ဘက်လိုက်ခြင်း သို့မဟုတ် အဂတိလိုက်စားခြင်း မပြုလုပ်ရန် တင်းကျပ်စွာ တားမြစ်ထားလေသည်။
ညွှန်ကြားရေးမှူးတန် လာမည်ကို သိထားသောကြောင့် ရဲအရာရှိများသည် သဘာဝကျကျပင် ကြိုးစားပမ်းစား လုပ်ဆောင်ကြရပြီး အနည်းငယ်မျှပင် ပေါ့ဆခြင်း မပြုဝံ့ကြပေ။
ထိုအချိန်တွင် ၎င်းတို့အထဲမှ ဉာဏ်ကောင်းသူ အချို့က ကားထဲတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သူမှာ သာမန်လူ မဟုတ်ကြောင်းကို ရိပ်မိနေကြပြီ ဖြစ်သည်။
မကြာမီမှာပင် လူနာတင်ယာဉ်များနှင့် ယာဉ်ထိန်းရဲကားများ တစ်စီးပြီးတစ်စီး ရောက်ရှိလာကြလေသည်။
ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသည် လျန်ထျန်း၏ ခန္ဓာကိုယ်ကို ဦးစွာ စစ်ဆေးကာ သူ၏ ဒဏ်ရာအသေးစား များကို ကုသပေးခဲ့ကြသည်။
လျန်ထျန်း ဆေးကုသမှု ခံယူနေစဉ် အဖွဲ့ခေါင်းဆောင်သည် ဒေါသတကြီးဖြင့် လျှောက်လာကာ သူ၏ နှာခေါင်း ကို လက်ညှိုးထိုးလျက် ဆိုလိုက်သည်။
"မင်း လူငယ်လေး...၊ ယခုအရာက မင်းဘာသာဖြစ်တဲ့ ယာဉ်တိုက်မှုဖြစ်ပြီး ငါတို့နဲ့ ဘာမှမဆိုင်ဘူးဆိုတာကို ရဲ တွေကို အမြန်သွားပြောလိုက်...။ ဒီလိုဆိုရင် မင်းကို ခွင့်လွှတ်ပေးဖို့ ငါတို့ စဉ်းစားပေးမယ်...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းက မျက်မှောင်ကြုတ်ကာ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"ခင်ဗျားတို့က ကျွန်တော့်ကို ခွင့်လွှတ်ပေးမယ် ဟုတ်လား...။ ခင်ဗျားတို့ရဲ့ ခွင့်လွှတ်မှုကို ကျွန်တော်က ဘာလုပ် ရမှာလဲ...။"
"ကျွန်တော်က နစ်နာပြီး ဒဏ်ရာရခဲ့တဲ့သူလေ...။ ခင်ဗျားတို့ကသာ ကျွန်တော့်ကို ခွင့်လွှတ်ဖို့ တောင်းပန်ရမှာ မဟုတ်ဘူးလား....။"
အဖွဲ့ခေါင်းဆောင်ဖြစ်သော အသက်ကြီးကြီး အမျိုးသမီးက ဆက်လက်၍ ဒေါသတကြီး ပြောဆိုနေပြန်သည်။
"အဲ့ဒါက မင်းက အရင်ဆုံး အမှားလုပ်ခဲ့လို့လေ...။ မင်းသာ ခဏလောက်စောင့်ပြီး လမ်းသွားလမ်းလာတွေကို ဦးစားပေးခဲ့ရင် ငါတို့ အခုလို ပြဿနာတွေ တက်ပါဦးမလား...။"
"မင်းက အရင်မှားခဲ့တာဆိုတော့ မင်းအမှားကို မြန်မြန် ဝန်ခံပြီး ငါတို့ကို ပြဿနာရှာနေတာ ရပ်လိုက်တော့...။ မဟုတ်ရင် ဆက်ပြီး စစ်ဆေးတဲ့အခါ မင်းကို ခွင့်လွှတ်ဖို့ဆိုတာ လွယ်မှာ မဟုတ်ဘူး...။"
ဤစကားကို ကြားသောအခါ လျန်ထျန်းမှာ ဒေါသထွက်လွန်း၍ ရယ်ပင် ရယ်ချင်သွားလေသည်။
"အခုထိ ခင်ဗျားတို့ အမှားကို ခင်ဗျားတို့ မသိကြသေးဘူးပေါ့...။"
"ကျွန်တော် ယာဉ်တိုက်မှုဖြစ်ရတဲ့ အဓိက အကြောင်းရင်းက ခင်ဗျားတို့ပဲ...။ ခင်ဗျားတို့က ကျွန်တော့်ကားကို ခဲတွေနဲ့ ပေါက်ခဲ့တာလေ...။"
"ဒီယာဉ်တိုက်မှုကို ဘေးဖယ်ထားဦး...။ ခင်ဗျားတို့ ပင်မလမ်းမကြီးပေါ်မှာ လမ်းလျှောက်နေတာက ယာဉ်ကြော ကို ပိတ်ဆို့စေပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး စည်းကမ်းကို နှောင့်ယှက်နေတာပဲ...။"
"ဒီကိစ္စတွေကို အရင်ကတည်းက ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ပြီးပြီ...။ ခင်ဗျားတို့ နားမလည်သေးရင် လာနေ တဲ့ ယာဉ်ထိန်းရဲတွေကို သွားမေးကြည့်...။ ကျွန်တော် ဒဏ်ရာရထားလို့ ခင်ဗျားတို့နဲ့ အငြင်းပွားပြီး အချိန်မဖြုန်း ချင်ဘူး...။"
သူမ၏ စကားများ အရာမထင်တော့ကြောင်းကို အဖွဲ့ခေါင်းဆောင် သဘောပေါက်သွားချိန်တွင် လျန်ထျန်းအား ဆက်လက် ဆဲရေးတိုင်းထွာရန် ပြင်လိုက်စဉ် ယာဉ်ထိန်းရဲတစ်ဦး ရောက်လာပြီး သူမအား တည်ကြည်စွာဖြင့် ပြောလိုက်လေသည်။
"ခင်ဗျားက ဒီလမ်းလျှောက်အဖွဲ့ရဲ့ ခေါင်းဆောင် မဟုတ်လား...။ ယခုယာဉ်တိုက်မှုရဲ့ ကနဦး အကဲဖြတ်ချက်အရ ခင်ဗျားတို့မှာ အပြည့်အဝ တာဝန်ရှိတယ်...။ ခင်ဗျားတို့ကို မေးခွန်းတချို့ မေးစရာရှိတယ်...၊ ကျွန်တော်နဲ့ ခဏ လောက် လိုက်ခဲ့ပါ...။"
ယာဉ်ထိန်းရဲအရာရှိ၏ တင်းမာသော မျက်နှာထားကို ရင်ဆိုင်ရသောအခါ အဖွဲ့ခေါင်းဆောင် အသက်ကြီးကြီး အမျိုးသမီးမှာ အနည်းငယ် ကြောက်ရွံ့သွားသော်လည်း အခြေအနေကို ဖြေရှင်းရန် ငြင်းခုံနေဆဲ ဖြစ်သည်။
"ရဲဘော်တို့...၊ သေချာရဲ့လား...။ ကျွန်မတို့မှာ ဘယ်လိုလုပ် အပြည့်အဝ တာဝန်ရှိရမှာလဲ...။"
"လမ်းလျှောက်တာက လူတိုင်းအတွက် အားကစားပဲလေ...။ လေ့ကျင့်ခန်း မလုပ်ချင်တဲ့ လူတွေက ကျွန်မတို့ကို လူဆိုးတွေလို ရန်လိုနေကြတာ...။ လမ်းပေါ် လမ်းလျှောက်တာနဲ့ပဲ ကျွန်မတို့က လူဆိုးတွေ ဖြစ်သွားရောလား..။"
"ဒီလူငယ်လေးက တကယ်ဆိုးတာ...။ သူက ကျွန်မတို့ အဘိုးကြီး အဘွားကြီးတွေကို ကားနဲ့ တိုက်သတ်ဖို့ လုပ် တာ...။ ကျွန်မတို့က သူ့ကားနဲ့ အတိုက်ခံရနိုင်လောက်အောင် အသက်ကြီးနေပြီလို့ ထင်နေလား...။"
"ကျွန်မတို့ သက်ကြီးရွယ်အိုတွေက အားနည်းတဲ့ အုပ်စုတွေ မဟုတ်လား...။ ခဲနဲ့ပေါက်တာက ကျွန်မတို့ အားနည်းတဲ့ သက်ကြီးရွယ်အိုတွေအတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာပဲလေ...။ ဒါကြောင့် တရားဝင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုလို့ သတ်မှတ်သင့်တယ်...။"
ထိုစကားများကို ကြားပြီးနောက် ဇာတ်လမ်းစုံကို မသိသော သူတစ်ဦးအနေဖြင့် အဘွားအို၏ မတရားခံရပြီး အပြစ်ကင်းဟန်ဆောင်နေသော မျက်နှာထားကြောင့် လှည့်စားခံရနိုင်ပေသည်။
သို့သော် ယာဉ်ထိန်းရဲအရာရှိသည် သူ၏ ဖုန်းကို ထုတ်ကာ အဖွဲ့ခေါင်းဆောင်အား ပြသရင်း ပြောလိုက်သည်။
"ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ခင်ဗျား ဆုံးဖြတ်ရမှာ မဟုတ်သလို၊ ကျွန်တော် ဆုံးဖြတ်ရမှာလည်း မဟုတ်ဘူး...။ အရာအားလုံးက အချက်အလက်တွေ အပေါ်မှာပဲ အခြေခံရမယ်...။"
"အခု ခင်ဗျား မြင်နေရတာက အနီးနားက ကင်မရာတွေကနေ ရိုက်ထားတဲ့ စောင့်ကြည့် ဗီဒီယိုပဲ...။ ခင်ဗျားတို့ရဲ့ လမ်းလျှောက်အဖွဲ့က မော်တော်ယာဉ်တွေအတွက် အဓိက လမ်းမကြီးရဲ့ အလယ်ကို ပိတ်ဆို့ထားတယ်ဆိုတာ ဗီဒီယိုထဲမှာ ရှင်းရှင်းလင်းလင်း ပြနေတယ်...။"
“ယာဉ်အန္တရာယ် ကင်းရှင်းရေးဥပဒေ ပုဒ်မ (၆၁) အရ လမ်းသွားလမ်းလာများသည် လူသွားစင်္ကြံပေါ်တွင် လမ်းလျှောက်ရမှာဖြစ်ပြီး လူသွားစင်္ကြံမရှိပါက လမ်းဘေးမှသာ လျှောက်ရမှာ ဖြစ်တယ်..။”
“ပုဒ်မ (၆၂) မှာ လမ်းသွားလမ်းလာများသည် လမ်းဆုံများ သို့မဟုတ် လမ်းများကို ဖြတ်ကူးသည့်အခါ လူကူး မျဉ်းကြား သို့မဟုတ် လူကူးစင်္ကြံများကို အသုံးပြုရမည်ဟု ပြဋ္ဌာန်းထားပါတယ်…။”
"ပြီးတော့ ပုဒ်မ (၂၃) မှာ မော်တော်ယာဉ်ကို တရားမဝင် တားဆီးခြင်း သို့မဟုတ် သယ်ယူပို့ဆောင်ရေး ယာဉ် တစ်စီးရဲ့ ပုံမှန် လည်ပတ်မှုကို ထိခိုက်စေသူ မည်သူ့ကိုမဆို ဥပဒေနဲ့အညီ သတိပေး အရေးယူရမယ်လို့ ပြဋ္ဌာန်း ထားတယ်...။"
"ပိုဆိုးရွားတဲ့ အခြေအနေတွေအတွက်ဆိုရင် ကျူးလွန်သူကို (၅) ရက်ကနေ (၁၀) ရက်အထိ ထိန်းသိမ်းထား မယ်...။ အကယ်၍ ဒါက ယာဉ်တိုက်မှု ဖြစ်စေခဲ့မယ်ဆိုရင် ကျူးလွန်သူအနေနဲ့ ယာဉ်တိုက်မှုဖြစ်စေတဲ့ ရာဇဝတ် မှု ကျူးလွန်ကြောင်း သံသယရှိခံရမှာ ဖြစ်တယ်...။"
"နောက်ဆုံး တစ်ခုအနေနဲ့ ခင်ဗျားကို ပြောချင်တာက ခင်ဗျားတို့ရဲ့ လမ်းလျှောက်အဖွဲ့က လူစုလူဝေးနဲ့ လုပ်တဲ့ လှုပ်ရှားမှုတစ်ခုပဲ...။"
"ပွဲစီစဉ်သူတွေမှာ လုံခြုံစိတ်ချရတဲ့ အချိန်နဲ့ လမ်းကြောင်းတွေကို ရွေးချယ်ဖို့ တာဝန်ရှိသလို ပါဝင်သူတွေကို လုံခြုံရေး ပညာပေးမှုတွေနဲ့ သတိပေးမှုတွေ လုပ်ပေးဖို့လည်း တာဝန်ရှိတယ်...။"
"အကယ်၍ စီစဉ်သူက လုံခြုံရေး တာဝန်တွေကို မဖြည့်ဆည်းဘဲ အခြားသူတွေကို ထိခိုက်နစ်နာစေမယ်ဆိုရင် စီစဉ်သူအနေနဲ့ သက်ဆိုင်ရာ ထိခိုက်နစ်နာမှု တာဝန်ကို ယူရလိမ့်မယ်...။"
"ကျွန်တော် ပြောတာတွေ အားလုံးကို ခင်ဗျား နားလည်တယ် မဟုတ်လား...။"
ယာဉ်ထိန်းရဲ၏ ရှင်းလင်းပြောကြားမှုကို ခံရပြီးနောက် အဖွဲ့ခေါင်းဆောင်မှာ လုံးဝ မှင်တက်သွားကာ မည်မျှအထိ နားလည်သဘောပေါက်သွားသည်ကို မသေချာသော်လည်း ကြက်သေသေလျက် ရပ်နေတော့သည်။
အချုပ်အားဖြင့်ဆိုရသော် ပြစ်ဒဏ် အသီးသီးကို သတ်မှတ်လိုက်သောအခါ လျန်ထျန်း၏ ယာဉ်များကို တားဆီး ခဲ့သော လူလတ်ပိုင်းအရွယ် အမျိုးသမီးမှာ (၁၀) ရက်ကြာ ထိန်းသိမ်းခံရမည် ဖြစ်သည်။
ထို့ပြင် လျန်ထျန်း၏ ကား ပျက်စီးသွားမှုအတွက်လည်း လျော်ကြေးပေးရမည် ဖြစ်သည်။ လျန်ထျန်း မောင်းနှင် လာသော ကားမှာ (၁) ယွမ် ကျော်သာ တန်ဖိုးရှိသော်လည်း ကားရှေ့ပိုင်းမှာ ဆိုးရွားစွာ ပျက်စီးသွားခဲ့ပြီး အကဲ ဖြတ်တန်ဖိုးမှာ (၂) ကျောင်ကျော်အထိ ရှိလေသည်။
လက်ရှိအချိန်၏ (၂) ကျောင် ဆိုသည်မှာ ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီက ယွမ် (၂၀၀,၀၀၀) ကျော်နှင့် ညီမျှကြောင်း သိထားရမည် ဖြစ်သည်။
အဖွဲ့ခေါင်းဆောင်သည် သူမ ထပ်မံ အဖမ်းခံရမည်ဖြစ်ပြီး လျော်ကြေးငွေ (၂) ကျောင်ကျော် ပေးရမည်ဟု ကြားသောအခါ မြေပြင်ပေါ်သို့ ထိုင်ချကာ ချက်ချင်း ငိုကြွေးတော့သည်။
"(၂) ကျောင်ဆိုတာ ကျွန်မရဲ့ တစ်နှစ်စာ ပင်စင်လစာအတွက် လုံလောက်တယ်...။ ရှင်တို့ ကျွန်မကို ဖမ်းချင် ဖမ်းလို့ရတယ် ငွေတော့ လျော်ခိုင်းလို့ မရဘူး...။"
ထိုအခါ ရဲအရာရှိက သူမအား ထပ်မံ၍ ပြောလိုက်လေသည်။
"ခင်ဗျား လျော်ကြေးမပေးရင် (၁၀) ရက် ထိန်းသိမ်းရုံလောက်နဲ့ ရိုးရှင်းမှာ မဟုတ်ဘူး...။ ခင်ဗျားက ယာဉ်တိုက် မှု ဖြစ်စေတဲ့ သံသယရှိသူဖြစ်လို့ ထောင်ဒဏ် နှစ်အတော်ကြာ ကျခံရနိုင်တယ်...။"
"အကယ်၍ ခင်ဗျား ပြစ်ဒဏ်ချမှတ်ခံရရင် ထောင်ထဲမှာ ရှိနေစဉ်အတွင်း ခင်ဗျားရဲ့ ပင်စင်လစာကို ဆိုင်းငံ့ထားမှာ ဖြစ်ပြီး အဲ့ဒီအချိန်အတွင်း အခြေခံ ပင်စင် ပြုပြင်ပြောင်းလဲမှုတွေအတွက် အကျုံးဝင်မှာ မဟုတ်ဘူး...။"
"ဒါကြောင့် ခင်ဗျားရဲ့ ပင်စင်လစာ နှစ်စဉ် တိုးလာတာကို ခံစားခွင့်ရမှာ မဟုတ်ဘူး...။ ခင်ဗျား အရှုံးမပေါ်ဘူးဆို တာ သေချာရဲ့လား...။"
အဖွဲ့ခေါင်းဆောင်သည် သူပြောသည့် စကားကို နားလည်သွားကာ အလွန် ထိတ်လန့်သွားပြီး တုန်ရီလျက် အမြန် ပြောလိုက်သည်။
"ကျွန်မ ပေးပါ့မယ်... ၊ ကျွန်မ ပေးပါ့မယ်...။ ကျွန်မရဲ့ ပင်စင်လစာကို ရပ်ထားလို့ မရဘူး...။ နှစ်စဉ် လစာတိုး ပေးတာကို ရပ်ထားလို့ မရဘူးနော်...။"
ဤနည်းဖြင့် အဖွဲ့ခေါင်းဆောင်နှင့် ခဲဖြင့်ပေါက်ခဲ့သော အဘိုးအဘွားများအားလုံးမှာ ၎င်းတို့နှင့် ထိုက်တန်သော ပြစ်ဒဏ်များကို ခံရလေသည်။
၎င်းတို့၏ လစဉ် ပင်စင်လစာများ မြင့်မားသောကြောင့် စီရင်ချက်အပေါ် မည်သို့မျှ မကျေမနပ် မပြောရဲကြပေ။
တန်ကော်ဟွာ ရောက်လာသောအခါ သူ၏ ပထမဆုံး ဦးစားပေးမှာ လျန်ထျန်း အဆင်ပြေမပြေ စစ်ဆေးရန် ဖြစ် သည်။
လျန်ထျန်း အဆင်ပြေကြောင်း ဆရာဝန်နှင့် အကြိမ်ကြိမ် အတည်ပြုပြီးနောက် ၎င်းတို့နှစ်ဦး သီးသန့် စကားပြော ခဲ့ကြလေသည်။
"မင်း ကောင်စုတ်လေး...။ ဘယ်လိုဖြစ်လို့ ပြဿနာမျိုးစုံနဲ့ အမြဲတမ်း ကြုံနေရတာလဲ...။ အဲ့ဒီ အဘိုးအဘွား တွေထဲက တချို့က မြို့တော်က ကော်မတီအရာရှိတွေရဲ့ ဆွေမျိုးတွေဆိုတာ မင်း သိရဲ့လား...။"
လျန်ထျန်းသည် ပတ်တီးစည်းထားသော သူ၏ နဖူးကို အုပ်ကာ ခါးသီးစွာ ပြုံးလိုက်ရင်း...။
"လောင်တန်...၊ ဒီလို ထူးဆန်းတဲ့ ကိစ္စတွေကို ကျွန်တော်က ကြုံချင်နေတယ်လို့ ခင်ဗျား ထင်နေလား...။ ကံဆိုး တာ သက်သက်ပါ...။"
"ဒါနဲ့...၊ ဒီမြို့ခံတွေရဲ့ မိသားစုတွေအတွက် ပင်စင်လစာက အရမ်း မြင့်တယ်...။ တစ်လစာ ပင်စင်ကတင် သာမန် လူတစ်ယောက်ရဲ့ တစ်နှစ်စာ ပင်စင်လောက်နဲ့ ညီမျှနေတာ...။"
"သူတို့ရဲ့ ပင်စင်လစာတွေက မြင့်မားလွန်းလို့ ပြဿနာရှာတာကလွဲပြီး တခြား လုပ်စရာ မရှိဘူးလို့ ကျွန်တော် ထင်တယ်...။ တစ်ဖက်မှာကျတော့ ကျေးလက်ဒေသတွေက အသက် ခုနစ်ဆယ်၊ ရှစ်ဆယ် အရွယ်အထိ လယ်ထဲမှာ အလုပ်လုပ်နေရတဲ့ သက်ကြီးရွယ်အိုတွေ မရေမတွက်နိုင်အောင် ရှိနေသေးတယ်...။"
"ဒီနေ့ခေတ်မှာ လူ့အသိုင်းအဝိုင်းက ပင်စင်ရန်ပုံငွေတွေက ကုန်ကျစရိတ်ကို ကာမိဖို့ မလုံလောက်ဘူးလို့ အမြဲ ညည်းညူနေကြတယ်...။ ဒီလူတွေရဲ့ ပင်စင်လစာတွေကို လျှော့ချပြီး တကယ် လိုအပ်နေတဲ့ သူတွေအတွက် ရန်ပုံငွေတွေကို ဘာလို့ မဖြည့်တင်းပေးတာလဲ...။"
လျန်ထျန်းအနေဖြင့် တန်ကော်ဟွာအား ဤစကားများကို ပြောရဲခြင်းမှာ အကြောင်းရင်း နှစ်ချက် ရှိပေသည်။ ပထမအချက်မှာ သူသည် လောင်တန်နှင့် အလွန် ရင်းနှီးသောကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ ဤညွှန်ကြား ရေးမှူးတန်သည် စစ်မှန်သော "ဆင်းရဲသား မိသားစုမှ ထူးချွန်သူ" တစ်ဦး ဖြစ်ကြောင်းကို သူ သိထားသော ကြောင့် ဖြစ်ပေသည်။
တန်ကော်ဟွာသည် သူ၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုဖြင့်သာ လက်ရှိ ရာထူးသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ သူ၏ မိသားစုတွင် မည်သည့် အာဏာ သို့မဟုတ် ဩဇာလွှမ်းမိုးမှုမျှ မရှိဘဲ မိဘများမှာ လယ်သမားများဖြစ်ကာ ဆင်းရဲနွမ်းပါးစွာ နေထိုင်ခဲ့ကြရသည်။
လယ်သမားများသည် အသက်ကြီးလာသောအခါ အသနားစရာ အကောင်းဆုံး ဖြစ်သည်။ ပင်စင်လစာ အဝတ် အစားများထားဘိ၊ ၎င်းတို့၏ ထောက်ပံ့ကြေးများမှာ သနားစရာကောင်းလောက်အောင် နည်းပါးလှပြီး အကြိမ် များစွာတွင် ထိုထောက်ပံ့ကြေးများကိုပင် မရရှိကြပေ။
သို့သော်လည်း တန်ကော်ဟွာ အာဏာအချို့ ရလာချိန်တွင် နှစ်ပေါင်းများစွာ အလုပ်ကြိုးစားမှုကြောင့် ငယ်ရွယ် စဉ်ကပင် ကွယ်လွန်သွားခဲ့ကြသော သူ၏ မိဘများအား ကျေးဇူးဆပ်ခွင့် မရခဲ့ချေ။
လုံလောက်ပါပြီ။ အကယ်၍ တန်ကော်ဟွာ၏ မိဘများသာ အငြိမ်းစားယူမည့် အရွယ်သို့ ရောက်သောအခါ ထောက်ပံ့ကြေးများ ပိုမိုရရှိနိုင်မည်ဆိုပါက ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအတွက် လုံလောက်မည် ဖြစ်သည်။
အသက်အရွယ် ကြီးရင့်ချိန်တွင် လွန်ကဲသော လယ်ယာလုပ်ငန်းခွင် လုပ်စရာ မလိုသရွေ့ အသက်ကြီးသူ နှစ်ဦး စလုံး အသက်ရှင်နိုင်ပေလိမ့်မည်။
ထို့ကြောင့် ဤညွှန်ကြားရေးမှူးတန် ကိုယ်တိုင်က လူတန်းစား ခွဲခြားမှုများ၏ တရားမျှတမှု မရှိခြင်းအပေါ် သူ၏ ကိုယ်ပိုင် အမြင်များ ရှိနေခဲ့သည်။
လျန်ထျန်းက သူ့ကို အလွန်ကောင်းစွာ သိရှိထားသောကြောင့် ဤကဲ့သို့သော စကားများကို ပြောရဲခြင်း ဖြစ် ပေသည်။
လျန်ထျန်း၏ စကားများကို ကြားပြီးနောက် တန်ကော်ဟွာက ပြုံးလိုက်သည်။
"ဒီလူတွေရဲ့ ပင်စင်လစာတွေကို လျှော့ချရမယ် ဟုတ်လား...။ လိုအပ်နေတဲ့ သူတွေကို ဖြည့်ဆည်းပေးဖို့ပေါ့...၊ ဒါဆိုရင် အစပိုင်းမှာ ပင်စင်လစာ အစီအစဉ်ကို ဘယ်သူက ရေးဆွဲခဲ့တာလဲ ဆိုတာကို မင်း စဉ်းစားသင့်တယ်...။"
ခေတ္တမျှ ရပ်နားပြီးနောက် နာကျင်ဖွယ် အမှတ်တရများကို ပြန်လည် မပေါ်ပေါက်စေချင်၍ ဖြစ်ဟန်တူသည်။ ညွှန်ကြားရေးမှူးတန်သည် အကြောင်းအရာကို အမြန်ပြောင်းကာ တည်ကြည်သော ဟန်ဆောင်လျက် ပြောလိုက် သည်။
"အဲ့ဒါက အဓိက ဟုတ်လို့လား...။ ဒီလူတွေကို ဖမ်းဆီးပြီး အပြစ်ပေးဖို့အတွက် ငါ ဘယ်လောက်တောင် ဖိအား တွေကို ခံစားခဲ့ရလဲဆိုတာ မင်း မသိပါဘူး...။"
"ဒီနေရာကို လာတဲ့ လမ်းမှာတင် ငါ ဖုန်းအကြိမ်ပေါင်းများစွာ လက်ခံရရှိခဲ့တယ်...။ အရေးအကြီးဆုံးက ဌာနအဆင့် အရာရှိတစ်ဦးဆီကပဲ...။ သူက ငါနဲ့ ရာထူးတူပဲလေ...။"
ဤစကားကို ကြားသောအခါ လျန်ထျန်းသည် ညွှန်ကြားရေးမှူးတန်ကို စိုက်ကြည့်ကာ မျက်နှာသေဖြင့် မေးလိုက်လေသည်။
"ဒါဆို ခင်ဗျားက ယခုကိစ္စကို သူတို့အပေါ် မျက်နှာသာပေးတဲ့အနေနဲ့ သဘောထားဖို့ စီစဉ်နေတာလား...။"
"စဉ်းစားကြည့်ရင်လည်း အဓိပ္ပာယ်ရှိပါတယ်...။ ခင်ဗျားက အက်စ်မြို့တော်ကို ပြောင်းလာတာ သိပ်မကြာသေး ဘူးလေ...။ အကယ်၍ ခင်ဗျားက အခုကိစ္စလေးကို သုံးပြီး လုပ်ဖော်ကိုင်ဖက်တွေဆီက မျက်နှာသာတချို့ ရနိုင် မယ်ဆိုရင် တော်တော်လေး တန်တဲ့ အပေးအယူပဲ...။"
လျန်ထျန်းသည် ဤသို့ပြောခဲ့သော်လည်း သူ၏ မကျေနပ်မှုကို ဖုံးကွယ်ရန် မည်သို့မျှ မကြိုးစားခဲ့ပေ။
တန်ကော်ဟွာသည် နားမလည်ဘဲ မနေနိုင်ဘဲ ရုတ်တရက် ရယ်မောလိုက်လေသည်။
"သူတို့က ဌာနတူတောင် မဟုတ်တာ…၊ ငါက သူတို့ကို ဘာလို့ ဂရုစိုက်ရမှာလဲ…။"
"မင်းကို ရိုးရိုးသားသား ပြောရရင်...၊ မင်းလို စီးပွားရေးသမားနဲ့ မတူတဲ့သူတစ်ယောက်နဲ့ ဒီလောက်ကြာကြာ ဆက်ဆံလာရတာက ငါလို အရာရှိတစ်ယောက်ကိုတောင် အရာရှိတစ်ယောက်နဲ့ သိပ်မတူတော့ဘူး...။"
"တကယ်လို့ မင်းနဲ့ မတွေ့ခင်ကသာ ဒီလို ဖြစ်ခဲ့မယ်ဆိုရင် ငါ စဉ်းစားကောင်း စဉ်းစားမိလိမ့်မယ်...။ ဒါပေမဲ့ အခုတော့ ဟင့်အင်း...။"
"ငါ့နယ်မြေထဲမှာ ပြဿနာလာရှာရဲတဲ့သူ ဘယ်သူမဆို နောက်ခံ ဘယ်လောက်ပဲ ကြီးကြီး ထိုက်တန်တဲ့ အပြစ်ဒဏ် ကို ခံရမှာပဲ...။"
ထိုစကားကို ကြားပြီးနောက် နောက်ဆုံးတွင် လျန်ထျန်း၏ မျက်နှာပေါ်သို့ အပြုံးတစ်ခု ပြန်လည် ရောက်ရှိလာ ခဲ့လေသည်။
"ဒါဆိုရင် ပြောပါဦး...။ ကျွန်တော်က ဘယ်လိုလုပ် စီးပွားရေးသမားနဲ့ မတူတဲ့ စီးပွားရေးသမား ဖြစ်နေရတာ လဲ...။"
တန်ကော်ဟွာက ခေတ္တမျှ စဉ်းစားပြီးနောက် တည်ကြည်စွာ ပြန်ဖြေလိုက်သည်။
"ငါ မင်းကို ရင်းနှီးမြှုပ်နှံဖို့ တောင်းဆိုခဲ့တဲ့ ပရောဂျက်ကို ဥပမာအနေနဲ့ ကြည့်...။ မင်းက တခြား စီးပွားရေးသမား တွေကို မေးခဲ့ရင် သူတို့က ရင်းနှီးမြှုပ်နှံကောင်း ရင်းနှီးမြှုပ်နှံလိမ့်မယ်...။ ဒါပေမဲ့ သူတို့က အမြတ်အစွန်းတွေနဲ့ ရလာဒ်တွေ အကြောင်းကို သေချာပေါက် စဉ်းစားကြလိမ့်မယ်...။"
"မင်း ရင်းနှီးမြှုပ်နှံပြီးတဲ့နောက် အမြတ်အစွန်း ဒါမှမဟုတ် ရလာဒ်တွေအကြောင်း တစ်ခါမှ မမေးခဲ့ဘူး...။ မင်း ငါ့ကို လုပ်ခိုင်းခဲ့တဲ့ ကိစ္စတွေကတောင် စီးပွားရေးအတွက် မဟုတ်ခဲ့ဘူး...။ ဆန့်ကျင်ဘက်အနေနဲ့ အဲ့ဒါတွေက ငါနဲ့ ပြည်သူ့လုံခြုံရေးအတွက် အများကြီး အထောက်အကူ ဖြစ်စေခဲ့တယ်...။"
"အရေးအကြီးဆုံးက မင်းမှာ သန့်ရှင်းတဲ့ လက်တွေ ရှိတယ်...။ အယ်လ်မြို့တော်က ကုမ္ပဏီတွေကို ကြည့်လိုက် ...၊ မင်း ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီအားလုံးက ဥပဒေကို ပိုပြီး လိုက်နာလာကြတယ်...။"
"စီးပွားရေးလုပ်ငန်း အများစုမှာ စည်းမျဉ်းတွေကို ချိုးဖောက်တာက မင်းကို ပိုပြီး မြန်မြန်ဆန်ဆန် အောင်မြင်စေ နိုင်တယ်ဆိုတာကို ငါတောင် သိတယ်...။ ဒါပေမဲ့ အဲ့ဒီလိုမျိုး တစ်ခုမှ မင်းဆီမှာ ငါ မတွေ့ရဘူး...။"
"ဒါ့အပြင် မင်းက ပရောဂျက်မှာ ဆက်ပြီး ရင်းနှီးမြှုပ်နှံမယ်လို့ ကတိပေးခဲ့တယ်...။ အခုဆိုရင် တစ်လမှ မပျက် ကွက်ဘဲ တစ်နှစ်နီးပါး ရှိနေပြီ...။ မင်းက ကတိတည်ပြီး ယုံကြည်စိတ်ချရတယ်...။"
သူ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် လျန်ထျန်းနှင့် တန်ကော်ဟွာတို့သည် ရုတ်တရက် ရယ်မောလိုက် ကြလေသည်။
သို့သော် လျန်ထျန်း၏ အပြုံးသည် လျင်မြန်စွာပင် ခါးသီးသွားပြီး သူက ခေါင်းခါလိုက်သည်။
"ကျွန်တော်က စီးပွားရေးသမားလည်း မဟုတ်သလို စီးပွားရေးသမားနဲ့လည်း မတူဘူး...။ ပြီးတော့ ခင်ဗျားက လည်း အရာရှိ မဟုတ်သလို အရာရှိနဲ့လည်း မတူဘူး...။"
"တကယ်တော့ စီးပွားရေးသမားတွေက ရိုးသားပြီး ယုံကြည်စိတ်ချရသင့်တယ်...။ ပြီးတော့ အရာရှိတွေကလည်း စည်းကမ်းရှိပြီး ဥပဒေနဲ့အညီ လုပ်ဆောင်သင့်တာ...။"
"ဒါပေမဲ့ ဒီနေ့ခေတ် ကမ္ဘာကြီးမှာ စီးပွားရေးသမား အများစုက သမာဓိကို တန်ဖိုးမထားကြတော့ဘူး...။ ပြီးတော့ အရာရှိ အများစုကလည်း...၊ ထားလိုက်ပါတော့ ဆက်ပြောရင် ကျွန်တော် အပိတ်ခံရမှာကို စိုးရိမ်တယ်...။"
"အချုပ်အားဖြင့်ဆိုရရင် တခြားလူတိုင်းက ပုံမှန် မဟုတ်တော့ဘူးဆိုရင် လူအများစုရဲ့ အမြင်မှာ ပုံမှန်လူကပဲ ပုံမှန် မဟုတ်ဘူး ဖြစ်သွားတာပေါ့...။"
"ဘယ်အချိန်တုန်းက အမှားအမှန်ကို ဆုံးဖြတ်ဖို့ ငါတို့အလှည့် ဖြစ်သွားတာလဲ...။"
...
လျန်ထျန်းနှင့် တန်ကော်ဟွာတို့၏ စကားပြောဆိုမှုမှာ ဆက်လက် မသွားတော့ဘဲ မကြာမီတွင် သူတို့၏ ကိုယ်ပိုင် အလုပ်များကို အသီးသီး လုပ်ဆောင်ကြလေသည်။
ညွှန်ကြားရေးမှူးတန်သည် မူလက အရာအားလုံး အဆင်ပြေစေရန် သေချာစေရန်အတွက် လျန်ထျန်းအား
ဆေးရုံသို့သွား၍ ခန္ဓာကိုယ် တစ်ကိုယ်လုံး စစ်ဆေးမှု ပြုလုပ်ရန် စီစဉ်ပေးရန် ရည်ရွယ်ခဲ့သည်။
သို့သော် လျန်ထျန်းက မိခင်ဖြစ်သူ၏ ကျန်းမာရေး အခြေအနေကို စိုးရိမ်နေပြီး အယ်လ်မြို့တော်သို့ ပြန်ရန်သာ အတင်းအကြပ် တောင်းဆိုခဲ့သည်။ ညွှန်ကြားရေးမှူးတန်အနေဖြင့် လျန်ထျန်းကို ထိုနေရာသို့ ပို့ဆောင်ပေးရန် ရဲကားတစ်စီး စီစဉ်ပေးရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
ထို့ကြောင့် ရဲကားဖြင့် နာရီအတော်ကြာ မောင်းနှင်ပြီးနောက် လျန်ထျန်းသည် အယ်လ်မြို့တော်သို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်...။