အခန်း ၂၀၈
Vol. 21 Ch. 208
အခန်း (၂၀၈)
နယ်ကျော် ဖမ်းဆီးမှုများ
ယနေ့ခေတ်၏ ငွေတစ်ယွမ်သည် ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီက ငွေတစ်သန်းနှင့် ညီမျှကြောင်းကို မှတ်သားထားရပေမည်။
တိုတီသည် ထိုငွေစက္ကူကြီးကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ အရောင်လက်သွားပြီး လျန်ထျန်းအပေါ် ဆက်ဆံသည့် သဘောထားမှာ လုံးဝ ပြောင်းလဲသွားခဲ့လေသည်။
ချက်ချင်းပင် လျန်ထျန်းကို အထူးဂုဏ်ထူးဆောင် ဧည့်သည်တော်ကြီးအဖြစ် ဖိတ်ခေါ်လိုက်ပြီး ယခင်က ဖြစ်ပွား ခဲ့သော ပဋိပက္ခများအားလုံးမှာ ငွေကြေး၏ လွှမ်းမိုးမှုအောက်တွင် ပျောက်ကွယ်သွားခဲ့လေတော့သည်။ ငွေရှိ လျှင် တစ္ဆေပင် ကြိတ်ဆုံလှည့်ပေးသည် ဆိုသောစကားမှာ အမှန်ပင် ဖြစ်လေသည်။
တိုတီက ဤအရာမှာ အင်တာနက်ပေါ်မှ နာမည်ကြီးများ ရိုက်ကူးလေ့ရှိသော ဇာတ်လမ်းအလှည့်အပြောင်းများ ပါဝင်သည့် ဗီဒီယိုတိုလေးများကဲ့သို့ သူတို့ စီစဉ်ထားသော ပြကွက်တစ်ခုသာ ဖြစ်ကြောင်းပင် အခိုင်အမာ ပြောဆိုနေသေးသည်။
ရည်ရွယ်ချက်မှာ လူတိုင်း၏ သံသယများကို ဖယ်ရှားရန်နှင့် သူတို့ဆိုင်သည် ယခင်ဆိုင်များနှင့် မတူညီကြောင်း သိစေရန် ဖြစ်သည်ဟု ဆိုလေသည်။
သို့သော်လည်း လျန်ထျန်းအား အတွင်းသို့ ခေါ်ဆောင်သွားသည်နှင့် တပြိုင်နက် အထူးသီးသန့် အခန်းတစ်ခ န်းဆီသို့ တန်း၍ ခေါ်သွားခြင်း ခံလိုက်ရလေသည်။
အခန်းတွင်း၌ လူများစွာ ရောက်ရှိနေပြီး ထျန်ဝမ် ပြောပြခဲ့ဖူးသော လက်မောင်းတွင် တက်တူးများ ထိုးထားသည့် တောင့်တင်းခိုင်မာသော လူမိုက်များစွာလည်း ပါဝင်လေသည်။
ကတ်ကြေးကို ကိုင်ထားသည့် ဆံပင်ညှပ်ဆရာခေါင်းဆောင်က လျန်ထျန်းကို အေးစက်စက် ပြုံးပြလိုက်သည်။
"ငါက ဒီဆိုင်ရဲ့ မန်နေဂျာ တိုနီပါ မင်းရဲ့ မိသားစုဝင်တစ်ယောက် ဒီမှာ ဆံပင်လာလုပ်ရင်း ငွေအလိမ်ခံလိုက်ရ တယ်လို့ ကြားတယ်...။"
"အိုး... ငါ အခု မှတ်မိပြီ သူမကို ခပ်ရေးရေးတော့ မှတ်မိသားပဲ သူမက အသက်ကြီးကြီး အမျိုးသမီးတစ် ယောက် မဟုတ်လား…။ သူမက တော်တော်လေး ချမ်းသာတာပဲ ငါတောင်းသလောက် ပိုက်ဆံကို ပေးနိုင်ခဲ့ တယ်...။"
"တကယ်တော့ သူမသာ ဒီလောက် ငွေအများကြီး မထုတ်ပေးနိုင်ဘူးဆိုရင် ငါ သူမကို အဲ့လောက် လိမ်မှာ မဟုတ်ပါဘူး…။ အွန်လိုင်းကနေ ငွေချေးတဲ့ လူအများစုဆီကနေ ငါတို့က ရာခိုင်နှုန်း အနည်းငယ် ဒါမှမဟုတ် သုည ဒသမ ရှစ် ရာခိုင်နှုန်းလောက်ပဲ ယူတာပါ...။"
"ဘာပဲဖြစ်ဖြစ် ငါတို့က ထိုအွန်လိုင်း ငွေချေးတဲ့ ပလက်ဖောင်းတွေနဲ့လည်း ပူးပေါင်းထားတာပါ…။ သူတို့က ငါတို့ ရှာပေးတဲ့ လူဦးရေအပေါ် မူတည်ပြီး ဝေစုပေးသလို နောက်ပိုင်းရလာတဲ့ အတိုးတွေထဲကနေလည်း ငါတို့က ဝေစုရသေးတယ်…။ အချိန်အများစုမှာတော့ ငါတို့က ရေရှည်အတွက် ကစားနေတာပါ...။"
"ဒါပေမဲ့ အဲ့အဘွားကြီးက တကယ်ကို ချမ်းသာတာပဲ…။ နောက်ဆုံးတော့ သူမက ငွေတွေကို ပေးနိုင်ခဲ့တယ် မင်းက ဒီနေ့ လာပြီး ပြဿနာရှာတယ်…၊ ပြီးတော့ တစ်ယွမ်တောင် ထုတ်ပြနိုင်တယ်ဆိုတော့ မင်းမှာ အင်အား တစ်ခုခု ရှိနေပုံရတယ်...။"
"ဘယ်လိုလဲ အစ်ကိုလေး မင်းအတွက် အခွင့်အရေးနဲ့ ရွေးချယ်စရာ တစ်ခု ရှိတယ် ငါတို့ဆီမှာ ရင်းနှီးမြှုပ်နှံပြီး ငါတို့နဲ့ ပူးပေါင်းလိုက်ပါ မင်းလည်း အမြတ်ဝေစု ရနိုင်တယ်...။"
"ဒါမှမဟုတ် မင်းကို လုံးဝ နှုတ်ပိတ်သွားအောင် ငါတို့က မတော်တဆမှု တစ်ခုခု ဖန်တီးပေးရမလား...။"
"မစိုးရိမ်ပါနဲ့ ငါတို့မှာ အင်အားကြီးတဲ့ အဆက်အသွယ်တွေ ရှိတယ် မင်းရဲ့ မတော်တဆမှုကို လုံးဝ သဘာဝကျ သွားအောင် ငါတို့ လုပ်နိုင်တယ် ဟီးဟီးဟီး...။"
စကားဝိုင်း ရှေ့ဆက်လာသည်နှင့်အမျှ ယင်းမှာ ဗြောင်ကျကျ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သော်လည်း လျန်ထျန်းမှာ ဤအန္တရာယ်များသော အခြေအနေကို ရင်ဆိုင်ရာတွင် သိသိသာသာ တည်ငြိမ်နေခဲ့လေသည်။
တကယ်တော့ ဤအရာမှာ သူ စီစဉ်ထားသည့်အတိုင်းပင် ဖြစ်လေသည်။
"မင်းက ဒီလို ပြောလာမှတော့ ငါ့မှာ ရွေးချယ်စရာ ရှိသေးလို့လား...။"
"ဒီလုပ်ငန်းက တကယ်ကို အမြတ်အစွန်း များပုံရတယ်…၊ ငါ ထပ်ပြီး ရင်းနှီးမြှုပ်နှံလို့ ရမလား...။"
လျန်ထျန်း၏ စကားများကို ကြားသောအခါ တိုနီမှာ အလွန် ဝမ်းသာသွားလေသည်။
"မင်းက အခြေအနေကို မြန်မြန်ဆန်ဆန် သဘောပေါက်တာပဲ ဒါဆိုရင် မင်း အများဆုံး ဘယ်လောက်အထိ ရင်းနှီးမြှုပ်နှံနိုင်မလဲ...။"
လျန်ထျန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
"ငွေတစ်ထောင်ယွမ်လောက် ရင်းနှီးမြှုပ်နှံရင်ကော ဘယ်လိုလဲ မင်းတို့မှာ ဒီလောက် လက်ခံနိုင်စွမ်း ရှိရဲ့လား...။"
ထိုစကားကို ကြားသောအခါ တိုနီမှာ မှင်တက်သွားပြီး အချိန်အတန်ကြာမှ သတိပြန်ဝင်လာကာ ပြန်ပြော လိုက်လေသည်။
"ဘာ...၊ မင်း ဘာပြောလိုက်တယ် မင်းက တစ်ထောင်ယွမ် ရင်းနှီးမြှုပ်နှံချင်တယ် ဟုတ်လား မင်းက တကယ်ပဲ ဒီလောက် ချမ်းသာနေတာလား…။ မင်းက တကယ်တော့ ဘယ်သူလဲ...။"
အံ့သြတုန်လှုပ်ဖွယ်ရာ မေးခွန်းလေးခု - တိုနီ တစ်ယောက် ဤမျှလောက် ပြင်းပြင်းထန်ထန် တုံ့ပြန်သည်မှာ အံ့သြစရာ မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ယခုအချိန်၏ ငွေတစ်ထောင်ယွမ်ဆိုသည်မှာ ကမ္ဘာ့ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီက ငွေဆယ်ဘီလီယံနှင့် ညီမျှနေသည် မဟုတ်ပါလား။
ဆယ်ဘီလီယံ...၊ ဆယ်ဘီလီယံ...၊ သာမန်လူတစ်ယောက်အတွက်မူ ဤပမာဏမှာ တစ်သက်လုံး သုံးမကုန်နိုင် အောင် လုံလောက်သည်ထက် ပိုနေပေသည်။
အံ့သြထိတ်လန့်နေသော တိုနီကို ရင်ဆိုင်ရင်း လျန်ထျန်းက တည်ငြိမ်စွာ ပြန်လည် ဖြေလိုက်သည်။
"ငါက အချမ်းသာဆုံးကော်ပိုရေးရှင်းရဲ့ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီးပဲ...။"
ထိုစကားကို ကြားပြီးနောက် တိုနီ၏ မျက်လုံးသူငယ်အိမ်များမှာ ပို၍ပင် ပြူးကျယ်သွားလေသည်။
"အား... မင်းက တကယ်ပဲ အချမ်းသာဆုံးကော်ပိုရေးရှင်း နောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်တဲ့ ဒုတိယ မြောက် အစုရှယ်ယာရှင်ကြီးလား...။"
အစပိုင်းတွင် အံ့အားသင့်သွားပြီးနောက် တိုနီမှာ ချက်ချင်းပင် အလွန်အမင်း ဝမ်းသာသွားတော့သည်။
ထို့နောက် သူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
"ခဏလောက် စောင့်ပါအုန်း မင်း တကယ်ပဲ တစ်ထောင်ယွမ် ရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင် ငါ ကော်ပိုရေးရှင်းကို ကြိုတင်ပြီး ပြောပြဖို့ လိုတယ်...။"
"အော်...၊ ဒါနဲ့ စကားမစပ် ငါ မင်းကို ပြောပြချင်တာက ငါတို့မှာ ဒီတစ်ထောင်ယွမ် ရင်းနှီးမြှုပ်နှံမှုကို လက်ခံနိုင် တဲ့ စွမ်းရည်ရှိပေမဲ့ မင်းရဲ့ အဆင့်အတန်းကို ပိုပြီး တန်ဖိုးထားတယ်...။"
"ငါတို့ ကုမ္ပဏီက အိတ်ချ်မြို့တော်မှာ ရုံးချုပ်ရှိတဲ့ ကော်ပိုရေးရှင်းတစ်ခုပါ…။ ငါတို့ရဲ့ စုစုပေါင်း ပိုင်ဆိုင်မှုတွေက အချမ်းသာဆုံးကော်ပိုရေးရှင်းလောက် မကြီးမားပေမဲ့ ငါတို့ရဲ့ နောက်ကွယ်မှာ အလွန် ခိုင်မာတဲ့ အဆက်အသွယ် တွေ ရှိတယ်...။"
"အယ်လ်မြို့တော် ရဲဌာနက တရားသူကြီးအသစ်က သူဟာ ကော်ပိုရေးရှင်းရဲ့ ရှယ်ယာရှင်တွေထဲက တစ် ယောက်ဆိုတာကို သိရဲ့လား...။"
"လွန်ခဲ့တဲ့ တစ်နှစ်အတွင်း အယ်လ်မြို့တော်က ကုမ္ပဏီတော်တော်များများဟာ အိတ်ချ်မြို့တော်ကို တိုးချဲ့လာကြ တဲ့အတွက် ငါတို့လည်း အယ်လ်မြို့တော်ကို တိုးချဲ့ဖို့ စိတ်ကူးရှိခဲ့တယ်...။"
"အယ်လ်မြို့တော်က ငါတို့ရဲ့ အိတ်ချ်မြို့တော်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့ အဓိက အကြောင်းရင်းက အချမ်းသာဆုံးကော်ပိုရေးရှင်းရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဒုတိယမြောက် အစုရှယ်ယာရှင်ကြီးဖြစ်တဲ့ မင်းကြောင့် ဆိုတာကိုလည်း ငါတို့ သိထားတယ်...။"
"ကော်ပိုရေးရှင်းရဲ့ သူဌေးက မင်းနဲ့ အဆက်အသွယ် ရချင်နေတာ ကြာပြီ ဒါပေမဲ့ သူက နည်းလမ်း ရှာမတွေ့ ခဲ့ဘူး အရာအားလုံးက ဒီလောက် လွယ်လွယ်ကူကူ ရောက်လာလိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားခဲ့ဘူး…။ ဟားဟားဟား….၊ ငါက အလုပ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ...။"
တိုနီတစ်ယောက် ဤမျှလောက် စိတ်လှုပ်ရှားနေသည်မှာ အံ့သြစရာ မဟုတ်ပေ။ သူတို့ ကော်ပိုရေးရှင်း၏ သူဌေးမှာ လျန်ထျန်းနှင့် ပူးပေါင်းဆောင်ရွက်လိုသည်မှာ ကြာပြီ ဖြစ်လေသည်။
ထိုစဉ်က လျန်ထျန်းသည် အိတ်ချ်မြို့တော်သို့ သွားရောက်ခဲ့စဉ် ဒေသခံ တိထူလုံအုပ်စုကို ဖြိုခွင်းခဲ့ပြီး အချမ်းသာ ဆုံးကော်ပိုရေးရှင်း၊ ကျင်းတ အိမ်ခြံမြေနှင့် ဟယ်ရှန့်ကုမ္ပဏီတို့ကိုလည်း ထိုနေရာရှိ ဈေးကွက်တွင်းသို့ ဝင်ရောက်လာရန် ဆွဲဆောင်နိုင်ခဲ့လေသည်။
အိတ်ချ်မြို့တော်တွင် ဒေသခံ လုပ်ငန်းကြီးများ ရှိနေစဉ်ကပင် အိတ်ချ်မြို့တော်၏ ထိပ်တန်း ဆယ်ခုစာရင်းတွင် ပါဝင်ခဲ့သော ဆံပင်အလှပြင်ဆိုင် ကော်ပိုရေးရှင်းတစ်ခု ရှိလေသည်။
အိတ်ချ်မြို့တော်၏ အခင်းအကျင်း အကြီးအကျယ် ပြောင်းလဲသွားပြီးနောက် ဒေသခံ အင်အားကြီးအုပ်စုကို ဖြိုခွင်းနိုင်သော အင်အားစုများနှင့် ပူးပေါင်းရန် သူတို့ စိတ်ကူးရခဲ့ကြသည်။ သူတို့သည် ထိပ်ဆုံးသို့ တက်လှမ်း ရန်လည်း အလိုရှိခဲ့ကြလေသည်။
ကံမကောင်းစွာဖြင့် လျန်ထျန်းသည် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို အလွန်သေချာစွာ ဖုံးကွယ်ထားခဲ့သဖြင့် သူတို့ ရှာမတွေ့နိုင်ခဲ့ပေ။ ယင်းက ကော်ပိုရေးရှင်းအတွင်း၌ ကြီးမားသော ဆုကြေးငွေများ ထုတ်ပြန်ခြင်းကို ဖြစ် ပေါ်စေခဲ့လေသည်။
အချမ်းသာဆုံးကော်ပိုရေးရှင်း နောက်ကွယ်ရှိ လျှို့ဝှက်ဆန်းကြယ်သော ဒုတိယမြောက် အစုရှယ်ယာရှင်ကြီးနှင့် ဆက်သွယ်နိုင်သူ မည်သူမဆို ကော်ပိုရေးရှင်း၏ အမာခံအဖွဲ့ဝင်တစ်ဦး တိုက်ရိုက် ဖြစ်လာနိုင်ပေသည်။
တိုနီက ဤအချက်အလက်များကို သိထားသော်လည်း သူ မသိခဲ့သည့်အရာမှာ လျန်ထျန်းသည် ဤအကြောင်း ကို အစကတည်းက သိထားခဲ့သည်ဆိုသည့် အချက်ပင် ဖြစ်လေသည်။
အယ်လ်မြို့တော် စီးပွားရေးလုပ်ငန်းရှင်များအသင်း၏ ကွဲပြားသော စီးပွားရေးလုပ်ငန်းများနှင့် ချန်နယ်များမှ တစ်ဆင့်၊ ထို့အပြင် ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်တစ်ဦးဖြစ်သော အထွေထွေမန်နေဂျာဝမ်၏ အဆင့် အတန်းမှတစ်ဆင့် လျန်ထျန်းသည် ဤဆံပင်အလှပြင်ဆိုင် ကော်ပိုရေးရှင်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ရရှိခဲ့လေသည်။
ဤဆံပင်အလှပြင်ဆိုင် ကော်ပိုရေးရှင်းသည် အိတ်ချ်မြို့တော်တွင် မည်မျှ ဆိုးရွားသော သက်ရောက်မှုများ ရှိခဲ့ ကြောင်းကို သိရှိထားရာ ယင်းမှာ ဒေသခံ ဂိုဏ်းများထက် များစွာ မလျော့နည်းကြောင်း အမှန်ပင် ဖြစ်လေသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျော်ကြားသော ဆိုရိုးစကားတစ်ခုပင် ရှိသေးသည် - "အိတ်ချ်မြို့တော်တွင် ဆံပင်မညှပ်ရ၊ အင်န်မြို့တော်တွင် ကားမဝယ်ရ၊ ကျူးမြို့တော်တွင် ပုစွန်မစားရ၊ အက်ဖ်မြို့တော်တွင် အသား ကင်မစားရ" ဟူ၍ပင် ဖြစ်လေသည်။
ပထမနေရာတွင် ရပ်တည်နေသည့် အိတ်ချ်မြို့တော်ရှိ လူများ ဆံပင်မညှပ်ရသည့် အကြောင်းရင်းမှာ ဤဆံပင် အလှပြင်ဆိုင် ကော်ပိုရေးရှင်း၏ မသမာမှုများကြောင့် ဖြစ်ပြီး ယင်းက အိတ်ချ်မြို့တော် တစ်ခုလုံးရှိ ဆံပင် အလှပြင်လုပ်ငန်းကို ရှုပ်ထွေးသွားစေခဲ့လေသည်။
ယခုအခါ သူတို့သည် အယ်လ်မြို့တော်သို့ တစ်ဖန် ပြန်လည် ထိုးဖောက်ဝင်ရောက်လိုကြပြီး လျန်ထျန်းနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအချို့ကိုပင် ရရှိလိုနေကြလေသည်။
ဘာပဲဖြစ်ဖြစ် မြို့တိုင်းတွင် ကိုယ်ပိုင် စီးပွားရေးဇုန်များ ရှိပေသည်။ အကယ်၍ အမာခံ စီးပွားရေးလုပ်ငန်းရှင် များအသင်းများသို့ မဝင်ရောက်နိုင်ပါက အလွန်ဆုံး အသေးစား လှုပ်ရှားမှုလေးများသာ ပြုလုပ်နိုင်မည်ဖြစ်ပြီး ကြီးမားသော သက်ရောက်မှုကို ပြုလုပ်နိုင်မည် မဟုတ်ပေ။
ဤဆံပင်အလှပြင်ဆိုင်မှာ ရှေ့ပြေးတပ်ဖွဲ့သာ ဖြစ်သော်လည်း သူတို့သည် လျန်ထျန်းနှင့် ဆုံတွေ့ရလောက်အောင် "ကံကောင်း" ခဲ့ကြလေသည်။
သူတို့၏ အမြင်တွင် လျန်ထျန်းသည်လည်း စီးပွားရေးသမားတစ်ဦး ဖြစ်သည်။ အမြတ်အစွန်းရှိပြီး လုံခြုံရေးကို အာမခံနိုင်မည့် လုံလောက်သော နောက်ခံ ရှိနေသရွေ့ မည်သူက ငွေမရှာချင်ဘဲ နေမည်နည်း။
ထို့အပြင် ဤသည်မှာ ဆံပင်အလှပြင်လုပ်ငန်း တစ်ခုသာ ဖြစ်သည်။ ဤအရာက လျန်ထျန်း၏ အခြားစီးပွားရေး လုပ်ငန်းများနှင့် တိုက်ရိုက် ယှဉ်ပြိုင်ရလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။ ထို့ကြောင့် 'နှစ်ဦးနှစ်ဖက် အကျိုးရှိ သော ပူးပေါင်းဆောင်ရွက်မှု' မှာ အံ့ဩဖွယ်ကောင်းမည် မဟုတ်ပါလား။
ထို့ကြောင့် သူတို့သည် အလွန်အမင်း ယုံကြည်ချက် ရှိနေကြလေသည်။
သို့သော် သူတို့ တကယ်ကို မှားယွင်းသွားခဲ့ပေသည်…။
လျန်ထျန်းသည် သူတို့နှင့် ပူးပေါင်းဟန်ဆောင်ခဲ့သော်လည်း တကယ်တမ်းတွင် သူသည် သဲလွန်စများကို လိုက်လံရှာဖွေကာ သူတို့၏ အဖွဲ့အစည်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး အရေးကြီးသော သက်သေ အထောက်အထားများစွာကို ရယူနိုင်ခဲ့လေသည်။
ထို့နောက် သက်သေအထောက်အထား အားလုံးကို အက်စ်မြို့တော် ရဲဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး တန်ကော်ဟွာ ကိုယ်တိုင် ဤစစ်ဆင်ရေးကို တာဝန်ယူခဲ့လေသည်။
အခြေအနေကို ကောင်းစွာ ဆုပ်ကိုင်မိသည်နှင့် တပြိုင်နက် နယ်ကျော် ဖမ်းဆီးမှုများကို ဆက်လက် လုပ်ဆောင် သွားမည်သာ ဖြစ်ချေသည်။
ဆံပင်အလှပြင်ဆိုင် ကော်ပိုရေးရှင်း၏ အကြီးအကဲသည် ရဲအရာရှိ အများအပြား၏ ဖိချုပ်ခံလိုက်ရသောအခါ သူ၏ ခေါင်းထဲတွင် မူးနောက်သွားသော်လည်း အော်ဟစ်နေဆဲ ဖြစ်လေသည်။
"ငါ့နောက်မှာ ဘယ်သူရှိလဲဆိုတာ မင်းတို့ သိကြရဲ့လား အိတ်ချ်မြို့တော်နဲ့ အယ်လ်မြို့တော် ရဲဌာန နှစ်ခုလုံးမှာ ငါ့ရဲ့ ရှယ်ယာရှင်တွေ ရှိတယ်...။"
ထိုအခါ လျန်ထျန်းက သူ၏အနီးသို့ လေးနက်တည်ကြည်စွာ ချဉ်းကပ်သွားပြီး ပြောလိုက်လေသည်။
"မင်းနောက်မှာ ဘယ်သူပဲရှိရှိ မင်းက ပြည်သူတွေနဲ့ လူ့အဖွဲ့အစည်းကို ဒုက္ခပေးခဲ့တဲ့အတွက် အပြစ်ပေးခံရဖို့ ထိုက်တန်တယ်...။"