← Chapters

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း (၂၀၉)

စက်ရုပ် ခြေတုလက်တုများ

လျန်ထျန်း၏ လုပ်ရပ်သည် ဆံပင်အလှပြင်လုပ်ငန်းရှိ ဆိုးရွားလှသော ကင်ဆာဆဲလ်ကြီးကို ဖြိုခွင်းနိုင်ခဲ့ရုံ သာမက သူနှင့် ပူးပေါင်းထားသော တရားမဝင် အွန်လိုင်းငွေချေးသည့် ပလက်ဖောင်းအချို့ကိုပါ အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့လေသည်။

ယခင်ကတည်းက သတင်းအချက်အလက်အချို့ ရရှိထားခဲ့သော်လည်း သူတို့ကို တရားဥပဒေရှေ့မှောက်သို့ ခေါ်ဆောင်လာနိုင်သောအခါ ထိုသူများ ကျူးလွန်ခဲ့သည့် လုပ်ရပ်များမှာ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်း နေဆဲ ဖြစ်လေသည်။

လူအများအပြားသည် ဆံပင်အလှပြင်ဆိုင်များတွင် ငွေကြေးလိမ်လည်ခံခဲ့ရသော်လည်း ရဲတပ်ဖွဲ့ထံ တိုင်ကြား ရာတွင် အကျိုးမထင်ခဲ့ပေ။ သူတို့သည် မိမိတို့၏ ဆုံးရှုံးမှုများကိုသာ မြိုသိပ်ထားရပြီး ကြီးမားသော အွန်လိုင်း ကြွေးမြီများကို ဆက်လက် ပေးဆပ်နေရရှာသည်။

စိတ်ဓာတ်ခိုင်မာမှု အားနည်းသူအချို့မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြသော်လည်း သူတို့၏ အဖြစ် အပျက်များကို အရင်းအနှီး ငွေကြေးအင်အားဖြင့် ခိုင်ခိုင်မာမာ ဖုံးကွယ်ထားခဲ့လေသည်။

ထို့ပြင် တရားဝင် လမ်းကြောင်းများ၏ ပါဝင်ပတ်သက်မှုများလည်း ရှိနေပေသည်။ သို့မဟုတ်ပါက အရင်းရှင် များအနေဖြင့် မည်သို့လျှင် ဤမျှ ရမ်းကားရဲပါမည်နည်း။

လျန်ထျန်း ပြောခဲ့သကဲ့သို့ပင် စီးပွားရေးလုပ်ငန်းဆိုသည်မှာ ရိုးသားဖြောင့်မတ်မှုအပေါ် အခြေခံသင့်ပြီး အရာရှိ များအနေဖြင့်လည်း စည်းကမ်းရှိသင့်ပေသည်။

သို့သော် လူအများစုမှာ ပုံမှန်မဟုတ်သော အခြေအနေသို့ ရောက်ရှိသွားသောအခါ ထိုပုံမှန်မဟုတ်ခြင်းကပင် လူတို့၏ အမြင်တွင် 'ပုံမှန်' ဖြစ်လာတော့သည်။

ရလဒ်အနေဖြင့် မူလက ပုံမှန်ဖြစ်နေသောအရာမှာ 'ပုံမှန်မဟုတ်သောအရာ' ဖြစ်လာပြီး လူအများအပြားက ဤကဲ့သို့သောအရာမျိုး ရှိနေသေးသည်ကိုပင် ယုံကြည်ရန် ခက်ခဲလာကြလေသည်။

သို့သော် အစားအသောက်ပို့ဆောင်သူတစ်ဦးအဖြစ် စတင်ခဲ့သော လျန်ထျန်းမှာမူ သူ ရရှိခဲ့သမျှအတွက် လုံလောက်စွာ ကျေးဇူးတင်နေခဲ့ပြီ ဖြစ်သည်။

သူ့ထံတွင် လုံလောက်သော အင်အားများ ရရှိလာသည်နှင့် တပြိုင်နက် သူ၏ နှလုံးသားထဲရှိ 'တရားမျှတမှု' ကို ထိန်းသိမ်းရန်အတွက် စွမ်းဆောင်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ရန် ဆန္ဒရှိနေခဲ့လေသည်။

ကံကောင်းထောက်မစွာဖြင့် တန်ကော်ဟွာသည် ရဲမှူးချုပ်အဆင့်သို့ ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရပြီး ပြည်သူ့ကွန် ဂရက် ကိုယ်စားလှယ်ဝမ်နှင့် အခြားသူများ၏ အကူအညီများသာ မပါဝင်ပါက နယ်ကျော် ဖမ်းဆီးရေး စစ်ဆင်ရေးမှာ တကယ်ကို ခက်ခဲသွားနိုင်ပေသည်။

ထိုအတောအတွင်း အယ်လ်မြို့တော်နှင့် အိတ်ချ်မြို့တော်တို့ရှိ အကောင်ကြီးကြီး အများအပြားကို ဖြုတ်ချနိုင် ခဲ့လေသည်။ အကြိမ်ကြိမ် စဉ်းစားပြီးနောက် တန်ကော်ဟွာသည် အရာရှိလီအား ရဲစခန်းမှူးအဖြစ် တာဝန် ထမ်းဆောင်ရန် အယ်လ်မြို့တော်သို့ ပြန်လည် စေလွှတ်ရန် ဆုံးဖြတ်လိုက်လေသည်။

ဤကိစ္စရပ်ကို ဖြေရှင်းပြီးနောက် နိုင်ငံတစ်ဝန်း သတင်းအစီရင်ခံစာများတွင် ကျယ်ကျယ်ပြန့်ပြန့် လူသိရှင်ကြား ကြေညာသင့်ပေသည်။

ယင်းက ဆံပင်အလှပြင်ဆိုင်များနှင့် ဆင်တူသော အုပ်စုများအတွက် သူတို့၏ လုပ်ရပ်များကို စောင့်ကြည့်ခြင်း မရှိဘဲ နေမည်မဟုတ်ကြောင်း သတိပေးချက်တစ်ခု ဖြစ်လာသင့်ပေသည်။

ဤအဖြစ်အပျက် ပြီးနောက် လျန်ထျန်း၏ မိခင်ဖြစ်သူမှာ ကျန်းမာရေး အခြေအနေ တိုးတက်လာခဲ့ပြီး ဆေးရုံမှ ဆင်းခွင့်ရခဲ့လေသည်။

လျန်ထျန်းသည် မိသားစုနှင့် အချိန်ပိုမို ကုန်ဆုံးရန်အတွက် နောက်ထပ် ရက်အနည်းငယ်ခန့် အိမ်တွင် ဆက်နေ ချင်ခဲ့လေသည်။

သို့သော် အိတ်ချ်မြို့တော်မှ သတင်းများအရ ကျန်းချောင်၏ အခြေအနေမှာ မကောင်းမွန်ကြောင်း သိရလေ သည်။ သူသည် ကိုယ်လက်အင်္ဂါ မသန်စွမ်းမှုကြောင့် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်ခြင်း မရှိသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်၍ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် အတွေးများပင် ဝင်နေခဲ့လေသည်။

ပြန်တွေးကြည့်လျှင်လည်း အဓိပ္ပာယ်ရှိပေသည်။ တစ်ချိန်က စစ်သားတစ်ဦးဖြစ်ခဲ့ပြီး အလွန် စိတ်ဓာတ်ခိုင်မာသူ တစ်ယောက်မှာ ယခုအခါတွင် ကိုယ့်ကိုယ်ကိုယ်ပင် စောင့်ရှောက်နိုင်ခြင်း မရှိတော့ဘဲ စားသောက်ခြင်းမှစ၍ အိမ်သာတက်ခြင်းအထိ အရာအားလုံးကို ခုတင်ပေါ်၌သာ သူတစ်ပါး၏ ပြုစုစောင့်ရှောက်မှုကို ခံယူနေရသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

လူတစ်ယောက်သည် လူ့ဂုဏ်သိက္ခာအားလုံး ဆုံးရှုံးသွားသောအခါ သူတို့၏ စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ် ပြောင်းလဲသွားခြင်းမှာ လုံးဝ ယုတ္တိတန်လှပေသည်။

သို့သော် သတင်းကောင်းတစ်ခုလည်း ရှိနေလေသည်။ လျန်ထျန်းက ငွေကြေးအမြောက်အမြား အကုန်အကျခံ ကာ နာမည်ကြီး ဆရာဝန်များကို ရှာဖွေရန် ငှားရမ်းထားသော အဖွဲ့သည် အင်န်မြို့တော်တွင် ဖြေရှင်းနည်းတစ်ခု ကို ရှာတွေ့ခဲ့လေသည်။

ကျန်းချောင်ကို ကုသပေးနိုင်မည့် နာမည်ကြီး ဆရာဝန်တစ်ဦးထက်စာလျှင် ဖြေရှင်းနည်းတစ်ခုကို ရှာတွေ့ခဲ့သည် ဟု ပြောရခြင်း၏ အကြောင်းရင်းမှာ ကျန်းချောင်၏ အခြေအနေသည် ဟွာထို ကိုယ်တိုင်၏ စွမ်းဆောင်နိုင်ရည် ထက်ပင် ကျော်လွန်နေနိုင်သောကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုအချိန်က ဒေသခံ တိထူလုံအုပ်စု၏ ထိပ်တန်း တိုက်ခိုက်ရေးသမားများကို တားဆီးရန် နှင့် လျန်ထျန်း ထွက်ပြေးရန် အခွင့်အရေး ဖန်တီးပေးနိုင်ရန်အတွက် ကျန်းချောင်၏ ခြေလက်အားလုံးမှာ ခေါက်ဆွဲကြိုးများကဲ့သို့ လိမ်ကောက်သွားခဲ့သည် မဟုတ်ပါလား။

အတွင်းပိုင်းရှိ အရွတ်များနှင့် အရိုးများမှာလည်း ကျိုးပဲ့ကြေမွနေပြီး တစ်လက်မချင်းစီ ကျိုးပဲ့ ကြေမွသွားသည့် အခြေအနေအထိ ဖြစ်နေခဲ့လေသည်။

ထိုသို့သော အခြေအနေမျိုးတွင် မည်သူကများ မတ်တတ်ရပ်ကာ "ငါ ကုပေးနိုင်တယ်..." ဟု ရဲရဲဝံ့ဝံ့ ပြောဆိုရဲပါ မည်နည်း။

ထိုသို့ဆိုလျှင် သူသည် လိမ်လည်သူတစ်ဦး လုံးဝ မဟုတ်ဘဲ အစစ်အမှန် တန်ခိုးရှင် ဆရာဝန်တစ်ဦး ဖြစ်နေမည် ဖြစ်ကာ အခြားဝတ္ထုများထဲတွင် သွားရောက်ရှာဖွေရပေလိမ့်မည်။

ဤတစ်ကြိမ် ပြန်လည်ရောက်ရှိလာသော သတင်းကောင်းမှာ ကျန်းချောင်အား ကုသပေးနိုင်မည့် ထိုကဲ့သို့ ထူးကဲ သော ပုဂ္ဂိုလ်မျိုးကို ရှာတွေ့ခဲ့ခြင်း မဟုတ်ပေ။

ထိုအစား အင်န်မြို့တော်ရှိ သိပ္ပံသုတေသနဌာနတစ်ခုသည် ၎င်း၏ စက်ရုပ်ခြေတုလက်တု စီမံကိန်းတွင် ကြီးမား သော အောင်မြင်မှုတစ်ခုကို ရရှိခဲ့ခြင်း ဖြစ်လေသည်။

အမည်နှင့်လိုက်ဖက်စွာပင် စက်ရုပ်ခြေတုလက်တုများဆိုသည်မှာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသော မသန်စွမ်း သူများအတွက် အထူး ဒီဇိုင်းထုတ်လုပ်ထားသည့် စက်ရုပ်ခြေလက်များ ဖြစ်သည်။

နိုင်ငံများနှင့် ဒေသအသီးသီးရှိ သိပ္ပံအကယ်ဒမီများစွာသည် ဤစီမံကိန်းကို တီထွင်ဖန်တီးနေကြသော်လည်း တိုးတက်မှု အနည်းငယ်သာ ရှိခဲ့ပြီး လက်တွေ့ အကောင်အထည်ဖော်ရန် နှောင့်နှေးနေခဲ့လေသည်။

သို့သော် ဤတစ်ကြိမ်တွင် အင်န်မြို့တော်ရှိ သိပ္ပံအကယ်ဒမီတစ်ခုသည် စမ်းသပ်မှု အကြိမ်ပေါင်းများစွာကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး ဦးဆောင်နေရာသို့ အပြေးအလွှား ရောက်ရှိလာခဲ့လေသည်။

ကျန်းချောင်တစ်ယောက် သူ့ကြောင့် ဤကဲ့သို့ ဖြစ်သွားခဲ့ရသည်ကို သတိရမိသောအခါ လျန်ထျန်းသည် မည်သူ က မည်သို့ပင် ပြောစေကာမူ ဤစီမံကိန်းကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးရန် တောင်းဆိုခဲ့လေသည်။

အင်န်မြို့တော်ရှိ သိပ္ပံအကယ်ဒမီသို့ လျန်ထျန်း ရောက်ရှိသွားသောအခါ ကြီးမားကျယ်ပြန့်သော ဓာတ်ခွဲခန်း တစ်ခုနှင့် ကမ္ဘာ့အဆင့်မီ စက်ကိရိယာများကို မြင်တွေ့လိုက်ရလေသည်။

ထို့နောက် သူတို့သည် စမ်းသပ်မှုအတွက် မိမိသဘောဆန္ဒအလျောက် ပါဝင်ခဲ့ကြသော စေတနာ့ဝန်ထမ်းများထံ သို့ သွားရောက်လေ့လာခဲ့ကြသည်။ သူတို့အားလုံးမှာ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်း တစ်ခု သို့မဟုတ် နှစ်ခု ဆုံးရှုံးထားသော မသန်စွမ်းသူများ ဖြစ်ကြလေသည်။

သူတို့နှင့် စကားပြောဆိုပြီးနောက် လျန်ထျန်းသည် ဤအရာက ကျန်းချောင်အတွက် အသုံးဝင်လိမ့်မည်ဟု ပို၍ ယုံကြည်လာခဲ့သည်။ အကြောင်းမှာ စေတနာ့ဝန်ထမ်း အများစုက အလားတူ ခံစားချက်များကို ဖော်ပြခဲ့ကြသော ကြောင့် ဖြစ်ပေသည်။

"ဒီခြေတုလက်တုက တကယ်ကို အံ့ဩစရာကောင်းလှတယ်...။ အတွင်းမှာ တပ်ဆင်ထားတဲ့ စက်ရုပ်အာရုံကြော စနစ်က ကျွန်တော့်ကို လှုပ်ရှားသွားလာနိုင်စေပြီး မူလခြေလက်တွေနဲ့ ကွာခြားမှု မရှိသလောက်ကို ခံစားရ တယ်...။"

"ဒါ့ပြင် သရုပ်ဖော်မှု အဆင့်က အလွန်မြင့်မားပြီး အသုံးပြုသူအနေနဲ့ လုပ်ငန်းစဉ်အတွင်း ဘာအဆင်မပြေမှုမှ မရှိဘဲ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ စောင့်ရှောက်နိုင်စွမ်း ရှိတယ်...။"

ဤတုံ့ပြန်ချက်များကို ရရှိပြီးနောက် လျန်ထျန်းက ကျန်းချောင်ကို သေချာပေါက် စမ်းသပ်ခိုင်းမည်ဟု ချက်ချင်း ပင် ပြောဆိုလိုက်လေသည်။

သို့သော် ကျန်းချောင်သည် ခြေလက်လေးဖက်စလုံး မသန်စွမ်းဖြစ်နေကြောင်းကို သိပ္ပံပညာရှင်များ ကြားသိရ သောအခါ သူတို့မှာ နက်နက်နဲနဲ တွေးတောသွားကြလေသည်။

လျန်ထျန်း၏ ဇွဲမလျှော့သော မေးမြန်းမှုများအောက်တွင် သူတို့က ပြန်လည် ဖြေကြားခဲ့ကြသည်။

"လက်ရှိ စက်ရုပ်အာရုံကြောစနစ်တွေက အများဆုံး ခြေလက် တစ်ခု သို့မဟုတ် နှစ်ခုကိုသာ ထိန်းချုပ်နိုင်ပြီး အဲဒါတွေက လက် သို့မဟုတ် ခြေထောက်ပဲ ဖြစ်ရမယ်...။"

"အကယ်၍ ခြေလက်လေးဖက်စလုံးကို ခြေတုလက်တုတွေ တပ်ဆင်လိုက်မယ်ဆိုရင် စက်ရုပ်အာရုံကြောစနစ် ကမောက်ကမဖြစ်မှုကို ဖြစ်ပေါ်စေနိုင်ပြီး လှုပ်ရှားတဲ့အခါ လက်က ခြေထောက်ဖြစ်သွားတာမျိုး ဒါမှမဟုတ် ခြေထောက်က လက်ဖြစ်သွားတာမျိုးတွေ ဖြစ်လာနိုင်တယ်...။"

"ဒီအခြေအနေကို ရှောင်ရှားဖို့အတွက် ပိုမိုများပြားတဲ့ သုတေသနနဲ့ စမ်းသပ်မှုတွေ လိုအပ်ပြီး အဲ့ဒါအတွက် လည်း ငွေကြေးနဲ့ အချိန်များစွာ လိုအပ်လိမ့်မယ်...။ ပါဝင်လာမယ့် အန္တရာယ်တွေကို ခံနိုင်ရည်ရှိဖို့လည်း ပြင်ဆင်ထားဖို့ လိုတယ်...။"

ဤရှင်းပြချက်ကို နားထောင်ပြီးနောက် လျန်ထျန်းသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ကျန်းချောင်ထံသို့ ဗီဒီယိုခေါ်ဆိုမှု တစ်ခု ပြုလုပ်လိုက်လေသည်။

ဗီဒီယိုထဲတွင် ကျန်းချောင်၏ အခြေအနေမှာ တကယ်ကို ဆိုးရွားနေပြီး မျက်နှာပေါ်တွင် အပြုံးပန်း မရှိပေ။ လျန်ထျန်းကို မြင်လိုက်ရသောအခါမှသာ အားတင်း၍ ပြုံးပြလိုက်လေသည်။

လျန်ထျန်းက ကျန်းချောင်အား ခြေတုလက်တု အကြောင်း ပြောပြပြီးနောက် ကျန်းချောင်၏ မှေးမှိန်နေသော မျက်လုံးများထဲသို့ မျှော်လင့်ချက် အလင်းရောင်များ ပြန်လည် ရောက်ရှိလာခဲ့သည်မှာ ထင်ရှားလေသည်။

သူက မြန်မြန်ဆန်ဆန်နှင့် အလွယ်တကူ သဘောတူလိုက်လေသည်။

"ငါ အန္တရာယ်ကို ရင်ဆိုင်ဖို့ ဆန္ဒရှိတယ်...။"

"ဆေးရုံခုတင်ပေါ်မှာ လူဝက်တစ်ကောင်လို နေရမယ့်အစား အန္တရာယ်ကို ရင်ဆိုင်ပြီး စမ်းသပ်ကြည့်ချင်တယ်...။ ဆန့်ကျင်ဘက် တုံ့ပြန်မှုကြောင့် ငါ သေသွားရမယ်ဆိုရင်တောင် ဒါကို လက်ခံမှာပါ...။"

စစ်ဘက်ဆိုင်ရာ နောက်ခံရှိသူ တစ်ဦးပီပီ ကျန်းချောင်သည် ရဲစွမ်းသတ္တိနှင့် ပြတ်သားမှုကို ပိုင်ဆိုင်ထားပြီး သူ၏ ခိုင်မာသော သဘောထားမှာ တကယ်ကို လေးစားဖွယ် ကောင်းလှပေသည်။

ကျန်းချောင်က ဤကဲ့သို့ ပြောဆိုလာသည်ကို မြင်သောအခါ လျန်ထျန်းသည် သဘာဝကျစွာပင် နောက်ထပ် တုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ သိပ္ပံအကယ်ဒမီ၏ အဓိက တာဝန်ခံအား ပြောလိုက်လေသည်။

"ကုန်ကျစရိတ် အားလုံးကို ငါ တာဝန်ယူပါ့မယ်...။ ကျေးဇူးပြုပြီး တောင်းပန်ပါတယ်…၊ ငါ့ရဲ့ ညီအစ်ကိုကောင်း လေး သူ့ရဲ့ ခြေလက်တွေ ပြန်လည်ရရှိအောင် မင်းတို့ ကူညီပေးရမယ်...။"

ထို့ကြောင့် နောက်တစ်နေ့တွင် ပုဂ္ဂလိက ရဟတ်ယာဉ်တစ်စင်းက ကျန်းချောင်အား သိပ္ပံအကယ်ဒမီသို့ ခေါ်ဆောင်လာခဲ့ပြီး လျန်ထျန်းသည်လည်း အင်န်မြို့တော်တွင် ယာယီ နေထိုင်ခဲ့လေသည်။

နောက်ထပ် ကုန်ကျစရိတ် တစ်ခု ထပ်တိုးလာသဖြင့် လျန်ထျန်း လုပ်နိုင်သောအရာမှာ သဘာဝကျစွာပင် အစား အသောက် ပို့ဆောင်ခြင်းသာ ဖြစ်လေသည်။

ပထမရက်အနည်းငယ်တွင် မြို့တွင်း လမ်းကြောင်းများကို ရင်းနှီးကျွမ်းဝင်စေရန် အချိန်ယူရခြင်းနှင့် ပို့ဆောင်မှု အနည်းငယ် နှေးကွေးခြင်းမှလွဲ၍ ကြီးကြီးမားမား ပြဿနာ မရှိခဲ့ပေ။

သူ ရရှိခဲ့သော ကော်မရှင်ခ အားလုံးကို သိပ္ပံအကယ်ဒမီသို့ ပေးအပ်ခဲ့သဖြင့် သိပ္ပံပညာရှင်များမှာ ကျန်းချောင် အတွက် အကောင်းဆုံး စက်ရုပ်ခြေတုလက်တုကို သုတေသနပြု ဖန်တီးရာတွင် သူတို့၏ ကြိုးပမ်းအားထုတ် မှုများကို အာရုံစိုက်နိုင်ခဲ့ကြသည်။

ပိုမိုများပြားသော ငွေကြေးများကို ရှာဖွေနိုင်ရန်အတွက် လျန်ထျန်းသည် နေ့စဉ် နာရီဆယ်ကျော်ကြာ အစား အသောက် ပို့ဆောင်ရသည့် ပင်ပန်းခက်ခဲသော အလုပ်သို့ ပြန်လည် ရောက်ရှိသွားခဲ့လေသည်။

သို့သော် ဤသို့ လုပ်ဆောင်ခြင်းက မိမိ၏ မိတ်ဆွေအတွက် လွတ်လပ်စွာ သွားလာနိုင်မှုကို ပြန်လည်ရရှိရန် အခွင့်အရေး ပိုမိုရရှိစေမည်ဟု တွေးမိသောကြောင့် ပင်ပန်းသည်ဟု မခံစားရပေ။

တစ်နေ့တွင် လျန်ထျန်းသည် ည (၁၁) နာရီ ကျော်သည်အထိ အမှာစာများကို လက်ခံရရှိခဲ့ပြီး ထိုနေ့အတွက် သူ ၏ ရည်မှန်းချက်ဖြစ်သော ယွမ် (၄၀၀) ပြည့်စေရန် နောက်ထပ် အခေါက်အနည်းငယ်ခန့် ပို့ဆောင်ရန် စီစဉ် ထားခဲ့လေသည်။

နံနက် (၆) နာရီခန့်မှစ၍ သန်းခေါင်ယံအထိ အလုပ်လုပ်ရခြင်းမှာ တကယ်ကို ပင်ပန်းလှသော်လည်း နောက်ထပ် ခြေတစ်လှမ်း လှမ်းနိုင်ရန် သို့မဟုတ် လှုပ်ရှားသွားလာနိုင်ရန်အတွက် ကြီးမားသော ဇွဲလုံ့လ လိုအပ်လှပေသည်။

သို့သော် ထိုအချိန်တွင် ဖောက်သည်တစ်ဦးက ရုတ်တရက် ဖုန်းခေါ်လာခဲ့လေသည်။

"ဟေး...၊ ငါက အင်န်ဂျေ သိပ္ပံအကယ်ဒမီ ဂျီအယ်လ်ရိပ်သာလမ်း ဧရိယာကနေ အစားအသောက် မှာထားတာ လေ...။ ငါ့ရဲ့ အစားအသောက် ထည့်တဲ့ ဘီရိုထဲကို ပို့ပေးမယ်လို့ မင်း ပြောထားတာ မဟုတ်ဘူးလား...။ ငါ ရှာလို့ မတွေ့ဘူး...။"

All Chapters