ယောင်ချန်
Vol. 113 Ch. 1692
“ဘာ မင်း ရန်သူဆီမှာ အညံ့ခံလိုက်တာလား”
အိုးရန်ယုက အိုးရန်ရှန့်ဖုန်းကို မယုံနိုင်သလို ကြည့်နေသည်။ ကိုယ့်မျိုးနွယ်အား ပြန်သစ္စာဖောက်လိမ့်မည်ဟု ထင်မထားမိပေ။
အိုးရန်ရှန့်ဖုန်းက အေးစက်စွာ ပျက်ရယ်ပြလိုက်ပြီး ခံစားချက်မရှိသော မျက်နှာနှင့် ပြောလိုက်သည်။
“သေမှာထက်စာရင် ရန်သူနဲ့ ပူးပေါင်းလိုက်တာက ပိုကောင်းတယ်၊ အဘိုးကြီးရဲ့ အဲ့ကောင်ကို ချစ်တဲ့ပုံအရဆို အဲ့ကောင် ငါတို့ကို သူ့ရှေ့မှာ သတ်ရင်တောင်မှ ဘာမှဖြစ်မှာ မဟုတ်ဘူး”
ထိုစကားကိုကြားပြီး အိုးရန်ယုသည်လည်း စိတ်လှုပ်ရှားလာသည်။ ထို့နောက် သူ အံကြိတ်၍ ပြန်ပြောလိုက်သည်။
“အဘိုးကြီးက လူငယ်ကို ပစားနေမှတော့ ငါတို့က ကျောင်းမှန်းကန်မှန်း သိအောင် ပြရတာပေါ့၊ အဲ့ကောင်ကို သတ်ပြီးရင် အဲ့အဘိုးကြီးကိုလည်း သတ်ကြမယ်၊ အဘိုးကြီးလည်း သေသင့်နေပြီ”
“သူတို့ကို သတ်ပြီးရင် အိုးရန်မျိုးနွယ်က ငါတို့အပိုင် ဖြစ်လာမှာ၊ သူတို့ကို သတ်တာက နတ်ဘုရားမျိုးနွယ်လို့ ထင်ကြလိမ့်မယ်၊ ငါတို့လို့ ထင်ကြမှာ မဟုတ်ဘူး”
အိုးရန်ရှန့်ဖုန်းက ကောက်ကျစ်စွာ ပြုံးနေသည်။ သူ အရာအားလုံးကို အစီအစဉ် ချပြီးပြီ ဖြစ်သည်။
*မိသားစုခေါင်းဆောင်နေရာကို ငါ ရပြီးရင် ဘယ်သူ ငါ့ကို အထင်သေးရဲဦးမလဲ ကြည့်ကြသေးတာပေါ့*
ထိုအချိန်ရောက်လျင် သူ့ကို အရှက်ခွဲခဲ့သူတိုင်း သူ့လက်ထဲ၌ အသေဆိုးဖြင့် သေရပေမည်။
….
ထိုသို့သောအချိန်၌ ယဲ့ဖန်သည် အိုးရန်ယွင်အတွက် ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးအား ဖော်စပ်နေသည်။
အိုးရန်ကျန်းနှင့် အခြားသူများ ထပ်၍ သိချင်လာမည်ကို စိုးရိမ်သောကြောင့် ယခုတစ်ခေါက်၌ သူတို့သည် လူသူကင်းမဲ့သော တောင်တစ်လုံးကို ရွေးချယ်လိုက်၏။
“မင်းအဝတ်အစားတွေကိုချွတ်လိုက်”
အားလုံး အသင့်ဖြစ်သွားသောအခါ ယဲ့ဖန်က အိုးရန်ယွင်ကို ထိုသို့ ပြောလိုက်သည်။ အိုးရန်ယွင် ချက်ချင်း ရှက်ရွံ့သွားသည်။
“အခုလား”
“ဟုတ်တယ်လေ အခုမဟုတ်လို့ ဘယ်အချိန်မှ သွားချွတ်မှာလဲ”
ယဲ့ဖန် ဇဝေဇဝါဖြင့် မေးလိုက်သည်။ အိုးရန်ယွင်က အင်္ကျီစကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ရှက်ရွံ့စွာ ပြောလိုက်သည်။
ထိုအခါတွင်မှ ယဲ့ဖန် သတိထားမိသွားပြီး အနေရခက်စွာ ချောင်းဟန့်လိုက်သည်။
“တောင်းပန်ပါတယ်”
ယဲ့ဖန် တစ်ဖက်လှည့်သွားသောအခါ အိုးရန်ယွင်က အဝတ်အစားကို ဖြည်းဖြည်းချင်း ချွတ်လိုက်သည်။ ထိုအခါ နူးညံ့၍ ကျောက်စိမ်းသဖွယ် ဝင်းပသော ခန္ဓာကိုယ်လေး ပေါ်လာလေသည်။
အိုးရန်ယွင်၏ မျက်နှာက နီမြန်းနေကာ ဆေးဖော်စပ်ထားသော မီးလင်းဖိုထဲသို့ ခပ်မြန်မြန် ဝင်လိုက်သည်။ ထိုအခါ တစ်ကိုယ်လုံး စုတ်ဖြဲခံလိုက်ရသကဲ့သို့သော နာကျင်မှုက ချက်ချင်း တိုက်စားလာ၏။
သူမသည် နတ်ဘုရင်အဆင့် ဖြစ်သဖြင့် ကုန်းမင်ထက် ပို၍ ခံနိုင်ရည် ရှိလိမ့်မည်ဟု အိုးရန်ယွင် အစက ထင်ထားခဲ့သည်။
တကယ်တမ်း မီးလင်းဖိုထဲသို့ ဝင်လိုက်သောအခါ သူမ အမှားကြီး မှားသွားပြီဖြစ်ကြောင်း သိလိုက်လေသည်။ ဤနတ်ဆိုးဆန်သော စွမ်းအင်အောက်၌ လူတိုင်းက အတူတူပင်။
“အား….”
ရင်ကွဲမတတ် အော်ဟစ်သံက ပတ်ဝန်းကျင်အနှံ့ ပဲ့တင်ထပ်သွားသည်။
ယဲ့ဖန်၏ မျက်နှာက အေးစက်နေပြီး သူမအပေါ် နည်းနည်းလေးမှ သနားဟန် မပေါ်ချေ။ အိုးရန်ယွင် တောင့်မခံနိုင်ပါက သူမသည် သူ၏ တပည့် ဖြစ်ရန် မဆိုထားနှင့် ပိုသန်မာလာနိုင်သည့် အရည်အချင်းပင် မရှိပါ။
နာရီဝက်ကျော်ကြာပြီးနောက် နာကျင်မှုက အဆုံးသတ်သွားသည်။
အိုးရန်ယွင် မခံနိုင်ဘဲ မီးလင်းဖိုထဲမှ အကြိမ်ပေါင်းများစွာ ပြန်ထွက်လာရန် ကြိုးစားခဲ့သည်။ ထိုအခါ ယဲ့ဖန်က အညှာအတာမဲ့စွာဖြင့် သူမအား ပြန်၍ ဖိထားခဲ့လေသည်။
လက်ရှိတွင် မီးလင်းဖိုထဲမှ ဆေးရည်သည် ကြည်လင်နေပြီး အိုးရန်ယွင်၏ နူးညံ့သော ခန္ဓာကိုယ်က ယဲ့ဖန်ရှေ့၌ အထင်းသား ပေါ်လွင်နေသည်။
ယဲ့ဖန် အလျင်အမြန် တစ်ဖက်လှည့်၍ ပြောလိုက်သည်။
“မင်း ထနိုင်လား”
“ဆရာ ရှင် သိပ်ဆိုးတယ်နော်၊ လူကို တအား ပင်ပန်းရအောင် လုပ်တယ်”
အိုးရန်ယွင်၏ အသံက မောဟိုက်နေသော်လည်း ဆွဲဆောင်မှုရှိသည်။ ယဲ့ဖန် ဇတ်ပုသွားသည်။
*ဒီဟာလေး ဘယ်လိုတွေ ပြောနေတာလဲ၊ မသိရင် ငါက သူ့ကို တစ်ခုခု လုပ်လိုက်တဲ့ပုံနဲ့*
“ဆရာ ကျွန်မကို ထူပေးလို့ရမလား၊ အခု ကျွန်မ ဘာမှမလုပ်နိုင်သေးဘူး”
အိုးရန်ယွင်က တောင်းဆိုလေသည်။ သို့သော် သူမမျက်လုံး၌ ဉာဏ်များနေသော အရိပ်အယောင် ပေါ်နေ၏။ သူမကို တစ်ကိုယ်လုံး မြင်ပြီးသွားပြီဖြစ်သဖြင့် ရဲတင်းနေခြင်း ဖြစ်သည်။
သူမအသားအရေက ကြည်လင်ကာ ကျောက်စိမ်းအလား ဝင်းပနေပြီး လူအများအား တပ်မက်ချင်စိတ် တဖွားဖွား ပေါ်လာစေနိုင်သည်။
လက်ရှိတွင် သူမ၏ မောဟိုက်နေသော အသံနှင့် စနောက်သော စကားတို့အပြင် မျက်ဝန်းကလည်း ညှို့ဓာတ် ပါနေ၏။
ယဲ့ဖန်ကလည်း ထိုအချင်းအရာကို သတိထားမိသဖြင့် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။
“မင်း ဘာလုပ်ချင်နေတာလဲ”
“ဆရာ ရှင့်စကားကိုလည်း ကြည့်ဦး၊ ဒီလိုလုပ်သွားပြီးမှ ရှင် ဘာလုပ်ချင်သေးတာလဲ”
အိုးရန်ယွင်က ညုတုတု ပြောလာပြီး သူမ၏ ကျီစယ်နေသော စကားများက ပို၍ ရဲတင်းလာသည်။
ထိုစကားကိုကြားသော် ယဲ့ဖန် ဒေါသကြောင့် ဆွေ့ဆွေ့ခုန်မတတ် ဖြစ်သွားရသည်။
*ဒီကောင်မလေး ရဲတင်းလှချည်လား၊ ဆရာကိုတောင် လာနောက်ရဲနေတယ်*
ယင်းက သူ့ကို တစ်ခုခုလုပ်ခွင့်ပြုကြောင်း အရိပ်အမြွက်ပြနေသလိုပင်။
ယဲ့ဖန်က ချက်ချင်း ဆရာဟူသော မာန်ကိုတင်း၍ ကျီစယ်နေသေ အိုးရန်ယွင်ကို စိုက်ကြည့်လိုက်သည်။
“အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့၊ မြန်မြန်ထ”
“ဆရာ ဘာကို စိုးရိမ်နေတာလဲ၊ ရှင် ဒါကို လုပ်ချင်တယ်ဆိုရင် ကျွန်မ ရှင့်ကို တာဝန်ယူဖို့ ဖိအားမပေးပါဘူး”
အိုးရန်ယွင်က နှစ်လိုဖွယ်ကောင်းစွာ ပြုံးနေပြီး အတော်လေး ရဲတင်းနေ၏။ ပွင့်လင်းသည့်အပြင် ဆွေမျိုး ဖြစ်နေသဖြင့် သူမ ရှက်စိတ်ပင် မဝင်မိချေ။
ယဲ့ဖန်ကဲ့သို့ ထူးဆန်းသောလူအား အဘယ်အမျိုးသမီးက စိတ်မဝင်စားဘဲ နေမည်နည်း။ ထို့အပြင် သူမသည် သူ့အနား၌ ရှိနေသော တပည့်မဖြစ်ကာ ယဲ့ဖန်နှင့် ပတ်သတ်သော အရာအားလုံးကို သိထားသည်။
သူ၏ လွှမ်းမိုးနိုင်ပုံ၊ သူ၏ မောက်မာပုံတို့က အိုးရန်ယွင်အား ရုန်းမထွက်နိုင်အောင် ပြုလုပ်ထားလေ၏။
ယောက်ျားတစ်ယောက်ဆိုတာ ဤသို့ ဖြစ်သင့်သည်ဟု အိုးရန်ယွင် ခံစားမိပြီး သူနှင့်ယှဉ်လျင် ကျန်ယောက်ျား အားလုံးက အလကားဟုပင် ထင်မြင်မိသည်။
“မြန်မြန်ထ ပြီးမှ ငါ့အဆိုးမဆိုနဲ့”
ယဲ့ဖန် စိတ်ဆိုးမာန်ဆိုးပြောကာ အိုးရန်ယွင်ကို စိုက်ကြည့်၍ ဆရာဟူသော မာန်ကိုပြရန် ကြိုးစားနေသည်။
သို့သော် အိုးရန်ယွင်က ညုတုတု ပြုံးမြဲပြုံးကာ ရေစိုနေသော ဆံနွယ်ရှည်ကို သပ်၍ ပြောလာသည်။
“ရပါတယ်၊ ဆရာ အဆိုးမဆိုချင်လည်း ကျွန်မကို မသနားပါနဲ့၊ ကျွန်မ ကြမ်းတာကို ကြိုက်တယ်”
“မင်း”
ယဲ့ဖန် ဒေါကန်သွားပြီး ဖြောင်းခနဲ ရိုက်ချလိုက်သည်။ ကြီးမားသော စွမ်းအင်တစ်ခုက မီးလင်းဖိုအား မှောက်ပစ်လိုက်ပြီး အိုးရန်ယွင်အား မြေကြီးပေါ် ပစ်ကျသွားစေသည်။
ဆေးရည်က ဘေးသို့ အကုန်စဉ်ကုန်ပြီး အဝတ်ဗလာဖြစ်နေသော အိုးရန်ယွင်သည်လည်း မြေကြီးပေါ်၌ ငုတ်တုပ် ဖြစ်နေသည်။ သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးက ဖြူစင်ဝင်းမွတ်နေ၏။
ထို့အပြင် ပိုဆိုးသည်က သူမက ဘာကိုမှ မဖုံးထားမိသဖြင့် လျှို့ဝှက်နေရာအားလုံးက ယဲ့ဖန်ရှေ့၌ အတိုင်းသား ပေါ်ကုန်သည်။
ဆွဲဆောင်ခြင်း။ ဤသည်က ပေါ်တင် ဆွဲဆောင်ခြင်းပင်။
“ဆရာ့ကိုမုန်းလိုက်တာ၊ ကျွန်မခန္ဓာကိုယ်ကို မြင်ချင်တယ်ဆိုရင်လည်း ပြောပေါ့၊ ဘာလို့ ဒီလို ရိုင်းရတာလဲ၊ ကျွန်မကို ညစ်ပတ်အောင် လုပ်တယ်၊ ကျွန်မ ရေထပ်ချိုးရတော့မယ်”
အိုးရန်ယွင်က ယဲ့ဖန်ကို မျက်စိတစ်ဖက် မှိတ်ပြကာ ရယ်နေသည်။
*နည်းမျိုးစုံနဲ့ ကျီစယ်နေပါလား*
“ငါ မင်းလောက်လေးကို ရင်မဆိုင်နိုင်ဘူးလို့ ထင်နေလား”
ယဲ့ဖန်၏ မျက်နှာက သုန်မှုန်လာသည်။ အိုးရန်ယွင်က ဝမ်းနည်းသော မျက်နှာနှင့် ပြောလိုက်သည်။
“ဆရာ ရှင့်မှာ မိန်းမတွေ အများကြီးရှိတာ၊ ကျွန်မ ပိုလာလို့ ထူးမသွားပါဘူး၊ ကျွန်မ ပြဿနာ မရှာပါဘူး၊ ရှင်နဲ့ ကျွန်မရဲ့ ပတ်သက်မှုကို လူသိအောင် လုပ်မှာ မဟုတ်ဘူး၊ စိတ်ချပါ၊ သူတို့ မသိစေရဘူး”
“ကောင်းပြီလေ မင်းက ခေါင်းမာနေမှတော့ ငါ့အဆိုးမဆိုနဲ့”
ယဲ့ဖန် ခနဲ့သံ ပေးလိုက်ပြီးနောက် နောက်လှည့်၍ အော်ခေါ်လိုက်သည်။
“ချုံးချီ၊ ကုန်းမင် ပွဲကြီးပွဲကောင်းလေး လာကြည့်ဦး”
“အား…”
အိုးရန်ယွင် ရုတ်တရက် ထအော်ကာ အဝတ်အစားများကို မြန်မြန်ကောက်ယူ၍ ဝတ်လိုက်သည်။ သူမ လှုပ်ရှားပုံက ဘယ်လိုနည်းနှင့်မှ အားနည်းနေပုံ မပေါ်ချေ။
“ဆရာ ဘာပွဲကြီးပွဲကောင်းလဲ”
ကုန်းမင် အလျင်စလို ဝင်လာသည်။ ယဲ့ဖန်က ရယ်၍ အားရစွာ ပြောလိုက်သည်။
“မင်းတို့ နည်းနည်း နောက်ကျသွားတယ်၊ မင်းတို့ ကြည့်လို့မရတော့ဘူး”
“ဂျူနီယာ ညီမလေး ဘာပွဲကြီးပွဲကောင်းလဲ”
ကုန်းမင်က သိချင်စိတ်ဖြင့် အိုးရန်ယွင်ကို လှမ်းမေးသည်။
အိုးရန်ယွင် အမေးခံလိုက်ရသဖြင့် ချက်ချင်း မျက်နှာနီရဲကာ စိတ်ဆိုးသွားသည်။
“နင့်အမေကြီးကို ကြည့်ဟေ့၊ ထပ်မေးလို့ကတော့ ငါ နင့်ကို မျိုးတုန်းပေးလိုက်မယ်”
ထိုစကားကိုကြားသောအခါ ကုန်းမင် ပေါင်ကို တင်းနေအောင် စိလိုက်ပြီး မျက်ရည်ဝဲတက်လာသည်။
ထို့နောက် အိုးရန်ယွင်က ယဲ့ဖန်ကို စိတ်ဆိုးမာန်ဆိုးကြည့်ကာ တောင်အောက်သို့ ဆင်းသွားလေသည်။
ယဲ့ဖန် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိသည်။ နောက်ပိုင်း သူ ဤမိန်းကလေးနှင့် ဝေးဝေးနေမှ ဖြစ်ပေမည်။ သို့မဟုတ်ပါက သူ ထိတ်လန့်စရာကောင်းသော တစ်စုံတစ်ရာကို လုပ်မိသွားလောက်၏။
အိုးရန်ကျန်းနှင့် အခြားသူများသာ သိသွားပါက သူ မြစ်ဝါမြစ်ထဲ ခုန်ချလျင်တောင်မှ ထိုအပြစ်ကို ဆေးကြောနိုင်မည် မဟုတ်ပါ။
“ဟဲဟဲဟဲဟဲ ဆရာတပည့်က တော်တော်ကို မဖွယ်မရာတွေ ပြောနေပါလား၊ တကယ်ကို အရှက်မဲ့တာပဲ”
ရုတ်တရက် ကောင်းကင်ထက်မှနေ၍ ရယ်ကျဲကျဲ အသံတစ်သံ ထွက်လာသည်။
“ဘယ်သူလဲ”
အိုးရန်ယွင် စိတ်တိုသွားပြီး ကောင်းကင်ကို မော့ကြည့်သည်။
ယဲ့ဖန်သည်လည်း မျက်မှောင်ကြုတ်သွားသည်။ ကောင်းသော ကိစ္စများက သူ့ထံ မလာတတ်သော်လည်း မကောင်းသော ကိစ္စများက သူ့ထံ ကြိမ်ဖန်များစွာ လာတတ်သည်။
အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မျက်နှာပိန်ပါး၍ အနက်ရောင် အသားအရေ ရှိကာ အိုမင်းရွတ်တွသော အသွင်အပြင်ရှိသည့် အဘိုးအိုတစ်ယောက် ဆင်းလာသည်။
သူ၏အပြုံးက အတော်လေး ပြီတီတီ နိုင်၏။ ရယ်သံကလည်း နားကြားပြင်း ကပ်စရာ ကောင်းလှသည်။
“အဘိုးကြီး ရှင် ဘာမဟုတ်တာတွေ ပြောနေတာလဲ”
အိုးရန်ယွင် မာန်မဲလိုက်သော်လည်း စိတ်ထဲ၌ ပျာယာခတ်နေ၏။
“ဟေ့ ဒီအဘိုးကြီးက မျက်လုံးနဲ့ မမြင်လိုက်ပင်မယ့် အဝေးကနေ မင်းရဲ့ အရှက်မရှိတဲ့ စကားသံကို ကြားရတယ်ကွ”
အဘိုးအိုက ရယ်လိုက်ပြီးနောက် အိုးရန်ယွင်ကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီးမှ စုတ်သပ်လိုက်သည်။
“ဟေ့ကောင်လေး မင်းက ဒီလို မိန်းမလှလေးနဲ့ တွေ့တာတောင် စိတ်မလှုပ်ရှားဘူးဆိုတော့ မင်းမှာ လူသိမခံနိုင်တဲ့ ရောဂါ ရှိလို့လား”
ထိုစကားက အိုးရန်ယွင်အား စိတ်တိုသွားစေသည်။
“အဘိုးကြီး ရှင့်ကို သတ်မယ်’
ထိုသို့ပြောပြီး သူမက ဓားကိုထုတ်၍ သတ်ရန် ပြင်လေသည်။ သူမမျက်လုံးများက အေးစက်နေပြီး ဓားသွားက တစ်ဖက်လူ၏ လည်ပင်းထံ ဦးတည်သွားသည်။
“နောက်ဆုတ်စမ်း”
ယဲ့ဖန် အော်လိုက်သော်လည်း နောက်ကျသွားချေပြီ။
အိုးရန်ယွင် စိတ်ဆိုးမာန်ဆိုး သတ်တော့မည့်အချိန်၌ အဘိုးအိုက လှောင်ရယ်လေသည်။
“ဒီယောင်ချန်ကို ဓားနဲ့ ချိန်ရဲတယ်ပေါ့လေ၊ မင်းက တော်တော်လေး သတ္တိကောင်းပါလား”
ထို့နောက် သူ ရပ်မြဲတိုင်း ရပ်နေပြီး မျက်လုံးများက လက်ခနဲ ဖြစ်လာပြီး မျက်လုံးတွင်းမှ အလင်းတန်းနှစ်ခု ထွက်လာသည်။ အလင်းတန်းက အိုးရန်ယွင်ထံ ဒေါသတကြီး ကျဆင်းလာ၏။
အိုးရန်ယွင်၏ လက်ထဲမှ ဓားသည် တစ်စစီ ပျက်စီးသွားသည်။ ထို့နောက် လက်တစ်ဖက်က အိုးရန်ယွင်၏ ဦးခေါင်းကို ဖမ်းချုပ်လာပြီး ရယ်၍ ပြောလိုက်သည်။
“ခွေးမလေး မင်းက လူသတ်ချင်နေတာလား”
“သေချင်နေတဲ့ဟာလေး”
ယောင်ချန်၏ မျက်လုံးများက အေးစက်နေပြီး အိုးရန်ယွင်၏ ပခုံးကို လက်တစ်ဖက်ဖြင့် ရိုက်ထုတ်လိုက်သည်။
သူတော်စင်အဆင့်၏ ရိုက်ချက်က နတ်ဘုရင်အဆင့်အား ပွဲချင်းပြီး သေစေနိုင်၏။
ယောင်ချန်က သူ့ခွန်အား၏ ကိုးဆယ်ရာခိုင်နှုန်းကို သုံးထားသော်လည်း ယင်းရိုက်ချက်က အိုးရန်ယွင်၏ ပခုံးရိုးကို စိစိညက်ညက် ကြေစေနိုင်ပေသည်။
သို့သော် ထင်ထားသကဲ့သို့ အရိုးကျိုးသံ ထွက်မလာချေ။
အိုးရန်ယွင်၏ ပခုံးက အနည်းငယ် နီရဲ၍ ရောင်သည်မှတပါး အခြားဒဏ်ရာ မရပါ။
ထိုအခိုက်တွင် ယောင်ချန် အံ့ဩသွားလေသည်။ သူသည် သူတော်စင်အဆင့် ဖြစ်သည်။ နတ်ဘုရင်အဆင့်အား သတ်ရန် မဆိုထားနှင့် အင်မော်တယ် ဧကရာဇ်အဆင့်ကိုပင် အသာလေး သတ်နိုင်၏။
သို့သော် ယခုအခါ၌ အိုးရန်ယွင်ကို အနည်းငယ်မျှသာ ထိခိုက်စေသည်တဲ့လား။
အိုးရန်ယွင်သည်လည်း ငြိမ်ကျသွားသည်။
*အဲ့လူက သူတော်စင်အဆင့်လား*
ထို့နောက် သူမ ပခုံးလှုပ်ကြည့်လိုက်ပြီး အလွန် အံ့ဩသွားရသည်။ သူတော်စင်အဆင့်၏ ရိုက်ထုတ်ခြင်း ခံရသော်လည်း အရေပြားသာ အနည်းငယ် ထိခိုက်သွားခဲ့သည်။ ယဲ့ဖန်၏ ခန္ဓာကိုယ် သန့်စင်ခြင်း နည်းလမ်းက ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူမ ထင်မထားမိပေ။