← Chapters

အခန်း (၄၃၆-၄၃၈)

Vol. 30 Ch. 436-438

အခန်း (၄၃၆-၄၃၈)

Vol. 30 Ch. 436-438

(436)တာနာရှာလှုပ်ရှားပြီ

အာကိန်း၏အော်ဟစ်သံနှင့်အတူ ပြောင်းလဲမှုကြီးစတင်လာ၏။

အာကိန်းသည် နဂိုကတည်းက အကောင်ကြီးမားသူဖြစ်ပြီး သူ၏သွေးမျိုးဆက်အား အသက်သွင်းလိုက်သောအခါ ပိုမိုကြီးမားလာသည်။

သူ၏အရွယ်စားကြီးမားလာသည်နှင့် သူ၏စွမ်းအင်များလည်းတိုးပွားလာ၏။

"ဘယ်လိုတောင်လား "

တာနာရှာသည် ဂမ်ဒန်အတွင်းမှ စက်ပစ္စည်းဖြင့် စစ်ဆေးကြည့်ရာ အာကိန်း၏တိုးတက်နှုန်းသည် အလွန်ကြောက်စရာကောင်းလှကြောင်း တွေ့လိုက်ရလေသည်။

မာစတာအဆင့်လေးမှ မာစတာအဆင့်တစ်ဆယ်ထိ တိုင်အောင် ထိုးတက်သွားသည်ဖြစ်သောကြောင့်ပင်။

"လွန်လွန်းတာမလား"

တာနာရှာသည် အာကိန်းကိုယ်ထဲရှိသွေးမျိုးဆက်သည် ထိုမျှအထိ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန့်စင်မည်ဟု မထင်ထားမိပေ။

အာကိန်းသည် ခြောက်မီတာအထိမြင့်မားပြီးမှသာလျှင် သူ၏ကြီးထွားခြင်းသည် ရပ်တန့်သွားလေသည်။

လက်ရှိ၌ အာကိန်းသည် ခြောက်မီတာအထိ မြင့်မားပြီး လူ့ဘီလူးတစ်ကောင်အသွင်ဆောင်နေ၏။

အာကိန်းသည် Ez8ဂန်ဒမ်၏ အရပ် သုံးပုံတစ်ပုံအရွယ်စားထိ ရောက်ရှိနေသည်ဖြစ်သည်။

သူ၏ကိုယ်ခန္ဓာသည် တောင့်တင်းသန်မာလှသော ကြွက်သားများဖြင့် ပြည့်နှက်နေ၏။

သူ၏တောင့်တင်းသန်မာလှသောကြွက်သားများနှင့် လက်မောင်းကြွက်သားများတစ်လျှောက်တွင် သွေးကြောများကလည်း ပေါက်ကွဲလုမတတ်ဖြစ်နေသည်ကို အထင်သားမြင်တွေ့ရသည်။

ထိုသွေးကြောများသည် အပြာရောင်သန်းနေကြောင်း တာနာရှာရိပ်စားမိသည်။

"ဒုတိယအဆင့် ရှေးဟောင်းသွေးမျိုးဆက်"

ဂျိတ်သည် သူ၏သွေးကြောအရောင်ကို ကြည့်ပြီး ရေရွတ်မိသည်။

ထိုအပြာရောင်သွေးကြောသည် သူ၏ရှေးဟောင်းသွေးမည်မျှအထိ သန့်စင်ကြောင်း ကိုယ်စားပြု၏။

ရှေးဟောင်းမူလဆာဗေ့သွေး၏40%အထိ သန့်စင်မှုကို အာကိန်းပိုင်ဆိုင်ထားသည်ဟုလည်း ယူဆနိုင်သည်။

ရှေးဟောင်းသွေးမျိုးဆက်များသည် အလွန်တရာပင်အစွမ်းထက်ကြ၏။

အာကိန်း၏ရှေးဟောင်းသွေးမျိုးဆက်သည် ဆာဗေ့သွေးမျိုးဆက်အမျိုးစား၌ပါ၏။

ထို့ကြောင့် အသက်သွင်းသောအခါ ကိုယ်ခန္ဓာနှင့်ဆိုင်သော အစွမ်းတိုးပွားမှုများ ဖြစ်ပေါ်လာသည်ဖြစ်သည်။

"သူလက်နက်ကလည်း မထင်ရဘူး ရတနာပဲ"ဂျိတ်သည် အာကိန်းကြီးထွားသောအခါ လိုက်ပြီးကြီးထွားလာသော အရိုးတင်းပုတ်ကြီးကို ကြည့်မိလိုက်သည်။

("ဖော်ပြချက်..ထိုအရိုးတင်းပုတ်သည် သွေးဆာသည့် ရှေးဟောင်းသွေးပိုင်ဆိုင်ခဲ့ဖူးသော လူဝံကြီးတစ်ကောင်၏ လက်မောင်းရိုးဖြစ်သည်။)

"ရော့"

အာကိန်းသည် ရှေးဟောင်းဆာဗေ့သွေးမျိုးဆက်ကို အသက်သွင်းပြီးသောအခါ စတင်တိုက်ခိုက်လိုက်သည်။

"ဝုန်း"

အာကိန်း၏ပြင်းထန်လှသော တင်းပုတ်ကြီးဖြင့် ရိုက်သော ရိုက်ချက်ကြောင့် Ez8ဂန်ဒမ်သည် အဝေးသို့ လွင့်စင်သွား၏။

("30%တောင်ထိသွားတာပဲ")

တာနာရှာသည် အာကိန်း၏တစ်ချက်တည်းဖြင့် မိမိဘက်မှ Ez8ဂန်ဒမ်၏ ကိုယ်ခန္ဓာသည် 30%ပင် ထိခိုက်သွားကြောင်း တွေ့လိုက်ရလေသည်။

လက်ရှိ၌ အာကိန်းသည် ကြောက်မက်ဖွယ်ရာအလွန်ကောင်းလှ၏။

သူ၏ခွန်အားသည် လက်ရှိ၌ တန်ပေါင်း ခြောက်ထောင်အထိ မြင့်မားနေသည်ဖြစ်သည်။

"ဗျူဟာပြောင်းပြီးတိုက်ခိုက်ကြ"

တာနာရှာသည် ချက်ချင်းပင် ပြောင်းလဲပြီး အာကိန်းကို တိုက်ခိုက်စေသည်။

စနိုက်ပါဂန်ဒမ်နှစ်ကောင်သည်လည်း မိမိတို့၏ပစ်မှတ်အား အာကိန်းထံပြောင်းလဲ ပစ်ခတ်လိုက်ကြသည်။

ကျန်နေသေးသော ez8ဂန်ဒမ်သည်လည်း အာကိန်းထံ သေနတ်ဖြင့် ပစ်ခတ်၏။

ထိုပစ်ချက်များအား အာကိန်းသည် ယခင်လို ရှောင်တိမ်းခြင်းမရှိတော့ပဲ တင်းပုတ်ဖြင့် ရိုက်ခတ်ကာ ကာကွယ်လိုက်သည်။

"ဝုန်း"

အာကိန်းမြန်ဆန်စွာပြေးလိုက်ပြီး စနိုက်ပါဂန်ဒမ်တစ်ကောင်အား ရိုက်ချလိုက်သည်။

စနိုက်ပါဂန်ဒမ်လည်း သူ၏အင်ဂျင်ဖွင့်ကာ ဘေးသို့ ပျံသန်းရှောင်တိမ်းလိုက်သည် ။

ဂန်ဒမ်အားမထိပဲ ထိခံရသော မြေကြီးသည် ငလျင်တုန်လှုပ်သကဲ့သို့ လှုပ်ခါသွားလေသည်။

တာနာရှာ၏လုပ်ကြံရေး ဂန်ဒမ်ကတော့ အာကိန်းအား တိုက်ခိုက်ခြင်းမရှိသေးပေ။

သူသည် အာကိန်း၏တပ်သားများကို အရင်ဆုံးသေဆုံးစေရန် လိုက်လံသတ်ဖြတ်နေသည်ဖြစ်သည်။

ထိုသို့ သတ်ဖြတ်လေ အာကိန်း၏ဒေါသအား သွားဆွလာသလို ဖြစ်စေသည်ဖြစ်သည်။

တာနာရှာသည် အာကိန်းအား ထိန်းထားရန် အမိန့်ပေးထားသည်ဖြစ်သောကြောင့် စနိုက်ပါဂန်ဒမ်နှစ်ကောင်နှင့် ez8ဂန်ဒမ်တစ်ကောင်သည် အာကိန်းအား ရှိရှိသမျှသော လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြသည်။

ရိုးရိုးလက်နက်များသာလျှင် မဟုတ်တော့ အစွမ်းထက် လေဆာလိုလက်နက်များပင် အသုံးပြုလာကြ၏။

ထိုသို့သောလက်နက်များအသုံးပြုလိုက်သောအခါ ကြမ်းတမ်းနေသော အာကိန်းလည်း ရှောင်တိမ်းရလေတော့၏။

သုံးယောက် တစ်ယောက် ချကြရသည်ဖြစ်ရာ အာကိန်းလည်း မိမိအလိုရှိရာ သောင်းကျန်းခွင့်မရရှိနေပေ။

ထိုသို့မရရှိသည့်ကြားကပင် တစ်ချက်တစ်ချက်သော တိုက်ခိုက်များက ဂန်ဒမ်များအား တော်တော်လေးအထိနာစေသည်ဖြစ်သည်။

"ဒက်...ဒက်"

အာကိန်း၏တိုက်ခိုက်မှုကြောင့် လွင့်စင်သွားရသော Ez8ဂန်ဒမ်လည်း တိုက်ပွဲထဲသို့ ပြန်လည်ပါဝင်လာလေသည်။

၎င်းသည် အကြမ်းပတမ်းခံမှုကို အသားပေးတည်ဆောက်ထားသောကြောင့် ယခုလိုတိုက်ပွဲ ထဲသို့ ပြန်လည် ပါလာနိုင်သည်ဖြစ်သည်။

"တော်တော်ကြမ်းလာတာပဲ"

ဂျိတ်သည် အာကိန်း၏ခွန်အားသည် ကြောက်ခမန်းလိလိ ကောင်းကြောင်း မြင်တွေ့လိုက်ရ၏။

အလွန်အစွမ်းထက်သော ဂန်ဒမ်များသည် အာကိန်း၏တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း တိုက်ခိုက်နေကြရသည်။

စနိုက်ပါ ဂန်ဒမ်များ ကောင်းကင်ပေါ်ပျံနိုင်သောကြောင့် အပေါ်သို့ မြန်ဆန်စွာ ပျံတက်ကာ အပေါ်မှနေ၍ ပစ်ခတ်သည်။

ထိုပစ်ခတ်မှုများကိုရှောင်ပြီး ကောင်းကင်ပေါ်သို့ တက်ကာ အာကိန်း တိုက်ခိုက်ရန်လုပ်ပါက မြေပြင်မှ Ez8ဂန်ဒမ်နှစ်ကောင်သည် အာကိန်းအား ကောင်းစွာ နှောက်ယှက်မှုပြု၏။

ထိုအခါ အာကိန်း၏ဒေါသ သည် ez8ဂန်ဒမ်နှစ်ကောင်ပေါ် ကျရောက်လာသည်။

"ဝုန်း....ဝုန်း"

အာကိန်းနှင့် ဂန်ဒမ်လေးကောင်တိုက်ခိုက်သော မှောင်မဲတောအုပ်ကြီးသည် လက်ရှိ၌ ပြောင်းလဲနေပြီဖြစ်သည်။

တိုက်ခိုက်ရာ နေရာလမ်းကြောင်းတစ်လျှောက်၌ သစ်ပင်များသည် လဲကျသည်ကလဲကျ အပိုင်းပိုင်းပြတ်ထွက်သည်ကထွက်နှင့် လက်နက်များ ပေါက်ကွဲအားများကြောင့် မြေပြင်ချိုင့်ကြီးများလည်း ရှိနေသည်ဖြစ်သည်။

"ဟူး.....ဒါကနောက်ဆုံးတစ်ယောက်ပဲ "

တာနာရှာ၏လုပ်ကြံရေးဂန်ဒမ်သည် ထွက်ပြေးနေသော ဆာဗေ့တစ်ယောက်နောက်ကို မြန်ဆန်စွာ လိုက်ရင်း ဓားဖြင့် သုတ်သင်လိုက်သည်။

နောက်ဆုံးတစ်ယောက်အား သုတ်သင်ပြီးသည်နှင့် အာကိန်းနှင့် မိမ်တို့ဂန်ဒမ်များရှိရာသို့ ကြည့်လိုက်သည်။

"ဟင်"

တော်တော်လေး တိုက်ပွဲ ပြင်းထန်ကြောင်းတွေ့ရလေသည်။

အာကိန်းသည် လက်ရှိ၌ သွေးထွက်နိုင်သော ဒဏ်ရာလေးခုနှင့် သူ၏အရေပြားများ စုတ်ပြဲနေကြောင်း တွေ့လိုက်ရသည်။

ထို့အတူ မိမိဘက်မှ ဂန်ဒမ်လေးကောင်သည်လည်း အခြေနေမကောင်းကြောင်း တွေ့လိုက်ရသည်။

စနိုက်ပါဂန်ဒမ်နှစ်ကောင်အနက် တစ်ကောင်၏ လက်၌ရှိသော ဒိုင်းကာများသည် လက်ရှိ၌ ကျိုးပဲ့စုတ်ပျက်နေပြီဖြစ်သည်။

ကျန်တစ်ကောင်၏ခြေထောက်တစ်ချောင်းသည်လည်း မရှိတော့ပေ။

ထိုနှစ်ကောင်သည် အာကိန်း၏အမြန်နှုန်းနီးနီးမြန်ဆန်သောကြောင့်သာ ယခုလိုအခြေနေရှိနေသည်ဖြစ်သည်။

မြေပြင်၌ရှိနေသော Ez8ဂန်ဒမ်နှစ်ကောင်ကတော့ သူတို့ထက်ပိုဆိုးရွား၏။

တစ်ကောင်သည် မြေပြင်ပေါ်၌လဲကျနေသည်။

သူ၏ခေါင်းသည် ပြားချပ်နေကာ သူ၏ကိုယ်ခန္ဓာသည်လည်း တင်းပုတ်ရာများဖြင့် ပြည့်နှက်နေသည်။

ထိုတင်းပုတ်ကြောင့် သံမဏိကိုယ်ထည်ကြီးသည် ပိန့်သည်က ပိန့်၊ ပေါက်ထွက်နေသည့် နေရာက ပေါက်ထွက်နေသည်။

ကျန်တစ်ကောင်သည် ပစ်ခတ်စရာလက်နက်မရှိတော့သည်ဖြစ်ရာ ပြတ်နေသော သူ၏လက်တစ်ဖက်ကို ကောင်းနေသော လက်တစ်ဖက်ဖြင့် ကိုင်ပြီး အာကိန်း၏တင်းပုတ်နှင့် အပြိုင် အဆိုင် တိုက်ခိုက်နေသည်။

တာနာရှာလည်း ဂန်ဒမ်များအားစစ်ဆေးရာ

("စနိုက်ပါဂန်ဒမ်1၏ထိခိုက်မှု 38%(အတောင်ဒိုင်းထိခိုက်ပျက်စီးခြင်း၊စနိုက်ပါ ဂန်ဒမ်2၏ထိခိုက်မှု 47%(ခြေထောက်ပြတ်ခြင်း)ez8ဂန်ဒမ်တစ်ကောင်95%(လုံးဝပျက်စီးနေပြီးဖြစ် )ကျန်ez8ဂန်ဒမ်76% (ကိုယ်ခန္ဓာနေရာများ ထိခိုက်ထားခြင်းနှင့် လက်တစ်ဖက်ပြတ်ခြင်း)

တာနာရှာသည် စစ်ဆေးပြီးနောက် ဒေါသထွက်သွား၏။

ထိုဂန်ဒမ်များသည် သူမအလွန်နှစ်သက်သောအရာများဖြစ်သည်။

ဤသည်ကို ဖျက်စီးလိုက်သည်ကို တာနာရှာ လက်မခံနိုင်ပေ။

ထို့ကြောင့် သူ၏ဂန်ဒမ်အား အသက်သွင်းလိုက်သည်။

ထိုအခါ လုပ်ကြံသူဂန်ဒမ်သည် မျက်လုံးများတောက်ပလာပြီး အာကိန်းထံသို့ ပြေးဝင်သွားလေသည်။

တာနာရှာသည် အာကိန်းအား တိုက်ခိုက်ရန် သူမ၏ဂန်ဒမ်ကို စတင်လှုပ်ရှားစေလိုက်ပြီဖြစ်သည်။

(437)အနိုင်ရရှိခြင်း

တာနာရှာ၏ဦးဆောင်မှူအောက်၌ လုပ်ကြံရေးဂန်ဒမ်သည် အာကိန်းဖြင့် တိုက်ခိုက်လိုက်သည်ဖြစ်သည်။

"ဝုန်း"

လုပ်ကြံရေးဂန်ဒမ်၏ဓားနှင့် အာကိန်း၏တင်းပုတ်တို့ တွေ့ဆုံသောအခါ ကြောက်ခမန်းလိလိမည်သံကြီးပေါ်ထွက်လာသည်။

တန်ခြောက်ထောင်အင်အားပါလာသည့်တင်းပုတ်နှင့် အရှိန်ဟုန်ပြင်းထန်စွာ ခုတ်ပိုင်းလာသော ဓားတို့ ဆုံသည့်အခါ ထိုတိုက်ခိုက်မှုကို ဗဟိုပြုပြီး ပြင်းထန်သော လေဖိအား သက်ရောက်မှုကြီးကို ဖြစ်ပျက်စေခဲ့၏။

အနီးနား၌ ရှိရှိသမျှသော သစ်ပင်များလည်း ကျိုးပဲ့ပြတ်ထွက်ကြလေသည်။

နှစ်ယောက်သားတိုက်ခိုက်သည်မှာ ယခင်က ပွဲများထက်ပိုမိုကြမ်းတမ်းပေသည်။

တိုက်ပွဲ၏ပြင်းထန်မှုကြောင့် အခြေနေကောင်းနေသော စနိုက်ပါဂန်ဒမ်နှစ်ကောင်သည် ez8ဂန်ဒမ်နှစ်ကောင်အား ကူညီကာ ဂရိတ်တိုင်းပြည်သို့ ပြန်သွားကြလေသည်။

လက်ရှိတိုက်ပွဲ၌ ကူညီနိုင်စွမ်းမရှိတော့သည် ဖြစ်ရာ ပြန်လည်ပြင်ဆင်သည်ကို ခံယူကြရန်ဖြစ်သည်။

"ဒီကောင်က ဘာတုန်းဟ"

အာကိန်းသည် မိမိရှေ့မှ အကောင်ကြီးသည် ယခင်တိုက်ခိုက်ခဲ့သော လေးကောင်နှင့် ကွဲပြားခြားနားကြောင်း ခံစားမိသည်။

ရှေ့က မိမိတိုက်ခိုက်ခဲ့သော လေးကောင်သည် အဝေးပစ်တိုက်ခိုက်ရာ အားသာသူနှင့် အကြမ်းပတမ်းမာရည်ကျောရည် တိုက်ခိုက်သူများဖြစ်ကြောင်း ရိပ်မိသည်။

လက်ရှိရှေ့၌ ရှိသောအကောင်ကြီးသည် ထိုလေးကောင်နှင့် မတူညီဘဲ ပေါ့ပါးသွက်လက်ပြီး အလွန်တရာ မြန်ဆန်ဟန်ရှိသည်။

ထိုအကောင်ကြီးအား အဖြူအဝါအပြာရောင်စသောအရောင်များဖြင့် စီခြယ်ထားပြီး သူ၏ကျောဘက်တွင်လည်း အတောင်လိုလိုရှိ၏။

ထိုအတောင်လိုလိုအရာများက မြန်ဆန်စွာတိုက်ခိုက်စေနိုင်ရန် ကူညီနေကြောင်း သူ၏မသိစိတ္က ပြောနေသည်ကို ခံစားမိသည်။

"ဝုန်း...ဝုန်း"

နှစ်ယောက်လုံးသည် လက်ရှ်၌ တူညီသောအခြေနေဖြင့် တိုက်ခိုက်နေကြသည်။

တစ်ဖက်သည် တင်းပုတ်အသုံးပြုပြီး တစ်ဖက်သည် ဓားနှစ်လက်ကို အသုံးပြု၏။

တစ်ဖက်၏အားနည်းချက်ကို တစ္ဖက္က အကဲခတ္ကာ လျင်မြန်မှု ခွန်အား များ သီးသန့်အသုံးပြုပြီး တိုက်ခိုက်နေကြသည်ဖြစ်သည်။

("ဒီကောင့်ဓားကလည်း ငါ့လိုဘဲလား"လုပ်ကြံရေးဂန်ဒမ်၏ဓားနှစ်လက်သည် တင်းပုတ်လို အစွမ်းထက်မာကျောကြောင်း အာကိန်းတွေ့ရှိလိုက်သည်။

တစ်မိနစ်အတွင်း၌ သူတို့နှစ်ယောက်သည် တိုက်ခိုက်မှု တစ်ထောင်ထက်မလျော့သော တိုက်ခိုက်မှုများ ဖြင့် တိုက်ခိုက်ခဲ့ပြီးပြီလည်း ဖြစ်သည်။

"ဒီပွဲက မလွယ်ဘူးပဲ "

ဂျိတ်သည် တိုက်ပွဲအား ကြည့်နေရင်း အကဲခတ်နေသည်။

တစ်ဖက်က အာကိန်းသည် တန်ခြောက်ထောင်ခွန်အားနှင့် 1မိနစ်လျှင် 38မိုင်ထက် မလျော့သော အမြန်နှုန်းဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။

ထိုခွန်အား အမြန်နှုန်းများသည် အမြန်နှုန်းသီးသန့် ကိုယ်စားပြုသော လုပ်ကြံရေးဂန်ဒမ်အား ကောင်းစွာ ပြသနာပေးနိုင်သည်ဖြစ်သည်။

တော်သေးသည်က တာနာရှာစီးနင်းမောင်းနှင်သော ဂန်ဒမ်သည် ဂန်ဒမ်ငါးစီးအနက် အသန်မာဆုံး အမြန်ဆုံး အပေါ့ပါးဆုံး အစွမ်းအထက်ဆုံးဖြစ်သည်။

တာနာရှာစီးနင်းနိုင်ရန်အတွက် အထူးပြောင်းလဲပြုပြင်တည်ဆောက်ထားပြီး စစ်သည်တော်စွမ်းရည်များနှင့် လိုက်လျောညီထွေရှိသော လုပ်ကြံရေးဂန်ဒမ်တစ်ကောင်ဖြစ်သည်။

ထို့ကြောင့် အာကိန်း၏အဆက်မပြတ်သော တင်းပုတ်ဖြင့် ရိုက်ခတ်ခြင်းကို ဓားဖြင့် ပြန်လည်ကာကွယ်နေနိုင်ခြင်းဖြစ်သည်။

ဆယ်မိနစ်ကြာသောအခါ အာကိန်းလည်း ပင်ပန်းလာသလို ဂန်ဒမ်လည်း စွမ်းရည်တည်ငြိမ်မှု လျော့ကျလာလေသည်။

အာကိန်းသည် ဓားချက်များကြောင့် သူ၏ကိုယ်ခန္ဓာ၌ ပြတ်ရာ ရှရာများဖြင့် ရှိနေပြီး သွေးများထွက်နေသည်။

ကံကောင်းထောက်မှစွာပင် သူ၏မျက်လုံးပင် လုပ်ကြံရေးဂန်ဒမ်၏ဓားချက်ကြောင့် ကန်းခါနီးဖြစ်သွားရသည်ဖြစ်သည်။

"ဒီကောင်ကဘာလား"

အာကိန်းတစ်ယောက်တုန်လှုပ်နေသည်။

မိမိရှေ့မှ အကောင်ကြီးသည် မိမိနှင့် အတူတိုက်ခိုက်ပါသော်လည်း ပင်ပန်းဟန်မရှိသောကြောင့် ဖြစ်သည်။

နောက်ပြီး မိမိသည် သက်လုံကျလာသည့်အပြင် ရှေးဟောင်းသွေးမျိုးဆက် အသက်သွင်းထားသောကြောင့် နောက်ထပ်သော အချိန်တိုတွင်း၌ အသက်သွင်းချိန် ကုန်သွားတော့မည်ဖြစ်သည်။

ကုန်ဆုံးသွားပါက သာမန်လူနှင့်မခြားနားသူ တစ်ယောက်ဖြစ်သွားမည်ဖြစ်သည်။

တစ်ဖက်တွင်လည်း တာနာရှာသည် လုပ်ကြံရေးဂန်ဒမ်ထဲ၌("စွမ်းရည်ကျဆင်းလာမှုကြောင့် ကျန်ရှိသော စွမ်းအင်.25%")

"ဒီကောင်တော်တော်လွန်နေပြီ "

တာနာရှာလည်း ဒေါသထွက်နေသည်။

သူသည် ဂန်ဒမ်အသုံးပြုပြီး တိုက်ခိုက်သောလည်း အာကိန်းသည် ယခုချိန် ရှုံးနိမ့်ခြင်းမရှိသေးသောကြောင့်ဖြစ်သည်။

တိုက်ခိုက်ရလွန်း၍ ဂန်ဒမ်၏အစိတ်ပိုင်းများသည် ပြုတ်တတ်လုမတတ်ပင် ဖြစ်လာသည်။

"မင်းတို့က ဘာကောင်တွေလဲ ငါတို့ကို ဘာလို့သတ်ရတာလဲ"

အာကိန်းသည် မိမိနှင့်တိုက်ခိုက်နေသော လုပ်ကြံရေးဂန်ဒမ်အား တိုက်ခိုက်ရင်း ရူးသွပ်စွာပြော၏။

ထိုအခိုက် သူသည် အကောင်ကြီးထံမှ မပြောလင့်သော စကားကို ကြားလိုက်ရသည်။

သူကြားလိုက်ရသော စကားကြောင့် တုန်လှုပ်သွားသည်။

"သတ်ကို သတ်ရမယ် ဘာလို့ဆို မင်းတို့က ငါတို့အဆင့်နိမ့်ဆာဗေ့တွေကို သိမ်းပိုက်ကျွန်ပြုချင်နေတာလေ"

အာကိန်းစိတ်ထဲ လုံးဝတုန်လှုပ်သွားသည်။

မိမိရှေ့၌ရှိနေသော အကောင်ကြီးများသည် မိမိတို့သိမ်းပိုက်လိုသော အဆင့်နိမ့်ဆာဗေ့မျိုးနွယ်စုမှ ဆိုပါလား။

ထိုသို့ဆိုပါကမိမိ၏အစွမ်းထက်သော တပ်ဖွဲ့အား မျိုးသုန်းသည်အထိ သတ်ဖြတ်လိုက်သူများသည် ထိုအဆင့်နိမ့်ဆာဗေ့များမှ လာသော အကောင်ကြီးများ ဖြစ်သည်ဟူသော အချက်ပင်ဖြစ်သည်။

အာကိန်းတစ်ချက်မှ တုန်လှုပ်သွားသည်နှင့် လုပ်ကြံရေးဂန်ဒမ်၏မျက်လုံးများ တောက်ပလာပြီး သူ၏လှုပ်ရှားမှု စတင်လေတော့သည်။

"မိုးမြေသုတ်သင်ခြင်း"

လုပ်ကြံရေးဂန်ဒမ်အား စစ်သည်တော်များအသုံးပြုသော သိုင်းကွက်ဖြင့် ပေါင်းစပ်အသုံးပြုလိုက်သလို ဂန်ဒမ်၏အထူးစွမ်းရည်ကိုလည်း အသုံးပြုလိုက်၏။

နဂိုကတည်းက ပေါ့ပါးသော ဂန်ဒမ်သည် ထိုစွမ်းရည်ကြောင့် အထူးအခြေနေ သို့ရောက်ရှိသွားသည်။

ထိုစွမ်းရည်သည် တစ်မိနစ်တာ သက်ရောက်မှုရှိစေပြီး ထိုတစ်မိနစ်အတွင်း၌ ထိုဂန်ဒမ်သည် သစ်ရွက်တစ်ရွက်မျှသာ လေးလံမည်ဖြစ်ပြီး အမြန်နှုန်းသည် အထူးအဆင့်ထိ မြန်ဆန်နေမည်ဖြစ်သည်။

အထူးအဆင့်ဆိုသည်မှာ မာစတာအဆင့်ထက်ကျော်လွန်သော တည်ရှိမှု၏ အမြန်နှုန်းဖြစ်သည်။

သုံးသော သိုင်းကွက်သည် ရန်သူအား တစ်ချက်တည်းဖြင့် သုတ်သင်ခြင်းပင်ဖြစ်သည်။

"ဝုန်း"

လုပ်ကြံရေးဂန်ဒမ်သည် အာကိန်း၏တစ်ချက်မျှသော တုန်လှုပ်မှုအား အခွင့်ကောင်းယူပြီး တိုက်ခိုက်လိုက်သည်။

"ဘာလဲ"

အာကိန်းသည် ထိုတိုက်ခိုက်ချက်ကြောင့် သူ၏ပင်ကိုအသိစိတ်ဖြင့် သူပင်မသိလိုက်ဘဲ ကာကွယ်လိုက်သည်။

ထိုသို့ကာကွယ်ရာ၌ သူ၏မသိစိတ်က အန္တရာယ်များကြောင့် ပြောပြနေသောကြောင့် သူ၏ကိုယ်ခန္ဓာအား ချာက္ကရာများဖြင့် အထပ်ထပ်ကာကွယ်လိုက်သည်။

“ရွှမ်း”

တစ်ချက်တည်းသော ဓားသံနှင့်အတူ လုပ်ကြံရေးဂန်ဒမ်သည် အာကိန်းအား တိုက်ခိုက်ပြီးပြီဖြစ်သည်။

"ဘုတ်"

ထိုတိုက်ခိုက်မှုနှင့်အတူ အာကိန်းသည် မိမိလက်တစ်ဖက်မှ သွေးများတောက်လျှောက်ကျဆင်းနေသည်ကို ခံစားမိသည်။

"ဟင်"

အာကိန်းသည် ထိုတိုက်ခိုက်မှုကြောင့် ချာက္ကရာအကာကွယ်ဖုံးလွှမ်းနည်းများသော မိမိ၏ဘယ်လက်တစ်ဖက်ပြတ်သွားကြောင်း တွေ့လိုက်ရသည်။

စောစော၌ မိမိကြားလိုက်ရသောအသံသည် သူ၏လက်ပြုတ်ကျသွားသောကြောင့် ထွက်ပေါ်လာသောအသံဖြစ်ကြောင်း သိလိုက်သည်။

ထိုအခိုက်၌ အကောင်ကြီးသည် မိမိအား ထပ်မံတိုက်ခိုက်ရန်ပြင်နေကြောင်း တွေ့လိုက်ရသောအခါ ဆက်လက်တိုက်ခိုက်နိုင်ခြင်းမရှိတော့ပဲသူ၏ရင်ထဲကြောက်စိတ်များ ဖြစ်လာကာ သူ၏လက်တစ်ဖက်ကို မြန်ဆန်စွာကောက်၍ သူ၏ရှေးဟောင်းသွေးမျိုးဆက် အသက်သွင်းချိန် မကုန်ခင် အဝေးသို့ ဝေးနိုင်သမျှဝေးပြီး ရောက်စေရန် ထွက်ပြေးသွားလိုက်သည်။

"ကျွီ...ဝုန်း"

ထိုအခါမှ လုပ်ကြံရေးဂန်ဒမ်လည်း မြေပြင်ပေါ်သို့ ပစ်လဲကျသွားလေတော့၏။

"စွမ်းအင်ကုန်ဆုံးသွားပါသည်"

ထိုအသံနှင့် အတူ ဂန်ဒမ်ထဲမှ တာနာရှာထွက်လာလိုက်သည်။

"ဟူး မလွယ်ဘူး"

သူမတစ်ကိုယ်လုံး ချွေးများစိုရွှဲနေကြောင်း သူမ သတိထားမိ၏။

သူမသည် ကျန်ရှိသော စွမ်းအင်ဖြင့် အာကိန်းအား သတ်ရန် ကြံစည်လိုက်သည်ဖြစ်သည်။

သို့သော်လည်း အာကိန်းသည် ထိုမျှသေးငယ်သောအချိန်အခိုက်တန့်၌ တင်းပုတ်ဖြင့်ကာပြီး ပြန်လည်ခုခံမည်ဟု မထင်မှတ်ထားမိပေ။

ထို့ကြောင့် အာကိန်းသည် သူ၏လက်တစ်ဖက်သာ ပြန်တောက်ခံရသည် ဖြစ်သည်။

တာနာရှာသည် အထူးတိုက်ကွက် သုံးသောအခါ ဂန်ဒမ်သည် သူ၏စွမ်းအင်24%ကို တစ်ခါတည်းသုံးစွဲသလို ဖြစ်စေခဲ့သည်။

အာကိန်းမသေသေးသောကြောင့်ကျန်ရှိနေသော1%ဖြင့် အာကိန်းဖက်သို့ လှည့်ပြီး ထပ်မံတိုက်ခိုက်မည့်ဟန်လုပ်လိုက်သည်။

ထိုလှည့်ကွက်သည် ကံကောင်းစွာဖြင့် အောင်မြင်သွားပြီး အာကိန်းကို ထွက်ပြေးစေနိုင်ခဲ့သည်။

အာကိန်းပြေးပြီးနောက် နှစ်စက္ကန့်၌ ဂန်ဒမ်၏စွမ်းအင်လုံးဝကုန်ဆုံးသွားပြီး ယခုလို မြေပြင်ပေါ် လဲကျသွားသည်ဖြစ်သည်။

"မဆိုးဘူး မဆိုးဘူး"

ဂျိတ်သည် တာနာရှာကို ကြည့်ပြီး ချီးမွန်းလိုက်သည်။

နောက်ဆုံးတော့ တိုက်ပွဲတွင် တာနာရှာသည် အနိုင်ရရှိခဲ့သည်ဖြစ်သည်။

(438)အလည်လာခြင်း

"တစ်ကောင်ပဲ တော်တော်လေး ဆိုးဆိုးဝါးဝါးထိခိုက်သွားတာပါ ကျန်တဲ့ဂန်ဒမ်တွေက မဆိုးဝါးပါဘူး....”

အင်ဂျင်နီယာ၏စကားသည် တာနာရှာနားထဲ ပြန့်လွင့်လာသည်။

"ဂန်ဒမ်တွေကိုလိုတဲ့အစိတ်ပိုင်းတွေ ဖြည့်ပြီးတည်ဆောက်မယ် လုပ်ကြံရေးဂမ်ဒန်ကတော့ စွမ်းရည်လုံးဝကုန်ဆုံးသွားတာပဲရှိတယ် ကျန်တာက အဲ့လောက်ကြီး မဆိုးဝါးနေဘူး...ဒါကြောင့် စိတ်မပူပါနဲ့ ဒါက တစ်ပတ်လောက်အချိန်ယူလိုက်ရင် အဆင်ပြေသွားမှာပါ"

အင်ဂျင်နီယာ၏ပြောစကားကြောင့် တာနာရှာလည်း စိတ်သက်သာရာ ရသွားသည်။

သူမသည် အင်ဂျင်နီယာ၏နောက်၌ရှိသော ဂန်ဒမ်များအား ကြည့်ရှုလိုက်သည်။

ဂန်ဒမ်များအား အင်ဂျင်နီယာဟု ခေါ်ဝေါ်သော စစ်သည်တော်များ ပြုပြင်နေကြသည်။

ဂန်ဒမ်များသည် ဆယ့်ရှစ်မီတာအထိ ရှည်လျားသည်ဖြစ်ရာ အင်ဂျင်နီယာများသည် သေးငယ်သယောင်ဖြစ်သွား၏။

အလွန်မင်းထိခိုက်ထားသော Ez8ဂန်ဒမ်တစ်ကောင်မှလွှဲလျှင် ကျန်သော ဂန်ဒမ်များသည် မူလအကောင်းတိုင်း ရရှိရန် တစ်ပတ်မျှ အချိန်ယူပြုပြင်ရမည်ဖြစ်သည်။

ကမ္ဘာ၌သာ ဂန်ဒမ်များ ပြုပြင်ပါက ကြီးမားသော စက်ကိရိယာများနှင့်အသုံးပြုပြီး ပြုပြင်မည်ဖြစ်ပြီး လက်ရှိ ဂရိတ်တိုင်းပြည်ဖြစ်သောကြောင့် ခွန်အားကြီးမားသော စစ်သည်တော်များက မိမိတို့ကိုယ်တိုင် ဂန်ဒမ်တွင် တပ်ဆင်ရမည့်အစိတ်ပိုင်းများကို ကိုယ်တိုင်ကိုယ်ကျ ကိုင်ဆောင်သယ်ယူပြီး လိုသောအစိတ်ပိုင်းများနေရာတွင် ထည့်သွင်းတပ်ဆင်ပြုပြင်ကြ၏။

လက်ရှိ၌ တာနာရှာသည် ဂရိတ်တိုင်းပြည်၏ မြေအောက်စခန်းကြီးထဲ၌ ရောက်ရှိနေသည်ဖြစ်သည်။

ထိုစခန်းကို အထူးအဆင့်ရှိသော စစ်သည်တော်များမှသာလျှင် ဝင်ရောက်ခွင့်ရှိ၏။

တာနာရှာသည် ဘုရင်ကြီး၏တပည့်ဖြစ်သောကြောင့် ဝင်ခွင့်ရရှိသည်ဖြစ်သည်။

ထိုမြေအောက်စခန်း၏အကျယ်သည် မည်မျှရှိပြီး အမြင့်သည် မည်မျှမြင့်ကြောင်း တာနာရှာမသိရပေ။

ဂျိတ်အားမေး၍ရနိုင်သော်လည်း မေးရန်မသင့်သောကြောင့် မသိသေးသည်ဖြစ်သည်။

ထိုမြေအောက်စခန်း၌ ထူးခြားသောအရာများနှင့် ဂရိတ်တိုင်းပြည်၏စစ်တပ်၏အထူး လျှို့ဝှက်သော အရာများကို ထိန်းသိမ်းထားရှိသည်ဖြစ်သည်။

အနည်းကျဥ်းပြောရသော် ဂရိတ်တိုင်းပြည်၏အစွမ်းထက်လေယာဥ်မှစ၍ ဂန်ဒမ်များသည် မြေအောက်စခန်း၌သာ ထားသည်ဖြစ်၏။

တာနာရှာသည် ပြုပြင်ခြင်းခံနေရသော ဂန်ဒမ်များအား ကြည့်ရင်း သူမ၏အကြည့်များသည် ခပ်လှမ်းလှမ်းနေရာသို့ ရောက်ရှိသွားသည်။

ခပ်လှမ်းလှမ်းတွင်လည်း များစွာသော စစ်သည်တော်များသည် မိမိတို့၏တာဝန်အလုပ်များကို ကိုယ်စီဆောင်ရွက်နေကြကြောင်းတွေ့ရလေသည်။

သူမ၏အကြည့်သည် ထိုစစ်သည်များမဟုတ်ပဲ ထိုစစ်သည်များ၏နောက်၌ ရှိသော အရာကိုဖြစ်သည်။

ထိုအရာသည် အလွန်တရာကြီးမားပြီး အိပ်စက်နေ၏။

ထိုသို့အိပ်စက်နေသည်ကပင် အလွန်တရာကြောက်မက်ဖွယ်ကောင်းကြောင်း တာနာရှာ ခံစားမိသည်။

"ဂျပ်ပစီရိန်းဂျား"ထိုအရာကြီးသည် မီတာရှစ်ဆယ်ထိ မြင့်မားသော ဧရာမ ယေဂါ(စက်ရုပ်ကြီး) ဖြစ်သည်။

ထိုယေဂါကြီးသည် လူသားတစ်ယောက်၏ကိုယ်ခန္ဓာမျိုးရှိ၏။

သူ၏ကိုယ်ထည်အား အလွန်တရာကောင်းမွန်လှသော သတ္ထုစပ်များဖြင့် ပေါင်းစပ်တည်ဆောက်ထားပြီး အပြာရောင့်ရင်ရှိ၏။

ထိုယေဂါကြီးသည် တာနာရှာ၏အမြင်၌ နတ်ဘုရားကြီးသဖွယ်ဖြစ်သည်။

အဆိုပါ ယေဂါကြီးသည် ဂရိတ်တိုင်းပြည်၏အကျယ်ဝန်းကို ဖျက်စီးနိုင်သော နျူကလီးယားစွမ်းအင်ကို အသုံးပြုပြီး လှုပ်ရှားကြောင်း သိရှိရစဥ်က သူမ၏ရင်ခုန်သံများသည် ထိန်းမရသိမ်းမရ မြန်ဆန်ခဲ့ဖူးသည်။

ထိုစဥ်ကတည်းက သူမသည် ယေဂါမောင်းနှင်ကြည့်ချင်ခဲ့သည်ဖြစ်သည်။

သို့သော်လည်း သူမ၏အကြံကို ဂျိတ်က ပယ်ချခဲ့သောကြောင့် ယခုချိန်ထိ မောင်းနှင်ခွင့်မရှိသေးပေ။

ထို့ကြောင့် တာနာရှာအနေဖြင့် ငေးကြည့်ရုံမှ တစ်ပါးမတတ်နိုင်ပေ။

မိမိမောင်းနှင်သော ဂန်ဒမ်သည် ယေဂါနှင့်အရွယ်စားနှိုင်းယှဥ်ပါက ဂန်ဒမ်သည် ယေဂါ၏ဒူးဆစ်အား မှီယုံမျှသာ ရှိပေသည်။

ထိုမျှထိ အရွယ်စားကွာခြားမှုရှိသည်။

"ဂန်ဒမ်တောင် စုတ်ပျက်သွားတာ ယေဂါမောင်းဖို့ မတွေးလိုက်ပါနဲ့"

ထိုအသံကြောင့် တာနာရှာသည် အသံလာရာအား ကြည့်လိုက်သည်။

ထို့နောက် ချက်ချင်းပင် အရိုသေပြူပြီး

"အရှင်"

တာနာရှာသည် မိမိအားပြောသူမှ ဂျိတ်ဖြစ်ကြောင်း တွေ့သည်နှင့် အရိုသေပြုလိုက်၏။

ဂျိတ်သည် မြေအောက်စခန်းထဲသို့ ဆင်းလာပြီး တာနာရှာထံ လာသည်ဖြစ်၏။

သူသည် ပေါ့ပေါ့ပါးပါးဖြစ်အောင် အဖြူရောင်အဝတ်စားကို ဝတ်ဆင်ထားပြီး ပြုပြင်နေသော ဂန်ဒမ်များရှိနေရာသို့ တစ်လမ်းခြင်းလျှောက်လမ်းလာသည်။

ထိုသို့လျှောက်လမ်းသည့်ပုံစံကပင် ဂျိတ်၏ အရှိန်ဝါကို သိသာထင်ရှားပေသည်။

ဂျိတ်ရောက်ရှိလာသော်လည်း စစ်သည်များသည် ပြာယာခတ်သွားခြင်းမရှိကြ မိမိတို့လုပ်စရာရှိသည်သာ ဆက်လက်လုပ်ကိုင်နေကြသည်။

မိမိအားတွေ့တိုင်း အရိုသေပေးရန်မလိုကြောင်း ဂျိတ်၏စည်းမျဥ်းထုတ်ထားသောကြောင့် ဖြစ်သည်။

မိမိမှာ လာတွေ့သည်ဖြစ်စေ၊မိမိအား လာတွေ့သည်ဖြစ်စေ ထိုသို့သောအခါ၌သာ အရိုသေပြုရမည်ဖြစ်ကြောင်း ဂျိတ်မှ အမိန့်ထုတ်ပြန်ထားသောကြောင့်ဖြစ်သည်။

ဂျိတ်သည် တာနာရှာအနားရောက်သည်နှင့်

"မာစတာတစ်ယောက်နှင့် တိုက်ခိုက်ခဲ့ရတာ ဘယ်လိုနေလဲ"

"တော်တော်လေးကြောက်စရာကောင်းတယ် ဂန်ဒမ်သာမရှိရင် ဘယ်လိုမှ မနိုင်ဘူး"

တာနာရှာသည် သူမ၏ဖြစ်ရပ်အား ပြန်လည်တွေးတောရင်း တစ်လုံးခြင်းပြန်ပြောသည်။

"နောက်ခါ ဒီလိုရူးမိုက်တာ မလုပ်နဲ့ မင်းရဲ့ဂန်ဒမ်က ဒီလိုခွန်အားရှိတဲ့ ဆာဗေ့တစ်ယောက်နှင့် ယှဥ်ချဖို့ မသင့်တော်ဘူး မတော်လို့ မင်းဖက်က ဟာကွက်ဖြစ်စေခဲ့ရင် ဟိုဖက်က တင်းပုတ်နှစ်ချက်ကျွေးရုံနဲ့ မင်း ဂန်ဒမ်က တစ်ခါတည်း ပျက်စီးနိုင်တယ်"

ဂျိတ်၏ဆုံးမ မှုကြောင့် တာနာရှာလည်း ခေါင်းညိတ်ကာ အဆူခံ၏။

"နောက်ခါ အဲ့လိုဘယ်တော့မှ ထိပ်တိုက်မရင်ဆိုင်နဲ့ စစ်ကူထပ်ခေါ် ပါ တိုက်ပွဲတစ်ခုကို အောင်မြင်ရင်တောင် အကျဆုံးမများရင် ကောင်းတယ် တစ်ယောက်မှ မသေရင်ပိုတောင်ကောင်းသေး"

ဂျိတ်၏ဆုံးမမှုများကြောင့် သူမသည် အမှားလုပ်မိကြောင်း သဘောပေါက်လာသည်။

"မဆိုးဘူး မင်း မာစတာအဆင့်တစ်ဆယ်ရဲ့လက်ကို ဖြတ်နိုင်တာတော့ ချီးကျုးရမယ်"

ထိုချီးကျူးစကားကြောင့် တာနာရှာ၏မျက်နှာ ဝင်းပသွားသည်။

"ဂန်ဒမ်တွေ ထိခိုက်မှုအတွက် မဆူတော့ဘူးလား"

"တိုက်ခိုက်ကျရင် ထိခိုက်မှုကတော့ ရှိတာပဲလေအဲ့အတွက်တော့ မင်းကို မဆူတော့ဘူး မာစတာအဆင့်ကို အနိုင်ယူခဲ့တဲ့အတွက် ဆုပေးမယ် ဘာဆုလိုချင်လဲ."

ဂျိတ်၏စကားဆုံးသည်နှင့် တာနာရှာမှ

"ဂျပ်ပစီယေဂါကြီး မောင်းနှင်ချင်တယ်"

"သေချာလား နောက်မှ နောင်တမရနဲ့နော် တခြားဆုမရွေးတော့ဘူးလား"

"မရဘူး အဲ့ဒါပဲ "

တာနာရှာ၏ပြတ်သားသော စကားကြောင့် ဂျိတ်လည်း ငြင်းပယ်ခြင်းမရှိတော့ပဲ ခွင့်ပြုလိုက်သည်။

တာနာရှာလည်း ပျော်ရွှင်စွာဖြင့် ယေဂါကြီးရှိရာသို့ ပြေးလွှားသည်။

တစ်မိနစ်ကြာသောအခါ အင်ဂျင်နီယာတစ်ယောက်သည် ဂျိတ်အနားရောက်ရှိလာပြီး

"အရှင် ယေဂါကြီးကို တစ်ယောက်ယောက်မောင်းနှင်ဖို့လုပ်နေတာ သတိထားမိပါတယ် အဲ့ယေဂါအတွက်လမ်းကြောင်းလုပ်ရတော့မလား"

ယေဂါမောင်းနှင်သောအခါ ယေဂါသွားလာနိုင်ရန်အတွက် လမ်းကြောင်းလိုအပ်သောကြောင့် လာရောက်မေးခြင်းဖြစ်သည်။

"လမ်းကြောင်းမလိုဘူး ဆေးအဖွဲ့သာပြင်ထားပေးပါ"

ဂျိတ်၏စကားကို ပြန်မေးရန်အလုပ် ယေဂါခေါင်းမှ သတိပေးချက်ကို သူကြားလိုက်ရ၏။

"သတိပေးချက်.... ယေဂါမောင်းနှင်သူသည် မေ့လဲ သွားသောကြောင့် ဆေးအဖွဲ့အကူညီလိုအပ်ပါသည်။

ထိုသတိပေးချက်ကြားသောအခါ ထိုအင်ဂျင်နီယာလည်း ဆေးအဖွဲ့အား ခေါ်လိုက်ရသည်။

"ဟူး ဘယ်တတ်နိုင်မလဲ"

တာနာရှာသည် လုပ်ကြံရေးဂန်ဒမ်ကို မောင်းနှင်ထားသည့်အတွက်ကြောင့် ပင်ပန်းနွမ်းနွယ်မှုများရှိနေသည်ဖြစ်သည်။

ဤသည်ကို အစွမ်းထက်လှသော ယေဂါအား မောင်းနှင်ရန် လုပ်ဆောင်၏။

ထိုအခါ ယေဂါအားမောင်းနှင်ရန် မောင်းနှင်မှုပုံစံဖြစ်သော ဦးနှောက်အာရုံကြောပေါင်းစည်းသောအခါ ယေဂါ၏ဖိအားကို တာနာရှာ၏ကိုယ်ခန္ဓာမှ တောင့်ခံနိုင်စွမ်းမရှိတော့ပဲ မေ့လဲသွားရသည်ဖြစ်သည်။

ဂျိတ်လည်း တာနာရှာနှင့်တွေ့ဆုံပြီးဖြစ်သောကြောင့် မြေအောက်စခန်းမှ ပြန်လည်ထွက်ခွာလာခဲ့သည်။

နန်းတော်ရင်ပြင်ရောက်သောအခါ B2ယာဥ်ပျံတစ်စင်းသည် ရင်ပြင်ပေါ်သို့ ဆင်းသက်လာကြောင်း ဂျိတ်တွေ့လိုက်ရသည်။

ထိုယာဥ်ပျံသည် ဦးလေးတက်၏ယာဥ်ဖြစ်သောကြောင့် မထူးဆန်းပေ။

ထူးဆန်းသည်က ယာဥ်တံခါးပွင့်သောအခါမှ ဖြစ်သည်။

"ဘယ်လိုလုပ်ပြီး""ဘယ်လိုလဲ ငါ့မြစ် အံ့သြသွားလား"လေယာဥ်ပေါ်မှ အရင်ဆင်းလာသူသည် သူ၏ဘိုးဘေးကြီး ဇူးစ် ဖြစ်နေသောကြောင့်ဖြစ်၏။

သူ၏ဘိုးဘေးကြီးသည် ယာဥ်ပေါ်မှဆင်းပြီး ဂျိတ်အား အားပါးတရဖက်ပစ်၏။

"ငါ မတားနိုင်ခဲ့ဘူး သူတအားလာချင်နေတာ"

ဦးလေးတက်သည် ယာဥ်ပေါ်မှ မိမိတားသော်လည်း မရကြောင်း ဟူသောအကြည့်မျိုးဖြင့် ဂျိတ်အား ပြောပြ၏။

"အံသြတာပေါ့ ဘိုးဘေးရာ"

မိမိအား အားပါးတရဖက်ထားသော ဘိုးဘေး၏လက်များကို ဂျိတ်မှ အသာယာဖယ်၏။

သူ့အားဖက်ထားသည့် မိမိ၏လက်များကို မြစ်ဖြစ်သူမှ အသာယာပင် ဖယ်လိုက်သောအခါ ဇူးစ်၏မျက်လုံးများ ပိုမိုတောက်ပလာလေသည်။

"ငါ့မြစ် ခွန်အားက သိပ်ကောင်းတယ် သိပ်ကောင်းတယ်"

ဘိုးဘေးကြီးဇူးစ်သည် ဂရိတ်တိုင်းပြည်သို့ ဦးလေးတက်၏လေယာဥ်နှင့် အတူ အလည်ပတ်လာရောက်သည်ဖြစ်သည်။

All Chapters