အခန်း (၄၃၉-၄၄၁)
Vol. 30 Ch. 439-441
(439)လာသောအကြောင်းရင်း
ဘိုးဘေးဖြစ်သူမှ ရောက်ရှိလာသောကြောင့် ဂျိတ်လည်းအနည်းငယ် နေထိုင်ရခက်သွားသည်။
သူသည် ဦးလေးတက်နှင့်ဖခင်ဖြစ်သူကိုသာလျှင် ခင်တွယ်သည်ဖြစ်ပြီး ကျန်သော သူများကိုမှု ရှိသည်ဟူမထင် ဖုတ်လေငပိကဲ့သို့ပင် ဖြစ်သည်။
ဘိုးဘေးဖြစ်သူမှ ရုတ်ခြည်းရောက်ရှိလာသောကြောင့် ဂျိတ်လည်း ပြန်ရန် မတောင်းဆိုတော့ဘဲ ခွင့်ပြုပေးလိုက်ရလေသည်။
"ဦးလေးတက် သူဘယ်နှရက်နေမယ်ပြောလဲ"
"ပျော်သလောက်နေမယ်တဲ့"
ဦးလေးတက်လည်း ဘိုးဘေးဖြစ်သူကို မထိန်းနိုင်သောကြောင်း မိမိလည်းမသိကြောင်းဆို၏။
ထိုချိန်တွင် ဘိုးဘေးသည် အလည်ပတ်မည်ဆိုကာ နန်းတော်ထဲ တစ်ကိုယ်တော် ပတ်ကြည့်ရှုနေသည်။
"တကယ်တမ်း သူဒီကိုလာတာက ကိစ္စနှစ်ခုကြောင့်ပဲ ဟုတ်တယ်"
ဦးလေးတက်သည် ဂျိတ်အား မိမိမျိုးနွယ်စု၌ ဂျိတ်ထွက်သွားစဥ်က ဖြစ်ပျက်ခဲ့သောအကြောင်းများကို အစချီကာ ရှင်းပြလေသည်။
ဘိုးဘေးသည် မျိုးနွယ်စုမှ ထွက်ခွာသွားသည်မှာ နှစ်ငါးဆယ်မက ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သူပြန်ရောက်သောအခါ မျိုးနွယ်စု၏အုပ်ချုပ်မှုပုံစံကို မေးမြန်း၏။
ဆံဖြူကောင်လေးသည် လတ်တလော၌ သူသာလျှင် အုပ်စိုးပြီး ကျန်သော မွေးချင်းများနှင့် ဦးလေးများ၊အဒေါ်များကို သူ၏အာဏာဖြင့် နှိပ်စက်အနိုင်ကျင့်ကြောင်း ကြားရသော ဘိုးဘေးဒေါသထွက်ခဲ့သည်။
ထို့ကြောင့် ဘိုးဘေးသည် ဆံဖြူကောင်လေးအား ကျင့်ကြံမှုချိတ်ပိတ်ပြီး ရတနာနယ်မြေသို့ လွင့်ပစ်လိုက်ကြောင်း ဆို၏။
ရတနာနယ်မြေဟူသည် အလွန်တရာမှ ရက်စက်ကြမ်းတမ်းသော နယ်မြေဖြစ်၏။
ထိုထဲသို့ ဆံဖြူလူငယ်အား ပို့လွတ်လိုက်ခြင်းသည် သေဒဏ်ပေးခြင်းသာဖြစ်ကြောင်း ဆို၏။
ဂျိတ်ထွက်သွားပြီး နောက်ထပ်သော နေ့ရက်များသည် မျိုးနွယ်စုတွင်း၌ များစွာသော ပြောင်းလဲမှုကြီး ဖြစ်စေခဲ့ကြောင်းဆို၏။
မနေ့မှသာ မျိုးနွယ်စု၏ပြောင်းလဲမှုများပြီးဆုံးသောကြောင့် ဘိုးဘေးသည် အနားယူသည်ဖြစ်ကြောင်း၊ ဘိုးဘေးအနားယူကာ၌ စိတ်ပေါ့ပါးစေရန် မိမိမှာ အရက်ပုလင်း ဆက်သလိုက်ကြောင်းထိုအခါ ဘိုးဘေးသည် အလွန်ကြိုက်နှစ်သက်သွားကြောင်းဆို၏။
ထိုစကားကြောင့် ဂျိတ်၏မျက်ခုံးများ မြင့်တက်သွားပြီး
"ဒါဆို သူလာတာ ဦးလေးလက်ချက်ပေါ့"
ဂျိတ်၏အပြောကြောင့် ဦးလေးတက်လည်း
"ငါ့တူရာ အဲ့ဒါဦးလေးအပြစ်ပါပဲ မငြင်းပါဘူး သူဒီကို လာတဲ့အကြောင်းနှစ်ခုဆိုတာ ပထမတစ်ခုကတော့ အရက်နှင့်လေယာဥ်ပဲ နောက်တစ်ခုက ငါလဲမသိဘူး"
ထိုသို့ပြောဆိုနေကြစဥ်
"ဝုန်း...ဝုန်း"
"ဘယ်ကအသံတွေလဲ"
ဦးလေးတက်နှင့် ဂျိတ်သည် ထိုသို့ထွက်ပေါ်လာသောအသံများကြောင့် တွေဝေသွားကြ၏။
"အရှင် ဆရာကျန်းရွှမ်နဲ့ အခုမှ လာတဲ့လူစိမ်းတို့ ချနေကြတယ်ဗျို့"
ကျန်းရွှမ်သည် နန်းတော်၏အနောက်ဘက်၌နေကာ လက်ရှိဦးလေးတက်နှင့် ဂျိတ်တို့သည် နန်းတော်အရှေ့ခြမ်း၌ ရှိ၏။
အစောင့်တစ်ယောက်မှ ဂျိတ်အား သတင်းလာပို့သောကြောင့် ဂျိတ်နှင့် ဦးလေးတက်လည်း အသံလာရာ အကြောင်းကို သိရှိလိုက်ကြသည်။
"ငါ့တူ မြန်မြန်သွားကြရအောင် မင်းသမီးရဲ့ ဆရာလေး မသေခင်"
ဂျိတ်သည် ခေါင်းယမ်းလိုက်ပြီး
"ဘယ်နှယ် ဦးလေးရာ အဲ့ဆရာလုပ်လို့ ဘိုးဘေးမသေရင် တော်တော်ကံကောင်းပြီ"
ဂျိတ်၏စကားကြောင့် ဦးလေးတက်ဆွံအသွားသည်။
ထိုဆရာသည် နန်းတော်ထဲ၌နေပြီး ဂျိတ်၏သမီးလေးအား ပညာသင်ပေးသည်ဟုသာ သူသိထား၏။
ထိုဆရာ၏ကျင့်ကြံမှုအဆင့်ကို သူမမြင်မိချေ။
အမြင့်ဆုံး ရှိလှ ဒိုင်းမွန်းအဆင့်၌ ရှိမည်ဟုသာ ခန့်မှန်းမိသည်။
သို့သော်လည်း ဂျိတ်၏စကားကြောင့် ထိုဆရာအပေါ် သူ၏အမြင်များပြောင်းလဲလာသည်။
"ငါ့တူ သူကအဆင့်ဘယ်လောက်တုန်း"
ဦးလေးတက်နှင့် ဂျိတ်သည် နန်းတော်နောက်ဘက်သို့ ချီတက်လာရင်း စကားမေးလိုက်၏။
"ဦးလေးစိတ်ပိုင်းဆိုင်ရာ အသင့်ပြင်ထားလား"
"ငါ့တူ ဒီမှာ ငါတူနဲ့တွေ့ပြီးကတည်းက ဦးလေးက စိတ်ပိုင်းဆိုင်ရာပြင်ဆင်ပြီးသားပါကွာ"
"ဒါဆိုတော်သေးတာပေါ့ သူက ဘိုးဘေးထက် အဆင့်ကြီးနှစ်ဆင့်မြင့်တယ်"
ထိုစကားက ဦးလေးတက်၏ရင်ဝသို့ သူတောင်းစားတစ်ယောက်က သူခိုးဟု စွပ်စွဲ ပြီး ဆောင့်ကန်လိုက်သည်ပမာ စူးခနဲ နှစ်ဝင်သွားသည်။
"ဂျိတ်....မင်းပြောတာ မှားနေလား အဆင့်သေးဟုတ်တယ် မလား"
"ကျနော်ပြောတာမမှားဘူး အဆင့်ကြီး...အဆင့်ကြီးနှစ်ဆင့်"
ထိုစကားကြောင့် ဦးလေးတက် ရင်ဘတ်ထဲ ဆောက်တည်ရာမရဖြစ်သွားသည်။
အဆင့်ကြီးနှစ်ဆင့်ဆိုပါက စစ်သည်တော်ကုန်းမြေ၌ ပြိုင်စံရှားဟု သတ်မှတ်နိုင်သောကြောင့်ဖြစ်သည်။
ထိုလိုအဆင့်ရှိသူက မိမိတူ၏သမီးလေးအား စာသင်နေပေးသည်ဆိုသည်က မည်သို့မျှ ယုံကြည်နိုင်ဖွယ်မကောင်းနေပေ။
"ဟူး တော်သေးတယ် ဘိုးဘေးမသေသေးဘူး"
ဂျိတ်သည် မိမိရှေ့မှ မြင်ကွင်းကြောင့် သက်ပြင်းချပြောလိုက်သည်။
ဦးလေးတက်လည်း ရှေ့က ဂျိတ်ပြောသောစကားများကြောင့် တုန်လှုပ်သွားသော မိမိ၏စိတ်ကို ပြန်လည်ထိန်းသိမ်းပြီး အလွန်မင်းခုန်နေသော နှလုံးရှိရာ ရင်ဘတ်သို့ အသာလေးဖိပြီး ရှေ့ကို ကြည့်လိုက်သည်။
"ဟိုက်ရှားပါး "
နယ်မြေကြီးဖော်ထုတ်ထားသော ဘိုးဘေးကို ဂျိတ်နှင့် အရွယ်တူ ကောင်လေးတစ်ယောက်မှ ကြိမ်လုံးဖြင့် ဖိနှိပ်ထားသောကြောင့်ဖြစ်သည်။
တိုက်ပွဲတိုင်းအား အနိုင်ယူလာသော ဘိုးဘေးသည် လက်ရှိအခြေနေ၌ ဆရာတစ်ယောက်၏ကြိမ်လုံးကြောင့် ခေါင်းပင် ဖော်နိုင်ခြင်းမရှိသည်အထိ အရိုက်ခံနေရသည်ဖြစ်သည်။
"ကျန်းရွှမ် ဘာတွေဖြစ်နေတာလဲ"
ဂျိတ်၏အမေးကြောင့် ကျန်းရွှမ်လည်း
"အေး ဂျိတ် ဒီလူအိုကြီးကလေ ငါထားထားတဲ့ ငါ့ရဲ့ဝိုင်ကို အတင်းယူသောက်ဖို့ လုပ်တာဟေ့ ငါက မတိုက်နိုင်ဘူးပြောတော့ ငါ့ကို တိုက်ခိုက်ပါလေရောလား"
ကျန်းရွှမ်သည် ဂျိတ်အား မိမိကြုံတွေ့ရသည်ကို ပြောပြလိုက်၏။
ဖြစ်စဥ်အား သိသွားသောအခါ ဂျိတ်နှင့် ဦးလေးတက်တို့သည် ဘိုးဘေးကြီးအား ကြည့်လိုက်ကြသည်။
ကြည့်ရသည်မှာ ဘိုးဘေးသည် ကျန်းရွှမ်၏ကြိမ်လုံးကြောင့် ခေါင်းငုံသည်အထိ အတိုက်ခံလိုက်ရသည်မဟုတ်ဘဲ မိမိတို့အား မြင်မည်စိုးသောကြောင့် ရှက်ပြီး ခေါင်းငုံနေခြင်းသာဖြစ်ကြောင်း တွေ့လိုက်ရသည်။
"ကျန်းရွှမ် တောင်းပန်ပါတယ် သူက ငါရဲ့ဘိုးဘေး အဘေးလေ"
ထိုစကားကြောင့် ကျန်းရွှမ်လည်း ရှက်သွားပြီး အားနာသွား၏။
သူသည် ဂျိတ်၏ဘိုးဘေးအား မညှာမတာ ကြိမ်လုံးဖြင့် အားပါးတရ ဆော်မိသောကြောင့်ဖြစ်သည်။
ကြိမ်လုံးကိုင်ပြီး ဂျိတ်သောင်းကြမ်းတုန်းက သူဆူပူခဲ့ပြီး ယခုအခါ သူအလှည့်ရောက်လာမည်ဟု မထင်မှတ်မိပေ။
"ဘိုးဘေးရှက်မနေနဲ့ ဘိုးဘေးရှုံးတာ ရှက်စရာမဟုတ်ဘူး ကျနော် ဘိုးဘေးလိုချင်တဲ့အရက်တွေလည်းပေးပါမယ်"
"ရှက်သင့်တာပေါ့ ငါလိုတိုက်ပွဲတိုင်း တိုက်ပြီး နိုင်တာတဲ့သူက ငါ့ထက်တော်တော်လေးငယ်ပြီး စစ်သည်တော်မဟုတ်တဲ့ ဆရာတစ်ယောက်ကို ရှုံးသွားတာလေ"
ဘိုးဘေးသည် မိမိအဖြစ်အား လက်မခံနိုင်သော အပြောမျိုးဖြင့် ပြော၏။
"ဘိုးဘေး ဒါမျိုးတွေ တွေးမနေနဲ့ သူက ဘိုးဘေးထက် အဆင့်ကြီးနှစ်ဆင့် မြင့်တယ် ဘိုးဘေးရှုံးတာ ရှက်စရာမဟုတ်ဘူး"
ဂျိတ်၏စကားကို သူကြားသည်နှင့် ချက်ချင်းပင် အားငယ်နေရာမှ ရဲရင့်သော ဟန်ဖြင့်
"ဒါဆို ငါမျက်နှာမငယ်တော့ဘူး မင်းလဲ ငါ့ကို ရိုက်ပြီးပြီဆိုတော့ မင်းဝိုင်ကို ငါယူသွားတော့မယ်"
ဘိုးဘေးသည် ရုပ်တည်ကြီးဖြင့် ကျန်းရွှမ်၏ဝိုင်အား ယူချသွားတော့သည်။
ကျန်းရွှမ်လည်း ယူသွားသည်ကို မတားတော့ သူ့အား ဂျိတ်မှ ထိုဝိုင်အား ထပ်မံပေးပါမည်ဟု စိတ်ချင်းဆက်သွယ်ကာ ပြောဆိုလာသောကြောင့်ဖြစ်သည်။
ဂျိတ်လည်း ဦးလေးတက်နှင့် ဘိုးဘေးအား နန်းတော်၏အခန်းတစ်ခန်းသို့ ခေါ်ဆောင်လိုက်သည်။
ထို့နောက် အခန်းထံ၌ ရောက်သောအခါမှသာ
"ဘိုးဘေး ကျနော်ဆီလာတာ အရက်နှင့်လေယာဥ်ကြောင့်ပဲတော့ မဟုတ်ပါဘူးနော်"
ဂျိတ်၏အမေးကြောင့် ဘိုးဘေးလည်းသောက်လက်စ ဝိုင်အား လက်စသတ်လိုက်ပြီး
"အစကတော့ ခန့်မှန်းမိလို့ ဖြစ်နိုင်မလားလို့ဆိုပြီးတာ အခုတော့ ဟိုဆရာကို မြင်ပြီး ဖြစ်နိုင်တယ်လို့ ငါယုံကြည်သွားပြီ"
အကျိုးကြောင်းမဆက်စပ်သော စကားကို ဘိုးဘေးဆိုရင်း
"ကောင်လေး ဒီကိစ္စကို မင်းကနေသူ့ကိုပြောပြီး ကူညီခိုင်းပါလား အရေးကြီးတယ်"
ဂျိတ်လည်း
"ကောင်းပြီ ဘာကိစ္စလည်း"
"စစ်သည်တော်ကုန်းမြေရဲ့ဖုံးကွယ်နေတဲ့အမှန်တရား"
(440)အချိန်ရောက်ပြီ
"အဲ့ဒါက လေဟာနယ်အပေါက်ကိစ္စလား"
"မင်းဘယ်လိုသိလဲ"
ဂျိတ်၏စကားကြောင့် ဘိုးဘေးဖြစ်သော ဇူးစ်တစ်ယောက်အလွန် တုန်လှုပ်သွားသည်။
ထိုကိစ္စကို မျိုးနွယ်စုတိုင်း၏အဆင့်မြင့်ဆုံး လူများသာသိရှိကြသည်ဖြစ်ပြီး ထုတ်ဖော်မပြောရန် သတ်မှတ်ထားသောကြောင့်ဖြစ်သည်။
"ဆရာပြောပြတယ်လေဗျာ"
ထိုအခါမှ ဦးလေးတက်၏ပုံပြင်ကို ဇူးစ်မှ ပြန်လည်နားယောင်မိလာသည်။
ဂျိတ်ယခုလိုသန်စွမ်းလာသည့်အကြောင်းသည် ဂျိတ်သည် ဆရာသမားတစ်ယောက်ဖြင့်ဆုံခဲ့ဖူးကြောင်းဆိုသော ဂျိတ်၏ ယုံယမ်းပြောသောပုံပြင်ကို နားထောင်ဖူးသော ဦးလေးတက်မှ ဘိုးဘေးအား တစ်ဖန် ပြန်လည်ပြောပြထားသောကြောင့်ဖြစ်သည်။
"ဒါကြောင့်ကိုး အခုက ပြသနာကြီးတက်နေလို့ မင်းဆရာမဟုတ်ရင် မင်းသမီးလေးကို စာသင်ပေးနေတဲ့ဆရာရဲ့အကူညီလိုတယ်"
ဇူးစ်သည် ကွေ့ဝိုက်နေခြင်းမရှိ မိမိလိုအပ်သောအကူညီကို တောင်းလိုက်သည်။
ဂျိတ်သည် အဘယ်ကြောင့် ဘိုးဘေးသည် ထိုသို့ဖြစ်နေရခြင်းကို ကောင်းစွာသဘောပေါက်ပြီးဖြစ်သည်။
ဘိုးဘေးပြောသော ရတနာနယ်မြေသည် တကယ်တမ်းအားဖြင့် မျိုးနွယ်စုများနေထိုင်သော ရှေးဟောင်းနယ်မြေ၏အဆုံးစွန်သောနယ်မြေကို ဆိုလိုသည်ဖြစ်သည်။
ထိုရတနာနယ်မြေသည် နာမည်နှင့်လိုက်အောင်ပင် အဖိုးတန်ရတနာများစွာ ပေါကြွယ်ဝ၏။
ရတနာများပေါကြွယ်ဝသလို အန္တရာယ်လည်း လွန်စွာများ၏။
ရတာနာမြေကို ရှေးဟောင်းမြေဟုလည်း ခေါ်နိုင်သည်။
အဆင့်နိမ့်သောသားရဲတစ်ကောင်သည် မာစတာအဆင့်နှင့် နီး၏။
ထိုနယ်မြေသို့သွားလိုပါက မာစတာအဆင့်ရောက်ရှိပြီးမှသာလျှင် သွားရောက်နိုင်သည်အထိ အန္တရာယ်များသော နယ်မြေဖြစ်သည်။
ထိုနယ်မြေထဲသို့ ဆံဖြူလူငယ်အား ပို့လိုက်ခြင်းသည် သေခြင်းတရားထံသွားပို့သည်နှင့်ပင် တူသည်ဖြစ်သည်။
ထိုနယ်မြေ၌ ဘိုးဘေးအကူညီတောင်းရခြင်းဖြစ်စဥ်သည်လည်း တည်ရှိနေသည်ဖြစ်သည်။
ထိုနယ်မြေ၏အဆုံးစွန်နေရာ၌ လေဟာနယ်ဟင်းလင်းပြင်ပေါက်ကြီးတစ်ခုရှိ၏။
ထိုလေဟာနယ်မှနေ၍ ငရဲကမ္ဘာမှ ငရဲသတ္တဝါများသည် စစ်သည်တော်ကုန်းမြေအား ကျူးကျော်ရန် လာရောက်တတ်လေ့ရှိသည်။
ထိုသို့လာရောက်တတ်လေ့ရှိသောကြောင့် ရှေးဟောင်းဖိုက်တာမျိုးနွယ်စုမှ လူများသည် ထိုနယ်မြေထဲသို့ သွားရောက်ပြီး ထိုလေဟာနယ်ကို စောင့်ကြပ်ကြရသည်ဖြစ်သည်။
ဘိုးဘေးဒဏ်ရာရရှိသည့်အကြောင်းရင်းမှာလည်း ထိုလေဟာနယ်မှ ထွက်ပေါ်လာသော အရာကြောင့်ဖြစ်သည်။
ထိုအရာကြောင့် လေဟာနယ်အား စောင့်ကြပ်နေကြသော ရှေးဟောင်းဖိုက်တာမျိုးနွယ်စုမှ လူတိုင်း သေဆုံးပြီး ဘိုးဘေးတစ်ယောက်သာလျှင် ကံကောင်းထောက်မှစွာဖြင့် အသက်ရှင်ကာ ပြန်လည်ရောက်ရှိလာသည်ဖြစ်သည်။
ဘိုးဘေးအကူညီတောင်းရခြင်းသည် ထိုဂိတ်အား အချိန်တစ်ခုမှ စောင့်ကြပ်ပေးပါရန်နှင့် မိမိအား သေလုနီးပါးအထိ တိုက်ခိုက်သွားသော အရာကို ရှာဖွေသတ်ဖြတ်ပေးပါရန်ဖြစ်သည်။
ဘိုးဘေး၏တောင်းဆိုမူသည် အလွန်တရာမြင့်မားကြောင်း ဦးလေးတက်လည်း သိ၏။
ထို့ကြောင့် ဘိုးဘေးအား ပြောရာတွင် ထိုသို့စေခိုင်းသောအဖိုးခအနေဖြင့် မိမိမျိုးနွယ်စုတစ်ဝက်ပင် ပေးချေလိုသော ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြား၏။
ထိုသို့သောဆန္ဒကြောင့် ဦးလေးတက်ပင် တုန်လှုပ်သွား၏။
"ဘာကြောင့် ဒီလိုလုပ်ချင်ရတာလဲ"
"ဘာလို့လဲဆို ဒီကောင်တွေ လေဟာနယ်ထဲက ထပ်ထွက်လာတာကို ငါတို့မတားနိုင်ရင် စစ်သည်တော်ကုန်းမြေတစ်ခုလုံးသေကုန်ကြလိမ့်မယ်... အဲ့အစားငါ့မျိုးနွယ်စုတစ်ဝက်အခကြေးငွေပေးရတာက တန်ပါတယ်"
ဘိုးဘေး၏စကားကြောင့် ဂျိတ်၏ရင်ထဲ လေးစားမှုများပေါ်လာသည်။
ဇူးစ်သည် ရိုးသားပြီးမှန်ကန်သော စိတ်ထားကို ပိုင်ဆိုင်ပြီး စွန့်လွတ်အနစ်နာခံရဲကြောင်း သိရှိလိုက်ရ၏။
စစ်သည်ကုန်းမြေတွင် လက်ရှိနေထိုင်နေသော အင်ပါယာနယ်မြေများထက် ရှေးဟောင်းမျိုးနွယ်စုနယ်မြေများသည် ချာက္ကရာသိပ်သည်းဆ လေးဆအထိ များပြား၏။
ထိုသို့သော အားသာချက်ကိုသာ အင်ပါယာရှိလူများက မြင်တက်ကြ၏။
သူတို့မသိသည်က ထိုရှေးဟောင်းမျိုးနွယ်စုနယ်မြေများသည် လေဟာနယ်မှ ငရဲသတ္တဝါများ ကျူးကျော်တိုက်ခိုက်သည့်အခါ အရင်သေဆုံးကြရမည့် စတေးခံနယ်မြေများ ဖြစ်သည်ကိုပင်။
"မဖြစ်နိုင်ဘူး ဘိုးဘေး ကျနော့်ဆရာကလဲ မအားသလို သူကလဲမအားဘူးဗျ လေဟာနယ်ကိုစောင့်ကြပ်ပေးဖို့က အချိန်ကြာလွန်းတယ်"
ဂျိတ်၏စကားကြောင့် ဘိုးဘေးမျက်နှာညိုးငယ်သွား၏။
သို့သော် နောက်ထပ်သော ဂျိတ်၏စကားကြောင့် ဘိုးဘေးမျက်နှာ ဝင်းပလာသည်။
"ဘာလို့လေဟာနယ်ကို စောင့်ကြပ်နေဦးမှာလဲ တစ်ခါတည်းပိတ်လိုက်ကြတာမကောင်းဘူးလား"
ဂျိတ်၏အတွေးကားရှင်း၏။
ထိုလေဟာနယ်အား စောင့်ကြပ်နေမည့်အစား တစ်ခါတည်းပိတ်လိုက်သည်က အချိန်ကုန်သက်သာပြီး အန္တရာယ်ကင်းဝေးသည်ဖြစ်သည်။
ဂျိတ်၏စကားကြောင့် ဘိုးဘေးလည်း ကျေးဇူးတင်သွား၏။
ဂျိတ်အား မိမ်နှင့်တန်းတူအုပ်ချုပ်ရန် ရှေးဟောင်းမျိုးနွယ်စုထံ ပြန်လာရန် စည်းရုံးလေ၏။
ဂျိတ်ကတော့ ကူညီယုံသာဖြစ်ပြီး မလာရန် ငြင်းငယ်၏။
ဂျိတ်သည် ဘိုးဘေးအား နောက်ထပ်တစ်ကြိမ်ကူညီရန် ဂျိတ်ဆုံးဖြတ်လိုက်ပြီးမှ စနစ်အား မေးမြန်းလိုက်၏။
("အဲ့လေဟာနယ်ဘယ်နှပေါက်ရှိလဲ")("သုံးပေါက်ရှိပါတယ် တစ်ပေါက်စီတိုင်းကို ရှေးဟောင်းမျိုးနွယ်စုတွေဖြစ်တဲ့ လှံစစ်သည်တော်၊ဓားစစ်သည်တော်၊ဖိုက်တာစတဲ့ မျိုးနွယ်စုတွေက စောင့်ကြပ်ပါတယ်")
"ရှစ်"
ကတိပေးပြီးမှ မိမိအမှားဖြစ်ကြောင်း ဂျိတ်သိရှိလိုက်ရလေ၏။
...×.....×....×...×....×....×...×..×
"အရှင် ကျမကို စောစောစီးစီး ဘာလို့မပြောတာလဲ"
တာနာရှာသည် ဂျိတ်အား မိမိဆေးရုံမှ ဆင်းလာသည်နှင့် ချက်ချင်းပင် အပြစ်တင်၏။
"မင်းငါ့ကို မေးလို့လား"
ဂျိတ်သည် မိမိသောက်လက်စရေနွေးကို တစ်ကျိုက်လောက် သောက်ပြီး ပြောလိုက်၏။
"နောက်ပြီး မင်းရဲ့ဆုလာဒ်က ပြောင်းလို့မရတော့ဘူးနော်"
ဂျိတ်အား တာနာရှာသည် အပြစ်တင်ပြောဆိုရုံမှတစ်ပါးမလုပ်နိုင်တော့ပေ။
သူမသည် လွန်ခဲ့သော နှစ်ရက်၌ ဂျိတ်၏ခွင့်ပြုချက်ရသောအခါ ဝမ်းသာအားရဖြင့် ဂျပ်ပစီယေဂါကြီးထံသို့ ပြေးထွက်သွား၏။
ဂျိတ်၏ခွင့်ပြုချက်ကြောင့် သူမသည် ယေဂါကြီး၏ထိန်းချုပ်ခန်းဖြစ်သော ဦးခေါင်းပိုင်းသို့ ဝင်ခွင့်ရရှိသွားလေသည်။
ခေါင်းခန်းထဲရောက်သောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် တာနာရှာပင် အလွန်ရင်သပ်ရှုမောဖြစ်သွားရ၏။
ဦးခေါင်းခန်း၌ အလွန်မြင့်မားသောနည်းပညာများဖြင့် ပြုလုပ်ထားသော ခေါင်းဆောင်း ဦးထုပ်တစ်လုံးသည် ခန့်ညားထည်ဝါစွာ ရှိနေ၏။
ထိုဦးထုပ်သည် ယေဂါကြီးအား မောင်းနှင်နိုင်ရန် အရေးပါသော အဓိက ပစ္စည်းဖြစ်သည်။
ထိုဦးထုပ်သည် တာနာရှာ၏ အာရုံကြောနှင့် ဆက်သွယ်ပေးမည့် အကူကိရိယာတစ်ခုလည်း ဖြစ်သည်။
ထိုခေါင်းဆောင်းဦးထုပ်အား တာနာရှာသည် အသက်သွင်းပြီး သူမ စွပ်လိုက်သည်။
ထိုအခါ ဦးထုပ်သည် တာနာရှာ၏ဦးခေါင်းထဲသို့ယေဂါတစ်ကောင် မောင်းနှင်ရန်လိုအပ်သော အချက်လက်များအား တိုက်ရိုက်ထည့်ပေးလိုက်သည်။
ထို့ပြင် တာနာရှာ၏ကိုယ်ပေါ်သို့ ယေဂါ၏ဖိအားက ကျရောက်လာသည်။
တာနာရှာမသိသည်မှာ ဂျပ်ပစီယေဂါမောင်းနှင်ရန်အတွက် သတ်မှတ်ချက်များရှိသည်ဆိုသည်ပင်ဖြစ်သည်။
ယေဂါအား တစ်ယောက်တည်းမောင်းနှင်နိုင်ရန်အတွက် ဒိုင်းမွန်းအဆင့်ရှစ်ရှိသော စစ်သည်တစ်ယောက်ဖြစ်ရန်လို၏။
ပုံမှန်ဆိုလျှင် ယေဂါသည် ကြီးမားသောကြောင့် စိတ်တူကိုယ်တူ လူသားနှစ်ယောက်မောင်းနှင်ရန် လိုအပ်သည်။
ယေဂါ၏အာရုံကြောစနစ်သည် ကြီးမားသောကြောင့် တစ်ယောက်တည်းဖြင့် မလုံလောက်သောကြောင့် နှစ်ယောက်မောင်းနှင်ရသည်ဖြစ်သည်။
သို့သော် ဂျိတ်သည် စစ်သည်တော်ကုန်းမြေ၌ရှိနေသောကြောင့် မိမိယူဆောင်လာသော ယေဂါအား မောင်းနှင်ရန် ပြောင်းလဲလိုက်သည်ဖြစ်သည်။
ထိုပြောင်းလဲမှုကြောင့် ယေဂါသည် ပုံမှန်ရှိနေသော စွမ်းအင်ထက် အဆများစွာ သန်မာအစွမ်းထက်သွားသည့်အပြင် ပိုမိုကြမ်းတမ်းသော တိုက်ခိုက်ရေးစစ်သည်ပမာဖြစ်သွားသည်။
ထိုသို့ပြောင်းလဲမှုနှင့်အတူ မောင်းနှင်ရန်လည်း တစ်ယောက်တည်းလိုအပ်သည်ဖြစ်သည်။
တစ်ယောက်တည်းမောင်းနှင်နိုင်သော်လည်း မောင်းနှင်ရမည့် စစ်သည်၏အဆင့်ကိုလည်း တိုးမြင့်သတ်မှတ်လိုက်သည် ဖြစ်သည်။
ဒိုင်းမွန်းအဆင့်ရှိ စစ်သည်တော်မှသာလျှင် ယေဂါ၏ပေးပို့သောအချက်လက်အား ဦးနှောက်မှ ခံနိုင်ရည်ရှိမည်ဖြစ်ပြီး ယေဂါ၏သတ်မှတ်ထားသော စွမ်းအင်ဖိအားကိုလည်း စစ်သည်တော်မှ ခံနိုင်ရန်ရှိမည်ဖြစ်သည်။
ဂန်ဒမ်မောင်းနှင်ထားသောကြောင့် ပန်းနေသော တာနာရှာသည် ယေဂါဦးထုပ်ဆောင်းလိုက်သောအခါ ယေဂါ၏ဖိအားနှင့် များပြားလှသောအချက်လက်များကို တစ်ချိန်တည်းခံစားလိုက်ရသောကြောင့် မေ့လဲ သွားခဲ့ရသည်ဖြစ်သည်။
"ကောင်းပြီ ကျမအဲ့အဆင့်ရောက်အောင် လုပ်ပြီးမှ မောင်းမယ်"
ထိုသို့ပြောဆိုပြီး တာနာရှာသည် မိမိစစ်သည်အဆင့်တက်နိုင်ရန် ထွက်ခွာသွားလေသည်။
ဂျိတ်လည်း သူမကို ကြည့်ကာ ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး
"ကဲ လေဟာနယ်ပေါက်သွားပိတ်ချိန် ရောက်ပြီ"
(441) မမျှော်လင့်သောအဖြစ်ပျက်
"သွားကြမယ်"
ဂျိတ်သည် မသွားခင် သမီးလေး၏နဖူးအား နမ်းလိုက်၏။
ထိုအနမ်းကြောင့် သမီးလေးမှာ သဘောကျပြီး ရယ်ကာ ကျန်းရွှမ်ထံသို့ စာသင်ယူရန် ထွက်ခွာသွားသည်။
"ငါ့ကိုလည်း နမ်းခိုင်းလေ"
"မရဘူး"
ဘိုးဘေးကြီး၏စကားကို ဂျိတ်ကော ကျန်းရွှမ်ပါ တစ်ပြိုင်တည်းငြင်းလိုက်ကြသည်။
သူသည် ဂရန်းမာစတာအဆင့်သို့ တက်ရောက်သည်မှာ မကြာသေးသောကြောင့် သူ၏ကိုယ်၌ မိုးကြိုးများက တစ်ခါတစ်ရံ ထိန်းချုပ်၍မရသည့်အခါ အပြင်သို့ ထွက်လာတတ်သောကြောင့်ဖြစ်သည်။
ထိုမိုးကြိုးများကြောင့် အယ်မလီလေး ထိခိုက်သွားမည်ကို ကျန်းရွှမ်ကော ဂျိတ်ပါ အလိုမရှိပေ။
"ဒါဆိုလည်းနောက်မှပေါ့"
ဘိုးဘေးကြီးသည် အငယ်နှစ်ယောက်၏ငြင်းဆိုမှုကြောင့် အကြပ်ရိုက်သည်ကို ဦးလေးတက်မြင်သောအခါ ရယ်ချင်စိတ်အား မနည်းမျိုသိပ်ထား၏။
မျိုးနွယ်စု၏ကြမ်းပေ့ကြီးက ယခုအခါ အဖက်လုပ်ခြင်းမခံရသည့်အပြင် အငြင်းခံထားရသောကြောင့် ဖြစ်သည်။
"သွားကြမယ်"
ဂျိတ်သည် ဦးလေးတက်၊ဘိုးဘေးကြီးနှင့် လှံနတ်ဆိုး ခရွန်ကိုပါ မိမိ၏ယာဥ်ပေါ်သို့ ခေါ်လိုက်၏။
လက်ရှိနန်းတော်ရင်ပြင်၌ အလွန်တောက်ပြောင်သော သတ္ထုစပ်များဖြင့်ပြုလုပ်ထားသော ရက်စက်ဟန်ရှိသော လေယာဥ်ကြီးတစ်စင်းတည်ရှိသည်။
ထိုယာဥ်အား အသုံးပြုကာ လေဟာနယ်အပေါက်သွားရောက်ပိတ်ရန် ဂျိတ်စဥ်းစားထားသည်ဖြစ်သည်။
အားလုံး လေယာဥ်ပေါ်သို့ ရောက်ရှိသည်နှင့် ချက်ချင်းပင် လေယာဥ်အား ပျံတက်လိုက်သည်။
"ဝုန်း"
ပြင်းထန်သော တွန်းကန်အားနှင့်အတူ လေယာဥ်ပျံသည် တောက်ပသောကြယ်တစ်စင်းအသွင်ပြောင်းလဲကာ အဝေးသို့ ပျံသန်းသွားလေတော့၏။
ဂျိတ်တို့ထွက်ခွာလာသည်မှာ ညနေစောင်းအချိန်ပင်ဖြစ်၏။
"လခွမ်း"
ဘိုးဘေးသည် အံသြလွန်းသောကြောင့် ပါးစပ်ကြီးဟလျက်ရှိနေသည်။
သူသည် မြေးဖြစ်သူ တက်၏လေယာဥ်စီးသောအခါ မြန်သောအရှိန်ကြောင့် အံအားသင့်ခဲ့ရသည်။
မြစ်ဖြစ်သူ၏လေယာဥ်အား စီးနင်းသောအခါမှ ထိုအမြန်နှုန်းသည် မပြောပလောက်ကြောင်း သိရှိသွားရသည်။
"တည်နေရာလေးပေးပါ"
ဘိုးလေးလည်း ဂျိတ်တောင်းဆိုမှုကြောင့် တည်နေရာပြောပြလိုက်၏။
ပြောပြလိုက်သော တည်နေရာအား လေယာဥ်၏သွားရမည့်လမ်းကြောင်းစနစ်၌ ထည့်သွင်းပြီး ရောက်ရှိရန် နေရာကို အတည်ပြုလိုက်သည်။
"ငါ့ကို ဒီတစ်စီးပေးပါလား"
"မပေးရဲဘူး ဒီလေယာဥ်အစွမ်းထက်လွန်းတယ်"
ဂျိတ်သည် ထိုလေယာဥ်ကို ဘိုးဘေးအား မပေးရဲပေ။
ထိုလေယာဥ်သည် အာသာအထိ မောင်းနှင်နိုင်သည့်အပြင် အမြန်နှုန်းလည်း များစွာမြန်ဆန်၏။
စိတ်ပါလျှင် အလင်းနှစ်သွားနှုန်းပါ ပျံသန်းနိုင်သည်ဖြစ်၏။
နောက်တစ်ချက်က ကြောက်မက်ဖွယ် လက်နက်များအား လေယာဥ်ထဲ၌ သိုလှောင်ထားသောကြောင့် ဖြစ်သည်။
"ဒါဆို ငါ့မြေးတက်ကို ပေးထားတဲ့ယာဥ်လိုဆိုရင်ကော "
"ဒါဆိုရင်တော့ ပေးနိုင်ပါတယ်"
ဘိုးဘေးလည်း ဂျိတ်နှင့် လေယာဥ်ရရန် ပြောဆိုပြီး ရရန်သေချာသောအခါမှသာ ဝမ်းသာသောအပြုံးဖြင့် ဂျိတ်၏အနားမှ ထွက်ခွာသွားလေ၏။
ထို့နောက် အရက်ပုလင်းထောင်ကာ ဝိုင်းဖွဲ့နေသော လှံနတ်ဆိုးနှင့် ဦးလေးတက်အနားသို့ ရောက်ရှိသွားကာ သူကိုယ်တိုင်ပါဝင် စားသောက် လေ၏။
သူတို့ဝိုင်းဖွဲ့နေသောကြောင့် ဂျိတ်လည်း လေယာဥ်၏အရှိန်အား တွက်ချက်ပြီး ခေတ္တမျှ လျော့ချလိုက်သည်။
ထို့ကြောင့် လေဟာနယ်ရှိရာအားရောက်ရှိရန် တစ်နာရီမျှ ကြာအောင် ပျံသန်းပြီးသောအခါမှသာ ရောက်ရှိခဲ့ကြလေသည်။
"ရောက်ပြီဆင်းကြမယ်"
လေယာဥ်လည်း မြေပြင်ပေါ်သို့ ရောက်ရှိသောအခါ တံခါးအား ဖွင့်လိုက်သည်နဲ့ ထွက်လာလိုက်ကြသည်။
လှံနတ်ဆိုး၊ဦးလေးတက်၊ဘိုးဘေးနှင့် ဂျိတ်တို့သည် ပတ်ဝန်းကျင်အခြေနေကို ကြည့်ရှုလိုက်ကြသည်။
နေရာတစ်ခုလုံး မီးကျွမ်းရာများနှင့်အပိုင်းပိုင်းအစစဖြစ်နေသော သစ်သားချောင်းများကိုသာတွေ့ရလေသည်။
နောက်ပြီး ပြာပုံများကြား၌ ထိုးထွက်နေသော လူအရိုးများကိုလည်း တွေ့ရ၏။
"ဒါက ငါတို့ဖိုက်တာမျိုးနွယ်စုစောင့်ကြပ်ရာနေရာလေ စခန်းချအနားယူရာ နေရာဖြစ်ခဲ့တာပေါ့"
ဘိုးဘေး၏စကားကြောင့် ဦးလေးတက်နှင့် လှံနတ်ဆိုးလည်း ဆွံအသွား၏။
မာစတာအဆင့် စစ်သည်များအနားယူရာ နေရာသည် ထိုမျှ ပျက်စီးသွားသောကြောင့်ဖြစ်သည်။
ရန်သူသည် တစ်ယောက်တည်းဖြစ်သော်လည်း လက်ရှိမြင်ကွင်းကို မြင်ရသောအခါ မည်မျှအထိ အစွမ်းထက်ကြောင်း ဂျိတ်ခံစားမိသည်။
ဘိုးဘေးကြီးတစ်ယောက်တည်းမှ လွှဲ၍ကျန်သော သူများအားလုံးသေဆုံးကြရသည်အထိ အစွမ်းထက်သော ရန်သူသည် မည်သို့ပုံစံရှိကြောင်းပင် သိချင်စိတ်ဖြစ်ပေါ်လာသည်။
"ငါ့မြေးတက် ဒီအရိုးပြာတွေ သွားစုဆောင်းချေ သူတို့ကို ငါတို့မျိုးနွယ်စု သချိုင်းမှာ အနားယူခိုင်းရမယ်"
ဘိုးဘေး၏စကားမပြောလျှင်ပင် ဦးလေးတက်သည် ထိုအရိုးစုများ အရိုးပြာများ ရှာဖွေနေပြီဖြစ်သည်။
ထိုသေဆုံးသူများသည် သူ၏ဆွေမျိုးရင်းချာများဖြစ်သော ဦးလေး၊အဒေါ်များဖြစ်သောကြောင့် ဖြစ်သည်။
ဂျိတ်လည်း မနေသာတော့သည့်အတွက်ကြောင့် မိမိလည်း ဦးလေးတက်နှင့်အတူ လိုက်လံရှာဖွေပေးလိုက်သည်။
နာရီဝက်မျှ ကြာသောအခါ ရှာဖွေခြင်းမှာ ပြီးစီးသွားခဲ့ပြီဖြစ်သည်။
ဦးလေးတက်လည်း တွေ့နိုင်သမျှသော အရိုးစုများ၊ပြာများကို ရှာဖွေ သိမ်းဆည်းပြီးသည်ကို ဂျိတ်တွေ့သောအခါ လေဟာနယ်ရှိရာသို့ ဥိီးတည်သွားလိုက်ကြသည်။
ကြာကြာမသွားလိုက်ရ ဆယ့်ငါးမိနစ်မျှကြာသောအခါ လေဟာနယ်ဟူသော ဝင်ပေါက်ကို တွေ့ရှိလိုက်ရလေသည်။
"ဒီဟာပဲ"ဘိုးဘေးညွှန်ပြရာသို့ ကြည့်သောအခါ ရှစ်ပေမျှကျယ်သော လေဟာနယ်အက်ကွဲကြောင်းကို တွေ့ရလေသည်။
၎င်းသည် မြေပြင်ထက်နှစ်ပေမှစတင်ကာ တည်ရှိနေပြီး လေဟာနယ်ထဲ၌ နီရဲနေကြောင်း တွေ့ရသည်။
("လက်စသတ်တော့ ငရဲကမ္ဘာနှင့် ဆက်သွယ်နေတာကိုး")
ဂျိတ်သည် လေဟာနယ်အား ကြည့်ပြီးသည်နှင့် မည်သည့်နေရာ၌ ချိတ်ဆက်ထားကြောင်း သိရှိလိုက်သည်။
လေဟာနယ်ပိတ်ပင်ရန် နည်းလမ်းများရှိ၏။
ပထမနည်းသည် လေဟာနယ်စွမ်းအင်ရှိသော နတ်ဘုရားအဆင့်စစ်သည်တစ်ယောက်မှ ပိတ်ပင်ရန်ဖြစ်ပြီး နောက်တစ်ခုသည် ထိုထက်အဆင့်မြင့်သော စစ်သည်တော်မှ အတင်းကြပ်ဖိသိပ် ပိတ်ပင်ခြင်းဖြစ်သည်။
ဂျိတ်ကတော့ အဆောင်စာရွက်ဖြင့် လေဟာနယ်ပိတ်ပင်ရန် ကြံရွယ်ထားသည်။
လေဟာနယ်ကို မည်သို့ ပိတ်ရန်လည်း အစီစဥ်ပါ တစ်ခါတည်း ဆွဲလာပြီးလည်းဖြစ်သည်။
မည်သည့်နေရာမှ ရလာသနည်းမေးလာပါကလည်း မိမိ၏ဖန်တီးထားသော ဆရာသခင်ပေးကြောင်း ဆိုလိုက်ရုံသာဖြစ်သည်။
ဂျိတ်သည် ရွှေရောင်အက္ခရာများရေးဆွဲထားသော အဆောင်စာရွက်တစ်ရွက်ကို ထုတ်လိုက်ပြီး ဂါထာမှုန်းမှုတ်လိုက်သည်။
ထိုအခါ အဆောင်စာရွက်သည် အလင်းတန်းများတောက်ပလာပြီး စာရွက်တစ်ခုလုံး အလင်းတန်းများဖြင့် ပြည့်နှက်သွားသည်။
ထိုအခါ အဆောင်စာရွက်သည် စတင်နှိုးထလာပြီး အသုံးပြု၍ ရနိုင်ပြီဖြစ်သည်။
ဘိုးဘေး၊ဦးလေးတက်နှင့် လှံနတ်ဆိုးတို့သည် ဂျိတ်၏လုပ်ဆောင်ပုံအား အသေချာကြည့်ရှုနေကြသည်။
ဦးလေးတက်နှင့် လှံနတ်ဆိုးက အသေချာပိုမိုစိုက်ကြည့်သည်ဆိုပါက ပိုမှန်နိုင်သည်။
သူတို့သည် ဂျိတ်၏အစစ်မှန်ခွန်အားနှင့် ကျင့်ကြံမှုကို သိရှိလိုကြသည်ဖြစ်၏။
သူတို့ကြည့်နေသည်ကို အဖက်လုပ်နေခြင်းမရှိအသက်ဝင်နေသော အဆောင်စာရွက်အား ကိုင်ရင်း ဂျိတ်သည် လေဟာနယ်အနားသို့ လျှောက်လာ၏။
ထိုစာရွက်အား လေဟာနယ်အနားသို့ ပစ်ထည့်လိုက်သည်နှင့် လေဟာနယ်အပေါက်သည် လုံးဝပိတ်သွားမည်ဖြစ်သည်။
"ဂီး"
ထိုအချိန်၌ လေဟာနယ်ထဲမှ သားရဲအသွင်ရှိမီးများတောက်နေသော ကျားတစ်ကောင်သည် ခေါင်းထွက်လာကာ ဟိန်းဟောက်လိုက်သည်။
"ငါ့မြစ်သတိထား"
ဘိုးဘေး၏အသိပေးသည်ကပင် နောက်ကျနေသေး၏။
"ဒီကောင်က တစ်မျိုး
"ဂျိတ်သည် အဆောင်ကိုင်ထားခြင်းမရှိသော ဘယ်လက်ဖြင့် လက်သီးဆုပ်ကာ ထိုအကောင်၏ခေါင်းကို ထိုးချလိုက်သည်။
"ဖြောင်း"
ဖရဲသီးအား တူနှင့်ထုသောအခါ အစိတ်စိတ်အမွှာမွှာဖြစ်သွားသကဲ့သို့ သားရဲ၏ဦးခေါင်းသည် ကျေမွပျက်စီးသွားတော့သည်။
ထိုအကောင်သေသွားသည့်အခါ ဂျိတ်လည်း လေဟာနယ်ထဲသို့ အဆောင်စာရွက်ပစ်ထည့်လိုက်၏။
ထိုအခါ လေဟာနယ်သည် ချက်ချင်းပင် အလင်းတန်းများဖြင့် ပြည့်နှက်သွားပြီး ယခင်က မရှိခဲ့သည့်အတိုင်း ပျောက်ကွယ်သွားလေသည်။
"မရှိတော့ဘူး ပြီးပြီ"
ဂျိတ်သည် လုပ်ရိုးလုပ်စဥ်အတိုင်း လုပ်ဆောင်ပြီးနောက် တည်ကြည်စွာ ပြောလိုက်သည်။
"ဝုန်း....ဝုန်း"
ထိုအခိုက်၌ ငလျင်များ တုန်ဟီးလာသောကြောင့် လူတိုင်း အသင့်အနေထားဖြင့် ဖြစ်သွားကြသည်။
"ဒါက ဓားမျိုးနွယ်ဘက်ကလာတာ သွားကြည့်ရအောင်"
ဘိုးဘေး၏စကားကြောင့် ဂျိတ်လည်း အာလုံးကို လေယာဥ်ပေါ်သို့ တက်ရန်ပြောလိုက်ပြီး ဓားမျိုးနွယ်ရှိရာသို့ မောင်းနှင်လိုက်သည်။
ဓားမျိုးနွယ်များစောင့်ကြပ်ရာ နေရာသည် ဖိုက်တာမျိုးနွယ်စု၏ နေရာနှင့်မိုင်နှစ်ရာမက ဝေးကွာသော်လည်း ယခုလိုအထိ ငလျင်တုန်လှုပ်သလို ဖြစ်စေသည်ကို စဥ်းစားကြည့်ပါက ထူးခြားသော အရာများဖြစ်ပျက်နေကြောင်း လူတိုင်းခန့်မှန်းမိ၏။
ဂျိတ်၏လေယာဥ်သည် မြန်ဆန်သောကြောင့် မိနစ်ပိုင်းဖြင့် အခင်းဖြစ်ပွားရာသို့ ရောက်ရှိသွားသည်။
"ဟင် "
"ဟာ"
လေယာဥ်ပေါ်မှ မြင်လိုက်ရသော မြင်ကွင်းကြောင့် ဘိုးဘေးနှင့် ဦးလေးတက်တို့သည် တုန်လှုပ်သွားကြ၏။