အခန်း (၄၄၅-၄၄၇)
Vol. 30 Ch. 445-447
(445)အပြောင်းလဲနှင့် ဖြစ်စဥ်
ဂျိတ်လည်း ဦးလေးတက်နှင့် ဘိုးဘေးအား မျိုးနွယ်စုထံ၌ ချပြီး ပြန်လာခဲ့လိုက်၏။
လှံနတ်ဆိုးလည်း နေခဲ့မည်ဆိုသောကြောင့် တစ်ယောက်တည်း ပြန်လာခဲ့လိုက်သည်။
သူတို့အနေဖြင့် အတွေးများစွာဖြင့် ရှိနေမည်ဖြစ်ကြောင်းလည်း ဂျိတ်သဘောပေါက်၏။
ဂရန်းမာစတာထက်မြင့်မားသော ရန်သူပေါ်လာခြင်းက သူတို့အား ကောင်းစွာ ခြောက်ခြားတုန်လှုပ်စေနိုင်ခဲ့သည်ဖြစ်၏။
ဂျိတ်ပြန်လာတော့ ညအချိန်ပင်ရောက်ရှိနေပြီဖြစ်သည်။
ဂျိတ်လည်း လေယာဥ်အား သိမ်းဆည်းပြီးလျှင် သမီးလေးနှင့်အတူ ညစာစားသောက်ပြီး ပုံပြင်ဖတ်ပြပေး၏။
သမီးလေးအိပ်သောအခါ ဇနီးဖြစ်သူနှင့် စကားအတူပြောပေးပြီး အချိန်ဖြုန်း၏။
ဇနီးဖြစ်သူ အိပ်စက်သွားသောအခါမှ သူ၏တစ်ကိုယ်တော် လေ့ကျင့်မှုကို ပြန်လည်စတင်လိုက်ပြီး စစ်ဆေးစရာရှိသည်တို့ကို စစ်ဆေးသည်။
ဂျိတ်အနေဖြင့် အိပ်စက်စရာမလိုလောက်အောင် သန်မာနေပြီလည်း ဖြစ်ရာ တစ်ညမှ မအိပ်ခြင်းက ပြသနာဖြစ်စေမည်မဟုတ်ပေ။
"လေဟာနယ်တစ်ပေါက်တော့ကျန်သေးတယ်"
ဂျိတ်သည် လှံမျိုးနွယ်စု၌ရှိနေသော လေဟာနယ်တစ်ပေါက်ကို စဥ်းစားမိသည်။
ဓားစစ်သည်တော်တို့၏ လေဟာနယ်အပေါက်ကိုတော့ လေယာဥ်ပေါ်တက်စဥ်၌ မြန်ဆန်စွာ လှုပ်ရှားပြီး ပိတ်ပစ်ခဲ့ပြီးဖြစ်သည်။
လှံမျိုးနွယ်တို့၏လေဟာနယ်အပေါက်သည် ဓားစစ်သည်နှင့် ဖိုက်တာမျိုးနွယ်စုတို့၌ ရှိသော လေဟာနယ်ထက် သေးငယ်သည့်ပြင် ထိုလေဟာနယ်ချိတ်ဆက်ထားသော ငရဲပြည်နေရာသည်လည်း အရောက်ပေါက်နည်းပါးသော နေရာ၌ တည်ရှိနေသောကြောင့် ဂျိတ်လည်း မေ့ထားလိုက်၏။
လေဟာနယ်အပေါက်ကိစ္စအား ဒီတိုင်းထားလိုက်ပြီး ဂရိတ်တိုင်းပြည်ဘက်သို့ အာရုံရောက်ရှိသွား၏။
"အဆင့်မြင့်တင်မှု ဆက်လုပ်ပါ"ဂျိ
တ်သည် ဂရိတ်တိုင်းပြည်၏ညဏ်ရည်တုအား အမိန့်ပေးလိုက်သည်။
လက်ရှိတစ်ခေါက်အဆင့်မြင့်တင်မှုသည် အသိပညာများကို ထပ်မံဖြန့်ဝေသင်ကြားပေးမည်ဖြစ်သည်။
ဖြန့်ဝေမည့်ပညာများသည် ယခင်ကဖြန့်ဝေသင်ကြားပေးခဲ့သည့်သိပ္ပံနည်းပညာများ၊မှော်ပညာများနှင့် တခြားခြားသော ပညာရပ်များ၏အလယ်လတ်အဆင့်ကို ဖြန့်ဝေမည်ဖြစ်သည်။
ယခင်က အခြေခံအဆင့်ကိုသာ ဖြန့်ဝေရသေးသည်ဖြစ်ရာ ယခုအခါက ပိုမိုကျယ်ပြန့်သော အလယ်လတ်အဆင့်ကို ထုတ်ဖော်လိုက်သည်ဖြစ်သည်။
ထူးခြားသည်ကတော့ စစ်သည်တော်လမ်းစဥ်ကိုပါ ချပြလာသည်ဖြစ်သည်။
မည်သို့ထူးခြားသည်ဆိုပါက ယခင်က စစ်သည်တော်လမ်းစဥ်ကိုလျှောက်လမ်းရသူများသည် မိမိတို့ရရှိသော သဘာဝအစွမ်းကို အခြေပြုပြီး ထင်ရာလမ်းကို လျှောက်လမ်းခဲ့ကြရသည်ဖြစ်သည်။
ထိုသို့လျှောက်လမ်းမှုကြောင့် အဆင့်မြင့်လေ တက်ရခက်ခဲလာလေဖြစ်ပြီး သန်မာသောစစ်သည်တော်များနည်းပါးနေကြရသည်ဖြစ်သည်။
လက်ရှိထုတ်လိုက်သော စစ်သည်တော်လမ်းစဥ်တွင် မည်သို့အစွမ်းရရှိပါက မည်သို့လုပ်ဆောင်နိုင်ပြီး မည်သို့သန်မာလာနိုင်သည်ကို အသေးစိတ်သိရှိနိုင်မည်ဖြစ်သည်။
မည်သို့သောအစွမ်းပိုင်ရှင်က မည်သို့သော ကျမ်းစာကိုလေ့ကျင့်သင့်ပြီး မည်သို့ပြုမှုရမည်ကအစပါရှိ၏။
ထိုလမ်းစဥ်ကို ဒိုင်းမွန်းအဆင့်ထိ ချပြပေးထားပြီး ထိုထက်မြင့်သောအဆင့်များကိုမှု လျှို့ဝှက်ထားဦးမည်ဖြစ်သည်။
နောက်ပြီး စစ်သည်တော်လမ်းစဥ်၏တိမ်မြုပ်နေသော ကိုယ်ခန္ဓာသန်မာအောင်လုပ်ဆောင်သည့်နည်းကိုပါ ဂျိတ်အနေဖြင့် ဖော်ထုတ်ဖြန့်ချီပေးထားသည်ဖြစ်သည်။
ထိုသို့သောပညာများစွာကို ဂရိတ်တိုင်းပြည်ရှိလူများကို အဓိကထားသင်ကြားပေးမည်ဖြစ်ပြီး ဂရိတ်တိုင်းပြည်၏လက်အောက်ခံ လူများကိုမှု ၎င်းတို့၏သစ္စာရှိပုံကို မှုတည်ကာ သင်ကြားပေးမည်ဖြစ်သည်။
ထိုသို့သော စစ်သည်တော်လမ်းစဥ်ချပြမှုကြောင့် ပွက်လောရိုက်ကုန်မည်ဖြစ်ကြောင်း ဂျိတ်အနေဖြင့် ကောင်းစွာသဘောပေါက်၏။
ဒါကလည်း ပြသနာမရှိပေ။
တင်းကျပ်သော စည်းမျဥ်းများကြောင့် အပြင်သို့ပေါက်ကြားရန် ခဲယဥ်းသောကြောင့်ဖြစ်သည်။
"ဟာ ဒါက တကယ်ကြီးလား "
"တကယ်ကြီးထင်တယ်"
ဂျိတ်ထင်မှတ်ထားသလိုပင် ဂရိတ်တိုင်းပြည်၌ မနက်စောစောသာရှိသေးသော်လည်း ပွက်လောရိုက်ခတ်နေပြီဖြစ်သည်။
အထူးသဖြင့် စစ်သည်တော်များကြားတွင် ဖြစ်၏။
စစ်သည်တော်လမ်းစဥ်ပေါ်ပေါက်လာခြင်းသည် များစွာအပြောင်းလဲကြီးကို စတင်လမ်းဖောက်သည်ဖြစ်ကြောင်း သူတို့ကောင်းကောင်းကြီး သဘောပေါက်နားလည်ကြသည်ဖြစ်သည်။
ထိုသို့ပေါ်ပေါက်လာခြင်းသည် ၎င်းတို့၏အနာဂတ်အဆင့်တက်လာလမ်းသည် လုံးဝဖြောင့်ဖြူးနေပြီးသားဖြစ်ပြီး မိမ်ိတို့ကိုယ်တိုင် လေ့ကျင့်ကြိုးစားရန်သာ လိုကြောင်း ကောင်းစွာ သိရှိလိုက်ကြသည်လည်း ဖြစ်သည်။
................
စကြာဝဠာ၏နေရာတစ်ခုရှိ ဂြိုလ်ကြီးတစ်လုံး၌ ကြီးမားလှသော ကျွင်းကြီးတစ်ကျွင်းရှိ၏။
ထိုကျွင်းထဲ၌ ကြီးမားလှသော သတ္တဝါတစ်ကောင်သည် ငြိမ်သက်လျက်ရှ်ိသည်။
သူ၏ဘေးတွင်လည်း များပြားလှသော အလောင်းများနှင့်တကွ အရိုးခြောက်ကျောက်စိုင်များလည်း စုပုံလျက်ရှ်နေ၏။
ထိုသတ္တဝါကြီးသည် ကြောက်မက်ဖွယ်ကောင်းသော အမဲရောင် မြွေကြီးတစ်ကောင်ပင် ဖြစ်၏။
ထိုမြွေသည် ရုတ်တရက်ဆိုသလိုအိပ်နေရာမှ သူ၏မျက်လုံးကို ဖွင့်လိုက်သည်။
မျက်လုံးဖွင့်လိုက်သောအခါ သူ၏မျက်စိရှေ့၌ရှိရှိသမျှသော အရာအားလုံးသည် ကျောက်သားကျောက်စိုင်အသွင်သို့ ပြောင်းလဲ သွား၏။
"ဒါဘယ်လိုဖြစ်တာလည်း"
သူစေလွှတ်ထားသော မြွေတစ်ကောင် သေဆုံးသွားကြောင်း အာရုံခံမိသောကြောင့် အိပ်နေရာမှ နှိုးလာသည်ဖြစ်၏။
ထိုမြွေကြီးသည် အလောင်းကောင်ဂိုဏ်းမှ အကြီးကဲတစ်ယောက်ဖြစ်ပြီး အလွန်ပင် ရက်စက်ကြမ်းတမ်းသော သူဖြစ်သည်။
သူသည် အလောင်းကောင်ဂိုဏ်းသားများဖြစ်သည့်များစွာသော မြွေထောင်ချီ၏အသက်ကို ထိန်းချုပ်စောင့်ကြည့်ရသူဖြစ်သည်။
ယခုလည်း သူ၏ထိန်းချုပ်ထားရသော မြွေများစွာထဲမှ တစ်ကောင်သေဆုံးသွားသောကြောင့် နှိုးထလာရသည်ဖြစ်သည်။
"တော်တော်အစွမ်းထက်တဲ့ ဓားအရှိန်ဝါပဲ"
မြွေကြီးသည် သူထိန်းချုပ်ထားသော မြွေများထဲမှ ယင်ရှီဆိုသော မြွေသေဆုံးသည့်အကြောင်းကို အာရုံခံနေ၏။
သူထိန်းချုပ်ထားသောမြွေထောင်ပေါင်းချီရှိပြီး ထိုမြွေများသည် သေဆုံးမှု မကြာခဏဖြစ်ပေါ်လေ့ရှိသော်လည်း ထိုသို့ နှိုးထခြင်းမရှိပေ။
ယခုနှိုးထလာရခြင်းသည် ယင်ရှီဟူသောမြွေတစ်ကောင်သည် အလွန်ပြင်းထန်သော ဓားအရှိန်ဝါကြောင့် သေဆုံးသည်ကို အာရုံခံမိသောကြောင့် ဖြစ်သည်။
"အကြောင်းရင်း သိရအောင် ဒီကောင်ကို အလုပ်ပြန်ပေးမယ်"
မြွေကြီးသည် သူ၏ပါးစပ်မှ သွေးတစ်စက်ထုတ်ကာ ဂါထာများကို ရွတ်ဆိုလိုက်၏။
ထိုအခါ သူ၏ရှေ့၌ရှိသော သွေးစက်တစ်စက်သည် ပျောက်ကွယ်သွားလေသည်။
ထိုအခါမှ မြွေကြီးသည် ပြန်လည်အိပ်စက်သွား၏။
သူအိပ်စက်သွားပြီးသည်နှင့် တခဏအကြာ၌ စစ်သည်တော်ကုန်းမြေ၌ ဖြစ်ရပ်တစ်ခုဖြစ်ပျက်နေ၏။
ဂျိတ်ဓားဖြင့် သတ်ဖြတ်လိုက်သော ယင်ရှီဆိုသော နှစ်ပိုင်းဖြစ်နေသောအလောင်းထဲမှ ထူးခြားသောဖြစ်စဥ်တစ်ခုပေါ်ပေါက်လာလေသည်။
ထိုနှစ်ပိုင်းဖြစ်နေသောအလောင်းမှ သေးငယ်သောအနီရောင်အလင်းတန်းလေးတစ်ခုပေါ်ပေါက်လာသည်။
ထိုအလင်းတန်းလေးသည် ဆယ့်ငါးစက္ကန့်မျှရှိနေကာ ပျောက်ကွယ်သွားသည်။
ထိုသို့ပျောက်ကွယ်သွားသည်နှင့် ထိုအလောင်းထဲမှ သေးငယ်သော မြွေလေးတစ်ကောင်ထွက်ပေါ်လာသည်။
ထိုမြွေလေးသည် တစ်ကိုယ်လုံးနီရဲနေပြီ မျက်လုံးများသည် အစိမ်းရောင်တောက်ပနေသည်။
ထိုမြွေလေးသည် လက်သန်းအရွယ်စားမျှရှိပြီး အလောင်းထဲမှ ထိုးထွက်လာသည်နှင့် သူလုပ်ဆောင်သောအရာရှိ၏။
ဤသည်ကတော့ သူ၏ရှေ့၌ရှိသော နှစ်ပိုင်းပြတ်လျက်ရှိနေသော အခေါင်းထဲသို့ ဝင်သွားသည်ဖြစ်သည်။
ထိုသို့ဝင်သွားပြီးသည်နှင့် တကျွပ်ကျွပ် ဝါးစားသံများလည်း ထွက်ပေါ်လာလေသည်။
နာရီဝက်ကြာသောအခါ ထိုအခေါင်းထဲမှ မြွေလေးသည် ပြန်ထွက်လာခဲ့လေသည်။
ပြန်ထွက်လာသောအခါ နှစ်ပေခန့်ရှည်လျားသော မြွေနီကြီးတစ်ကောင်အဖြစ်သို့ပြောင်းလဲနေပြီဖြစ်သည်။
ထိုမြွေနီကြီးသည် လျှာထုတ်ပြီး
"ယင်ရှီဆိုတဲ့ ငါပြန်လာပြီကွ"
(446)ညစျေးတန်းသို့အလည်တစ်ခေါက်
လေဟာနယ်အပေါက်ပိတ်ပြီးနောက် နှစ်ပတ်ကြာသောအခါ ဂျိတ်လည်း သူ၏အချိန်များကို သူ၏သမီးလေးနှင့် ချစ်ဇနီးအပေါ်၌သာ ဦးစားပေးထားလိုက်သည်။
ဘုရင်တစ်ပါး၏ရှေးရိုးအစဥ်လာတာဝန်ဖြစ်သောနေ့တိုင်း ညီလာခံကျင်းပခြင်းနှင့် မှူးမတ်စုံရာ သဘင်အခမ်းနားရှုခြင်းစသည်တို့ကိုလည်း လိုအပ်သောအချိန်မှသာလျှင် ပြုလုပ်စေ၏။
ဂျိတ်သည် အစကတည်းက တိုင်းပြည်၏လိုအပ်ချက်များစွာကို နဂိုကတည်းက ကြိုတင်ပြင်ဆင်လုပ်ဆောင်ထားခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် အကြောင်းတစ်စုံတစ်ရာပေါ်ပေါက်လာပါက တိုင်းပြည်၏အဓိကပင်မ ဖြစ်သော မှော်ညဏ်ရည်တုကသာ ဂျိတ်၏ကိုယ်စား ဖြေရှင်းပေး၏။
တိုင်းပြည်ကိစ္စများကိုလည်း ညဏ်ရည်တုမှနေ၍ ခွဲခြားသတ်မှတ်ပေးထား၏။
SSS.SS.S.A.B.C.D.E.Fဟူ၍ ခွဲခြားထား၏။
Sထက်ကျော်လွန်သော ပြသနာကိစ္စများပေါ်ပေါက်လာသောအခါမှသာ ဂျိတ်အား အသိပေးအကြောင်းကြားမည်ဖြစ်သည်။
ဆိုလိုသည်က Sအဆင့်အထိ ညဏ်ရည်တုသည် ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း ဆိုလိုသည်ဖြစ်သည်။
ထိုသို့သော ဂျိတ်၏လုပ်ဆောင်ချက်များကြောင့် တိုင်းပြည်သည် ယခင်ကနှင့်မတူ လုံးဝတိုးတက်လာကြောင်း မှူးမတ်များအနေဖြင့် လက်ခံကြရသည်။
သူတို့အနေဖြင့်မလက်ခံနိုင်သည်ကတော့ ယခင်ကတည်းက ညီလာခံတက်ခြင်းနှင့်တခြားသောလုပ်ဆောင်များကြောင့် အကျင့်သားအရ စွဲကပ်နေသော သူတို့၏အမူအကျင့်များသာဖြစ်၏။
ထိုအမှုအကျင့်များသည် အမြစ်တွယ်နေသည်ဖြစ်ရာ မနည်းဖြတ်တောက်ရန် အစားထိုးကြိုးစားရ၏။
"ဝေး ဒီနေ့အဖေနဲ့အတူ ညစျေးတန်းလျောက်မယ်နော်"
အယ်မလီလေးစကားကြောင့် ဂျိတ်လည်း အယ်လီနာကိုပါ ခေါ်ကာ ညစျေးတန်းလျောက်ရန် နန်းတော်မှ ထွက်လာခဲ့ကြသည်။
နန်းတော်နှင့် အနည်းငယ်ကွာဝေးသောကြောင့် ရထားစီးရန် ဆုံးဖြတ်လိုက်ကြ၏။
အယ်မလီလေးသည် ရထားမစီးဖူးသေးသည်လည်း ပါသောကြောင့်ဟုလည်း ဆိုနိုင်သည်။
ရထားစီးရန် ဘူတာသို့ရောက်သောအခါ ဂျိတ်လည်း သတ်မှတ်ထားသောနေရာသို့ သွားပြီး လက်မှတ်သုံးစောင်ကာ ကတ်ဖြင့်အသုံးပြု ဝယ်လိုက်၏။
အစောပိုင်းအခန်းများ၌ ဖော်ပြခဲ့ပြီးသော လူတိုင်းအတွက် သက်သေခံဖြစ်သလို ဝယ်ယူရေး၌အသုံးပြုနိုင်သည့် ကတ်များလိုပင် ဂျိတ်လည်း ထိုကတ်ဖြင့် အသုံးပြုခဲ့သည်ဖြစ်သည်။
ဘူတာသည်လည်း အသစ်ဆောက်ထားသည်မှာ မကြာသေးသောကြောင့် ခန့်ညားနေသည်။
ဘူတာ၌ရှိသော ဝန်ထမ်းများသည်လည်း အပြောချိုသာစွာဖြင့် လူတိုင်းအား ကူညီဆောင်ရွက်ပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။
တစ်ယောက်တည်းလာပြီး အထုပ်များဖြင့် မနိုင်မနှင်းဖြစ်နေပါက ဝိုင်းဝန်းကူညီပေးကြ၏။
"တီ"
ဆေးသားများသုတ်ထားမှုကြောင့် တောက်ပြောင်ပြီး ခန့်ညားထည်ဝါသော ရထားတစ်စင်းသည် အသံပေးချက်နှင့်အတူ ဂျိတ်တို့ရှိရာ ဘူတာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာလေသည်။
ရထားသည် စုစုပေါင်းအတွဲဆယ့်သုံးတွဲ ပါရှိပြီး ရထားခေါင်းအပြင် ခရီးသည်အတွဲ ဆယ့်နှစ်တွဲရှိသည်ဖြစ်၏။
ထိုရထားသည် ဘူတာရှေ့ရောက်သည်နှင့် အရှိန်လျော့ချပြ ရပ်တန့်လိုက်၏။
"ဝါး"
အယ်မလီလေးသည် မြင်ရလိုက်သော ရထားကြောင့် အံသြ သွားပုံရသည်။
နောက်ပြီး သူမသည် ပထမဆုံးအကြိမ်အဖြစ် ရထားစီးရမည်ဖြစ်သောကြောင့်လည်း စိတ်လှုပ်ရှားနေဟန်ရှိသည်။
သုံးယောက်သား ရထားရောက်သည်နှင့် ရထားတွဲထဲ ဝင်ရောက်လိုက်ကြသည်။
ရထားတွဲထဲသို့ ရောက်သည်နှင့် ဂျိတ်တို့လည်း လွတ်နေသော ထိုင်ခုံများ၌ နေရာယူလိုက်ကြသည်။
"နောက်ထပ်နှစ်မိနစ်အကြာတွင် ရထားစတင်ထွက်ပါမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်"
ရထားမှ ကြေညာချက်ထုတ်ပြန်ပြီး နှစ်မိနစ်အကြာ၌ ရပ်ထားသော ဘူတာမှနေ၍ စတင်ထွက်ခွာလေ၏။
"နောက်ဘူတာသို့ ဆယ့်ငါးမိနစ်အကြာတွင် ဆိုက်ရောက်ပါမည်"
ရထားတွဲတိုင်း၌ နောက်ထပ်သော ကြေညာချက်ကို အတိုင်းသားကြားရမည်ဖြစ်သည်။
အယ်မလီလေးလည်း ပထမဆုံးအကြိမ်ဖြစ်သောကြောင့် စိတ်လှုပ်ရှားစွာဖြင့် မိခင်ဖြစ်သူလက်အား ဆုပ်ကိုင်ပြီး စီးနင်းနေသည်။
ဂျိတ်လည်း ရထားစီးနေရင်း ဘေးဘီဝဲယာအခြေနေများကို အကဲခတ်၏။
ရထား၏ကြံခိုင်နှုန်း ပြည့်ဝမှုနှင့် အသွင်ပြင်များ၊ ခရီးသည်များအတွက် သက်သောင့်သက်သာ ဖြစ်စေသည်လား စသောအချက်လက်များကို ဖြစ်သည်။
ရထားပေါ်၌ စီးနင်းနေသောသူများသည် ရထားခုန်ခြင်းမရှိ မြေပြင်ပေါ်၌ ငြိမ်သက်စွာ ရပ်နေရသည့်အလား ခံစားကြရသည်ဖြစ်သည်။
ဂျိတ်သည် ရထားစီးနင်းသော ပြည်သူပြည်သားများ၏စည်းကမ်းရှိစွာ စီးနင်းသည်လား ဟုတ်မဟုတ်လည်း ကြည့်ရှု၏။
ရထားတွင်း၌ စည်းမဲ့ကမ်းမဲ့ ဆဲဆိုကြိမ်းမောင်းသံများ ၊စကားကျယ်လောင်စွာ ပြောဆိုသံများ မကြားရသည့်အပြင် စီးနင်းနေသော ပြည်သူပြည်သားများသည် မိမိတို့ ကိုယ်စီ စာအုပ်များဖတ်နေကြသည်ကို မြင်သောအခါဝယ် ဂျိတ်စိတ်ချမ်းသာမိ၏။
ရထားစီးနေသော တစ်ချို့သော လူငယ်လေးများသည် ဂရိတ်တိုင်းပြည် သတင်းဂျာနယ်မှ အနောက်အရပ်သို့ခရီးသွားခြင်းအား သဲကြီးမဲကြီး ဖတ်နေသည်ကိုလည်း ဂျိတ်တွေ့ရ၏။
ဆေးလိပ်သောက်ခြင်းကို ရထားပေါ်၌ မတွေ့နိုင်ရခြင်းမှာ ဂရိတ်တိုင်းပြည်၌ တင်းကြပ်စွာ ကန့်သတ်ချက် ထုတ်ပြန်ထားသောကြောင့်ဖြစ်သည်။
ဆေးလိပ်အား ဂရိတ်တိုင်းပြည်၌ ရောင်းချနေပြီဖြစ်သော်လည်း သတ်မှတ်ထားသောနေရာ၌သာ သောက်သုံးစေခြင်းနှင့် အများပြည်သူသွားလာသောနေရာ၌ သောက်သုံးပါက ပြင်းထန်သော ဒဏ်ကြေးရိုက်သောကြောင့် ဆေးလိပ်သောက်ခြင်းကို မတွေ့ရသည်ဖြစ်၏။
ဂရိတ်တိုင်းပြည်၌ ဆွဲနေသောရထားများသည် များပြားသောကြောင့် ရထားစီးနင်းသူများအနေဖြင့် ပြည့်ကျပ်စွာ စီးနှင်းရခြင်းမရှိပဲ သက်သာချောင်ချိပြီး စိတ်ချမ်းသာစွာ စီးနင်းပြီး မိမိအလိုရှိရာသို့ ရောက်ရှိနိုင်သည်ဖြစ်သည်။
နောင်တွင် လူဦးရေများပြားလာပါကလည်း ထိုအတွက်လည်း အစီစဥ်ရှိနှင့်ပြီးသားဖြစ်၏။
ရထားစီးနင်းသော လူများသည် လူမျိုးစုံလင်လှကြောင်းလည်း တွေ့ရမည်ဖြစ်သည်။
သာမန်လူများကြား၌ သန်မာထွားကြောင်းလှသော စစ်သည်တော်ကြီးများလည်း ငြိမ်သက်စွာ ထိုင်နေကြပြီး ကျင့်စဥ်တိုးတက်ရန် ရထားစီးရင်း တရားထိုင်နေကြ၏။
"ဘူတာသို့ ရောက်ရှိပါပြီ ငါးမိနစ်ရပ်နားပါမည် စီးနင်းပေးသော မိဘပြည်သူများကို အထူးပင် ကျေးဇူးတင်ရှိပါသည်"
ရထားမှ ထိုအသံထွက်သည်နှင့် မိမ်တို့လည်း ဘူတာသို့ရောက်ရှိပြီ ဖြစ်ကြောင်း ဂျိတ်သိလိုက်၏။
မိမိတို့ ဆင်းရမည့်ဘူတာဖြစ်သောကြောင့် အယ်မလီလေးနှင့် ချစ်ဇနီးလေးအား ခေါ်ကာ ရထားမှ ထွက်ခွာလာခဲ့သည်။
နာရီကိုကြည့်တော့ အမှန်တကယ်ပင် ရထားသည် ဆယ့်ငါးမိနစ်သာကြာကြောင်း တွေ့ရ၏။
တိတိကျကျပြောရပါက သုံးစက္ကန့်သာနောက်ကျကြောင်း ပြောရပေမည်။
ဂျိတ်လည်း ညစျေးတန်းရှိရာသို့ ဦးတည်လမ်းလျှောက်လာခဲ့ကြသည်။
ညအချိန်ခုနှစ်နာရီရှိပြီဖြစ်သောကြောင့် နေဝင်ပြီး အမှောင်ထုက ကြီးစိုးနေပြီဖြစ်သော်လည်း လမ်းတိုင်း၌ရှိသော အလင်းတိုင်များက အမှောင်ခွင်းကာ အလင်းဆောင်ထားသောကြောင့် အရာအားလုံးကို အတိုင်းသားမြင်နေကြရသည်။
"ဝါးလှလိုက်တာ"
နေရာစုံမရောက်ဖူးသေးသည် အယ်မလီလေးသည် ဂျိတ်နှင့်အယ်လီနာတို့၏လက်အား ကိုင်ကာ တဝါးဝါးဖြစ်နေသည်။
အယ်မလီလေး၏အပြုမှုကြောင့် ဂျိတ်နှင့်အယ်လီနာလည်း အချင်းချင်းကြည့်ကာ ရယ်မောလိုက်၏။
"ရှင်ဘယ်လိုတောင် တွေးပြီးအခုလိုလုပ်နိုင်တာလဲ"
အယ်လီနာသည် မိမိရှေ့၌မြင်ရသော ရင်သပ်ရှုမောဖွယ်မြင်ကွင်းကြောင့် ဂျိတ်အားမေးလိုက်သည်။
ထိုကိစ္စသည်ရှည်လျားသောကြောင့်ဂျိတ်လည်း ပြုံးပြပြီး ညစျေးတန်း၌ မည်သည့်အရာများစားကောင်းကြောင်းကိုသာ ဦးတည်ပြောလိုက်၏။
ထိုအခါ အစားသောက်နှင့်ပတ်သက်ကြောင်း ကြားလိုက်သော အယ်မလီလေးလည်း ဝင်ရောက်ပြောဆိုလေတော့၏။
ကလေးမလေး၏ဝင်ရောက်ပြောဆိုမှုကြောင့် ဂျိတ်နှင့်အယ်လီနာလည်း တဝါးဝါးရယ်မောပြီး လမ်းလျှောက်လာကြ၏။
လမ်းဘေး၌ရှိနေသော လူများလည်း ဂျိတ်တို့မိသားစု ထိုသို့လမ်းလျှောက်သည်ကို မြင်သောအခါ အားကျသောအကြည့်များဖြင့် ကြည့်ရှုကြလေသည်။
ဂျိတ်သည် ပုံရိပ်ယောင်အစီရင်သုံးလာသောကြောင့် မိမိတို့တိုင်းပြည်၏ဘုရင်ကြီးမိသားစုဟု ဘယ်သူမှမထင်ကြပေ။
သူတို့မြင်နေကြသည်မှာ သာမန်ရုပ်ရည်ရှိသောလင်မယားနှစ်ယောက်သည် အလွန်ချစ်စရာကောင်းသော သမီးလေးအား အလယ်၌ ထားကာ အတူလက်တွဲလျှောက်လာသည်ကိုသာ မြင်ကြမည်ဖြစ်သည်။
"ရောက်ပါပြီ"
ဂျိတ်နှင့်သူ၏မိသားစုသည် မိမိတို့ရှေ့၌ရှိသော အလွန်တရာမွှေးကြိုင်ပြီး ရနံမျိုးစုံလွင့်ပြန့်နေသော မီးရောင်များဖြင့် တောက်ပလှပနေသော ညစျေးတန်းတည်ရှိရာနေရာသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
(447) သွေးတိုးစမ်းခြင်း
ညစျေးတန်းသည် လွန်စွာမှပင် စည်ကားလှ၏။
များပြားလှသော လူများကလည်း ညစျေးတန်း၌ စုပြုံနေကြ၏။
လူတိုင်းသည် နေ့ခင်းအချိန်၌ လုပ်ကိုင်ခဲ့ရသည်ဖြစ်သောကြောင့် ညရောက်သောအခါ အပန်းဖြေသည့်အနေဖြင့် ညစျေးတန်းသို့လာရောက်ကြသည်ဖြစ်ရာ ယခုလို စည်ကားနေသည်ဖြစ်သည်။
"ဝါး....များကြီးပဲ"
အယ်မလီလေးသည် သူ၏မျက်စိရှေ့မှ များပြားလှသော ဆိုင်များကို မြင်လိုက်ရသောကြောင့် ပျော်ရွှင်သွား၏။
ကလေးစားစရာ ချိုချဥ်မှစ၍ အသားကင်များနှင့် ဒေသထွက်စားစရာများအပါဝင် စုံလင်စွာ ချက်ပြုတ်ရောင်းချကြသည်ဖြစ်ရာ အယ်မလီလေး၏မျက်စိသည် ညစျေးတန်းသို့ ဝဲနေသည်ဖြစ်သည်။
"ကျနော်ကို အမဲကင်သုံးချောင်းပေးပါဗျိုု့"
"ဒီဘက်ဝိုင်းကို ကိုလာနှစ်ပုလင်းဟေ့"
စသောအသံများဖြင့် ညစျေးတန်းလေးသည် ပျော်ရွှင်ဖွယ် ကောင်းလှ၏။
"သမီးလည်း အကင်စားချင်တယ်"
အယ်မလီလေး၏တောင်းဆိုမှုကြောင့် ဂျိတ်လည်း လူအနည်းငယ်ရှင်းသွားဟန်ရှိသော အကင်ဆိုင်တစ်ဆိုင်ရှေ့၌ သွားရောက်ကာ အယ်မလီလေး စားချင်သောအကင်များနှင့်ကိုလာအား မှာယူပေး၏။
ထို့နောက် ထိုအကင်ဆိုင်ရှေ့၌ ရှိသော စားပွဲဝိုင်းငယ်လေးတွင် မိသားစုသုံးယောက်ထိုင်လိုက်ကြ၏။
တခဏမျှကြာသောအခါ ဆိုင်ရှင်မှ အကင်များနှင့်ကိုလာ လာရောက်ချပေးသောကြောင့် မိသားစုသုံးယောက်လုံး အတူစားသောက်လိုက်ကြ၏။
"ဝါး ဖီဖီလက်ရာကို မမှီပင်မဲ့ စားလို့ကောင်းတယ်"
အယ်မလီလေးသည် အကင်ချောင်းများအား စားရင်း ဂျိတ်အား ပြော၏။
"နောက်မှ အဖေလည်း အကင်လုပ်ပေးမယ်လေ"
"ယေး ဒါမှ တို့ဖေကြီး"
အယ်မလီလေးသည် ဝမ်းသာအားရဖြင့် အကင်စားလိုက် ကိုလာသောက်လိုက် လုပ်နေ၏။
"ဂေ့"
ကိုလာ၌ပါဝင်သော ဂတ်စ်ကြောင့် အယ်မလီလေး လေချဥ်တက်သွားရာ ဂျိတ်နှင့် အယ်လီနာလည်း ရယ်မိလိုက်ကြသေး၏။
ဂရိတ်တိုင်းပြည်သည် ဂျိတ်လက်ထက်ကတည်းမှစ၍ ပြောင်းလဲမှုများစွာလုပ်ထားခဲ့သည်ဖြစ်ရာ ကိုလာနှင့်တခြားသော သောက်စရာများကိုလည်း တိုင်းပြည်နေရာအနှံ့၌ ရရှိနိုင်ပြီဖြစ်သလို ထုတ်လုပ်သည့်နေရာပင် ရှိနေပြီလည်းဖြစ်သည်။
ညစျေးတန်း၌ရှိသော ဆိုင်တိုင်းသည် အစားသောက်သန့်ရှင်းပြီး လတ်ဆတ်ကြ၏။
နောက်ပြီး ဆိုင်ရှင်တိုင်းသည် စားသုံးသူများအပေါ် အစားသောက်များရောင်းချရာ၌ စည်းကမ်းများစွာလိုက်နာရောင်းချမှသာလျှင် စျေးရောင်းခွင့်ရရှိကြသည်လည်းဖြစ်သည်။
အဆမတန်စျေးတင်ပြီး ရောင်းချခွင့်က်ိုလည်း ပိတ်ပင်ထားပြီး လူတန်းစားမရွေးစားသုံးနိုင်ရန် မျှတသော စျေးနှုန်းများ သတ်မှတ်ပေးထား၏။
ထိုသို့ဖြစ်အောင်လည်း ဂရိတ်တိုင်းပြည်သည် များစွာသော စည်းမျဥ်းများချမှတ်ထားခဲ့ပြီး ဖြစ်သလို မလိုက်နာသော သူများကိုလည်း ဂျိတ်ဖန်တီးထားသော ဥပဒေအတိုင်း အရေးယူသောကြောင့် ဆိုင်တိုင်းသည် သန့်ရှင်းသပ်ရပ်ကြပြီး စားသုံးသူများလည်း ယုံကြည်စိတ်ချစွာ စားသုံးနိုင်သည်ဖြစ်သည်။
ညစျေးတန်း၌ တချို့သောဆိုင်ငယ်လေးများသည် အရက်များလည်း ရောင်းချကြ၏။
အရက်များသောက်သုံးပြီး မူးယစ်ရမ်းကားခြင်းမရှိစေရန် ညစျေးတန်းအား တာဝန်ကျ ရဲများက ညစဥ်ညတိုင်း တာဝန်ယူကင်းလှည့်ပေး၏။
ထိုသို့သော လုပ်ဆောင်ချက်များကြောင့် ဂျိတ်လည်း သဘောကျပြီး နန်းတော်သို့ ပြန်ရောက်သောအခါ အသေးစားဆုချီးမြှင့်ရန်ဆုံးဖြတ်လိုက်သည်။
သုံးယောက်သား အကင်များစားသောက်ပြီးသောအခါ ကျသင့်သည်များကို ရှင်းပြီး ညစျေးတန်းသို့ ဆက်လက်လှည့်ပတ်ခဲ့ကြလေသည်။
ထိုသို့လှည်ပတ်ရင်း သကြားလုံးများရောင်းချသော ဆိုင်ရှေ့၌ အယ်မလီလေး၏ခြေထောက်သည် ထပ်မံကြွလာနိုင်ခြင်းမရှိသည်ဖြစ်ရာ ဂျိတ်လည်း သကြားလုံးအနည်းငယ်ဝယ်ယူခဲ့ကြပြန်သည်။
ညစျေးတန်း၌ သာမန်တိုင်းသူပြည်သားများရှိသလို စစ်သည်တော်များလည်း စားသောက်ကြ၏။
ယခင်အခြေနေဆိုပါကသာမန်ပြည်သူပြည်သားများသည် စစ်သည်တော်များကိုမြင်သည်နှင့် ကြောက်လန့်ပြီးရှောင်တိမ်းသွားကြမည်ဖြစ်သည်။
လက်ရှိအခြေနေ၌မှု အားလုံးသည် တန်းတူဖြစ်ပြီး ပြစ်မှုကျူးလွန်သူမည်သူမဆို အပြစ်ပေးခံရမည်ဖြစ်သောကြောင့် ခိုက်ရန်ဖြစ်ပွားခြင်းက ရှားပါးသွားခဲ့ပြီဖြစ်သည်။
ညစျေးတန်း၌ စားသောက်လည်ပတ်သောအခါ ရုပ်ရှင်ရုံသို့ သွားပြီး ရုပ်ရှင်ကြည့်ကြပြန်၏။
ရုပ်ရှင်ရုံ၌ ကလေးများအကြိုက် ကြောင်လေးနှင့်ပိုးရှုပ်သုံးကောင်(oggy)ပြသ သည်ဖြစ်ရာ အယ်မလီသည် အလွန်ပင်သဘောကျ၏။
အယ်မလီလေးသည်သာ ကြိုက်သည်မဟုတ် လူကြီးများပင် ကြိုက်ကြပြီး ဂျိတ်လည်း ထို့အတူပင်ဖြစ်သည်။
လည်ပတ်ပြီး ရုပ်ရှင်ကြည့်ပြီးသောအခါ ညကိုးနာရီကျော်သို့ ရောက်ရှိလာပြီဖြစ်သည်။
ထိုအချိန်သို့ရောက်သောအခါ အယ်မလီလေးသည် မိမိစားချင်သောအစားသောက်များစားပြီးရုပ်ရှင်သည့်အပြင် လမ်းလျှေက်ရသောကြောင့် မောပန်းပြီး အိပ်ပျော်သွားတော့၏။
အယ်မလီလေးအိပ်ပျော်သွားသည့်အခါ ဂျိတ်လည်း သူမအား သူ၏ရင်ခွင်ထဲ၌ ပွေ့ချီထားလိုက်သည်။
အယ်မလီလေးလည်း ဂျိတ်၏ပွေ့ချီမှုတွင် အိပ်ပျော်လျက်ရှိ၏။
"ရထားစီးဦးမလား"
"တော်ပြီ စောစောပြန်ကြရအောင်"
အယ်လီနာလည်း ပင်ပန်းပြီဖြစ်သောကြောင့် စောစောပြန်ရန် ဂျိတ်အား ပြောလိုက်၏။
"ကောင်းပြီ"
ဂျိတ်လည်း လက်ဖြောက်တစ်ချက်တီးပြီး တယ်လီပို့အစွမ်းဖြင့် ချက်ချင်းပင် နန်းတော်ထဲသို့ ရောက်ရှိစေလိုက်သည်။
သုံးယောက်လုံး နန်းတော်ထဲသို့ ရောက်ရှိသည်နဲ့ အယ်မလီလေးအား အိပ်ရာပေါ်သို့ အရင် တင်ပြီး စောင်ခြုံပေးလိုက်သည်။
ထို့နောက် အယ်လီနာကိုလည်း အနမ်းပေးပြီး ဂျိတ်လည်း ထိုအိပ်ရာမှာပင် သုံးယောက်သားအတူအိပ်စက်လိုက်ကြ၏။
မနက်ရောက်သောအခါ မိသားစုသုံးယောက်လုံး အတူထလိုက်ကြ၏။
ထို့နောက် ဂျိတ်ချက်ပြုတ်ပေးသောအစားအသောက်များကို မိသားစုသုံးယောက်သား အတူတကွ ပျော်ရွှင်စွာ စားသောက်လိုက်ကြသည်။
ယနေ့သည် စနေနေ့ဖြစ်သောကြောင့်အယ်မလီလေး မနက်စာ စားသောက်ပြီး ကျန်းရွှမ်ထံသွားရောက်ကာ ပညာတက္ကသိုလ်သို့ သွားကြလေသည်။
အယ်လီနာလည်း သူ၏အစွမ်းများတိုးတက်လာရေးအတွက် လေ့ကျင့်၏။
ဂျိတ်လည်း တစ်ယောက်တည်းကျန်သောအခါ အယ်မလီလေး၏ရှေ့ရေးအတွက် ကြိုတင်ပြီး အစီစဥ်များ ဆွဲလိုက်လေသည်။
"အရှင်မင်းကြီး "
စစ်သည်တော်တစ်ယောက်မှ ဂျိတ်၏ရှေ့၌ ရုတ်ခြည်းဆိုသလို ပေါ်လာကာသတင်းပို့၏။
သူသတင်းပို့သောအကြောင်းရာသည် စစ်တပ်နှင့်ပတ်သက်သော သတင်းအကြောင်းရာဖြစ်၏။
စစ်ပွဲ ဖြစ်ပွားပါက လက်နက်ခဲယမ်းအပြည့်စုံရှိစေရန်နှင့် လျင်မြန်စွာကူညီထောက်ပံ့နိုင်ရန်စသော အစီစဥ်သည် ပြီးမြောက်ပြီးဖြစ်သောကြောင့် သတင်းလာပို့သည်လည်းဖြစ်သည်။
"ကောင်းပြီ နောက်ထပ်အစီစဥ်ဖြစ်တဲ့ ခုခံရေးကို မှော်ညဏ်ရည်နဲ့စီစဥ်ထားတဲ့အတိုင်းဆက်လက်ဆောင်ရွက်ပါ"
"ကောင်းပါပြီ"
ဂျိတ်၏အမိန့်ပေးသည်ကို လက်ခံရရှိသည်နှင့် ထိုစစ်သည်တော်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားလေ၏။
ဂျိတ်သည် သမီးလေးအတွက်ပြင်ဆင်ပေးထားသော တိုင်းပြည်အား မိမိစိတ်ကျေနပ်သည်အထိ ပြင်ဆင်နေသည်လည်း ဖြစ်သည်။
ထိုပြင်ဆင်ချက်များပြည့်စုံမှသာလျှင် မိမိအနေဖြင့် စိတ်ချမ်းသာမည်ဖြစ်သည်။
နောက်ပြီး ကျင့်ကြံလျက်ရှိနေသော စစ်သူကြီးခြောက်ယောက်သည်လည်း ကျင့်ကြံရာမှ နှိုးထလာတော့မည်ဖြစ်ကြောင်း ဂျိတ်အနေဖြင့် အာရုံရနေသည်ဖြစ်၏။
ထန်ဟောက်အား ကြည့်ရှုရာ ထန်ဟောက်သည် သူ၏အစွမ်းမြင့်တင်နိုင်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ကြံခိုင်မှုလေ့ကျင့်ခန်းများကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေ၏။
စစ်မြေပြင်သို့ စေလွှတ်ခြင်းခံရသော ဇိုက်အနေဖြင့်လည်း ယခင်ကထက် အခြေနေပိုမိုကောင်းမွန်လာကြောင်း အာရုံခံမိသောကြောင့် ဂျိတ်အနေဖြင့် စိတ်ချမ်းသာမိသည်။
နောက်ပြီး ဂရိတ်တိုင်းပြည်သည် လက်အောက်ခံနယ်မြေများလည်း ရှိလာပြီဖြစ်သည်။
ထိုနယ်မြေများသည် ဂရိတ်တိုင်းပြည်၏စစ်အင်အားကို တွေ့မြင်ပြီးဖြစ်သောကြောင့် ပုန်ကန်ခြင်းမရှိကြတော့ပေ။
စွန်ရဲအင်ပါယာသည်လည်း ဂရိတ်တိုင်းပြည်အား လွတ်လပ်သော တိုင်းပြည်အဖြစ် လက်ခံပြီး တန်းတူဆက်ဆံရန် ပိုမိုကြိုးပမ်းအားထုတ်လာခဲ့လေသည်။
ဤသည်မှာ မြွေဟောက်အင်ပါယာနှင့်တိုက်ခိုက်စဥ်က အစွမ်းပြသခဲ့သော လေယာဥ်များနှင့်လက်နက်များ၏အစွမ်းသတ္တိများကြောင့် ဆိုလျှင်လည်း မမှားနိုင်ပေ။
ရန်ငြိုးရှိခဲ့သော ဂိုဏ်းကြီးလေးဂိုဏ်းကိုလည်း ပြန်လည်လက်တုံပြန်ရန် ဂျိတ်ဆုံးဖြတ်ထားဖြစ်သည်။
သားရဲဂိုဏ်းအား နစ်နာကြေးတောင်းခဲ့ပြီးပြီဖြစ်သောကြောင့် ကျန်သုံးဂိုဏ်းထံ သွားရောက်ရန် လိုအပ်နေသေးသည် ဖြစ်သည်။
"အရှင်ဘုရင်.... ဂရိတ်တိုင်းပြည်၏လက်အောက်ခံနယ်မြေတစ်ခု တိုက်ခိုက်ခံနေရပါသည် လာရောက်တိုက်ခိုက်သူမှာ မြွေဟောက်အင်ပါယာမှဖြစ်ပါသည်"
မှော်ညဏ်ရည်တု၏အသိပေးချက်ကြောင့်
"အိုး သွေးတိုးလာစမ်းတယ်ပေါ့လေ"