← Chapters

သူတော်စင်အဆင့်အား တပည့်အဖြစ် လက်ခံခြင်း

Vol. 113 Ch. 1693

သူတော်စင်အဆင့်အား တပည့်အဖြစ် လက်ခံခြင်း

Vol. 113 Ch. 1693

ထို့နောက်တွင်မူ ယောင်ချန်သည်လည်း ထူးခြားချက်ကို သတိထားမိပြီး ယဲ့ဖန်ကို ပြန်စိုက်ကြည့်လာသည်။

“မင်းက သူတော်စင်အဆင့် မဟုတ်ပင်မယ့် ထိပ်တန်း အရည်အသွေးရှိတဲ့ အင်မော်တယ်ဆေးကို ဖော်စပ် နိုင်တာပဲ၊ ကြည့်ရတာ မင်းက သာမန်လူ မဟုတ်ဘူးနဲ့ တူတယ်”

“မင်းက အရည်အချင်း ရှိလို့ ငါ ထောက်ထားပြီး မင်းကို တပည့်အဖြစ် လက်ခံလိုက်မယ်၊ ဘယ်လိုလဲ”

ယောင်ချန်က ယဲ့ဖန်ကို အထက်စီးဖြင့် ကြည့်နေပြီး မသိလျင် တပည့်အဖြစ် လက်ခံလိုက်ခြင်းက သူ အတော်လေး မျက်နှာသာ ပေးထားသည့် ကိစ္စလိုပင်။

သူတော်စင်အဆင့်က တပည့်အဖြစ် လက်ခံခြင်းကို စိတ်လှုပ်ရှား၍ ဝမ်းမသာသည့်သူ ဘယ်သူ ရှိမည်နည်း။

သို့သော် ယဲ့ဖန်၏မျက်နှာတွင် နည်းနည်းလေးမှ စိတ်လှုပ်ရှားဟန် ပေါ်လာသည်ကို ယောင်ချန် မတွေ့ရချေ။ ထိုအစား သူသည် အထင်အမြင်သေးဟန်ကိုသာ တွေ့လိုက်ရသည်။

*ဘာ*

*ဒီကောင်လေးက မတုန်လှုပ်ပါလား*

သို့သော် တစ်ခဏအကြာ၌ ယဲ့ဖန်က မောက်မာစွာ ပြုံး၍ ခနဲ့ဟန်ဖြင့် ပြောလိုက်သည်။

“ငါ့ကို တပည့်အဖြစ် လက်ခံမယ်၊ မင်းနဲ့ တန်လို့လား”

ထိုစကားကို ကြားသောအခါ ယောင်ချန်၏ မျက်နှာက ပြာနှမ်းသွားသည်။ သူ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ သော်လည်း သူ့ကို ဤသို့ ပြောရဲသည့်သူမျိုးနှင့် တစ်ခါမှ မကြုံခဲ့ဖူးပါ။

သူသည် မြင့်မြတ်သော ဆေးအင်မော်တယ် ပညာရှင် ဖြစ်ပြီး သူတော်စင်အဆင့်များတောင်မှ သူ့ကို ဆေးဖော်စပ်ရန် တောင်းဆိုရသည်။ ဘယ်တုန်းက သူ ဤသို့ အထင်သေးခံရသနည်း။

*ဒီကောင်လေးက တော်တော် မောက်မာတာပဲ*

ယောင်ချန်က ယဲ့ဖန်ကို ခက်ထန်စွာ စူးစိုက်ကြည့်လိုက်သည်။

“အနေအထိုင်မတတ်တဲ့ မျိုးမစစ်ကောင်၊ ဒီအဘိုးကြီးက မင်းကို တပည့်အဖြစ် လက်ခံတာတောင် မင်းက အကောင်းအဆိုး မသိဘူးပဲ၊ ဒီလိုဆိုမှတော့ ငါ မင်းကို မျက်နှာသာ ပေးမနေတော့ဘူး”

ထို့နောက် သူက လက်ဖြန့်၍ ယဲ့ဖန်အား အမိန့်ပေးသည်။

“ဆေးညွှန်း ငါ့ကို ပေးစမ်း၊ ဒါဆို ငါ မင်းကို အသက်ချမ်းသာပေးမယ်”

ယဲ့ဖန်၏ ဆေးညွှန်းက သာမန်မဟုတ်မှန်း သူလည်း သတိထားမိသဖြင့် ငမ်းငမ်းတက် လိုချင်နေသည်။

ယဲ့ဖန် ပြုံးလိုက်သည်။

“သူတော်စင်အဆင့် ခင်ဗျားက ဓားပြလို ပြုမူနေပါလား၊ ခင်ဗျားရဲ့ သိက္ခာတွေ ဘယ်ရောက်သွားလဲ”

“ငါက သူတော်စင်အဆင့်ဆိုတာကို မင်း သိနေမှတော့ မင်းနဲ့ မတူဘူးဆိုတာကိုလည်း သိသင့်တယ်၊ မင်းရဲ့ ဆေးညွှန်းသာ အပြင်ကို ပျံ့သွားရင် လူတိုင်း လိုချင်လာလိမ့်မယ်၊ တကယ်လို့ ငါ့လုပ်ရပ်ကိုသာ အပြင်လူတွေ သိသွားရင် ငါ့ကို အရှက်မရှိဘူးလို့ စိတ်ထဲကနေ ပြောနေရုံကလွဲပြီး သူတို့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”

ယောင်ချန်က ဘဝင်မြင့်စွာ ပြောလိုက်သည်။

သူ ပြောလိုက်သောစကားက အိုးရန်ယွင်အား ဒေါသူပုန် ထသွားစေသည်။

*ဒီအဘိုးကြီးက အရှက်ကိုမရှိဘူး*

“အဲ့ဒီတော့ ကျုပ်က ကံဆိုးသင့်တယ်ပေါ့လေ”

ယဲ့ဖန်က ပြုံး၍ မေးလိုက်သည်။

“အဲ့လိုပဲ ဖြစ်သွားမှာပေါ့”

ယောင်ချန်က ကရုဏာသက်ဟန်ဖြင့် ခေါင်းညိတ်ပြသော်လည်း အပြုံးက ရွံရှာစရာ ကောင်းနေသည်။ သူ့စိတ်ထဲတွင် ယဲ့ဖန် လိုက်နာရုံသာလျင် တတ်နိုင်မည်ဟု ထင်နေ၏။

“ကောင်းပြီလေ ဒါဆိုလည်း ခင်ဗျားကို ပေးရတာပေါ့”

ယဲ့ဖန်က သူ့အဝတ်ကို ဖြဲ၍ ဆေးညွှန်းကို ချရေးလိုက်သည်.

“ဆရာ မလုပ်နဲ့လေ”

အိုးရန်ယွင်က အလျင်အမြန် တားလိုက်သည်။ သူမစိတ်ထဲတွင် သူမဆရာက ယွိချီဖုန့်ရှောင်ကိုတောင် မကြောက်သည့်သူ ဖြစ်သဖြင့် ဘယ်လိုလုပ် ဤလူအိုကြီးကို ကြောက်နေမှာလဲဟု တွေးနေ၏။

ယဲ့ဖန်က သူမကို လက်ကာပြ၍ ဆက်မပြောရန် တားမြစ်လိုက်ပြီး အရှေ့မှ ယောင်ချန်ကို ပြုံး၍ ကြည့်နေသည်။ ယောင်ချန်သည် ဆေးညွှန်းကို ယူကြည့်လိုက်ပြီးနောက် ပျော်ရွှင်နေသော မျက်နှာအမူအရာမှ စိတ်ရှုပ်ထွေးဟန်သို့ ပြောင်းလဲသွားသည်။ ထို့နောက် မယုံနိုင်လောက်အောင် ထိတ်လန့်ဟန် ပေါ်လာ၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီဆေးမျိုးနှစ်ခုက တစ်ခုနှင့်တစ်ခု ဆန့်ကျင်တာလေ အာ ... ဒီလို ဆေးမျိုး ဖြစ်နေတာလား၊ ဘာလို့ ငါ မတွေးမိတာပါလိမ့်”

“ဟမ် .... ဒီလိုလုပ်လို့ရတဲ့ နည်းလမ်း ရှိတာလား၊ ငါ သမားတော် ဖြစ်လာတာ နှစ်ထောင်ချီနေပြီ၊ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး၊ ဘယ်လို စီနီယာမျိုးက ဒီလိုနည်းလမ်းကို ပေးလိုက်တာလဲ၊ အံ့ဩစရာပဲ၊ အံ့ဩဖို့ ကောင်းလိုက်တာ”

“ရှုပ်ထွေးလိုက်တဲ့ ဆေးဖော်စပ်နည်း၊ အကျိုးအကြောင်း မဆီလျော်ဘူးလို့ ထင်ရပင်မယ့် တကယ်တမ်းက အစီအစဉ်မကျသလိုလိုနဲ့ စနစ်တကျ လုပ်ထားတာပဲ၊ ငါ ပညာ ရလိုက်ပြီ”

မိနစ်အနည်းငယ် ကြာသောအခါ ယောင်ချန် အံ့ဩပြီးရင်း အံ့ဩကာ သူ့မျက်လုံးတွင်း၌ လေးစားစိတ်တို့ ပိုတိုးလာ၏။

သူ့စကားကိုကြားပြီး အိုးရန်ယွင်သည်လည်း မော်ကြွားလာသည်။

*ငါ့ဆရာက အတော်ဆုံးပဲလေ၊ သူတော်စင်အဆင့်တွေတောင်မှ အညံ့ခံရတာပဲကို*

မကြာခင်မှာပင် ယောင်ချန်၏ မျက်နှာက သုန်မှုန်လာပြီး ယဲ့ဖန်အား စိုက်ကြည့်လေသည်။

“ဟေ့ကောင်လေး မင်းကို ဒီဆေးညွှန်း ဘယ်သူ ပေးတာလဲ”

သူ့စိတ်ထဲ၌ ယဲ့ဖန်၏ ကျင့်ကြံခြင်းအဆင့်အရ ဤသို့သောဆေးညွှန်းကို ဖော်စပ်ရန် မဖြစ်နိုင်ဟု ထင်နေ၏။ သူ့နောက်ကွယ်၌ နာမည်ကျော် ဆရာတစ်ယောက် ရှိကိုရှိရပေမည်။

ထိုဆရာနှင့် သူ အသည်းအသန် တွေ့ချင်နေသည်။ အကြောင်းမှာ ဤဆေးညွှန်းက စနစ်တကျ ရှိသော်လည်း အလွန် အရေးပါသော ဆေးအမျိုးအစားတစ်ခု လိုအပ်နေသည်ကို သူ တွေ့လိုက်ရသောကြောင့်ပင်။ ထိုအရာက ဘာလဲ ဆိုသည်ကို သူ သိချင်နေသည်။

တကယ်တမ်းတွင် ယင်းက ချုံးချီ၏ သွေးပင်။

ဆေးရည်အား ချုံးချီ၏ သွေးဖြင့် ရောစပ်လိုက်မှသာလျင် ဆေးရည်၏ လုပ်ဆောင်ချက်က အပြည့်အဝ အသက်ဝင်လာမည် ဖြစ်ပြီး အာနိသင် ပေါ်လာပေမည်။

ယဲ့ဖန် ဆေးညွှန်းကို ရက်ရက်ရောရော ပေးလိုက်ရသည့် အကြောင်းရင်းကလည်း ထိုအကြောင်းကြောင့်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယောင်ချန်က ဆေးညွှန်းကို ရလျင်တောင်မှ ဘယ်လိုနည်းနှင့်မှ ဆေးကို ဖော်စပ်နိုင်မှာ မဟုတ်သောကြောင့်ပင်တည်း။

“ဒီဆေးညွှန်းက ကျုပ်ဟာ”

ယဲ့ဖန် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ယောင်ချန်သည် တစ်ခဏမျှ အံ့ဩသွားပြီးမှ ဟားတိုက် ရယ်မောလာ၏။ သူက ယဲ့ဖန်ကို လက်ညှိုးထိုးကာ ပြောသည်။

“မင်းက ဟုတ်လား၊ မင်းက ဒီလို တစ်မူထူးခြားတဲ့ ဆေးညွှန်းကို ဖန်တီးနိုင်တယ်ပေါ့လေ၊ ငါ မယုံဘူးကွ”

*ဘာမဟုတ်တဲ့ ဘုရင်အဆင့်လေးမှာ ဘယ်လိုလုပ် ဒီလို နက်နဲတဲ့ ဆေးပညာ ဗဟုသုတမျိုး ရှိမှာလဲ*

ဤဆေးညွှန်း၏ ပညာ အနက်အဓိပ္ပာယ်ကို သူတောင်မှ အံ့ဩရသဖြင့် ဘယ်လိုလုပ် ဘာမဟုတ်သော ဘုရင်အဆင့်လေးက ဖန်တီးနိုင်ပါမည်နည်း။

“အဘိုးကြီး ရှင်ကမှ အသုံးမကျတာ၊ ရှင့်ကိုယ်ရှင် သူတော်စင်အဆင့်လို့ ပြောပြီး တကယ်တမ်းကျတော့ တကယ့်လူကို မြင်တတ်တဲ့ အမြင် မရှိဘူးပဲ”

အိုးရန်ယွင် မပျော်မရွှင် ဖြစ်လာသည်။ သူမဆရာအား မည်သူမှ ထိပါးစော်ကားခွင့် မပြုနိုင်ပါ။ တစ်ဖက်လူက သူတော်စင်အဆင့် ဖြစ်နေလျင်တောင်မှ မရနိုင်ပါ။

ထိုစကားကိုကြားသော် ယောင်ချန်သည် တစ်စက်ကလေးမျှ စိတ်မဆိုးဘဲ ယဲ့ဖန်ကိုသာ မျက်မှောင်ကြုတ်၍ ကြည့်နေသည်။

“ဒီဆေးညွှန်းက တကယ်ပဲ မင်း ရေးထားတာလား”

ယဲ့ဖန် ဖုံးကွယ်ခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ၊ ဒါဆို မင်း ငါ့ကို ဆေးဖော်စပ်နည်း သင်ပေး”

ယောင်ချန်က ယဲ့ဖန်ကို ပြောလိုက်သည်။ သို့သော် အသံက အထက်စီးလေသံသာ ဖြစ်နေဆဲဖြစ်ပြီး ယဲ့ဖန်ကို အမိန့်ပေးနေသည်။

“ကျုပ် မသင်ပေးနိုင်ဘူး”

ယဲ့ဖန်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး လေသံက တည်ငြိမ်နေသည်။

“ဘာလို့ မင်း မသင်ပေးနိုင်တာလဲ”

ယောင်ချန် ချက်ချင်း စိတ်ညစ်သွားသည်။

*ဒီကောင်လေး ငါ့ကို တမင်သက်သက် မပျော်အောင် လုပ်နေတာလား*

ယခုအချိန်မှာတောင်မှ သူ့ကို ငြင်းဆန်ရဲနေသဖြင့် ဤသည်က ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းပင်။

ယဲ့ဖန် ပြန်ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ ကျုပ်ဆေးပညာကို အမြဲ ကျုပ်တပည့်ကိုပဲ သင်ပေးခဲ့တာ၊ အပြင်လူတွေကို မသင်ပေးဘူး”

ထိုစကားကြောင့် ယောင်ချန် အံ့ဩသွားပြီးမှ ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။

“ကောင်လေး၊ မင်းမှာ အခု ငြင်းဆန်နိုင်ခွင့် ရှိမယ်လို့ ထင်နေတာလား”

အကယ်၍ ယဲ့ဖန် သူ့ကို ငြင်းဆန်ရဲလျင် သူ ယဲ့ဖန်ကို နေရာမှာတင် သတ်ပစ်ရဲပါ၏။

“ခင်ဗျား တကယ် သင်ချင်တယ်ဆိုရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ခင်ဗျား ကျုပ် တပည့် ဖြစ်လာမယ်ဆိုရင် ကျုပ် ခင်ဗျားကို ဆေးဖော်စပ်နည်း သင်ပေးမှာပဲ”

ယဲ့ဖန် ပညာသားပါပါ ပြုံးလိုက်သည်။

ထိုစကားကိုကြားသော် ယောင်ချန် မျက်နှာ ရှုံ့မဲ့သွားသည်။ သူ့ကဲ့သို့ မြင့်မြတ်သော သူတော်စင်အဆင့် သိုင်းပညာရှင်အား ယဲ့ဖန်ထံ၌ တပည့်ခံခိုင်းနေသည်တဲ့လား။

*ဒီကောင် ဘယ်လိုတောင် ပြောရဲတာလဲ*

*သူ အသက်ပျောက်မှာကို မကြောက်ဘူးလား*

ချက်ချင်းဆိုသလိုပင် ယောင်ချန်၏ မျက်နှာက သုန်မှုန်လာပြီး သူ့အပြုအမူက ဖော်ရွေခြင်း မရှိတော့ချေ။

“ကောင်လေး မင်းကို ငါ မသတ်ရဲဘူးလို့ တကယ် ထင်နေတာလား”

ဘုရင်အဆင့်သာ ရှိသော ယဲ့ဖန်က သူ့ကို တပည့်အဖြစ် ခံယူလာအောင် ဖိအားပေးနိုင်လိမ့်မည်ဟု မယုံကြည်ပါ။ ဤအကြောင်းသာ အပြင်သို့ ပျံ့သွားပါက သူ မျက်နှာပြနိုင်ပါဦးမည်လော။

“ခင်ဗျား စမ်းကြည့်လိုက်လေ”

သို့ရာတွင် ယဲ့ဖန်က ပြတ်သားနေပြီး သူ၏ ခြိမ်းခြောက်မှုကို လုံးဝ အလေးအနက် မထားချေ။

“ရွှစ်”

ထိုစဉ် ယောင်ချန်က ယဲ့ဖန်အရှေ့သို့ ချက်ချင်း ရောက်လာပြီး သူ့လက်ချောင်း နှစ်ချောင်းက ယဲ့ဖန်၏ မျက်လုံးရှေ့သို့ ရောက်နေပြီး အသာလေး မျက်လုံး ဖောက်ထုတ်နိုင်တော့မည့် အခြေအနေသို့ ရောက်လာသည်။

သို့သော် ယဲ့ဖန်က ရှောင်တိမ်းခြင်းမရှိဘဲ တည်ငြိမ်၍ ခံစားချက်မရှိသော မျက်နှာဖြင့် ကြည့်နေသည်။

ဤမြင်ကွင်းက အိုးရန်ယွင်ကို လည်ချောင်းထဲမှနေ၍ နှလုံးသား ခုန်ထွက်လာတော့မည်ဟု ခံစားရစေသည်။

*မြန်လွန်းတယ်*

တစ်ဖက်လူက သူမကို သေစေချင်ခဲ့လျင် သူမ ထိုအချိန်ကတည်းက သေသွားလောက်သည်။

ယောင်ချန်သည် ယဲ့ဖန်ကို‌ ကြောက်သွားအောင် ခြောက်ချင်ရုံမျှသာ လုပ်ချင်ခဲ့သည်။ သို့သော် ယဲ့ဖန်က ဘာကိုမှ ဂရုမစိုက်သော အမူအရာမျိုး ဖြစ်နေလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။

“ချီးပဲ”

ယောင်ချန်၏ မျက်နှာက မည်းမှောင်နေပြီး ယဲ့ဖန်အား မယုံသင်္ကာဖြင့် ကြည့်လာသည်။

“မင်း သေမှာကို မကြောက်ဘူးလား”

“ခင်ဗျား ကျုပ်ကို သတ်လိုက်ရင် နောက်ဆုံး ဆေးအမယ်က ဘာလဲဆိုတာကို ဘယ်တော့မှ သိရမှာ မဟုတ်ဘူး”

ယဲ့ဖန် လှောင်ရယ်လိုက်သည်။ ဤဆေးညွှန်းကို ယောင်ချန် အသည်းအသန် လိုချင်နေမှန်း သူ သိနေသည်။ ယောင်ချန် အံကြိတ်လိုက်မိသည်။ သူ့စိတ်ကို ဤလူငယ်လေးက အထင်းသား သိနေသည် မဟုတ်ပါလော။

“သေနာလေး”

ယောင်ချန် ဒေါပွသွားပြီး လက်ကိုမြှောက်၍ ရိုက်ချလိုက်သည်။

“ဆရာ သတိထားပါ”

ဤသည်ကိုမြင်သော် အိုးရန်ယွင် ကြောက်လန့်သွားပြီး အော်ဟစ်လိုက်မိသည်။

“ဝုန်း”

ယဲ့ဖန်၏ အနောက်မှ တောင်ထိပ်သည် ယောင်ချန်ကြောင့် ချက်ချင်း အမှုန့်ဖြစ်သွားပြီး ဖုန်မှုန့်များက ကောင်းကင်အထိ ထိုးတက်သွားလေသည်။

သို့သော် ယဲ့ဖန်က တည်ငြိမ်စွာ ရပ်မြဲရပ်နေသည်။ ထိုအခါ ယောင်ချန် ယဲ့ဖန်ကို မသတ်ရဲတော့ချေ။ ထို့နောက် သူက ယဲ့ဖန်အား မာမာထန်ထန် ကြည့်လေသည်။

“မင်း ငါ့ကို လိမ်နေတယ်ဆိုတာကို သိရလို့ကတော့ ငါ မင်းကို အရေခွံခွာပြီး နုတ်နုတ်စင်းပစ်မယ်၊ ငါ မင်းကို လုံးဝ ခွင့်မလွှတ်ဘူး”

ယောင်ချန်သည်လည်း စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်သူ ဖြစ်သည်။ ထို့နောက် သူက ယဲ့ဖန်ရှေ့၌ ဒူးထောက်လိုက်သည်။

“ဆရာ ကျေးဇူးပြုပြီး ဒီတပည့်ကို လက်ခံပေးပါ”

ဤဆေးညွှန်းကို သင်ယူရရှနိုင်ရန်အတွက် သူ့မာနကိုလည်း သူ ခဝါချနိုင်သည်။

သူ့အသက်အရွယ်တွင် အဆင့်အတန်း၊ ဘဝနှင့် နောက်ခံတို့က အရေးမပါပါ။ သူသည် ဆေးပညာကိုသာ လေ့လာချင်၏။

ဆေးပညာလမ်းကြောင်း၌ သူ ရူးသွပ်သွားပြီဟုပင် ပြောနိုင်ပေသည်။ အစပိုင်း၌ သူသည် ပုံမှန်သာ ဖြစ်သော်လည်း ပို၍ လေ့လာလေ သူ ပို၍ စိတ်မူမမှန်လေ ဖြစ်လာသည်။

သို့သော် သူ ပြောပြီး ဒူးထောက်လိုက်ပုံအရ ဤလူအိုကြီးသည် ရိုးဖြောင့်ကြောင်း မြင်နိုင်ပေပြီး စိတ်ထဲ အငြိုးထားတတ်ပုံ မပေါ်ချေ။

“အစ်ကိုနဲ့ အစ်မလို့ခေါ်လိုက်”

ယဲ့ဖန် အမိန့်ပေးလိုက်သည်။

“မင်း ဘာပြောတာလဲ”

ယောင်ချန် ထပ်၍ ဒေါသထွက်ချင်လာသည်။

*ဒီကောင် တမင်လုပ်နေတာလား*

သူ့ကို ဆရာတင်လိုက်ခြင်းကပင် မိမိအတွက် သည်းမခံနိုင်လောက်အောင် ဖြစ်နေပြီဖြစ်ပြီး ယခု သူက ဤမနူးမနပ် နှစ်ယောက်ကို အစ်ကိုနှင့် အစ်မဟု ခေါ်စေချင်သည်တဲ့လား။

*ဒီဘိုးဘိုးက လက်သည်းထုတ်မပြလို့ ငါ့ကို အိုနာနေတဲ့‌ ကြောင်လို့ ထင်နေတာလား*

“ဘာဖြစ်တာလဲ၊ အသက်ကြီးတဲ့သူတိုင်းက ဒီလို မောက်မာတာလား၊ ရှင်က အသက်ကြီးတာနဲ့ အကုန် သိလို့လား”

အိုးရန်ယွင်ကလည်း အလိုက်သင့် လိုက်ပြော၍ ညစ်ကျယ်ကျယ် ပြုံးနေသည်။

*ရှင် ဘယ်လောက် မောက်မာလဲ မြင်ထားပြီးမှတော့ အခု ရှင့်ကို ပညာပြရသေးတာပေါ့*

“မင်း”

ယောင်ချန် နင်သွားသည်။

“ဆရာ သူက ရိုးရိုးသားသား တပည့်ခံတာ မဟုတ်ဘူးထင်တယ်၊ သူ့ကို တပည့်အဖြစ် မခေါ်လည်း ရမယ်ထင်တယ်”

အိုးရန်ယွင်က တစ်ဖက်လှည့်၍ ယဲ့ဖန်ကို ပြောလိုက်သည်။

“ယီးပဲ ငါ ဒူးထောက်ပြီးနေပြီကို မင်းက လက်မခံချင်ဘူးလား”

ယောင်ချန် တောင့်ခနဲ ဖြစ်သွားပြီး မျက်လုံးများ မီးတောက်လာကာ လူသတ်ချင်စိတ် တဖွားဖွား ပေါ်လာ၏။

*သူ့ကိုယ်သူ ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာလား၊ ဒီလို အနိုင်ကျင့်လို့ရမယ်များ မှတ်နေလား*

ယနေ့ သူ ဤသူငယ်နှပ်စားလေးများ၏ အပြောအဆို ခံရတော့မည်လော။ လက်ခံနိုင်စရာပင်။

“ဒါဆို ကျွန်မကို စီနီယာအစ်မလို့ ခေါ်လဲ”

အိုးရန်ယွင်က မချိုမချည်ပြုံး၍ ယောင်ချန်အား ကြည့်လိုက်သည်။

ယောင်ချန် ဒေါသထွက်သော်လည်း လူသတ်ချင်စိတ်ကို ထိန်း၍ အင်တင်တင်ဖြင့် ခေါ်လိုက်သည်။

“စီနီယာအစ်မ”

“ဒီလိုမှပေါ့”

အိုးရန်ယွင် ရယ်လိုက်သည်။ သူတော်စင်အဆင့်က သူမကို အစ်မဟု ခေါ်လိုက်သဖြင့် ကျေနပ်သွားသည်။

“ဆရာ ဒီလူက ရိုးသားတယ်လို့ ကျွန်မ ထင်တယ်၊ ကျွန်မတို့ သူ့ကို လက်ခံလိုက်ကြမလား”

အိုးရန်ယွင်က ယဲ့ဖန်ဘက် လှည့်၍ ပြောလိုက်သည်။ သူမက အပြောင်းအလဲ မြန်လှပေသည်။

ယဲ့ဖန် သူမကို စိတ်ဆိုးမာန်ဆိုးကြည့်လိုက်ပြီးမှ အော်ခေါ်လိုက်သည်။

“ချုံးချီ”

ယောင်ချန်ရှေ့သို့ ချုံးချီ အပြေးရောက်လာသည်။ ထိုအခါတွင်မှ ယဲ့ဖန်က ပြောလိုက်သည်။

“သူ့ကိုယ်ထဲက သွေးက နောက်ဆုံး ဆေးအမယ်ပဲ”

“ဒါလား”

ယောင်ချန်က ချုံးချီကို တစ်ချက်ကြည့်၍ ရွံသလို အကြည့်ဖြင့် ပြောလိုက်သည်။

“ဒါ ရူးကြောင်ကြောင် ကျားတစ်ကောင် မဟုတ်ဘူးလား၊ ဘာများ ထူးနေလို့လဲ”

“အဘိုးကြီး သေချင်နေပြီလား၊ ယုံချင်ယုံ မယုံချင်နေ၊ ငါ မင်းကို တစ်ချက်တည်း မြိုချပစ်လို့ရတယ်”

ချုံးချီ ဒေါပွသွားလေသည်။

All Chapters